Mr.Jတစ်ယောက် . . အခန်းတံခါးနားကပ်ကာ အပြင်ဘက်က အသံကို နားစွင့်လိုက် . . နာရီကို ကြည့်လိုက် . . တံခါးလေးကို အသာဟကြည့်လိုက်နဲ့ . . ယောက်ယက်ခတ်နေတာက မနက်ခင်းတိုင်း သူဖြစ်နေကျအရာပင် . . .
"ဒီနေ့လည်း အိပ်ရာထ နောက်ကျပြန်ပြီနဲ့ ထင်တယ် . အခုထိ ထွက်မလာသေးဘူး . . ပြီးရင် ခြေထောက်တိုတိုလေးတွေနဲ့ . . ကားမှတ်တိုင်ကို အပြေးသွားအုန်းမှာ . . မြင်ယောင်နေမိပြီ . ."
Mr.J တံခါးမှာ မှီရင်း ရေရွတ်လိုက်ပြီးမှ ရုံးဝတ်စုံလေးနဲ့အတူ ကားမှတ်တိုင်ဆီ လုံးလုံး လုံးလုံးနဲ့ အမြန်သွားနေမဲ့ပုံကို မြင်ယောင်မိကာ . .
"ah!!!!!! သူရဲ့ အဲလိုပုံလေး တွေးကြည့်မိရုံနဲ့ တင် အသည်းယားလို့ သေတော့တယ်"
Mr.J အသည်းယားလာတာကြောင့် သူမျက်နှာသူအုပ်ကာ ခုန်ဆွ ခုန်ဆွ လုပ်နေတုန်း . . . အပြင်ဘက်ကနေ တံခါးဖွင့်သံနဲ့အတူ လှုပ်ရှားမှု ကြားလိုက်တာကြောင့် . . အဝတ်အစားတွေ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပြီး အခန်းတံခါး ဖွင့်ကာ ထွက်လိုက်တော့ . .
မျက်နှာချင်းဆိုင်ဘက်က အခန်းတံခါးကို သော့ခတ်နေတဲ့ပုံရိပ်လေး . . .
ထိုကောင်လေးက စစတွေ့ဆုံခြင်းတည်းက . . ကျွန်တော်အသည်းကို ခိုးသွားတဲ့ Mr.Kဆိုတဲ့ ကောင်လေးပေါ့ဗျာ . . . . .
"Good Morning "
ဒီကို ပြောင်းလာတည်းက နှုတ်ဆက်နေကျတဲ့အတိုင်း . . . . . နှုတ်ဆက်လိုက်ပြန်တော့ . . ပြန်ရလာတာက အသိအမှတ်ပြုတဲ့ အပြုံးလေးတစ်ခုနဲ့အတူ ခေါင်းညိတ်ပြဟန်လေး
အဲလို အပြုံးလေးပဲဖြစ်ဖြစ် သူဆီက အာရုံစိုက်မှုလေးကို . . ရရင်ကို ဒီကောင်ကကျေနပ်နေပါပြီ ~~
နာရီကို ငုံ့ကြည့်ကာ . . . ခေါင်းတစ်ချက်ကုတ်ပြီး တိုက်လှေကားပေါ်ကနေ . . ခပ်သွက်သွက် ပြေးဆင်းသွားပြန်တဲ့ ကောင်လေးကြောင့် . . . Mr.Jတစ်ချက် ပြုံးလိုက်မိ၏။
* ထင်တဲ့အတိုင်းပဲ . . အလုပ်နောက်ကျမှာစိုးလို့ . . . ပြေးနေပြန်ပြီ*
ကားမှတ်တိုင်ကို သွားနေတဲ့ လမ်းတလျှောက် . . ရှေ့ကနေ ခပ်သွက်သွက် လျှောက်နေတဲ့ ကောင်လေးနောက်ကို သုံးလေးလှမ်း အကွာကနေပဲ . . . အသာလေး လိုက်ပါနေခဲ့တယ်
> အခုလို မနီးမဝေးကနေ အမြဲလိုက်ပါပြီး သူ့နောက်ကျောလေးကို ငေးကြည့်နေရုံနဲ့တင် . . ကျွန်တော် နှလုံးခုန်သံတွေ တားဆီးမရတော့ဘူး . . မျက်စိချင်း အကြည့်ချင်းသာ ဆုံပြီး စကားသာ ပြောဖြစ်ရင် . . ကျွန်တော် ဘယ်လိုများ ဖြစ်နေလောက်မလဲ . . <
"Mr.J မနက်စောကြီး ဘယ်သွားမလို့လဲ"
လမ်းမှာ တွေ့တဲ့ အဒေါ်ကြီးတစ်ယောက်က နှုတ်ဆက်စကား လာပြောတော့ . . .
"ဟုတ်.. ကျွန်တော် သွားစရာလေး ရှိလို့ပါ . . အဒေါ်ကြီးကရော ဈေးကနေတောင် ပြန်လာပြီလား"
နဂိုတည်းက social ကောင်းတဲ့ အကျင့်လေးကြောင့် လူချစ်လူခင် ပေါတာ မဆန်းပါဘူးနော် . . ဒါပေမဲ့ ကျွန်တော်ချစ်ရတဲ့ ကောင်လေးက . အဲလို မဟုတ်ဘူး . . ကျောက်ရုပ်လေး အတိုင်းပဲ . . အေးတိအေးစက်လေးနဲ့ဗျာ
သူနဲ့တရားဝင်ချစ်သူ ဖြစ်ရင်တော့ . . သူ့အသံလေး ကြားရအောင် ကျွန်တော်နာမည်ကို အချိန်ရှိသရွေ့ ခေါ်ခိုင်းအုန်းမှ.. ဟဲဟဲ ကျွန်တော်က အဲလိုစိတ်ကူးနဲ့တင် အရူးရင့်နေသူ ဖြစ်နေပြီ . . .
အဒေါ်ကြီးကို Mr.J စကား ပြန်ပြောနေရင်း တဖြည်းဖြည်း ဝေးသွားတဲ့ ကျောပြင်သေးသေးလေးကို ကြည့်ရင်း Mr.J မနေနိုင် ဖြစ်လာခဲ့တယ်
*သူ အဝေးကြီး ရောက်နေပြီဟ . . တော်ကြာ ကားအတူတူ လိုက်မစီးလိုက်ရရင် ဒုက္ခပဲ *
အဒေါ်ကြီးကို အမြန်နှုတ်ဆက်ကာ Mr.J ကားမှတ်တိုင်ဆီကို ခြေကုန်သုတ် ပြေးရတော့၏။. . .
ဟော . . မြင်ရပါပြီ . . ကားပေါ် တက်ဖို့ ပြင်နေတဲ့ သူကို . . . .
*ကျေးဇူးပြုပြီး . ကားဆရာကြီးရေ ကားမောင်း မထွက်သွားပါနဲ့အုန်း*
ဆုတောင်းပြည့်တယ်ပဲ ပြောရမလား . .ကားပေါ်ရောက်မှသာ မှတ်တိုင်ကနေ ကားထွက်လာခဲ့တယ် . .
ကားပေါ်ရောက်တာနဲ့ . . ကောင်လေးကို Mr.Jလိုက်ရှာကာ အနားမှာ သွားရပ်လိုက်ပြီးး . . .
"ကားကို စောင့်နေပေးခိုင်းလို့ . . ကျေးဇူးပဲနော်"
ကျွန်တော် ကျေးဇူးတင်စကား ပြောလိုက်တော့ အံသြသွားတာကို မျက်နှာမှာ တွေ့လိုက်ရသည်
သူ ကားပေါ် တက်ခါနီး ကျွန်တော် ပြေးလာတဲ့ဘက်ကို လှည့်ကြည့်ပြီး ကားဆရာဦးလေးကြီးကို တစ်ခုခု ပြောလိုက်တာ ကျွန်တော် လှမ်းမြင်လိုက်တယ်လေ . . .
ဆင်းနေကျ မှတ်တိုင်ရောက်တော့ သူဆင်းသွားတဲ့အထိ ကျွန်တော် လိုက်ကြည့်နေမိတုန်း. . . ကျွန်တော်ရှိရာဘက်ကို လှည့်ကြည့်လာတဲ့ သူကြောင့် အလိုလို လက်တွေက မြောက်ယမ်းပြပြီးသား ဖြစ်သွားတယ် . . .
ကဲ . . အခု ကျွန်တော် ဆင်းရမဲ့ မှတ်တိုင်က ရှေ့မှတ်တိုင်ပဲ . . . ပြီးရင်
တစ်ဖက် ကားလမ်းကူးပြီး အိမ်ပြန်ရမယ်လေ . . ဘာလို့လဲဆိုတော့ . . သူကို အလုပ်လိုက်ပို့ရမဲ့ ကျွန်တော် တာဝန် ပြီးဆုံးသွားပြီမို့လေ. . . .
################################