Mr.J' pov : 2
Viewers 1k


မှန်ပတ်လည် ကာရံထားတဲ့ အခန်းတစ်ခုမှာ ထွက်ပေါ်နေတဲ့ တီးလုံးသံနဲ့အတူ . . စည်းချက်ကျကျ ကကွက်တွေနဲ့ . . လှုပ်ရှားနေတဲ့ ကောင်လေးသုံးယောက် . . . သူတို့က အခြားတော့ မဟုတ်ပါဘူး . . Cover danceလောကမှာ တောက်ပနေတဲ့ ကြယ်ပွင့်အဖွဲ့ . . Wolf Boys...


အချိန်အတော်ကြာတော့မှ တီးလုံးသံတွေ ရပ်သွားကာ သုံးယောက်လုံး ကြမ်းပြင်ပေါ်မှာခြေပစ်လက်ပစ် ထိုင်ချလိုက်ကြတယ် . . 


"Yလေးရေ . . ရေဘူးလေး ဖွင့်ပေးပါလားဟင် အစ်ကိုရဲ့လက်ကောက်ဝတ်တွေမှာ အားမရှိတော့လို့"


"Ok .. Bae . "


ရေဘူးအဖုံး ဖွင့်ပေးရုံသာမက ရေကိုတောင် ခွံ့တိုက်မတတ် ကြင်နာပြနေကြတဲ့ အချစ်ဌက်နှစ်ကောင်ဖြစ်တဲ့သူရဲ့လုပ်ဖော်ကိုင်ဖက်တွေကို Mr.J မျက်စိနောက်လာတာနဲ့ . . . 


"Mr.Yနဲ့ Mr.T ဒီနေရာမှာ ငါ ရှိနေသေးတာကိုလည်း သတိရကြအုန်းနော်.. 

လူရှေ့မှာတောင် လာကလူနေကြတယ်"


ဆိုပြီး Mr.J ပြောလိုက်တော့ Mr.Tက အားနာသလို ပြုံးပြပေမဲ့ 


"ကျွန်တော်လိုမျိုး  ကိုယ့်ချစ်သူလေးကို ရေဘူးအဖုံး ဖွင့်တိုက်ချင်နေတာလား . . ဒါက တော့ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲလေ 

အစ်ကိုJ  မနာလို ဖြစ်မနေပါနဲ့ . ."


Mr.T ရဲ့ မေးဖျားလေးကို တစ်ချက် ကိုင်လိုက်ပြီး Mr.Yက ပြောလာတော့လည်း  Mr.Tက သူ့ကောင်လေးပြောတာ မှန်ကြောင်း ထောက်ခံသည့်ဟန် ခေါင်းညိတ်ပြနေလိုက်တာ ပုတ်သင်ညိုကနေ အဘခေါ်ရလောက်၏။


အမေဘက်က ညီဝမ်းကွဲနဲ့ အဖေဘက်က ညီဝမ်းကွဲ သူတို့နှစ်ယောက်ကြားမှ Mr.Jဆိုတဲ့ကျွန်တော်ကတော့ အကြီးပေါ့ . . 

သုံးယောက်လုံး အကဝါသနာပါတာချင်း တူတာကြောင့် အဖွဲ့ဖွဲ့ဖြစ်ခဲ့ကြတာ . . . 


သူတို့နှစ်ယောက်ကတော့ ဘယ်က ဘယ်လို ဖူးစာဆုံဖြစ်သွားကြတာလဲ မသိပေမဲ့ . . သာယာနေကြတာ . . သူတို့ကို ကြည့်ရင်းနဲ့ ကျွန်တော့်နှလုံးသားပိုင်ရှင်လေးကို လွမ်းလာပြီ . . မျက်နှာလေးဖြစ်ဖြစ် မြင်ရအောင်  သွားချောင်းအုန်းမှပဲ... 


အပေါ်ထပ်ဝတ်တဲ့ ကုတ်အကျီကို လက်က ကိုင်ကာ အပြင်သွားဖို့ လုပ်တော့ 


"ဘာလဲ သတိရသွားလို့ . . သွားတွေ့မလို့လား . . သူကို ဘယ်တော့မှ အစ်ကို ဖွင့်ပြောမှာလဲ.. အချစ်မှာ နှေးနေရင်တော့ နောက်ကျကျန်နေခဲ့မယ်နော် . . သတိထားအုန်း"


Mr.Yရဲ့ စကားကြောင့် Mr.J ပြုံးမိကာ...


*ဆူနာမီလို ဝုန်းခနဲတက် ဝုန်းခနဲကျသွားတတ်တဲ့ ခံစားချက်မျိုး မလိုချင်ဘူး . . ကျောက်ထွင်းအက္ခရာလို ခက်ခဲစွာ တစ်ဆင့်ချင်း ထွင်းထုသွားပြီး သူနှလုံးသားထဲမှာ ငါ့အချစ်တွေ ရေးထိုးနိုင်တဲ့အထိ သူ့နှလုံးသားထဲကို ဖြည်းဖြည်းချင်းပဲ တိုးဝင်သွားချင်တာ . . * 


...........


Mr.Kရှိရာကို အမြဲလာလာ ချောင်းနေ အဲလေ လာလာကြည့်နေကျမို့ အခုက နေ့လည်စာ စားချိန်ရောက်နေပြီမှန်း Mr.J သိနေတယ်လေ

အဲဒါနဲ့ Companyရှေ့က Mr.K  စားနေကျဆိုင်မှာ သွားစောင့်နေပေမဲ့ . . နေ့လည်စာ စားချိန်ကျော်လာတဲ့အထိ Mr.Kရဲ့အရိပ်လေးကိုတောင် မတွေ့တာကြောင့် 


"ဒီနေ့ကျမှ အစောကြီးပဲ စားပြီးသွားတာလား . . ဟူး သူမျက်နှာလေး မတွေ့ရတော့ဘူးပဲ"


...............................................................


ညနေ အလုပ်ဆင်းချိန်ရောက်လာတော့ . . Mr.K ပြန်အလာကို သူ(Mr.J) အမြဲ စောင့်နေကျ လမ်းထိပ်က coffeeလေးမှာ စောင့်နေပြန်သည်။


အလုပ်သွားချိန်ဆို . . Mr.K မသိအောင် . အနောက်ကနေ လိုက်ပို့သလို . အလုပ်ဆင်းချိန်ဆိုရင်လည်း . . Mr.K ပြန်လာတဲ့အချိန် အနောက်ကနေ လိုက်ကာ အိမ်ပြန်လေ့ရှိ၏။ 


~ ကျွန်တော် ဘာလို့ သူကို အဲလောက်တောင် ချစ်မိသွားခဲ့မိတာလဲ  မသိဘူး

ကျွန်တော် ဒီကို စပြောင်းလာတုန်းက နေရာ မသိလို့ ဘေးနားက ဖြတ်သွားတဲ့Mr.Kကို မေးခဲ့တုန်းက အထုတ်အပိုးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ကျွန်တော့်ကို တစ်ချက် ကြည့်ပြီးမှ အထုတ်အနည်းငယ်ကို သူဆီ ဆွဲယူလိုက်ကာ သူ့နောက်လိုက်ခဲ့ဖို့ အမူအရာပြခဲ့တဲ့အချိန်များကလား . . 


သေချာပါတယ် . . အဲအချိန်ကစပြီး ကျွန်တော့်နှလုံးသားရော စိတ်ကပါ သူဆီ ပါသွားခဲ့တာပဲ


ကျွန်တော်တို့ စတွေ့ဆုံခဲ့တဲ့ . . အဲအချိန်က သူ့နောက်ကို လိုက်ခဲ့သလိုမျိုး . . . ဘယ်တော့ဖြစ်ဖြစ် သူနောက်ကို အမြဲလိုက်နေခဲ့မိတာ . . ဒါကို မြင်မြင်ချင်း အချစ်လို့  ခေါ်နိုင်လား . .


ဒါပေမဲ့ သူဆီက ကျွန်တော်ကို စကားပြောသံလေး . . အခုထိ မကြားရသေးဘူး ~ 


ညရှစ်နာရီခွဲတဲ့အထိ Mr.J ထိုင်စောင့်နေရာကနေ ကောင်းကင်ကို ကြည့်လိုက်တော့ နီရဲနေတာကြောင့် . . . 


"အာ~ မကြာခင် မိုးရွာတော့မှာပဲ . Mr.Kဆီမှာ ထီးပါသွားမှာ မဟုတ်ဘူးဆိုတော့ 

ငါ ဘတ်စ်ကားဂိတ်မှာ သွားစောင့်နေမှ"


Mr.J အိမ်အမြန်ပြန်ပြီး ထီးယူကာ ကားဂိတ်မှာ သွားထိုင်စောင့်နေလိုက်တယ်. . . 

နာရီလက်တံတွေ တရွေ့ရွေ့နဲ့ ရွေ့လျားနေပြီး မိုးစက်တွေပါ ကျဆင်းလာပြီးနောက် 

ဆယ်နာရီ ထိုးခါနီးကျမှ . Mr.K စီးလာတဲ့ ဘတ်စ်ကား ဆိုက်ရောက်လာခဲ့သည်။


မိုးရွာလို့ စိတ်ညစ်နေတဲ့ Mr.Kကတော့ မှတ်တိုင်အမိုးအောက် ပြေးဝင်လာတဲ့အထိ ထိုနေရာမှာ ရှိနေတဲ့ Mr.Jကို တွေ့ပုံမရ ။ 


မှတ်တိုင်အမိုးအောက်ကနေ မိုးစက်တွေ ကျနေတဲ့ ကောင်းကင်ကို မော့ကြည့်ကာ မျက်နှာလေး စူပုတ်နေရှာတဲ့ Mr.Kကို Mr.J မြတ်နိုးစွာ ငေးကြည့်နေမိရာကနေ လက်ကိုင်အိတ်ကို ခေါင်းပေါ်တင်ပြီး မိုးရေထဲ ပြေးထွက်သွားတဲ့Mr.Kကြောင့် သတိပြန်ဝင်လာကာ ထီးဖွင့်ပြီး အနောက်ကနေ အမြန်ပြေးလိုက်ကာ ဆောင်းပေးလိုက်တော့ . . လှည့်ကြည့်လာတဲ့ မျက်ဝန်းလေး တကယ်ကို သိပ်လှတာပဲ . . .


"မိုးရေထဲကို ဒီအတိုင်း ပြေးသွားဖို့ လုပ်နေတာ.. ဖျားသွားမှာ မကြောက်ဘူးလား Mr.K"


ပြောလိုက်ပေမဲ့ ဘာတုံပြန်မှုမှ မရှိဘဲ ကြည့်နေတဲ့ Mr.K ကြောင့် 


"ထီးမပါဘူး မှတ်လား အိမ်ပြန်မဲ့နေရာက လည်း တူနေတာပဲဟာ. ကိုယ်တို့ အတူတူ ပြန်ကြတာပေါ့" 


ဆိုပြီး စကားဆက်ပြောလိုက်တော့မှ အတူသွားဖို့အတွက် ဘေးနားမှာ ယှဉ်ရပ်လိုက်တဲ့ Mr.Kကြောင့် Mr.J အလိုလို ပြုံးမိသွားတယ် 


~ ကံဇာတာ တက်နေတယ်ပဲ ပြောရမှာလား အခုဆို ထီးတစ်ချောင်းအောက်မှာ သူနဲ့အတူတူ ဆောင်းပြီး လမ်းလျှောက်နေခဲ့ရပြီ ~


"ဒီနေ့အတွက် ကျေးဇူးပါပဲ Mr.J"


ဆိုတဲ့ နောက်ကျောကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် Mr.J အခန်းထဲ ဝင်ဖို့ သော့ဖွင့်နေတဲ့ လက်တွေ ရပ်တန့်သွားခဲ့သည်။ 


Mr.K ဘက်ကို လှည့်ကြည့်မိတော့ သူကို အပြုံးလေးတစ်ချက်ပေးပြီး သူအခန်းသူ ဝင်သွားတဲ့အထိ Mr.J အဲနေရာမှာ ရပ်နေမိတုန်းပင်....  


* ဒါပထမဆုံးအကြိမ် သူ ကျွန်တော်ကို စကားစပြီး ပြောဖူးတာပဲ . . * 


အနီရောင်ကြိုးတစ်ချောင်းက လူနှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ပိုခိုင်မြဲအောင် ချည်နှောင်ပေးတယ်ဆိုတော့ အနီရောင်ထီးတစ်ချောင်းအောက်မှာ အတူရှိနေခဲ့ဖူးတဲ့ သူတို့နှစ်ယောက်ကြားမှာရော သံယောဇဉ်တွေ ဒီထက် ပိုတိုးပြီး ခိုင်မြဲလာနိုင်မှာလား 


################################