Mr.J' pov : 4
Viewers 1k


*He* (သူ) 


ကျွန်တော် နေမကောင်းဖြစ်တဲ့အချိန်ကနေ 

စပြီး နှစ်လအတွင်း သူနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေး တိုးတက်လာတယ်လို့ ပြောရမယ် ဟီး . . . 


အစက ကျွန်တော်ကသာ စကားတွေ ပြော . . အနောက်ကနေ လိုက်နေရပေမဲ့  သူဆီက အကြည့်တစ်ချက်က လွဲပြီး အခြား အသိအမှတ် ပြုမှု မရခဲ့ဘူးလေ  ကျွန်တော့်အချစ်လေးက အချေကောင်လေးဗျ


~~ အမြဲတမ်း မနက်ရောက်တိုင်း တံခါးပေါက်ကနေ ချောင်းကာ သူအလုပ်သွားချိန်နဲ့ တိုက်အောင် စောင့်နေပြီး တိုက်ဆိုင်မှု တစ်ခုလို ပြုလုပ်ကာ


"Good Morning " 


သူဆီက အာရုံစိုက်မှုရအောင် လုပ်ခဲ့တာလေ

အရင်ကဆို ခေါင်းညိတ်ပြတဲ့ ပြန်နှုတ်ဆက်မှု တစ်ခုနဲ့သာ ပြီးဆုံးခဲ့ပေမဲ့ အခုတော့ 


"Morning . . Mr.J"


ဆိုတဲ့ သူရဲ့ အသံချိုချိုလေးနဲ့ ကျွန်တော့်နာမည်ကို ခေါ်ပြီး ပြန်နှုတ်ဆက်လာသည် ။ 


* နားထဲစွဲသွားစေတဲ့ သူရဲ့ အသံချိုချိုလေးကို ကျွန်တော် တကယ် မြတ်နိုးတယ် * 


~~ bus ကားမှတ်တိုင် သွားတဲ့ လမ်းတစ်လျှောက် . . အရင်ကဆို သူကျောပြင် သေးသေးလေးကိုသာ အလွတ်ရအောင်အထိ ငေးကြည့်ကာ လိုက်ပါခဲ့ရပေမဲ့ 


အခုတော့ ဘေးချင်း ယှဉ်လျှောက်ကာ  နဖူးပြင် မကျဉ်း မကျယ်လေးကနေ ဆင်းသက်လာတဲ့ နှာခေါင်းလုံးလုံးလေး . . ဖြူဥနေတဲ့ ပါးဖောင်းဖောင်းလေး . . သူရဲ့ ဘေးတစ်စောင်း မြင်နေရတဲ့ မျက်နှာလေးကို ငေးကြည့်ကာ လိုက်ပါခွင့်ရခဲ့ပြီလေ ။ 


* နှာခေါင်းလုံးလုံးလေး . ပါးဖောင်းဖောင်းလေး.  ကျွန်တော်  မြတ်နိုးမိတဲ့ အရာလေးတွေပဲ * 


~~ အရင်ကဆို bus ကားမှတ်တိုင်မှာ သူနဲ့ မနီးမဝေးမှာ ထိုင်ပြီး သူကိုပဲ ငေးကြည့်နေရာကနေ 


အခုဆို သူနဲ့ စကားပြောခွင့်လေးပါ ရပြီး သူအသံလေးပါ နားထောင်ခွင့် ရပြီလေ ။ 


* ကျွန်တော် ရယ်စရာပြောတိုင်း ပေါ်လာတဲ့ သူရဲ့ နှုတ်ခမ်းထက်အပြုံးလေးက ကျွန်တော့်ကို ဆွဲဆောင်နိုင်လိုက်တာဗျာ*


~~  အရင်ကဆို ကားပေါ်က ဆင်းသွားတဲ့ သူနောက်ကျောကိုသာ ကြည့်ရင်း ပြန်ခဲ့ရပေမဲ့

အခုတော့ သူရဲ့ ရုံးရှေ့အထိ လိုက်ပို့ခွင့်ရခဲ့ပြီလေ 


'နေ့လည်စာ အတူစားမယ်နော် . ကိုယ် လာခေါ်မယ်' 


ဆိုပြီး ပြောတော့လည်း မငြင်းဘဲ အမြဲစောင့်ပေးတဲ့ သူကြောင့် . အရင်ကလိုမျိုး နေ့လည်စာ စားချိန်ဆို လာချောင်းနေစရာ မလိုဘဲ . . သူမျက်နှာလေး ကြည့်ကာ အတူစားခွင့်ရပြီ ။ 


ဒီလောက်ဆို ကျွန်တော်က ကံကောင်းတဲ့လူသား ဖြစ်နေပြီပေါ့နော် . . သူ့အချစ်သာ ထပ်ပိုင်ခွင့် ရခဲ့ရင်တော့ ကံအကောင်းဆုံးလူသား ဖြစ်ပြီဗျာ။ 


••••••••••••••••••••••••••••••••••••••••••••••••••


နေ့လည်စာ စားချိန် နောက်ကျနေပြီမို့လို့ ခြေကုန်သုတ် ပြေးလာရင်း စောင့်နေတဲ့ Mr.K ကို လှမ်းတွေ့လိုက်ရတော့ အပြုံးလေးတစ်ခု ဖြစ်လာကာ 


"Mr.K' 


ဆိုပြီး လှမ်းခေါ်လိုက်မိတယ် 


" sorryနော် ဒီနေ့ ကိုယ် နည်းနည်း နောက်ကျသွားတယ် . . ဗိုက်ဆာနေပြီလား' 


အနားရောက်တော့ မေးလိုက်ပေမဲ့ သူဆီက အဖြေပြန်မရဘဲ . . မောဟိုက်နေတဲ့ ကျွန်တော်ကိုသာ သူစိုက်ကြည့်နေတာ တွေ့လိုက်ရတယ် ။ 


နောက်တော့ ရုတ်တရက် သူ ပြုမူလိုက်တဲ့ အပြုအမူက ကျွန်တော်ကို အသက်ရှူမှားသွားစေတယ် ။


သူ. . သူ ကျွန်တော်နားထင်စပ်က ချွေးစက်လေးတွေကို လှမ်းသုတ်ပေးနေတာလေ ။ 


အနီးကပ် မြင်နေရတဲ့ သူမျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီ လက်လွတ်မခံဘဲ ကြည့်နေလိုက်မိတယ်


သူလက်တွေ ပြန်ရုတ်သွားတဲ့အထိ ကျွန်တော် သတိကောင်းစွာ မကပ်ဘဲ ကြည့်နေမိတုန်း . . သူက ကျွန်တော်ဖြစ်နေတာကို သတိထားမိသွားကာ အသံထွက်ရုံ တိုးတိုးလေး ရယ်လိုက်ပြီးမှ 


"နောက်ဆို ပြေးလာစရာ မလိုပါဘူးဗျာ"  


"ဟမ်??? . "


"ဖြည်းဖြည်းချင်းလာလည်း ရတယ်လို့"


"Mr.K စောင့်နေရမှာစိုးလို့ပါ" 


"ရပါတယ် . .ဒီလောက်ကတော့ စောင့်နိုင်ပါတယ် . ဘယ်လောက်မှ အချိန်ကွာတာမှ မဟုတ်ဘဲ" 


"မဟုတ်ပါဘူး... ဒီအတိုင်း Mr.Kကို စောင့်ခိုင်းရတာမျိုးကို မကြိုက်လို့ပါ" 


ဟုတ်တယ် ။ ကျွန်တော်က သူအတွက် အရာရာ ပေးဆပ်ဖို့ အသင့်ဖြစ်ချင်နေသူ . . ကျွန်တော်ကို စောင့်နေရတာမျိုး မဖြစ်စေချင်မိဘူး . . အဲဒါ ကျွန်တော့်အတ္တပဲ 


"ခင်ဗျားက Dancerဆို . . ဒါဆို practiceက အမြဲလုပ်နေတယ် မှတ်လား . . မအားတဲ့အခါဆိုကျွန်တော်နဲ့အတူ နေ့လည်စာ လာမစားလည်း ရပါတယ်ဗျာ"


သူနဲ့အတူ မစားစေချင်လို့ ပြောနေတာများလား. . . ရင်တွေ ပူလိုက်တာ . . ကျွန်တော်ကြောင့် အနှောင့်အယှက်များ ဖြစ်နေလို့လား 


"ဘာလို့လဲ . . ဘာလို့ အခုလို ပြောတာလဲ"


တုန်လာတဲ့အသံကို မနည်းထိန်းရင်း မေးလိုက်တော့


'ကျွန်တော်က .ခင်ဗျား ပြေးလွှားနေရတော့ . ပင်ပန်းနေမှာ စိုးလို့ပါ ' 


ဟား သူက ကျွန်တော်ကို စိတ်ပူပေးနေတာပဲ . . 


မြင်လိုက်တယ် . . ပြောပြီးတာနဲ့ ခေါင်းငုံ့သွားပေမဲ့ နီသွားတဲ့ မျက်နှာလေးကို ကျွန်တော် မြင်လိုက်တယ် ။ သူလည်း ကျွန်တော်အပေါ် စိတ်ရှိနေပြီလို့ပဲ ကိုယ့်ဘာသာပဲ မှတ်ယူလိုက်ပြီဗျာ ။


'မပင်ပန်းပါဘူး . . ဒါက ကိုယ် လုပ်ချင်တဲ့ ဆန္ဒပဲလေ . . အထူးသဖြင့် Mr.Kရဲ့ မျက်နှာလေးကို အမြဲမြင်ချင်တာ' 


ဆိုပြီး ရင်ထဲက ဆန္ဒကို ပြောလိုက်တော့ Mr.Kတစ်ယောက် ခေါင်းမော့မလာတော့တဲ့အပြင် နားရွက်ဖျားလေးတွေပါ နီလာခဲ့တယ် ။


*Ah!!!! ကျွန်တော်ရှေ့မှာ အရှက်သည်းနေတဲ့ကောင်စုတ်လေးကို ချစ်လွန်းလို့ သေတော့မယ် * 


################################