နောက်ထပ် ဝင်ရောက်ရမဲ့ကမ္ဘာမှာက Starlit Land (ကြယ်ရောင်လင်းလက်နေတဲ့ ကုန်းမြေ)ဆိုတဲ့ တိုက်ကြီးတစ်ခုသာ တည်ရှိသည် ။
သည်နာမည်ခေါ်ရခြင်းအကြောင်းက ထိုကမ္ဘာမှာ နေ့နဲ့ညဆိုတာ မရှိဘဲ တစ်ချိန်လုံး ကြယ်တွေနဲ့သာ ပြည့်နှက်နေတဲ့ ကောင်းကင်ပဲ ရှိတာကြောင့်ပင် ဖြစ်သည် ။
Starlit Landမှာ နေထိုင်သူတို့ အမှတ်အသားအဖြစ် ထားရှိတာကတော့ ခရမ်းရောင်ကြယ်တစ်စင်းဖြစ်သည် ။
ခရမ်းရောင်ကြယ် ကောင်းကင်မှာ တည်ရှိနေရင်
အလုပ်လုပ်ချိန်လို့ သတ်မှတ်ပြီး
ထိုကြယ် ပျောက်ကွယ်သွားရင်တော့ အနားယူချိန်ဟု
သတ်မှတ်ထားကြသည် ။
Starlit Landမှာ မြေ,ရေ,လေ,မီးဆိုတဲ့ အစွမ်းတစ်မျိုးစီ ပိုင်ဆိုင်ကြတဲ့ magician(မှော်ဆရာ) နဲ့
လူသားကနေ ဌက်မျိုးနွယ် သားရဲမျိုးနွယ်စုတဲ့ မျိုးရိုးဗီဇအလိုက် ပြောင်းလဲနိုင်သော skinwalker(အသွင်ပြောင်းလဲနိုင်သောလူသား) ဆိုတဲ့ မျိုးနွယ်နှစ်ခုသာ နေထိုင်ကြသည် ။
ဓာတ်ကြီးလေးပါးကို ဖန်တီးနိုင်စွမ်းရှိတဲ့ magicianတွေကို မြင့်မြတ်သောမျိုးနွယ်ဝင်လို့ သတ်မှတ်ပြီး skinwalkerမျိုးနွယ်တွေကိုတော့ မိစ္ဆာမျိုးနွယ်ဝင်လို့ ခေါ်ကြသည် ။ ရှေးအချိန်တစ်ခုတုန်းက ထိုမျိုးနွယ်စုနှစ်ခုကြား စစ်ပွဲတစ်ခု ဖြစ်ခဲ့ပြီးနောက် ထိုစစ်ပွဲအတွင်း skinwalkerမျိုးနွယ်တွေ အရေးနိမ့်သွားခဲ့သည် ။
ထိုကြောင့် magicianတွေက ကမ္ဘာကြီးကို အုပ်စိုးသူတွေ ဖြစ်ခဲ့ပြီး skinwalkerတွေက လူနည်းစုဖြစ်သွားတဲ့အပြင်
တောင်တွေရဲ့အလယ် တောင်ကြားတစ်နေရာမှာသာ မြို့ငယ်လေး
တည်ဆောက်၍ သိုဝှက်ပြီး နေထိုင်ခဲ့ကြရသည်။
°°°
ထိုတောင်ကြားထဲမှာပဲ နှစ်ပေါင်းများစွာ ပုန်းကွယ်ပြီး အေးချမ်းစွာ နေထိုင်လာတဲ့ skinwalkerမျိုးနွယ်တွေရဲ့ တော်ဝင်မျိုးနွယ်အတွင်းမှာ ရှားပါးမျိုးနွယ်ဖြစ်တဲ့ လိပ်ပြာဗီဇကို ဆက်ခံထားတဲ့ မင်းသမီးလေး မွေးဖွားလာမှုကြောင့် အားလုံး ပျော်ရွှင်နေကြသည် ။
လိပ်ပြာဗီဇပိုင်ဆိုင်ကြသူတွေက စွမ်းအားအမြင့်ဆုံးလို့ သူတို့ရဲ့ဘိုးဘေးတွေ ပြောခဲ့တဲ့ဆိုရိုးတွေမှာ ပါရှိခဲ့သောကြောင့် သူတို့အတွက် အလင်းရောင်လေးလို့ ယူဆကြတဲ့အတွက် မင်းသမီးလေးကို Lightလို့ အမည်ခေါ်တွင်ခဲ့ကြသည်။
Lightရဲ့ မွေးဖွားလာမှုကို မနှစ်မြို့သူတွေကတော့ မှော်ဆရာတွေ ဖြစ်သည်။ အသွင်ပြောင်းလူသားတွေ အင်အားကြီးလာမှာကို မလိုလားတဲ့အတွက် သူတို့ဟာ အကြောင်းပြချက်တစ်ခု ရှာဖွေကာ စစ်ပွဲဆင်နွဲဖို့ ကြံရွယ်ရင်း မင်းသမီးလေး အရွယ်မရောက်လာခင်မှာ သတ်ပစ်ဖို့ ရွေးချယ်ခဲ့ကြသည် ။
ဒါပေမဲ့ သူတို့ဟာ Artဆိုတဲ့ မင်းသမီးလေးရဲ့အစ်ကိုဖြစ်သူ ဦးဆောင်တဲ့ တပ်ဖွဲ့ငယ်ရဲ့ လှည့်စားမှုအောက် ရောက်သွားတာကြောင့် Lightအပါအဝင် တော်ဝင်မျိုးနွယ်စုအချို့နဲ့ အခြားသောမျိုးနွယ်စုတွေ လွတ်မြောက်သွားခဲ့ကြသည် ။
ထိုတိုက်ပွဲအပြီးမှာတော့ မှော်ဆရာတွေထံမှာ ဖမ်းဆီးခံလိုက်ရတဲ့ Artဟာ သေသလား ရှင်သလား မသိရဘဲ ပျောက်ဆုံးသွားခဲ့ပြီးနောက် မှော်ဆရာမျိုးနွယ်တွေကို အမြစ်ဖြတ်သုတ်သင်ချင်တဲ့စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေသော Lightအဖြစ်အရွယ်ရောက် ကြီးပြင်းစေခဲ့တာကြောင့်
တဖြည်းဖြည်း အင်အားကြီးမားအောင် ဆောင်ရွက်နေတဲ့ Lightက ထိုကမ္ဘာရဲ့ဗီလိန် ဖြစ်လာခဲ့သည် ။
သူရဲ့ရည်မှန်းချက်က မှော်ဆရာမျိုးနွယ်စု ပျက်သုဉ်းစေဖို့နဲ့ သူရဲ့အစ်ကိုတော်ဖြစ်သူ Artကို ရှာဖွေဖို့ ဖြစ်၏။..
Lightရဲ့ရည်မှန်းချက်အတိုင်း မှော်ဆရာတွေ ရှုံးနိမ့်တော့မဲ့အခြေအနေမှာ ထိုကမ္ဘာရဲ့ဇာတ်လိုက် ထွက်ပေါ်လာခဲ့သည် ။
ဇာတ်လိုက်ဖြစ်လာတဲ့ မှော်ဆရာတွေရဲ့တော်ဝင်မင်းသားတစ်ပါးဖြစ်တဲ့ Necroသည် ပထမဆုံး magicianနဲ့skinwalkerမျိုးရိုးတွေ ပေါင်းစပ်နေတဲ့ သွေးနှောတစ်ယောက် ဖြစ်သည်။
Necroသည် မွေးဖွားချိန်တည်းက အကြောင်းအရင်းအတိအကျ မရှိဘဲ သွေးနှောတစ်ယောက် ဖြစ်နေတာမို့ လူထူးလူဆန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိန်းသိမ်းခံရသူဖြစ်သည်။… နောက်ဆုံး သူ လွတ်မြောက်လာချိန်မှာတော့ မျိုးနွယ်နှစ်ခုလုံးကို သူရဲ့လက်အောက်မှာ ထားကာ ကမ္ဘာကြီးကို အုပ်စိုးခဲ့သည်။
အင်အားချင်း တူညီပေမဲ့ Necroရဲ့ဇာတ်ဆောင်အရှိန်အဝါကြောင့် ဗီလိန်ဖြစ်တဲ့Lightကတော့ သေဆုံးပေးခဲ့ရ၏။
°°°°
ဇာတ်ကြောင်းအစုံကို သိပြီးနောက် သူ တွေးမိတာက… ဇာတ်လိုက်တစ်ယောက် ဗီလိန်တစ်ယောက်သာ
ရှိတဲ့ကမ္ဘာမှာ ဘာလုပ်ရမှာလဲ ဆိုတာပဲ. . .
//ဒီလောက် အင်အားကြီးတဲ့နှစ်ယောက်ရှိနေတဲ့ကမ္ဘာမှာ အရေးပါတဲ့ဇာတ်ကောင်ဖြစ်အောင် လုပ်ရမယ်လို့တော့ မပြောနဲ့နော်//
//ဂုဏ်ယူပါတယ်… မင်း ပြောလိုက်သလိုပဲ အရေးပါတဲ့ဇာတ်ကောင်ဖြစ်အောင် လုပ်ရမဲ့အပြင်… ထပ်ဆောင်းအနေနဲ့ အပြစ်ဒဏ်ပါ ခံရမှာဖြစ်တဲ့အတွက်ကြောင့် စိတ်ထဲ ပြင်ဆင်ထားလိုက်ပါတော့ //
အန်းရဲ့စကားကို ကြားလိုက်ရချိန်မှာတော့ ထိုင်ငိုချင်စိတ်တွေ ပေါက်သွားရုံရှိသေး… ကြားလိုက်ရတဲ့ နောက်ဆက်တွဲစကားကြောင့် သေချင်စိတ်တွေပါ ပေါက်သွားခဲ့သည်။
//ပြီးတော့ ဒီကမ္ဘာမှာ အဓိကmissionတစ်ခု ရှိနေပါတယ်… အဲဒါကတော့
ဇာတ်လိုက်Necroနဲ့အတူ ကမ္ဘာကြီးကို အတူတူ အုပ်စိုးဖို့ပါပဲ //
°°°°°
°°°°°
အနောက်ကနေ ဝင်တိုက်လိုက်မှုကြောင့် လဲကျကာ မြေပြင်နဲ့ရင်ဘတ် ရိုက်မိသွားတာမို့ နာကျင်မှုတွေ ခံစားလိုက်ရသည်။
'အိုး!မင်းသားလေးArtကို မမြင်မိလိုက်လို့
တောင်းပန်ပါတယ်ကွာ'
ကမ္ဘာဆီ ရောက်ရောက်ချင်း ဆီးကြိုနေတဲ့နာကျင်မှုနဲ့အတူ စိတ်ထဲမပါတဲ့ တောင်းပန်နေသံကို ကြားလိုက်ရတော့…
shit!!! ဒီကမ္ဘာမှာ ငါတော့ တော်တော်လေးကို ဒုက္ခခံရတော့မယ်နဲ့ထင်တယ်…
#####
#####
Arc.2 စတင်ပါပြီ..