Chapter - 5
Viewers 1k



အိပ်လို့ မပျော်ဘူး ဖြစ်နေတယ်. . မနက်ဖြန်ကျရင် Mr.Jကို ထားခဲ့ပြီး . . . ခရီးသွားရမှာမို့လို့များလား . . 


ဟက်! ထူးဆန်းလိုက်တာ . . ဘာမှ ပက်သက်မှု မရှိသေးတဲ့ လူတစ်ယောက်နဲ့ ခဏတာ ခွဲရမှာမို့လို့  . . အိပ်မပျော်ဖြစ်နေတာတဲ့လား . . မင်း တော်တော် ထူးဆန်းနေပြီနော်

Mr.Kရေ  . . . 


••••••••••••••••••••••••••••••••••••••••••••••••••


တစ်ပတ်ကြီးများတောင် ????? . . 


သူအလုပ်ကိစ္စနဲ့ ခရီးသွားမှာဆိုတော့ . 

တစ်ပတ်တောင် ခွဲရတော့မယ်  . . . . 

တစ်ပတ်တောင် သူ့မျက်နှာလေးကို . . မတွေ့ရတော့ဘူး . . . 


ဟင်း . photoလေးဖြစ်ဖြစ်တောင် အလွမ်းပြေကြည့်ဖို့ တစ်ပုံမှ မရှိပါလား  . . . မနက်ဖြန် လိုက်ပို့ရင်း Mr.Kကို ခွင့်တောင်းပြီး photoလေး ရိုက်ယူထားအုန်းမှပဲ . . . 


အိပ်ရာထက်မှာ Mr.Jလူးလိမ့်နေမိတော့တယ်


•••••••••••••••••••••••••••••••••••••••••••••••••


'Mr.J. . ကျွန်တော် ဟိုကိုရောက်ရင် ဖုန်းဆက်လိုက်ပါ့မယ်  . .' 


Mr.J သယ်လာပေးတဲ့ ခရီးဆောင်အိတ်ကို လွဲပြောင်းယူကာ . . အဝေးပြေးဘတ်စ်ကားပေါ် တင်လိုက်ပြီး Mr.K ပြောလိုက်တော့ . . .


'omm . . ဖုန်းစောင့်နေမယ်နော် . .ဒါနဲ့လေ Mr.K ဟိုလေ  . . ' 


လည်ပင်း ပွတ်ကာ စကားဆက်မပြောနိုင် ဖြစ်နေတဲ့ Mr.J​ကို Mr.Kမျက်လုံးလေး ပြူးကြည့်ကာ 


'ပြောစရာ ရှိနေတာလား . . ပြောလေ' 


'ဟို . . Mr.Kရဲ့ photoလေး တစ်ခုလောက် ရိုက်ခွင့်ပြုပါလား'


'ဟမ်??? , .' 


'အာ! မရလည်း ကိစ္စ မရှိပါဘူး . ကိုယ်က ဒီအတိုင်း ပြောကြည့်…… ' 


'ရပါတယ်  . . photoပဲဟာကို ' 


'တကယ်နော်!!!'


ခွင့်ပြုချက် ရတာနဲ့ Mr.K ပြင်ဆင်မှု မရှိသေးခင်မှာပဲ 


~ ချလက် ~ 


Mr.Jတစ်ယောက် အမြန်ရိုက်ယူလိုက်သည် ။ 


'ဒီပုံလေး ရိုက်ယူထားချင်လို့ . . ကားထွက်ခါနီးပြီမို့ ကားပေါ် တက်တော့လေ' 


ကားပေါ်ကို Mr.J  တွန်းတင်နေတာကြောင့် Mr.Kတစ်ယောက် အူကြောင်ကြောင်လေးနဲ့ ကားပေါ် ရောက်သွားခဲ့သည် ။ 


ကားဂိတ်ကနေ ကားထွက်သွားတဲ့အထိ . . Mr.Jကတော့ လက်ပြကာ ကျန်နေခဲ့သည် ။ 


လက်နှစ်ဖက် လေပေါ်ဝဲကာ . . ဝှေ့ယမ်းပြနေတဲ့ Mr.Jကို  ဖုန်းလေးနဲ့ photo ရိုက်ယူထားလိုက်သည် ။ 


===========


'ချစ်စရာလေး . . နဂိုတည်းက ချစ်ဖို့ ကောင်းပါတယ်ဆိုမှ . အခုလို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်နေတော့ . . ပိုပြီးတောင် ချစ်ဖို့ ကောင်းလိုက်တာနော် . . ' 


ဖုန်းထဲက သူရိုက်ထားတဲ့ Mr.K ပုံလေးကို ကြည့်ကာ အသည်းယားလာတာနဲ့ Mr.Jတစ်ယောက် ခုန်ဆွ ခုန်ဆွ လုပ်နေတော့  . . . ကားဂိတ်က လူတွေက သူကို မျက်လုံးတွေ ပြူးကာ ဝိုင်းကြည့်နေကြသည် ။ 


အဲတော့မှ Mr.Jတစ်ယောက် အရှက်ပြေ သွားဖြီးပြနေရတော့တာပေါ့


••••••••••••••••••••••••••••••••••••••••••••••••••


dance practice မလုပ်နိုင်ဘဲ  ကြမ်းပြင်ပေါ်မှာ ခွေခေါက်ကာ လဲလျောင်းနေတဲ့ Mr.Jကို Mr.T နဲ့ Mr.Y ကြည့်ကာ သက်ပြင်းချနေမိသည် ။ 


'ကိုကြီးရေ ဟိုက အပြီးထွက်သွားတာလည်း မဟုတ်.. အလုပ်ခရီးသွားရုံတင်ကို ဘာဖြစ်နေတာလဲ . . '


'အေးလေ အခုမှ တစ်ရက်တည်း ရှိသေးတယ် အဲဒါကို သေလောက်အောင် လွမ်းနေတာကြီးက ပိုမနေဘူးလား ' 


နှစ်ယောက်သား ဝိုင်းပြီးမှတ်ချက်ပြုတော့..


'မင်းတို့နှစ်ယောက် မသိဘဲ မပြောကြနဲ့ . . 

ဒီအတိုင်းကို လွမ်းနေမိတာ ပြီးတော့ တစ်ရက်တည်း မဟုတ်ဘူးကွ တစ်ရက်ကြီးများတောင် ကြာနေပြီ ! ' 


'ဟူး.. အချစ်အဆိပ်က တော်တော် တက်နေတာပဲ' ဆိုကာ Mr.T သက်ပြင်းချမိ၏။


'ဟုတ်တယ်ဟေ့  . . သူ့ပုံလေး ကြည့်နေရရင် . . အလွမ်းပြေမယ် ထင်ထားတာ . . အခုတော့ ကြည့်လေ လွမ်းလေ ဖြစ်နေပြီ  . . .' 


'အဲဒါများဗျာ . နားပူအောင် ညီးနေမဲ့အစား . . 

အစ်ကိုပဲ လိုက်သွား​လိုက်ပါလား! . ဒီရက်တွေမှ အရေးကြီးတဲ့ပွဲတွေမှ မရှိသေးဘဲ  ' 


Mr.Y စကားကြောင့် ထထိုင်ကာ 


'ငါ လိုက်သွားလို့ ရနေတာပဲကို အဲဒါကို ဘာလို့ မစဉ်းစားမိတာပါလိမ့် . . Yလေးရေ ကျေးဇူးပဲဗျို့! ' 


လေအဟုန်အတိုင်း . .ပြေးထွက်သွားတဲ့ Mr.Jကို ကြည့်ကာ 


'အပြောင်းအလဲ မြန်ချက်!  . . စောနက သေတော့မလို ခွေခေါက်နေရာကနေ . . ချက်ချင်းကို ထပြေးတော့တာပဲ  . . အား!!!  ' 


Mr.T မှတ်ချက်ပြုနေတုန်း . Mr.Yက သူကို နဖူးလာတောက်တာကြောင့်


'Yလေး!! . . ဘာလို့ လုပ်တာလဲဟ' 


'အကြွေးယူတာလေ. .မနေ့ညက ပိုကာကတ်ကစားတုန်းက ရှုံးတာကို Baeကမှ အတောက်မခံဘဲ ပတ်ပြေးနေတယ်လေ' 


စကား ပြန်မပြောဘဲ နဖူးလေးကို ကိုင်ကာ မျက်စောင်းထိုးကြည့်နေတာကြောင့်


'အရမ်း နာသွားလို့လား ' 


နီသွားတဲ့ Mr.Tရဲ့နဖူးလေးကို အနမ်းလေး ပေးကာ ချော့တော့ . . Mr.Tက  


'ဒီလောက်နဲ့ ရမလား . . တော့ပိုကီ သွားဝယ်ပေး . . . တော့ပိုကီ မဝယ်ပေးရင် အနားကပ်ဖို့ မစဉ်းစားနဲ့ ' 


ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် Mr.Yတစ်ယောက် 

တော့ပိုကီ ပြေးဝယ်ရတော့သည် ။ 


••••••••••••••••••••••••••••••••••••••••••••••••••