Chapter 194
:ခင်ပွန်းနှင့်ဇနီး ပြန်လည်ဆုံဆည်းမှု
ဝမ်ရှောင်ချီ သူ့ရှေ့ရှိ ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို ကြည့်ပြီး တွေးလေလေ ဝမ်းနည်းလေလေဖြစ်လာသည်။
"အဖေနဲ့အမေကို အရမ်းလွမ်းတယ်"
သူ့စကားကြောင့် အနီးနားရှိလူများ အလွန်တိတ်ဆိတ်သွားကြသည်။ထို့နောက်မှာကား စစ်သားများ တကယ်ကို အတူတူ ငိုကြွေးကုန်ကြ၏။
ပုန်ကန်မှုကို ချေမှုန်းရန် ၎င်းတို့သည် လွန်ခဲ့သော နှစ်လနီးပါးက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ဤနှစ်လအတွင်း ၎င်းတို့သည် ကောင်းစွာ မအိပ်နိုင် မစားနိုင်ခဲ့ကြသောကြောင့်၊ ပြန်သွားချင်ကြ၏။သူတို့ ကောင်းကောင်းစားချင်ပြီး ကောင်းကောင်းအိပ်ချင်ကြသည်။
တော်ဝင်စစ်သားများသည် ၎င်းတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ် ဆုံးရှုံးခဲ့ရသည်။ဟုန်ကျန်းဆားလွင်ပြင်ကလူများအတွက်မူ. . .
ဟုန်ကျန်းဆားလွင်ပြင်တွင် အပြစ်မဲ့ပြည်သူများကို သတ်ပစ်သူများသည် အများစုမှာ ဤရက်ပိုင်း လူအများအပြားကိုသတ်ပြီးနေသော ကျန်းကျန့်၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီးဖြစ်သည်။ ကျန်သည့်လူများနှင့် ပတ်သက်၍မူ . . .
စစ်သားများသည် စစ်ဘက်ဆိုင်ရာကုသိုလ် အတွက် သာမန်လူများကို သတ်ပစ်မည်ဖြစ်သောကြောင့် ဟုန်ကျန်းဆားလွင်ပြင်မှ သာမန်လူများကို လက်မလွှတ်လိုကြပေ. . . ဟုန်ကျန်းဆားလွင်ပြင်က အလွန်ကြီး အေးချမ်းသည်မဟုတ်ပေ။ ကြုံရာကျရာ အသတ်ခံရသည့်လူတွေနှင့် ဖရိုဖရဲဖြစ်နေခဲ့သည်။ အချို့မှာ ကျန်းကျန့်ဆီသို့ ပြေးသွားစဉ် အချို့မှာ တော်ဝင်တပ်သားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
အသက်ကြီးသူ နှင့်အားနည်းသူများကို ထည့်မတွက်ဘဲ ကျန်းကျန့် ဝန်းကျင်တွင် အရွယ်ရောက်ပြီးသူ ၃၀၀၀ ကျော်ရှိသည်။
ဤအချိန်၌ ကျန့်ရီက ကျန်းကျန့် ဆီကို စာကူးသင်္ဘောတွေ ငှားပြီး လူတွေကို လာခေါ်ရန် ကိုယ်တိုင်ကိုယ်ကျ လာလိမ့်မည်ဖြစ်ကြောင်းကို စာရေးကာ အကြောင်းကြားခဲ့၏။
ကျန့်ရီက အသက်ကြီးသူများနှင့် အားနည်းသူများသာ ဤသင်္ဘောများနှင့် ထွက်ခွာရမည်မဟုတ်ဘဲ ကျန်းကျန့် နှင့် အခြားသူများလည်း ထွက်ခွာရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဟုန်ကျန်းဆားလွင်ပြင် ၏ အရေးကိစ္စများကို ကိုင်တွယ်ရန် တရားရုံးမှ နောက်ထပ် တော်ဝင်သံတမန်တစ်ဦးကို စေလွှတ်လိုက်သောကြောင့် ဖြစ်သည်။
ဧကရီမယ်တော်ကြီး၏ ရည်ရွယ်ချက်အရ၊ ဟုန်ကျန်းဆားလွင်ပြင်တွင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်စီရင်ရန် ရည်ရွယ်ခဲ့သည်။ ထို့နောက် ဤနေရာတွင် ဆားလွင်ပြင် အသစ်တစ်ခုရှိလိမ့်မည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ဧကရီမယ်တော်ကြီး ၏ထိန်းချုပ်မှုအောက်တွင်ရှိလိမ့်မည်ဖြစ်သည်။
တော်ဝင်တရားရုံးက ဤနေရာကို သေချာရှင်းလင်းရန် စီစဉ်ထားသောကြောင့် ကျန်းကျန့်အနေဖြင့် ဤနေရာတွင်နေရန် မလိုအပ်ပါချေ။ သူ့ပန်းတိုင်ကို အမှန်တကယ်ရောက်ပြီး ထွက်ခွာရန် အသင့်ဖြစ်နေပြီပင်။
"ငါတို့အားလုံး ထွက်သွားနိုင်ပြီလား..."
ကျန်းကျန့်၏ပြောသံကြားသောအခါ ကျူးအားလင် ၏တစ်ကိုယ်လုံး အေးခဲသွားသည်။
သူ ပုန်ကန်မှုမှာ ပါဝင်ခဲ့မယ်ဆိုလျှင် အကောင်းဆုံးက သူ့တစ်သက်လုံး ပုန်းနေရန်ဖြစ်ပြီး၊ထိုသို့မဟုတ်လျှင် တော်ဝင်စစ်သားတွေ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဆိုသည်ကို အမြဲသိနေပေမဲ့...ကျန်းကျန့်က ဘာပြောလိုက်တာလဲ...
ကျန်းကျန့်ပြောတာ သူတို့လည်း ထွက်သွားလို့ရတာလား...တခြားနေရာမှာ နေဖို့လား...
"ဟုတ်တယ်...မင်းတို့လည်းသွားလို့ရတယ်..."
ကျန်းကျန့်ကပြောလိုက်သည်။
"ဒါပေမဲ့ မင်း ပိုက်ဆံပေးရလိမ့်မယ်"
"ပေးမယ်...ငါပေးမယ်... ဟားဟားဟားဟား..."
ကျူးအားလင်က မဆိုင်းမတွ သဘောတူလိုက်သည်။ ထွက်သွားရသည်နှင့် နှိုင်းစာလျှင် ပိုက်ဆံအနည်းငယ်က ဘာအရေးနည်း။မည်သို့ပင်ဖြစ်စေ ဤပိုက်ဆံတွေကို ခိုးထားသည်ပင်မဟုတ်ပါလော။
ကျန်းကျန့် နှင့် ကျူးအားလင်တို့သည် စျေးနှုန်းကို သဘောတူကြပြီး ကျူးအားလင်က သူ့ပိုက်ဆံအားလုံးနီးပါးကို ပေးဆောင်ပြီးနောက်တွင် သူတို့ မေ့နေသောလူတစ်ယောက်ရှိကြောင်း ရုတ်တရက် သတိရသွားသည်။
ထိုတော်ဝင်သံတမန်၊ သူ့ကိုဖြေရှင်းရန် လိုအပ်နေသေးသည်။
ခဏလောက် မတွေ့ရသော တော်ဝင်သံတမန်ကျိုးမောင်ဟယ်သည် ဤရက်ပိုင်း ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်ပုံပေါက်နေသည်။
တောင်ပေါ်၌ နေရေးထိုင်ရေး ညံ့ဖျင်းမှုကြောင့် လူအများအပြား ဖျားနာခဲ့ကြသည်။ သို့သော် ကျိုးမောင်ဟယ်က စိတ်အားထက်သန်နေဆဲဖြစ်သည်။ကျန်းကျန့်ကိုမြင်သောအခါ ကျယ်လောင်စွာ ပြစ်တင်ပြောဆိုနိုင်လိုက်သည်။
"ကျန်းကျန့် ... မင်းပုန်ကန်ဖို့စီစဉ်နေတာလား... မဟုတ်ရင် ဘာလို့ သူတို့နဲ့ တနေကုန် ထွက်သွားပြီး ငါ့ကို ဒီမှာပဲ ထားခဲ့တာလဲ"
"အရှင်ကျိုး ငါမှာ ရွေးချယ်စရာမရှိဘူး..."
ကျန်းကျန့်က ပြောလိုက်သည်။
"အရှင်ကျိုး...တကယ်တော့ ဒီနေရာက ခင်ဗျားအတွက် အလုံခြုံဆုံးပဲ...ခင်ဗျားက တကယ်တမ်းကျ ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းပိုက်ထားတာ... အပြင်မှာ လူဘယ်နှစ်ယောက်တောင် ခင်ဗျားကို သတ်ချင်နေမှန်းမသိဘူး"
ကျိုးမောင်ဟယ် အေးခဲသွားသည်။ကျန်းကျန့်ကို နောက်တစ်ကြိမ် မကြည့်ခင် အချိန်အတော်ကြာခဲ့သည်။
"မင်းက ငါ့ကို ကယ်ဖို့ ဒီကို လာခဲ့တာ မဟုတ်ဘူးမလား"
"ဒါက ဘယ်လိုလုပ်ဖြစ်မှာလဲ...အရှင်ကျိုးကို ကယ်တင်ဖို့ ကျုပ်ရောက်နေတာပါ..."
ကျန်းကျန့်က တစ်စုံတစ်ခုကို အရှင်ကျိုး သတိပြုမိမည်ကို စိုးရိမ်သဖြင့် အနည်းငယ် ရင်ခုန်သွားသည်။
ကျိုးမောင်ဟယ်က သူ့လက်ကို ဝှေ့ယမ်းပြီး သက်ပြင်းချလိုက်သည်။
"မင်းငါ့ကိုလိမ်ဖို့မလိုဘူး...မင်းလူကောင်းတစ်ယောက်ဆိုတာ ငါသိတယ်"
ကျန်းကျန့်က သူ့ကို ကယ်တင်ရန်မဟုတ်ဘဲ ပင်လယ်ဘေးမှာ နေထိုင်သူတွေကို ကယ်တင်ရန် လာခဲ့ခြင်း ဖြစ်နိုင်၏။
ကျန်းကျန့်ကို အလွန်ကျေးဇူးတင်ပြီး ကျန်းကျန့်က ၎င်းတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်း အမြဲတစေပြောနေသော သူ့ပတ်ဝန်းကျင်မှ လူများနှင့် ကျန်းကျန့်က ကျူးအားလင်ကို တော်ဝင်စစ်သားများနှင့် ထိပ်တိုက်တိုက်ခိုက်ခြင်းမလုပ်ရန်ဖြောင့်ဖြခဲ့သည်ဟုလည်း သူကြားခဲ့ရသည်တို့ကို တွေးမိသည့်အခါ ကျိုးမောင်ဟယ် သူ၏သံသယတို့ ပို၍ပို၍ သေချာလာခဲ့သည်။
ဤလူက လူများကို ကယ်တင်ရန် ပင်လယ်ဓားပြတွေကို သတ်ပစ်ဖို့ ဆန္ဒရှိခဲ့ပြီး ဤတစ်ကြိမ်မှာလည်း ပင်လယ်ပြင်မှာ နေထိုင်သူတွေကို ကယ်တင်ရန်ဆန္ဒရှိခဲ့သည်. . . သူသည် ရက်စက်သည့်ပုံပေါက်နေသော်လည်း အမှန်တကယ်တွင် သူသည် လူကောင်းတစ်ယောက်ဖြစ်သည်။
လူကောင်းကတ်ကို ထုတ်ပေးခံလိုက်ရသည့်ကျန်းကျန့်: "....."
ကျုးအားလင် နှင့် သူ၏လူများ၏ အဆက်မပြတ်နှောင့်ယှက်မှုအောက်တွင် တော်ဝင်စစ်သားအားလုံးနီးပါး ဆုတ်ခွာသွားခဲ့ပြီး မကြာမီတွင် ဟုန်ကျန်းဆားလွင်ပြင်သည် ယခင်ကထက် ပိုမိုလုံခြုံလာခဲ့သည်။
မိုးရွာနေသဖြင့် ရာသီဥတုက မကောင်းပေ၊သို့ပေမဲ့ တန်းစီပြီး ရပ်နေသည့်လူတိုင်း ပျော်နေပုံရ၏။
ကျန်းကျန့်၏ မျက်နှာနှင့် ဆံပင်များပေါ်သို့ မိုးဖွဲဖွဲကျလာပြီး၊ ရေစက်များက သူ့ဆံပင်ကို ပက်ဖျန်းလာသည်။သူ လက်နှင့်သုတ်ပြီး သက်ပြင်းကိုချလိုက်သည်။
ဤတစ်ခါ သူ အချည်းနှီး လာခြင်းမဟုတ်ခဲ့။ လူတွေအများကြီးကို ကယ်တင်ခဲ့သည်၊ လူအင်အားလည်း အများကြီးရခဲ့၏။သူ ပိုက်ဆံလည်းအများကြီးရခဲ့သည် ဆိုခြင်းကိုမူ ထည့်ပြောစရာမလိုပေ. . . ဤလူတွေနှင့်ငွေတွေဖြင့် သူ အနာဂတ်မှာ အများကြီး ပိုကောင်းအောင်လုပ်နိုင်မှာ သေချာသည်။
"ကျန်းကျန့် ငါ့ကိုလိမ်မှာမဟုတ်ဘူးမလား..."
ကျူးအားလင်က သူ့မျက်နှာမှ ရေစက်လက်တစ်ခုပ်စာကို သုတ်ရင်း ဖြည်းညှင်းစွာ မေးလိုက်သည်။
"မင်းဆီက ငါ လိမ်ချင်ရအောင် ဘာတွေရှိလို့လဲ" ကျန်းကျန့်က မေးလိုက်သည်။
ကျူးအားလင် သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ကျန်းကျန့် သူ့ကို လိမ်ညာရန် အမှန်တကယ် မလိုအပ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။
ကျန်းကျန့်ကသာ သူတို့ကို ဆန့်ကျင်ချင်သည်ဆိုလျှင် သူ့မှာ သူတို့အချင်းချင်း ရန်ဖြစ်အောင်လုပ်ပြီး သူတို့ငွေတွေဝှက်ထားသည့်နေရာကို ပြောပြရန် အတင်းအကြပ်လုပ်နိုင်စွမ်းရှိပေမဲ့ ကျန်းကျန့်က မလုပ်ခဲ့ပါချေ။လူအိုများနှင့်အားနည်သူများကို ကျွေးမွေးရန် နည်းလမ်းရှာရန်လည်း ကြိုးပမ်းခဲ့သည်။
"အနာဂတ်မှာ ငါတို့ ဘာလုပ်နိုင်မလဲ"
ကျူးအားလင်က ထပ်မေး၏။
"မင်းဆန္ဒရှိရင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း မှာ ဝင်လို့ရတယ်..."
ကျန်းကျန့်ကပြောသည်။
"တကယ်လား"
ကျူးအားလင်က ကျန်းကျန့်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။
ကျူးအားလင်က သူ့မျက်နှာမှ ရေစက်လက်တစ်ခုပ်စာကို ထပ်မံသုတ်လိုက်သော်လည်း ယခုတစ်ကြိမ်တွင် သူ့မျက်နှာပေါ်ကျလာသော အေးမြသောမိုးစက်များကို သုတ်ရုံသာမက နွေးထွေးသော မျက်ရည်များလည်း ရောနှောနေသည်။
ကျန်းကျန့် နှင့် ကျူးအားလင်တို့ ဦးဆောင်သော စစ်တပ်သည် ထောင်သောင်းချီသော စစ်သည်များနှင့်အတူ အလွန်ကြီးမားသည်။
ဤမျှကြီးမားသောအဖွဲ့သည် ဖြည်းညှင်းစွာ ရွေ့လျားသွားသော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် ကမ်းစပ်သို့ ရောက်ရှိသွားကြသည်။
ထိုနေရာတွင် ကြီးမားသောသင်္ဘောဆယ်စင်းခန့် ဆိုက်ကပ်ထားခဲ့ပါသည်။ အဝေးမှ လူအုပ်ကြီးသည် ကမ်းခြေတစ်ဝိုက်တွင် သွားနေကြစဉ် ပင်လယ်ကမ်းစပ်တွင် လှေငယ်များစွာ ရပ်တန့်နေသည်ကို တွေ့မြင်နိုင်သည်။
ထိုနေရာသို့ အလျင်စလိုသွားမည့်အစား ကျန်းကျန့်က ကျန်းမင်အား အခြေအနေကို ဦးစွာကြည့်ရန် ခိုင်းခဲ့သည်။
မကြာခင်မှာပဲ ကျန်းမင် ပြန်ရောက်လာပြီး သူပြန်လာသောအခါ ဦးထုပ်ကြီးကြီးတစ်လုံးနှင့် ကောက်ရိုးအင်္ကျီအထူကြီးဝတ်ထားသော အမျိုးသားတစ်ယောက် သူ့နောက်ကို လိုက်လာခဲ့သာ်။
ထိုနေ့တွင် မိုးမသည်းသော်လည်း ဤလူသည် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထုပ်စည်းထားသောကြောင့် အခြားသူများ မမြင်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
"သူကဘယ်သူလဲ..."
ကျူးအားလင် အနည်းငယ် စူးစမ်းမိသည်။
သို့သော် ကျန်းကျန့်၏နှလုံးခုန်နှုန်းက ပိုမြန်လာသည်။ အဲဒါ . . .
ဦးထုပ်ကြီးကြီး ဆောင်းထားသူသည် ချဉ်းကပ်လာပြီးနောက် ခေါင်းကိုမော့ကာ ကျန်းကျန့်နှင့် အခြားသူများကို သူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေခဲ့သည်။
ကျောက်ကျင်းကောမဟုတ်လို့ ဘယ်သူဖြစ်မှာလဲ...
"ကျင်းကော..."
ကျန်းကျန့်က လှမ်းအော်လိုက်ပြီး ကျောက်ကျင်းကော ဆီသို့ ပြေးသွားပြီး သူ့ကို ဖက်ထားချင်ခဲ့သည်။
သို့သော် ကျောက်ကျင်းကောက ရှောင်ထွက်သွားသည်။
"သတိထားပါ. . ."
သူစကားပြောနေစဉ် သူ့ရင်ဘတ် လှုပ်သွားပြီး ကောက်ရိုးအင်္ကျီထဲမှ မျက်နှာငယ်လေး ထွက်လာသည်။
"ပုလဲလေး"
ကျန်းကျန့် ကျောက်ကျင်းကော၏ အင်္ကျီထဲမှ ခေါင်းပြူထွက်လာသော ကလေးအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ကျောက်မင်ကျူးမဟုတ်လို့ ဘယ်သူဖြစ်မလဲ...
သူ့ပုလဲလေးက ဒီကိုရောက်နေတယ်...
အအေးဒဏ်ကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးသည့် ကျောက်ကျင်းကောက သူ့ကိုယ်သူ ကောက်ရိုးမိုးကာအင်္ကျီနှင့်တင်းတင်းကြပ်ကြပ် ပတ်ထားသည်က အံ့သြစရာမရှိပါချေ။ကျောက်မင်ကျူးကို သူ့လက်ထဲတွင် ချီထားသောကြောင့်ဖြစ်သည်။
ကျန်းကျန့်သည် ကျောက်ကျင်းကောရှိနေသည်ကိုတွေ့လိုက်ရသောအခါတွင် သူအလွန်အံ့သြပြီး ပျော်ရွှင်သွားသော်လည်း ကျောက်မင်ကျူးကိုတွေ့ရသောအခါ ပို၍ပင်စိတ်လှုပ်ရှားသွားသည်။
သူဒီမှာရှိနေစဥ် ကျောက်ကျင်းကောနှင့် ကျောက်မင်ကျူးကိုအမြဲတမ်းလွမ်းဆွတ်နေသဖြင့် ကျောက်ကျင်းကောကိုတွေ့သည့်အခါမှာ သူ သူ့ကို ပွေ့ဖက်ဖို့ရာမစောင့်နိုင်တော့ပေ။
သို့ပေမဲ့. . . အပြင်မှာ နှစ်လလောက် အိပ်ပြီးနောက် ကျန်းကျန့်မှာ ညစ်ပတ်လွန်း၍ သူ့ကိုယ်သူပင် ရွံရှာခဲ့သည်။
ယခုလိုအခြေအနေမျိုးမှာ ကောက်ရိုးမိုးကာအင်္ကျီဝတ်ထားကို ဝတ်ထားသည့်ကျောက်ကျင်းကောကို ပွေ့ဖက်ထားရန်က ကိစ္စမရှိပေမဲ့ ကျောက်မင်ကျူးကမူ. . .
ကျန်းကျန့် ရွှံ့များဖုံးလွှမ်းနေသည့် ထူထဲ အက်ကွဲနေသော လက်များကို ကြည့်ပြီး၊ သူ သူတို့ဆီ အမှန်တကယ်ကို လက်မလှမ်းဘဲ မနေနိုင်ခဲ့ပါချေ။
ကျောက်ကျင်းကောကလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ခုနက ကျန်းကျန့်က ကျောက်မင်ကျူးကိုဝင်တိုက်မိမည်ကို သူကြောက်သောကြောင့် တားလိုက်သော်လည်း ကျန်းကျန့် သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါဝယ် သူဆွဲယူပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
ကျန်းကျန့်၏လက်ကို ဆုပ်ကိုင်ပြီးနောက် ကျောက်ကျင်းကော သူ၏ရင်ဘတ်တွင် ချည်နှောင်ထားသည့် ကျောက်မင်ကျူးကို အခြားလက်ဖြင့် ပုတ်လိုက်သည်။
"မင်ကျူး...'ဖေဖေ'လို့ ခေါ်လိုက်လေ..."
ကျောက်မင်ကျူးက ပြူးကျယ်သော မျက်လုံးများဖြင့် ကျန်းကျန့်ကို စိုက်ကြည့်နေသည်။ သူမ၏ အနက်ရောင် မျက်လုံးကြီး တစ်စုံသည် မျက်တောင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေသည်။
သူ့ပုလဲလေးက သူ့ကို အဖေလို့ ခေါ်တတ်နေပြီလား....
ကျန်းကျန့် ကျောက်မင်ကျူးကို သူ့မျက်နှာတစ်ပြင်လုံး အံ့အားသင့်မှုများစွာဖြင့်ကြည့်ပြီး သူ့ကို ခေါ်လာရန် စောင့်မျှော်နေသော်လည်း ကျောက်မင်ကျူးက သူမပါးစပ်ကို တင်းတင်းစေ့
ထားလေသည်။
"သူ အိမ်မှာရှိတုန်းက လူတွေကို ဘယ်လိုခေါ်ရမလဲဆိုတာ သိထားပြီးသား... အခုဘာလို့ ဘာမှ မပြောလဲ မသိတော့ဘူး"
ကျောက်ကျင်းကောက ကျန်းကျန့်ကို ကိုးရိုးကားယား ကြည့်နေသည်။ကျောက်မင်ကျူး ကို အချိန်အတော်ကြာ သင်ကြားပြီးနောက် နောက်ဆုံးတွင် အဖေဟုခေါ်တတ်အောင် သင်ပေးနိုင်ခဲ့ပြီး ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်။သို့ပေမဲ့ မထင်မှတ်ပဲ သူ့သမီးက ဘာမှ မပြောတော့ပေ။
"အဆင်ပြေပါတယ်...ကိုယ်ပြန်သွားတဲ့အခါ နောက်ထပ် သင်ပေးမယ်... ဒါကြောင့် သူကိုယ့်ကိုခေါ်ပါလိမ့်မယ်..."
ကျန်းကျန့်က ကျောက်ကျင်းကောနှင့်အတူ ပြန်သွားရရန်စောင့်နေသည်။ကျောက်ကျင်းကောက နေ့တိုင်း ကျောက်မင်ကျူးကို သင်ပေးထားခြင်းဖြစ်လောက်သဖြင့် သူမ သင်ယူပြီးသား ဖြစ်ကောင်းဖြစ်မည်။
ကျန်းကျန့်၏ အသံထွက်ကျသွားသည်နှင့် တပြိုင်နက် သူ့ကို အလေးအနက်ထား စောင့်ကြည့်နေသော ကျောက်မင်ကျူးက ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်သည်။
"ဖေဖေ..."
ကျန်းကျန့် သူ့နှလုံးသား အရည်ပျော်သွားတော့မည်ဟုသာ ခံစားလိုက်ရသည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကော အကြား ဖြစ်ပျက်နေသည့် လေထုထဲတွင် ကျောက်မင်ကျူးမှတပါး အခြားမည်သူမျှ နေရာမရှိပေ။ကျုးအားလင်က ထိုအရာကိုမြင်သောအခါ ကျန်းမင်ကိုကြည့်ကာ "ဒါဘယ်သူလဲ" ဟုမေးလိုက်သည်။
ကျောက်ကျင်းကောက ကျုးအားလင်၏ စိတ်ကူးနှင့်အနည်းငယ်ကွာခြားသော်လည်း ကျုးအားလင်ကဆင်းရဲစွာမွေးဖွားလာခဲ့ပြီး ကျောက်ကျင်းကော ကဲ့သို့သော ကြံ့ခိုင်သန်မာသောလူများအတွက်ကောင်းမွန်သောခံစားချက်ရှိသည်။
"အဲဒီကောက ကောင်းတယ်"
အခြားသူများကလည်း ကျောက်ကျင်းကောကကောင်းသည်ဟု ထင်ကြသည်၊ ထိုကဲ့သို့ သန်မာသော ကောတစ်ယောက်သည် အလုပ်လုပ်နိုင်ပြီး ဟုန်ကျန်းဆားလွင်ပြင်မှလူများ၏ အလွယ်တကူ ပစ်မှတ်ထားခြင်း ခံရမည်မဟုတ်ပေ။ယင်းက၎င်းတို့နှစ်သက်သည့် အရာဖြစ်သည်။
ကျိုးမောင်ဟယ်တစ်ယောက်သာ မကျေမနပ်ဖြစ်နေသည်။
"အကျင့်ပျက်တာပဲ...သိက္ခာမရှိဘူး... "
ယောက်ျားတစ်ယောက်နဲ့ကောတစ်ယောက်က လူရှေ့သူရှေ့မှာ ဘယ်လိုတောင် ပွေ့ဖက်ရဲတာလဲ...
သို့သော်လည်း ယခုအချိန်တွင် မည်သူမျှ သူ့စကားကို နားမထောင်ခဲ့ကြပေ။
နောက်ကနေ ဖြည်းညှင်းစွာ လိုက်လာသော လူများသည် သူတို့ရှေ့မှ ကြီးမားသော သင်္ဘောကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
သူတို့သည် ဤနေရာတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော်လည်း ၎င်းတို့ တွေ့ကြုံခဲ့ရသည့်အရာများက ဤနေရာကို အလွန်ချစ်မြတ်နိုးခြင်း မရှိစေခဲ့ပေ။ သူတို့ ထွက်သွားနိုင်သည့်အတွက် သူတို့အားလုံးက တခြားတစ်နေရာကို သွားပြီး
ကောင်းမွန်သော ဘဝမှာနေထိုင်ရန် မျှော်လင့်ချက်ဖြင့် ဆန္ဒရှိခဲ့ကြသည်မှ အလွန်ပါပင်။
ယခုလိုအခြေအနေမျိုးမှာ သူတို့က ကျန်းကျန့်ကို ပို၍ပင် ကျေးဇူးတင်ကြပြီး လူအများက ပျော်ရွှင်မှုကြောင့် ခပ်တိုးတိုး ငိုမိခဲ့ကြသည်။