Mr.K' pov: 1
Viewers 1k


Mr.Kတစ်ယောက် မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံး စပွင့်တာနဲ့ အခြားသူတွေလို အိပ်ယာထက်မှာ ငေးငိုင်စွာ ထိုင်နေဖို့ရန် အချိန်မရှိ.. 


ရုံးချိန်တစ်မိနစ်လောက်ပဲ နောက်ကျတာနဲ့ နားပွင့်မတက် ဆူငေါက်တတ်တဲ့ ဌာနမှူးရဲ့ ပါးစပ် လေသေနတ်ကို ကြောက်ရတယ်လေ 


ရုံးသွားဖို့ရန် အားလုံးပြင်ဆင်ပြီးတာနဲ့ ~~ ရေခဲသေတ္တာထဲရှိ အသင့်သောက် နွားနို့တစ်ဘူးကို ယူကာ အကုန်မော့သောက်ပြီးတာနဲ့ လက်ကိုင်အိတ်ဆွဲပြီး ထွက်လာရတော့သည်။ 


Mr.K အခန်းထဲက ထွက်လာတာနဲ့ . . မျက်နှာချင်းဆိုင်အခန်းက သူကလည်း  ထွက်လာပြန်ပြီမို့ သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိပြန်ရော


~~ အလုပ်သွားတဲ့ချိန် နောက်ကျသည်ဖြစ်စေ စောသည်ဖြစ်စေ . အခန်းထဲကနေ ထွက်တိုင်း ထိုသူနဲ့ အမြဲဆုံဖြစ်၏ ~~ 


တစ်ဖက်ခန်းက ထိုသူကို Mr.K သတိထားနေမိတာ ကြာပြီ . . . 


သူရဲ့မျက်နှာချင်းဆိုင်အခန်းကို သူ ပြောင်းလာတာ တစ်လလောက်ပဲ ရှိနေပေမဲ့ အလုပ်သွားတိုင်း အမြဲလိုလို တွေ့နေတတ်တာကြောင့်ရော သူကို အမြဲနှုတ်ဆက်တတ်တာကြောင့်ရောပေါ့ . . . 


" Good Morning ." 


~ အမြဲလိုလို တစ်ဖက်လူက သူကို နှုတ်ဆက်တဲ့ စကားလေး . . . . 


ထိုသူ နှုတ်ဆက်တိုင်း Mr.Kက ခေါင်းပြန်ညိတ်ပြရုံသာ ပြန်နှုတ်ဆက်မိ၏။ . .


နဂိုတည်းက လူမှုဆက်ဆံရေးမှာ ညံ့ဖျင်းတဲ့သူမို့ . . စကားပြန်မပြောဖြစ်ပေမဲ့ ထိုသူကတော့ သူ(Mr.K)ကို နေ့တိုင်း နှုတ်ဆက်နေတာ ဝတ္တရားမပျက် ...


ကားမှတ်တိုင်ဆီ သွားနေတဲ့ လမ်းမထက်မှာ . . အလုပ်ချိန် နောက်ကျမှာ စိုးတာနဲ့ ခပ်သွက်သွက် သွားနေတဲ့ ကျွန်တော်ရဲ့အနောက် သုံးလေးလှမ်း အကွာကနေ ထိုသူက အမြဲတမ်း လျှောက်သည် . . . 


~~ ကျွန်တော့်ခြေလှမ်း နှေးသည်ဖြစ်စေ မြန်သည်ဖြစ်စေ ထိုသူက အဲအကွာအဝေးမှာ အမြဲရှိနေတတ်သည် ~~ 


"Mr.J မနက်စောကြီး ဘယ်သွားမလို့လဲ" 


Mr.J ဆိုတာက သူနာမည်ပါ . . . သူက ဒီတိုက်ခန်းတွဲကို ပြောင်းလာတာ သိပ်မကြာသေးပေမဲ့ . . လူတကာနဲ့ လိုက်လျောညီထွေ နေတတ်တဲ့ သူအကျင့်ကြောင့် ထင်ပါရဲ့ 

ဒီပတ်ဝန်းကျင်တလျှောက်မှာ . . သူကို ခင်သူတွေ ပေါ၏။

ဒါက ကျွန်တော်နဲ့သူနဲ့ ကြားက ခြားနားချက်တစ်ခုပဲ . . . . 


လာနှုတ်ဆက်နေတဲ့ အဒေါ်ကြီးကို စကားပြန်ပြောနေလို့ ထင်ပါရဲ့ . . ကျွန်တော် ကားမှတ်တိုင်ရောက်တော့ . . အနောက်ကနေ သူ ပါမလာချေ ။ 


ခဏကြာတော့ ဘတ်စ်ကားရောက်လာတာနဲ့ တက်ဖို့ ပြင်တော့ ခပ်လှမ်းလှမ်းကနေ သူ ပြေးလာတာ မြင်လိုက်ရတာကြောင့် . . ကားဆရာကို ခဏစောင့်နေပေးဖို့ ပြောပေးလိုက်သည် . . 


"ကားကို စောင့်နေပေးခိုင်းလို့ . . ကျေးဇူးနော်"


ကားပေါ်ရောက်လာတာနဲ့ ကျွန်တော် ထိုင်နေတဲ့ ဘေးနား လာရပ်ကာ ပြေးလာရလို့ မောနေတဲ့အသံနဲ့ ကျေးဇူးတင်စရာ ဆိုလာပြန်တယ် . . . . 


~~ ကျွန်တော် စောင့်ခိုင်းတာလို့ သူ ဘာလို့ သိနေရပြန်တာလဲ ~~ 


ဆင်းရမဲ့မှတ်တိုင်ရောက်တော့ Mr.K ကားပေါ်က ဆင်းပြီးမှ ဘတ်စ်ကားပေါ်ကို တစ်ချက် လှည့်ကြည့်မိလိုက်တော့ . . . လက်ယမ်းပြနေကာ နှုတ်ဆက်နေပြန်တဲ့ Mr.Jကို တွေ့လိုက်ရတယ် 


~~ ကျွန်တော် လှည့်ကြည့်တာနဲ့ သူက လက်ယမ်းပြတာဆိုတော့ သူ ကျွန်တော်ကို ကြည့်နေခဲ့တာလား ~~ 


ဆက်လက် မောင်းထွက်သွားတဲ့ ဘတ်စ်ကားကို Mr.K ငေးကြည့်နေမိကာ . . . 


~~ သူက ဘယ်မှတ်တိုင်မှာ ဆင်းလဲ မသိပေမဲ့ အမြဲလိုလို Mr.Jဆိုသော သူက ကျွန်တော်နဲ့အတူ မနက်ခင်းတိုင်း ဘတ်စ်ကား လိုက်စီးလေ့ရှိသည် ~~ 


••••••••••••••••••••••••••••••••••••••••••••••••••