You who I love : 10
Viewers 2k



"အနားကို တိုးမလာနဲ့!!!"


ဝေ့ဝေ့ရဲ့အသံကြောင့် ယဲ့ဖန်နဲ့စစ်ရုန်တို့ ခြေလှမ်းတွေ ရပ်တန့်သွား၏။ 


"ညီမလေးဝေ့ တစ်ခုခုဖြစ်လို့လား"


"ဟင့်အင်း.. ဘာမှ မဖြစ်ဘူးကိုကြီး"


သူတို့ အနားကို ရောက်လာပြီးဖြစ်တဲ့ ဝေ့ဝေ့က ယဲ့ဖန်ရဲ့လက်မောင်းကို ဆုပ်ကိုင်ကာ ရေကန်နဲ့ ဝေးရာဆီ အတင်းဆွဲခေါ်နေ၏။ 


"ကိုကြီး.. ညီမလေးတို့ ဒီကနေ သွားရအောင်လေနော်"


တစ်ခုခုကို စိုးထိတ်နေဟန် ရှိနေတဲ့ ဝေ့ဝေ့ပုံစံကြောင့် ယဲ့ဖန်လည်း... ဘာမှ ထပ်မပြောတော့ဘဲ လိုက်သွားလိုက်သည်။ စစ်ရုန်ကလည်း သူတို့မောင်နှမ နောက်ကနေ တိတ်ဆိတ်စွာ လိုက်လာ၏။ 


ဝေ့ဝေ့ရဲ့အိပ်ဆောင်ရှေ့ရောက်တော့.. 


"ညီမလေးဝေ့ သေချာ အနားယူလိုက်အုန်း"


သူတို့ကို နှုတ်ဆက်ပြီး အထဲဝင်ဖို့ ပြင်နေတဲ့ဝေ့ဝေ့က အနောက်ပြန်လှည့်လာကာ 


"ကိုကြီး ညီမလေးကို တစ်ခုလောက် ကတိပေးပါလား"


"ငါ့ညီမလေးက ကိုကြီးဆီကနေ ဘာကတိများ လိုချင်နေတာလဲ ပြော"


"အဲဒီရေကန်နားကို ဘယ်တော့မှ တစ်ယောက်တည်း မသွားပါဘူးဆိုတဲ့ ကတိ.... ဒါပေမဲ့ အဲဟာနဲ့ ပတ်သက်ပြီး ဘာမှ တော့ ထပ် မမေးပါနဲ့နော်" 


ဘာကြောင့်လဲ ဆိုပြီး မေးချင်နေပေမဲ့ ပြောလာတဲ့ဝေ့ဝေ့ရဲ့စကားကြောင့် ယဲ့ဖန် မမေးဖြစ်တော့ဘဲ.. 


"ကောင်းပြီ... ကတိပေးတယ်.. ညိမလေးဝေ့ မသိဘဲ ရေကန်နားကို မသွားတော့ဘူး.. ဟုတ်ပြီလား"


ယဲ့ဖန်ဆီက ကတိစကားကို ကြားလိုက် တော့မှ ဝေ့ဝေ့ဆီမှာ စိတ်သက်သာသွားဟန် အပြုံးလေးတစ်ခု ဖြစ်တည်လာကာ အဆောင်ထဲ ဝင်သွားခဲ့သည်။ 


......


......


"ပြန်သင့်ပြီ"


ခြံရှေ့ထိ လိုက်ပို့ပြီးတာတောင် လက်ကို မလွှတ်သေးဘဲ စစ်ရုန် ရပ်နေတာကြောင့် ပြောလိုက်တော့.. 


"မင်းရဲ့ ဒီအမာရွတ်တွေ ပျောက်တဲ့အထိ နေ့တိုင်း ဆေးလာလိမ်းပေးမယ်.."


သူ(ယဲ့ဖန်)ရဲ့လက်ဖဝါးပြင်ကို သူ့(စစ်ရုန်)လက်မက ခပ်ဖွဖွပွတ်ကာ ပြောလာတာကြောင့် ယဲ့ဖန် ရုန်းလိုက်၏။ 


"နေ့တိုင်း လေ့ကျင့်နေမှာမို့ ပျောက်မှာ မဟုတ်တဲ့အတွက် မင်းသား အပင်ပန်းခံစရာ မလိုပါဘူး" 


ရှည်လျားတဲ့ဝတ်ရုံလက်စထဲ လက်တွေကို ဖွက်ကာ ပြောလိုက်၏။ 


"အဲလိုဆိုလည်း ကိုယ်က နေ့တိုင်း လာလိမ်းပေးနေမှာပဲ" 


"ဆေးသာ ပေးခဲ့လေ.. ကျွန်တော်ဘာသာပဲ လိမ်းလိုက်ပါ့မယ်" 


"အဟမ်း.. မင်းတို့ရေကန်မှာ တစ်ခုခု ထူးခြားနေလို့လား" 


သိသိသာသာကို စကားလမ်းကြောင်းပြောင်းလိုက်တဲ့စစ်ရုန်ကြောင့် ယဲ့ဖန် ပြုံးလိုက်မိပေမဲ့ သူ့အလိုကျ ပြန်ဖြေပေးလိုက်သည်။  


"ရေရယ်.. ကြာပန်းတွေရယ်ကလွဲပြီး ဘာမှမရှိပါဘူး' 


'အဲဒါကို မင်းညီမက ဘာလို့...'"


"မသိပါဘူး.. သူ ဘာတွေစိုးရိမ်နေတာလဲဆိုတာ"


"မင်း အရင်က အဲရေကန်ထဲ ပြုတ်ကျဖူးလို့လား. ခုနက သူရဲ့တုံ့ပြန်တဲ့ပုံအရဆို အဲလို ထပ်ဖြစ်မှာစိုးလို့ မင်းကို မသွားခိုင်းတဲ့ပုံပဲ' 


ရေကန်ထဲ ပြုတ်ကျဖူးလား ဆိုတဲ့ အမေးကြောင့် ယဲ့ဖန် သူ မေ့နေခဲ့တဲ့အရာကို သတိရသွားကာ ခေါင်းကျိန်းသွားခဲ့သည်။


အရင်ယဲ့ဖန်က အဲဒီရေကန်မှာ သတ်သေခဲ့တာလေ.. အခု ဝေ့ဝေ့က ငါကို ရေကန်နား မသွားခိုင်းဘူးဆိုတော့ .. သူက တစ်ခုခုကို သိနေခဲ့တာလား.... 


"ဖန်အာ ဘာဖြစ်လို့လဲ.. ချွေးတွေ အရမ်းထွက်နေသလိုပဲ''


ယဲ့ဖန် စိတ်ထဲ လန့်သွားတာကြောင့် ဇောချွေးတွေ ထွက်လာတာကို စစ်ရုန်က တစ်ခုခုဖြစ်တယ်ထင်ပြီး စိုးရိမ်သွား၏။ 


"ဘာမှ မဖြစ်ပါဘူး.. ရုတ်တရက် ပူလာလို့ပါ.. မင်းသားလည်း ဂရုစိုက်ပြီး ပြန်ပါ"


စစ်ရုန်ကို နှုတ်ဆက်ပြီးတာနဲ့ သူရဲ့အဆောင်ဆီ အမြန်ပြန်လာလိုက်သည်။ 


.....


.....


// အခု ဘာတွေ ဖြစ်နေတာလဲ.. ဝေ့ဝေ့က ဘာတွေ သိနေတာလဲ// 


အဆောင်ထဲ ပြန်ရောက်တာနဲ့ ယဲ့ဖန် မေးလိုက်တော့.. 


//အိုး.. နောက်ဆုံးတော့ သတိထားမိသွားပြီလား//


//ဝေ့ဝေ့မှာက မှတ်ဉာဏ်တွေ ရှိနေတာလား// 


//သူက rebirthလေ.. မူလယဲ့ဖန်ရဲ့သေဆုံးမှုကို တားဆီးချင်ခဲ့တဲ့ သူရဲ့စိတ်ဆန္ဒက ပြင်းထန်လွန်းလို့ အခွင့်အရေး ရခဲ့တာ.. // 


//ဘာလို့ အရင်တည်းက မပြောပြခဲ့တာလဲ.. //


//မင်းဘာသာ သတိမထားမိခင်အထိ ငါတို့က ပြောပြခွင့် မရှိဘူးလေ.. // 


//သူက ပြန်မွေးဖွားလာတာဆိုတော့.. အရင်ယဲ့ဖန်နဲ့ ကွဲနေတဲ့ င့ါပုံစံကို သူ သတိထားမိသွားလောက်ပြီ.. ငါက သူ့အစ်ကို မဟုတ်မှန်း ရိပ်မိသွားရင် ငါ အသတ်ခံရမှာလား// 


//ဟားဟား.. မင်းက တကယ် ကြံဖန်ပြီး တွေးပူနေတာပဲ..//


// စိတ်မပူဘဲ နေမလား!!! မထင်ထားတဲ့ ဇာတ်ကွက်ကြီးက ရောက်လာတဲ့ဟာကို..// 


//သေချာ တွေးကြည့်ပါဦးကွာ... အခု ဇာတ်ကြောင်းထဲမှာ အရင်ဇာတ်ကောင်ပုံစံနဲ့ ကွဲနေတာက မင်းတစ်ယောက်တည်း ရှိတာလား// 


အဆိုပြုလာတဲ့ မေးခွန်းကြောင့် ယဲ့ဖန် သေချာဆန်းစစ်ကြည့်လိုက်တော့  . . 


//ဟုတ်တယ်.. စစ်ရုန်နဲ့ကျန်းယုံဇာတ်ကောင်တွေကလည်း အရင်နဲ့ မတူတော့ဘူး . . ပြီးတော့ စေ့စပ်တာ ဖျက်သိမ်းဖို့အကြောင်း စစ်ရုန်ဆီက စပြီး အရိပ်အမြွက်တွေ ပြောလာသင့်တဲ့အချိန် ရောက်နေပေမဲ့ ဘာမှလည်း ဖြစ်မလာသေးဘူး// 


//အင်း  . . ဇာတ်ကြောင်းက ပြောင်းလဲကုန်ပြီလေ . . အဲဒါကြောင့် ယဲ့ဝေ့ဝေ့က  သူ ပြန်လာလို့ ပြောင်းကုန်တယ်ပဲ ထင်နေတာ . .// 


//ဟူးး . . အဲလိုဆို တော်သေးတာပေါ့// 


//missionတွေ မပြီးရင် ရှုံးနိမ့်မယ်ဆိုတာ သိတယ်နော် . . 

မင်းအခု ပြီးမြောက်ရမဲ့ mission barက 

တစ်ဝက်တောင် မပြည့်သေးဘူး// 


// မသိတော့ဘူးဟာ!! ငါလည်း ဘာမှ မလုပ်တာ မဟုတ်ဘူး . . ဘာလုပ်ရမှန်းကို မသိဘူး ဖြစ်နေတာ// 


//ဒါကတော့ မင်းအပိုင်းပဲလေ . . mission ရှုံးနိမ့်ရင် အပြစ်ဒဏ်ခံရမယ်ဆိုတာလေးပဲ ခေါင်းထဲ ထည့်ထားလိုက်တော့// 


//ဘာ!!! အရင် ပြောတုန်းက အပြစ်ဒဏ်တွေ ဘာတွေ မပါဘူးလေ . . . ဟေ့!!!! ငါပြောတာ ကြားလား!! //


ဘယ်လောက် အော်အော်!! တုံပြန်သံ မကြားရတော့တဲ့နောက် ယဲ့ဖန် လက်လျော့ကာ  . . 


တော်ပြီကွာ!! အိပ်တာပဲ ကောင်းတယ်… 


####