အပိုင်း ၁၉၃
Viewers 32k

Chapter 193

ခင်ပွန်နှင့်ဇနီးပြန်လည် ဆုံဆည်းမှု




ကျန်းကျန့်က ကိုယ်တိုင် ထွက်မလာပေမဲ့ နည်းဗျူဟာတချို့ ပြောပြပြီး စစ်သားတွေကို ဘယ်လို ဖယ်ရှားရမည်ဆိုသည့် အကြံဥာဏ်ပေးခဲ့၏။


ရန်သူက တိုးလာတဲ့အခါ ဆုတ်တယ်၊ ရန်သူက စခန်းချတဲ့အခါ နှောင့်ယှက်တယ်၊ ရန်သူက ပင်ပန်းတဲ့အခါ ငါတို့ တိုက်ခိုက်တယ်...ရန်သူတွေ ဆုတ်ခွာသွားတဲ့အခါ ငါတို့လိုက်ဖမ်းတယ်…… ထိုစကားကိုကြားသောအခါ ကျူးအားလင်က ကျန်းကျန့်ကို ယုံကြည်ကိုးကွယ်လာခဲ့ပြီး သူ့လူတွေက ကျန်းကျန့်နှင့် ပိုပြီးရင်းနှီးလာကြသည်။


ကျန်းကျန့် ယခင်က ကယ်တင်ခဲ့သော လူတွေအတွက်မူ သူတို့ ကျန်းကျန့်ကို အလွန်ယုံကြည် ကိုးကွယ်နေပြီဆိုသည်က ပြောစရာပင်မလိုပါချေ။ 


"အစ်ကိုကျန်း ငါတို့ အခုကစပြီး ဘာလုပ်မှာလဲ" ကျူးအားလင်က မေးသည်။


"စစ်သားတွေ အရမ်းများနေတယ်...သူတို့မှာ စားနပ်ရိက္ခာ၊ ထောက်ပံ့ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ကျန်နေသေးတဲ့အတွက် သူတို့ကို အနိုင်ယူနိုင်ဘူး...ငါ့အမြင်အရ ငါတို့က အဲဒါကို အချိန်ဆွဲပြီး သူတို့ငြီးငွေ့သွားပြီး သူတို့ရဲ့တပ်တွေကို စရုတ်သိမ်းအောင်လုပ်လို့ရတယ်"

ကျန်းကျန့်က ပြောလိုက်သည်။


ကျန်းကျန့်က လူတွေသေသည်ကို မမြင်ချင်ပေ။


ယခင်က ဟုန်ကျန်းဆားလွင်ပြင်ကလူတွေက နေရာတကာမှာ လူတွေကို သတ်ခဲ့သည့်အတွက် သူ သူတို့ကိုသတ်ခဲ့ခြင်းဖြစ်သည်၊၎င်းကို သူလုပ်နိုင်ပေမဲ့ ဤစစ်သားတွေက...


ထိုအစိုးရစစ်သား အများစုသည် ယခင်က မည်သူ့ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ဖူးသော သာမန်လူများ ဖြစ်ကြပြီး၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်းပင်လျှင် တပ်မတော်၏ကောင်းကျိူး အတွက်ပင် ဖြစ်သည်။အထက်အရာရှိများ၏ အမိန့်ကြောင့်လည်းဖြစ်၏။ကျန်းကျန့် ၎င်းတို့ကို အန္တရာယ်ပြုရန် သူ့ကိုယ်သူ မဆောင်နိုင်ခဲ့ပေ။


ဤအရာရှိများနှင့် စစ်သားများက ဝိုင်းရံထားမှုကို စိတ်လိုလက်ရ စွန့်လွှတ်သည်ကို သူပိုနှစ်သက် သည်။


ရောက်လာသည့် အစိုးရတပ်သား အရေအတွက်က အလွန်များပေမဲ့ ကျုးအားလင်လက်အောက်က လူအရေအတွက်က နည်းပါးနေပြီး အားနည်းသည့် လူအိုတွေကိုလည်း အကာအကွယ်ပေးရဦးမည်…


ကျူးအားလင်ကလည်း ထိုစစ်သားများနှင့် တိုက်ရိုက်တိုက်ခိုက်လိုခြင်းမရှိသောကြောင့် ကျန်းကျန့်နှင့် ဆွေးနွေးခဲ့သည်။


သူတို့စကားပြောနေစဉ် ကျန့်ရီပေးပို့သည့်အရာများ ရောက်လာသည်။


"ဘော့စ် ဒီမှာ မင်းမိန်းမ မင်းကို ပို့လိုက်တာတစ်ခုရှိတယ်..." 


ကျန်းမင်က အထုပ်တစ်ခုကို တွေ့လိုက်၏။


ကျူးအားလင်နှင့် စကားပြောနေသည့် ကျန်းကျန့်Jက သူ့စကားကြားသောအခါ ချက်ချင်းထခုန်ပြီး ကျန်းမင်လက်ထဲက အရာတွေကို လုယူလိုက်ပြီး ဘေးကို ပြေးကြည့်လိုက်သည်။


"အစ်ကိုကျန်း သူ့မှာ မိန်းမရှိတယ်ပေါ့ ဪ …" 

ကျုးအားလင်မှာ အားကျစိတ်အပြည့်နှင့်။သူက လူပျိုကြီးဖြစ်နေတုန်းပဲ…


"ဟုတ်တယ်... ငါတို့ဘော့စ်မှာ မိန်းမရှိတယ်" ကျန်းမင်က ပြောသည်။


"အစ်ကိုကျန်းရဲ့ ဇနီးက အရမ်းကောင်းရမယ်ဟုတ်တယ်မလား... သူ(မ)က တအားကြည့်ကောင်းတာလား" 


ကျုးအားလင်က ထပ်မေးပြန်သည်၊ ဤသူက တော်ဝင်သံတမန်နှင့် သိသောလူပင်။ သူ့မိသားစုက သေချာပေါက် အခြေအနေ ကောင်းရမည်၊ သူ့မိန်းမကလည်း နူးညံ့ပြီး ချောမောလှပသည့် မိန်းမမျိုး ဖြစ်နိုင်သည်။


"သူကကောင်းပါတယ်.."


ကျန်းမင်က ထပ်ဖြည့်ပြော၏။

"တော်တော်လေး ကြည့်ကောင်းတယ်"

ကျောက်ကျင်းကောက သူ့ထက် ပိုချောတယ်...


ကျူးအားလင် နှင့် အခြားသူများသည် ပို၍ပင် မနာလိုအားကျဖြစ်ခဲ့ကြသည်။


တစ်ချိန်တည်းမှာပင် ကျိုးမောင်ဟယ် ထိုဆားသမားများလက်ထဲရှိ အစားအစာများကို တစ်ဖန် ရေတွက်ပြီး လူတိုင်း၏ ရိက္ခာကို ထပ်ပြီး လျှော့ချလိုက်သည်။ နောက်ဆုံးတွင် အလွန်ကျဲတောက်နေသော ယာဂုတစ်ပန်းကန်သာ ပေးခဲ့သည်။


ဤယာဂုက မသောက်ရသည်နှင့် အတူတူပါပင်... သို့ပေမဲ့ သူဗိုက်ဆာလွန်း၍ ကျိုးမောင်ဟယ် ငိုချင်လာ၏။


ကျန်းကျန့် ဘယ်ရောက်သွားတာလဲ...ဘယ်လိုဖြစ်လို့ သူ့ကို မခေါ်သွားသေးတာလဲ...


...



ကျန်းကျန့် ကျောက်ကျင်းကော သူ့ဆီပို့လိုက်သည့် အထုပ်ကိုဖွင့်ပြီး မျှော်လင့်တကြီး ကြည့်လိုက်သည်။


သူ ကျောက်ကျင်းကောထံသို့ စာထူကြီးတစ်စောင်ရေးခဲ့သည်၊ အတွေ့အကြုံမရှိခြင်းကြောင့် စာကောင်းကောင်းမရေးနိုင်သော်လည်း ကျောက်ကျင်းကော နှင့်ပတ်သက်သည့် သူ့အတွေးအားလုံးကို ရှင်းရှင်းလင်းလင်းရေးထားသေးသောကြောင့် သူ့စာကို အချစ်စာအဖြစ် မှတ်ယူနိုင်သည်။ ကျောက်ကျင်းကောကလည်း သူ့ကို ဘာပို့မည်မသိ၊ အဲဒါက အချစ်စာပဲလား...


ကျန်းကျန့် အချစ်စာများ မတွေ့ခဲ့ရဘဲ အထုပ်ထဲတွင်ပါသည်က အခြားအထုပ်တစ်ခု ဖြစ်သည်... အဲဒါက ဂျုံမှုန့်တစ်ထုပ်လား...


မဟုတ်ဘူး၊ အဲဒါက ဂျုံမှုန့်သက်သက်မဟုတ်ဘူး၊ အဲဒီထဲမှာ တခြားအရာတစ်ခုရှိတယ်...


ကျန်းကျန့် ဂျုံမှုန့်ထဲမှ သစ်သားသေတ္တာတစ်လုံးနှင့်ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူလိုက်သည်။


ဘူးသီးခြောက်က ကြီးမားလေးလံပြီး အစက ဝိုင်ဟု သူထင်ခဲ့ပေမဲ့ ဖွင့်ကြည့်လိုက်သော ဝက်ဆီနှင့်ပြည့်နေသည်ကို တွေ့လိုက်ရကာ သစ်သားသေတ္တာအတွက်မူ. . .


သစ်သားသေတ္တာထဲတွင် နေလှန်းထားသော ပဲငံပြာရည်စိမ်အသားအပြည့်ထည့်ထားသည့် သေတ္တာတစ်လုံးနှင့် ပဲငံပြာရည်စိမ်အသား၏အပေါ်တွင် စာတစ်စောင် တင်ထားသည်။


ကျန်းကျန့် ပဲငံပြာရည်နံ့နှင့် အသားနံ့ထုတ်လွှင့်နေသော စာကိုဖွင့်ကာ ကျောက်ကျင်းကော၏ စကားလုံးများကို ဖတ်လိုက်သည်။


ကျောက်ကျင်းကောက စာတစ်စောင်ကို အမှားအယွင်းမရှိ မှန်ကန်စွာ ရေးသားထားသောကြောင့် ၎င်းကို ထပ်မံမကူးမီ မူကြမ်းတစ်ခုကို အရင်ရေးခဲ့သည်ဟု ခန့်မှန်းရသည်။ စာ၏အစမှာ သူသူ့ကိုလွမ်းသည်ဆိုထားပေမဲ့ ကြည်နူးစရာကောင်းသည့် စကားလုံးတွေမရှိခဲ့ပါပဲ အိမ်မှာလည်းအားလုံး အဆင်ပြေသည်ဟု ရေးထားခဲ့၏။ တစ်ချိန်တည်းမှာပင် သူက ဂျုံမှုန့်နှင့် ဝက်ဆီအကြောင်းပြောခဲ့သည်– "စားစရာမရှိလို့ အိမ်စာနည်းနည်းစားချင်တယ်လို့ ခင်ဗျားပြောခဲ့တယ်လေ... ဒါကြောင့် ကျွန်တော် ခင်ဗျားအတွက် စားစရာတချို့ ပြင်ဆင်ထားတယ်"


ကျန့်ရီက အများကြီးယူသွား၍မရဘူးဟုဆိုသည်။ ထို့ကြောင့် ကျောက်ကျင်းကော အိတ်ထဲကို စားစရာများများထည့်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့၏။


အမှန်တွင် သူက ကျန်းကျန့်အတွက် ဆန်ကို အစတုန်းက ပို့ချင်ပေမဲ့ နောက်ပိုင်းမှာ ဂျုံမှုန့်က ပိုအသုံးဝင်သည့်ကို တွေ့သည့်အတွက် နေရာအများကြီးမယူမိအောင် ဂျုံမှုန့်နှင့်အစားထိုးပြီး ဝက်ဆီနှင့် ပဲငံပြာရည်စိမ်အသားတွေကို ဂျုံမှုန့်ထဲကို ထည့်ခဲ့သည်။


"ကျန်းမင် မပြုတ်ရသေးတဲ့ငါးယူခဲ့...ပိုကြီးတဲ့ငါးဖြစ်ရမယ်..." 


ကျန်းကျန့်က ပြောလိုက်သည်။


"ဟုတ်ကဲ့ ဘော့စ်"


ကျန်းမင်က ကျန်းကျန့်ထံသို့ အလွန်ကြီးမားသောငါးကြီးတစ်ကောင်ကို အမြန်ယူဆောင်လာပြီးနောက် ကျန်းကျန့်က ဝက်ဆီတစ်ပိုင်းနှင့် ပဲငံပြာရည်စိမ်အသားကို အတုံးသေးသေးလေးများလှီးထုတ်ပြီး ငါး၏ဝမ်းဗိုက်ပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သစ်ကိုင်းကို ဂရုတစိုက်အသုံးပြုကာ ငါး၏ကိုယ်ပေါ်၌ဝက်ဆီအနည်းငယ်လိမ်းပြီး ငါးကိုမီးကင်ရန် မီးဖိုပေါ်တင်လိုက်သည်။


ငါးကင်ကို ကင်ရန်အတွက် ဆီနှင့်ပွတ်တိုက်သင့်ပေမဲ့ ယခင်က ဆီမရှိသောကြောင့် ကျန်းကျန့် ငါးပြုတ်ကိုပဲ စားခဲ့ရပေမဲ့ ယခုက မတူပါချေ။


အခု သူ့မှာ ဝက်ဆီဘူးသီးခြောက်တစ်ဘူးစာရှိတယ်....


ကျန်းကျန့်က စားစရာတွေ အများကြီး ဖုတ်ဖူးသည်၊ ငါးဖုတ်ကလည်း အလွန်ကောင်း၏၊ ဆီနှင့် ဖုတ်ထားသော ငါးက အနံ့ တကယ်ကောင်းသည်။

(သူသုံးထားတာက ကိတ်မုန့်ဖုတ်တဲ့ဖုတ်ပါ)


ကျူးအားလင် ၎င်းကို အနံ့ခံလိုက်ရသောအခါတွင် သူ့တံတွေးကို မျိုချရန် မတတ်နိုင်တော့ပေ။


"ကျန်းကျန့် ဒီငါးကို ငါ့ရောင်းပါ" 

ကျူးအားလင်က ကျန်းကျန့်ကို ပြောလိုက်သည်။



ကျူးအားလင်က ရွှေငွေအမြောက်အမြားရရှိထားသော်လည်း သူသည် အလွန်ကန့်သတ်ထားသော ဆားလွင်ပြင်တွင် အမြဲနေထိုင်ခဲ့ပြီး အပြင်သို့ မရောက်ဖူးပါချေ။ ရွှေငွေသည် ကောင်းသောအရာဖြစ်သည်ကို သူသိသော်လည်း ၎င်းတို့၏တန်ဖိုးကို မသိသောကြောင့် ယခုအချိန်တွင် ကလေး၏လက်သီးအရွယ်ရှိ ရွှေတစ်ပိုင်းကို ငါးဝယ်ရန် တိုက်ရိုက်ထုတ်ယူခဲ့သည်။


"ရောင်းဖို့မဟုတ်ဘူး..." 


ကျန်းကျန့်က ၎င်းကို မရောင်းချင်ပေ။

"ငါ့မိန်းမက ငါ့ဆီပို့လိုက်တာ" 

ယခုလိုပြောနေရင်းနှင့် ကျန်းကျန့် မီးထဲကို ပြုတ်ကျသွားတော့မည့် ငါးကင်ထဲက ဆီတစ်စက်ကို သစ်ကိုင်းနှင့် ဖမ်းလိုက်သည်။ ထို့နောက် သစ်ကိုင်းကို ပါးစပ်ထဲသို့ထည့်ကာ အချိန်အကြာကြီး လွမ်းနေခဲ့သော အရသာကို မြည်းစမ်းကြည့်သည်။


နှစ်လလောက်နီပါး သူ့ဗိုက်ထဲမှာဆီရေတွေ ပြတ်တောက်သွားတယ်...


ကျန်းကျန့်က ငါးကင်လုပ်ရုံသာမက ဂျုံမှုန့်အချို့ကိုထုတ်ကာ မုန့်နှစ်ခုပြုလုပ်ရန် ရေနှင့်ရောမွှေထားသည်။ ထို့နောက် ငါးဖုတ်ဖြင့် မုန့်နှစ်လုံးကို စားကာ အခြားမည်သူ့အတွက်ကိုမျှ ဘာမှချန်မထားခဲ့။


အဆုံးတွင် ကျူးအားလင်တစ်ယောက် ပဲငံပြာရည်နံ့နှင့် ငါးကင်နံ့ရနံ့ကိုရှူရင်း ငါးပြုတ်ကို စားရုံသာတတ်နိုင်ခဲ့သည်။


စားပြီးသောအခါ ကျန်းကျန့် တစ်ဖန်ပြန်လည်သန်စွမ်းလာသလို ခံစားလိုက်ရသည်။


ကျောက်ကျင်းကောက သိပ်ပြီး စိတ်ကူးယဉ်ဆန်သူမဟုတ်ပေမဲ့ သူပို့ပေးထားသည့်အရာတွေက အလွန်အသုံးဝင်ပြီး သူ့နှလုံးသားကို ကုသပေးခဲ့သည်။


"ထမင်းစားချင်တယ်..." 


ကျူးအားလင်က သူ့ပတ်ဝန်းကျင်ကလူတွေကိုကြည့်ရင်း ဆိုသည်။

"ဘယ်လိုထင်လဲ... ငါတို့ အရာရှိတွေဆီကနေ ဆန်တွေသွားလုရမလား" 


ထမင်းက အနံ့အလွန်ကောင်းပြီး သူတကယ်ကြိုက်သည်။ ဝက်သားအတွက်မူ… ဟုန်ကျန်းဆားလွင်ပြင်မှာ ဝက်တွေကို မွေးမြူထားပေငြား ဆားလုပ်သားတွေ မစားရသည်ဖြစ်ရာ သူတစ်ခါမှမစားဖူးသည့်အတွက် ဝက်သားအရသာကိုမလွမ်းတတ်ပေ။


ကျူးအားလင် ထိုအကြောင်းကို ပြောနေရုံမျှမကခဲ့ဘဲ ရက်အနည်းငယ်အကြာတွင် ၎င်းတို့ကို လိုက်နေသော ထိုစစ်သားများထံမှ ရိက္ခာထုပ်များကို လုယက်ခဲ့သည်။


ဤကောက်နှံထဲကတချို့ကို အသက်ကြီးပြီး အားနည်းသူတွေ စားရန်တောင်တွေဆီ ပို့ထားပေမဲ့ ကျန်သည်တွေက ကျန်းကျန့်၏ ဂျုံမှုန့်ကိတ်မုန့်တွေကို မတောင့်တ သွားရေမယိုရရန်အလို့ငှာ သူတို့စားခွင့်ရထားကြသည်။


ယခု သူတို့သည် ဝက်ဆီနှင့် ပဲငံပြာရည်စိမ်အသားကို တောင့်တကြသည်။


ဤအရာများသည် ဤကမ္ဘာပေါ်တွင် အမွှေးဆုံးအရာဖြစ်မည်မှာ သေချာသည်။


ယခုအချိန်တွင် ဟုန်ကျန်းဆားလွင်ပြင်မှ လူများသည် ဆားတောင်သူဖြစ်စေ သာမန်လူများပင်ဖြစ်စေ ရှင်သန်ရပ်တည်ရန်အတွက် အခြေခံအားဖြင့် ကျန်းကျန့် နှင့် ကျူးအားလင်တို့ထံ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။


သက်ကြီးရွယ်အိုများနှင့် အားနည်းသူများကို တောင်ပေါ်တွင် နေရာချထားပြီး ကျန်လူငယ်နှင့် သန်မာသူများကို အစိုးရစစ်သားများနှင့် ပြောက်ကျားစစ်ကစားရန် ကျန်းကျန့်က ဦးဆောင်ခဲ့သည်။


ငယ်ရွယ်ပြီး သန်မာသည့် ဤလူတွေမှာ ဒီနေရာမှာမွေးဖွားကြီးပြင်းလာကြသောကြောင့် သူတို့အားလုံး မြေပြင်အနေအထားနှင့် အလွန်ရင်းနှီးကြပြီး အစိုးရစစ်သားများ၏လိုက်ဖမ်းခြင်းကို ရှောင်ရှားပြီး အချိန်မီ လွတ်မြောက်နိုင်ကြသည်။ ပုန်ကန်မှုကို တိုက်ထုတ်ရန် စိတ်အားထက်သန်စွာ ရောက်လာကြသော အစိုးရစစ်သားများကို အချိန်နှင့်အမျှ ကျရှုံးစေခဲ့ပြီး နောက်ဆုံးတွင် သဲလွန်စမရှိဘဲ ဝင်ထွက် သွားလာနေသော ဤ "ပုရွက်ဆိတ်များ" ကို သူတို့ တိုက်ပင် မတိုက်လိုတော့ပေ။


....


ပင်လယ်ကမ်းစပ်ရှိ ပျက်စီးယိုယွင်းနေသော တံငါရွာ...


ဤတံငါရွာသည် သဘာဝအတိုင်း အလွန်သေးငယ်ပြီး ၎င်းတွင် မိသားစု ၂၀ သို့မဟုတ် ၃၀ ခန့်သာ နေထိုင်ကြသော်လည်း ထိုအချိန်တွင် ရွာသားများ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အသတ်ခံရသည်လော၊ ပြေးသည်လော မည်သူမျှ မသိကြပေ။ ယခုချိန်၌ သူပုန်များကိူတိုက်ခိုက်ရန် လာရောက်ကြသော စစ်သားများနှင့် ရွာထဲတွင် ပြည့်နေသည်။


ဤအစိုးရစစ်သားများက အများအပြားရှိကြသောကြောင့် လူတိုင်းမှာ နေစရာအိမ်မရှိပေ။ထို့ကြောင့် လူအများစုက အိမ်အပြင်ဘက်မှာ နေရာရှာရန် လိုအပ်နေသည်။


မနေ့ညက ရန်သူတွေ၏ တိုက်ခိုက်မှု တော်တော်များများကို ကြုံခဲ့ရသလို လွန်ခဲ့သည့် နှစ်ညမြောက်က လူတွေက သူတို့ကို တိုက်ခိုက်ပြီး သူတို့၏ ပစ္စည်းတွေကို လုယက်ကြ၏။ တွက်ကြည့်လျှင် သူတို့ ဆယ်ရက်ကျော်ကြာအောင် ကောင်းကောင်း မအိပ်ခဲ့ကြရပေ။


ထိုသူပုန်အုပ်စုများသည် လူအင်အားနည်းမှုကြောင့် ၎င်းတို့အား ထိပ်တိုက်မတိုက်ဘဲ ၎င်းတို့ကိုနှောင့်ယှက်ရန် တစ်နေ့ကုန် ခိုးဝင်ခဲ့ကြခြင်းဖြစ်မည်။ အမှန်အတိုင်းပြောရလျှင် ဘယ်သူမှ မသေပေမဲ့ မောပန်းနွမ်းနယ်ပြီး တိုက်ပွဲဝင် စိတ်ဓာတ်တွေ မကျန်တော့ပေ။


ယခုအချိန်တွင် မရိတ်သင်ရသေးသော မုတ်ဆိတ်မွေးများဖြင့် ဖုန်များဖုံးလွှမ်းနေသော အစိုးရစစ်သားများသည် မြေပြင်ပေါ်တွင် အိပ်ငိုက်နေကြသည်။ မသိသည့်သူတွေဆိုလျှင် အလောင်းတွေဟုပင် ထင်ကောင်းထင်နိုင်၏။


ဝမ်ရှောင်ချီက အစိုးရစစ်သားများထဲမှ တစ်ဦးဖြစ်သည်။


သူသည် ယခုနှစ်တွင် အသက်ဆယ့်ရှစ်နှစ်သာရှိသေးပြီး မိသားစုတိုင်း အနည်းဆုံးလူတစ်ယောက်ပို့ရမည့် စစ်သားစုဆောင်းမှုတွင် သူ့ ညီအစ်ကိုများက အိမ်ထောင်ကျပြီး သားသမီးများ ရှိနေပြီဖြစ်သောကြောင့် ၎င်း၏မိဘများက စစ်သားဖြစ်ရန် သူ့ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။


စစ်သားတစ်ယောက်ဖြစ်ရသည်က ဝမ်ရှောင်ချီ အတွက် မခက်ပါချေ။ အရင်တုန်းက တန်းလျားမှာ လုပ်စရာတွေ အများကြီးရှိပေမဲ့ တကယ်တမ်းတွင် အိမ်မှာနေသည့်အချိန်နှင့်သိပ်မခြားနားသည့် အချိန်တွေရှိခဲ့သည်...


ဝမ်ရှောင်ချီ ဆာလောင်မွတ်သိပ်နေသော ဗိုက်ကို ပွတ်လိုက်ပြီး ထမင်းနံ့ကြောင့် နိုးလာသည်။


သူ အိပ်ငိုက်နေသေးသော်လည်း ဆာလောင်မှုကြောင့် အိပ်မပျော်နိုင်တော့ပေ။ ယင်းအစား ဖိနပ်ကို ချွတ်ကာ ခြေဖဝါးပေါ်ရှိ အရည်ကြည်ဖုများကို ချွန်ထက်သော သစ်ကိုင်းဖြင့် ထိုးပစ်လိုက်သည်။


အရည်ကြည်ဖု အတွင်းမှရေများကို ညှစ်ထုတ်ပြီးနောက် ဝမ်ရှောင်ချီက တစ်ရွာတည်းသားဝမ်ဝူအားမေးလိုက်သည်။


"ဦးလေးဝူ... ငါတို့ဒီမှာ ဘယ်လောက်ကြာကြာနေရမလဲ" 


"မသိပါဘူးကွာ" 


ဝမ်ဝူက ပြောသည်။


"အချိန်အခါကောင်းမှာ လူသတ်ဖို့ ဘာကြောင့် ဒီကိုလာရတာလဲ...လူတစ်အုပ်ကိုသတ်ဖို့လား..." 


ဝမ်ရှောင်ချီက ထပ်မေးပြန်သည် ၊ အဆုံးတွင် သူတို့သည် ဤနေရာသို့ ဘာအတွက်လာရခြင်းကိုအမှန်တကယ်ပင် မသိခဲ့ပေ။


"သောက်ကလေး မင်းဘာပြောနေတာလဲ... ငါတို့က ပုန်ကန်မှုကို နှိမ်နင်းဖို့ ဒီမှာလာနေတာ..." 


ဝမ်ဝူက ဝမ်ရှောင်ချီကို စိုက်ကြည့်နေပေမဲ့ သူ၏သွေးနီရောင်မျက်လုံးတွေနှင့်ထိုအကြည့်တွေက သိပ်ပြီး ကြောက်စရာမရှိပါချေ။


"ဒါပေမဲ့……"

ဝမ်ရှောင်ချီက မျက်မှောင်ကြုတ်ပြီးတွေးလိုက်သည်။ အထက်ကလူတွေက သူတို့ကို သာမန်လူတွေကို သတ်ခိုင်းတယ်...


"ငါတို့လုပ်ရမဲ့အရာမလုပ်ရမဲ့အရာတွေကို မတွေးနဲ့...ငါတို့အနာဂတ်မှာ ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကို မင်းစဉ်းစားရင် ပိုကောင်းမယ်..." 


ဝမ်ဝူက ဆိုလိုက်၏။

"ဒီလူတွေက ပိုဆိုးလာပြီ... ငါတို့စားစရာတွေကို အကုန်လုယက်တယ်...ငါတို့လည်း သူတို့ဆီကနောက်ကျရင် အသတ်ခံရနိုင်တယ်...ဆိုတော့….."


ဝမ်ရှောင်ချီ သူတို့ အနားယူရန်ကြိုးစားသည်နှင့် တပြိုင်နက် ဒုက္ခများ ပေးလာသော ထိုလူများကိုတွေးပြီး တုန်ယင်သွားသည်။


သူ မသေချင်သေးဘူး....


ဝမ်ရှောင်ချီ တွေးနေချိန်မှာ ရွာက သတ်ရန်ဖြတ်ရန် အော်ဟစ်သံတွေ ရုတ်တရက် ထွက်ပေါ်လာသည်။


"ရန်သူတိုက်ခိုက်လာတယ်... ရန်သူတိုက်ခိုက်လာတယ်... ထပြီး ရန်သူကို သတ်ကြ..."


အော်ဟစ်သံများသည် နေရာပေါင်းစုံမှ ထွက်ပေါ်လာသော်လည်း လူတိုင်း မထနိုင်မီ အပြေးအလွှား ရောက်လာကြသော ရန်သူများက ချက်ပြီးသား ထမင်းကို ယူဆောင်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြသည်။


သူတို့သည် ထိုလူတွေ၏ လုယက်ခြင်းခံရပြီးနေပြီဖြစ်ကာ ယခု ထမင်းများကိုပင် ဆုံးရှုံးသွားကြသည်...


သူတို့သယ်လာသည့် ရိက္ခာတွေ ကုန်ခါနီးပြီဖြစ်သည်၊ဤအတိုင်းဆက်

သွားနေလျှင် သည်မှာ ငတ်သေသွားနိုင်သည်…….. အနှီအစိုးရတပ်သားတွေက စိုးရွံ့လာကြသည်။


"ငါတို့ စားစရာတွေ ကုန်တော့မယ်"


"အရှင် ငါတို့ ဒီစီရင်စုနယ်မှာ ဘယ်လိုစစ်ပွဲမျိုး ဆင်နွှဲနေတာလဲ"


"ငါတို့ပြန်ရမယ်"


 


….