လေးဆယ့်ရှစ်!
လေးဆယ့်ကိုး!
ငါးဆယ်!
"အမလေး!! သေပါပြီ . . ညီမလေးဝေ့ ငါ ဒါကြီးကို ဘယ်နှစ်ခါလောက် ဆက်လုပ်နေရမှာလဲဟင်"
ယဲ့ဖန် သူနဲ့ ခပ်လှမ်းလှမ်းမှာ ဓားရေးလေ့ကျင့်နေတဲ့ ဝေ့ဝေ့ကို လှမ်းမေးလိုက်တော့…
"အခေါက်တစ်ရာပြည့်ပြီးရင် နောက်တစ်ခါ အစက ပြန်စရမယ်"
'ဟမ်?? ငါကို မသင်ပေးချင်လို့ တမင်လုပ်နေတာများလား'
"ဒါက မြားပစ်သင်တန်းအတွက် အခြေခံလေ့ကျင့်ခန်းပဲ ရှိသေးတာ. .ဒါကို ကိုကြီး မလုပ်နိုင်ဘူးဆို ဆက်သင်လို့ မရဘူးနော်"
ဝေ့ဝေ့ရဲ့ စကားကြောင့် ယဲ့ဖန် သူရဲ့ မခံချင်စိတ် ဖြစ်ပေါ်လာကာ
"ငါ မလုပ်နိုင်ဘူး ပြောမိလို့လား! အိုးဟိုး!! လူကို အထင်သေးနေတာပဲ!"
"ဒါဆိုလည်း ဆက်လေ့ကျင့်နေလိုက်အုန်းနော် ညီမလေး သွားနားလိုက်အုန်းမယ်"
ပြောပြီးတာနဲ့ လေ့ကျင့်ကွင်းထဲက ထွက်သွားတဲ့ ဝေ့ဝေ့ကို ကြည့်ပြီး ယဲ့ဖန် သက်ပြင်းချလိုက်မိ၏။
အရှေ့က သူ့အရပ်ထက် သုံးပေလောက် မြင့်တဲ့ သစ်သားတန်းတစ်ခုဆီ အကြည့်ရောက်သွားခဲ့သည် ။
"အင်း… ဆက်လေ့ကျင့်ရုံပေါ့ကွာ"
ထိုတန်းပေါ် ပြန်ပြီး တွဲလောင်းခိုကာ စတင် ရေတွက်လိုက်သည် ။
ငါးဆယ့်တစ်!
ငါးဆယ့်နှစ်!
•
•
•
တစ်ရာပြည့်သွားချိန်မှာတော့ ယဲ့ဖန်တစ်ယောက် မြေပြင်မှာ ပုံရက်သားလေးဖြစ်နေပြီ ။
တစ်ချိန်လုံး တွဲလောင်းခိုကာ လေ့ကျင့်ထားမှုကြောင့် လက်မောင်းတစ်စုံကလည်း တော်တော်နာကျင်နေပြီ ဖြစ်သည်။
"နောင်ကို စစ်သူကြီး ဖြစ်လာမဲ့သူဆိုတဲ့အတိုင်းပဲ တော်တော် အသည်းမာတဲ့ဟာလေး . . အစ်ကိုကိုတောင် နည်းနည်းလေးဖြစ်ဖြစ် အလျော့မပေးဘူး!!"
"အား!!!! ငါ့လက်မောင်းတွေ လှုပ်လို့ရော ရသေးရဲ့လား မသိဘူး"
ယဲ့ဖန်ဆီကနေ အသံတစ်စာစာ ထွက်နေမှုက သူရှေ့ဆီ အမြင့်တစ်နေရာကနေ အရိပ်မည်းတစ်ခု ခုန်ဆင်းလာချိန်မှာ ရပ်တန့်သွားသည်။
"ကျန်းယုံ?"
နေပါအုန်း… ဒီလူ ဘာလို့အပေါ်ကနေ ခုန်ချလာရတာလဲ?
'ဘယ်လိုလုပ်ပြီး အပေါ်ကနေ ??'
'နောက်ဖေးက တံတိုင်းကနေ ခိုးဝင်လာရတာမို့ အိမ်ရှင်သခင်လေးက ဗွေမယူပါနဲ့!'
အိမ်ရှေ့တံခါးကနေ ဝင်မလာဘဲ နံရံ ခုန်ကျော်ပြီး ဝင်လာရအောင် ငါတို့အိမ်တော်က သူကို ဝင်ထွက်ခွင့် ပိတ်ထားမိလို့လားဟ!
ယဲ့ဖန်ရဲ့အတွေးကို မျက်နှာအမူအရာကနေလကျန်းယုံက ရိပ်မိတာကြောင့် အပြုံးတစ်ခုနဲ့ ပြောလာခဲ့သည် ။
"ဘာမှ မဟုတ်ပါဘူး! ဒီအတိုင်း အိမ်တော်ရှေ့ပေါက်ဝကနေ တရားဝင် လာလည်ရင် တစ်စုံတစ်ယောက်ဆီ သတင်းရောက်ပြီး စိတ်မသက်မသာဖြစ်နေမှာစိုးလို့ပါ"
အင်း.. စိတ်မသက်မသာဖြစ်တာထက် အိမ်တော်ဆီ ချက်ချင်း ရောက်ချလာမယ်ဆိုတာ သိနေတာမို့ ခိုးဝင်ဖို့ ရွေးချယ်ခဲ့တာ အမှန်ပဲ. . ယဲ့ဖန်နဲ့အတူ နှစ်ယောက်တည်း ရှိနေချင်တာမို့…
ကျန်းယုံ ပြောလာတဲ့စကားတွေကြောင့် ခေါင်းရှုပ်နေသူက ယဲ့ဖန်ပါ…
"ဟမ်? ဘယ်သူက ဘာလို့လဲ?"
"ဖန်အာ မသိလည်း ရတယ်"
*ဖန်အာ*လို့ ရင်းနှီးစွာ ခေါ်လိုက်တဲ့ ကျန်းယုံကြောင့် ယဲ့ဖန် အံသြသွားခဲ့ရပြန်သည် ။
"ကလေးဘဝတည်းက သိလာတာပဲဟာ! ဖန်အာလို့ ခေါ်လို့ရတာ မှတ်လား"
ဘယ်က ကလေးဘဝတည်းက သိတာလဲ! ငါတို့ ဆုံဖူးတာဆိုလို့ တစ်ခါလား နှစ်ခါလားပဲ ရှိတာ မဟုတ်ဘူးလား…
"အဟမ်း! ရပါတယ် … ဒါနဲ့ မေးချင်နေတာ ကြာပြီ! အဲတုန်းက မင်းကို ကူညီခဲ့တဲ့ကောင်လေးက ငါဆိုတာ ဘယ်လိုလုပ်ပြီး ချက်ချင်းမှတ်မိသွားတာလဲ!"
အမှန်ဆို အဲတုန်းက ယဲ့ဖန် သတိလစ်သွားတာကြောင့် ဘာဆက်ဖြစ်လဲ မသိလိုက်ပေမဲ့ သူ နိုးလာတဲ့အချိန်မှာလည်း ကျန်းယုံက ရှိနေခဲ့တာမှ မဟုတ်တာ . . . အဲဒါဆို သူကို သိနေစရာအကြောင်း ရှိသေးလို့လား
"အဲတုန်းက မင်း သတိလစ်သွားပြီး မင်းအိမ်တော်ကလူတွေ လာခေါ်သွားတဲ့တလျှောက်လုံး ငါလည်း ဘေးနားမှာ ရှိနေခဲ့တာ.. မင်းကို သူတို့ သေချာဆေးကုပြီးတဲ့အထိ ငါ စောင့်နေခဲ့သေးတယ်"
အော်… ဒါဆို အိမ်တော်အထိ သူ လိုက်လာသေးတယ်ပေါ့!
"မင်း သတိပြန်ရမဲ့အချိန်ထိ ငါ နေချင်ခဲ့တာ… ဒါပေမဲ့ ငါ့ဆရာက လာခေါ်လို့ လိုက်သွားခဲ့ရတာ! မင်းကလေ ငယ်ရုပ်က နည်းနည်းမှေ မပြောင်းတာ အဲဒါကြောင့် တွေ့တာနဲ့ကို တန်းမှတ်မိသွားတာပဲ"
ပြောပြီးတာနဲ့ တဟားဟား ရီနေတဲ့ကျန်းယုံကို ယဲ့ဖန် အမြင်ကတ်ကာ
"ကိစ္စ မရှိတော့ဘူးဆိုရင်လည်း ပြန်တော့! ငါ ဆက်လေ့ကျင့်ရအုန်းမှာမို့ ဧည့်မခံပေးနိုင်တော့ဘူး"
"ကြင်ယာတော် ဖြစ်လာမဲ့သူက ဒါတွေ လေ့ကျင့်ဖို့ လိုသေးလို့လား"
"ဘယ်က ကြင်ယာတော်လဲ?"
"အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားတယ်လို့ … ကြားမိတယ်"
အဲလို ပြောလာချိန် သူကိုတောင် မကြည့်တော့ဘဲ အခြားဖက်ကို မျက်နှာလွှဲသွားတဲ့ ကျန်းယုံကို မြင်တော့ ဝမ်းနည်းသွားတယ်လို့ ယဲ့ဖန် ထင်လိုက်မိပြန်သည် ။
အာ! ဒီလိုလေသံလေးက ငါနဲ့စစ်ရုန်ကိစ္စကြောင့် ဝမ်းနည်းနေတာပဲ! မင်းတို့ချင်းက တွေ့တာမှာ မကြာသေးဘူး! ချစ်ကြိုးသွယ်မိနေပြီပေါ့လေဟိဟိ
"အော် … အဲဒါက ဘာမှ မဟုတ်ပါဘူး… စိတ်ပူမနေနဲ့ . . ငါ့အဖေနဲ့ မင်းကြီးတို့က ငယ်သူငယ်ချင်းတွေဆိုတော့ ဒီလိုပဲ ပြောကြတာ… "
သူ့စကားကြောင့် မျက်ဝန်းတွေ တောက်ပကာ ပျော်ရွှင်သွားတဲ့ ကျန်းယုံကို ယဲ့ဖန် ကြည့်ကာ တွေးမိလိုက်၏။
သူက စစ်ရုန်ကို တကယ်ချစ်မိနေပြီပဲ! စိတ်မပူပါနဲ့… ငါ မင်းတို့ရဲ့ အချစ်ခရီးလမ်းကို အကောင်းဆုံးကြိုးစားပြီး ကူညီပေးပါ့မယ်ကွာ!
ဒါဆို ငါလည်း အသက်ရှည်ရှည်နေရမယ်
ငါ့ညီမလေးလည်း ဗီလိန်ဖြစ်မလာတော့ဘူး
##########