Chapter - 6 [End]
Viewers 1k



'Mr.K  နေ့လည်စာ သွားစားကြမယ်လေ' 


အတူသွားရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက လှမ်းမေးတော့ 


'ကျွန်တော် စောင့်ရမဲ့သူ ရှိ . . ' 


ပြောနေရင်း တစ်ခုခုကို သတိရသွားတာကြောင့် ပြောလက်စ စကားကို  Mr.K 

ရပ်လိုက်ကာ 


* ငါဘာတွေ ကြောင်နေတာလဲ . .  တစ်ရက်ပဲ မတွေ့ရသေးတာ . . နေ့လည်စာ စားချိန်ဆို . . အမြဲတမ်း အတူတူ စားနေကျဆိုတော့ သူကိုပဲ ယောင်ပြီး . .တမ်းတနေမိပြန်ပြီ* 


တွေးမိပြီး ပြုံးမိကာ . . 


'ဟုတ်..အတူ  သွားကြမယ်လေ' 


ဆိုပြီး ပြန်ဖြေရင်း  လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ Mr.K လိုက်သွားခဲ့သည်။


~ တစ်နေ့တာရဲ့အချိန်တော်တော်များများမှာ ပါဝင်ပတ်သက်နေသူကို မလွမ်းဘူးလို့ . . ပြောရင် လိမ်ရာကျတာပေါ့ဗျာ~


~ စကားပြောတဲ့အခါတိုင်း. ကျွန်တော့်မျက်နှာကို တစိမ့်စိမ့် ကြည့်နေတတ်တဲ့ သူ့မျက်ဝန်းလေးတွေကိုလည်း 

လွမ်းနေမိတယ် ~ 


~ ကျွန်တော်ကို ရယ်မောစေတဲ့ သူရဲ့ ဟာသစကားလေးတွေကိုလည်း လွမ်းနေမိတယ် ~ 


~ ရယ်ရင်လည်း အားရပါးရ ရယ်မောတတ်တဲ့ သူဟန်ပန်လေးကိုလည်း လွမ်းနေမိတယ် ~ 


~ ကျွန်တော်နောက်ကို သူ အမြဲလိုက်တဲ့အခါ ဘေးချင်းယှဉ်လျှောက်တဲ့အခါ ကြားရတဲ့  သူခြေသံလေးတွေကိုလည်း လွမ်းနေမိတယ် ~ 


~ ကျွန်တော်အနားမှာ သူရှိနေရင် ရတတ်တဲ့ သူရဲ့ ကိုယ်သင်းနံ့လေးကိုလည်း လွမ်းနေမိတယ် ~ 


~  ကျွန်တော်တော့  အချစ်ဆိုတဲ့အရာနဲ့ . . တွေ့ဆုံနေပြီ ထင်တယ်... ဘာလို့ဆို ကျွန်တော်ရဲ့ရင်ခုန်သံတွေ သက်သေထူနေကြတယ်လေ 


••••••••••••••••••••••••••••••••••••••••••••••••••


'ဟာ မိုးရွာနေပြန်ပြီ' 


'အချိန်မဟုတ် အခါမဟုတ် . .မိုးကလည်းကွာ' 


အလုပ်ဆင်းချိန်ရောက်တော့ ကောင်းကင်ကနေ ကျဆင်းနေတဲ့ မိုးစက်လေးတွေကြောင့် ဘေးနားက လူတွေက အမျိုးမျိုး ညည်းညူနေကြပေမဲ့ . . . ကျွန်တော်ကတော့ မိုးစက်လေးတွေကို မော့ကြည့်ရင်း သူကိုပဲ သတိရနေမိပြန်ပြီ . . 


တစ်ခါတုန်းက ညနက်မှ ပြန်ရတဲ့အချိန်

မိုးရေထဲက ကျွန်တော်ကို ထီးလာဆောင်းပေးတဲ့သူ . . . အဲတုန်းက တိုက်ဆိုင်မှုလို့ . . ထင်ခဲ့ပေမဲ့ . . နောက်ကျတော့ သိလိုက်ရတာက . . ကျွန်တော်ကို သူ လာစောင့်နေခဲ့တာတဲ့လေ  . . 


အလုပ်နဲ့ မနီးမဝေးမှာ ရှိတဲ့ . . . 

တည်းခိုရာ Hotelဆီ ပြန်လာတဲ့လမ်းမှာ ပတ်ဝန်းကျင်က လူတွေက မိုးစိုမှာစိုးလို့ . . ထီးဆောင်းတဲ့သူက ဆောင်း . . ထီးမပါတဲ့သူတွေက မိုးရေထဲမှာ ပြေးလွှားနေကြပေမဲ့  . . 


ကျွန်တော်ကတော့ လက်လေး ဖြန့်ကာ မိုးစက်လေးတွေကို ထိတွေ့ရင်း သတိလက်လွှတ်နဲ့ လမ်းလျှောက်နေခဲ့သည် ။ 


ရုတ်တရက် နားထဲ တိုးဝင်လာတဲ့ အနောက်ကနေ ပြေးလိုက်လာသော ခြေသံတစ်ခု . . သူ ခြေသံများလား? မဖြစ်နိုင်တာ . . Mr.K မင်းတော့ ရူးသွားပြီ ထင်တယ် . . 


ဖြန့်ထားတဲ့ လက်ဝါးပေါ် ကို မိုးစက်တွေ ကျရောက်လာခြင်း မရှိတော့တဲ့အပြင် . . . နွေးထွေးတဲ့ ရင်ခွင်ကျယ်တစ်ခုနဲ့ . . နီးကပ်သွားတဲ့အချိန် . . ရရှိလိုက်တဲ့ ရင်းနှီးသော ရနံ့တစ်ခုကြောင့် . သူနောက်မှ လာရပ်တဲ့ လူတစ်ယောက်ကို Mr.K လှည့်ကြည့်လိုက်တော့ . . အနီရောင်ထီးလေး ကိုင်ထားတဲ့ Mr.Jကို တွေ့လိုက်ရတယ် 


'Mr.J ? ဒီကို ဘယ်လိုလုပ်ပြီး? ' 


'တွေ့လား. . ဘေးနားမှာ မရှိတာနဲ့ . . မိုးရေထဲ ထွက်နေပြန်ပြီ . . ဒီလိုနဲ့ ဖျားကုန်ရင် ဘယ်လို လုပ်မလဲဗျာ' 


အပြုံးလေးနဲ့ ပြောလာသူကို . . Mr.K ကြည့်နေရင်း . . မျက်ရည်တွေ အလိုလို ဝဲလာတာကြောင့် 


'ဟာ . . Mr.K ဘာလို့ မျက်ရည် . . ' 


စကားဆုံးအောင် .  မပြောရသေးခင် 


'Mr.J ခင်ဗျားကတော့ဗျာ ' 


ရေရွတ်ကးကာ ရင်ခွင်ထဲ ဝင်လာပြီး ဖက်လိုက်တဲ့Mr.Kကြောင့်  Mr.Jခမျာ ထီးကိုင်ရင်း အသက်ရှုသံတွေတောင် အမှားမှား အယွင်းယွင်းတွေ ဖြစ်ကုန်ကာ တောင့်တောင့်ကြီး ရပ်နေခဲ့မိတယ်


'လွမ်းနေမိတာ ' 


ဆိုတဲ့ ကြားလိုက်ရတဲ့ အသံတိုးတိုးလေးကြောင့် Mr.J တစ်ယောက် ရင်ခုန်သံတွေ ကဆုန်ပေါက်ရပြန်ရော.. 


~ ကျွန်တော်တို့အချင်းချင်းရဲ့ ရင်ခုန်သံတွေက ထပ်တူကျသွားပြီပေါ့နော် ~ 


'ကိုယ်က ပိုလွမ်းခဲ့ရတာပါ.  လွမ်းနေရာကနေ မနေနိုင်တော့လို့ Mr.Kဆီ ရောက်အောင် လာခဲ့တာ . . ကိုယ့်ကို နှင်မထုတ်ဘူး မှတ်လား ' 


ရင်ခွင်ထဲက ကိုယ်လုံးလေးကို အားနေတဲ့လက်တစ်ဖက်က ပြန်ဖက်ရင်း ဆက်ပြောလိုက်တယ်.. 


'ကိုယ်တို့ရဲ့အခြေအနေက ထူးဆန်းမနေဘူးလား . . တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ ဝန်မခံဘဲ လွမ်းတယ်လို့ အရင်ဝန်ခံနေကြတယ်' 


အဲဒီအခါကျမှ Mr.Jရဲ့မျက်နှာကို ရင်ခွင်ထဲကနေ Mr.K မော့ကြည့်ကာ 


'လိုသေးလို့လား . ကျွန်တော်ကတော့ ခင်ဗျား ဖွင့်မပြောလည်း ခင်ဗျားရဲ့အချစ်တွေ တွေ့နေ ရတယ် . . ခင်ဗျားရော မတွေ့ဘူးလား . . 

ထုတ်ပြောမှ ရမှာလား' 


ပြောလာတော့ Mr.J ရယ်ကာ 


'မပြောပါနဲ့ဗျာ. အကုန်တွေ့ရပါတယ်. Mr.Kရဲ့မျက်ဝန်းတွေထဲကနေ အချစ်တွေကို ကိုယ် ခံစားရပါတယ်ကွာ' 


ရင်ခွင်ထဲကချစ်ရသူလေးကို တင်းတင်းဖက်ထားမိရင်း ​ပြောလိုက်တော့ ရင်ခွင်ထဲက ကောင်လေးဆီကနေ သဘောကျသွားဟန် အသံလေး ပြုလာကာ ငြိမ်ငြိမ်လေး ဆက်နေနေခဲ့သည်။ 


အတော်ကြာတဲ့အထိ မိုးရွာနေတဲ့လမ်းမထက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်နေကြတဲ့ကျွန်တော်တို့ကို ပတ်ဝန်းကျင်ကလူတွေ ကြည့်သွားကြပေမဲ့ နှစ်ယောက်သားကတော့ ဒီအတိုင်းလေးပဲ ဆက်ရပ်နေမိကြ၏။ 


~ ကျွန်တော်တို့ချင်း . . ရင်ခုန်သံတွေ နီးစပ်နေခဲ့ပြီ ~ 


~ တစ်ယောက် ရင်ခုန်သံကို တစ်ယောက် ဘာသာပြန်စရာ မလိုဘဲ နားလည်ခဲ့ပြီ ~ 


©  သူသည် ကျွန်တော် ချစ်တဲ့သူ ဖြစ်၏


© သူသည် ကျွန်တော့် ရင်ခုန်သံ တံခါးကို လာဖွင့်သူ ဖြစ်၏


© သူသည် ကျွန်တော်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သူ ဖြစ်၏


© သူသည် ကျွန်တော့်အနားမှာ အမြဲရှိနေပေးတတ်သူလည်း ဖြစ်၏ 


© သူသည် အခက်အခဲ တွေ့ကြုံရရင် ကျွန်တော့်ဘက်က ရပ်တည်ပေးကာ ဖြေရှင်းပေးတတ်သူ ဖြစ်၏


© နောက်ဆုံး သူသည် ကျွန်တော်ကို သိပ်ချစ်တဲ့သူ.. ကျွန်တော်ကလည်း သိပ်ချစ်ရသောသူ ဖြစ်၏။ 


°°°°°°°°°°°°°°°° The End °°°°°°°°°°°°°°°°°°


ဒီNovelလေးကို သဘောကျရင် နောက်က buy me coffeeဆိုတဲ့ chapterလေးကို အားပေးပေးနော်..


ကော်ဖီဝယ်တိုက်တဲ့သူများရင် Extraလေးတွေ ဆက်ရေးဖို့ အားရှိလာမှာ ဟီး