You who I love : 6
Viewers 2k



အိမ်ပြန်ရောက်တဲ့အထိ ယဲ့ဖန်တစ်ယောက် စိတ်နဲ့ကိုယ် မကပ်ဖြစ်နေခဲ့သည်။ 


' စေ့စပ်ထားတာကို  သဘောကျသွားပြီ' လို့ သူပြောလိုက်တာက နောက်လည်း မဖျက်သိမ်းတော့ဘူးဆိုတဲ့အဓိပ္ပာယ်လား... 


မဖြစ်နိုင်တာ .. ဒါဆို မူလဇာတ်ကြောင်းက ဘယ်လိုဆက်ဖြစ်မှာလဲ..


ဇာတ်ကြောင်းထဲကအတိုင်းဆို စေ့စပ်ပွဲဖျက်သိမ်းမှ ကျန်းယုံနဲ့သူ လက်ထပ်လို့ရမှာလေ.. 


"ဘာလဲဟာ!! ဒီလူ ခေါင်းထိထားတာလား.. အရင်တုန်းကကျ စေ့စပ်ပွဲဖျက်သိမ်းချင်လို့ တစ်ပိုင်းကိုသေနေတာ အခုကျ သူမဟုတ်တဲ့အတိုင်းပဲ.. ငါက သူတို့နဲ့ ဆက်ပြီး ပတ်သက်နေရအုန်းမှာလားကွာ.. စိတ်ညစ်တယ်.. စိတ်ညစ်တယ်" 


ယဲ့ဖန်တစ်ယောက် အခန်းရဲ့နံရံနဲ့ခေါင်းကို ဖြည်းဖြည်းလေး တစ်ချက်စီ တိုက်ကာ ရေရွတ်နေမိသည်။.. 


ဟုတ်ပြီ။ ခဏနေအုန်း

ငါ အခု အရမ်းစိတ်လောမိသလို ဖြစ်သွားတာပဲ.. 

အမှန်ဆို မူလဇာတ်ကြောင်းမှာက စစ်ရုန်ကစပြီး စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ပြောတာလေ.. အခု ငါကစပြီး ပြောလိုက်သလိုဖြစ်သွားတော့ သူဘက်ကနေ လက်မခံနိုင် ဖြစ်သွားခဲ့တာပဲ ဖြစ်ရမယ်.. မူလကလို စစ်ရုန် ပြောလာမဲ့အချိန်ကို ငါ စောင့်ရမယ်.. 


ဒါဆို ငါ အခုလုပ်ရမှာက စစ်ရုန်နဲ့ မတွေ့မိအောင် ရှောင်ဖို့ပဲ.. အဲဒါမှ ကျန်းယုံနဲ့သူ ဆုံမဲ့အချိန်တွေ များလာမှာ.. 


............................................................................................


"အိမ်ရှေ့စံမင်းသားလေးက လက်ဖက်ရည်အတူသောက်ဖို့ ရောက်နေပါတယ်" 


"ပန်းချီကားတစ်ချပ် လက်ဆောင်ရထားတာမို့ အတူကြည့်ဖို့ ယူလာတာလို့ အိမ်ရှေ့စံမင်းသားလေးက မှာလိုက်ပါတယ်" 


စသည့်. မရိုးနိုင်တဲ့ အကြောင်းအရာပေါင်းများစွာနဲ့ တစ်ရက်ခြားတစ်ခါ သူအိမ်တော်ဆီ လာနေတာမို့ ယဲ့ဖန် ထွက်ပြေးချင်စိတ်တွေ ဖြစ်လာနေ၏။ 


လခွမ်းပဲ... သူကို ရှောင်နေမယ်လို့ စိတ်ကူးမိကာမှ အိမ်တော်ဆီကို အမြဲရောက်ရောက်လာတော့တာ ဘာသဘောလဲဟ... 

ဒီနေ့လည်း မျက်ခုံးလှုပ်နေတယ်ဆိုတော့ ထပ်ပြီးရောက်လာအုန်းမလား မသိဘူး.. စိတ်တွေ လေးနေလိုက်တာ.. 


"သခင်လေး!!!! အိမ်ရှေ့စံမင်းသားလေး ရောက်နေပြန်ပြီ.. ပြီး ပြီးတော့.."


"ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောလေ"


"ဟို.. ကျန်းယုံဆိုတဲ့လူကလည်း သခင်လေးနဲ့ တွေ့ချင်တယ်ဆိုပြီး ရောက်နေတယ်" 


"ဘာ!!!!!!!!!" 


ထင်တယ်... ငါ ထင်နေတယ်.. စိတ်တွေ လေးနေတယ်လို့ ခံစားနေရကတည်းက တစ်ခုခုဖြစ်လာတော့မယ်ဆိုတာ... 


.......................................................


'မင်းသားလေးကို ကျန်းယုံ ဂါရဝါပြုပါတယ်'


နှုတ်ခွန်းဆက်လိုက်တဲ့ ကျန်းယုံကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းလေးတစ်ချက်သာ စစ်ရုန် ညိတ်ပြလိုက်သည်။ 


ယဲ့ဖန်ဆီကို ဒီလူက ဘာလာလုပ်တာလဲဆိုတဲ့ မေးခွန်းတွေက စစ်ရုန်ရဲ့ ခေါင်းထဲမှာ အစီအရီ... သူမသိလိုက်တဲ့ ယဲ့ဖန်ရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းမှာ ဒီလူ ပါဝင်နေတယ်ဆိုတဲ့အချက်ကို သူ မနှစ်သက်မိတာတော့ အမှန်ပင်... 


"ဒီကို ကိစ္စရှိလို့ ရောက်လာတာလား"


အစေခံလေး ချပေးသော လက်ဖက်ရည်ခွက်ကို လှမ်းယူရင်း စစ်ရုန် မေးလိုက်သည်။ 


"ကိစ္စရှိလို့ မဟုတ်ပါဘူး.. မတွေ့ဖြစ်တာလည်း ကြာပြီဆိုတော့ စကားလေးတွေ ပြောချင်တာရော ပြီးတော့ ယဲ့ဖန်က ကဗျာစပ်တာ ဝါသနာပါတယ်လို့ ကြားမိတယ်လေ အဲဒါကြောင့် သူနဲ့အတူ ကဗျာလေးတွေ ပြိုင်စပ်မလားလို့ပါ' 


ကျန်းယုံရဲ့စကားကို ကြားပြီးနောက် လက်ဖက်ရည် သောက်မလိုဟန်ပြင်နေတဲ့စစ်ရုန်ရဲ့လက်တွေ တန့်သွားကာ... 


"ကဗျာစပ်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူး ထင်တယ်.. ယဲ့ဖန်က ကဗျာကို စွန့်လွှတ်လိုက်ပြီ.. သူ အခု မင်းနဲ့အတူ ကဗျာစပ်တော့မှာ မဟုတ်ဘူး" 


မသောက်ဖြစ်တော့တဲ့ လက်ဖက်ရည်ခွက်ကို ပြန်ချရင်း စစ်ရုန် ပြန်ပြောလိုက်သည်.. 


"အခုလိုဖြစ်တာက သူ စာမေးပွဲ မအောင်လို့ စိတ်ဓာတ်ကျသွားတာ ဖြစ်မှာပါ.. ဒါကြောင့်ပဲ သူ အရင်လို ကဗျာတွေ ပြန်စပ်ချင်လာအောင် ကြိုးစားကြည့်မလို့လေ.."


သူရှေ့က လက်ဖက်ရည်ခွက်ကို ယူသောက်ရင်း ကျန်းယုံ ပြောလိုက်၏..


"အိုး.. လက်ဖက်ရည်က ဂန္ဓမာရနံ့လေး သင်းနေတာပဲ.. မင်းသားလေးလည်း မြည်းစမ်းကြည့်ပါဦး" 


လက်ဖက်ရည်သောက်ရင်း ပြောနေတဲ့ ကျန်းယုံကို စစ်ရုန် စိုက်ကြည့်နေမိတယ်.. 


"မင်းသားကရော ယဲ့ဖန် ကဗျာပြန်ရေးတာ မမြင်ချင်ဘူးလား.." 


"အွန်း..သူ တကယ်လုပ်ချင်တာဆိုရင်တော့............."


"ကျွန်တော်မျိုးကတော့ သူ ကဗျာတွေ ရေးပြီး ပျော်နေတာ.. မြင်ချင်တယ်.. ကဗျာဆိုတာ ငယ်ငယ်တည်းက သူ နှစ်သက်တဲ့အရာလေးလေ""


သူ ပြောလို့မပြီးခင် ကျန်းယုံက ဖြတ်ပြောတော့.. စစ်ရုန် ဘာမှ ထပ်မပြောတော့ပေ.. 


*ငယ်ငယ်တည်းကလေ.. ဘာလေး.. ပြောနေသေးတယ်.. ယဲ့ဖန်ကတောင် သူကို မမှတ်မိတဲ့ဟာ သူက ... ဘာတဲ့... ကဗျာပြန်စပ်အောင်ပါ လုပ်ပေးအုန်းမယ်တဲ့လား.. ဟက်!!*


ငယ်ငယ်က အဖြစ်အပျက်လေးတွေ ပြန်တွေးရင်း ပြုံးနေတဲ့ကျန်းယုံကို စစ်ရုန် ကြည့်ကာ စိတ်ထဲကနေ ပြောလိုက်သည်.. 


...................... 


စစ်ရုန်နဲ့ ကျန်းယုံတို့ ရှိနေတဲ့အဆောင်ထဲ ယဲ့ဖန် မဝင်ခင် အထဲကအခြေအနေတွေ ဘယ်လိုရှိနေပြီလဲဆိုတာ အရင်လေ့လာအုန်းမှပဲလို့ စိတ်ကူးကာ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်ချိန်.. 


လက်ဖက်ရည်ခွက်လေး ကိုင်ကာ ပြုံးနေတဲ့ကျန်းယုံရယ်.. ကျန်းယုံကို စိုက်ကြည့်နေတဲ့စစ်ရုန်ရယ်ကို တွေ့လိုက်ရတော့.. 


အယ့်လယ့်.. ပြုံးနေတဲ့လူနဲ့ စိုက်ကြည့်နေတဲ့လူနဲ့.. အဆင့်တွေ တက်နေပါလား.. ဟိဟိ.. အေးလေ.. ဒါက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပဲဟာ.. ဒီလောက်တော့ ရှိမှာပေါ့.. ခုနက ငါ စိတ်ပူနေတာ အလကားဖြစ်သွားတာပဲ.. 


"ယဲ့ဖန်!!! အပြင်မှာပဲ ရပ်နေတော့မှာလား" 


ရုတ်တရက် အထဲကနေ စစ်ရုန်အသံထွက်လာတော့.. ယဲ့ဖန်လန့်သွားကာ 


*ငါရောက်နေမှန်း သူဘယ်လိုသိနေပြန်တာလဲဟ*


.............................. 


ခဏကြာသော်.......


မဟုတ်သေးပါဘူး.. ငါက အခု ဒီမှာ ဘာထိုင်လုပ်နေရတာလဲဟ ... 


သူကို အလယ်မှာ ထားပြီး တစ်ယောက်နဲ့တစ်ယောက် ကဗျာ ပြိုင်စပ်နေတဲ့ စစ်ရုန်နဲ့ကျန်းယုံတို့ကို ကြည့်ကာ ယဲ့ဖန် သက်ပြင်းချရင်း တိုးတိုးလေး ညည်းလိုက်သည်


ဘယ်သူက အရင်စတာလဲ မမှတ်မိတော့ပေမဲ့.. တစ်ယောက်က ကဗျာဆရာတစ်ယောက်ရဲ့ကဗျာတစ်ပုဒ် ရွတ်လို့ ဆုံးတာနဲ့ နောက်တစ်ယောက်က ကဗျာရဲ့အနှစ်သာရ.. ကဗျာဆရာ ရည်ညွှန်းချင်တဲ့အကြောင်းအရာကို ရှင်းပြတဲ့ယှဥ်ပြိုင်ပွဲကတော့ တားဆီးမရတော့တဲ့အခြေအနေ ရောက်ရှိနေပြီလေ.. 


*တစ်အိုး..နှစ်အိုး..သုံးအိုး..... အခုက လေးအိုးမြောက်.. စိတ်ညစ်တယ်နော်.. ဘယ်တော့မှ ရပ်ကြမှာလဲ မသိဘူး.. *


ကုန်သွားပြီဖြစ်တဲ့ လက်ဖက်ရည်အိုးလေးတွေကို ရေတွက်ရင်း ယဲ့ဖန် သက်ပြင်းသာ ချနေမိတော့၏.. တစ်ယောက်ကို တစ်ယောက် အလျော့ပေးမဲ့ပုံ မပေါ်တဲ့ စစ်ရုန်နဲ့ကျန်းယုံတို့ကို ယဲ့ဖန် ကြည့်ရင်း..


*ပြောကြတာတော့ ချစ်သူတွေက တစ်ယောက်ကို တစ်ယောက် အမြဲအလျော့ပေးတယ်ဆို... ဒီမှာတော့ ဆန့်ကျင်ဖက်ကို ဖြစ်လို့... နေဝင်တဲ့အထိမှ မပြီးရင် နှစ်ယောက်လုံးကို တစ်ခန်းထဲ ထည့်ပြီး ညအိပ်ခိုင်းပစ်မယ်.. ဟီးဟီး ငါကွ ဘာမှတ်နေလဲ..မလုပ်ရဲဘူး မထင်နဲ့!!! *


ယဲ့ဖန်တစ်ယောက် သူတို့နှစ်ယောက်ကို စောင့်ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း အိပ်ငိုက်သွားခဲ့တော့၏။


..


..


ဒုန်း.. 


စားပွဲခုံပေါ် တစ်စုံတစ်ခု ပြုတ်ကျလာသံ ထွက်လာတော့မှ စစ်ရုန်နဲ့ကျန်းယုံတို့ရဲ့ အာရုံတွေ ထိုနေရာဆီ ရောက်သွားခဲ့ကာ သူတို့ပြိုင်နေတာတွေ ရပ်တန့်သွားခဲ့သည်။


"အာ~ သူတောင် အိပ်ပျော်သွားပြီဆိုတော့ ကျွန်တော်တို့တွေ အချိန်နည်းနည်း ကြာသွားပြီ ထင်တယ်" 


ကျန်းယုံ ပြောလာတော့ စစ်ရုန်လည်း ခေါင်းညိတ်လက်ခံမိတော့သည်.. 


ပြိုင်ဆိုင်ချင်စိတ်တွေ တားမရ ဖြစ်သွားခဲ့တာပဲ...


မေးထောက်ကာ အိပ်ပျော်နေတဲ့ယဲ့ဖန်ကတော့ လက်ချော်ပြီး စားပွဲခုံနဲ့နဖူး မိတ်ဆက်သွားတာတောင် နိုးမလာဘဲ.. ဆက်လက် အိပ်ပျော်နေခဲ့သည်။ 


အိမ်မက်ကမ္ဘာထဲ ရောက်နေတဲ့ယဲ့ဖန်ရယ်... 


အိပ်ပျော်နေတဲ့တစ်ယောက် နိုးသွားမှာစိုးတာကြောင့် တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေတဲ့ လူနှစ်ယောက်ရယ် ... 


ထိုမြင်ကွင်းကို လက်ဖက်ရည်အိုး လာပို့တဲ့ အစေခံလေး မြင်တော့.. 


အာ~~~ သခင်လေးအိပ်ပျော်သွားတာတောင် ကျန်တဲ့နှစ်ယောက်ကလည်း ပြန်ဖို့အတွေး မရှိဘူး ထင်တယ်.. သခင်မလေးဝေကို သွားခေါ်ဦးမှ 


အစေခံလေး တွေးနေတုန်း သူ ရုတ်တရက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့သည်..... 


############