Mr.K' pov: 3
Viewers 1k


မနေ့က မိုးရွာနေတဲ့ လမ်းမထက်မှာ ထီးတစ်ချောင်းတည်းအောက်မှာ အတူ လျှောက်ခဲ့တဲ့ ပုံရိပ်တွေကြောင့် Mr.Kရဲ့နှလုံးသားက နဂိုကထက် ပိုခုန်နေတာကြောင့် ဒီနေ့တော့ အိပ်ရာ အစောကြီး နိုးနေခဲ့ပြီ။ 


ရုံးမသွားခင် အချိန်ရနေသေးသဖြင့် Mr.K  နွားနို့ထိုင်သောက်နေရင်း အခုန်မြန်နေတဲ့ ဘယ်ဘက်ရင်ဘတ်က နှလုံးသားလေးအပေါ် လက်ဝါးလေး အသာတင်လိုက်ကာ 


*ဂရုစိုက်မှုလေးတစ်ခုကြောင့်နဲ့ ငါအဲလောက် တောင် ရင်တွေ ခုန်နေမိတာလားကွာ * 


အလုပ်သွားဖို့အတွက် အခန်းထဲကနေ ထွက်လာပြန်တော့ အရင်က အမြဲပွင့်ပွင့်လာလေ့ရှိတဲ့ မျက်နှာချင်းဆိုင်က အခန်းတံခါးလေးက ဒီနေ့တော့ ပွင့်မလာဘဲ ငြိမ်သက်နေတာကြောင့် အဲတံခါးလေးကို ရပ်ကြည့်နေခဲ့မိသေးသည်။ 


အခန်းတံခါးလေး ပွင့်များလာပြီး Mr.Jများ ထွက်လာအုန်းမလားဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့


>Good  Morning .<


ဆိုတဲ့ နှုတ်ဆက်သံလေး မကြားရလို့များလား . . သူဆီကနေ အမြဲကြားနေတာမို့ တစ်ခုခုတော့ လိုနေသလို ခံစားနေရပြီ။ 


ဒီနေ့တော့ အလုပ်ကို သွားဖို့အတွက် ကားမှတ်တိုင်ဆီ လှမ်းနေရတဲ့ ခြေလှမ်းတိုင်းက လေးလံနေသလိုပဲ  . .  


အနောက်ကနေ အမြဲ ကပ်ပါလာတတ်တဲ့ ခြေသံလေးကို မကြားရလို့များလား . . 


busကားမှတ်တိုင်မှာ ရပ်နေတော့လည်း လစ်ဟာနေသလို... ခံစားနေရတာ မလှမ်းမကမ်းမှာ ရပ်နေတတ်တဲ့သူကို မတွေ့ရလို့များလား . . . .


ဒီနေ့ တစ်နေကုန်အလုပ်ထဲနေရတာ စိတ်မပါဘူး ဖြစ်နေတာကလည်း  . . 

မနက်တိုင်းအမြဲ မြင်နေရတဲ့ သူ့မျက်နှာလေး မမြင်တွေ့လိုက်ရလို့များလား  . . . . 


ညနေ အလုပ်ဆင်းပြန်တော့လည်း . . လမ်းထိပ်က ကော်ဖီဆိုင်မှာ အမြဲ ရှိနေတတ်တဲ့သူကို မတွေ့ပြန်ဘူး . . . 


ဟူးးးးးး ~~~~~~


တစ်နေ့တာလုံးလေးပင်နေခဲ့တဲ့ စိတ်ကြောင့် Mr.K သက်ပြင်းချလိုက်ကာ 


*အနားမှာ အမြဲရှိနေရင်တာ မသိသာတာ 

မတွေ့ရတော့ဘူးဆိုရင် ခံစားနေရတဲ့ လစ်ဟာမှု ကွက်လပ်က ပိုကြီးတယ်တဲ့  . . ငါအခုလို ခံစားနေရတာတွေက သူအပေါ်  မသိမသာနဲ့ခင်တွယ်နေမိသွားလို့များလား * 


"ဟိတ်!! အခန်းနံပါတ်113က ကောင်လေး"


*113??? အဲဒါ ငါ့အခန်းနံပါတ်ပဲ* 


ခေါ်သံ ကြားရာဘက်ကို Mr.K လှည့်ကြည့်လိုက်တော့ သူတို့လမ်းထိပ်မှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဦးလေးကြီး ဖြစ်နေခဲ့တယ် . . 


"ဦးလေးကြီး မင်္ဂလာပါ" 


"အေး . . မင်္ဂလာပါ မင်းအခု အိမ်ပြန်မလို့ မှတ်လား"


"ဟုတ်" 


"ဒါဆို အတော်ပဲ . . အခန်း114ကို ဆေးထုပ်လေး သွားပေးပေးပါလား . . စောနက ဖုန်းဆက်လာတယ် အဖျားမကျသေးတာကြောင့်ခေါင်းမူးပြီး ဆင်းဝယ်လို့ အဆင်မပြေဖြစ်နေလို့ ဆိုပြီးတော့" 


*114??? ဒါဆို Mr.Jက ဖျားနေတာလား*  


"ဟုတ်..ဟုတ်

ကျွန်တော် ယူသွားပေးလိုက်ပါ့မယ်" 


ဦးလေးကြီးလက်ထဲက ဆေးထုပ်ကို Mr.K လှမ်းယူလိုက်သည် ။ 


* ငါကြောင့်နဲ့ မနေ့က မိုးမိသွားလို့ ထင်ပါရဲ့* 


••••••••••••••••••••••••••••••••••••••••••••••••••


တံခါးခေါက်ပြီး ခဏကြာတော့ အခန်းတံခါး ပွင့်လာခဲ့တော့ တစ်ကိုယ်လုံး စောင်ပတ်နေတဲ့ Mr.Jကို တွေ့လိုက်ရတယ် 


Mr.Jကလည်း Mr.Kကို တွေ့လိုက်ရလို့ ထင်တယ် အံသြမှုအပြည့် ဖြစ်နေတဲ့ မျက်နှာအမူအရာလေး . . နှုတ်ခမ်းလေးပါ ဟလို့  . . . 


"ဆေးလာပို့ပေးတာ . .   

အိမ်ထဲ ဝင်ခွင့်မပေးတော့ဘူးလား"


"ဗျာ? မဟုတ် မဟုတ်ပါဘူး .. ဝင် ..ဝင်ခဲ့ပါ"


Mr.Jbဖယ်ပေးလိုက်တော့ အိမ်ထဲကို ဝင်လိုက်ပြီး . . Mr.Jရဲ့နဖူးကို Mr.K ရုတ်တရက် လှမ်းစမ်းလိုက်ပြီးတော့မှ . . 


"အင်း..အဖျားက ရှိသေးတာပဲ . . ဆေးဆိုင်က ဦးလေးက ဆေးထည့်ပေးလိုက်တယ် . . နေအုန်းး. . အစာရော စားထားသေးလား"


Mr.Kက မေးလိုက်တော့ Mr.Jက ခေါင်းယမ်းပြကာ.. 


"အိမ်မှာရှိတဲ့ နွားနို့နဲ့ cakeလေးပဲ စားရသေးတယ်" 


"ဒါဆိုဆန်ပြုတ် အရင်လုပ်ပေးမယ်. . ခဏစောင့်နေ့အုန်း. . စားပြီးမှ ဆေးသောက်ရမယ်လေ... Mr.J မင်းက အိမ်ထဲ မဝင်တော့ဘူးလား. . တံခါးဝမှာပဲ ရပ်နေတော့မလို့လား" 


Mr.K ပြောတော့မှ အံသြပြီး ရပ်နေမိရာကနေ တံခါးပိတ်ပြီး အထဲဝင်လာခဲ့တယ် 


Mr.Kကတော့ ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေတဲ့အတိုင်း လှည့်ပတ်ရှာနေပြီ... 


"ဆန် . . ဆန်က ဘယ်နားမှာလဲ . . အာဟားး တွေ့ပြီ " 


ပြီးတော့ ရေခဲသေတ္တာဖွင့်လိုက်ပြီး 


"ကြက်သားရော. . ခရုရော ရှိနေတာပဲ, . . ဘယ်ဟာ ပိုကြိုက်လဲ. . ကြက်သားဆန်ပြုတ်?? ခရုဆန်ပြုတ်??" 


"ကြက်သားဆန်ပြုတ် . ."


'Ok . . ခဏထိုင်စောင့်နေနော်' 


သူ့အိမ်အတိုင်း. . ဝင်ရောက်ကာ . . ချက်ပြုတ်ပေးနေတဲ့ Mr.Kကို ကြည့်ပြီး Mr.J ပြုံးနေမိတယ် . . 


"အရသာ ဘယ်လိုနေလဲ . . " 


သိချင်လိုစိတ်နဲ့ မေးနေတဲ့ Mr.Kရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေကြောင့် Mr.J စားနေရာကနေ လက်မထောင်ပြလိုက်တော့ တကယ်ပျော်သွားတဲ့ ပုံလေး . . 


"ဒီတစ်ပန်းကန် အကုန်စားရမယ်နော်"


"စားမှာပေါ့ဗျာ . . ဒီလောက်ကောင်းတဲ့ ဆန်ပြုတ်ကို ဗိုက်ထဲ အကုန်ထည့်မှာ . . "


ပြောနေရင်းး Mr.J ခပ်သောက်လိုက်တော့ 

နှုတ်ခမ်းမှာ ပေသွားတာကြောင့် . . . Mr.Kလည်း လက်လှမ်းကာ သုတ်ပေးနေမိတုန်း


"အစ်ကိုJ... နေမကောင်းဘူးဆို" 


"နေမကောင်းဖြစ်နေတဲ့ဟာ . . ဘာလို့ တံခါးကို လော့မချထားရတာလဲဒီအကိုကတော့ သူခိုးသာ ဝင်လာရင်ဘယ်လို………… " 


ဆိုတဲ့ အော်ဟစ်သံနဲ့အတူ ဝင်လာတဲ့ လူနှစ်ယောက်က  Mr.K ကို တွေ့တော့မှ ရပ်တန့်သွားခဲ့တယ် . . 


"အော် . Mr.Kခင်ဗျာ

သူတို့နှစ်ယောက်က ကျွန်တော့်ညီဝမ်းကွဲတွေ'


"အာ~တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က သူရဲ့မျက်နှာချင်းဆိုင်အခန်းက Mr.Kပါ' 


Mr.Kက စပြီး နှုတ်ဆက်လိုက်တော့ တစ်ဖက်လူတွေကလည်း 


"အမေဘက်က ညီဝမ်းကွဲ Mr.Yပါ"


"ကျွန်တော်က အဖေဘက်ကပါ Mr.T.. အစ်ကိုJကို အခုလိုဂရုစိုက်ပေးတာ ကျေးဇူးပါဗျာ"


"ဒီလို ပြုစုပေးမဲ့သူ ရှိနေလို့ . . ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး မခိုင်းတာကို . . အရင်ကဆို ဖုန်းဆက်ပြီး ဟိုဟာ ဝယ်ခိုင်းရ ဒီဟာ ဝယ်ခိုင်းရနဲ့  . . .' 


ဆိုပြီး Mr.Yက ပြောလိုက်တော့ 


"အစ်ကိုက အခုပြန်တော့မှာ . Mr.Jစားပြီးရင် သေချာဆေးသောက်လိုက်နော်' 


ပြောပြီးတာနဲ့ . . အိတ်ကလေး ဆွဲယူကာ ပြန်လာခဲ့လိုက်တယ် 


ကိုယ့်အခန်းထဲ ရောက်တော့မှ Mr.K  တံခါးကို မှီရပ်နေကာ 


*အမေတို့ မရှိတော့တဲ့နောက်ပိုင်း . . ဒါက ပထမဆုံးပဲ . . တစ်စုံတစ်ယောက်အတွက် ချက်ပေးရတာ * 


ရင်ဘတ်ကို Mr.K လက်တင်ပြီး ရေရွတ်လိုက်မိတာက 


*ငါ ရင်တွေ ခုန်နေပြန်ပြီ* 


################################