အပိုင်း ၄၀
Viewers 26k

Chapter 40

 

ချီရှင်းချန် လက်ဆောင်ကို အတင်းအကြပ်လက်ခံလိုက်ရလေသည်။

 

ဖခင်ဖြစ်သူမှာ ဝယ်ယူပြီးပြီဖြစ်သည့်အတွက် ချီရှင်းချန် လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ မဟုတ်ပါက ပိုင်ရှင်၏ညွှန်ကြားမှုမပါဘဲ ရေနေသတ္တဝါများမှာ ငတ်သေသွားရပေလိမ့်မည်။

 

" ဒုတိယသခင်လေးဒါကတော့ အဓိကထိန်းချုပ်ခန်းပါဒါကတော့ အလည်အပတ်သွားလို့ရတဲ့စင်တာဖြစ်ပြီး ဒါက…"

 

" ကျွန်တော့်ကို ဒုတိယသခင်လေးလို့မခေါ်ပါနဲ့…"

 

ချီရှင်းချန် မြေပုံတစ်ချပ်ကိုင်ကာ တတွတ်တွတ်ရှင်းပြနေသည့်မန်နေဂျာကို ကြားဖြတ်ပြောလိုက်သည်။

 

" အိုးဟုတ်တာပေါ့.. ချီစီအီးအိုလေး…"

 

 မန်နေဂျာမှာ ဆက်ပြောလာသည် 

 

" ဒါကတော့ ငှက်တွေရဲ့ပန်းခြံပါဒါက ရေနေသတ္တဝါပြတိုက်ဟုတ်သား ချီစီအီးအိုလေး နောက်အပတ်ကြာရင် ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က ဝေလငါးပြတိုက်နေရာကို ငှားချင်တယ်ဆိုလို့ တစ်လလောက်တော့ ဝေလငါးပြတိုက်ကို ပိတ်ထားရလိမ့်မယ်သူဌေးနဲ့သင့်ရဲ့ဖခင်တို့က ဒီအကြောင်းကို ဆွေးနွေးပြီးကြပါပြီ…"

 

ချီရှင်းချန်မှ " ကျွန်တော်သိပါပြီဒါပေမယ့် ကျွန်တော့်ကို ချီစီအီးအိုလေးလို့လည်း မခေါ်ပါနဲ့…"

 

မန်နေဂျာမှ အမှားလုပ်မိသလို ခံစားသွားရသည် " ဒါဆိုရင် ကျွန်တော် ဘယ်လိုခေါ်ပေးရမလဲဟင်…"

 

ချီရှင်းချန် ခဏမျှစဉ်းစားလိုက်ပြီးနောက် ဝန်ထမ်းများကို ခက်ခဲအောင်မလုပ်ချင်သည့်အတွက် ပြောလိုက်ရသည် " နောက်ကြရင် ကျွန်တော့်ကို မသိသလိုပဲ ဟန်ဆောင်ပေးပါကျန်တာကတော့ ကြိုက်သလိုခေါ်လို့ရပါတယ်…"

 

" ကောင်းပါပြီ ချီစီအီးအိုလေး…"

 

လွှဲပြောင်းယူရသည့်ကိစ္စများအပြီးတွင် ချီရှင်းချန် မန်နေဂျာကို သူ့အားဝေလငါးပြတိုက်နေရာသို့ခေါ်သွားပေးရန် ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နောက်တစ်လအတွင်း သူနေရမည့်နေရာဖြစ်နေလေသည်။

 

ချီရှင်းချန် သရုပ်ဆောင်ရမည့်တတိယဇာတ်လိုက်နေရာမှာ အားလပ်ရက်အတွင်း ငါးပြတိုက်တွင် အချိန်ပိုင်းအလုပ်လာလုပ်မည့် တက္ကသိုလ်ကျောင်းသားလေးတစ်ဦးအဖြစ် ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်နှင့်အချိန်အတော်ကြာရှိပြီးနောက်တွင် သူမအပေါ်ချစ်ကျွမ်းဝင်မိသွားကာ သူ၏ပုံစံမှာ ဝံပုလွေပေါက်ကလေးနှင့် ဆင်တူသောပုံသဏ္ဍာန်မျိုးပင်ဖြစ်သည်။

 

ဇာတ်ကောင်နှင့်ကွက်တိကျစေရန်အတွက် စတိုင်လစ်အဖွဲ့၏ဒါရိုက်တာမှ ချီရှင်းချန်နှင့် နေ့လည်ခင်း မိတ်ကပ်ပြင်ချိန်အတွင်း ဆွေးနွေးခဲ့လေသည်

 

 " ချီလောင်ရှီး မင်းရဲ့လက်ရှိပုံက အရမ်းချစ်ဖို့ကောင်းနေတော့လုံလောက်အောင် A ဖြစ်မနေဘူးမင်းကိုပြန်ပြင်ပေးဖို့ ကူညီပေးမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ…"

 

သေချာပေါက်ပင် ဤသည်မှာဖြစ်နိုင်သည့်အတွက် ချီရှင်းချန် ခေါင်းငြိမ့်ကာ သိချင်စိတ်ဖြင့် မေးလိုက်မိသည် " A ဆိုတာ ဘာကိုဆိုလိုတာလဲဟင်…"

 

" အမ်းးး ဒါက အရမ်းခန့်ညား အရမ်းယောင်္ကျားဆန်ပြီး ရဲရင့်တဲ့သူမျိုးလို့ ပြောလို့ရမယ်ဒီအသုံးအနှုန်းက ABO ဝတ္ထုတွေထဲက လာတာလေ…"

 

ချီရှင်းချန် A၏အဓိပ္ပါယ်ကို နားလည်သွားခဲ့သော်လည်း သူမသိသည့်နောက်ထပ်အသုံးအနှုန်းတစ်ခုပေါ်လာသည့်အတွက် ထပ်မေးလိုက်မိသည်

 

 " ဒါဆို ABOဝတ္ထုတွေဆိုတာကကော…"

 

"...."

 

စတိုင်လစ်အဖွဲ့၏ခေါင်းဆောင်အစ်မကြီးမှာ ရှက်သွေးဖြာသွားရသည် " ဒါကိုတော့ ကိုယ်တိုင်ပဲရှာလိုက်တော့နော်ကျွန်မ မပြောပြတော့ဘူး…"

 

ထို့နောက် စတိုင်လစ်မှ ဆံပင်ပြင်ပေးမည့်သူကိုခေါ်ကာ ချီရှင်းချန်၏ဆံပင်ကို ပြန်ဆိုးခိုင်းလိုက်သည်။ ဆံပင်ပြန်ဆိုးရန် အချိန်အတော်ကြာမြင့်မည်ဖြစ်သည့်အတွက် ချီရှင်းချန်လည်း ပျင်းရိနေသောကြောင့် ဖုန်းကိုထုတ်ကာ သူ၏ဝေ့ပေါ်အကောင့်ကို ပြောင်းလိုက်သည်။

 

တစ်ညလုံးတမ်းတမိတယ် : ကျယ်မေ့တို့စီမှာ ABO ဝတ္ထုတွေများရှိနိုင်မလားဟင်တို့ခဏလောက်ကြည့်ကြည့်ချင်လို့ပါ

 

ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်၏ဒုတိယအပိုင်းတွင် သူ၏အရန်အကောင့်အသုံးပြုခြင်းကို မရပ်တန့်ခဲ့ဘဲ အချိန်နှင့်အမျှ ပိုင်ရဲ့၏ပုံတင်ခြင်းကို လုပ်ဆောင်ခဲ့သည်။ ပို့စ်တစ်ခုနှင့်တစ်ခု တင်သည့်နှုန်းကို ထိန်းချုပ်ထားခြင်းမှာ ကောင်းမွန်နေပြီဖြစ်သော်လည်း ပိုင်ရဲ့၏အာရုံစိုက်မှုကို ရနိုင်ရန်မှာမူ အလွန်ပင် ကွာဝေးနေသေးသည်။

 

သို့တိုင်အောင် ဤကဲ့သို့နီးကပ်လှသောအကွာအဝေးမှ ပုံကောင်းကောင်းရိုက်ယူနိုင်ခြင်းမှာ ရိုက်ကူးရေးအဖွဲ့၏ဝန်ထမ်းတစ်ဦး သို့မဟုတ် အိုင်ဒေါအနီးမှလူတစ်ယောက်သာ လုပ်နိုင်မည့်အရာဖြစ်သည့်အတွက် တစ်ယောက်စကား တစ်ယောက်ပွားသွားကြပြီး ချီရှင်းချန်၏အရန်အကောင့်ရှိဖန်များမှာ ၂သိန်းအထိ တိုးတက်လာပြီဖြစ်ကာ ပရိသတ်အကြီးစားတစ်ယောက်၏ ပုံမှန်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

 

ချီရှင်းချန် ဝေ့ပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် ညဉ့်ကောင်းကင်အများအပြားမှာ ပိုင်ရဲ့၏ပုံအသစ်တင်ပြီဟု ထင်လိုက်ကြသောကြောင့် ကပျာကယာဖွင့်ကြည့်လိုက်ကြသည်။

 

သို့သော်လည်း အဆုံး၌ ဝတ္ထုအကြောင်းမေးထားသော ပို့စ်တစ်ခုသာဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဖန်အချင်းချင်း အရေးကြုံလျှင် ကူညီရမည်သာဖြစ်သည့်အတွက် သက်ဆိုင်ရာ လင့်များနှင့် ထုတ်ယူရမည့်ကုဒ်များမှာ သူ၏ကိုယ်ပိုင်စာပို့သည့်နေရာသို့ လျင်မြန်စွာ တဖွဲဖွဲရောက်လာခဲ့သည်။

 

[ ရှေးခေတ်ABO ( ရှစ်စွမ်း ခက်ခဲနေရတယ် ) ]

 

[ လက်ရှိပြသနေသည့် ABO ( မင်းရဲ့ ဖယ်ရိုမုန်းတွေကို ခုခံလို့မရဘူး ) ]

 

[ ရှုရာချန်၏ဝတ္ထုအသစ် : တိတိရဲ့လက်ထက်ပွဲ ( ABO ) ]

 

[ ကျိုရဲ့ရှင်းချန်း ABO Doujin ( ဗိုလ်ချုပ် ကျွန်တော့်ကို လွှတ်ပါ ) ]

 

ကျစ်ဘာလို့ဒီခေါင်းစဉ်တွေရဲ့ အဓိကအချက်ကို မမြင်နိုင်ရတာလဲနေဦး မဟုတ်သေးဘူးဒီထဲမှာ တစ်ခုခုမဟုတ်တာရောပါနေတယ်

 

ချီရှင်းချန် သူ၏အိုင်ဒေါနောက်သို့လိုက်သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သောကြောင့် သဘာဝကျစွာပင် သူ လျို့ဝှက်ဆန်းကြယ်သောDoujinအမျိုးအစားများကို သိနေခဲ့ကာ သူဖတ်ခဲ့ဖူးသော ဤည၏မက်မွန်မှာလည်း အမျိုးအစားမတူညီသည့်Doujin တစ်မျိုးပင်ဖြစ်သည်။

 

သို့သော်လည်း သူလုံးဝမမျှော်လင့်ထားမိသည့်အရာမှာ တစ်နေ့တွင် သူနှင့်ပိုင်ရဲ့တို့နှစ်ဦး Doujin၏အဓိကဇာတ်ဆောင်ဖြစ်လာမည်ကိုပင်။

 

[ Note - Doujin/ Doujinshi ပရိသတ်များမှ ပြန်လည်ဖန်တီးထားသော ဝတ္ထု ကာတွန်း စသည့်အရာများဖြစ်သည် a.k.a Fanfic ]

 

ချီရှင်းချန်၏သိချင်စိတ်မှာ ထိပ်ဆုံးထိထိုးတက်သွားပြီးနောက် လင့်ကိုနှိပ်ကာ ထုတ်ယူရမည့်ကုတ်ရိုက်၍ ဝင်ကြည့်လိုက်သည်။

 

ထို့နောက် စာပိုဒ်တစ်ပိုဒ်မှာ သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့လေသည်။

 

[ " ဗိုလ်ချုပ် ဗိုလ်ချုပ်ကျေးဇူးပြုပြီး ကျွန်တော့်ကို အမှတ်အသားပေးပေးပါတော့ကျွန်တော် ဒီ့ထက်ပိုပြီး ထိန်းမထားနိုင်တော့ဘူး…"

 

အင်ပါယာ၏သိမ်းငှက်ဟုအများသိကြသည့် နိုင်ငံတွင်းရှိ အသက်အငယ်ဆုံးဗိုလ်ချုပ်ပိုင်ရဲ့မှ တဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး မြေပြင်ပေါ်တွင် လူးလွင့်နေသည့် လူငယ်လေးကို ကြည့်နေမိသည်။

 

လူငယ်လေး၏နှုတ်ခမ်းမှာ နီရဲနေကာ ဖြူဖွေးသောသွားများရှိပြီး သူ၏တစ်ကိုယ်လုံးတွင် ချိုမြသောဖယ်ရိုမုန်းအနံ့များ ထွက်ပေါ်နေခဲ့သည်။ ပိုင်ရဲ့ လူငယ်လေး၏လည်ပင်းအနောက်သို့ နက်နက်ရှိုင်းရှိုင်းအနံ့ခံလိုက်ကာ သူ၏မေးကိုပင့်၍ ခေါင်းမေ့ာစေလိုက်သည်။

 

" ဘာလို့ လွန်ခဲ့တဲ့သုံးနှစ် မင်းငါ့ကိုပစ်သွားတုန်းက ဒီလိုအမူအယာမျိုး မရှိခဲ့ရတာလဲ…" ပိုင်ရဲ့ပြောလိုက်သည်။

 

ချီရှင်းချန်မှာမူ ခါးသီးစွာပြုံးလိုက်ပြီး ထိုအထင်လွဲမှားနေမှုအား သူ၏နှလုံးသားထဲတွင်သာ တိတ်တဆိတ်မြုပ်နှံထားလိုက်သည်။

 

" ကောင်းပြီလေမပြောချင်ဘူးမလား…" ပိုင်ရဲ့ ချီရှင်းချန်၏နူးညံ့သောနှုတ်ခမ်းများကို ထိတွေ့လိုက်ပြီး " မင်းကို အမှတ်အသားပေးစေချင်ရင်တော့ တောင်းဆိုပေါ့…"

 

ချီရှင်းချန် : " ကျေး ကျေးဇူးပြုပြီး…"

 

" ဘာအတွက်တောင်းဆိုတာလဲ…"

 

" လုပ်ပါ.. ကျွန်တော့ကိုလုပ်ပေးပါ…]

 

ချီရှင်းချန် : "......"

 

အဆုံးနားရှိစာကြောင်းမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားနေသည့်အတွက် ချီရှင်းချန် ဖုန်းကိုပင် ပစ်ထုတ်လုမတတ်ဖြစ်သွားရသည်။

 

ဘယ်လိုတောင်သောက်ကျိုးနည်းတွေလဲဘယ်လိုလုပ်ပြီးဘယ်လိုတောင် ဖန်တစ်ယောက်က ဒီလိုရှက်ဖို့ကောင်းတာတွေ ရေးနိုင်ရတာလဲ

 

ဒါကအရမ်းကြောက်ဖို့ကောင်းလွန်းတယ်ညဉ့်ကောင်းကင်အများစုက အသက်ပြည့်သေးတာမဟုတ်ဘူးဒီလိုဟာတွေကိုသာ ဖတ်မိရင် သူတို့ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ဒုက္ခဖြစ်စေလိမ့်မယ်

 

ချီရှင်းချန် တိုင်ကြားခြင်းခလုတ်ကိုသာ နှိပ်လိုက်လေသည်။

 

တိုင်ကြားပြီးနောက်မှာပင် သူထံ၌ ကြောက်ရွံ့ခြင်းများ ရှိနေသေးပြီး ထိုအချိန်၌ ဆံပင်ပြင်သည့်သူမှ သူ၏ဆံပင်အရောင်အခြေအနေကို လာရောက်စစ်ဆေးခဲ့ရာ သူမ ချီရှင်းချန်၏မျက်ရည်ဝေ့နေသောမျက်လုံးများနှင့် နီမြန်းနေသောမျက်နှာကို မတော်တဆမြင်လိုက်ရသည်။

 

ချီရှင်းချန်၏အောက်နှုတ်ခမ်းမှာ နီမြန်းကာ ဖောင်းနေခဲ့ပြီး ကိုက်ထားသည့်အရာများရှိနေသည့်အတွက် ဆံပင်ပြင်ပေးသူမှာ အံ့ဩသွားရကာ မေးလိုက်မိသည် " ချီလောင်ရှီးအခုဘာများလုပ်ခဲ့မိလို့လဲ…"

 

" မလုပ်ပါဘူးကျွန်တော်ဒီမှာပဲ တစ်ချိန်လုံးထိုင်နေတာပါ…"

 

" နေများမကောင်းလို့လား မင်းမျက်နှာက အရမ်းနီနေတယ်…"

 

" အဖျားနည်းနည်းလေးရှိနေလို့နေမယ်ရပါတယ် လုပ်စရာရှိတာလုပ်ပါ.."

 

အဖျားအနည်းငယ်ရှိနေသည့်ချီရှင်းချန်မှာ မိတ်ကပ်ဆရာနှင့် ဆံပင်ပြင်ပေးသူတို့၏ ထိုင်ခုံပေါ်တွင် ဖိချခြင်းကိုခံလိုက်ရသည်။ မိတ်ကပ်အားလုံးပြင်ဆင်ပြီးချိန်၌ အခန်းတွင်းရှိ မိန်းကလေးများအားလုံးမှာ တပြိုင်နက်တည်း ထအော်မိလိုက်ကြသည် " ဖာ့ခ်…."

 

" ချီးပဲဟေ့ ငါတော့ထပ်ထိန်းမထားနိုင်တော့ဘူး…" မိတ်ကပ်ဆရာမှ သူမ၏လက်ကိုတင်းတင်းဆုပ်ကာ ပြောလိုက်သည် 

 

" ချီလောင်ရှီးရေ ကျေးဇူးပြုပြီး ဒီနေ့ညတော့ ဆယ်ဖီရိုက်မတင်ပါနဲ့နော်မဟုတ်ရင် ဖန်တွေတစ်ယောက်မှ အိပ်ပျော်တော့မှာမဟုတ်ဘူး…"

 

" ဒါကကြည့်ရဆိုးနေလို့လား…" ချီရှင်းချန် ထရပ်ကာ ကိုယ်ကိုကိုင်း၍ မိမိကိုယ်ကိုမှန်ထဲတွင်ကြည့်လိုက်သည်။

 

သူ၏ကျောင်းသားဇာတ်ကောင်နှင့်လိုက်ဖက်ညီစေရန်အတွက် ချီရှင်းချန်၏ဆံပင်ကို တစ်ဝက်မျှညှပ်ချလိုက်ကာ အမဲဆိုးပေးထားပြီး သူ၏ရှေ့ဆံပင်များမှာ အနောက်သို့လှန်တင်ခံထားရကာ ချောမွေ့သော နဖူးအပြည့်ကို ထုတ်ဖော်ပေးနေသည်။

 

သူ၏မျက်ခုံးများမှာ ဓားသဖွယ်ချွန်မြနေကာ ကလေးဆန်ပုံရသော မျက်ရစ်တစ်ထပ်ကို အားပျော့သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏တောင့်တင်းနေသောမေးရိုးနှင့်ယှဉ်လိုက်ပါက သူ၏မျက်နှာမှာ ပို၍သေးငယ်သွားပုံရကာ မျက်နှာအချိုးအစားများမှာ ရှင်းလင်းစွာထွက်ပေါ်နေသည်။

 

ပြောရန်မလိုအောင်ပင် ၎င်းမှာ အလွန်ကြည့်ကောင်းနေသည့်အတွက် ချီရှင်းချန် ကျေနပ်မှုအပြည့်နှင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ စတူဒီယိုထဲသို့ ဝင်သွားလိုက်သည်။

 

တတိယဇာတ်လိုက်တစ်ယောက်အနေဖြင့် သူ့ထံတွင် ဓာတ်ပုံရိုက်ရန် နှစ်စုံသာလိုအပ်ပြီး တစ်စုံမှာ ငါးပြတိုက်၏ပလတ်စတစ်အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသောပုံဖြစ်ကာ တစ်စုံမှာမူ အားကစားဝတ်စုံနှင့်စက်ဘီးကိုတွန်းနေသည့် အပြင်ပုံဖြစ်သည်။

 

ဓာတ်ပုံရိုက်ကူးရေးအပြီးတွင် ချီရှင်းချန် စက်ဘီးကိုတွန်းနေသည့်ပုံနှစ်ပုံကိုတောင်း၍ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏အဖွဲ့လိုက်စကားဝိုင်းထဲသို့ ပို့ပေးလိုက်သည်။

 

တစ်ခဏအတွင်းမှာပင် သူ၏ကင်မရာမန်းမှာ စက်ဘီးထံမှအနိုင်ယူခံလိုက်ရသော ကြောက်မက်ဖွယ်အမှတ်တရကို ပြန်လည်သတိရသွားခဲ့သည်။

 

နောက်ဘဝကြရင် ကင်မရာမန်းမလုပ်တော့ဘူး : [ ကျွန်တော်အဖွဲ့ကထွက်ပါပြီ ]

 

ရိုက်ကူးရေးပြီးနောက် အေးစက်နေသည့်အဖွဲ့လိုက်စကားဝိုင်းမှာ သူ့အတွက်ကြောင့် ပြန်လည်ဆူပွက်လာရသည်။

 

ဒါရိုက်တာကျောက် : [ သောက်ကောင်စုတ်လေးဒါငါ့အဖွဲ့ရဲ့အကောင်းဆုံးကင်မရာမန်းကွငါမင်းနဲ့မပြီးသေးဘူးနော်…]

 

ချိုးမန် : [ ဟားဟားဟားဟား ရှင်းရှင်းရေ မင်းကတော့ကင်မရာမန်းကို ခြောက်လွှတ်လိုက်ပြန်ပြီ…]

 

နင်းနင်းနောက်ကို လိုက်ပါ : [ ရှင်းရှင်း ဒီရက်ပိုင်း ဘယ်လိုနေလဲကျဲကျဲ မင်းကိုလွမ်းနေတာနော်…]

 

ကျီယု : [ အယ် ရှင်းရှင်း ဒါနင့်စတိုင်အသစ်လားဒါကအရမ်း Aပြီး ချောမောတာပဲကျဲကျဲတော့ နင့်ကြောင့် စိတ်လှုပ်ရှားသွားရပြီ…]

 

လျိုကျီယု စကားအဆုံးမှသာ လူတိုင်းမှာ ချီရှင်းချန်၏ဆံပင်ပုံစံအသစ်ကို သတိပြုမိသွားကြပြီး ကြီးကြပ်သူများနှင့်အခြားသော ရိုက်ကူးရေးအဖွဲ့သားများမှ စတင်ချီးကျူးလာကြာကာ ဟမ်တျန့်တွင်ရိုက်ကူးရေးဖြင့် မအားလပ်သည့်ကျန်းယွင်ဖေးသည်ပင် စကားဝိုင်းထဲတွင် ဝင်ရောက်ချီးကျုးပေးခဲ့သည်။

 

ပိုင်ရဲ့တစ်ဦးတည်းသည်သာ မလှုပ်ရှားခဲ့သူဖြစ်သည်။

 

ချီရှင်းချန် ဖုန်းမျက်နှာပြင်ကို အချိန်အတော်ကြာကြည့်လိုက်ပြီးနောက် တိတ်တဆိတ်ဖုန်းကို အဝေးတွင်ပြန်ချထားလိုက်လေသည်။

 

သမုဒ္ဒရာနှလုံးသားတွင်ပါဝင်မည့် အဓိကအမျိုးသားနှင့်အမျိုးသမီးဇာတ်လိုက်များကို ယမန်နေ့တွင် တရားဝင်ကြေငြာခဲ့ပြီး မနက်ဖြန်တွင် ဒုတိယအမျိုးသားနှင့်အမျိုးသမီးဇာတ်လိုက်များကို ကြေငြာမည်ဖြစ်ကာထို့နောက်တွင်မှသာ ချီရှင်းချန်၏အလှည့်ဖြစ်သည့်တတိယဇာတ်လိုက်နေရာကိုကြေငြာမည်ဖြစ်သည်။

 

ဤကဲ့သို့ လူနေမှုဘဝကိုအခြေခံကာ ဇာတ်အိမ်တည်ထားပြီး နာမည်ကျော်ကြယ်ပွင့်များစွာမပါသည့် ဂြိုလ်တုလိုင်းမှကားမျိုးမှာ အာရုံစိုက်မှုအနည်းငယ်ကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ တရားဝင်ကြေငြာပြီးလျှင်ပင် များစွာဆူပူမှုမျိုး မဖြစ်စေနိုင်သည့်အတွက် ချီရှင်းချန် အလျင်လိုနေရန်မလိုပေ။

 

ထို့အပြင် ယနေ့ညတွင် ချီရှင်းချန် လုပ်စရာတစ်ခုရှိနေခဲ့လေသည်။

 

ညရှစ်နာရီအချိန်တွင် လူငယ်ကွန်မြူနစ်အဖွဲ့၏တရားဝင်ဝေ့ပေါ်မှ ငါးမိနစ်တာဗီဒီယိုအတိုလေးကို ဖြန့်ဝေလာခဲ့သည်။

 

လူငယ်ကွန်မြူနစ်အဖွဲ့၏ဗဟိုကော်မတီ : #အပြုသဘောဆောင်သောခွန်အား #အိုင်ဒေါအစီရင်ခံစာ

 

@ချီရှင်းချန်မှ ပင်ပန်းခက်ခဲမှု၏အသီးအပွင့်များသည်သာ အတောက်ပဆုံးအရာဖြစ်သောကြောင့် သူ့အတွက်ကြောက်ရမည့်အရာဟု မရှိပါဟုပြောကြားခဲ့ပါတယ်

 

ဗီဒီယိုကိုနှိပ်လိုက်ချိန်တွင် ချီရှင်းချန်၏အင်တာဗျူးနှင့်အတူသတင်းထုတ်လွှင့်မှုကလစ်ပေါ်လာခဲ့ကာ ဗီဒီယိုထဲတွင် သရုပ်ဆောင်ငယ်လေးမှာ ရိုးသားဖြူစင်ပုံပေါ်နေခဲ့သည်။

 

ပရိသတ် 12.5 မီလီယံရှိသောတရားဝင်ဘလော့တစ်ခုဖြစ်သည့်အတွက် စတင်ဖြန့်ဝေလိုက်သည်နှင့် ကြည့်ရှုသူမှာ တစ်သန်းကျော်အထိ မြင့်တက်သွားရသည်။

 

အင်တာနက်အသုံးပြုသူများမှာ ချီရှင်းချန်မည်သူဖြစ်ကြောင်းကို မသိကြသေးသည့်အတွက် မည်သူဖြစ်ကြောင်းကို သိချင်နေကြသည်။ အဆုံး၌ ဗီဒီယိုကိုဖွင့်ကြည့်လိုက်ကြချိန်တွင် အမှန်တကယ်ပင်ချောမောသောလူငယ်လေးတစ်ဦးဖြစ်နေသည်ကို မြင်လိုက်ကြရသည်။

 

ထို့နောက် အင်တာနက်ပေါ်တွင် ချီရှင်းချန်နှင့်ပတ်သက်သောအချက်အလက်များကို လိုက်လံရှာဖွေလိုက်ကြသည်။

 

ဝါးးး ဒီရသစုံရှိုးဗီဒီယိုက အရမ်းချစ်ဖို့ကောင်းတာပဲ..ဤသို့ဖြင့် ကလစ်များကို ဖွင့်ကြည့်သူများနှင့် Follower များမှာ တရိပ်ရိပ်ထိုးတက်လာခဲ့သည်။

 

အများစုမှာ ချီရှင်းချန်၏ရေပန်းစားမှုခေါင်းစီးများကို မြင်ဖူးကြသော်လည်း ရင်းနှီးနေသည်ဟုသာ ခံစားမိကြရပြီး Followမလုပ်ခဲ့ကြချေ။ ယခုနှိပ်ကြည့်မိမှသာ သူတို့အားလုံးပြန်လည်သတိရသွားကြသည်။

 

အိုးးး ဒီကလေးက စက်ဘီးစီးရင်းနဲ့ ကင်မရာမန်းကိုသွေးအန်အောင်လုပ်ခဲ့တဲ့ကောင်လေးပဲသူကဆက်ကပ်အတတ်ကိုလည်း သိနေမယ်လို့ ငါမထင်ထားမိဘူးသူ့ကျွမ်းကျင်မှုက တကယ့်ကို ကမ္ဘာအပြင်ကျော်လွန်နေပြီငါသူ့ကိုအချိန်တစ်ခုအထိ Followထားသင့်လားနော်….

 

ကလေးမိဘများအားလုံးမှာ #အပြုသဘောဆောင်သော ကို မြင်တွေ့ခဲ့ကြရသည်။ ဗီဒီယိုအား လေးစားမှုများဖြင့် ကြည့်ရှုပြီးနောက်တွင် အိမ်စာလုပ်နေသောဘေးမှကလေး၏ခေါင်းကိုပုတ်ကာ ပြောလိုက်ကြသည်

 

 " သူ့ကိုကြည့်စမ်းသတင်းလွှင့်တဲ့စီမှာတောင် ဆက်ကပ်ကစားပြနိုင်တယ်နင်သာစာကောင်းကောင်းမလေ့လာလို့ကတော့ သူ့လိုတောင်ဆက်ကပ်ကစားပြနိုင်မှာမဟုတ်ဘူး…"

 

ကလေးများအား ဆူပူလိုက်ကြပြီးနောက် ဤလူငယ်လေးမှာ အတော်လေးအပြုဆောင်သည်ဟု ခံစားလိုက်ရကြသဖြင့် ချီရှင်းချန်၏အဓိကစာမျက်နှာစီသို့သွားကာ အသီးသီး Follow လုပ်လိုက်ကြသည်။

 

ဤသို့ဖြင့် အမည်မသိအင်တာနက်အသုံးပြုသူများနှင့် ကြယ်အလင်းတန်းများ၏ပြန်လည်မျှဝေမှုများကြောင့် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်အဆုံးတွင် .၆သန်းဖြင့်ရပ်တန့်နေခဲ့သော ချီရှင်းချန်၏ဖန်များနေရာတွင် မြင်သာထင်သာရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီဖြစ်သည်။

 

၎င်းမှာ နှစ်သန်းကိုပင် ကျော်ဖြတ်သွားခဲ့လေပြီ