"အား!! ကျွတ်ကျွတ် . . ခေါင်းတွေ ကိုက်လိုက်တာ. . မနေ့က မိုးမိတာ အခုတော့ ဖျားပြီ ထင်တယ်"
Mr.J သူနားထင်သူ ဖိကာ အိပ်ရာထက်မှာ ထိုင်နေလိုက်ရင်း နာရီကို ကြည့်လိုက်မိတော့
"ဟာ Mr.Kတောင် အလုပ်သွားခါနီးနေပြီ"
ကမန်းကတန်း ထရပ်လိုက်ပြီးမှ မှန်ထဲမှာ တွေ့နေရတဲ့ အဖျားရှိန်ကြောင့် နီရဲနေတဲ့ မျက်လုံး . . ဖြူဖျော့နေတဲ့ မျက်နှာဖြစ်နေတဲ့ သူပုံကို မြင်လိုက်ရတာကြောင့်
"မဖြစ်သေးပါဘူး ဒီလိုပုံကို Mr.K မြင်သွားရင် စိတ်ပူနေအုန်းမယ်. . ဒီနေ့တော့ မလိုက်တော့တာပဲ ကောင်းမယ် ထင်ပါရဲ့"
နွားနို့တစ်ခွက်နဲ့ cakeတစ်ခုကို ယူကာ ပြတင်းပေါက်နားမှာ ထိုင်ရင်း . Mr.K ထွက်အလာကို စောင့်နေခဲ့လိုက်တယ် . . .
တွေ့ပါပြီ . . အပေါ်ကနေ လှမ်းမြင်နေရတဲ့ ကျောပြင်သေးသေးလေး . . . အနောက်ကနေ ပြေးလိုက်ချင်စိတ် ဖြစ်ပေါ်နေပေမဲ့ စိတ်ကသာ ရောက်သွားတယ် ခန္ဓာကိုယ်ကတော့ အဖျားကြောင့် ငြင်းဆန်နေခဲ့သည် ။
*အနောက်ကနေ အမြဲလိုက်နေရင်း တစ်ချက်တစ်ချက် လေအတိုးမှာ လွှင့်ပျံလာတဲ့ သူရဲ့ ကိုယ်သင်းနံ့လေးကို အမြဲရှုနေခဲ့တာ . . ဒီနေ့တော့ အဲရနံ့လေးကို လွမ်းရတော့မယ်ကွာ *
တဖြည်းဖြည်းနဲ့ ဝေးကွာလာကာ မြင်ကွင်းကနေ ပျောက်သွားတဲ့အထိ Mr.J ထိုင်ကြည့်နေပြီးမှ ပြတင်းပေါက်လေးကို ပြန်ပိတ်ကာ တစ်ဝက်ကျန်နေသေးတဲ့ နွားနို့ခွက်ကို ပြန်သိမ်းပြီး ရေစိမ်ထားတဲ့ တဘက်တစ်ထည်ကို ယူကာ နဖူးပေါ် တင်လိုက်ပြီး အိပ်ရာထက်မှာ ပြန်လှဲနေလိုက်တယ် . .
"အိပ်မယ်ကွာ . . အိပ်ရာက နိုးလာရင်တော့ အားပြည့်ပြီး နေကောင်းသွားမှာပဲ"
ပူနေတဲ့ နဖူးထက်မှာ တဘက်လေးကို တင်ထားရင်း အဖျားရှိန်ကြောင့် ခေါင်းလေးနေကာ မကြာခင်မှာပဲ Mr.J အိပ်ပျော်သွားခဲ့တယ် . .
........
နားထဲ တိုးဝင်လာတဲ့ ဖုန်းသံကြောင့် Mr.J အိပ်ပျော်နေရာက နိုးလာကာ ဖုန်းကိုင်လိုက်တော့
"အစ်ကို ဒီနေ့ dance practiceလုပ်ဖို့ မလာဘူးလား"
ဆိုတဲ့ စူးထွက်လာတဲ့ Mr.Tရဲ့ အသံကြောင့် ဖုန်းနဲ့ အနည်းငယ် ခွာလိုက်ကာ
*အားးပါးးးပါးး. . စူးလိုက်တဲ့အသံ . . ဒီအကောင် အဆိုတော်ပဲ လုပ်သင့်တာ*
"လာမလားဆိုပြီး စောင့်နေတာ ညနေတောင် ရောက်နေပြီ . အရေးကြီးကိစ္စရှိနေလို့လား"
တစ်ဆက်တည်းမှာပဲ ဘေးနားကနေ Mr.Yရဲ့အသံပါ ထွက်လာတာကြောင့် . .
"မနက်တည်းက မလာတာကို ဖုန်းမဆက်ဘဲ ဒီအချိန်ကျမှ ဖုန်းဆက်ရလားကွာ"
ဆိုပြီး Mr.J ပြောလိုက်တော့မှ . .
" ဒါကလေ အစ်ကို မလာသေးဘူးဆိုပြီး ကျွန်တော်တို့ နှစ်ယောက် ခဏလျှောက်လည်မယ်ဆိုပြီး သွားတာ ခုနမှ ပြန်ရောက်လို့"
"အေးကွာ! ညနေလည်း လာမှာ မဟုတ်လို့ . . night outပါ ထွက်ပြီး Dateထပ်လုပ်ကြ"
'Mr.Tရာ ဒါဆို ညကျရင်လည်း date ထပ်လုပ်ကြရအောင်နော် . . နော် . . '
ဖုန်းကနေ တဆင့် Mr.Tရဲ့ဘေးမှာ တတွတ်တွတ် ပူဆာနေတဲ့ Mr.Yရဲ့ အသံကို ကြားနေရတော့ Mr.J ပြုံးမိလိုက်တယ် . .
"Yလေး အသာနေစမ်းပါ .. အစ်ကိုJ ဘာလို့လဲ တစ်ခါမှ practiceလုပ်တာ မပျက်ဖူးပါဘူး"
"နေလို့မကောင်းလို့ ဒီနေ့ တစ်ရက်လောက် နားမလို့ပါ . . မင်းတို့လည်း အေးဆေး နားကြကွာ bye!!"
Mr.J ဖုန်းချလိုက်ပြီးတော့ ရေသောက်ချင်လာတာနဲ့ ထဖို့ လုပ်လိုက်ပေမဲ့ ခေါင်းမူးပြန်တာကြောင့် ခေါင်းကို ကိုင်ကာ ပြန်ထိုင်လိုက်ပြီး
"ဆေးလည်း သွားမဝယ်ရသေးဘူး. . ခုနေ သွားဝယ်ရင်လည်း Mr.K နဲ့ တိုးနိူင်တယ် . . ဖုန်းဆက်ပြီး ဆေးဆိုင်က ဦးလေးကိုပဲ အကူအညီတောင်းရတော့မယ်"
………………………………………………………
ထွက်ပေါ်လာတဲ့ တံခါး ခေါက်သံကြောင့်
'ဦးလေးကြီး လာပို့ပြီ ထင်တယ်'
တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့ မျက်နှာလေးကြောင့် Mr.J အံသြသွားခဲ့တယ်
*Mr.Kက ဘယ်လိုလုပ်ပြီးတော့ ??? *
"ဆေးလာပို့ပေးတာ . .
အိမ်ထဲ ဝင်ခွင့်မပေးတော့ဘူးလား"
သူအသံလေး ကြားမှ Mr.J သတိပြန်ဝင်လာကာ
"ဗျာ? မဟုတ် မဟုတ်ပါဘူး .. ဝင် ..ဝင်ခဲ့ပါ"
အိမ်ထဲ ဝင်လာပြီးတော့ ရုတ်တရက် ကျွန်တော့်နဖူးပေါ် ရောက်လာတဲ့ သူရဲ့လက်ဖဝါးလေးကြောင့် အသက်ရှုမှားရပြန်ပြီ . .
"အင်း..အဖျားက ရှိသေးတာပဲ . . ဆေးဆိုင်က ဦးလေးက ဆေးထည့်ပေးလိုက်တယ် . . နေအုန်းး. . အစာရော စားထားသေးလား"
Mr.Kက မေးလာတော့ ကျွန်တော် ခေါင်းယမ်းပြကာ..
"အိမ်မှာရှိတဲ့ နွားနို့နဲ့ cakeလေးပဲ စားရသေးတယ်"
"ဒါဆိုဆန်ပြုတ် အရင်လုပ်ပေးမယ်. . ခဏစောင့်နေ့အုန်း. . စားပြီးမှ ဆေးသောက်ရမယ်လေ... Mr.J မင်းက အိမ်ထဲ မဝင်တော့ဘူးလား. . တံခါးဝမှာပဲ ရပ်နေတော့မလို့လား"
သူပြောတော့မှ ကျွန်တော် ကျောက်ရုပ်လို ရပ်နေမိတာကို သတိရသွားတယ် . .
'ဆန် . . ဆန်က ဘယ်နားမှာလဲ . . အာဟားး တွေ့ပြီ . . '
ပြီးတော့ ရေခဲသေတ္တာဖွင့်လိုက်ပြီး
'ကြက်သားရော. . ခရုရော ရှိနေတာပဲ, . . ဘယ်ဟာ ပိုကြိုက်လဲ. . ကြက်သားဆန်ပြုတ်?? ခရုဆန်ပြုတ်?? '
'ကြက်သားဆန်ပြုတ်'
'Ok . . ခဏစောင့်နော်'
အိမ်ရှင်ကျနေတာပဲ . . တစ်ယောက်တည်း မီးဖိုချောင်ထဲမှာ ချက်ပေးနေတဲ့ Mr.Kကို မြင်နေရတော့ အလိုလို ပြုံးနေမိပြန်ရော..
*ဒါကအိမ်မက်လား . . အိမ်မက်ဆိုရင်လည်း မနိုးထပါရစေနဲ့*
---------
'အရသာ ဘယ်လိုနေလဲ'
သိချင်စိတ်ကြောင့် အရောင်တောက်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးကို Mr.J ကြည့်ကာ လက်မထောင်ပြလိုက်တော့ ပျော်သွားဟန်ဖြင့် သက်ပြင်းချလိုက်တာ တွေ့လိုက်ရတယ်
"ဒီတစ်ပန်းကန် အကုန်စားရမယ်နော်"
"စားမှာပေါ့ဗျာ. . ဒီလောက်ကောင်းတဲ့ ဆန်ပြုတ်ကို ဗိုက်ထဲ အကုန်ထည့်မှာ . ."
Mr.J ခပ်သောက်လိုက်ချိန်မှာ နှုတ်ခမ်းမှာ ပေသွားတာကြောင့် တစ်ရှူး လှမ်းယူမလို့ လုပ်တုန်း နှုတ်ခမ်းကို ထိတွေ့လာတဲ့ Mr.Kရဲ့လက်ချောင်းလေးကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ရပြန်တယ်
*သူ . . သူ ငါနှုတ်ခမ်းတွေကို ထိတွေ့နေတာလား*
အဲအချိန် ဝုန်းဒိုင်းကြဲ ဝင်လာတဲ့ ညီဝမ်းကွဲ နှစ်ယောက်ကြောင့် Mr.Kလန့်သွားသလို Mr.Jကလည်း
*ဒီငရှုပ်တွေ ဘာလာရှုပ်ပြန်တာလဲဟ*
တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးချိန်မှာတော့
"ဒီလိုပြုစုပေးမဲ့သူ ရှိနေလို့ . . ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး မခိုင်းတာကို . . အရင်ကဆို ဖုန်းဆက်ပြီး ဟိုဟာ ဝယ်ခိုင်းရ ဒီဟာ ဝယ်ခိုင်းရနဲ့ . . ."
ပြုံးစိစိနဲ့ ပြောလာတဲ့ Mr.Yကြောင့်
Mr.Kမျက်နှာလေး နီမြန်းသွားတာ တွေ့လိုက်ရပြီး...
"အစ်ကိုကက အခုပြန်တော့မှာ .Mr.J စားပြီးရင် သေချာဆေးသောက်လိုက်နော်'
မျက်နှာနီနီလေးနဲ့Mr.K ပြန်သွားတော့မှ
"Yလေးရေ မင်းက ပြုစုပေးမဲ့သူလို့ ပြောလိုက်တော့ မျက်နှာ နီသွားတာကို တွေ့လိုက်လား"
"တွေ့လိုက်တယ် . . ချစ်စရာလေး . . Ah!!!! Baeရာ ဘာလို့ ဗိုက်ကို လိမ်ဆွဲရတာလဲ"
"သူများလူကို ချစ်ဖို့ကောင်းတယ် ထင်တယ်ပေါ့လေ"
"ဟာ!! မဟုတ်တာ . . Baeကသာ ကိုယ်မျက်လုံးထဲမှာ ချစ်ဖို့အကောင်းဆုံးပါ "
"တကယ်လား"
"Omm . . တကယ်!"
သူရှေ့မှာ လာကြည်နှုးနေတဲ့ နှစ်ယောက်ကို သောက်မြင်ကတ်လာတာနဲ့
"Get Out!!!! သူများရဲ့ ကြည်နူးချိန်ကိုကျ လာဖျက်စီးတဲ့ ငမွှေထိုးလေးတွေ!"
ဆိုတဲ့ Mr.J စကားကြောင့် နှစ်ယောက်သား လျှာထုတ်ကာ ခေါင်းလေးတွေ ပုဝင်သွားကြသည် ။
################################