ယဲ့ဖန်ကို အသာအယာပင် ပွေ့ချီလိုက်တဲ့ စစ်ရုန်ကြောင့် အခန်းအတွင်းရှိလူများ ငြိမ်သက်သွားခဲ့သည် ။
'မင်းသား ဒီအပြုအမူက မသင့်တော်ပါဘူး'
ဟန့်တားလိုဟန်ဖြင့် ပြောလာတဲ့ကျန်းယုံကို တစ်ချက်စောင်းငဲ့ကြည့်ကာ
'ယဲ့ဖန်က ကိုယ်တော်ရဲ့ကြင်ယာတော်ဖြစ်လာမဲ့သူပဲဟာ . . ဘာကို မသင့်တော်ဘူး ပြောချင်တာလဲ မသိဘူး'
*ကိုယ်တော်ရဲ့ကြင်ယာတော်* ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အချိန် ကျန်းယုံ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ကာ လက်သီးကိုတင်းတင်း ဆုပ်ထားလိုက်မိသည်. .
'ယဲ့ဖန်ရဲ့အိပ်ဆောင်ဆီ လမ်းပြပေး'
ကျန်းယုံရဲ့အမူအရာကို စစ်ရုန် သတိပြုမိလိုက်ပေမဲ့ မမြင်ချင်ကာ သူရဲ့လက်မောင်းအတွင်း နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ယဲ့ဖန်ကို တင်းကြပ်နေအောင် ပွေ့ချီပြီး ဘေးနားက အစေခံကို လမ်းပြခိုင်းလိုက်သည် . . .
ယဲ့ဖန်ရဲ့ အိပ်ဆောင်ဆီ လမ်းပြပေးနေတဲ့ အစေခံနောက်ကို လိုက်သွားတဲ့ စစ်ရုန်ကို ခြံဝန်းထဲက အမှောင်ထောင့်တစ်နေရာကနေ ကြည့်နေတဲ့ လူတစ်ယောက် ရှိနေသည် ။
'အခုချိန်မှာ ရှင်တို့နှစ်ယောက်လုံး ဘာကြောင့် ကိုကြီးနားမှာ အခုလို ရှိနေတာလဲ မသိပေမဲ့ ဒီတစ်ခါတော့ ရှင်တို့ လက်ထဲကနေ ကိုကြီး မထိခိုက်အောင် ကာကွယ်ပေးသွားမှာ'
. . .
. . .
// အား!!!! စစ်ရုန်က ဘာလုပ်နေတာလဲဟ //
// မင်းကို ပွေ့ချီလာပြီး ခေါ်လာတာလေ . . . ဘာလဲ အချီခံရတာ ပျော်လို့ သေချာအောင် မေးကြည့်နေတာလား//
ယဲ့ဖန်ကို အိပ်ရာပေါ် အသာချပေးပြီး ခဏကြာပြီးမှ အခန်းထဲကနေ စစ်ရုန် ပြန်ထွက်သွားတော့မှ ပွေ့ချီခံလိုက်ရတည်းက နိုးနေခဲ့တဲ့ ယဲ့ဖန်တစ်ယောက် ကမ္ဘာကြီးပျက်သွားသလို လုပ်နေတာကြောင့် ရုပ်မမြင် အသံပဲကြားရတဲ့ကောင်ဆိုးလေးက အမြင်ကတ်စွာ ပြန်ပြောလိုက်ခြင်းပင် . .
// နိုးနေခဲ့ရင်လည်း ဘာလို့အချီခံလဲ . . ဆက်အိပ်ပျော်ချင်ယောင်ဆောင်နေပြီးတော့//
ထိုလေသံပိုင်ရှင်ကို ယဲ့ဖန် သူ မြင်ရပါက ထိုသူရဲ့ မျက်နှာပုံစံက အတော်မဲ့ရွဲ့ကာ ပြောနေလောက်တယ်ဟု တွေးလိုက်မိသည် ။
// ငါလည်း အဲတုန်းက ဘာလုပ်ရမှန်း မသိတာနဲ့ ဒီအတိုင်း အိပ်ချင်ယောင်ဆောင်နေလိုက်တာလေ ဟီးးး . . ဒါနဲ့လေ စစ်ရုန်ပုံစံက ပြောင်းလဲနေသလိုပဲ //
// ဘာကို ဆိုလိုချင်တာလဲ //
// ဒီလိုလေကွာ . . အရင်တုန်းက စစ်ရုန်သာဆို ဒီလို ပွေ့ချီတာတွေ ဘာတွေ လုပ်မှာ မဟုတ်ဘူး . . ပစ်ထားခဲ့မှာလေ . . ဟုတ်တယ် မှတ်လား . . ငယ်ငယ်တည်းက သိလာတဲ့ခင်မင်မှုကိုတောင် မထောက် . . စေ့စပ်ပွဲဖျက်ပေးဖို့ သွေးအေးစွာ ပြောခဲ့တဲ့ အဲလိုလူမျိုးလေ . . //
// အင်း . . မင်းက အရေးပါတဲ့ကာရိုက်တာအဖြစ် တဖြည်းဖြည်းပြောင်းလဲမှု ဖြစ်လာပြီဆိုတော့ ဇာတ်ကြောင်းတွေလည်း နည်းနည်းပါးပါး ပြောင်းကုန်တာ ဖြစ်ရမယ် . . .
မဆိုးပါဘူးး ဒီအနေအထားလေးကို ကြိုးစားပြီး ဆက်ထိန်းထားချေ //
အယ်! . မဟုတ်သေးပါဘူး ငါလေးက ကြိုးစားပမ်းစား ဘာမှလည်း မလုပ်မိပဲနဲ့
ဘယ်လိုလုပ် အရေးပါတဲ့ ကာရိုက်တာ ဖြစ်လာရတာလဲကွ...
...
...
*သခင်မလေး မနေ့ကတည်းက မြားပစ်လေ့ကျင့်နေတာ အခုထိ မနားသေးဘူး*
အိပ်ရာက နိုးနိုးချင်းကြားလိုက်ရတဲ့စကားကြောင့် အမြန်မျက်နှာသစ် ဝတ်ရုံလဲကာ လေ့ကျင့်ကွင်းဆီ ယဲ့ဖန်အပြေးနှင်ရပြန်သည် ။
ရွှီးခနဲ ... ရွီးခနဲ ဖြင့် လေးကြိုးဆွဲ . . မြားပစ်လွှတ်နေတဲ့အသံတွေကို လေ့ကျင့်ကွင်း ဝင်ပေါက် ရောက်တာနဲ့ ကြားနေရပြီ ။
လေ့ကျင့်ကွင်းထဲ ဝင်လိုက်တော့ ယဲ့ဖန် တန်းပြီး မြင်လိုက်ရတာက မြားတွေနဲ့ ပြည့်နှက်နေတဲ့ ပစ်မှတ်ပြားကြီး နှစ်ခု . . မျက်လုံးအပြူးသား ဖြစ်ရပြန်ပြီ
*ဒီကောင်မလေး ဘယ်အချိန်တည်းက ဒီလိုပစ်နေတာလဲဟ*
အတွေးနဲ့အတူ မြားပစ်စင်ပေါ်မှာ ရပ်နေတဲ့ ဝေ့ဝေ့ဆီ သွားကာ နောက်ထပ် မြားပစ်လွှတ်ဖို့ ရွယ်နေတဲ့ လက်တစ်စုံကို တားဆီးလိုက်တော့ သူကို မော့ကြည့်လာတဲ့ မျက်ဝန်းအစုံက အသိလွတ်နေသလို ဗလာဖြစ်နေတာကို
ယဲ့ဖန် မြင်လိုက်ရ၏ . .
'ညီမလေးဝေ့!'
ခပ်တိုးတိုး ခေါ်လိုက်မိတော့ သူ့အသံကြောင့်အသိဝင်လာဟန် ပြန်လည်တောက်ပလာတဲ့ မျက်ဝန်းအစုံနဲ့အတူ . .
'ဟမ်? ကိုကြီး ဘယ်တုန်းက ရောက်လာတာလဲ'
ဝေ့ဝေ့ မေးလိုက်ပေမဲ့ . . ယဲ့ဖန်က ဝေ့ဝေ့ရဲ့ညာဖက် လက်ညိုးနဲ့လက်မကြားက ပြတ်ရှ ဒဏ်ရာတွေကနေ သွေးတွေ ထွက်နေသည်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေခဲ့မိသည် ။
သေချာတာပေါ့ . . ဒါတွေက လေးကြိုးကို ဆွဲယူမှုကြောင့် ရလာတဲ့ဒဏ်ရာတွေပဲလေ . . .
...
...
"ဟင်း . . ငါလေ တကယ်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး . . ပြိုင်ပွဲမှာ ပထမရဖို့က တော်တော်အရေးကြီးလို့လားဟင်"
ဝေ့ဝေ့ ဒဏ်ရာကို ဆေးထည့်ပေးရင်း ယဲ့ဖန် မေးလိုက်တော့ . .
"အရေးတော့ သိပ်မကြီးပါဘူး . . ဒါပေမဲ့ ကိုကြီးအတွက် ပထမဆု ယူပေးချင်လို့ လေ့ကျင့်နေတာလေ"
"လေ့ကျင့်တာလည်း ကျင့်ပေါ့ကွာ . . ဒီလို ဒဏ်ရာဖြစ်အောင် လေ့ကျင့်နေရင် ပြိုင်ပွဲ မပြိုင်လောက်ရဘဲ ရှုံးသွားမယ်ဆိုတာ သိလား!"
"နောက်ဆို သတိထားလိုက်ပါ့မယ်နော် ကိုကြီး"
"သိရင် ပြီးတာပဲ . . ညီမလေးဝေ့ ဟိုးက ပစ်မှတ်နှစ်ခုကို ပစ်ထားတာကို ပြန်ကြည့်လိုက်အုန်း . . မြားတွေ စိုက်နေတာမှ အပြည့်ပဲ!"
ယဲ့ဖန် စကားကြောင့် ဝေ့ဝေ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည် ။
မနေ့က ဓားရေးလေ့ကျင့်နေတုန်း ညမှောင်တဲ့အထိ မင်းသားလေးတို့တွေ မပြန်သေးဘူးဆိုတဲ့ သတင်းကြောင့် အပြေးရောက်လာပေမဲ့ ယဲ့ဖန်ကို ပွေ့ချီသွားတဲ့ စစ်ရုန်ကြောင့် သူ ခြေလှမ်းတွေ ရပ်ကာ အမှောင်ထဲကနေပဲ ကြည့်နေခဲ့မိသည် ။
အဲနေရာမှာ အချိန် ဘယ်လောက်ကြာတဲ့အထိ ရပ်နေမိခဲ့မှန်း မမှတ်မိပေမဲ့ သူ သတိထားမိချိန်မှာ လေ့ကျင့်ကွင်းထဲ ပြန်ရောက်နေပြီး လက်ထဲမှာလည်း လေးတစ်ခုကို ကိုင်ထားမိလျက်သား ဖြစ်နေပြီ . . .
ခပ်ဝေးဝေးမှာ ထောင်ထားတဲ့ ပစ်မှတ်နှစ်ခုပေါ်မှာ မျက်နှာနှစ်ခုကို မြင်ယောင်လျက် . . တရစပ် ပစ်နေမိခြင်းကြောင့် ရလာတဲ့ ပြတ်ရှဒဏ်ရာတွေ နာကျင်ပေမဲ့ ဦးနှောက်ထဲမှာ ပေါ်လာခဲ့တဲ့ပုံရိပ်တွေက ပိုနာကျင်ရ၏။
"မြားပစ်ကြည့် ချင်ပါတယ်ဆိုမှ လေးကြိုးက ဆွဲလို့တောင် မရပါလား! ပြဿနာပဲ!! "
ဒဏ်ရာကို သပ်ရပ်စွာ စည်းပေးထားတဲ့နေရာကို အသာထိကြည့်ကာ အတွေးများနေတဲ့ ဝေ့ဝေ့ကို ယဲ့ဖန်အသံက လက်ရှိအနေအထားဆီ ပြန်ရောက်လာအောင် ခေါ်ဆောင်ခဲ့သည် ။
'ညီမလေးဝေ့!!! ကိုကြီးကို လေးကြိုး ဘယ်လိုဆွဲရလဲ လာသင်ပေးဦး! . . '
မနေ့က သူ့အာရုံထဲမှာ မြင်ခဲ့ရတဲ့ပုံရိပ်တွေက အစစ်အမှန် ဟုတ်မနေရင်တောင် အဲလိုတွေ မဖြစ်သွားအောင် အခုလို ကြိုသိခွင့်ရနေတဲ့အချိန်မှာ ကိုကြီးကို ထိခိုက်မှု မရှိအောင် ကာကွယ်နိုင်ဖို့ ကြိုးစားရမယ်..
###########