Mr.K' pov: 4
Viewers 1k



သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးလားး 


အင်းး . . ဘယ်လို ပြောရမလဲ . . သူနေမကောင်းဖြစ်တုန်းက ရင်းနှီးခဲ့တဲ့ ရင်းနှီးမှုကနေ နှစ်လအတွင်း . . ကျွန်တော်တို့ကြားက အမူအရာလေးတွေက အရင်ကထက်တော့ ထူးခြားလာတာ အမှန်ပါပဲ


~~ အရင်က အလုပ်သွားခါနီး . . တံခါးဝမှာ ဆုံဖြစ်တိုင်း . . 


"Good Morning "


ဆိုပြီး အမြဲလိုလို သူနှုတ်ဆက်တတ်တဲ့ စကားလေးကို . . 


"Morning . . Mr.J"


ဆိုတဲ့ စကားလေးနဲ့ ပြန်လည်နှုတ်ဆက်လာမိသည် ။ 


~~ အရင်က အနောက်ကနေ ကပ်ပါလာတတ်တဲ့ . . သူခြေသံလေးတွေကို နားထောင်ရင်း အလုပ်သွားနေကျ ဖြစ်ပေမဲ့


အခုတော့ ဘေးကနေ ယှဉ်လျှောက်နေတဲ့ သူရနံ့လေးကို ရှုရှိုက်ရင်း အလုပ်သွားနေခဲ့ရပြီ ။


~~ တစ်ချက် တစ်ချက် ကျွန်တော်ဘက် လှည့်ကြည့်ကာ သူပေးလာတဲ့ အပြုံးလေးက ငေးမောရလောက်အောင် ခန့်ညားလိုက်တာဗျာ .. အဲလိုအချိန်ဆို ကျွန်တော့်ရင်ခုန်သံတွေ သူများ ကြားသွားမလား~~


~~ အရင်က မှတ်တိုင်မှာ busကားမှတ်တိုင်မှာ သူက ခပ်လှမ်းလှမ်းကနေ ကျွန်တော်နဲ့အတူ ရပ်စောင့်နေတတ်ပေမဲ့ 


အခုတော့ စကားပြောဖော် ဖြစ်လာခဲ့ပြီ ။ 


*ဒါနဲ့ သူရဲ့အသံကလည်း ဆွဲဆောင်မှု ရှိသားပဲ* 


~~ အရင်က ဆင်းရမဲ့ မှတ်တိုင်ရောက်ရင် သူကတော့ ကားပေါ်မှာသာ ကျန်နေခဲ့ပြီး . . တစ်ခါတစ်လေ သူကို လှည့်ကြည့်မိမှာ လက်ပြနှုတ်ဆက်တတ်သူက ..


အခုတော့ ရုံးရှေ့ထိ အတူတူ လမ်းလျှောက်ကာ လိုက်ပို့ပေးပြီး 


"နေ့လည်စာ အတူစားမယ်နော် . . ကျွန်တော် လာခေါ်မယ်"


ဆိုတဲ့ စကားလေးနဲ့အတူ အမြဲ နှုတ်ဆက်သွားတဲ့သူကို ကျွန်တော်ကလည်း မငြင်းဆန်မိဘဲ နားထောင်ခဲ့သည်။ 


လာခေါ်မယ်ဆိုပြီး ပြောခဲ့တဲ့ သူစကားကြောင့် နေ့လည်စာ စားချိန်ရောက်တိုင်းလည်း အမြဲစောင့်နေခဲ့တယ် ။ 


ပြီးတော့ အခုမှ ကျွန်တော် သိလိုက်ရတဲ့ အကြောင်းက အခုလို မနက်တိုင်း ကျွန်တော်နဲ့အတူ busကား သူလိုက်စီးပေးတာက ကျွန်တော်ကို အလုပ်လိုက်ပို့ပေးတာတဲ့


~~ အခုမှ သေချာစဉ်းစားမိတယ် 

သူက ကျွန်တော်ဘေးနားမှာ အမြဲတမ်း အရိပ်လေးတစ်ခုလို ရှိနေပေးတတ်တယ်ဆိုတာပဲ~~ 


••••••••••••••••••••••••••••••••••••••••••••••••••


"Mr.K"


နေ့လည်စာ အတူစားဖို့ ရုံးရှေ့မှာ သူကို ရပ်စောင့်နေတုန်း အဝေးက ပြေးလာကာ သူကို တွေ့တာနဲ့ နာမည် အော်ခေါ်နေတဲ့ Mr.Jကို မြင်လိုက်ရတော့  ပြုံးလိုက်မိတာကို သတိထားမိပြီးမှ 


~~ သူကလေ အပြုံးတွေကို ဖြစ်တည်လာအောင် လုပ်ပေးပြန်ပြီ ~~ 


"sorryနော် ဒီနေ့ ကိုယ် နည်းနည်း နောက်ကျသွားတယ် . . ဗိုက်ဆာနေပြီလား"


သူမေးတာကို ကျွန်တော် မဖြေနိုင် ။ အမြန်အပြေးလာခဲ့ပုံကြောင့် Mr.J နားထင်စပ်က ဆံနွယ်တွေမှာ တွဲခိုကာ စိုနေတဲ့ ချွေးစက်တွေကိုသာ ကြည့်နေခဲ့မိသည်။


အမြဲဆောင်ထားတတ်တဲ့ လက်ကိုင်ပုဝါလေးနဲ့အတူ စိုနေတဲ့ ချွေးတွေကို အလိုလို လက်က လှမ်းသုတ်ပေးမိကာ 


သူက ကျွန်တော့်အမူအရာကို အံသြမှု အပြည့် ဖြစ်သွားမှန်း . . သူမျက်ဝန်းလေးတွေ ပေါ်လွင်လာခဲ့သည် ။ 


ချွေးတွေ သုတ်ပေးပြီးမှ လက်ကို ပြန်ရုတ်တဲ့အထိ သူကတော့ အခုထိ အူကြောင်ကြောင်လေးနဲ့ ကျွန်တော်ကိုသာ ကြည့်နေတာကြောင့် ကျွန်တော် ရယ်မိပြန်ပြီ ။


"နောက်ဆို ပြေးလာစရာ မလိုပါဘူးဗျာ"  


ဆိုပြီး ပြောလိုက်တော့ သူက အခုမှ အသိဝင်လာဟန်ဖြင့် 


"ဟမ်??? . "


"ဖြည်းဖြည်းချင်းလာလည်း ရတယ်လို့"


"Mr.K စောင့်နေရမှာစိုးလို့ပါ" 


"ရပါတယ် . .ဒီလောက်ကတော့ စောင့်နိုင်ပါတယ် . ဘယ်လောက်မှ အချိန်ကွာတာမှ မဟုတ်ဘဲ" 


"မဟုတ်ပါဘူး... ဒီအတိုင်း Mr.Kကို စောင့်ခိုင်းရတာမျိုးကို မကြိုက်လို့ပါ" 


ဆိုတဲ့ စကားကြောင့် လှုပ်ရှားလာတဲ့ နှလုံးခုန်သံကို Mr.K  ခဏမေ့ထားကာ


"မင်းက Dancerဆို . . ဒါဆို practiceက အမြဲလုပ်နေရတယ် မှတ်လား . . မအားတဲ့အခါဆို ကျွန်တော်နဲ့အတူ နေ့လည်စာ လာမစားလည်း ရပါတယ်"


"ဘာလို့လဲ . . ဘာလို့ အခုလို ပြောတာလဲ"


"ကျွန်တော်က . ခင်ဗျား ပြေးလွှားနေရတော့ . ပင်ပန်းနေမှာ စိုးလို့ပါ" 


ပြောပြီးမှ မျက်နှာပူခနဲ ဖြစ်သွားပြီး အလျင်အမြန် ခေါင်းငုံ့လိုက်ပေမဲ့ . . . 


"မပင်ပန်းပါဘူး . . ဒါက ကိုယ်လုပ်ချင်တဲ့ ဆန္ဒပဲလေ . . အထူးသဖြင့် Mr.Kရဲ့ မျက်နှာလေးကို အမြဲမြင်ချင်တာ"


ဆိုပြီး ပြောလာတဲ့ Mr.Jရဲ့စကားကို ကြားလိုက်ရတော့ Mr.Kရဲ့ နားရွက်ဖျားလေး တွေပါ နီမြန်းသွားခဲ့ရသည် ။ 


*Ah!!! ဒီတစ်ယောက်တော့ ရင်ခုန်သံတွေ ဖြစ်ပေါ်လာအောင် ပြုစားနေပြန်ပြီ * 


••••••••••••••••••••••••••••••••••••••••••••••••••