Chapter 218
ဝေရှင်းကိုပြန်သွားကြရအောင်
ဝမ်မိသားစုသည် သင်္ဘောတည်ဆောက်ရေးတွင် ကျွမ်းကျင်သော်လည်း၊ ယင်းက သူတို့တတ်သမျှအကုန်ဖြစ်သည်။ ၎င်းတို့သည် ပင်လယ်ကုန်သည်များမဟုတ်ကြဘဲ လက်ရှိတွင် သြဇာအကြီးဆုံးပင်လယ်ကုန်သည်မှာ ချန်ယုံကျန်း ဖြစ်သည်။
ချန်ယုံကျန်းသည် ဖျင်ကျိုးပြည်နယ်မှ အပေါင်းအသင်း ရွာသူရွာသားများအား ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ရန် စုရုံးခဲ့သည်။ လွန်ခဲ့သည့် အနှစ် ၂၀အတွင်း သူသည် အကြီးဆုံး ပင်လယ်ကုန်သည် ဖြစ်လာခဲ့ပြီး ၎င်းကို လုပ်ဆောင်နိုင်မှုသည် သူ၏ အရည်အချင်းနှင့် ပတ်သက်ရုံသာမက သူ့ကို ပံ့ပိုးပေးသော ဒေသဆိုင်ရာ အရာရှိများနှင့်လည်း သက်ဆိုင်သည်။
"ချန်ယုံကျန်းက အရမ်းအရည်အချင်းရှိပြီး တရားဝင်ဖြစ်ချင်တယ်...ဒါကြောင့် မင်းနန်ပြည်နယ်နဲ့ ဖျင်ကျိူးပြည်နယ်က အရာရှိအများအပြားက သူရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ပြီး သူ့ကို ပံ့ပိုးကူညီကြတယ်...ဒါ့ကြောင့် သူက လူတွေကို စုရုံးပြီး သတ်ဖြတ်လုယက်ခဲ့တဲ့ ပင်လယ်ဓားပြများတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ကမ်းခြေတစ်လျှောက် ပင်လယ်ဓားပြတွေ မရှိတော့ဘူး... မကြာသေးမီနှစ်တွေအတွင်း သူနဲ့ ဖျင်ကျိုး ပြည်နယ်က အရာရှိတွေက ရန်လိုမှုတွေ ဖြစ်လာပြီး သူတို့ရဲ့လူတွေကို ကျွန်းတွေဆီကို ခေါ်သွားကြတယ်... လွန်ခဲ့တဲ့လအနည်းငယ်ကတောင် သူက ကျွန်းတွေရဲ့ ဘုရင်ဖြစ်လာပြီး သူ့ကိုယ်သူ ဖျင်ဘုရင်လို့ စတင်ခေါ်ဆိုခဲ့တယ်..."
ဝမ်မင်က ပြောသည်။
ကျန်းကျန့်က ပင်လယ်ကုန်သည်အဖြစ် စတင်လုပ်ကိုင်ပြီးနောက် ချန်ယုံကျန်း အပါအဝင် အခြားသော ပင်လယ်ကုန်သည်များကို သဘာဝအတိုင်း အာရုံစိုက်လာခဲ့သည်။
ချန်ယုံကျန်းအပေါ် သူ၏ နားလည်မှုအရ...ချန်ယုံကျန်းနှင့် သူ့လက်အောက်ခံလူများသည် လျန်ရှန်း၏ ဥပဒေသများနှင့် အနည်းငယ် ဆင်တူသည်။
တရားရုံးတော်က ပင်လယ်ပြင်မှာ တားမြစ်ချက်တစ်ခုထုတ်ထားပြီး ၎င်းတို့သည် တရားမဝင် စီးပွားရေး လုပ်ကိုင်နေသော်လည်း ၎င်းတို့သည် တော်ဝင်ရုံးတော်၏ အသိအမှတ်ပြုမှုကို ရယူရန် ငြင်းဆိုနေကြဆဲဖြစ်ကာ ၎င်းတို့ကို တော်ဝင်ရုံးတော်က ခေါ်ယူရန် မျှော်လင့်နေကြသည်. . .မှန်ပေသည်၊ဤသည်က ဤခေတ်ကလူတွေ မလွဲမသွေရှိရမည့် အယူအဆတစ်ခုလည်း ဖြစ်၏။
ဤအချိန်မှာ လူတွေက အရာရှိအတစ်ယောက်ဖြစ်သည်က နေထိုင်ရန် အကောင်းဆုံးနည်းလမ်းဟု အမြဲလိုလို ထင်ကြသည်။
"သူတကယ်လုပ်ခဲ့တာလား"
ကျန်းကျန့် အနည်းငယ် အံ့သြသွားသည်။
"ဟုတ်တယ်"
ဝမ်မင်က ဆက်ပြောသည်။
"သူဒီလိုပြုမူလာတဲ့အတွက် တရားရုံးက သူ့ကို အာရုံစိုက်လာတယ်...တရားရုံးက သူ့ကို သူ အလိုရှိတဲ့အတိုင်း အသိအမှတ်ပြုပေးဖို့ သဘောတူလားဆိုတာတော့ ငါ မသိဘူး"
"အဲလိုကခက်တယ်"
ကျန်းကျန့်က ပြောလိုက်သည်။
"အနာဂတ်မှာ ငါတို့လည်း ပိုသတိထားသင့်တယ်"
ကျန်းကျန့်က ပင်လယ်ကုန်သည်တစ်ဦးအဖြစ်ငွေရှာရုံသာမက နိုင်ငံရပ်ခြားသို့ ပြန်ရန် နည်းလမ်းရှာချင်နေသူဖြစ်သည်။
ယခု သူ့တွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း နှင့် ပင်လယ်သင်္ဘောများ ရှိပြီး၊ထို့ကြောင့် သူသည် နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်ရန် နေရာရှာပါက နောင်တွင် တချီမှာ စစ်ပွဲဖြစ်လျှင် သူ့မိသားစုနှင့် ထွက်ပြေးနိုင်မည်ဖြစ်သည်။
ထို့အတွက်ကြောင့် ဝမ်မင်ဆီက ချန်ယုံကျန်းပြုလုပ်ခဲ့သည့်အရာကို ပထမဆုံးကြားသိရသောအခါ ချန်ယုံကျန်းက သူနှင့်တူသောအလုပ်ကို လုပ်လိုသည်ဟု ထင်ခဲ့သည်။သို့ပေမဲ့ မကြာခင်မှာ မဟုတ်မှန်း သိလိုက်ရ၏။
"လောလောဆယ် ငါတို့ ရွက်လွှင့်မှာ မဟုတ်ဘူး၊းလေ... ဒါကြောင့် အရှေ့ပင်လယ် ဘက်ကိုသာ စီးပွားရေး လုပ်မယ်ဆိုရင် ကိစ္စမရှိပါဘူး"
ဝမ်မင်က ပြောသည်။
ကျန်းကျန့် သူ့ လူတွေ ပိုရှာပြီး လေ့ကျင့်ပေးထားသည်က ပိုကောင်းသည်ဟုတွေးပြီး ခေါင်းညိတ်လိုက်၏။
ချန်ယုံကျန်း၏ လက်အောက်တွင် လူပေါင်း ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဆိုကာ သူနှင့် နှိုင်းယှဥ်လျှင် သူသည် သေးငယ်သော ကစားသမားဖြစ်နေဆဲဖြစ်သည်။
ချန်ယုံကျန်း၏အရေးကိစ္စများသည် ကျန်းကျန့် နှင့် ဝမ်မင် တို့၏စီးပွားရေးကိုမထိခိုက်စေပါချေ။ လာရမည့် ကုန်သည်တွေ အားလုံးရောက်လာသည့်အခါ သူတို့လက်ထဲမှာ ရှိသမျှပစ္စည်းတွေကို ရောင်းပြီး ငွေအများကြီးရှာခဲ့ကြ၏။
ကုန်ပစ္စည်းတွေအကုန်ရောင်းပြီးသည့်အခါ ကျန်းကျန့်နှင့်ဝမ်မင်သည် သူတို့၏ပစ္စည်းတွေကိုထုပ်ပိုးပြီး သူတို့၏မိသားစုတွေကို ဝေရှင်းပြည်နယ်ကိုပြန်ခေါ်သွားကြသည်။
မော်ဒန်ခေတ် လအနည်းငယ်ကြာအောင် အိမ်မပြန်ဘဲ နောက်ဆုံးတွင် အိမ်ပြန်သွားလျှင် အဆောက်အဦးအသစ်ကို တွေ့နိုင်သော်လည်း ယခုအချိန်တွင် မတူပါချေ။
ဝေရှင်းပြည်နယ်သည် ယခင်အတိုင်းပင်၊ သင်္ဘောကျင်းများတွင် ယခင်ကထက် "ကျင်းကျန့်" အလံများ ပိုမိုများလာခဲ့ရုံသာရှိသည်။
ကျန်းကျန့် ကလေးနှစ်ယောက်နှင့်အတူ သင်္ဘောပေါ်မှဆင်းပြီးနောက် ရထားလုံးအများအပြား ချက်ချင်းရောက်လာသည်။
"အရင်တုန်းကတော့ ဆွေမျိုးတွေဆီ အလည်သွားတဲ့အခါ ခရီးတစ်လုံးအောင့်အီးသည်းခံခဲ့ရပေမဲ့ အခုတော့ အားလုံးက ပြောင်းလဲသွားပြီ"
ကျောက်လျူက ကျောက်ကျင်းကောနှင့် သူ၏ကလေးများနှင့်အတူ ပင်လယ်ကမ်းစပ်တွင် တည်းခိုခဲ့သည်။သို့ပေမဲ့ ယခုချိန်မှာ ဖုချောင်ကို အတူတူပြန်ရန် အချိန်တန်ပြီဖြစ်သဖြင့် သူမ ခဏလောက် သက်ပြင်းမချမိဘဲမနေနိုင်ပေ။
အရင်တုန်းကတော့ အဝေးကို ခရီးထွက်ရတာ အရမ်းနာကျင်ရတယ်...ဒါပေမဲ့ အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီ...သင်္ဘောနဲ့ ရထားလုံးနဲ့ ခရီးသွားရတာ အရမ်းအဆင်ပြေတယ်...
ကျန်းကျန့်က ပြုံးပြီး ကျောက်လျူကို ရထားပေါ် လိုက်ပို့ပေးသည်။သို့ပေမဲ့ သူကိုယ်တိုင်ကမူ မြင်းပေါ်တက်လိုက်၏။
မြင်းလှည်းစီးရသည်ထက် မြင်းစီးရသည်ကို ပိုနှစ်သက်သည်။
သူမြင်းစီးသောအခါ ကျောက်မင်ကျူးကိုလည်း သူနှင့်အတူ သယ်ဆောင်လာခဲ့သည်။ ယခုရက်ပိုင်းအတွင်း ကျောက်မင်ကျူးကို ခေါ်ပြီး အမြင့်၊ အနိမ့်များကိုတက်သလို လှည့်ပတ်ခေါ် ခေါ်သွားခဲ့ခြင်းလည်းပြုခဲ့သောကြောင့် သူမက မြင်းစီးရန် အနည်းငယ်မျှပင် မကြောက်ခဲ့ပေ။
သင်္ဘောကျင်းရှိလူများသည် ဤမြင်ကွင်းကိုမြင်ပြီး တစ်စုံတစ်ဦးက မနေနိုင်ဘဲမေး၏။
"ဒီလူတွေက ဘယ်သူတွေလဲ"
"မင်းသူတို့ကိုတောင် မသိဘူးလား...မြင်းပေါ်က တစ်ယောက် မင်းမြင်လား...အဲဒါ ကျင်းကျန့် ကိုယ်ရံတော်လုပ်ငန်းရဲ့ အကြီးအကဲပဲ"
"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရဲ့ အကြီးအကဲ...ဒီလောက် ငယ်သေးလား"
"ဟုတ်တယ် ...သူက ငယ်သေးတယ်...အဲဒါအပြင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအပြင် သူက ပင်လယ်ကုန်သည်လည်းဖြစ်တယ်... သူ ပိုက်ဆံအများကြီးရှာနိုင်တယ်လို့ ကြားတယ်"
"ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်လဲ"
…
အနီးနားရှိလူများ စကားပြောနေကြစဉ် လူအုပ်ထဲတွင် အသက်သုံးဆယ်ကျော် လူငယ်တစ်ဦးသည် စာပေပညာရှင်ဝတ်ရုံဟောင်းကို ၀တ်ဆင်ထားကာ ဆိပ်ကမ်းကို ဦးတည်လျက် မြင်ကွင်းကို ငေးကြောင်ကာ လှမ်းကြည့်နေသည်။
ထိုလူမှာ လျောင်ချင်းဟယ် ဖြစ်သည်။
လျောင်ချင်းဟယ် ကြည့်နေသည်က ကျန်းကျန့်မဟုတ်ဘဲ ကျန်းကျန့်နှင့်အတူ ပြန်လာသော ဝမ်မိသားစုဖြစ်၏။
ဝမ်ယင်နျန်းမှာ ကိုယ်ဝန်ထပ်ရှိနေသည်။
ဝမ်ယင်နျန်း ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသောအခါတွင် ၎င်းသည် အတုဖြစ်ကြောင်း တစ်ချိန်က သံသယရှိခဲ့ပြီး သူမက ကလေးမွေးဖွားရန် မဖြစ်နိုင်ဟု သူခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် အစေခံ နှစ်ယောက်ကို မောင်းမမိဿံအဖြစ် တမင်တကာ လက်ခံခဲ့သည်။
သို့သော် သုံးနှစ်ကြာပြီးသည့်တိုင် ထိုအစေခံ နှစ်ယောက်မှာ ကိုယ်ဝန်မရှိခဲ့ပေ။သို့ပေမဲ့ ခင်ပွန်းဖြစ်သူနှင့်အချိန်အများကြီးမကုန်ဆုံးခဲ့သည့် ဝမ်ယင်နျန်းမှာ ကိုယ်ဝန်ထပ်ရှိသွား၏။
ကိုယ်ဝန်ရှိနေသည့် ဝမ်ယင်နျန်းကို အဝေးက လှမ်းကြည့်ရင်း လျောင်ချင်းဟယ် နှလုံးသားမှာ ခံစားနေရသည်က ခါးသီးလွန်းလှသည်။
တခါတရံမှာ မင်းမှာ တစ်ခုခုရှိတဲ့အခါ သူ့ရဲ့ ချို့ယွင်းချက်တွေကိုပဲ မြင်နိုင်ပေမဲ့ မင်းဆုံးရှုံးသွားတဲ့အခါ သူ့ရဲ့ ကောင်းတဲ့ဘက်ခြမ်းတွေကို မလွမ်းမိဘဲမနေနိုင်တော့ဘူး... ထပ်ခါထပ်ခါ ပြန်ကျော့ခဲ့တဲ့ အမှတ်တရတွေကတောင် ပိုလှလာတယ်...
လျောင်ချင်းဟယ်က ဝမ်ယင်နျန်းကို အလွန်စိတ်မကျေမနပ်ဖြစ်ပြီး သူမက သူ့ကို အရှက်ရစေသည်ဟု ခံစားခဲ့ရသော်လည်း ယခု သူသတိရလာသည်. . .
သူတို့လက်ထပ်ခါစတုန်းက ဝမ်ယင်နျန်းက သူအပေါ် အလွန်ကို ညင်သာ၏။
နောက်ပိုင်းတွင် သူတို့နှစ်ဦး မကြာခဏ ရန်ဖြစ်လေ့ရှိသော်လည်း ဝမ်ယင်နျန်းသည် သူ့အတွက် လက်ဖက်ရည်ကို အမြဲပြင်ဆင်ပေးတတ်သည်။
နှစ်ပေါင်းများစွာကြာအောင် ဝမ်ယင်နျန်းသည် သူ့အရင်းနှီးဆုံးလူဖြစ်ခဲ့သော်လည်း ယခုအခါ သူမကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
လျောင်ချင်းဟယ် အိမ်တံခါးဝသို့ ဝင်လိုက်သည်နှင့် အိမ်ထဲက စကားများရန်ဖြစ်သံကို ကြားလိုက်ရသည်။
"အော် ကျွန်မကို ဆက်ပြီးအော်ငေါက်... ကျိန်စာတိုက်နိုင်စွမ်းရှိရင် ကျွန်မကိုထပ်ပြီးကျိန်ဆဲလိုက်...ရှင်ကျွန်မကို ထပ်ကျိန်ဆဲရင် ကျွန်မထွက်သွားပြီး ကျွန်မကလေးက ရှင်တို့မိသားစုရဲ့ဟာမဟုတ်ဘူးလို့ အော်လိုက်မယ်"
လုလွမ်၏ အသံက အကျယ်ဆုံးဖြစ်သည်။
အမေလျောင်က တစ်စုံတစ်ခုကို ရေရွတ်လိုက်သော်လည်း နောက်ဆုံးတွင် ဆက်ပြီး ဆူပူကြိမ်းမောင်းခြင်း မပြုဝံ့ပေ။
သူတို့သိက္ခါကျသွားသည်ကကြာပြီဖြစ်ပေငြား သူတို့၏လက်ကျန်သိက္ခါကို မခွာချနိုင်ကြသေးသည့်အတွက် လုလွမ်ကို သူမကလေးနှင့်အတူ အိမ်မှာထားလိုက်ကြ၏။
"ရှင် ကျွန်မသမီးကို အနာဂတ်မှာ ပိုကောင်းပေးရမယ်... သူက ရှင်တို့မိသားစုမှာ တစ်ဦးတည်းသော သွေးသားပဲ"
လုလွမ်က ထိုနေရာတွင် မရပ်ဘဲ ဆက်၍ပြောသည်။
အမေလျောင်၏ အမူအရာ အေးခဲသွားသည်။
လျောင်ချင်းဟယ် လုလွမ်၏ဘဝင်ခိုက်နေသောအကြည့်ကို မြင်သောအခါ သူသွား၍ ပါးပိတ်ရိုက်ပစ်ချင်မိသည်။ သို့သော် သူမ၏ ခြိမ်းခြောက်မှုများကို တွေးကာ လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။
သူ ကလေးမရနိုင်ဘူးဆိုသည်ကို ဘယ်သူ့ကိုမှ မသိစေချင်ပေ။
ထို့အတွက်ကြောင့် သူသည် နောက်ထပ် ဇနီးမယားယူတော့မည် မဟုတ်ကြောင်း ကတိပြုကာ ဝမ်ယင်နျန်းအပေါ် အရူးအမူးစွဲလန်းမှုကိုပင် ပြသခဲ့သည်။
(ရွံစရာကောင်း)
အမေလျောင်အနေဖြင့် လုလွမ်ကို ဘာမှမလုပ်ခိုင်းနိုင်တော့သဖြင့် လျောင်ချင်းဟယ် နှင့် အခြားသော ကိုယ်လုပ်တော် နှစ်ယောက်ကို အလုပ်သွားလုပ်ခိုင်းရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
၎င်းတို့နှစ်ဦးသည် တစ်ချိန်က လျောင်ချင်းဟယ်ကို အမြဲနှစ်သက်ခဲ့သော ဝမ်ယင်နျန်း၏အစေခံ များဖြစ်သည်။လုလွမ် ပေါ်လာသောအခါတွင် သူတို့သည် ဤနေရာကို ကုပ်တွယ်ထားသောကြောင့် ဝမ်ယင်နျန်းက သူတို့ကို သူမနှင့်အတူ ခေါ်မသွားခဲ့ပေ။
နောက်ပိုင်းတွင် သူတို့ဆန္ဒအတိုင်း လျောင်ချင်းဟယ်၏ အိပ်ရာပေါ်သို့ တက်ခဲ့ကြသော်လည်း သူတို့ရွေးချယ်သည့်ဘဝသည် ဝမ်ယင်နျန်း၏အစေခံနှင့်ပင် မယှဉ်နိုင်ခဲ့ပေ။
လျောင်မိသားစုသည် ယခုအခါ အလွန်ဆင်းရဲသဖြင့် အစေခံများအားလုံးကို နှင်ထုတ်လိုက်သောကြောင့် ညအိပ်ယာဝင်ချိန် နံ့သာပေါင်းလောင်းခြင်းကဲ့သို့ ကြမ်းတမ်းသောအလုပ်များကို လုပ်ရုံရသာမက လျောင်မိသားစုကို ထောက်ပံ့ရန်အတွက် ဗိုင်းငင်ခြင်း နှင့် ရက်ကန်းယက်လုပ်ခြင်းကိုလည်း လုပ်ခဲ့ရပြီး ၎င်းတို့ကို လျင်မြန်စွာ ရင့်ရော် လာစေသည်။
သူတို့ ဒါကိုသိရင် အရင်ကလုပ်ပါဦးမလား...
.......
ကျန်းကျန့် ပင်လယ်ကုန်သည်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ကတည်းက ကျန်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ အရေးကိစ္စများကို များစွာတာဝန်ယူခြင်းမရှိပဲ အထွေထွေလမ်းညွှန်မှုနှင့် အမှုထမ်းများကိုသာ စောင့်ကြည့်နေခဲ့သည်။
သူသည် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏အကြီးအကဲဖြစ်နေဆဲဖြစ်သော်လည်း ယခုအချိန်တွင် ကျောက်ကျင်းကောက အစောင့်အကြပ်အေဂျင်စီ၏အရေးကိစ္စများကို အခြေခံအားဖြင့် တာဝန်ယူဆောင်ရွက်နေခဲ့သည်။
ယခု သူပြန်လာသောအခါ ကိုယ်ရံတော်လုပ်ငန်း၏ ကိစ္စတွေကို ဝင်မစွက်ဖက်ချင်တော့ဘဲ ဖုချောင်မှာ သူ့သမီးနှင့်သားကို နေ့တိုင်း ခေါ်သွားပြီး သူ့လူတွေကို လေ့ကျင့်ပေးခဲ့၏။
ရက်အနည်းငယ်ကြာအောင် ကစားပြီးနောက်တွင် အနည်းငယ်ငြီးငွေ့လာသဖြင့် သူ၏လူများကို ဆက်လက်လေ့ကျင့်ရန် ကျောက်ကျင်းကောကို ဖုချောင်အနီးရှိ မြေကွက်တစ်ကွက်ကို ရှာခိုင်းခဲ့သည်။
"မြေ... တောင်ကြီးတစ်လုံးဝယ်ထားတာ မကြာသေးဘူး သုံးလို့ ရမလားမသိဘူး..."
ကျောက်ကျင်းကောက ပြောသည်။
တချီလူမျိုးများ အားလုံးသည် မြေယာများအပေါ်အလွန်စိတ်အားထက်သန်ကြပြီး ကျောက်ကျင်းကောသည်လည်း မြေဝယ်ခြင်းကို နှစ်သက်ကာ ငွေရှာပြီးနောက် ၎င်းကို ဝယ်ယူရန်ထိန်းမထားနိုင်တော့ပေ။
ဤသည်မှာ ဝေရှင်းပြည်နယ်ဖြစ်ပြီး အကောင်းဆုံးလယ်ကွင်းများအားလုံးသည် မိသားစုကြီးများ၏လက်ထဲတွင်ရှိနေပြီဖြစ်သောကြောင့် သူလိုချင်လျှင်ပင် ၎င်းတို့ကိုမဝယ်နိုင်တော့ပါချေ။ တောင်ပေါ်မြေကိုသာ ဝယ်နိုင်ခဲ့သည်။
"မင်းနောက်ထပ်တောင်ဝယ်ထားတာလား"
ကျန်းကျန့်က ကျောက်ကျင်းကောကို အကူအညီမဲ့စွာ ကြည့်နေသည်၊ဖုချောင်ပတ်ပတ်လည်တွင် တောင်အနည်းငယ်သာရှိပြီး ၎င်းတို့အားလုံးနီးပါးကို ကျောက်ကျင်းကောက ဝယ်ယူခဲ့သည် မဟုတ်ပါလား။
"အင်း"
ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်ပြီး
"ဒီတောင်က အရမ်းစျေးပေါတယ်..
လုပ်စရာတွေ အများကြီးမရှိပေမဲ့ ကြက်၊ ဘဲတွေကို မွေးမြူထားနိုင်တော့ ဝင်ငွေနည်းနည်းလောက် ရနိုင်ပါသေးတယ်"
အမှန်တွင် ကြက်နှင့်ဘဲ မွေးမြူသည်က အတော်လေးကို ဝင်ငွေကောင်းပေမဲ့ ကျန်းကျန့်၏ လုပ်ငန်းက ပို၍ပင် ဝင်ငွေရလာသောကြောင့် ကြက်၊ ဘဲ မွေးမြူသည်က အမြတ်နည်းသည်ဟုထင်ရ၏။
ကြက်၊ ဘဲ မွေးမြူတာက ဘယ်လောက် ဝင်ငွေရနိုင်းမှာလဲ... နည်းနည်းလေးပဲ မဟုတ်လား... ဒါပေမဲ့ ဒီလုပ်ငန်းက လူတော်တော်များများ ဝင်ဆံ့နိုင်တယ်…
ကျန်းကျန့် သူ့လက်အောက်ငယ်သား မိသားစု အတော်များများက ကြက်၊ ဘဲခြံ သို့မဟုတ် အုတ်ဖိုတွေမှာ အလုပ်လုပ်ပုံရသည်ဟု တွေးပြီး ကျောက်ကျင်းကော လုပ်နေသည်တွေကို ကောင်းကောင်း ထောက်ခံခဲ့ပါ၏။
"ဒါဆို မနက်ဖြန် ကိုယ်လူတွေ ခေါ်လာပြီး မင်းကို လယ်ယာ ရှင်းလင်းဖို့ ကူညီမယ်”
"မဟုတ်ဘူး...ဘယ်လိုလုပ်အဲလိုလုပ်လို့ဖြစ်မှာလဲ"
ကျောက်ကျင်းကောက ချက်ချင်း ငြင်းဆန်ခဲ့ပြီး သူ ကျန်းကျန့်ကို သစ်ပင်သွားခုတ်ရန်ခွင့်မပြုနိုင်ခဲ့ပါချေ။
"ကိုယ့်မှာ ဘာမှလုပ်စရာမရှိဘူးလေ... ကိုယ့်လူတွေကို လေ့ကျင့်ခိုင်းပြီး ကိုယ့်ဘာသာကိုယ် မလုပ်လို့ရပါတယ်"
ကျန်းကျန့်က ပြောသည်။
ကျန်းကျန့်နှင့် ပင်လယ်ကို လိုက်သွားသည့် လူတွေက ငါးလ ခြောက်လလောက် အိမ်ပြန်မလာရကြသည့်အတွက် ကျန်းကျန့်အနေဖြင့် သူတို့ကို သူ့နောက်နေလိုက်၍ နေရာတိုင်းမှာ လေ့ကျင့်ခိုင်းရန် ခက်သဖြင့် အိမ်ပြန်ခိုင်းခဲ့သည်။ယခု သူက လူထပ် စုဆောင်းပြီး ၎င်းတို့ကို လေ့ကျင့်ပေးရန် ရည်ရွယ်ထားသည်။
သူ့လက်အောက်မှာ ဘယ်တုန်းကမှ လူအင်အား များလွန်းသည်ဟူ၍မရှိပေ။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ လူသစ်စုဆောင်းခြင်းသတင်းကို ထုတ်ပြန်လိုက်သည်နှင့်အမျှ မရေမတွက်နိုင်သောလူများ စာရင်သွင်းရန် ရောက်ရှိလာသည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် အလုပ်လုပ်သည်ကအန္တရာယ်ရှိသော်လည်း ဝင်ငွေမှာ အလွန်မြင့်မားသောကြောင့် မြေမရှိသူများသည် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် ပါဝင်ရန် ဆန္ဒရှိကြသည်။
ဤတစ်ကြိမ်တွင် ကျန်းကျန့် သန်မာပြီး ကျန်းမာသော လူ ၂၀၀ ကျော်ကို ခေါ်ယူပြီးနောက် ကျောက်ကျင်းကော ဝယ်ထားသည့် တောင်ပေါ်သို့ ခေါ်သွားခဲ့သည်။
အသစ်ဝင်လာသူများကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့်မပြုနိုင်ဘဲ လေ့ကျင့်ပေးကာ ၎င်းတို့ကို ဦးစွာစောင့်ကြည့်ရမည်ဖြစ်သည်။
ကျောက်ကျင်းကောဝယ်ယူခဲ့သော ကျတ်တီးတောင်သည် ၎င်းပေါ်တွင် သစ်ပင်များစွာဖြင့် အလွန်ကြီးမားသည်။ နေရောင်ကို ကာထားသည့် သစ်ပင်တွေ များလွန်းသောကြောင့် သစ်ပင်အောက်မှာ အပင်တွေ မရှိပေ။ မြေပြင်မှာ ကြွေကျနေသည့် သစ်ရွက်ခြောက်တွေနှင့်ပြည့်နေ၏။
မော်ဒန်ခေတ်တွင်ဆိုလျှင် သစ်ပင်များပြည့်နေသော တောင်ကြီးသည် အလွန်တန်ဖိုးရှိပေလိမ့်မည်. . .
သို့သော် ယခုချိန်တွင်မူ တောင်မှာ သစ်ပင်တွေ ပြည့်နေသောကြောင့် သီးနှံတွေ စိုက်ပျိုးရန် မဖြစ်နိုင်သလို ဤသစ်ပင်တွေကလည်း ထင်းပဲလုပ်၍ရသည် …ကျောက်ကျင်းကောက ဤတောင်ကြီးကို ဈေးပေါပေါနှင့် ဝယ်လိုက်၏။
တောင်ပေါ်ရှိသစ်ပင်များကို ထင်းခုတ်နိုင်မည်ဟု သူမထင်
ခဲ့ပါက ကျောက်ကျင်းကော ထိုတောင်ကြီးကို မဝယ်ပေ။
ကျန်းကျန့်က လူသစ်များကို တောင်ပေါ်သို့ ခေါ်သွားကာ အိမ်များ အရင်ဆောက်ခိုင်းသည်။
နှစ်ရက်ဆက်တိုက် အိမ်ဆောက်ပြီးနောက် သူတို့ကို သစ်ခုတ်လွှတ်လိုက်၏။