အပိုင်း ၂၂၀
Viewers 31k

Chapter 220

တိုက်ခိုက်ခြင်း၏ရည်ရွယ်ချက်



အရွယ်ရောက်ပြီးသူ ယောကျာ်းအရင့်အမာကြီး နှစ်ယောက် ငိုနေသောကြောင့် သူတို့ ပတ်ဝန်းကျင်က လူတွေက အခြေအနေကို မြင်ပြီး ကျောက်ကျင်းကော ဖွင့်ထားသည့်ဆိုင်ကို လက်ညှိုးထိုးပြီး တစ်ယောက်ပြီး တစ်ယောက် ပြောလာကြသည်။


မူလတုန်းကတော့ ကြက်၊ ဘဲသို့မဟုတ်ဥ ၀ယ်ချင်သူတွေ အတော်များပေမဲ့ ယခု လူတိုင်းက ဝိုင်းအုံကြည့်နေကြပြီး ဘယ်သူမှ ဘာမှမဝယ်ကြတော့ပေ။


ဤလူတွေပြောသည်က မှန်လား မမှန်လား မသိပေမဲ့ အမြဲသတိသည်က ပိုကောင်း၏။


"ဒီဆိုင်က အမြဲတမ်း ပြဿနာဖြစ်နေတယ်... ဖျားနာပြီး သေတဲ့ ကြက်တွေကို တစ်ချိန်လုံး ရောင်းနေတာ..."


"ဒီဆိုင်မှာ ဘာမှ မဝယ်ကြနဲ့"


"ပြီးခဲ့တဲ့ တစ်ခေါက်က ငါ ကြက်ဥဝယ်ဖို့လာတုန်းက လှည့်စားခံခဲ့ရတယ်"


"သူတို့ရဲ့ ကြက်ခြံက ကြက်တွေ အကုန်သေသွားပြီလို့ ငါကြားတယ်"


….......


လူအုပ်ထဲမှာ တစ်ယောက်ယောက်က ထိုအကြောင်းကို ထပ်ပြောလာသည်။


သူတို့ကြက်ခြံထဲက ကြက်တွေအားလုံး ဖျားပြီး သေကုန်ကြပြီလား...

ဖုချောင်က လူတွေ အံ့သြသွား၏။ 


ထိုအချိန်တွင် သူတို့အဖေအကြောင်း အော်ဟစ်ငိုယိုနေကြသော လူများက ထပ်ပြီးအော်ပြန်လေသည်။

"အဖေသေပြီ...သူ့အသက်အတွက် ပေးဆပ်ဖို့ မင်းသေပေးရမယ်"


"သူတို့ကို ရာမန်မှာ တရားစွဲမယ်... သေပေးစရာမလိုဘူး"


ဤလူများ စကားပြောနေချိန်တွင် အဝေးမှ မြင်းခွာသံကို ကြားလိုက်ရသည်။


ကျောက်ကျင်းကော ဤကြက်နှင့်ဘဲရောင်းသည့်ဆိုင်ကိုဖွင့်သောအခါက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း နှင့် ခွဲထုတ်လိုက်သောကြောင့် ၎င်းသည် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို အနှောင့်အယှက်မဖြစ်ပေ။


ဤဆိုင်၏ဆိုင်ရှင်သည် ဖုချောင်မှ ကျောက်ကျင်းကော ငှားရမ်းထားသောလူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ကျောက်ကျင်းကော ၏နောက်ခံအကြောင်းကိုအနည်းငယ်သိသော်လည်းအသေးစိတ်အချက်အလက်များမှာအလွန်ရှင်းလင်းခြင်းမရှိပေ။ ထို့ကြောင့် ဆိုင်တံခါးသို့ တစ်စုံတစ်ယောက် အလောင်းနှင့်အတူ ရောက်လာသောအခါ ထိတ်လန့်သွားခဲ့သည်။ သူတို့သာ သဘောတူညီမှုမရရှိခဲ့လျှင် ပိုက်ဆံပေးပြီး နှုတ်ပိတ်မှာဖြစ်သည်။


ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်သည့်အရာတွေရှိနေသဖြင့် အရေးကြီးဆုံးက ပြဿနာရှာသူတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရန်ပါပင်


ဤလူတွေက ဤကိစ္စကို တာဝန်ရှိသူတွေကို တိုင်ကြားမည်ဟု ကြားသောအခါ ဆိုင်ရှင်က ပိုကြောက်လာပြီး ပိုစိုးရိမ်လာသည်။


"မတိုင်....."


အစိုးရ ပါဝင်ပတ်သတ်လာတာနဲ့ သူတို့ မသေရင်တောင် အရေပြား အလွှာတစ်ခု ဆုံးရှုံးသွားလိမ့်မယ်...


မြင်းခွာသံက သူ့စကားကို ဝင်ဖြတ်ကာ အနှောင့်အယှက်ပေးလာသည်။


ဖုချောင် လမ်းမတစ်လျှောက် မြင်းအများအပြား ပြေးလာပြီး လမ်းပေါ်ကို သတ္တုခွာများရိုက်ခတ်မှ"ဒေါက် ဒေါက် ဒေါက်"အသံများ အသံထွက်သည်။


ထိုမြင်ကွင်းများကို ကြည့်ပြီးနောက် တစ်စုံတစ်ယောက်က သူတို့ကို မှတ်မိသွားသည်။


 "အဲဒါတွေက ကျင်းကျန့်က လူတွေ...သူတို့အားလုံး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက အဝတ်အစားတွေ ဝတ်ထားကြတယ်"


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ကလူတွေက ဒီမှာဘာလုပ်နေတာလဲ...


အချို့သောလူများက အံ့အားသင့်သွားကြပြီး ထိုအချိန်မှာ လူအချို့က ဤလူများကို "သေချာတာပေါ့...ကျင်းကျန့်ကလူတွေ ဒီကိုလာမှာ... ဒါ သူတို့ဆိုင်ပဲကို"ဟု လိုက်ရှင်းပြလေသည်။


ဒီဆိုင်ကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ပိုင်တာလား...


ကြည့်ရှုသူများသည် စူးစမ်းချင်စိတ်ဖြစ်လာပြီး လမ်းနှစ်ဖက်စလုံးသို့ အလျင်အမြန်ပြေးကြသည်။သူတို့ မြင်းတိုက်မခံချင်ကြပေ။


ကျန်းကျန့် ကျောက်ကျင်းကော ပိုင်ဆိုင်သော ဆိုင်ရှေ့သို့ ရောက်သောအခါတွင် လူများစွာ စုဝေးနေသည်ကို တွေ့လိုက်ရသည်။သူတို့ အနားသို့ကပ်လာသောအခါ လူအားလုံးက လမ်းဖယ်ပေးကြပြီး အထဲရှိအလောင်းနှင့် သန်သန်မာမည လူထွားကြီး နှစ်ယောက်က အလောင်းဘေးတွင် ငိုယိုနေသည်ကို တွေ့လိုက်ရသည်။


မြင်းများကိုတားရန် ဇက်ကြိုးကိုဆွဲရင်း ကျန်းကျနွ မြင်းပေါ်မှဆင်းကာ လူထွားကြီး နှစ်ယောက်ကိုကြည့်၍ပြောလိုက်သည်။

"မင်းတို့က ပြဿနာလာရှာတဲ့လူတွေလား"


"ဘာပြဿနာလဲ... မင်းက ငါတို့အဖေကို သတ်ပြီး အခု ငါတို့ကိုပြဿနာရှာတယ်လို့ မတရားစွပ်စွဲ ချင်နေတာလား..." 

လူထွားကြီးနှစ်ယောက် တရှူးရှူးတရှဲရှဲ ဖြစ်သွားသည်။


"မတရားစွပ်စွဲတယ်...ဟုတ်လား"

ကျန်းကျန့်က ရှေ့သို့ တိုးလာကာ လူထွားကြီးတစ်ဦးကို လမ်းပေါ်မှ တိုက်ရိုက် ကန်ထုတ်လိုက်သည်။



"မင်းဘာလုပ်နေတာလဲ" 

အခြားလူထွားကြီးက "မင်းက ဘယ်သူမလို့ ငါ့ညီကို ရိုက်တာလဲ" ဟု အော်သည်။


"ဒါဆို ငါ မင်းကိုလည်း ရိုက်မယ် အဆင်ပြေလား" 

ကျန်းကျန့်က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။


"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရဲ့ အကြီးအကဲက လူတွေကို သတ်ချင်နေတာ...မင်းက ငါ့အဖေကိုသတ်ပြီးပြီ...အခု ငါတို့ကိုသတ်ချင်နေပြီ...မင်းနဲ့ငါတိုက်မယ်..."


ထိုလူကအော်လိုက်ပြီး ကျန်းကျန့်ကိုထိုးလိုက်သည်။


ကျန်းကျန့်သည် မနေ့ညက မကောင်း ကြံစည်နေသည့်ထိုလူတွေကို ဖမ်းရန်အတွက် ကောင်းကောင်းမအိပ်ခဲ့ရသလို ထိုလူတွေက ကျောက်မင်ကျူးကို ပြန်ပေးဆွဲချင်နေကြသည်က သူ့ကို အလွန် စိတ်တိုစေခဲ့သည့်အတွက် ဤအချိန်မှာ တစ်စုံတစ်ယောက် သူ့ဆီလာထိုးကျွေးရန် ဆန္ဒရှိနေသောကြောင့် သူ့ဒေါသကိုဖွင့်ထုတ်ရန် ရိုက်နှက်ဆုံးမဖို့ ဆန္ဒရှိခဲ့သည်။


လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျန်းကျန့်သည် သူ့ကိုယ်ပိုင်လေ့ကျင့်မှုကို ဘယ်တော့မှ မရပ်တန့်ခဲ့သဖြင့် ထိုလူက သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်သောအခါ လက်သီးကိုဝှေ့ယမ်းကာ တက်သွားခဲ့သည်။


ထိုလူသည် အလွန်အရပ်ရှည်သော်လည်း ကျန်းကျန့်၏ လက်သီးတစ်ချက်တည်းဖြင့် လဲကျသွားသည်။


ပထမတုန်းက ကျန်းကျန့်၏ကန်ထုတ်ခြင်းခံရသူက ခုန်ထလိုက်၏။


သူထပြီး ကျန်းကျန့်ဆီသို့ အပြေးအလွှား ပြေးသွားကာ ထပ်မံသွားအရိုက်ခံသည်။


"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေက လှည့်စားလွန်းတယ်" 


"တရားမျှတမှုအတွက် တိုက်ပွဲဝင်"ရန် အနီးပတ်ဝန်းကျင်မှ လူအနည်းငယ်ထွက်လာသည်။ 


ကျန်းကျန့် ၏လူအများအပြားသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မဆိုင်းမတွ အမြန်ပြေးဝင် ခဲ့ကြသည်၊ သူတို့လည်း လူများကို ရိုက်နှက်ချင်ကြသည်။


ဤ "တရားမျှတမှုအတွက် တိုက်ပွဲဝင်"လိုသူများသည် လျင်မြန်စွာ ရိုက်နှက်ခံရပြီး နာကျင်စွာ မြေပြင်ပေါ်တွင် လှဲကျကုန်ကြသည်။


၎င်းကိုမြင်သောအခါ ပတ်ဝန်းကျင်က လူတွေ အေးခဲသွား၏။


အားလုံးက ဆူပူအုံကြွမှုကို စောင့်ကြည့်ရန် သည်ကိုလာခဲ့ကြပေမဲ့ ဒီဆူပူအံကြွမှုက သူတို့ထင်ထားသလိုမျိုး မဟုတ်ခဲ့ပါချေ။


ကြက်နှင့် ဘဲများရောင်းချသည့် ဤဆိုင်ကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှပိုင်ဆိုင်ပြီး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများက လူတွေကို ရိုက်နှက်ခဲ့သည်။


အထက်စီးဆန်လိုက်တာ...


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများက သူတို့ကို ရိုက်နှက်မည်ကို စိုးရိမ်သဖြင့် အနီးနားရှိလူများ စိတ်မငြိမ်မသက်ဖြစ်သွားသည်။ တစ်ချို့လူတွေက ထွက်ပြေးရန်ပင် တိတ်တဆိတ်ပင် တပ်ခေါက်သွားကြသည်။


ပြဿနာလာရှာသူများလည်း မှင်တက်ကုန်သည်။



ထိုလူများသည် ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းမှဖြစ်သည်။



သူတို့သည် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ကြပြီး တစ်ခါတစ်ရံတွင် အခြားကုန်သည်များကို ဖိနှိပ်ရန် ကုန်သည်အချို့ကိုပင် ကူညီပေးကြသည်။ ယေဘုယျအားဖြင့် လှည့်ကွက်သေးသေးလေးတွေကို သုံးနေသရွေ့ ထိုကုန်သည်တွေ အသနားခံလာအောင်ပြုလုပ်နိုင်သည်။


ယခုအချိန်ကဲ့သို့ပင် အလောင်းတစ်လောင်းကိုရှာဖွေပြီး အခြားသူ၏တံခါးဝသို့ ယူဆောင်သွားခြင်းသည်လည်း သူတို့ယခင်ကလုပ်ခဲ့ဖူးသောအရာဖြစ်ပြီး သက်သေအထောက်အထားများ စိုက်ထုတ်ကာ ချောက်ချခြင်းဖြစ်သည်။


ယခင်တုန်းက ယခုလိုမျိုးတွေ ကြုံလာရသည့်အခါ ထိုကုန်သည်တွေက အသနားခံပြီး လျော်ကြေးတွေ အများကြီးပေးရုံသာတတ်နိုင်ကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် ငွေဆုံးရှုံးရုံသာမက နာမည်ဆိုးကိုပါ ရရှိစေမည်ဖြစ်သည်။


သို့ပေမဲ့ ဤတစ်ခါ ဤဆိုင်ကလူတွေက ဘုံသဘောကို လုံးဝမလိုက်နာပေ။


အရိုက်ခံရသူတွေက ဤအချိန်မှာ အလွန်စိတ်ဓာတ်ကျနေကြသည်။


"မင်းဘာလိုချင်တာလဲ...ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက အဖေ့ကို သတ်ပြီး ငါ့ရိုက်နှက်ပြီးပြီ... မင်းက ငါ့ကို သတ်ချင်နေတာလား"


လူထွားကြီးက သူ့မျက်နှာကို အုပ်ကာ နာကျင်မှုအပြည့်ဖြင့် ပြောလိုက်သည်။


"မြေပေါ်မှာရှိတဲ့လူက မင်းအဖေလို့ မင်းပြောတယ်" 

ကျန်းကျန့်က မေးလိုက်သည်။


"ဟုတ်တယ် သူကငါ့အဖေပဲ" 

လူထွားကြီးက ပြောလိုက်သည်။


"မင်းကအဝတ်အသစ်ဝတ်ထားပေမဲ့ မင်းအဖေကိုကျ အဝတ်ဟောင်းဝတ်ခိုင်းထားတာလား..." 


ကျန်းကျန့်က လှောင်ပြောင်ပြောဆိုလိုက်ပြီး "စိတ်မပူပါနဲ့...မင်း ဒီကိစ္စကို တာဝန်ရှိသူတွေကို သတင်းပို့စရာ မလိုဘူး...ဘာလို့လဲဆို ငါက ပို့ထားပြီးသားမလို့ ...မင်းကပဲ မင်းအဖေကို သေတဲ့အထိ အနိုင်ကျင့်ပြီး ငါတို့ကို တရားစွပ်စွဲ လာခဲ့တာဖြစ်နိုင်တယ်..."


ထို့နောက် ကျန်းကျနံ ကြည့်ရှုနေသူတွေကို ကြည့်ပြီး ဆိုလိုက်၏။

"လူကြီးမင်းတို့... ကျုပ်ကြက်မှာ ဘာပြဿနာမှ မရှိပါဘူး...ဒီနေ့ ကြက်သတ်ပြီး အားလုံးကို အလကား မပေးခင် ချက်ခိုင်းပါ့မယ်"


ခိုးထွက်ရန်ပြင်ဆင်ထားပြီးသော ဘေးမှကြည့်နေသးသူများသည် ကျန်းကျန့်၏ စကားကို ကြားပြီးနောက် ရပ်တန့်သွားကြသည်။


ဤနောက် သူတို့ သိလိုက်ရသည်က...ထိုလူထွားကြီး နှစ်ယောက်က တစ်ခုခု မှားနေသည်ကိုပင်။


လူတို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော စုတ်ပြတ်သတ်နေသော အဘိုးအိုကို ကြည့်ပြီး လူထွားကြီးနှစ်ယောက်ကို ကြည့်ကာ သူတို့၏ မျက်လုံးများသည် သံသယများဖြင့် ပြည့်နှက်နေသည်။


ယခင်က ယောကျာ်းအရင့်အမာကြီးနှစ်ယောက် ငိုနေသောကြောင့် လူတော်တော်များများက သူတို့ကို ယုံခဲ့ကြပေမဲ့ ယခု...


ထိုအချိန်တွင်ပင် လူထွားကြီးနှစ်ယောက်က စကားစပြန်သည်။


"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက မွေးမြူထားတဲ့ ကြက်တွေက သေကုန်ပြီ...လူတိုင်းက လှည့်ကွက်ထဲကျမသွားကြပါနဲ့...သူတို့ရဲ ကြက်တွေကို စားသုံးခွင့်မပြုသင့်ဘူးး"


#155.2

အခန်း 155.2:ဆယ်ခါတွေးစရာရှိတစ်ခါပြေးကာကြည့်ပါ


"သွားစုံစမ်းရင် အားလုံးသိလိမ့်မယ်...ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရဲ့ ကြက်တွေအားလုံး သေသွားပြီ"


"သူတို့ကို ကြိုးတုပ်လိုက်"

ကျန်းကျန့်က သူ့လူတွေကို ပြောပြီး သူ့ဘေးနားက ဆိုင်ရှင်ကို ကြည့်လိုက်သည်။


"ခင်ဗျားလူတွေကို ကြက်သတ်ဖို့ပြောပြီး လူတိုင်းကို အနှောင့်အယှက်မဖြစ်ခင် ကြက်သားဟင်းချက်ဖို့ အိုးကြီးတစ်လုံးရှာ"


ဆိုင်ရှင်က သူ့စကားကြားသောအခါ ကြက်သတ်ရန် သူ့လူတွေကို ချက်ချင်း အမိန့်ပေးလိုက်၏။


အမှန်ကို ကြက်အားလုံး အဆိပ်သင့်ပြီး သေဆုံးခဲ့ကြသည့် ကြက်ခြံတစ်ခြံရှိသော်လည်းကျောက်ကျင်းကောတွင် ကြက်ခြံတစ်ခုထက်မက ရှိသောကြောင့် ကြက်များ ပြတ်လပ်ခြင်းမရှိပေ။


ဤနည်းဖြင့် ကြက်များအသင့်ရှိသောဆိုင်သည် သတ်၍ ချက်ပြုတ်ကာ ရှိနေသူများနှင့် မျှဝေရန် လုံလောက်လေသည်။


မကြာမီ ဆိုင်ရှိလူက ကြက်များကို စသတ်တော့သဖြင့် ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကြည့်ရှုသူများ ဝေးရာသို့ မသွားချင်တော့ပါချေ။


ဒီဆိုင်က သူတို့ကို ကြက်သားကို ဝေမှာ… သူတို့ လက်လွတ်မခံဘူး...


ကြက်များရောင်းချသည့်ဆိုင်သည် တစ်ခါတစ်ရံတွင် ကြက်သတ်သူများကို ကူညီရန် လိုအပ်သောကြောင့် ဆိုင်လုပ်သားများသည် ကြက်များကို အမြန်သတ်ကြသည်။ မကြာခင်မှာပဲ ပတ်ဝန်းကျင်က လူတွေဆိက "ကြက်သွေးကို မဖြုန်းတီးသင့်ဘူး"၊ "ကြက်ခေါင်းပေါ်က အမွေးတွေကို သန့်စင်သင့်တယ်"ဟု တိုးတိုးတိုးတိုး ပြောသံများကြားတွင် ကြက်ဆယ်ကောင် သတ်ပြီးသွားသည်။


ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ရေအိုးထဲထည့်ရေနွေဖြောကာ ချက်ရန်အတွက် အိုးကြီးတစ်လုံးထဲ ပစ်ထည့်လိုက်၏။လက်ရှိအချိန်မှာ အိုးရှေ့မှာ လူတွေက တန်းအရှည်ကြီး တန်းစီနေပြီးသားဖြစ်နေ၏။


လူတိုင်းက ကြက်သားဝေစုတစ်ခုရရန် မျှော်လင့်နေကြသည်။


ဤဆိုင်မှာရောင်းသည့် ကြက်သားကိုစားလျှင် သေသွားနိုင်သည်ဆိုရန်အတွက်မူ... ထိုကြက်တွေက မသတ်ခင်မှာ အသက်ရှင်နေသေးပြီး သူတို့ တစ်ကောင်ချင်းစီကို သေချာသတိထားကြည့်ခဲ့ကြ၏။ကြက်ငှက်တုပ်ကွေးရနေတဲ့ကြက် ဘယ်လိုလုပ်ဖြစ်နိုင်မလဲ...


အကယ်၍ အမှန်တကယ် ကြက်ငှက်တုပ်ကွေးဖြစ်နေငည့်ကြက်များသာဆိုပါက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေက ကြက်တွေကို တကယ်စားရန် ပေးဝံ့ကြမှာမဟုတ်ပေ။


"ကြက်သားဝေဖို့ အဆင်သင့်ဖြစ်ပြီလား"

တန်းစီနေသောလူများ လျင်မြန်စွာ စိုးရိမ်ပူပန်လာကြသည်။


"ကြက်သားက မကျက်သေးဘူး" ကြက်သားဟင်းချက်သည့် ဆိုင်ရှင်က အတော်လေး ဖရိုဖရဲဖြစ်နေသည်။


"ဘာကိုကြောက်နေ တာလဲ...ငါတို့ကို အစိမ်းလိုက်ပေး... ငါတို့လည်း လိုချင်တယ်..."


တစ်ယောက်ယောက်က ချက်ချင်းအော်လိုက်ပြီး ညစာချက်စားရအောင် ကြက်သားကို ပြန်ယူသွားရန် စိတ်စောနေခဲ့သည်။


"ဝေလိုက်"


ကျန်းကျန့်က အမိန့်ပေးလိုက်၏။ဤလူတွေက ကြက်သားစိမ်းလား ကျက်လား ဂရုမစိုက်ဘူးဟုလည်း သူယုံကြည်ခဲ့သည်။



ဆိုင်ရှင်က ကြက်သားကို အမြန်ဝေလိုက်ပြီး ရလဒ်အနေဖြင့် ကြက်ဆယ်ကောင်ကို ခွဲဝေပြီးသည့်အခါ အပြင်မှာ တန်းစီစောင့်သည့်လူက မနည်းသွားဘဲ ပိုများလာသည်။


ဤနေရာမှာ ကြက်သား အလကားဝေနေသူရှိသည်ဟု ကြားသောအခါ လူတော်တော်များများ ရောက်လာကြသည်။


ယခုအချိန်တွင် ကြက်ငှက်တုပ်ကွေး၏ သတင်းကို မည်သူမျှ ဂရုမစိုက်တော့ဘဲ လူတိုင်းက ကြက်သားကို အလကားရရန်လောနေကြသည်။


ကြက်သားအလကားရတာလေ... ဒါက သူတို့အတွက် တစ်ခါမှ မဖြစ်ဖူးတဲ့ ကောင်းတဲ့ ကိစ္စပဲ...


သူတို့ရှေ့ကလူတွေက ကြက်သားရသွားပြီး ယူသွားသည်ကိုမြင်သောအခါ နောက်ကလူတွေ အနည်းငယ် စိတ်ပျက်သွားကြသည်။


ကြက်သားမရတော့ဘူး...


"ဆိုင်ရှင်...နောက်ထပ် ကြက်အနည်းငယ်ကို သတ်ပြီး ဝေလိုက်ပါ..."


ကျန်းကျန့်က နောက်ထပ်ကြက်များကို သတ်ပြီး ဝေရန် အခြားကြက်မွေးမြူရေးခြံသို့ တစ်စုံတစ်ဦးကို စေလွှတ်ထားပြီးဖြစ်သည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကိုကြော်ငြာရန် ကြက်အနည်းငယ်ကို သတ်ခြင်းသည် စျေးချိုလှသည်။


လူတွေက ဝမ်းသာအားရဖြစ်သွားပြီး အားလုံးက ကျန်းကျန့်ကို ကျေးဇူးတင်စွာနှင့် ကြည့်နေကြ၏။


ကြက်သားဝေမည်ကို အားလုံးက စောင့်မျှော်နေကြသဖြင့် ဘယ်သူကမှ သေပြီးသား အဘိုးကြီးနှင့်ငိုနေသော လူထွားကြီး နှစ်ယောက်ကို သတိမထားမိတော့ပေ။


ကျန်းကျန့် မအံ့ဩဘဲ သူ့လူတွေကို ဤလူတွေကို ဖမ်းရန်အမိန့်ပေးလိုက်သည်။


ဆိုင်နောက်ဘက် ဝင်းကျဉ်းလေးထဲမှာ ကျန်းကျန့် ထိုလူတွေကို ထပ်ရိုက်၏။


ထိုလူများသည် ညိုမဲနေအောင် ရိုက်နှက်ခြင်း ခံခဲ့ရသော်လည်း သွားများကို တင်းတင်းစေ့ထားကြ ပြီး ဘာတစ်ခွန်းမှထုတ်မပြောကြပေ။


"မင်းတို့က ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းက မဟုတ်လား" 


ကျန်းကျန့်က ရုတ်တရက် မေးလိုက်သည်။

"မင်း ငါတို့ကို ဒုက္ခပေးရမဲ အလုပ်တစ်ခုရထားတာ မဟုတ်လား"


ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းမှလူများ အလွန်အံ့သြသွားကာ အနည်းငယ် မှင်တက်သွားကြသည်။


ကျန်းကျန့်က သူတို့၏အမူအရာကိုမြင်သောအခါ သူမှန်သည်ကိုသိလိုက်သည်။


ချန်လုံတိုက်ခိုက်ရေးလုပ်ငန်

း...


"ငါတို့ ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းကို သွားမယ်... လူနည်းနည်းထပ်ခေါ်လိုက်"

ကျန်းကျန့်က သူ့လူတွေကို ကြည့်ပြီး ညွှန်ကြားလိုက်သည်။


"ဟုတ်ကဲ့" 


ကျန်းကျန့်၏လူများက တုံ့ပြန်ပြီး သူတို့နှင့်လိုက်မည့် နောက်ထပ်လူများကို သွားရှာကြသည်။