အပိုင်း ၁၈၃
Viewers 32k

Chapter 183

နှစ်သစ်ကူး ရောက်လာပြန်ပြီ



ဟယ့်ရှီရွာမှ သူတို့မွေးထားသော ကြက်ဘဲများ အားလုံးကို ငှားရမ်းထားသော လူများက မွေးမြူပေးခြင်း ဖြစ်သော်လည်း အားလုံးကို ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းသို့ ထောက်ပံ့ပေးရသဖြင့် အကျိုးအမြတ် မရရှိပေ။ ကျောက်ကျင်းကောက ထိုကြက်၊ ဘဲနှင့် ဥများအားလုံးကို ရောင်းချရလျှင် သေချာပေါက် ငွေရှာနိုင်မည် ဖြစ်ကြောင်း

တွက်ချက်ထားခဲ့သည်။


ယခုတွင် သူက ဖုချောင်၌ တူညီသော လုပ်ငန်းကိုပင် လုပ်ဆောင်ရန် တွေးနေသည်။


"ငါ့ကျင်းကောလေးက ငွေရှာချင်လို့လား"ကျန်းကျန့်က ကျောက်ကျင်းကောကို ပြုံး၍ ကြည့်လိုက်သည်။ 


"အင်း" ကျောက်ကျင်ကောက ခေါင်းငြိမ့်ပြလ်ုက်သည်။ အမှန်မှာ သူက ငွေရချင်ရုံသာမက သူကိုယ်တိုင် ကြိုးစားကြည့်ချင်နေခြင်း ဖြစ်သည်။


ကျောက်ကျင်းကော၏ မျက်နှာက အလေးအနက် ဖြစ်နေပုံပေါ်နေသဖြင့် ကျန်းကျန့်က မေးလိုက်သည်။ 


"အကြံကောင်းပဲ... ဒါပေမယ့် မင်းတစ်ယောက်တည်း လုပ်နိုင်ပါ့မလား" 


"လုပ်နိုင်တယ်" ကျောက်ကျင်းကောက ချက်ချင်း ပြန်ဖြေလိုက်သည်။


"ဒါဆို... မင်းစိတ်တိုင်းကျလုပ်... မင်း ပိုက်ဆံ ဘယ်လောက်လိုလဲပဲ ကိုယ့်ကိုပြော" ကျန်းကျန့်က ပြောလိုက်သည်။


အုတ်ဖိုပဲ ဆောက်ဆောက် ကြက်ပဲ မွေးမွေး ရင်းနှီးရမည့် ငွေက သိပ်မများသဖြင့် ကျောက်ကျင်းကောကို ကြိုးစားခွင့်ပြုပေးလိုက်ရန် လုံးဝအဆင်ပြေသည်။


အဆင်ပြေသွားလျှင် လူတိုင်းပျော်ကြရမည် ဖြစ်ပြီး အဆင်မပြေလျှင်လည်း ကိစ္စမရှိပေ။ ဤအတွေ့အကြုံမှ သင်ယူရန် လိုအပ်ပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ရုံသာ ဖြစ်သည်။


ကျန်းကျန့် ခွင့်ပြုလိုက်သည့်အတွက် ကျောက်ကျင်းကောက နောက်ပိုင်း သူလုပ်ရမည့် ကိစ္စများကို တွေးတောနေလိုက်သည်။


အုတ်ဖိုတည်ဆေက်ရေးအတွက် ဟယ့်ရှီရွာမှ လူများကို ရွှေ့ပြောင်းရန် သေချာပေါက် လိုအပ်သဖြင့် ဤနေရာတွင် မည်သူ့အား အလုပ်လုပ်ခိုင်းရမည်ကိုလည်း သူ စဥ်းစားရသည်။ ကြက်၊ ဘဲများ မွေးမြူခြင်းကလည်း ပြင်ဆင်မှု အနည်းငယ် လိုအပ်ပြီး ဖုတ်ပြီးသား အုတ်များနှင့် အလားတူပင် ကြက်၊ဘဲများကို မည်သို့ သယ်ယူရမည်၊ မည်သို့ အစာကျွေးရမည်နှင့် ၎င်းတို့ကို မည်သို့ ရောင်းချရမည်ကိုလည်း တွေးတောရန် လိုအပ်ပြီး သူ စီစဥ်ရမည့် အရာများစွာ ရှိနေသေးပေသည်။


ကျောက်ကျင်းကော ထိုအကြောင်းကို ပို၍ တွေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး အိပ်မပျော်နိုင်တော့ပေ။


အစပိုင်းတွင် သူက ကျန်းကျန့်အား နှိုးမိသွားမည်ကို စိုးရိမ်သဖြင့် သူအိပ်မပျော်သေးသည့်တိုင် လှုပ်ပင် မလှုပ်ရဲပေ။ သို့သော်လည်း နောက်ပိုင်းတွင် ကျန်းကျန့် အိပ်ပျော်သွားလေပြီဟု တွေးမိသဖြင့် မတတ်နိုင်တော့ဘဲ စပြီး လှည်မိလေတော့သည်။


များစွာသော ကိစ္စများကို သူပို၍ တွေးလေလေ သူပို၍ ပျော်ရွှင်လာရလေလေ ဖြစ်သည်။ သို့သော်လည်း ရုတ်တရက်ပင် ကျန်းကျန့် ခေါ်သွားခံရသည့် မြင်ကွင်းကို တွေးမိသွားပြီး သူ့နှလုံးသားထဲမှ နာကျင်မှုများက မူလက ရှိခဲ့သည့် ပျော်ရွှင်မှုများကို လွင့်ပျောက်သွားစေခဲ့သည်။


ကံအားလျော်စွာဖြင့် ကျန်းကျန့်က သူ့ဘေးနားတွင် လဲလျောင်းနေဆဲ ဖြစ်သည်။ ကျောက်ကျင်းကောက တဖြည်းဖြည်း ကိုယ်ကို ကိုင်းလိုက်ပြီး ကျန်းကျန့်ဘေးတွင် ဝင်လှဲ၍ သူ့ကို နမ်းလိုက်သည်။ 


ကျန်းကျန့်: “. . .. . .“ ညသန်းခေါင်ကြီး မအိပ်သေးဘဲ သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်ပေါ့လေ...


မူလတွင် ကျောက်မင်ကျူးလေးက သူတို့နှင့်အတူ အိပ်ရာထဲတွင် ရှိနေသဖြင့် ကျန်းကျန့်က မည်သည့်ကိစ္စမှ လုပ်ရန် မရည်ရွယ်ထားပေ။ သို့သော်လည်း ယခုတွင်မူ.... သူသာ ဘေးနားမှလူကို မစားလိုက်ရပါက သူကိုယ်တိုင်နှင့်အတူပင် အသက်ရှင်နိုင်တော့မည် မထင်။


ကျန်းကျန့်ထံမှ အဖိခံထားရသော ကျောက်ကျင်းကောက သမီးဖြစ်သူအား နှိုးမိမည်ကို စိုးရိမ်နေရသဖြင့် အံတင်းတင်းကြိတ်ထားပြီး အသံတစ်သံမှ မထွက်ရဲသော်လည်း အဆုံးသတ်တွင် ရုတ်တရက် ရယ်လာခဲ့သည်။


"ဘာတွေ ရယ်နေတာလဲ" ကျန်းကျန့်က သူ့ကို တတိတိ ကိုက်နေခဲ့လေသည်။


"ခင်ဗျား ထုတ်ဖို့ မေ့သွားတယ်လေ" ကျောက်ကျင်းကောက ပြောလိုက်သည်။ ကျန်းကျန့်က အမြဲတစေ ဂရုတစိုက် ရှိတတ်ပြီး အဆုံးသတ်ခါနီးတွင် စောစောစီးစီး အပြင်ထုတ်လိုက်လေ့ ရှိသော်လည်း ဤတစ်ကြိမ်တွင် ထိုသို့ မလုပ်ခဲ့ပေ။ 


"မင်းကိုယ်ဝန်ရသွားလို့ မွေးပြီးသွားရင် ကိုယ်တို့လည်း ကျန့်ရီလို ကလေးကို ခေါ်သွားလို့ရတာပဲလေ... ဘာမှ ဂရုစိုက်မနေနဲ့" 


ကျန်းကျန့်က ကျောက်ကျင်းကောကို ကျေနပ်အားရနေဟန်ဖြင့် ကြည့်လိုက်ပြီး ခပ်ပြုံးပြုံး ဆိုရင်းဖြင့် သူ့ကို တတိတိ ကိုက်နေပြန်လေသည်။


သူက ကလေး မလိုချင်သေး၍ မဟုတ်ဘဲ ကလေးမွေးရသည်က အလွန် ပင်ပန်းရသည်ဟု သူတွေးမိသောကြောင့်သာ ဖြစ်သည်။


ယမန်နေ့ညက ကျန်းကျန့်မှာ ကျောက်ကျင်းကောအား ကလေးကို ဂရုစိုက်ရန် တိုက်တွန်းခဲ့သော်လည်း နောက်တစ်နေ့တွင် သူကပင် ကျောက်မင်ကျုူးကို ဂရုစိုက်ရန် အတွက် လက်လွှဲယူလိုက်ပြီး ကျောက်ကျင်းကောအား မြေဝယ်ရန်နှင့် အုတ်ဖိုဆောက်ရန်အတွက် အပြင်ထွက်စေသည်။


ထိုအကြောင်းကြောင် သူက ကျန့်ရီအား ဝိုင်ပို့ရန်အတွက် အဖော်လိုက်နိုင်တော့မည် မဟုတ်ကြောင်း အမှာစကား ပြောခိုင်းလိုက်သည်။ အမှန်မှာ ဤကိစ္စတွင် သူရှိနေခြင်း မရှိခြင်းက ကွဲပြားမှု မရှိပါချေ။


ရလဒ်အနေဖြင့် ကျန်းကျန့် မလိုက်နိုင်တော့ဟု ပြောပြီးသွားသောအခါ ကျန့်ရီကလည်း မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့ဇနီးကိုသာ ဟူမိသားစုအိမ်ထံ ဝိုင်အိုး အနည်းငယ် ယူသွားရန် ပြောလိုက်ပြီး ထို့မှသာ ဟူမိသားစုက ၎င်းတို့ကို လူအများထံ ပို့ပေးနိုင်မည် ဖြစ်သည်။ ထို့နောက် သူက ဥယျာဥ်များ ဆောက်လုပ်ရာ၌ ထူးချွန်သော လက်သမားတစ်ယောက်ကို ခေါ်လာခဲ့ပြီး ချင်ဖုန့်အဆောက်အဦး၏ တည်ဆောက်မှု ပုံစံ စာရွက်ကိုပါ ယူကာ ကျန်းကျန့်ကို လာရှာခဲ့သည်။


ကျန်းကျန့်က ဤခေတ်၏ ဗိသုကာပညာကို သိပ်မသိသော်လည်း သူ၏ အချို့သော အကြံဥာဏ်များက ဆန်းသစ်လှသဖြင့် လက်သမားက မကြာခဏ ခေါင်းတဆတ်ဆတ် လုပ်နေခဲ့ပြီး ကျန့်ရီပင် အနည်းငယ် သူ့ကို အနည်းငယ် လေးစားသွားရစေသည်။


 "မင်းခေါင်း ဘယ်လို အလုပ်လုပ်နေလဲ ဆိုတာကိုတောင် မသိတော့ဘူး... ဒီလောက်များတဲ့အရာတွေ ဘယ်လိုများ ထွက်လာနိုင်ရတာလဲ"


"ငါ ကံကောင်းလို့ပါ" ကျန်းကျန့်က ပြောလိုက်သည်။ သူသာ ကူးပြောင်းမလာခဲ့ဘဲ ခေတ်သစ်တွင်သာ ရှိနေခဲ့ပါက ရက်စက်သော စစ်သားတစ်ယောက်အပြင် မပိုပေ။ 


ဤနေရာတွင် ရောက်ရှိလာရသည့်အတွက် သူ ကံကောင်းသော်လည်း ထိုကံကောင်းမှု ဆက်လက်တည်ရှိလိုပါက သူ အလုပ်ကြိုးစားဖို့ လိုနေသေးပေသည်။


ကျန်းကျန့်က ကျန့်ရီနှင့် လက်သမားတို့နှင့်အတူ ဆွေးနွေးရင်း အလုပ်များနေသဖြင့် ကျောက်မင်ကျုူးလေးအား မလွဲဧကန်ပင် ပစ်ထားမိလေတော့သည်။ ကျောက်မင်ကျုးလေးက ချက်ချင်းပင် အဆက်မပြတ် အော်လာသဖြင့် ကျန်းကျန့်မှာ လုပ်လက်စ အလုပ်ကို ရပ်ကာ သူ့သမီးလေးကို ချော့မြှူလိုက်သည်။


ကျန့်ရီက ထိုအချင်းအရာကို ကျင့်သားရနေပြီးသား ဖြစ်သော်လည်း လက်သမားဆရာမှာ ထိုမြင်ကွင်းကို မြင်ပြီးနောက် အချိန်တစ်ခုလောက်အထိ မတုန့်ပြန်နိုင်ခဲပေ။


သူ့ကလေးကို အဲ့လောက် ချစ်တဲ့ ယောကျ်ားတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးသေးဘူး...


ကျန့်ရီနှင့် ကျန်းကျန့်တို့က အိမ်တွင် သူတို့၏ ကလေးများနှင့်အတူ ပုံများ ဆွဲနေကြချိန်၌ ဖုချောင် စီရင်စု တရားသူကြီးမှာ သူ့အိမ်တစ်ဝိုက် လှည့်ပတ်သွားလာနေရလေသည်။


မနေ့က ကျန့်ရီ ပေးသွားသော ဝိုင်တစ်အိုးကို မြည်းစမ်းကြည့်ပြီးနောက် ထိုဝိုင်၏ ထူးခြားလှသော အရသာက သူ့ကို အနိုင်ယူသွားခဲ့သည်။


မူလတွင် ကရားအိုးထဲ၌ ဝိုင်နည်းနည်းသာ ရှိသဖြင့် သိမ်းထားပြီး ဖြည်းဖြည်းချင်း သောက်ရန် ကြံရွယ်ထားခဲ့သော်လည်း သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပေ။


သူက ဝိုင်ကို သိမ်းထားလိုက်သေးသော်လည်း တစ်ငုံလောက် သောက်ကြည့်မည်ဟု တွေးမိသဖြင့် အိုးကို ပြန်ဖွင့်ကာ တစ်ငုံသောက်လိုက်သည်။


ထို့နောက် နောက်ထပ် တစ်ငုံသောက်လိုက်ပြီး တစ်ခဏအကြာတွင် နောက်တစ်ငုံ သောက်လိုက်လေရာ... လက်ဖဝါး အရွယ် ဝိုင်အိုးလေးမှာ မကြာခင်မှာပင် ပြောင်စင်သွားလေတော့သည်။


၎င်းကသာ တစ်ယောက်ယောက်၏ ကြင်နာမှု လက်ဆောင်ဖြစ်ခဲ့ပါက သောက်ပြီးနောက် ပြန်လှည့်ကြည့်မည် မဟုတ်သော်လည်း ယခုတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့... 


ကျန့်မိသားစုမှာ နောက်ထပ် ရှိသေးမယ်မှန်း သူသိနေတယ်...


ဒုတိယသခင်ကြီးကျန့်က မြို့တော်မှာ အရာရှိတစ်ယောက် ဆိုပေမယ့်လည်း သူက စီရင်စုတရားသူကြီးတစ်ဦး ဖြစ်နေတုန်းပဲ... ပြီးတော့ ကျန့်မိသားစုက သူ့ကို လေးစားရမှာ ဆိုတော့ သူတောင်းရင် ကျန့်ရီက ပေးလောက်ပါတယ်နော်...


သို့သော်လည်း သူသာ ကျန့်ရီနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသွားခဲ့လျှင်... ဒါပေမယ့် တော်ဝင်သံတမန်လည်း ဒီနေရာမှာ ရှိနေသေးတယ်လေ... 


ဖုချောင်၏ စီရင်စုတရားသူကြီးသာ ဤကဲ့သို့ စိတ်ရှုပ်ထွေးနေရသည် မဟုတ်။ 


ကျန့်ရီ တမင်တကာ ဝိုင်အိုး သွားပေးထားခဲ့သည့် လူအချို့ကလည်း တရားသူကြီးလိုပင် ဖြစ်နေခဲ့ကြသည်။ သူတို့က ဝိုင်ကို လက်မလွှတ်နိုင်ကြသဖြင့် ကျန့်မိသားစု မည်သည့်နေရာတွင် ဤဝိုင်ကို ရောင်းချနေကြောင်း သူတို့၏ လူများကို လွှတ်ကာ မေးမြန်း စုံစမ်းစေသည်။


သို့သော်ငြား ကျန့်မိသားစု၏ ဝိုင်ကို မည်သည့်နေရာမှ မရောင်းပါပေ။


နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ထိန်းမထားနိုင်တော့ဘဲ ကျန့်ရီကို သွားရှာ၍ ဝိုင်သွားဝယ်ချင်နေခဲ့လေသည်။


"ကျန့်မိသားစုက ဒီဝိုင်ကို တစ်သုတ်ပဲ ချက်ရသေးတယ်... ကျွန်တော်က တစ်ချို့ကို သိမ်းထားပြီး ကျန်တာကို ဧကရီမယ်တော်ကြီးဆီ လက်ဆောင် ပေးမှာလေ" 


ကျန့်ရီက သူ့ရှေ့မှလူများကို ကြည့်လိုက်ပြီး ရှုပ်ထွေးနေသော အမူအယာဖြင့် ပြောလိုက်သည်။ "ဒုတိတစ်သုတ်ကို ချက်ရင် လနည်းနည်းလောက်တော့ ကြာလိမ့်မယ် ထင်တယ်... လူကြီးမင်းတို့ စောင့်နေချင်သေးလား" ဝိုင်လာမေးကြသူများ၏ မျက်နှာ အမူအယာက ချက်ချင်းအေးခဲသွားလေသည်။


ဝိုင်ကို ဧကရီ မယ်တော်ကြီးဆီ ပို့လိုက်ပြီ... ဒီကိစ္စအပေါ် ဘာအမြင်မှ ရှိလို့ မရတော့ဘူး... ပြီးတော့ သောက်စရာလည်း မရှိတော့ဘူးဆိုတာပဲ...


သို့သော်လည်း မသောက်နိုင်လေလေ ပို၍ တွေးမိလေလေ ဖြစ်သည်။


ကျန့်ရီထံမှ ထွက်လာပြီးနောက် ထိုလူများမှာ ချက်ချင်းပင် နေရာတိုင်းကို မေးမြန်း စုံစမ်းကြပြီးနောက် ကျန့်ရီက အမှန်ပင် ဤဝိုင်ကရားနှစ်ဆယ်ကို လက်ဆောင်ပေးခဲ့ပြီး အများစုကို ဟူမိသားစုထံသို့ ရောက်သွား၍ ထိုသူများက ကရားအချို့ကို အခြားသူများထံ ပြန်လည် ပေးပို့ထားကြသည်။ 


ထိုအကြောင်းကို ကြားသိရပြီးနောက် တစ်စုံတစ်ယောက်က ဟူမိသားစုထံ ချက်ချင်း သွားရောက်ခဲ့သည်။


ဤကမ္ဘာတွင် လူတိုင်းက ဝိုင်ကောင်းများ မကြိုက်တတ်ကြပေ။ ကျန့်ရီ သို့မဟုတ် ဟူမိသားစုမှာလည်း မည်သူမှ မရှိကြလေရာ ဝိုင်သောက်ကြလျှင်တောင် အပျော်သဘောသာ သောက်လေ့ ရှိကြသည်။ ပထမတွင် သူတို့က ဝိုင်က ပြင်းလွန်းလှပြီး သူတို့ကလည်း မကြိုက်လှသဖြင့် ကျန့်ရီပေးထားသော ဝိုင်ကို အလေးအနက် မထားခဲ့ကြပေ။


သို့သော်လည်း ရလဒ်အနေဖြင့် ရက်အနည်းငယ်ကြာပြီးနောက်တွင် အံသြဖွယ်ကောင်းလောက်အောင်ပင် ဝိုင်လာဝယ်သူများ ရှိနေခဲ့သည်။


ဒီ သာမန်ကျပြီး ပြင်းလွန်းတဲ့ ဝိုင်က အရမ်း အဖိုးတန်တာပဲလား...


ဟူမိသားစုက အံ့သြသွားကြသော်လည်း တစ်စုံတစ်ခုကို ပြတ်ပြတ်သားသား ခံစားလိုက်ကြရသည်။


ဝိုင်လာဝယ်ကြသူများမှာ အတော်လေး အရေးပါသူများ ဖြစ်၍ သဘာဝကျကျပင် သူတို့ကို ရောင်းပေးလိုက်ရသည်။ ထို့နောက် သူတို့က ကျန်နေသော ဝိုင်များကို ဝိုင်ကောင်းကောင်း မသောက်နိုင်သူများထံ မြန်မြန် ပေးလိုက်သည်။


တစ်ယောက်ယောက်က ဝိုင်လာဝယ်သောအခါ ထိုလူများကို ဝိုင်များ ရောင်းကုန်သွားပြီ ဖြစ်ကြောင်း အသိပေးလိုက်ရသည်။ 


ယခုတွင် ထိုလူများမှာ ဝိုင်ဝယ်ရန်အတွက် ဟူမိသားစုထံမှ ဝိုင်များ လက်ခံထားသူများထံ သွားကြရလေတော့သည်။ 


ဤနည်းဖြင့် တစ်စုံတစ်ယောက်က ဝိုင်ကောင်း ဝယ်ရန်အတွက် နေရာတိုင်း လိုက်ရှာနေသည်ကို သိသွားကြသည့် လူအရေအတွက် တဖြည်းဖြည်း များလာပြီး ကျန့်မိသားစု ချင်ဖုန့်ဝိုင်၏ ဂုဏ်သတင်းမှာ ဖုချောင် အထက်တန်းလွှာများအတွင်း အလျင်အမြန် ပျံ့နှံ့လာလေတော့သည်။


အမှန်မှာ လူတိုင်းက ဝိုင်သောက်ရသည်ကို မကြိုက်ကြသော်လည်း ချမ်းသာလူများက ဝိုင်ကောင်းများကို သောက်စရာ အဖြစ် သောက်ကြသည် မဟုတ်ဘဲ ဂုဏ်သိက္ခါ အတွက်သာ ဖြစ်သည်။


ကျန့်မိသားစု၏ ချင်ဖုန့်ဝိုင်က ရုတ်တရက် နာမည်ကြီးလာခဲ့ပြီး တန်ဖိုးမြင့်မြင့် ထားခံနေရသဖြင့် လူတိုင်းက သဘာဝကျကျပင် သိလိုစိတ် ဖြစ်လာရလေသည်။ သို့သော်လည်း သူတို့က လက်ရှိတွင် မသောက်နိုင်ကြ။ 


ဘယ်လိုလုပ်ပြီး ယားနာထသလို မသက်မသာ မဖြစ်ဘဲ နေကြမှာလဲ...


ထိုအချိန်မှာပင် ကျန့်မိသားစုက မြို့တော်တွင် မြေဝယ်၍ ချင်ဖုန့်အဆောက်အဦးကို စတင် ဆောက်လုပ်လေတော့သည်။ တစ်ချိန်တည်းမှာပင် ကျောက်ကျင်းကောသည်လည်း အုတ်ဖိုတစ်ခု တည်ဆောက်ရန် မြေဝယ်ပြီးသွားလေပြီ။


ကျောက်ကျင်းကောက အုတ်ဖုတ်ပညာ လေ့လာထားသည့် ဟယ့်ရှီရွာမှ လူအချို့ကို ရှာထားပြီးသား ဖြစ်၍ အုတ်ဖိုဆောက်ရန် အချိန်သိပ်မယူလိုက်ရပေ။ အုတ်ဖို ဆောက်ပြီးပြီးချင်းမှာပင် စီးပွားရေး လုပ်ငန်းကြီးက တံခါးဝသို့ ရောက်လာခဲ့လေသည်။ ကျန့်ရီက ချင်ဖုန့်အဆောက်အဦး ဆောက်လုပ်ရန် အုတ်စိမ်း အတော်များများ လိုနေခဲ့သည်။


သို့သော်ငြား အုတ်ဖိုကို အလျင်အမြန် ဆောက်ပြီးသွားခဲ့လျှင်တောင် ကြက်နှင့် ဘဲများ မွေးမြူရခြင်းက မြန်မြန် လုပ်ဆောင်နိုင်သည့် ကိစ္စမဟုတ်ပေ။ 


ပထမဆုံးအနေဖြင့် လူလုပ်အား မလုံလောက်၍ ဖြစ်ပြီး ဒုတိယတစ်ချက်က ကြက်နှင့် ဘဲများ လုံလုံလောက်လောက် မရှိ၍ ဖြစ်သည်။ ဆောင်းရာသီ ဖြစ်၍ လူလုပ် ကြက်ဥဖောက်စက်များ မရှိသည့်ကာလတွင် ကြက်နှင့် ဘဲများက ဥသိပ်မပေါက်ကြဘဲ ကြက်များပင် ဥဥနည်းလေသည်။ 


ကျောက်ကျင်းကောက အလုပ်များနေသော်လည်း ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ကိစ္စရပ်အချို့ကို ကူညီဖြေရှင်းပေးနေပြီး အဆုံးတွင် ဖုချောင်၌ ဂုဏ်သတင်းအနည်းငယ် ပြုလုပ်နိုင်ခဲ့လေသည်။


ကျန်းကျန့်အတွင်ကား... နေ့တိုင်း ကျောက်မင်ကျုးကိုသာ ထိန်းနေပြီး ကျောက်မင်ကျူးလေး၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာခဲ့သည်။


အလုပ်များသော ရက်များ ပြီးနောက် နှစ်သစ်ကူးချိန် ရောက်ရှိလာလေပြီ။


မနှစ်က ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ ဖုချောင်တွင် ရက်အနည်းငယ် နေခဲ့ပြီး နှစ်သစ်ကူးမတိုင်မီအထိ ပြန်မသွားခဲ့ပေ။ 


တိုက်ဆိုင်သည်လား မသိရသော်လည်း သူတို့ ပြန်လာချိန်တွင် ဟယ့်ရှီရွာသားများ ငါးဖမ်းကာ ဝေမျှကြသည့် အချိန်မှာပင် ရောက်သွားကြလေသည်။


ယမန်နှစ်က ကျောက်ဖူကွေ့လည်း သွားဖမ်းခဲ့သော်လည်း ဤနှစ်တွင် ငါးဖမ်းပြီးနောက် ကျန်းဖျင်က ကျောက်ဖူကွေ့ကို အရင်ဆုံးရွေးစေပြီး များများ ယူသွားရန် ပြောလိုက်သည်။


ကျောက်မိသားစုက ဟယ့်ရှီရွာတွင် ဆိပ်ကမ်းတစ်ခု ဆောက်ပေးထားသဖြင့် ရွာထဲက အိမ်ထောင်စုတိုင်းကို အကျိုးအမြတ်ရစေသည်။ ဤနှစ်မှာ အခြေခံအားဖြင့် ဟယ့်ရှီရွာမှ လူအားလုံးက ကျောက်မိသားစုအတွက် အလုပ်လုပ်ပေးခဲ့ကြပြီး ပိုက်ဆံ ရှာနိုင်ခဲ့ကြသည်။ သူတို့အားလုံးကို ကောင်းမွန်သော နှစ်သစ်တစ်ခု ရရှိလာစေသည်။


ထိုကဲ့သို့သော အခြေအနေအောက်တွင် သူတို့က ကျောက်မိသားစုစားရန်အတွက် ငါးပိုပေးရမည်ကို စိတ်မရှိကြပေ။ 


"ငါ့မိသားစုမှာ လူနည်းနည်းပဲ ရှိတာ... ဒီလောက် ငါးတွေ အများကြီး ဘယ်စားကုန်လိမ့်မလဲ... နည်းနည်းဆိုရင် ရပြီ" ကျောက်ဖူကွေ့က ငြင်းဆိုလိုက်ပြီး ငါးအမျိုးအစားတစ်ခုစီကို နည်းနည်းသာ ယူခဲ့သည်။


"ဒီနှစ် ငါတို့ ငါးတွေ အများကြီး ဖမ်းမိလာတာ... မင်းတို့ရဲ့ ဆိပ်ကမ်းမှာ အလုပ်လုပ်ပေးတဲ့သူတွေမှ အများကြီးပဲ... ပိုယူလိုက်" ကျန်းဖျင်က ထပ်ပြောပြန်သည်။ ကျောက်မိသားစုကို မည်မျှ ကျေးဇူးတင်နေကြောင်းဖော်ပြရန်အတွက် သူတို့က တမင်ပင် ငါးများများ ပိုဖမ်းခဲ့ခြင်း ဖြစ်သည်။ 


"ဒါဆို... ဒီလ်ုလုပ်ပါလား... ပိုတဲ့ငါးတွေကို ထမင်းစားဆောင်ဆီ ပို့ပြီး စာသင်တဲ့ ကလေးတွေနဲ့ ဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့သူတွေကို ငါးစွပ်ပြုတ် တစ်ပန်းကန်စီ ကျွေးရအောင် စီစဥ်ခိုင်းလိုက်မယ်" ကျောက်ဖူကွေ့က အဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။


ကျန်းကျန့် ပြန်လာသောအခါ ဆိပ်ကမ်းရှိလူအားလုံး ငါးစွပ်ပြုတ် သောက်နေကြသည်ကို တွေ့လိုက်ရသည်။


ဆောင်းရာသီငါးများက အရသာ အကောင်းဆုံး ဖြစ်သည်။ ရွှံ့ညှီနံ့ မရသဖြင့် မည်သည့် အရသာမှု

န့်မှ ထည့်စရာမလိုဘဲ တန်း၍ ပြုတ်နိုင်ပြီး အရသာလည်း ရှိလှသည်။ ထမင်းစားဆောင်မှ လူများ ပြင်ဆင်ထားသော ငါးစွပ်ပြုတ်မှာ အလွန် အရသာရှိလှသည်ကို ဆိုဖွယ်ရာပင် မရှိတော့ပါပေ။