Chapter 219
တစ်ယောက်ယောက်က တိုက်ပွဲခေါ်ဖို့ရောက်လာ
"ငါတို့က ကျင်းကျန့်ကိုယ်ရ့တော်လုပ်ငန်းမှာ ကိုယ်ရံတော်အဖြစ် အလုပ်လုပ်ဖို့ ဒီမှာရောက်နေတာ မဟုတ်ဘူးလား...ဘာကြောင့် သစ်ပင်တွေ ခုတ်ရမှာလဲ"ဟု တစ်စုံတစ်ဦးက မကျေနပ်ဖြင့် ရေရွတ်သည်။
ဤသူ၏မကျေနပ်မှုကြောင့် လူပေါင်းများစွာ ရှုပ်ထွေး ခဲ့ကြသည်။ သူတို့က စားသောက်ပြီး ငွေရှာရဦးမည်။ သစ်ပင်ခုတ်ခြင်းနှင့် ကိုယ်ရံတော် လုပ်ခြင်းအကြား ကွာခြားချက်မှာ အဘယ်နည်း။
သစ်ပင်ခုတ်ခြင်းနှင့် အစောင့်အကြပ်လုပ်ခြင်းကြားက မည်ကဲ့သို့ ကွာခြားသနည်း။ကိုယ်ရံတော်မလုပ်ဘဲ သစ်ပင်ခုတ်သည်က သာ၍ကောင်းသည်။ အနည်းဆုံး သစ်ပင်ခုတ်လျှင် ဘယ်သူမှ သေမှာမဟုတ်ပေ။
ပြီးလျှင် သည်က အစားအသောက်က… အလွန် ကောင်းသည်။သူတို့ ဗိုက်ဆာနေစရာ မလိုပေ။
ကျန်းကျန့်က ထိုလူများကို စောင့်ကြည့်ရုံသာမက ၎င်းတို့၏ အခြေအနေကို ချရေးရန် လူအချို့ကိုလည်း ခိုင်းခဲ့သည်။ ထို့နောက် သူတို့ကို လေ့ကျင့်မပေးဘဲ သစ်ပင်ခုတ်ခိုင်းပြီး ပင်ပန်းနွမ်းနယ်သည်အထိ နေ့တိုင်း အိမ်ဆောက်ခိုင်းခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ဘယ်သူက ရိုးသားသည်၊ ဘယ်သူက လိုက်လျောညီထွေဖြစ်သည်ဆိုသည်ကို သူသိနေပြီဖြစ်ပြီး တချို့က သိပ်မူမမှန်ဘူးဆိုသည်ကိုလည်း သူတွေ့၏။
သူ့အတွက် ရိုးရိုးသားသား အလုပ်မလုပ်ချင်ဘဲ... တခြားတစ်ယောက်ယောက်က သည်နေရာကို ပို့ထားပုံပေါ်သည့် လူအနည်းငယ်ရှိလေသည်။
တောင်ပေါ်မှာ လရောင် ကြယ်ရောင်တွေ အလင်းကျဲသည့် ညအခါ...
"အစ်ကိုလီ...တစ်ခုခုတော့ မူမမှန်ဘူး...တစ်နေ့လုံး သစ်ပင်တွေခုတ်ပြီး ဟိုမှာရောက်ရင် ဘာလုပ်နိုင်မလဲ"
"ဟုတ်တယ် အစ်ကိုလီ နေ့တိုင်း သစ်ပင်ခုတ်ရတာ ငြီးငွေ့လာတယ်...ငါဒီလိုမလုပ်ချင်တော့ဘူး"
"သူ့ဖင်ကို ကန်ထုတ်ပြီး ဒီကနေ ထွက်သွားဖို့ နည်းလမ်းရှာရင် ပိုကောင်းမယ်"
….
ထိုညတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်သည် အိပ်စက်သူများနှင့် ဝေးကွာသည့် တွင်းတူးထားသော သက်ကယ်တဲထဲတွင် စုရုံး၍ အသံတိုးတိုးဖြင့် ဆွေးနွေးကြသည်။
ဤအိမ်သာကို နေ့ခင်းဘက် လူတွေသုံးသည့်အတွက် အနံ့အလွန်ဆိုး၏။သို့ပေမဲ့ ဤနေရာ၏အဓိက အားသာချက်ကတော့ ဝေးလံခေါင်သီသည့် နေရာဖြစ်ပြီး ဘယ်သူကမှ မရောက်ဖြစ်ပါချေ။
ဤလူများ အားလုံးသည် ဝေရှင်းပြည်နယ်၏ ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းမှဖြစ်သည်။
အကြွေးတောင်းခြင်း သို့မဟုတ် တခြားအရာတွေ လုပ်သည်ပဲဖြစ်စေ၊ တချို့အရာတွေကို လူတွေက ကူညီဖြေရှင်းပေးရန်အတွက် တိုက်ခိုက်ရေးလုပ်ငန်းဟုခေါ်သည်အရာကို ထွင်ထားခြင်းဖြစ်သည်။အမှန်တွင် ဤသည်က ကိုယ်ရံတော်လုပ်ငန်း၏ယခင်ဗားရှင်းဖြစ်သည်။
လက်ရှိအချိန်တွင် ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းသည် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအတွက် ပြဿနာရှာရမည်ဟူသော အလုပ်သစ်တစ်ခုရခဲ့သည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ လူများ စုဆောင်းမည်ဟု ကြားသိရသောအခါတွင် ၎င်းတို့သည် ဝန်ထမ်းအသစ်များနှင့် ရောနှောကာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း အတွင်းမှနေ၍ ၎င်းတို့အတွက် ပြဿနာအချို့ရှာရန် စီစဉ်ခဲ့သည်။
သို့ပေမဲ့ ရလဒ်အနေဖြင့်...
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏အကြီးအကဲက တစ်ခုခုမှားယွင်းနေသည်။၎င်းတို့ကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ အရေးကိစ္စများကို ထိခွင့်မပြုဘဲ သစ်ပင်ခုတ်ရန် အပြင်ခေါ်ထုတ်လာသည်။
အနားယူဖို့ အချိန်အများကြီးမပေးဘဲ တောင်ပေါ်မှာ သစ်ပင်တွေကို နေ့တိုင်းခုတ်ခိုင်းနေတယ်...သူတို့က ကျင်းကျန်းကိုယ်ရံတော်လုပ်ငန်းအတွက် ဘယ်လိုလုပ် ပြဿနာရှာရမလဲ... ပုဆိန်တွေ သုံးပြီး သူတို့နားက လူတွေကို ခုတ်ပစ်လို့လည်းမရဘူးလေ ဟုတ်တယ်မလား...
ကျင်းကျန့်ကိုယ်ရံတော်လုပ်ပ်ငန်းမှ စုဆောင်းခံရသော အခြားသူများမှာ အလွန်ပျော်ရွှင်ကြပြီး သစ်ပင်များကိုခုတ်လှဲရုံဖြင့် ငွေရှာနိုင်သည်ဟု ထင်နေကြသည်။သည်ထက် ပိုကောင်းသာ့်အရာရှိတော့မည်မဟုတ်ပေ။သို့ပေမဲ့ သူတို့က မကောင်းဘူးဟု ခံစားရသည်။
အများအားဖြင့် လူ
တွေကို ခြောက်ပြီး အကြွေးတောင်းနေသရွေ့ သူတို့ ကောင်းကောင်း စားနိုင်သောက်နိုင်တာ ဆိုတော့ အခု နေပူထဲမှာ သစ်ပင်တွေ ဘာလို့ခုတ်ရမှာလဲ...
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ပိုတုတ်လာခဲ့သည့် ၎င်းတို့၏လက်များကို ကြည့်လိုက်လျှင် ဤလူများအားလုံး ပြန်သွားချင်ကြသည်။
"နောက်ထပ် ရက်အနည်းငယ်ကြာအောင် သည်းခံထားနိုင်ရင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ကိုင်တွယ်ဖြေရှင်းဖို့ သေချာပေါက် နည်းလမ်းရှာတွေ့ လိမ့်မယ်"
အစ်ကိုလီက ပြောသည်။
"အစ်ကိုလီ ဘာလုပ်ဖို့စီစဉ်ထားလဲ" တစ်ယောက်ယောက်က စိတ်ဝင်တစား မေး၏။
"ဥပမာ ကျန်းကျန့်ရဲ့သမီးကို ပြန်ပေးဆွဲတာမျိုး... သူက သူ့သမီးကို အရမ်းအလေးထားတယ်...ငါတို့က သူ့ကို ပြန်ပေးဆွဲရင် သူက ငါတို့ပြောသမျှကို သေချာနားထောင်ရမယ်..."
အစ်ကိုလီသည် သူ၏အကြံအစည်အတွက် အလွန်ဂုဏ်ယူခဲ့သည်။
"အကြံကောင်းပဲ"
ထိုစကားကိုကြားလိုက်သော အခြားသူများကလည်း ခေါင်းညိတ်ကာ သဘောတူကြသည်။ကျန်းကျန့်ကက တစ်ခါတစ်လေ သူ့သမီးကို ခေါ်လာလိမ့်မယ်...သူတို့ သူမကို ပြန်ပေးဆွဲလိုက်ရင်
ဤလူတွေက ၎င်းကို များများတွေးလေ၊ အကြံကောင်းတစ်ခုဟု ပိုထင်လာလေပါပင်။ သူတို့ဆွေးနွေးနေကြစဉ် ရုတ်တရက် ဘန်းခနဲအသံကြားလိုက်ရပြီး တဲတံခါးက တွန်းဖွင့်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တံခါးဝတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ငါ့သမီးကို ဘယ်လိုတောင် တွေးဝံ့သလဲ...သတ္တိအတော်ရှိတာပဲ"
"ကျန်းကျန့်..."
ရင်းနှီးသောအသံကိုကြားလိုက်ရသောအခါ အစ်ကိုလီတစ်ယောက် ထိတ်လန့်တကြားအော်လိုက်ကာ "သွားကြ" ဟု အော်လိုက်သည်။
သူ့စကားထွက်ကျလာသည်နှင့်တစ်ပြိုင်နက် သူက ကျန်းကျန့် ဆီသို့ ဦးစွာပြေးသွားကာ သူ့ပတ်ဝန်းကျင်ရှိလူများကလည်း ကျန်းကျန့် ဆီသို့ တပြိုင်နက် တိုးဝင်လာကြသည်။
သို့သော်လည်း သူတို့မခုန်အုပ်မီ ကျန်းကျန့်က ဝါးလုံးကိုထုတ်ပြီး အုပ်စုရှေ့တွင်ပြေးနေသော "အစ်ကိုလီ"ကို ထိုးလိုက်သည်။
ထိုလူတွေ၏နောက်မှာ အိမ်သာရှိ၏။
တွင်းကြီးသည် အလွန်ကျယ်ဝန်းပြီး တွင်းသည် လည်း အတော်ပြည့်နေသည်။
ကျန်းကျန့်က ထိုအစ်ကိုကြီးလီကို အိမ်သာကျင်းထဲသို့ ထိုးချပြီးနောက် သူ့နောက်မှလူများအားပြောလိုက်သည်။
"သူတို့အားလုံးကို ဆင်းခိုင်းပြီး အမူးပြေအောင်လုပ်လိုက်ကြ"
"ဟုတ်ကဲ့ပါ ဘော့စ်"
ကျန်းကျန့်နားက လူတွေက တညီတညွတ်တည်း ပြောကြပြီး တစ်ယောက်ယောက်ကို ထိုးရန်စိတ်အားထက်သန်စွာ စောင့်ဆိုင်းရင်း မချွန်ထားသော ဝါးလုံးတွေကို ထုတ်ယူလိုက်ကြသည်။
ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းမှ လူများကို ကျန်းကျန့်၏ လူများက မကြာမီ ဖမ်းမိခဲ့သည်။
နောက်တစ်နေ့တွင် မြစ်ထဲတွင် တစ်နာရီကြာ ဆေးကြောခိုင်းပြီးနောက် ၎င်းတို့ကို ကျန်းကျန့်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ကျန်းကျန့်က ဤလူတွေကို ချက်ချင်း စစ်ဆေးမေးမြန်းပြီး သူတို့ ခရီးစဉ်၏ ရည်ရွယ်ချက်ကို ပြောပြခိုင်းခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဤလူတွေက အနိမ့်ဆုံးအဆင့် ကြေးစားလူမိုက်တွေသာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို မသိခဲ့ကြပါချေ။အထက်ကလူတွေက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ပြဿနာရှာခိုင်းသည်ကိုပဲ သိကြသည်။
သို့ပေမဲ့လည်း ကျန်းကျန့်အတွက်က သူ့ကို မကြိုက်သည့်လူတစ်ချို့က သူ့ကိုကိုင်တွယ်ချင်နေမှန်း သိရရုံနှင့် လုံလောက်၏။
ချန်လုံ တိုက်ခိုက်ရေးလုပ်ငန်း... နယ်ရုပ်တစ်ခုပဲ မလား...
ကျန်းကျန့်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေစဥ် ရုတ်တရက် တစ်ယောက်ယောက်က သတင်းပို့လာသည်။
"ဘော့စ် မကောင်းတော့ဘူး... ငါတို့ အနီးနားမှာရှိတဲ့ ကြက်ခြံက ကြက်တွေ အကုန်သေကုန်ပြီ"
ကျန်းကျန့် ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းမှ လူများကို စစ်ဆေးမေးမြန်းပြီး တစ်စုံတစ်ယောက်က သူ့အတွက် ပြဿနာရှာချင်နေကြောင်း သိရှိလာပြီးနောက်တွင် သူသည် သတိထားနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း ကြက်ခြံတွင် တစ်စုံတစ်ရာ ဖြစ်လာမည်ဟု သူ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
"လူတွေ အဆင်ပြေရဲ့လား"
ကျန်းကျန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ "အဲဒီကြက်တွေ ဘာဖြစ်သွားတာလဲ...သူတို့ဘယ်လိုလုပ် သေကုန်တာလဲ"
"ဘော့စ် လူတွေကအဆင်ပြေပါတယ်...အဲဒီကြက်တွေကတော့ အဆိပ်မိသွားတာ"
အဖြစ်အပျက်ကို သတင်းပို့ခဲ့သူက အနည်းငယ် ဒေါသပုန်ထနေသည်။
"ငါတို့ ကြက်တွေပေါ် လက်တင်ရဲတယ်လား... အဲဒီလူတွေက တကယ့်ကို စိတ်မရှည်ဘူးပဲ"
တစ်စုံတစ်ယောက်က ငါတို့ကြက်တွေကို အဆိပ်ခတ်ခဲ့တာလား...
ကျန်းကျန့် ထိုစကားကိုကြားသောအခါ အနည်းငယ် ဆွံ့အသွားသည်။
တစ်စုံတစ်ယောက်သည် သူ့အား ဆန့်ကျင်ဘက်ပြု၍ ပြဿနာဖြစ်အောင် ကြိုးစားမည်ဟု သူ ခန့်မှန်းထားပြီးသားဖြစ်သော်လည်း. . .ကြက်ခြံမှ ကြက်များကို အဆိပ်ခတ်ခြင်းကမူ. . . ဒါက တကယ်ပဲ သူ့ကို ဒုက္ခပေးနေလို့လား. . .
ထိုကဲ့သို့ သေးငယ်သော ဆုံးရှုံးမှုကြောင့် ကျန်းကျန့် ယခုအခါ လုံးဝ စိုးရိမ်မှုမရှိ ဖြစ်နေသည်။
သို့ပေမဲ့ ဤဆုံးရှုံးမှုကို သူ ဂရုမစိုက်ဘူးဆိုပေငြားကြက်ခြံမှာ တစ်ခုခုဖြစ်ခဲ့သဖြင့် အခြေအနေကို စစ်ဆေးရန် ထိုနေရာကို သူသွားခဲ့၏။
ကျန်းကျန့်က ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှ လူအနည်းငယ်ကို ကြိုးတုပ်ပြီး ကြက်ခြံသို့ သွားခဲ့သည်။
ဖုချောင် အနီးတွင် တောင်များစွာမရှိသည့်အပြင် ရှိပြီးသားနေရာများအားလုံးသည် တစ်နေရာတည်းတွင်တည်ရှိသောကြောင့် ကြက်ခြံသည် ယခု ကျန်းကျန့်တည်းခိုရာ ကျက်တီးတောင်နှင့် မဝေးလှပေ။
ကျန်းကျန့်က ထိုတောင်ပေါ်သို့ ရောက်ရန် အချိန်အတော်ကြာခဲ့သည်။
ကြက်မွေးမြူရေးခြံတွင် ကြက်မွေးမြူရန်တာဝန်ယူထားသူများမှာဟယ့်ရှီရွာမှမဟုတ်လျှင် ဟုန်ကျန်းဆားလွင်ပြင်မှ ကျန်းကျန့်ခေါ်လာသော သူများဖြစ်သည်။ အများစုမှာ အမျိုးသမီး သို့မဟုတ် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ထိတ်လန့်နေပြီဖြစ်သော သက်ကြီးရွယ်အိုအချို့မှာ မျက်ရည်များကိုပင် သုတ်နေကြသည်။
"လူဆိုးတွေ... ဒီလိုကောင်းတဲ့ ကြက်တွေ အကုန်သေကုန်ပြီ"
"ကြက်ကို အဆိပ်ခတ်တဲ့ လူယုတ်မာတွေလည်း သေသင့်တယ်"
"ဒီကြက်တွေနဲ့ ငါတို့ ဘာလုပ်ရမှာလဲ"
ဤလူအိုကြီးများသည် ကြက်ခြံမှကြက်များကို အလွန်နှစ်သက်ကြပြီး တစ်ခါတစ်ရံ ကြက်ဖျားသောအခါတွင် ၎င်းတို့ကို သီးခြားမွေးမြူကာ ဂရုတစိုက်ပြုစုပေးကြသည်။ ယခု ကြက်တွေ အားလုံး သေကုန်ကြသဖြင့် သူတို့ကို ဆုံးရှုံးရသည်အား အထူးတလည်ကိုဝမ်းနည်းနေကြသည်. . .
မှန်ပေသည်၊ အမျိုးသမီးတွေလည်း အတူတူပါပင်။
ကျောက်ကျင်းကောက ၎င်းတို့ မွေးမြူရန်အတွက် ကြက်သားပေါက် အရေအတွက်ကို အခါအားလျော်စွာ ဝယ်ပေးသည်။ မည်မျှတိုးရမည် သို့မဟုတ် မည်မျှအသက်ရှင်ရမည်ကိုမူ မသတ်မှတ်ထားသော်လည်း ကြက်ရှင်သန်မှုနှုန်း ၉၀% ကျော်ပါက ၎င်းတို့အား ဆုပေးမည်ဟု ကတိပေးခဲ့သည်။
တစ်နည်းဆိုရသော် သူတို့ ၉၁ကောင်မွေးမြူနိုင်မည်ဆိုပါက ကျန်တစ်ကောင်သည် ၎င်းတို့၏ အပိုင်ဖြစ်သည်။
ကိုးဆယ့်နှစ်ကောင်မွေးနိုင်လျှင် နှစ်ကောင် ရနိုင်၏။
မွေးမြူခါစအစမှာ မတတ်နိုင်ပေမဲ့ အတွေ့အကြုံပိုရလာသည့်အခါမှာ လုပ်ရန် မခက်တော့သည့်အတွက်… ဤကြက်တွေထဲမှာ တချို့က သူတို့ဟာဖြစ်သည်။
ဤလူများသည် အလွန်ဝမ်းနည်းခဲ့ကြသော်လည်း ကျန်းကျန့်က သူနှင့်အတူ လူများကို ခေါ်သွားပြီး တောင်ပေါ်ကို စတင်စစ်ဆေးနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကြက်အများအပြားသေဆုံးသွားသည်၊ ဤအရာသည် ကြက်ပုလိပ်ရောဂါကြောင့်မဟုတ်ပဲ အဆိပ်သင့်ခြင်းဖြစ်မှာ သေချာသည်။ဤအဆိပ်၏အရင်းအမြစ်က ဤအချိန်မှာ ရှိနေဆဲ ဖြစ်နိုင်၏။
ကျန်းကျန့်အနေဖြင့် သဘာဝအတိုင်း ပတ်ဝန်းကျင်တွင် အဆိပ်အတောက်များကို ဆက်ထားရန် စိတ်မသက်မသာဖြစ်ပြီး အခြားတိရစ္ဆာန်များနှင့် လူတို့ကို မထိခိုက်စေရန် ၎င်းကို ရှာဖွေချင်ခဲ့သည်။
"ဒီကြက်တွေသောက်တဲ့ရေကို ဘယ်ကရတာလဲ"
ကျန်းကျန့်က မေးသည်။
"အနီးနားက ရေထွက်ကနေ"
ကြက်ခြံ၏စီမံခန့်ခွဲရေး တာဝန်ခံက ပြော၏။
"လူတွေသောက်တဲ့ရေကကော"
ကျန်းကျန့်က ထပ်မေးသည်။
"လူတွေက တောင်ခြေမှာနေတော့ ရေတွင်းထဲကရေကို သောက်ကြတယ်"ဟု ထိုလူက ကမန်းကတန်းပြောသည်။
ကျောက်ကျင်းကောက ၎င်းတို့ကိုယ်တိုင်နှင့် ဤကြက်များကို သန့်သန့်ရှင်းရှင်းထားသင့်ကြောင်း အမြဲပြောနေသောကြောင့် ၎င်းတို့သည် ၎င်းကို အမြဲအာရုံစိုက်နေခဲ့သည်။ လျှော်ဖွပ်သည့်အဝတ်အစားများကို မြစ်ထဲတွင် လျှော်ဖွပ်သော်လည်း ချက်ပြုတ်စားသောက်ရန်အတွက် အသုံးပြုသည့်ရေအားလုံးကိုမူ ရေတွင်းမှ ထုတ်ယူသည်။
"ကျုပ်ကို အဲဒီရေထွက်ဆီ ခေါ်သွား"
ကျန်းကျန့်က ပြောလိုက်သည်။
တောင်ပေါ်ရှိ ရေထွက်သည် ကြီးကြီးမားမားမဟုတ်သော်လည်း ဤနေရာ၌ မိုးရွာသောကြောင့်၊ အခြေခံအားဖြင့် ဤနေရာတွင် ရေအမြဲရှိသည်။
ယခုခေတ်မှာ လေထုညစ်ညမ်းမှု သိပ်မရှိဘဲ ကြက်မွေးမြူရေးသမားတွေက ရေထဲက အညစ်အကြေးတွေမှန်သမျှ တူးထုတ်ထားကြသည့်အတွက် ရေက အတော်လေး ကြည်လင်နေသည်။သို့ပေမဲ့ ယခုအချိန်မှာ ကြည်လင်သည့်ရေပေါ်မှာ ဖားသေတွေ မျောပါနေသည်။
ဘယ်သူကပဲလုပ်ခဲ့သည်ဖြစ်စေ၊ ဖုံးကွယ်ထားရန် မရည်ရွယ်ထားပေ...မှန်ပေသည်၊ ဤခေတ် ဤခါကြီးမှာ ဖုံးကွယ်ထားစရာ မလိုပါချေ… ဥပမာ၊ ဤအချိန်မှာ ကျန်းကျန့် ၎င်းကို ဘယ်သူလုပ်သည်ဆိုသည်ကို အစိုးရကို ကူရှာခိုင်းရန် မမျှော်လင့်ထားပါချေ။
"ဒီရေထွက်ထဲက ရေက အဆိပ်ရှိနေတယ်...ခင်ဗျားတို့ရေကို ထုတ်ပြီး ဒီရေထွက်ကိုလည်း ရှင်းပစ်ရမယ်..."
ကျန်းကျန့်က ရေထွက်ကိုကြည့်ကာ ချက်ချင်းပြောလိုက်သည်။
"ချက်ချင်း လုပ်ခိုင်းလိုက်ပါ့မယ်"
ကြက်ခြံတာဝန်ခံက လန့်ပြီး ကမန်းကတန်း ပြောလိုက်သည်။ယခင်က ကြက်တွေ အဆိပ်မိသည်မှန်း တွေးမိကြပြီးသားဖြစ်သော်လည်း ဤရေထွက်ထဲက ရေတွေက အဆိပ်ရှိမှန်း သူတို့ မသိခဲ့ကြပါချေ။
ဒီရေကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းထုတ်ပစ်ရမယ်...
ကျန်းကျန့် လူတွေကို ရေထွက်ကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းခိုင်းခဲ့ပြီး အတူတူစုဝေးခိုင်းကာ မနေ့က သံသယဖြစ်စရာ တစ်စုံတစ်ယောက်ယောက်ကို တွေ့မိလားဟု မေးခဲ့သည်။
တစ်ချို့လူတွေက သံသယရှိသူကို တကယ်မြင်မိကြပေမဲ့ ထိုလူက ကြက်သူခိုးဟုပဲ ထင်နေသောကြောင့် သူ့ကို မောင်းထုတ်ပြီးသည်နှင့် သူ့ကို ဂရုမစိုက်တော့ပေ။
"ဘော့စ် တောင်းပန်ပါတယ်...ငါတကယ်မမျှော်လင့်ထားဘူး …"
သံသယရှိသူကို လွှတ်ပေးလိုက်သောလူမှာ အဘိုးအိုတစ်ယောက်ဖြစ်ပြီး အပြစ်ရှိသလိုခံစားရကာ မျက်ရည်လည်ရွဲ၍ မိမိကိုယ်ကို သေသည်အထိ အပြစ်တင်လုနီးပါးဖြစ်နေသည်။
သူ့ ၏ဂရုမစိုက်မှုကြောင့် ကြက်တွေ အမြောက်အမြား အသတ်ခံခဲ့ရသည်...
သူ၏သေခြင်းတရားနှင့် တောင်းပန်သင့်သည်ဟု သူ တွေးထားပြီးသားဖြစ်၏။
"ရပါတယ်...ဘယ်သူလုပ်တယ်ဆိုတာ ကျုပ်သိထားပြီးသားဆိုတော့ သူတို့ကို လျော်ကြေးပြန်ပေးခိုင်းမှာပါ..."
ကျန်းကျန့်က အဘိုးအိုကို နှစ်သိမ့်ပေးလိုက်သည်။ဤမတော်တဆမှုကဤလူတွေနှင့် တကယ်မသက်ဆိုင်သည့်အတွက် သူ သူတို့ကို အပြစ်တင်၍မရပါချေ။
"ဘော့စ် မင်းက အရမ်းကောင်းတာပဲ"
စိတ်ပေါ့ပါးသွားသည့် အဘိုးအိုက ပြောလိုက်၏။
"ကောင်းပြီ...ခင်ဗျားတို့ စိတ်ချနိုင်ပေမဲ့ နောင်မှာ ပိုသတိထားရမယ်"
ကျန်းကျန့်က ပြောလိုက်သည်။
အဘိုးအိုက ဝမ်းသာအားရ ခေါင်းညိတ်ပြပြီးဆိုသည်။
"ဘာပဲဖြစ်ဖြစ် ငါသိပ်မကောင်းခဲ့ဘူး...အခုကစပြီး ညကျရင် ဒီမှာ စောင့်ကြည့်မယ်...အဲဒီလူရဲ့ပုံသဏ္ဍာန်ကို ငါမှတ်မိနေသေးတယ်...မင်းသူ့ကိုဖမ်းမိဖို့ ငါကူညီပေးမယ်"
ကျန်းကျန့်က ဤအဘိုးအို၏ စကားကို သိပ်ဂရုမစိုက်ဘဲ ဖုချောင်ထံသို့ သူ့မြင်းကို ပြန်လှည့်ခါနီးတွင် တစ်စုံတစ်ယောက် မြင်းစီးလာပြီး သူ့ကို လှမ်းခေါ်လိုက်သည်။
"ဘော့စ် မြို့ထဲမှာ မတော်တဆမှုတစ်ခု ဖြစ်သွားတယ်"
"ဘာဖြစ်တာလဲ"
ကျန်းကျန့် အလျင်စလိုမေးလိုက်ပြီး သူ့နှလုံးကဆောင့် ခုန်သွားသည် . . .ထိုလူတွေက မနေ့ညက ကျောက်မင်ကျူးကို ပြန်ပေးဆွဲရန် စိတ်ကူးရှိနေသည့်အကြောင်းတွေးမိသောအခါ သူ့ စိတ်မပူဘဲမနေနိုင်ခဲ့ပေ။
"ဘော့စ် တစ်ယောက်ယောက်က ငါတို့ဆိုင်မှာဝယ်ထားတဲ့ ကြက်သားကိုစားပြီး သူ့အဖေသေသွားတယ်၊ ငါတို့ဆိုင်မှာရှိတဲ့ ကြက်အားလုံးက ကြက်ငှက်တုပ်ကွေးရောဂါနေတယ်လို့ပြောပြီး ငါတို့ဆိုင်မှာ ပြဿနာရှာနေတယ်..."
ကျန်းကျန့်၏လူများက တီးတိုးပြောသည်။
ဒီကိစ္စက... ကျန်းကျန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။
"သွားရအောင်"
သူမြင်းကို မောင်းလိုက်ကာ မြင်းက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြောလိုက်သည်။
"ကြက်သေတွေ အားလုံးကို မီးရှို့လိုက်ပါ...တစ်ကောင်မှ မကျန်စေနဲ့"
ကျောက်ကျင်းကောက ကြက်များ များများမွေးမြူပြီးနောက် ဖုချောင်တွင် ဆိုင်တစ်ဆိုင်ဖွင့်ခဲ့သည်။
ဤဆိုင်မှာ ကြက်ဥ၊ဘဲဥအပြင် ကြက်၊ ဘဲများကို အဓိကထားရောင်းချသောကြောင့် အတော်လေးကို လူကြိုက်များခဲ့၏။ယခုချိန်မှာ မြို့ကလူတွေက ဤဆိုင်၏တည်ရှိမှုကို အခြေခံအားဖြင့် အားလုံးသိကြပြီးဖြစ်သဖြင့် ကြက်ဥ၊ ကြက်၊ ဘဲကို ဝယ်ချင်သည့်အခါ ဤဆိုင်ကို လာလည်ကြသလို တစ်ခါတရံ နှစ်သစ်ကူးချိန်မှာ ဤဆိုင်မှာ ရောင်းစရာပင် မလောက်ငှပါချေ။
ဆိုင်၏လုပ်ငန်းသည် အစဉ်အမြဲကောင်းမွန်နေသော်လည်း ယခင်က ပစ္စည်းဝယ်ရန် တန်းစီရခြင်း မရှိပေ။ ယခုမူ ဆိုင်အပြင်ဘက်တွင် လူများပြည့်နေပြီး လူတိုင်းက ဆိုင်ကို လက်ညိုးထိုးပြနေကြသည်။
လူအုပ်အလယ်တွင် အဖြူရောင်အ၀တ်အစား သို့မဟုတ် အဖြူရောင်အ၀တ်ဖြင့် ဖုံးအုပ်ထားသော လူသေအလောင်းတစ်လောင်း ရှိနေသည်။ သူ့ဘေးမှာ ငိုနေသော လူကြီးနှစ်ယောက်လည်း ရှိ
သည်။
"အဖေ...အဖေက အရမ်းဝမ်းနည်းစရာကောင်းအောင် သေသွားရတယ်"
“အဖေ... ဒီလိုစိတ်ဓာတ်မကောင်းတဲ့ ကုန်သည်နဲ့ ဘယ်လိုလုပ်တွေ့ခဲ့ရတာလဲ...သူတို့က ကြက်ငှက်တုတ်ကွေးရောဂါနဲ့ ကြက်တွေတောင်ရောင်းတယ်"
"အဖေ...ငါ့ရဲ့ သနားစရာကောင်းလိုက်တဲ့အဖေ"
…