ရုပ်မမြင် အသံပဲကြားရတဲ့အသံပိုင်ရှင် ပြောသွားသလိုပဲ . . အခုထိ missionတွေ ဘာဆို ဘာမှ မပြီးသေးမှန်း သိပေမဲ့ . . သူဖြတ်သန်းနေရတဲ့ နေ့ရက်တွေကတော့ သာယာနေတာပဲ . .
ဒီရက်ပိုင်းအတွင်း သူလုပ်နေကျအလုပ်တွေက မြားပစ်လေ့ကျင့်ရေး ပြီးတာနဲ့ ဓားသိုင်းလေ့ကျင့်နေတဲ့ ဝေ့ဝေ့ကို လိုက်ရှုပ်တယ် . . အော်ထုတ်ခံရပေမဲ့ ဓားနဲ့လိုက်ခုတ်ခံရပေမဲ့ပေါ့ . . .
ပြီးတော့ သူဆီကို အချိန်အားတိုင်း ဗျပ်စောင်း လာလာတီးပြပြီး သူ့လက်စွမ်း ဘယ်လောက်ကောင်းကြောင်း လာကြွားနေတဲ့ ကျန်းယုံကလည်း ရှိသေးတယ် . .
ဗျပ်စောင်းပညာရှင်အဖြစ် နာမည်ကျော်ကြားလှတဲ့ ကျန်းယုံကို ဘုရင်မင်းမြတ် မွေးနေ့ပွဲအတွက် ဖိတ်ထားတာလေ . . ဒါပေမဲ့ မွေးနေ့ပွဲတောင် မရောက်သေးဘူး ကျန်းယုံ ဖျော်ဖြေပေးမှုကြောင့် သီချင်းများစွာတောင် နားထောင်ဖူးနေပြီ . . အဲဒါကြောင့် ငါက တော်တော်ကံထူးတာပဲလို့တောင် တွေးမိသေးတယ် ဟား …
ပြီးတော့ နောက်ထပ်တစ်ယောက် ရှိသေးတယ် . . ညနေစောင်းရင် ရောက်ရောက်လာကာ တောက်တဲ့လိုပဲ တွယ်ကပ်ပြီး ဘယ်သွားသွား လိုက်နေတဲ့တစ်ယောက်. .
ဒီအိမ်ရှေ့စံမင်းသားက တိုင်းပြည်အရေးနဲ့ ပတ်သက်ပြီး ဘာမှ လုပ်စရာမရှိဘူး ထင်တယ်နော် . . တကယ်ကို တစ်ရက်တောင် မပျက်ဘူး အိမ်တော်ကို အမြဲလာပြီး ညစာအထိပါ အတူတူစားသွားသေးတယ် . . ပြီးတော့ သူ(စစ်ရုန်) အိမ်မပြန်ခင် သူ(ယဲ့ဖန်)ရဲ့လက်ဖဝါးလေးတွေကို ဆေးလိမ်းပေးသွားတာကလည်း စစ်ရုန် လုပ်နေကျအရာပဲ . . .
ထူးဆန်းနေတာတော့ အမှန်ပဲ ..
ဒီအချိန်တွေက စစ်ရုန်နဲ့ကျန်းယုံတို့ရဲ့ကြားမှအချစ်သင်္ကေတတွေ ဖြစ်တည်နေသင့်တာလေ . . အခုတော့ သူတို့နှစ်ယောက်လုံးက ငါ့အနားပဲ ကပ်နေကြတယ် . .
Oh God!! ဒါကရော ဇာတ်ကြောင်းအပြောင်းအလဲကြောင့် ဖြစ်လာတဲ့အရာတွေပဲလား!!
°°
°°
// ဒီနေ့ကို ကောင်းကောင်း ကျော်ဖြတ်နိုင်ရင် missionရဲ့80%နှုန်း ပြီးသွားမှာ//
// ဘာကြောင့်လဲ //
ခါးစည်းကြိုးကို သေချာချည်နေရင်း ယဲ့ဖန် မေးခွန်းထုတ်လိုက်တော့ . .
// မူလယဲ့ဖန်ရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့နေ့လေ . .မေ့နေတာလား //
ဒီနေ့က စစ်တပ်ရဲ့တပ်ဖွဲ့ခွဲရဲ့ ခေါင်းဆောင်တွေကြားကပြိုင်ပွဲနေ့ပဲ … တပ်ဖွဲ့ခွဲတိုင်းရဲ့ ခေါင်းဆောင်တွေချည်းပဲ ပြိုင်ကြရမှာ . . တပ်ဖွဲ့ခွဲတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝေ့ဝေ့လည်း ပါဝင်မှာလေ . . ကျိန်းသေတာပေါ့ . . နောက်ဆုံး ဝေ့ဝေ့ကပဲ အောင်နိုင်သူ ဖြစ်မှာ . .
ဒါပေမဲ့ ဝေ့ဝေ့က သူရဲ့ကိုကြီးဆီကနေ ဂုဏ်ယူစွာ ပြောလာမဲ့ ချီးကျူးစကားကို ကြားခွင့်မရလိုက်ဘူး . . . တပ်ဖွဲ့ခွဲတွေကို ဦးစီးခွင့်ရတဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတံဆိပ်ငယ်ကို ကိုင်ရင်း အဲနေ့ မနက်ပိုင်းက စစ်ရုန်ရဲ့ခမည်းတော် ဘုရင်မင်းမြတ်နဲ့ သူတို့တွေ တွေ့ဆုံခဲ့တုန်း ယဲ့ဖန်ကနေ စေ့စပ်ပွဲ ဖျက်သိမ်းချင်ပါတယ်လို့ ပြောကြားပြီးတည်းက ပျောက်နေတာကြောင့် ဝေ့ဝေ့ လိုက်ရှာနေခဲ့ပေမဲ့ နောက်တစ်ရက်ကြာပြီးမှ ခြံဝန်းထဲကရေကန်ထက် ပေါ်လာသော
ယဲ့ဖန်ရဲ့အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကိုသာ ပြန်တွေ့ခဲ့ရတယ်လေ . . .
// အခုဆို ယဲ့ဖန်ဆီမှာက ကိုယ့်ကိုယ်ကို အဆုံးစီရင်စေမဲ့ အကြောင်းအရင်းမှ မရှိတော့တာ . . စိတ်ပူစရာတော့
မရှိပါဘူး//
// အင်း . .ဒါပေမဲ့ မူလဇာတ်ကောင်ရဲ့ သေဆုံးချိန် ဖြစ်နေတာမို့ ဂရုတော့ စိုက်ကွာ//
// OK . . ဒီနေ့အတွင်း mission 80% ပြီးစေရမယ် 80%ဆိုတော့ ဒီကမ္ဘာအတွက် ဇာတ်ကြောင်းမှာ ငါအောင်မြင်ပြီလို့ ပြောလို့ရလား//
// ပြောလို့ရတယ်//
ယဲ့ဖန် စိတ်လှုပ်ရှားမှုကြောင့် လက်သီးတင်းတင်း ဆုပ်ကာ
* ငါ ဒီနေ့တစ်နေ့တာကို အောင်မြင်စွာ ဖြတ်သန်းရမယ် *
°°
°°
"ဝေ့အာ…သမီး ဒီနေ့ အစွမ်းကုန် ကြိုးစားရမယ်ဆိုတာ သိတယ်နော်"
'ဟုတ်… သမီး နားလည်ပါတယ်'
"အဖေကလည်း စိတ်ပူမနေပါနဲ့ဗျာ. . အဲဒီတံဆိပ်က ညီမလေးဝေ့အတွက်ပဲဆိုတာ ကျွန်တော် ပြောရဲတယ်"
ရင်ဘတ်ကို ပုတ်ပြကာ ပြောလာတဲ့ ယဲ့ဖန်ကို စစ်သူကြီးယဲ့ ကြည့်ပြီး သက်ပြင်းချလိုက်မိသည် ။
ဒီကောင်လေး တော်တော်ကို ပုံစံပြောင်းသွားတာပဲ . . အရင်က ရေခဲတုံးလိုပုံစံ ဘာပျောက်သွားမှန်းတောင် မသိဘူး……
"ဖန်အာ… ဒီနေ့က မင်းကြီးလည်း လာရောက်လည်ပတ်မှာဆိုတော့ . . အမှားမလုပ်မိစေနဲ့"
"အော်ဟော်! ပြောတာကိုက မသိရင်ပဲ ကျွန်တော်က ပြဿနာလိုက်ရှာနေတဲ့သူကျနေတာပဲ"
"ပြဿနာ မရှာမှန်း သိပါတယ်ကွာ . . ငြိမ်ငြိမ်နေဖို့ မှာနေတာ . . မင်းကြီးရှေ့မှာ မင်းသားလေးကိုလည်း လေးလေးစားစား ဆက်ဆံပေးဦး"
စစ်သူကြီးယဲ့ ပြောလာတဲ့စကားကြောင့်
ယဲ့ဖန် ဇက်ပုသွား၏။
ဟုတ်တယ်လေ . . စစ်ရုန်နဲ့က အရင်ကထက် ပိုပြီးရင်းနှီးလာတာမို့ စကားပြောရင်လည်း မင်းသားလို့တောင် မခေါ်မိတော့ဘူး . . တစ်ခါတစ်လေ ပုခုံးတွေကိုတောင် ရိုက်ပုတ်ပြီး စနေမိသေးတယ်လေ…
°°
°°
ပြိုင်ပွဲ မစတင်ခင်အချိန်မှာ မိသားစုနှစ်စု တွေ့ဆုံကာ လက်ဖက်ရည် သောက်နေကြပေမဲ့ အဓိက စကားပြောနေကြသူတွေကတော့ မင်းကြီးနဲ့ သူတို့ရဲ့အဖေ စစ်သူကြီးယဲ့တို့ နှစ်ယောက်သာ …
"ကိုကြီး"
ယဲ့ဖန် ပျင်းပျင်းနဲ့ လက်ဖက်ရည်ခွက်ကို လှည့်ကာ ဆော့နေတုန်း… ဝေ့ဝေ့ရဲ့ ခပ်တိုးတိုးခေါ်သံကြောင့် ဘေးကို လှည့်ကြည့်လိုက်၏။
"ကိုကြီး မနက်က ဆုတံဆိပ်က ညီမလေးအတွက်ပဲလို့ အဖေကို ပြောခဲ့တယ်လေ"
"အင်း…ပြောခဲ့တယ်"
"အဲလောက်တောင် ညီမလေးအပေါ်ကို ယုံကြည်မှု ရှိတယ်ပေါ့လေ"
မင်းက ပြိုင်ဘက်ကင်းစစ်သေနာပတိတောင် ဖြစ်လာဦးမဲ့ဟာ…
"ထင်တာပေါ့ . . မင်းက ငါဆိုတဲ့ယဲ့ဖန်ရဲ့ညီမပဲဟာ"
"ငါ့ကိုကြီးက ဒီလိုလည်း ပြောတတ်တာပဲလား.. ကိုယ်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုးလေး ဖြစ်နေပြီပဲ"
ယဲ့ဖန်တို့မောင်နှမနှစ်ယောက် ရယ်မောကာ စကားပြေုနေတာကို စစ်ရုန် ကြည့်ကာ ပြုံးလိုက်မိ၏။
"သားတော်က ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ"
စစ်ရုန် ပြုံးလိုက်တာကို မြင်လိုက်တဲ့ မင်းကြီးက လှမ်းမေးလိုက်တော့…
"ဘာမှ မဟုတ်ပါဘူး… ခမည်းတော်တို့ စကားပြောလို့ ပြီးမဲ့အချိန်ကို စောင့်နေတာ"
"သားတော်ဆီမှာ ပြောစရာရှိနေတာလား"
"ခမည်းတော်ကနေ တောင်းဆိုချင်တာဆို ပိုမှန်မယ်ထင်ပါတယ်"
"ဟုတ်ပါပြီ … သားတော်က ဘယ်လိုအရာကို တောင်းဆိုချင်တာလဲ"
"မကြာခင် ကျင်းပတော့မဲ့ ခမည်းတော်ရဲ့မွေးနေ့ပွဲနေ့ကျရင် ကျွန်တော်တို့ တော်ဝင်မိသားစုနဲ့
စစ်သူကြီးအိမ်တော်တို့ မင်္ဂလာလမ်းကြောင်းစီစဉ်ပြီးပြီဆိုတဲ့ကိစ္စကို တိုင်းပြည်တစ်ခုလုံး သိအောင် တရားဝင်အမိန့်တော် ထုတ်ပြန်စေချင်တာပါ"
"ဟားဟား… ငါ့သားတော်ကတော့ တော်တော်လေးကို စိတ်အားထက်သန်နေတာပဲ . . "
စစ်ရုန် လျှောက်တင်လာတဲ့စကားကြောင့် လူကြီးတွေက ရယ်မောနေကြပေမဲ့ ယဲ့ဖန်ကတော့ ကြောင်တောင်တောင် ဖြစ်သွား၏။
ဟမ်! မဟုတ်သေးဘူးလေ!! ဒီမှာ ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလေ . . စေ့စပ်ကြောင်းလမ်းထားတာတောင် ဖျက်ရမဲ့ကိစ္စကို . . ဘယ်လိုလုပ် တန်းပြီး လက်ထပ်မဲ့ကိစ္စအထိ ရောက်သွားရတာလဲ!!!
တစ်ယောက်လောက် ငါကို ရှင်းပြကြပါအုန်း
ငါလည်း ဘာမှ မလုပ်မိဘူးလေ...
####
####