"Mr.K မင်း အလုပ်ကို ဘယ်လိုတွေ လုပ်နေတာလဲ ဒီနေ့ အပြီးတင်ရမယ်ဆိုတာ ငါပြောထားပြီသားလေ "
"ကျွန်တော် တောင်းပန်ပါတယ် . . မနေ့က အလုပ်ဆင်းတော့ fileကို သေချာ မ saveခဲ့မိလို့ပါ '
"အလုပ်သေချာ မလုပ်တဲ့သူတွေက ဒီလိုပဲ ဆင်ခြင်ပေးနေကျ . . ဒီနေ့အတွင်း အဲစာရင်းအကုန် ပြန်လုပ်ထားပါ . . မနက်ဖြန် ဒီစားပွဲမှာ အားလုံးရောက်နေတာပဲ . မြင်ချင်တယ်"
"ဟုတ်ကဲ့ပါ ဌာနမှူး"
Mr.K ဦးညွှတ်ပြီး နှုတ်ဆက်ကာ အခန်းထဲက ထွက်သွားဖို့ လုပ်တော့ အနောက်ဘက်ကနေ
'အလုပ်ကျတော့ သေချာမလုပ်ကြဘူး . . အချိန်တန်ရင်တော့ လစာရတာပဲဆိုပြီး. . အားနေ အချောင်ခိုဖို့ပဲ တွေးနေကြတာ'
ဆိုသော စကားကြောင့် တံခါးလက်ကိုင်ကို အကြောတွေ ထောင်တဲ့အထိ တင်းနေအောင် ဆုပ်ကိုင်လိုက်မိပေမဲ့ ဒီတစ်ခေါက်က ကိုယ့်အမှားဖြစ်နေခဲ့တာမို့ လျစ်လျူရှုလိုက်ကာ ထွက်လာခဲ့လိုက်သည်. .
လူဆိုတာမျိုးက အထက်ရောက်ရင် နိုင်စား လုပ်ချင်နေတဲ့သူက ခပ်များများပဲလေ
ကူညီပေးတတ်တဲ့သူမျိုးက တကယ်ကိုရှားပါးပစ္စည်းပဲ . .
နေ့လည်စာ စားဖို့အချိန်ရောက်နေပေမဲ့. .
သုံးပုံ တစ်ပုံခန့်သာ ပြီးသေးတဲ့ စာရင်းတွေကို ကြည့်ရင်း Mr.K သက်ပြင်းချကာ
"နေ့လည်စာကတော့ ပေါင်မုန့်နဲ့ငါ ညားပြီပဲ"
အသင့်ဝယ်ထားတဲ့ ပဲပေါင်မုန့်ကို အိတ်ထဲက ထုတ်ကာ ရေရွတ်လိုက်တယ် . . .
ပေါင်မုန့်ကို ပါးစပ်မှာ ကိုက်လိုက် . . ကွန်ပျူတာမှာ စာရိုက်လိုက်နဲ့ . .
တရွေ့ရွေ့ သွားနေတဲ့ နာရီလက်တံတွေ ရှေ့သို့ ခရီးဆက်နေတာ . . . မနားတမ်းပဲ . . .
နောက်ဆုံး အားလုံးပြီးသွားချိန်မှာ saveဆိုတဲ့ ခလုတ်ကို သေချာနိုပ်လိုက်ပြီးမှ
'Yo!!!!! ပြီးပြီကွ . . မနက်ကျရင် ဟိုဝက်ပုတ် ဌာနမှူးမျက်နှာကို ဟောဒီမှာ စာရင်းဆိုပြီး ပေါက်ပြလိုက်အုန်းမယ်..ဟင်းဟင်း '
နာရီကို ကြည့်လိုက်တော့ ညကိုးနာရီခွဲနေပြီ ရုံးခန်းထဲမှာလည်း သူတစ်ယောက်တည်းသာ ကျန်နေတော့သည် ။
"တော်သေးတာပေါ့ နောက်ဆုံး ဘတ်စ်ကားချိန် မှီသေးလို့ "
လက်ကိုင်အိတ်လေး ဆွဲကိုင်ပြီး ရုံးထဲက ထွက်လာတာနဲ့ ပြင်ပက အေးစိမ့်လှတဲ့ လေအေးတွေ တိုးဝင်လာတာကြောင့် လက်မောင်းနှစ်ဖက်ကို ပွတ်ကာ
"အေးနေတာပဲ . . မိုးရွာတော့မဲ့ အငွေ့အသက်တွေ ရနေတယ် . . အိမ်မရောက်ခင်အထိတော့ မရွာနဲ့အုန်းကွာ"
ဆုတောင်းလိုက်ပေမဲ့ ဆုတောင်းလေးသည် မပြည့်ဝလိုက်ပါ ။
ကားမှန်ကို မှီကာ တရွေ့ရွေ့ သွားနေတဲ့ ကားရဲ့နောက်မှာ ကျန်နေခဲ့တဲ့ အဆောက်အအုံတွေ သစ်ပင်လေးတွေကို ငေးကြည့်နေတုန်း . .
ကားမှန်ကို ရိုက်ခတ်လာတဲ့ မိုးစက်လေးတွေကြောင့် . . . kyung soo ကောင်းကင်ကို မော့ကြည့်လိုက်ကာ
"ခဏလောက်ဖြစ်ဖြစ် အောင့်အည်းပေးတာ မဟုတ်ဘူး အခုတော့ ထီးမပါတဲ့ငါက မိုးရေထဲမှာ ကြွက်စုတ်ဖြစ်တော့မှာပဲ "
ရေငွေ့တွေကြောင့် မှုန်ဝါးနေတဲ့ မှန်မှာ အသည်းတစ်ခြမ်းပုံ ဆွဲကာ
*ငါရော ဘယ်တော့များမှ အချစ်နဲ့တွေ့ဆုံမှာလဲ*
ဆိုတဲ့ အတွေးကြောင့် kyung soo ရယ်မိကာ
"မိုးရွာလာတာနဲ့ပဲ နေရင်းထိုင်ရင်း အထီးကျန်နေသလိုဖြစ်လာပြီး . ပေါက်ကရ အတွေးတွေ ဝင်လာပြန်ပြီကွာ "
ကားရပ်သွားတော့ သူဆွဲထားတဲ့ အသည်းပုံတစ်ခြမ်းကို လက်ဝါးနဲ့ ပွတ်ကာ ဖျက်ပစ် လိုက်ပြီး ကားပေါ်ကနေ ဆင်းလာခဲ့သည် ။
ကားပေါ်က ဆင်းဆင်းချင်းပဲ လာရောက်ထိခတ်တဲ့ မိုးစက်တွေကြောင့် ကားမှတ်တိုင် အမိုးအောက်သို့ Mr.K အမြန်ပြေးဝင်ရတော့သည် ။
တော်တော်နဲ့ကို တိတ်မဲ့ပုံ မပေါ်တဲ့ ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီးမှလက်ကိုင်အိတ်ကို ခေါင်းပေါ်မှာ အုပ်လိုက်ပြီးနောက် ကားမှတ်တိုင်ကနေ ပြေးထွက်လိုက်ပေမဲ့ သုံးလေးလှမ်းလောက် ရောက်ပြီးတော့မှ မိုးစက်တွေ သူအပေါ်ကို ကျမလာတာကို Mr.K သတိထားမိပြီး ခေါင်းမော့ကြည့်လိုက်မိတော့ အနီရောင် ထီးလေးတစ်ချောင်းက သူကို အုပ်မိုးလျက်သား ဖြစ်နေတာမို့ လှည့်ကြည့်လိုက်တော့ အနောက်ကနေ ထီးဆောင်းပေးထားသူက Mr.J ဖြစ်နေခဲ့သည် . .
"မိုးရေထဲကို ဒီအတိုင်း ပြေးသွားဖို့ လုပ်နေတာ.. ဖျားသွားမှာ မကြောက်ဘူးလား Mr.K"
ထီးကို ဆောင်းပေးရင်း Mr.Jက ပြောလာတော့ . . .
> သူ ငါကို Mr.Kလို့ ခေါ်လိုက်တာလား . ငါတောင် သူနာမည်သိသေးတာပဲ . သူလည်း ငါ့နာမည်သိနေတာ မဆန်းပါဘူးလေ <
Mr.K တွေးနေတုန်း . . .
"ထီးမပါဘူး မှတ်လား အိမ်ပြန်မဲ့နေရာက လည်း တူနေတာပဲဟာ. ကိုယ်တို့ အတူတူ ပြန်ကြတာပေါ့"
ဆိုပြီး ပြောလာတဲ့ Mr.J ကြောင့် Mr.Kလည်း ခေါင်းညိတ်လိုက်ကာ မျက်နှာချင်းဆိုင် ဖြစ်နေရာကနေ ဘေးချင်းယှဉ်ရပ်လိုက်ချိန် အပြုံးတစ်ခု ဖြစ်သွားတဲ့ Mr.Jရဲ့မျက်နှာကို မျက်စိထောင့်အစွန်းကနေ ရိပ်ခနဲ မြင်လိုက်ရသည် ။
မိုးစက်တွေ ကျဆင်းနေတဲ့ လမ်းမထက်မှာ အနီရောင်ထီးတစ်ချောင်းအောက် အတူလျှောက်နေတဲ့ သူတို့နှစ်ယောက်ကြားမှာတော့ မိုးစက်သံတွေ လွဲပြီး တိတ်ဆိတ်နေခဲ့တယ် . . . .
~ ပုံမှန်ဆို စကားနည်းသူ မဟုတ်ပေမဲ့ သူနဲ့ဆို ကျွန်တော်ဆီမှာ ပြောဖို့ စကားလုံးတွေ ရှာမရခဲ့ပါ ~
Mr.K တစ်ယောက် အခန်းထဲ မဝင်ခင် တစ်ဖက်မှာ အခန်းတံခါး ဖွင့်နေတဲ့ Mr.J ဘက်ကို လှည့်ပြီး
'ဒီနေ့အတွက် ကျေးဇူးပါပဲMr.J'
ဆိုပြီး ကျေးဇူးတင်စကားပြောလိုက်တော့ Mr.Jက အံသြသွားသလို လှည့်ကြည့်လာခဲ့တော့
> သူ ဘာလို့ အဲလောက် အံသြသလို ဖြစ်နေရတာလဲ . . အာ~ စဉ်းစားကြည့်လိုက်တော့ ဒါက သူကို ပထမဆုံး စကား စပြီး ပြောဖူးတာပဲ <
################################