ယဲ့ဖန်တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် တွေးပြီး ကျေနပ်နေချိန်မှာပဲ ရုတ်တရက် သူနဲ့ကျန်းယုံဆီကို အကြည့်စူးစူးတစ်ခု ကြည့်နေသလိုလို့ ခံစားနေရတာကြောင့် ဘေးဘီကို လှည့်ကြည့်လိုက်တော့ ...
Oh!!! စစ်ရုန်ကြီးဟ!!
အလန့်တကြားနဲ့ ယဲ့ဖန် ထရပ်ဖို့ လုပ်လိုက်ချိန် ကျန်းယုံက လက်မောင်းကို လှမ်းကိုင်ကာ တားလိုက်၏ ။
အဲအချိန်မှာပဲ သူတို့အနားကိုရောက်လာတဲ့စစ်ရုန်က သူလက်မောင်းကို ကိုင်ထားတဲ့ ကျန်းယုံကို စိုက်ကြည့်နေတာကြောင့် ယဲ့ဖန် ဇောချွေးတွေ ပြန်လာခဲ့သည်။
*စစ်ရုန်ကို ကြည့်ရတာ ဒေါသ အရမ်းထွက်နေသလိုပဲနော်*
"အိမ်ရှေ့စံမင်းသားလေး"
ကျန်းယုံက ထရပ်ပြီး နှုတ်ခွန်းဆက်သလိုက်ပေမဲ့ တစ်ချိန်တည်းမှာပဲ ယဲ့ဖန် လက်မောင်းကို သူအနားသို့ ပိုနီးကပ်အောင်ပါ ဆွဲယူလိုက်၏။
*ဆရာကျန်းရေ ဒါကြီးက ငါကို ဒုက္ခရောက်အောင် တမင်လုပ်နေသလိုပဲနော်*
မီးပွင့် မီးတောက်တွေ ထွက်မတတ် ဖြစ်လာတဲ့ စစ်ရုန်ရဲ့မျက်ဝန်းတွေကို မြင်လိုက်ရချိန်မှာတော့ ထိုနေရာကနေ ပျောက်ကွယ်သွားချင်စိတ်တွေ တဖွားဖွားပေါ်လာတော့သည်..
ကျန်းယုံလက်ကနေ လွတ်အောင် ယဲ့ဖန် ရုန်းကြည့်ပေမဲ့ ကျန်းယုံက လွှတ်မပေးတဲ့အပြင် ဘာလို့ရုန်းနေရတာလဲဆိုတဲ့ အကြည့်နဲ့အတူ ဆိုးနေတဲ့ကလေးကို ချော့သည့်ဟန် အပြုံးတစ်ပွင့်ပါ ပေးလာတော့ ယဲ့ဖန် စိတ်ဆင်းရဲသွားပြန်၏။
*ငါနော်... စိတ်တွေလည်း တကယ်ညစ်လာပြီ*
"ယဲ့ဖန်.."
စစ်ရုန်ရဲ့ခေါ်သံကြောင့် ယဲ့ဖန် လန့်သွားကာ စစ်ရုန်ကို မော့ကြည့်လိုက်သည်။
"ကျန်းယုံနဲ့ စကားပြောချင်လို့ ခဏလောက် ခွင့်ပြုပေးနိုင်မလား"
ဒါဟာ ခွင့်တောင်းလာတဲ့စကားဖြစ်ပေမဲ့ သူကို ဒီကနေ ထွက်ခွာဖို့ ပြောနေမှန်း ယဲ့ဖန် နားလည်လိုက်တာကြောင့်
"ရ..ရတာပေါ့ဗျာ.."
ယဲ့ဖန်တစ်ယောက် ထိုနေရာကနေ မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ထွက်သွားလိုက်သည်။
အကွယ်တစ်နေရာ ရောက်တော့မှ နောက်ကို ပြန်လှည့်ကြည့်လိုက်ချိန် ကျောက်ရုပ်တွေအလား ရပ်နေကြပြီး တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေတဲ့ စစ်ရုန်နဲ့ ကျန်းယုံတို့ကို တွေ့လိုက်ရသည်။
*ဒီခံစားချက်ကြီးက သူတို့ အချစ်စမ်းနေတဲ့ကြားထဲ ညပ်ပါသွားသလိုပဲ... နောက်ဆို သူတို့နှစ်ယောက် အတူရှိနေမဲ့အချိန်နဲ့ မဆုံဖြစ်အောင် နေရမယ်*
// နှစ်ယောက်လုံးနဲ့ မဆုံဖြစ်အောင် မရှောင်တော့ဘူးလား//
// ငါ့ကံက အဲလောက် ကောင်းမနေဘူးဆိုတာ လက်ခံလိုက်ပြီ.. အဲလို ရှောင်မယ်လို့ စိတ်ကူးလိုက်တိုင်း နှစ်ယောက်စလုံး ရောက်ချလာတာ နှစ်ခါ တောင် ရှိနေပြီကွ//
// ဟားဟား!!!! //
တစ်ခါတစ်လေမှ ပေါ်ပေါ်လာတဲ့အသံပိုင်ရှင်ရဲ့တဟားဟား အော်ရီနေတဲ့ရီသံကို ယဲ့ဖန် လျစ်လျူရှုလိုက်သည်။
*ကျပ်မပြည့်တဲ့သူတွေကို အဖက်ပြန်မလုပ်ဘူး*
'"တော်ပြီ.. အခု ငါကတော့ ဗိုက်ဆာနေပြီဆိုတော့ကား… တစ်ခုခု သွားစားဦးမယ်ကွာ, .
အဲချစ်သူနှစ်ယောက်လည်း သူတို့ကြားကိစ္စ
သူတို့ဘာသာ ဖြေရှင်းကြပေတော့"
°°
°°
တစ်ဖက်က စစ်ရုန်နဲ့ကျန်းယုံတို့မှာတော့..
"ခမည်းတော်ရဲ့မွေးနေ့ပွဲ ပြီးတာနဲ့ မင်းက ဒီတိုင်းပြည်ကနေ ထွက်သွားရမဲ့သူပဲ . . မင်း ယဲ့ဖန်ကို စိတ်ဒဏ်ရာရအောင် မလုပ်သင့်ဘူး ထင်တယ်"
စစ်ရုန်ရှေ့ကို ကျန်းယုံ တစ်လှမ်းတိုးလိုက်ပြီးနောက်…
"ကျွန်တော်နဲ့ယဲ့ဖန်က ငယ်ငယ်တည်းက
သိခဲ့တာပဲလေ . . အခုလည်း သူငယ်ချင်း အချင်းချင်း စကားပြောလေး တာပဲကို ထူးဆန်းနေလို့လား"
"သူအနားမှာ အမြဲ မရှိနိုင်ဘူးဆိုရင် ဒီထက် ပိုပြီး ရှေ့မတိုးသင့်ဘူး . ."
"ဒါက ကိစ္စမရှိပါဘူး . . သူသာ လိုက်ချင်ရင် ကျွန်တော်နဲ့အတူ ခေါ်သွားလို့ရပါတယ် . . "
ထိုစကားကို ကြားတာနဲ့ ကျန်းယုံရဲ့လည်ပင်းနားက ဝတ်ရုံစကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ . .
"သူက လိုက်ချင်တယ်ဆိုရင်တောင် ငါကိုယ်တော်က ခွင့်ပြုမယ်များ ထင်နေလား . . သူက ငါ့ကြင်ယာတော်ပဲ!"
ပြောလိုက်တော့ ကျန်းယုံက စစ်ရုန်လက်ကို ဖြုတ်ချကာ
"မင်းသား မသိသေးတာ ရှိသေးတယ် . . ဖန်အာ မလိုက်ခဲ့ရင်လည်း ကျွန်တော်က
ဒီတိုင်းပြည်ကနေ မပြန်တော့ဖို့ ဆုံးဖြတ်ထားပြီးသားပါ"
ထိုစကားဆိုပြီးတာနဲ့ သူတို့နှစ်ယောက်ကြားမှ တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားခဲ့သည်။
အချိန်တစ်ခု ကြာပြီးမှ စစ်ရုန်ကနေ
"နောက်ဆုံးယဲ့ဖန်က ရွေးချယ်မဲ့သူက ဘယ်သူဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့"
ပြောပြီး အရင်ဆုံး လှည့်ထွက်သွားခဲ့သည်။
°°
°°
စားပြီးသောက်ပြီးတဲ့နောက်မှာတော့ . . လေ့ကျင့်ကွင်းဆီ ပြန်သွားဖို့ စိတ်ကူးမရှိတော့ဘဲ ခြံဝန်းထဲမှာသာ ယဲ့ဖန် လျှောက်ပတ်နေတော့သည် ။
'Ah!!!!'
ပန်းချုံတစ်ခုရဲ့အကွေ့မှာ ရပ်နေတဲ့စစ်ရုန်ကို ရုတ်တရက် တွေ့လိုက်ရတော့ ယဲ့ဖန် လန့်သွား၏။
'ဘာလို့ ဒီနေရာမှာ ရပ်နေရတာလဲဟ'
လန့်သွားတာကြောင့် ရှက်ရှက်နဲ့ စစ်ရုန်ကို အော်ဟစ်လိုက်မိ၏။
"အိုး! လန့်သွားစေဖို့ တကယ် မရည်ရွယ်ပါဘူးကွာ"
ပြုံးစစနဲ့ ပြောလာတဲ့စစ်ရုန်စကားကြောင့် . . ယဲ့ဖန် မကျေမနပ်နဲ့ စိုက်ကြည့်နေလိုက်ပြီးမှ . .
"ကျန်းယုံနဲ့ စကားပြောပြီးပြီ မှတ်လား .
မပြန်သေးဘဲ ဒီမှာ ဘာလုပ်နေတာလဲ"
"ကျန်းယုံနဲ့က ဒီအတိုင်း လမ်းကြုံလို့ စကားပြောဖြစ်ရုံပါ.. ငါကိုယ်တော် ဒီကို လာရတဲ့အကြောင်းအရင်းမှန်က မင်းကို ဆေးလာလိမ်းပေးတာ"
"ဟမ်! ဘာဆေး…??"
ယဲ့ဖန် စကားတောင် ဆုံးအောင် မပြောလိုက်ရ… သူရဲ့လက်နှစ်ဖက်လုံးကို ဆွဲယူလိုက်တဲ့ စစ်ရုန်ကိုသာ အပြူးသား ကြည့်နေမိ၏ ။
မြားပစ်လေ့ကျင့်ထားတာကြောင့် ပြတ်ရှရာတွေ ဖြစ်နေတဲ့ယဲ့ဖန်ရဲ့လက်ဖဝါးနှစ်ခုလုံးကို
စစ်ရုန် ဆေးလိမ်းပေးနေရင်း . .
"မင်းကိုတော့ တကယ်နားမလည်တော့ဘူး . . ဘာလို့ အခုမှ မြားပစ်ချင်သွားရတာလဲ"
မေးလိုက်တော့ . . ယဲ့ဖန်က ပုခုံးတစ်ချက်တွန့်ပြီး . .
"လူ့စိတ်ဆိုတာ အမျိုးမျိုးပြောင်းလဲနိုင်တယ်လေ . . "
"အဲဒါကြောင့် မင်းအခုလို ပြောင်းလဲနေတာလား"
"ဟမ်? ဘာကို ပြောချင်တာလဲ"
မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ မေးလာတဲ့ ယဲ့ဖန်ကိုကြည့်ကာဘဦးနှောက်ထဲ တိုးဝင်လာတဲ့ အတွေးတစ်ခုကို မျိုသိပ်ကာ စစ်ရုန် ခေါင်းပဲ ယမ်းပြလိုက်သည် ။
*အရင်က ငါကို သဘောကျတဲ့မင်းရဲ့စိတ်တွေ ပြောင်းလဲသွားလို့များ စေ့စပ်ထားတာကို ဖျက်သိမ်းချင်နေတာများလား…*
°°
°°
ဆေးလိမ်းပြီးသွားတော့ စစ်ရုန်နဲ့ယဲ့ဖန်တို့ ဘာစကားမှ ဆက်မဆိုဖြစ်ပေမဲ့ နှစ်ယောက်သား ဘေးချင်းယှဉ်လျှောက်ရင်း အိမ်အနောက်ဘက်မှ ရှိတဲ့ ရေကန်ဆီ ရောက်လာခဲ့သည် ။
"ဟိုမှာ ဝေ့ဝေ့ပဲ"
ရေကန်စပ်မှာ ရပ်နေတဲ့ ဝေ့ဝေ့ကို ယဲ့ဖန် မြင်တော့ . .
"ညီမလေးဝေ့!!!"
လှမ်းခေါ်လိုက်ချိန် သူတို့ကို လှည့်ကြည့်လာတဲ့ ဝေ့ဝေ့ရဲ့မျက်နှာမှာ ဝမ်းနည်းနေတဲ့အရိပ်တွေ ထင်ဟပ်နေတာကြောင့် . .
*ဘာများဖြစ်နေတာလဲ*လို့ ယဲ့ဖန် စိုးရိမ်ပြီး ဝေ့ဝေ့ဆီ သွားမလို့ လုပ်တုန်း . .
"မလာနဲ့!! ရေကန်နားကို ကိုကြီး မလာခဲ့နဲ့!!"
အော်ပြောလာတဲ့ ဝေ့ဝေ့ကြောင့်
သူရော စစ်ရုန်ပါ တစ်လှမ်းမှ မရွေ့ဖြစ်တော့ဘဲ ရပ်တန့်နေမိ၏။
####
####