မင်္ဂလာကိစ္စကို မွေးနေ့ပွဲကျရင် တရားဝင်ထုတ်ပြန်မယ်လို့ ဆုံးဖြတ်လိုက်ကြပြီးနောက်...
လူကြီးနှစ်ယောက်ကလည်း သူတို့ဘာသာ တိုင်းရေးပြည်ရေးအကြောင်း ဆက်ဆွေးနွေးနေကြသလို ဝေ့ဝေ့ကလည်း ပြိုင်ပွဲအတွက် ပြင်ဆင်စရာတွေ ရှိတာကြောင့် ထွက်သွားခဲ့ပြီ ဖြစ်၏...
ယဲ့ဖန်တစ်ယောက်ကတော့...
// ဒီလိုပြောင်းလဲမှုကြီးက...//
// သာမန်ရိုးကျပဲလေ... မူလဇာတ်ကြောင်းထဲက ဇာတ်ကောင်ပုံစံ ပြောင်းလဲမှု ရှိလာမှတော့ အခြားအကြောင်းအရာတွေပါ ပြောင်းလဲကုန်တာမျိုးက ထူးဆန်းတဲ့အရာမှ မဟုတ်တာ!//
ယဲ့ဖန် စိတ်ထင့်နေမှုကို ရုပ်မမြင် အသံပဲကြားရတဲ့အသံပိုင်ရှင်ကနေ ဖြေရှင်းချက် ပေးလာခဲ့သည်...
//သူတို့ရဲ့စိတ်ခံစားမှုတွေရောလား//
ယဲ့ဖန်က ထပ်မေးလိုက်၏။
//မင်းရောက်လာပြီးနောက် ဇာတ်ကွက်အချို့ပြောင်းလဲမှု ရှိသွားတယ်လေ.. နဂိုကလို ဖြစ်ပေါ်လာသင့်တဲ့ စိတ်ခံစားမှုတွေက ပြောင်းသွားတဲ့ဇာတ်ကွက်တွေပေါ်မူတည်ပြီး သူတို့လည်း ပြောင်းလဲကုန်တာပေါ့ကွာ//
//အင်း.. တစ်ခါတစ်လေကျရင် ငါ စဉ်းစားမိတယ်.. ဒီနေရာကို ဘာကြောင့် ရောက်လာရတာလဲ..ဆိုပြီး//
//အခုမှ ပထမဆုံးကမ္ဘာဆိုတော့ မင်းနေသားကျမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်.. ဘာမှလျှောက်တွေးမနေနဲ့တော့//
ဒေါက်..ဒေါက်..
သူရဲ့စားပွဲကို လာခေါက်တဲ့စစ်ရုန်ကြောင့်.. ထိုအသံပိုင်ရှင်နဲ့ဘစကားဆက်မပြောဖြစ်တော့ဘဲ ယဲ့ဖန် မျက်လုံးဖွင့်ကြည့်လိုက်သည်။
"အိပ်ပျော်နေတာလား"
"မဟုတ်ပါဘူး.. တွေးစရာလေးတွေ ရှိနေလို့ပါ''
စစ်ရုန်ရဲ့အမေးကို ယဲ့ဖန် ပြန်ဖြေခဲ့၏။
"အပြင်မှာ လမ်းလျှောက်ထွက်ကြမလား.. ကိုယ် မင်းကို ဒီအနီးအနားတစ်ဝိုက် လိုက်ပြမယ်လေ"
"အင်း.. ကောင်းသားပဲ''
.......
.......
"မင်းတို့အိမ်တော်မှာ ရှိတဲ့ရေကန်လောက်တော့ မလှပေမဲ့.. ကြာပန်းလေးတွေ ပွင့်နေတာ တွေ့လို့ မင်းကို ခေါ်ပြတာ"
ကြာပွင့်လေးတွေနဲ့ ပြည့်နေတဲ့ရေကန်ကို ယဲ့ဖန် ကြည့်လိုက်ကာ..
"အရင်ကဆို ဒီရေကန်လေးက ဒီလောက် မသာယာဘူး.... အခုတော့ ကြာပန်းလေးတွေနဲ့ လှပနေပြီပဲ"
ယဲ့ဖန်ရဲ့အရင်မှတ်ဉာဏ်ထဲကနေ ပေါ်လာတဲ့ ဒီရေကန်လေးအကြောင်းကို သူ ပြောလိုက်တော့..
"မင်း အရင်က ဒီနေရာကို ရောက်ဖူးတာလား...... အိုး မင်းရဲ့လက်ဖဝါးမှာ အမာရွတ်တွေတောင် မရှိတော့ဘူးပဲ"
သူရဲ့လက်ဖဝါးကို အသာထိတွေ့နေရင်း စစ်ရုန်က စကားဆိုလာ၏။ စစ်ရုန်ကိုင်ထားတဲ့ သူရဲ့လက်ကို ယဲ့ဖန် ပြန်ဆွဲယူလိုက်ကာ...
"အိမ်ရှေ့စံမင်းသားက ဒီနေရာလေးကို
မမှတ်မိဘူးပဲ"
"ဒီနေရာကို ??"
စစ်ရုန်ကို ကြည့်နေရာကနေ ယဲ့ဖန် ရေကန်ဘက်ဆီ အကြည့်လွှဲလိုက်ရင်း...
"ပထမဆုံးရေးစပ်နိုင်ခဲ့တဲ့ကဗျာလေးကို ဒီရေကန်ဘေးမှာ မင်းသားကို ကျွန်တော် ရွတ်ပြခဲ့တာလေ"
"အာ~~ ကိုယ်တကယ် မမှတ်မိဘူးပဲ"
အရင်ကယဲ့ဖန်နဲ့ပက်သက်သမျှကို ဘယ်တုန်းကများ မင်းသားက အလေးထားဖူးလို့လဲ... မမှတ်မိတာ မဆန်းပါဘူး..
"အရင်တည်းက မင်းသားအပေါ် မှာရှိတဲ့ကျွန်တော်ရဲ့ခံစားချက်ကို မင်းသား ရိပ်မိခဲ့သလို.. ကျွန်တော်ကို မင်းသား ဘယ်လိုသဘောထားလဲဆိုတာ ကျွန်တော်လည်း ရိပ်မိခဲ့ပါတယ်..အစကဆို စေ့စပ်ကြောင်းလမ်းတဲ့ကိစ္စကိုတောင် မင်းသား မလိုလားခဲ့ဘူးလေ.. ဒါပေမဲ့ အခုကျတော့ လက်ထပ်မဲ့အကြောင်းကို မင်းသားကိုယ်တိုင် ပြောလာပြန်တယ်.. ကျွန်တော် မင်းသားကို ဘယ်လိုနားလည်ရမလဲ မသိတော့ဘူး"
"မင်းကရော ဒီမင်းသားနဲ့ စေ့စပ်ထားတာကို နောင်တရနေပြီလား"
"ဘယ်လိုများ ပြောလိုက်တာလဲဗျာ... စေ့စပ်ခွင့်ရတုန်းကဆို ကျွန်တော်က အပျော်ဆုံးလူသား ဖြစ်ခဲ့တာလေ.. အဲသဘောထားက အခုထိ မပြောင်းလဲဘူး"
ဟုတ်တယ်။ မူလယဲ့ဖန်ဆိုတဲ့လူက စစ်ရုန်ကိုပဲ ချစ်တာလေ... နောက်ဆုံး သူသေသွားတဲ့အထိ စစ်ရုန်အပေါ်ချစ်နေတုန်းပဲ.. စစ်ရုန်ပျော်ဖို့အတွက် သေခြင်းတရားကို သူ ရွေးချယ်သွားခဲ့တာ..
"ဒါပေမဲ့ လက်ထပ်ဖို့ကျတော့ ကျွန်တော် တွေဝေမိနေတယ်... မင်းသား ဖြေပေးပါလား..အခုကျွန်တော်က မင်းသားအတွက် ဘယ်လိုလူမျိုးလဲဆိုတာ"
.......
.......
မင်းကြီးဘေးနားမှာ ထိုင်နေတဲ့စစ်ရုန်က သူကို လှမ်းကြည့်နေတာ သိပေမဲ့ ယဲ့ဖန် မသိချင်ယောင်ဆောင်က သူအဖေ စစ်သူကြီးယဲ့ဘေးနားမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
သူမေးတုန်းက ချက်ချင်းမဖြေနိုင်တဲ့စစ်ရုန်ကို ....
*မင်းကြီးရဲ့မွေးနေ့ပွဲရောက်တဲ့အထိ ဒီမေးခွန်းအတွက် အဖြေကို မင်းသား မပေးနိုင်ရင်တော့ ကျွန်တော် စေ့စပ်ပွဲကို ဖျက်သိမ်းမှာပါ.. ဒီအတောအတွင်း မင်းသားရဲ့စိတ်ကို သေချာဆန်းစစ်စေချင်တယ်*
စကားသာ ပြောခဲ့လိုက်သည်။
//မင်းကတော့ မလိုတာတွေ လုပ်ခဲ့ပြန်ပြီ//
//ဘာလာပြောပြန်တာလဲ//
//မင်းက အခုအရေးပါတဲ့ဇာတ်ကောင်ဖြစ်နေပြီလေ. ပြီးတော့ စစ်ရုန်နဲ့လက်ထပ်ပြီး အသက်ရှည်ရှည်နေသွားရင် မင်းရဲ့missionက ပြီးပြီ.. //
//ဖူးစာဖက်ရှာလို့ ပြောတာလေ.. စစ်ရုန်ဖြစ်ရမယ်လို့ ပါလို့လား//
//မပါဘူး.. ဒါပေမဲ့ ဖူးစာဖက်က မင်းကို ချစ်တဲ့သူပဲ ဖြစ်ရမှာ//
//ငါသိတယ်.. အဲဒါကြောင့်လည်း စစ်ရုန်ကို အခုလိုမေးလိုက်တာ... တော်ပြီကွာ.. မင်း လာမရှုပ်နဲ့တော့.. ဝေ့ဝေ့ အလှည့်ရောက်တော့မယ်ကွ.. ငါ အားပေးရအုန်းမယ်//
......
......
ပြိုင်ဖက်တစ်ယောက် အနိုင်ယူပြီး ဝေ့ဝေ့ အဆင့်တစ်ဆင့် တက်လာတိုင်း… အသံကုန်အော်ကာ အားပေးနေသူကတော့ ယဲ့ဖန်သာ ဖြစ်နေ၏။
ပြိုင်ကွင်းတစ်ကွင်းလုံး သူ့အသံတွေချည်းပဲ… နောက်ဆုံး အဆင့်တစ်နေရာအတွက်ပဲ ယှဉ်ပြိုင်ဖို့ ကျန်တော့တာမို့ ..
ဝေ့ဝေ့ကတော့ ဓားတစ်ချောင်းကို ဆွဲကိုင်ကာ စင်မြင့်ပေါ်ရပ်နေတဲ့ဟန်ပန်က တကယ့်ကို စစ်ဘုရင်မအသွင်ပဲ . . တစ်ဖက်ကနေ စင်ပေါ်တက်လာတဲ့သူကို ယဲ့ဖန်မြင်လိုက်ရချိန် မျက်မှောင်ကြုတ်လိုက်မိတယ်…
ညီမလေးဝေ့နဲ့ပြိုင်ရမှာက ဟိုကောင်ပဲ . . .
ထိုသူက ဝေ့ဝေ့ကို တစ်ဖတ်သတ်လိုက်ကြိုက်ခဲ့ပေမဲ့ ဝေ့ဝေ့ငြင်းခဲ့တဲ့အပေါ် အငြိုးထားခဲ့တာကြောင့် . . နောက်ဆုံး
ဝေ့ဝေ့က ဒီတိုင်းပြည်ကို အပိုင်သိမ်းပြီးနောက် စစ်ရုန်တို့ ပြန်လာတိုက်တဲ့အချိန်မှာ
သစ္စာဖောက်ပြီး ခံတပ်တံခါးကို ဖွင့်ပေးခဲ့တာကြောင့် အရေးနိမ့်ခဲ့ရပြီး ဝေ့ဝေ့အသက်ဆုံးရှုံးခဲ့ရတာ…
အဲဒါတွေ အားလုံးကို မှတ်မိနေတဲ့ဝေ့ဝေ့က အဲတစ်ယောက်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး… ခြေလွန်လက်လွန် မဖြစ်ခင် ငါတားလိုက်သင့်လား…
"ဝေ့အာပုံစံက ထူးဆန်းနေတယ်"
ဘေးနားက အဖေဖြစ်သူရဲ့အသံကြားတော့မှ စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ ပြိုင်ပွဲက စတင်နေပြီ။
ထင်တဲ့အတိုင်းပဲ တစ်ဖက်ကို ပြိုင်တိုက်ဖို့ဝေ့ဝေ့က အခွင့်အရေး မပေးဘဲ အပေါ်ကနေ ဖိတိုက်နေခဲ့သည် ။
တစ်ဖက်က ဓားလွင့်ထွက်သွားတဲ့အချိန် အကာအကွယ်မဲ့နေတုန်း ဝေ့ဝေ့ဆီကနေ ဓားချက်တစ်ချက် ထပ်ထွက်လာချိန်. . . နောက်ထပ် ဓားတစ်ချောင်း ပျံဝဲလာပြီး ဝေ့ဝေ့ရဲ့ဓားချက်ကို တွန်းထုတ်လိုက်သည် ။
'ယဲ့ဖန်! အဲဒါ ငါ့ဓားကို ဘာလုပ်လိုက်တာလဲ"
ပစ်လွှတ်လိုက်တဲ့ဓားဟာ စစ်သူကြီးယဲ့ရဲ့ဓား ဖြစ်ပြီး
စစ်သူကြီးယဲ့လက်ထဲကနေ ဆွဲလုကာ ပစ်လိုက်သူကတော့ ယဲ့ဖန်ဖြစ်သည် ။
"တောင်းပန်ပါတယ် အဖေ.. ဟဲဟဲ!!"
စပ်ဖြဲဖြဲနဲ့ အဖေဖြစ်သူကို တောင်းပန်ပြီးနောက် ဝေ့ဝေ့ရှိနေတဲ့ စင်ပေါ်ကို ယဲ့ဖန် ပြေးတက်သွားလိုက်သည် ။
'ကျွန်တော် ဝင်ရှုပ်သလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ!"
ပြိုင်ပွဲရဲ့အနိုင်အရှုံးကလည်း ပေါ်နေပြီးသားမို့ ဘယ်သူမှ ဘာမှ မပြောကြပေ။
"တောင်းပန်ပါတယ် ကိုကြီး"
ကျောက်ရုပ်လို ရပ်နေတဲ့ ဝေ့ဝေ့နားကို ယဲ့ဖန် ကပ်သွားတော့… ဝေ့ဝေ့ဆီကနေ အသံတိုးတိုးလေး ထွက်လာခဲ့သည် ။
"ဘာအတွက် တောင်းပန်တာလဲ"
"ဟို…."
"ညီမလေးဝေ့နေရာမှာ ကိုကြီးဆိုလည်း ဒေါသထွက်မိမှာပဲလေ.. အခုက ဒေါသကို မထိန်းနိုင်ဖြစ်သွားလို့ ဖြစ်သွားတဲ့ဟာ . . ညီမလေးဝေ့ အပြစ်မဟုတ်ပါဘူး . . ပြီးတော့ အခုလည်း ဘာမှ ဖြစ်မသွားကြဘူးလေ'
"ကို...ကိုကြီးလည်း သိနေတာလား"
ဝေ့ဝေ့ အမေးကို ယဲ့ဖန် မျက်လုံးတစ်ဖက်သာ မှိတ်ပြပြီး ဘာမှ ပြန်မဖြေခဲ့။
"ကဲ… ဆုသာ အရင်သွားယူတော့!"
ဝေ့ဝေ့ရဲ့ပုခုံးနောက်ကနေ တွန်းကာ ဆုသွားယူဖို့ ယဲ့ဖန် တိုက်တွန်းလိုက်ချိန်မှာပဲ…
လူတချို့က ခုနက ရှုံးနိမ့်သွားတဲ့တစ်ယောက်ကို ဆေးကုသဖို့အတွက် သွားထူပေးလိုက်တဲ့အခါ ထိုလူလက်ထဲကနေ ဓားပျံနှစ်ချောင်းက ပျံထွက်သွားကာ ကျောပေးရပ်နေတဲ့ ယဲ့ဖန်ဆီ စိုက်သွားခဲ့သည် ။
ဒီမမျှော်လင့်ထားတဲ့အခြေအနေကြောင့် အားလုံး ကြောင်အသွားခဲ့သည် ။
'ကိုကြီး!!'
လဲကျသွားတဲ့ ယဲ့ဖန်ကို ဝေ့ဝေ့ ဖမ်းထားကာ ထိန်းပေးလိုက်တယ်!
shit!!! 'ဒါက ဘာအခြေအနေလဲဟ!!!!
ယဲ့ဖန် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိတယ်… နာကျင်မှုက တဖြည်းဖြည်းတိုးလာတာမို့ ယဲ့ဖန် စိတ်လျော့လိုက်ရတော့သည် ။
ငါတော့ ရှုံးပြီ…
'ကိုကြီး! . . '
'ယဲ့ဖန်!!!'
ဝေ့ဝေ့နဲ့စစ်ရုန်တို့ရဲ့စိုးရိမ်တကြီး ခေါ်သံကို ယဲ့ဖန် နောက်ဆုံး ကြားလိုက်ရခြင်းသာ…
…
…
Mission Fail
ဆိုတဲ့ စာလုံးသည် အဖြူရောင်တွေ လွှမ်းခြုံထားတဲ့နေရာမှာ ပြေးလွှားနေသည် ။
//လခွမ်း!! ငါကို လာလှောင်နေတာလား//
//ဂုဏ်ယူပါတယ်. ပထမဆုံးmission ကျရှုံးသွားပါပြီ//
စိတ်ပျက်စွာနဲ့ ဆံပင်ဖွမိပြီးမှ သတိထားမိလိုက်တာက… အစက မမြင်ခဲ့ရတဲ့ သူရဲ့ခြေတွေ လက်တွေကို မြင်နေရခြင်းပင်။
//အရေးပါတဲ့ဇာတ်ကောင် ဖြစ်ရမယ်ဆိုတဲ့ missionတော့ ပြီးမြောက်ခဲ့တာမို့ပါ . . နောက်ကျရင်တော့ ဒီလိုအခွင့်အရေးရမှာ မဟုတ်ဘူးနော် . . အခုက ပထမဆုံးမို့ ပေးတာ//
အဖြူရောင်နံရံထက်မှာ ပေါ်လာတဲ့ နဖူးထက် ဝဲကျနေတဲ့ ခပ်အုပ်အုပ်အနက်ရောင်ဆံပင်, ပြာလဲ့နေတဲ့မျက်ဝန်းတစ်စုံပိုင်ရှင်ရဲ့ပုံရိပ်ကို မြင်လိုက်ရတော့ . . . ပထမဆုံး တွေးမိတာက, .
//ဝိုး ငါတော်တော် ချောတာပဲ… ဒါဆို ငါက ကောင်ချောလေးတစ်ယောက်ပဲပေါ့လေ . . . Shit!!! ဟိုအကောင်သာ ထမဖောက်ရင် ငါ့ Mission ပြီးမြောက်သွားမှာကို…'
// ပြောခဲ့သားပဲ သတိထားပါလို့… ဒီလိုကမ္ဘာတွေမှာ ကိုယ်ဝင်စားရမဲ့ဇာတ်ကောင်ရဲ့သေဆုံးချိန်နီးရင် အန္တရာယ်တွေ ရှိလာနိုင်တာ အမှန်ပဲ… အဲဒါကို ဖြတ်သန်းနိုင်မှ… အသက်ရှည်ရှည်နေရမဲ့mission ပြီးမြောက်မှာ//
//ငါကလည်း ကိုယ့်ဘာသာ အဆုံးစီရင်ရမဲ့ပြဿနာ မရှိတော့ ဘေးကင်းပြီ ထင်တာပေါ့ကွာ… အသတ်ခံရမယ်လို့ တွေးတောင် မတွေးမိဘူး//
//နောက်ကျရင် သတိထားပေါ့ကွာ… ကျန်ခဲ့တဲ့ ကမ္ဘာမှာ ဘာတွေဆက်ဖြစ်လဲ သိချင်သေးလား//
//သိချင်တယ်… ဝေ့ဝေ့ သူအဆင်ပြေပါ့မလား//
•••••
အုတ်ဂူတစ်ခုရှေ့မှာ ဒူးထောက်ထိုင်နေတဲ့ ဝေ့ဝေ့ရဲ့လက်ထဲမှာ ပန်းချီကားလေးတစ်ချပ် ကိုင်ထားတယ်…
တန်းစီနေတဲ့ရဲမက်များစွာရဲ့ရှေ့မှာ သူတို့ကို အမိန့်ပေးနေတဲ့ မိန်းကလေးတစ်ယောက်ပုံ… ထိုမိန်းကလေးကလည်း စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားသည် ။
*အနာဂတ်မှာ ဖြစ်လာမဲ့ ညီမလေးဝေ့* ဆိုတဲ့ စာတန်းလေးက ပန်းချီကားရဲ့ညာဘက် အောက်နားလေးမှာ နေရာယူထားသည် ။
//အဲပန်းချီကားလေးကို တွေ့လိုက်ရတော့ ယဲ့ဝေ့ဝေ့က သူအစ်ကိုကြီး ဖြစ်စေချင်တဲ့ဆန္ဒလေးလို့ မှတ်ယူပြီး ယဲ့အိမ်တော်ရဲ့စစ်တပ်ကို ထိန်းချုပ်ပြီး စစ်သေနာပတိတစ်ယောက်ဖြစ်အောင် သူ ကြိုးစားနေတယ် //
//အရင်ဇာတ်ကြောင်းလိုတော့ မဖြစ်တော့ဘူး မှတ်လား//
//မဖြစ်ဘူး, စစ်သူကြီးအဖြစ်နဲ့ပဲ အသက်ရှည်ရှည်နေသွားမှာ!… //
သူ ဆက်ပြီး မြင်လိုက်ရတာက ဝေ့ဝေ့ ထွက်သွားပြီးနောက် သူရဲ့အုတ်ဂူဆီ ရောက်လာတာက စစ်ရုန်…
"ယဲ့ဖန် မင်းမေးခဲ့တဲ့မေးခွန်းအတွက် အဖြေရှိနေပြီ သိလား…"
"မင်းက ငါချစ်ရတဲ့သူလေ . . ဒါပေမဲ့ အဖြေကို တောင်းထားပြီးမှ နားတော့ နားမထောင်ဘဲ မင်းက ထွက်သွားနှင့်ပြီ"
"မင်း တော်တော်ဆိုးတဲ့ကောင်လေးပဲ… ဟားဟား"
ရယ်ကာ ပြောနေပေမဲ့ မျက်ရည်တွေ စီးကျနေတဲ့ စစ်ရုန်ရဲ့ပုံရိပ်က တဖြည်းဖြည်းဝေဝါးပြီး ပျောက်ကွယ်သွားတော့မှ သူ သက်ပြင်းချလိုက်မိသည်။
//ဒါတွေက ဖန်တီးထားတဲ့ကမ္ဘာတွေပဲ. .
အဲမှာ ဖြစ်ပျက်တာတွေကို မင်း စိတ်ထဲမှာ အလေးအနက်
မထားစရာ မလိုဘူး... ဒီမှတ်ဥာဏ်တွေက နောက်ကမ္ဘာတစ်ခု ကူးတာနဲ့ အလိုလို ပျောက်ကွယ်သွားမှာ /
// အင်း … ငါ သိပြီ… နောက်ထပ်Missionမှာ အပြစ်ဒဏ်ခံရမှာ မှတ်လား//
//ဟုတ်တယ်… အပြစ်ဒဏ်ခံရမဲ့ကမ္ဘာမို့ Missionမှာ ပိုပြီး ဂရုစိုက်ပါ//
//ကောင်းပြီ…ဒါဆို မသွားခင်လေးမှာ မင်းနာမည်ကို ငါ သိခွင့်ရှိမလား//
//အန်း(An)ပါ//
######
Arc.1တော့ ပြီးသွားပါပြီ . .