အပိုင်း ၂၁၇
Viewers 32k

Chapter 217

မင်ကျူးကို လေ့ကျင့်ရေးခေါ်သွားခြင်း




သူတို့ တွေးနေတုန်းမှာပဲ ကျောက်ကျင်းကောက အဝတ်အစားတွေကို ကောက်ယူပြီး ကျန်းကျန့်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ပြီးသွားပြီဖြစ်သည်။ထို့နောက် သူက ကျောက်ချန်ယုကို ကောက်ချီလိုက်သည်။


ကျန်းကျန့်က သူ့ကလေးတွေနဲ့ သူ့အပိုင်ကမ်းခြေမှာ သူ့ဘာသူဆော့ကစားနေပေမဲ့ လူတစ်စုရောက်လာပြီး သူ့ကို ကိုယ်လုံးတီးနီးပါးမြင်သွားတုန်းပဲ… 

ကျောက်ကျင်းကော ဤအချိန်မှာ ဒေါသအတော်လေးထွက်နေသဖြင့် သူက တင်းတင်းမာမာပြောလိုက်၏။


"အိမ်မှာ လုပ်စရာရှိသေးတယ်...မင်းတို့ကိုဧည့်ခံမှာမဟုတ်ဘူး... ကျေးဇူးပြုပြီးထွက်သွားပါ"


ကျောက်ကျင်းကောက လူတွေကို အဝေးကို မောင်းထုတ်ရင်း အလုပ်ရှုပ်နေချိန်မှာ ဝမ်မင်ကထပိပြောလိုက်သည်။ 


"ဒီလူတွေကို ငါပြန်ခေါ်သွားပြီးတဲ့အခါ ငါသေချာပေါက် ထပ်လာပါ့မယ်"


ဝမ်မင်က ထိုလူများကို ဖယ်ထုတ်သွားပြီးနောက် ကျောက်ကျင်းကောက ကျန်းကျန့်ကိုကြည့်ကာမေးလိုက်၏။


"အဆင်ပြေရဲ့လား"


"အင်း"

 ကျန်းကျန့်က ပြောလိုက်သည်။

 "ဒီလူတွေက ဘာကိစ္စရှိလို့လဲ"


"တခြား ဘာဖြစ်နိုင်မလဲ...ဝမ်မိသားစုက မနာလိုဖြစ်နေကြတာလေ..."

ကျောင်ကျင်းကောက ပြောသည်။


ဝမ်မိသားစုသည် ငွေများစွာကုန်ကျသည့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့သော်လည်း...ဝမ်မိသားစုမှ လူတိုင်းတွင် အမြတ် ဝေစုမရနိုင်ခဲ့ပေ။


ဝမ်ယင်နျန်းက ခန်းဝင်ပစ္စည်း ကြီးကြီးမားမားဖြင့် လက်ထပ်နိုင်ခဲ့ပြီး လူအများ မနာလိုဖြစ်ခဲ့သည်။ ဝမ်မင် နှင့် ဝမ်ယင်နျန်း လက်ထပ်ပြီးနောက် သူတို့သည် ပင်လယ်ကုန်သည်များဖြစ်လာကြပြီး ဝင်ငွေပိုရကာ အခြားလူများ ပို၍ပင် မနာလိုဖြစ်ခဲ့ကြသည်။


"ကျန်းကျန့် သတိထားသင့်တယ်...ဟယ်ရှင်းစီရင်စုနယ်မှာ ခင်ဗျားကိုမကျေနပ်တဲ့ ပင်လယ်ကုန်သည်တွေ အများကြီးရှိတယ်..."


ကျောက်ကျင်းကောက စိုးရိပ်ပူပန်စွာပြောလိုက်၏။ကျန်းကျန့်က အိမ်မှ အချိန်အတော်ကြာ ဝေးကွာနေသောကြောင့် လူများစွာက သူ့ကို အရိပ်အယောင်ဖြင့် လာပြောဆိုခဲ့သည်။


"ကိုယ်တို့က မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာတဲ့အတွက် လူတွေကို မနာလိုဖြစ်စေ လိမ့်မယ်..." 


ကျန်းကျန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်းပင်ပြေလျော့သွား၏။


သူများတွေ မနာလိုဖြစ်သည့်အတွက်နှင့် သူက ဖွံ့ဖြိုးနေခြင်းခြင်းကိုရပ်၍မဖြစ်ပေ။


အကယ်၍ သူသာ ဆက်လက် မဖွံ့ဖြိုးတော့ပါက၊ ၎င်းသည် အနာဂတ်တွင် လူအများအား သူ့ကို အထင်သေး စေမည်ဖြစ်သည်။


ကျန်းကျန့်က ကျောက်မင်ကျူးကို ပွေ့ဖက်ပြီး ချော့လိုက်ပြီး အချိန်တိုလေးအတွင်းမှာ ကျောက်မင်ကျူး အငိုရပ်သွားပေမဲ့ ခဏအကြာမှ သူမရုတ်တရက် ပိုဆိုးလာပြန်၏။


"ဖေဖေ... ဖေဖေ ဘာလို့ထနေတာလဲ" 

သူမ သူမဖေဖေကို သဲထဲတွင် အကြာကြီးမြှုပ်နှံခဲ့ပြီး သူမ သူဖေဖေကိုမြုပ်ပြီးခါနီးတွင် ဖေဖေက မထင်မှတ်ပဲ ထွက်ပြေးသွားခဲ့သည်. . .


"ဖေဖေ လှဲပြီး သမီးကို နောက်တစ်ကြိမ် မြုပ်ခွင့်ပေးရမလား..."


ကျန်းကျန့်က မေးလိုက်သည်။


"လက်တွေနာနေတယ်" 

ကျောင်မင်ကျူးက ပြောသည်။


"မေမေ့ကို ကူခိုင်းလိုက်" 

ကျန်းကျန့်က ပြောသည်။


ကျန်းကျန့်၏ လမ်းညွှန်မှုအောက်တွင် သဲနှင့်တစ်ခါမှမကစားဖူးသော ကျောက်ကျင်းကောတစ်ယောက် လဲလျောင်းနေသော ကျန်းကျန့်ကို သဲဖြင့်ဖုံးခဲ့သည်မှာ သူ့ခေါင်းတစ်ပိုင်းသာကျန်တော့သည်။


ဒါ. . . အတော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့သည်။


"မင်း ကိုယ့်ခြေထောက်တွေကြားမှာ သဲများများထည့်ပြီး ပိုမြင့်အောင် ပုံလိုက်ပါလား"

ကျန်းကျန့်က ပျင်းလာသည့်အခါ ကျောက်ကျင်းကောနှင့် ပရောပလုပ်ပါတော့သည်။


ကျောက်ကျင်းကော: "…"


"လုပ်ပါ"


ကျန်းကျန့်က ပြောသည်။


"ထမင်းစားချိန်ရောက်ပြီ...ကျွန်တော် မင်ကျူး နဲ့ ချန်ယု ကို အရင်ပြန်ခေါ်သွားလိုက်မယ်" 

ကျောက်ကျင်းကောက တည်ငြိမ်စွာဖြင့် ကောင်းကင်ကို ကြည့်ဟန်ဆောင်ပြီးဆိုသည်။


"မင်ကျူး ဗိုက်ဆာနေပြီလား"


ကျောက်မင်ကျူး နှင့် ကျောက်ချန်ယုတို့သည် ဗိုက်ဆာနေပြီဖြစ်သောကြောင့် ကျောက်ကျင်းကော နှင့် အတူတူစားချင်သဖြင့် တညီတညွတ်တည်း ခေါင်းညိတ်ခဲ့ကြသော်လည်း ကျန်းကျန့်ကို မမေ့ခဲ့ကြပေ။


ကျောက်မင်ကျူးက ကျန်းကျန့်လက်ကိုဆွဲပြီးဆိုသည်။

"ဖေဖေ...ဖေဖေ မတ်တပ်မရပ်နဲ့"


"ဖေဖေ အစာငတ်သေရင် ဘာလိုလုပ်လဲ"

ကျန်းကျန့်က မေးလိုက်သည်။


"ဒါဆို သမီးဖေဖေ့ကို နမ်းလိုက်မယ်လေ"


ကျန်းကျန့်က သူမနှင့် ရံဖန်ရံခါ ဤကဲ့သို့ ကစားတတ်သည်။ကျန်းကျန့် မျက်လုံးမှိတ်ပြီး မလှုပ်မယှက် ဖြစ်နေကာ သူမနမ်းလိုက်မှ ကျန်းကျန့်က ထနိုင်သည်။


ကျန်းကျန့် : "..."


သူတို့မိသားစု ခဏလောက် ဆော့ကစားပြီးနောက် ကျန်းကျန့်က မနက်ဖြန်မှာ ကျောက်မင်ကျူးနှင့် ဆက်ကစားမည်ဟု ကတိပေးခဲ့ပြီး နောက်ဆုံးမှာ သဲပြင်ပေါ်ကနေ ထနိုင်ခဲ့သည်။ ဤအချိန်တွင် ရို့အာရောက်ရှိလာပြီး ဝမ်မိသားစု၏ ဆဋ္ဌမသခင်က တောင်းပန်ရန် ရောက်ရှိလာသည်ဟု ဆိုလေသည်။


ဆဌမသခင်ဝမ်သည် အမှန်တကယ် တောင်းပန်ရန် ရောက်လာခဲ့သည်။


သူ အတော်လေးကို စိတ်အခြေအနေဆိုးနေပြိဖြစ်သည်။ဟယ်ရှင်းစီရင်စုနယ်ကိုရောက်ပြီးနောက် သူ့ရည်မှန်းချက်တွေတစ်ခုမပြည့်သေးပေ။သို့ပေမဲ့ ဘာအတွက်မှမဟုတ်ဘဲ ငွေ၁၀၀၀၀ ပေးရဦးမည်...


သူက ဝမ်မိသားစုဝင်တစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ စီးပွားရေး အရည်အချင်းမရှိသလို ပင်လယ်ပြင်ကိုလည်း မသွားချင်ဘူးဆိုသည်ကို သင်သိသင့်၏။ သူ့မိသားစု၏ ချမ်းသာမှုသည် ဝမ်မင် အိမ်ထောင်မပြုမီနှင့်ပင် မယှဉ်နိုင်။


ဆဌမသခင်ဝမ်၏မိသားစုသည် အလွန်စိတ်ဓာတ်ကျနေသော်လည်း ကျန်းကျန့်က သူ့ပိုက်ဆံကိုလက်ခံရန် တုံ့ဆိုင်းမနေဘဲဆိုလိုက်သည်။


"ဆဋ္ဌမသခင်ဝမ်ကို ဒုက္ခခံခိုင်းရတာ မကောင်းပါဘူး ...ဒါကြောင့် အရင်ကတည်းက ကွဲနေတဲ့မှန်ကို ယူသွားပါ"


နောက်ဆုံးတွင် ဝမ်မိသားစု၏ ဆဌမမြောက်သခင်သည် မှန်ကွဲစများနှင့်အတူ ဝမ်မိသားစုအိမ်သို့ ပြန်သွားခဲ့ကာ ဝမ်မင်နှင့် ဝမ်ယင်နျန်းတို့နှစ်ယောက်လုံး သူ့ကို ရှောင်ခဲ့ကြသည်။


"ခွေးကောင်" 


ဝမ်မိသားစု၏ ဆဌမမြောက်သခင်သည် ဒေါသတကြီးဖြစ်သွား၏။


တစ်ချိန်တည်းမှာပင် ကျန်းကျန့်က ကျောက်ကျင်းကောနှင့် ဆွေးနွေးခဲ့သည်။


"မနက်ဖြန် ကိုယ့်လူတွေကို လေ့ကျင့်ပေးမယ်"


"ဟမ်...အင်း"


ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။

"ဘာဖြစ်လို့လဲ" 


ကျန်းကျန့်က သူ့လူတွေကို အမြဲတမ်း လေ့ကျင့်ပေးခဲ့ပြီး လူတွေကို ပိုသထက်ပိုလေ့ကျင့်ပေးခဲ့ပေမဲ့ သူ့ကို ထိုအကြောင်း တသီးတသန့် မပြောခဲ့ဖူးပါချေ။


"ကိုယ် မင်ကျူးကို ကိုယ်နဲ့လိုက်ခဲ့ချင်စေတယ်" ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်မင်ကျူးက ယခုအချိန်တွင် မည်သည့်လေ့ကျင့်မှုမှ မလိုအပ်သေးသော်လည်း သူမကို ခေါ်သွားပြီး ကြည့်ခိုင်းရန်မှာ မဆိုးပေ။


ရှေးခေတ်တုန်းက...ဝေရှင်းစီရင်စုနယ်တွင် ငြိမ်းချမ်းပြီး သာယာဝပြောသည့်ပုံစံရှိသော်လည်း အခြားနေရာများတွင် စစ်ပွဲများစွာရှိခဲ့သည်။


ဒီလိုနေရာမျိုးမှာ မင်းလက်ထဲမှာ လုံလောက်တဲ့ စွမ်းအားမရှိရင် မင်းကို စိတ်မသက်မသာဖြစ်စေလိမ့်မယ်...


ကျန်းကျန့် နှင့် ဝမ်မင်တို့သည် အတူတကွ ကုန်သည်များ ဖြစ်လာကြသည်။ဝမ်မင်က သူ့ပိုက်ဆံတွေကို အိမ်အတွက်သို့မဟုတ် မြေဝယ်သည့်နေရာမှာသုံးနေချိန်မှာ သူကမတူပါချေ။သူက လူအင်အားကို အမြဲတမ်းစုဆောင်းပြီး လေ့ကျင့်ပေးနေသည်။


ယခုအချိန်တွင် ကျန်းကျန့်ဆီတွင် အရွယ်ရောက်ပြီးသူ ထောင်ပေါင်းများစွာရှိပြီး အချို့မှာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် ကိုယ်ရံတော်အဖြစ် လုပ်ကိုင်လိုကြပြီး အချို့က ပင်လယ်ထဲသို့ လိုက်သွားလိုကြသည်။


အိမ်ကိုပြန်ရောက်ပြီးနောက် ပင်လယ်ထဲကို လိုက်သွားသူတွေကို ရက်အနည်းငယ်ကြာအောင် အနားပေးခဲ့ပေမဲ့ ယခု လေ့ကျင့်ခန်းပြန်စရန် အချိန်ကျနေပြီဖြစ်သည်။


ယာပြန့်ရွာအနီးရှိ တောင်တန်းများတွင် ကျန်းကျန့် သူ၏လူများကို လေ့ကျင့်ပေးသည့် အထူးလေ့ကျင့်ရေးကွင်းတစ်ခုရှိသည်။ ယနေ့ သူ ထိုကို စောစောသွားခဲ့၏။


လေ့ကျင့်ရေးကွင်းတွင် ကျူးအားလင် ဦးဆောင်သော ရာနှင့်ချီသောလူများက စောင့်ဆိုင်းနေပြီဖြစ်သည်။


စောသေးသည်ဖြစ်ရာ သူတို့သည် မြေကြီးပေါ်တွင် သို့မဟုတ် သစ်လုံးများပေါ်တွင် ပျင်းရိစွာ ထိုင်နေကြရင်း ဓားများကိုသနေကြသည်။


ကျန်းကျန့်၏နောက်သို့စလိုက်ခဲ့စဉ်က အသက် ၁၇ သို့မဟုတ် ၁၈ နှစ်သာရှိသေးသောကျန်းမင်က ယခုအချိန်တွင် ကြွက်သားအပြည့်လက်မောင်းများနှင့် အလွန်သန်မာသူတစ်ဦးဖြစ်နေပြီဖြစ်သည်။သို့သော်လည်း သူကဓားအစား လှံကိုကိုင်ဆောင်ထားသည်။


ကနဦးတွင် ကျန်းကျန့် လက်ထဲတွင် ပိုက်ဆံအနည်းငယ်သာရှိသဖြင့် ဝါးလုံးများကို လက်နက်အဖြစ် အသုံးပြုရန် သူ့လူများကို ခိုင်းခဲ့သည်။ကျန်းမင်က လူတွေကို ဝါးလုံးတွေနှင့်ထိုးရသည့် ခံစားချက်ကို သဘောကျသည့်အတွက် နောက်ပိုင်းမှာ သံမဏိနှင့်လုပ်ထားသည့် ဓါးကြီးတစ်ချောင်းကို လက်ခံရရှိတဲ့အခါမှာ လက်နက်ကို ပြောင်းလဲရန် ဆန္ဒမရှိခဲ့ပေ။အခြားလူတော်တော်များများလည်း အလားတူပါပင်။


ကျန်းကျန့်က နောက်ပိုင်းမှာ တစ်ယောက်ယောက်ကို သူတို့အတွက် လှံတွေလုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။


"ကျန်းမင် မင်းလက်ထပ်တော့မယ်လို့ ငါကြားတယ်" 

ကျူးအားလင်က ကျန်းမင်ကိုကြည့်ပြီးမေးသည်။ "မင်းမိန်းမကို မြင်ဖူးပြီးပြီလား" 


"ငတုံး" 


ကျန်းမင်က ကျူးအားလင်ကိုကြည့်လိုက်သည်။ သူ့အဖေနှင့်အမေ သူ့အတွက်ရှာတွေ့ခဲ့သော ဇနီးက ဟယ်ချောင်စီရင်စုမှ ဖြစ်သည်။ကျူးအားလင်နဲ့တချိန်တည်းမှာပဲ သူ သတင်းရခဲ့တာ...ဆိုတော့ သူ ဘယ်လိုလုပ်မြင်ဖူးမှာလဲ...


ကျူးအားလင်က ကျန်းမင်ကို လေးနက်သောပုံစံဖြင့် ကြည့်လိုက်သည်။


"မင်လေး...မင်း မင်းမိန်းမအပေါ်ကောင်းရမယ်နော်... မဟုတ်ရင် ငါတို့လနဲ့ချီကြာအပြင်ထွက် သွားတဲ့အခါ သူ ထွက်ပြေးသွားနိုင်တယ်"


"ငါ့မိန်းမက ငါဒီလိုပုံစံနဲ့ဖြစ်နေချိန်မှာ ထွက်ပြေးချင်တယ်လို့ မင်းထင်လား" 

ကျန်းမင်က ကျူးအားလင်ကိုကြည့်ပြီးဆိုလိုက်၏။ 

"ဒါပေမဲ့ မင်းကတော့ သတိထားသင့်တယ်" 


"ငါ မင်းကို အနိုင်ယူမယ်ကွ" 

ကျူးအားလင်က ကျန်းမင်ကို ကန်လိုက်သည်။


သူတို့ နှစ်ယောက် ရန်ဖြစ်တော့မည်ကို မြင်လိုက်ရသောအခါ တစ်စုံတစ်ယောက်က အပြင်မှ ရုတ်တရက် ပြေးလာပြီး အော်သည်။


"ရပ်လိုက်... မင်းတို့ရဲ့အဝတ်အစားတွေကို ပြန်ဝတ်... မြန်မြန်လုပ်"


"ဘာဖြစ် လို့လဲ" 

ကျူးအားလင် နှင့် ကျန်းမင် တစ်ယောက်ကို တစ်ယောက် လွှတ်လိုက်ပြီး အံ့သြစွာ ကြည့်နေလေသည်။


"ဘော့စ်ရောက်နေတယ်"

ထိုလူက ပြော၏။


"ဘော့စ် ဒီမှာရှိရင် သူလည်း ဒီမှာဘဲ"


ကျူးအားလင်ကပြောလိုက်သည်။သူတို့၏ဘော့စ်က သူတို့ထက် ပို၍ပင် ဟန်မဆောင်တတ်ပေ။ 

အရင်တစ်ခေါက် ပင်လယ်ထဲသွားရင်းနှင့် သူ ဆံပင်တိုတိုလေးပင် ညှပ်လိုက်သေးသည်... အကယ်၍ သူတို့ ပင်လယ်ထဲ အကြာကြီး မနေခဲ့ရဘဲ ပြန်ပေါက်ဖို့ ငါးလပင် အချိန်မရခဲ့ဘူးဆိုပါက သူတို့ဘော့စ် ယခုလို ဆံပင်ပုံစံနှင့် ပြန်လာသဖြင့် အဆူခံရမှာဖြစ်သည်။


"သူက သခင်မလေးနဲ့ အတူရှိနေတယ်" 

ထိုလူက ထပ်ပြော၏။


"သခင်မလေး..."

ကျူးအားလင် အံ့အားသင့်သွားကာ အမြန်ထရပ်လိုက်ပြီး သူ့အဝတ်အစားများကို ပြန့်အောင်လုပ် လိုက်သည်။


ကျန်းကျန့်က ပင်လယ်ပြင်တွင်ရှိစဉ် သူ့သမီးကျောက်မင်ကျူးက မည်မျှချစ်ဖို့ကောင်းသည်ကို လူအများအား ပြောပြနေကြဖြစ်သောကြောင့် ကျောက်မင်ကျူးကို မမြင်ဖူးသော်လည်း ဤကလေးအပေါ် ချစ်ခင်တွယ်တာမိခြင်းမရှိဘဲ မနေနိုင်ကြပေ။


ယခုလိုအခြေအနေမျိုးမှာ သူတို့အနေဖြင့် ကျောက်မင်ကျူး ရှေ့မှာ သူတို့၏ဖရိုဖရဲဖြစ်နေသော ဘက်ခြမ်းကို မပြချင်ကြသည်က သဘာဝပါပင်။


ကျူးအားလင် နှင့် အခြားသူများ သပ်ရပ်အောင်လုပ်ပြီးသည်နှင့် ကျန်းကျန့်က ကျောက်မင်ကျူးနှင့်အတူ ရောက်လာသည်။


ယခု အသက်လေးနှစ်ကျော်ရှိနေပြီဖြစ်သော ကျောက်မင်ကျူးသည် ယခင်ကကဲ့သို့ ဝဖြိုးခြင်းမရှိတော့ဘဲ သူမ၏မျက်နှာလေးက အနည်းငယ်ဝိုင်းနေပြီး မျက်လုံးများကလည်း ကြီးမားရွှန်းလဲ့နေသောကြောင့် သူမသည် အလွန်ချစ်စရာကောင်းနေပေသည်။


"ဘော့စ်...သခင်မလေးကို ဘာလို့ ဒီကို ခေါ်လာတာလဲ"

ကျန်းမင်က ကျန်းကျန့်ကို အံ့ဩစွာ ကြည့်နေသည်။


"သူက အခုကနေစပြီး နေ့တိုင်းလာမှာ"

ကျန်းကျန့်က ပြောသည်။


ကျန်းမင်နှင့် တခြားသူတွေ အနည်းငယ် အံသြသွားကြ၏။ သူက ကျောက်မင်ကျူးကို နေ့တိုင်း ဒီကို ခေါ်လာမှာလား...


ကျန်းကျန့် နှင့် ကျောက်မင်ကျူးတို့သည် ယခုအခါ အဆင့်အတန်းရှိသော လူများအဖြစ် သတ်မှတ်ခံထားရသောကြောင့် ၎င်းတို့၏သမီးကို အကာအရံအထပ်ထပ်ခြံရံ၍ ဟိုးအတွင်းဆုံးအဆောင်ခန်းမှာ ကြီးပြင်စေရမည်ဖြစ်ပြီး၊ သူမသည် အစေအပါးတစ်စု၏ လုပ်ကျွေးပြုစုခြင်းကိုခံယူရင်း ကုချင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ အိမ်မှုကိစ္စနှင့် ပန်းထိုးခြင်းတို့ကို သင်ယူသင့်ပေသည်။ဒါပေမဲ့ အခု သူမကို သူတို့ဆီခေါ်လာတယ်...


သူတို့ရဲ့ဘော့စ်က သခင်မလေးအသားမည်းသွားမှာ မကြောက်ဘူးလား...


ဤလူများသည် ကူကယ်ရာမဲ့သလို ခံစားခဲ့ရသော်လည်း ကျောက်မင်ကျူးက အရာအားလုံးကို အလွန်စိတ်ဝင်စားခဲ့သည်။


တက်လို့ဆင်းလို့ရသည့်သစ်သားမျှော်စင်၊ အမြင့်၊ အနိမ့် သစ်သားတိုင်များ၊ မြစ်ကိုဖြတ်ဆောက်ထားသော ကြိုးတံတား...


"မင်ကျူး... ဖေဖေ သမီးကိုဒီနေ့ကစားဖို့ခေါ်လာတာ"


ကျန်းကျန့်က ကျောက်မင်ကျူးကို ပြောသည်။


အမှန်တွင် သူ ကျောက်ချန်ယုကိုလည်း ခေါ်လာချင်ပေမဲ့ ကျောက်ချန်ယုက အသက်သုံးနှစ်အောက်ပဲရှိသေးပြီး ငယ်လွန်း၏။


ကျောက်မင်ကျူးက အားတက်သရော ခေါင်းညိတ်သည်။


ကျောက်မင်ကျူး သူမဘာသာသူမ "ကစား"နိုင်သည့်အရာအချို့ကို သူမဘာသာသူမကစားလိမ့်မည်ဖြစ်ပြီး တခြားအရာများကိုမူ ကျန်းကျန့်က သူနှင့်အတူ သူမကိုခေါ်သွားပေလိမ့်မည်။သူတို့ သူမကစားနိုင်သည့်အရာတစ်ခုကို တွေ့သည့်အခါ သူ သူမကို သူ့ရင်ဘတ်မှာ ချည်ပြီး သူ့ဘာသာသူ သွား "ကစား" ခဲ့သည်။



ကျန်းကျန့်၏ ရင်ဘတ်ကို မှီလျက် ကျောက်မင်ကျူးတစ်ယောက် အလွန်ပျော်ရွှင်စွာ ခစ်ခစ်ရယ်သည်။


သို့ပေမဲ့ အခုမှရောက်လာသည့်ဝမ်မင်တစ်ယောက် ဤမြင်ကွင်းကိုမြင်သောအခါ လန့်လွန်း၍ ချွေးစေးပြန်သွား၏။


ကျန်းကျန့်က သူ့သမီးကို ဤမျှမြင့်သော သစ်သားတုံးပေါ်တက်ရန် အမှန်တကယ် ခေါ်ဆောင်သွားသည်။


သူသည် သင်္ဘောဖြင့် ပင်လယ်ထဲ မကြာခဏထွက်သော်လည်း သင်္ဘောသားလုပ်သည့်အတိုင်း လုပ်,ခဲ,သည်။ ရွက်တိုင်ကို တစ်ခါမှ မတက်ဖူးသလို အမြင့်ကို နည်းနည်းပင်ကြောက်သေးသည်။


"ဝမ်မင် ဘာကိစ္စရှိလို့လဲ" 


ကျန်းကျန့်က ဝမ်မင် လူတွေကို ခေါ်လာသည်ကိုတွေ့သောအခါ အမြင့်ကနေ ဆင်းပြီး သူ့လူတွေကို ဆက်လေ့ကျင့်ရန် တိုက်တွန်းလိုက်၏။


"ဟုတ်တယ် တစ်ခုခုဖြစ်နေပြီ"

ဝမ်မင်က ပြောသည်။


ကျန်းကျန့်က ကျောက်မင်ကျူးကို သူ့လက်ထဲမှာ ချီပြီး ဝမ်မင်နှင့်အတူ အနီးနားက သူအနားယူနေကျ နေရာကိုသွားပြီး ဝမ်မင်ကို ကြည့်ကာဆိုသည်။

"ဘာဖြစ်တာလဲ"


"နှစ်ခုရှိတယ်...တစ်ခုက ဝမ်မိသားစုကသင်္ဘောတွေကို နောင်မှာဝယ်ချင်ရင် ဒီလောက်မလွယ်မှာကိုကြောက်ရတယ်"


ဝမ်မင်က ပြောသည်။ အကျိုးစီးပွားမပါဝင်ရန် မဖြစ်နိုင်သောအရာများစွာအတွက် ဝမ်မိသားစုသည် မူလက ဝမ်ယင်နျန်းကို ချစ်မြတ်နိုးခဲ့သော်လည်း ယခုအခါတွင် . . .


အဖေဝမ်နှင့်အမေဝမ် အပါအဝင် သူမ၏အကိုများစွာတို့သည် ယခုအချိန်တွင် ဝမ်ယင်နျန်းအတွက် ခံစားချက်များ ရှိနေဆဲဖြစ်သော်လည်း အခြားမည်သည့်အရာမှ မလုပ်ဆောင်ခဲ့ပေ...အကယ်၍ သူတို့က စိတ်စေတနာကောင်းကို ထိန်းသိမ်းလိုလျှင် အကျိုးစီးပွားများ မပါဝင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။


ကျန်းကျန့်က ၎င်းကိုကြိုတင်မျှော်လင့်ထားပြီး အနာဂတ်တွင် ဝမ်မိသားစုထံမှ သင်္ဘောတစ်စင်းမှမဝယ်နိုင်တော့သည့်အချက်အတွက် ကြိုတင်ပြင်ဆင်မှုအချို့ပြုလုပ်ထားသောကြောင့် ယခုအချိန်မှာ သူက ခေါင်းညိတ်သဘောတူလိုက်သည်"


"ငါသိပြီ... တစ်ခြားကရော"


"အလုပ်ကောင်းကောင်းလုပ်နေတဲ့ ဖျင်ကျိုးပြည်နယ်က ချန်ယုံကျန်း လည်းရှိတယ်"

ဝမ်မင်က ဆိုသည်။ 

"ဒါက ကောင်းချီးလား၊ ကျိန်စာလားဆိုတာ ငါမသိဘူး"


ဝမ်မင်က အခြေအနေတွေကို အသေးစိတ်ပြောပြခဲ့သည်။


ထိုကိစ္စသည် အပြင်သို့ မပျံ့နှံ့သေးသဖြင့် သူသိကျွမ်းခဲ့ဖူးသော ပင်လယ်ကုန်သည်က သူ့ကို ပြောပြသည်။


တချီနိုင်ငံသည် ပင်လယ်ပြင်တားမြစ်ချက်တစ်ခုရှိပြီး ကုန်ပစ္စည်းများ ပင်လယ်ထဲသို့ မဝင်ရဟု ပြဋ္ဌာန်းထားသည်။


သို့သော် ပင်လယ်ကုန်သည်လုပ်ငန်းသည် အမြတ်အစွန်းများလွန်းသည်၊ တချီကသာမန်မီးဖိုချောင်သုံးဓားကိုပင် အရှေ့သို့ပို့ပြီးနောက် ပေါက်ဈေးထက် အဆတစ်ရာဖြင့် ရောင်းချနိုင်သည်။


ရလဒ်အနေဖြင့် ယန့်ကျီမြစ်တစ်ဖက်ကမ်းရှိ ဒေသခံအရာရှိများသည် လျှို့ဝှက်စွာ စည်းရုံးခြင်စခံခဲ့ကြရကာ ပင်လယ်ကုန်သည်ကြီးများကို မွေးဖွားပေးနေသည်။


ဤသည်က ယန့်ကျီမြစ်တောင်ဘက်တွင် တိုးပွားလာသော လူဦးရေနှင့် ပြင်းထန်သော မြေယာသိမ်းပိုက်မှုများနှင့်လ

ည်း များစွာသက်ဆိုင်နေသည်။ လူများစွာသည် အသက်မွေးဝမ်းကြောင်းပြုရန် မြေကို အားကိုးမရတော့သဖြင့် ပင်လယ်ကို အားကိုးကာ အသက်မွေးဝမ်းကျောင်းပြုကြရသည်။


ဝေရှင်းပြည်နယ်၏ ဤဘက်ခြမ်းသည် ကောင်းမွန်နေသေးသော်လည်း တောင်ဘက်တွင် ပင်လယ်ကုန်သည်များက အလွန်အားကောင်းလာသည်။