// ငါ ဘယ်ရောက်နေတာလဲ... //
ပတ်ပတ်လည် မှောင်မည်းနေတဲ့နေရာကို တစ်ပတ်လည် လိုက်ကြည့်ရင်း အသံထွက် ရေရွတ်လိုက်ပေမဲ့ လည်ချောင်းကနေ ထွက်မလာတဲ့အသံကြောင့် ပိုမိုအံသြသွားခဲ့ရသည် ။
// အသံက ဘာလို့...//
အခုမှ သူရဲ့လက်တွေ ခြေထောက်တွေကို ငုံ့ကြည့်လိုက်တော့ ဘာမှ မမြင်ရ... လက်ချောင်းတွေကို ဆုပ်ချည် ဖြန့်ချည် လုပ်ကြည့်တာကို ခံစားရပေမဲ့ ဘာမှ မမြင်ရပေ...
// ဒါက ဘယ်လိုနေရာကြီးလဲ//
သူ ထိတ်လန့်စပြုလာတဲ့အချိန်မှာ သူရဲ့အာရုံထဲကို အသံတစ်ခု ဝင်ရောက်လာခဲ့တယ်
// welcome . . //
// ခင်ဗျားက ဘယ်သူလဲ //
အသံပဲ ကြားရတဲ့လူဆီ မေးခွန်းထုတ်လိုက်တော့ ...
// ငါ ဘယ်သူလဲ မမေးခင် မင်းကိုယ်မင်း ဘယ်သူဆိုတာ နာမည်ပြောပြပါလား //
// ငါက ... ... //
ထိုအခါမှ နာမည်ပြောဖို့ ကြိုးစားလိုက်ပေမဲ့ ခေါင်းထဲမှာ အကုန်ဗလာဖြစ်နေခဲ့တယ်... နာမည်ရော အသက်ရော မိသားစုရော ကိုယ်ရဲ့မျက်နှာရော ဘာမှကို မမှတ်မိတော့ ...
// ဒါက ဘာတွေဖြစ်နေတာလဲ... ဘာလို့မှတ်ဉာဏ်တွေက ပျောက်နေရတာလဲ //
// မင်းကိုယ်တိုင် ရှာဖွေရမှာလေ . . //
// ရှာဖွေရမှာ?? //
// ဒီလောကက ပြန်လည်ရှင်သန်ဖို့ အခွင့်အရေးပေးတဲ့လောက... ဒီနေရာကနေ မင်းရှာဖွေရမှာ ... မင်းဘဝအစစ်အမှန်နဲ့ ပက်သက်တဲ့သဲလွန်စတွေကို//
// ဒီနေရာမှာ?? ဒီလောက် ဘာမှမမြင်ရအောင် မှောင်မည်းနေတဲ့နေရာမှာ ဘယ်လိုရှာဖွေရမှာလဲ!! //
// ဟားဟား!! ဒီနေရာဆိုတာက မင်း ခန္ဓာကိုယ်အသစ် ရလာတဲ့အခါကို ပြောတာ . . Arr!! သဲလွန်စတွေက ရိုးရိုးရမှာတော့ မဟုတ်ဘူးနော် . . တာဝန်ပြည့်မြောက်အောင် လုပ်နိုင်မှ ရမှာ!//
ဂါးး... အဲဒီမမြင်ရတဲ့အကောင်ကို လည်ပင်းညစ်သတ်ချင်လာပြီ . . .
// မင်းတွေးနေတာတွေ ငါကြားရတယ်နော်... ထားပါ... မင်းရဲ့တာဝန်က အဲဘဝတွေမှာ မူလဇာတ်ကြောင်းကလို စောစောစီးစီး မသေဖို့...
မူလဇာတ်ကြောင်းထဲကလို ဖယ်ကျဉ်ခံ ဇာတ်ဆောင် မဖြစ်ဖို့ ...
နောက်ပြီး လိုက်ဖက်တဲ့ ဖူးစာဖက်ကို ရှာဖို့ပဲ //
// F**k . . ဘဝတွေဆိုတော့ ဘယ်နှစ်ခုတောင်လဲ!! //
// ဒါကတော့ မင်းဘဝအစစ်အမှန်နဲ့ ဘာကြောင့် မင်း ဒီနေရာ ရောက်လာရတာလည်းဆိုတဲ့အကြောင်းအရင်းကို ခန့်မှန်းနိုင်ပြီဆိုမှ ပြီးဆုံးမှာ... ဘယ်လောက်ကြာလဲဆိုတာက မင်းရဲ့စွမ်းရည်ပေါ်ပဲ မူတည်တယ်//
// What the Hell ?? //
// အစပိုင်းကတော့ တာဝန်တွေက လွယ်ကူတာတွေပဲ လာလိမ့်မယ် ...
OK. .Good Luck; baby!! //
ဆိုတဲ့ စကားသံ ပျောက်ဆုံးတာနဲ့ ငါရဲ့ခန္ဓာကိုယ်ဟာ လေဟာနယ်တစ်ခုထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး သတိမေ့မျောသွားခဲ့သည် ။
... ... ... ... ... ... ... ... ... ... ... ... ... ... ... ...