Chapter 221
ဆယ်ခါတွေးစရာရှိတစ်ခါပြေးကာကြည့်ပါ
ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းမှ ဖမ်းဆီးခံထားရသော လူများကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားပြီးဖြစ်ကာ အဘိုးအို၏ အလောင်းသာ ခြံဝင်းထဲတွင် ကျန်ရှိတော့သည်။
"ဒီအဘိုးအိုကို အိမ်ပြန်ပို့ပေးလိုက်ပါ"
ကျန်းကျန့်က ထပ်ပြောလိုက်သည် ။
ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှ လူများက အဘိုးအိုသည် ၎င်းတို့၏ ဆွေမျိုးမဟုတ်ကြောင်း ၊အနီးနား ရွာမှ ခိုးယူထားသော အလောင်းဖြစ်ကြောင်းဝန်ခံထားပြီးဖြစ်သည်။
လက်ရှိအချိန်တွင် လူတို့သည် မြှုပ်နှံခြင်းနှင့်ပတ်သက်၍ အထူးအလေးထားကြသည်။ကျန်းကျန့်က ၎င်းကို သိပ်ဂရုမစိုက်ပေမဲ့ အဘိုးအို၏ အလောင်းကို ပြန်ပို့ပေးလိုက်ရဆဲပင်။
များမကြာမီပင်၊ ကျင်းကျန့်ကိုယ်ရံတော့လုပ်ငန်း ၏အဝတ်အစားများ ၀တ်ထားသော လူများ ပိုမိုများပြားလာချိန်တွင် အဘိုးအို၏ အလောင်းကို တစ်စုံတစ်ယောက်က ပို့ပေးလိုက် သည်။
ကျန်းကျန့်က နိမ့်ချပြီး ထိန်းထိန်းသိမ်းသိမ်နေသောကြောင့် သူ့လက်အောက်တွင် လူများစွာရှိသော်လည်း အမြဲတမ်း ပြန့်ကျဲနေပြီး အာရုံစိုက်မှုကို သိပ်မခံရပေ။ ယခုမူ လူရာနှင့်ချီပြီး တပြိုင်နက် စုရုံးလာကြသည်။
ဖုချောင် ကလူများသည် ဤအခြေအနေကိုမြင်လိုက်ရသောအခါ အလွန်အံ့သြခဲ့ကြပြီး ကျန်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လုံးဝရိုးရှင်းသည်မဟုတ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
လူငယ်များသည် ယခုအခါ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း နှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ၎င်းတို့ထဲ ဝင်လိုကြသည်။ထိုအချိန်မှာ ငယ်ရွယ်သောအမျိုးသမီးများကမူဤသို့တွေးနေကြသည် ...ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ယောကျ်ားတစ်ယောက်နှင့် လက်ထပ်နိုင်ခဲ့ပါက မည်မျှ အံ့သြဖွယ်ကောင်းမည်နည်း။ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ပိုက်ဆံအများကြီးပေးသည်ဟု ကြား၏။
ကျန်းကျန့်က သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အတွေးအမြင်များကို မသိသောကြောင့် လူအချို့ကို စုစည်းပြီးနောက် သူနှင့်အတူ ဖမ်းမိထားသော လူများကို ခေါ်ကာ ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းဆီသို့ တိုက်ရိုက်သွားခဲ့သည်။
ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းသည် ဖုချောင် မြစ်ကမ်းဘေးတွင် တည်ရှိသည်။
ချန်လုံတိုက်ခိုက်ရေး လုပ်ငန်း၏ဆိုင်သည် ကြီးကြီးမားမားမဟုတ်သော်လည်း ယခုအချိန်တွင် အထဲမှာ သန်မာသောအမျိုးသားများစွာ ထိုင်နေ သို့မဟုတ် ရပ်နေကြသည်။
"လီနဲ့ တခြားသူတွေဆီက ဘာမှမကြားရသေးဘူး...ပြီးသွားပြီထင်လား"
"လောင်လီနဲ့ တခြားသူတွေ အဆုံးသတ်သွားမှာငါကြောက်မိတယ်...ကြက်ခြံမှာ ဘာဖြစ်သွားလဲ ငါတို့မသိရဘူး"
"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရဲ့ဆိုင်က မဖွင့်နိုင်တော့မှာကို စိုးရတယ်"
ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှလူများ သည် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ကိစ္စရပ်များကို တစ်ယောက်ပြီး တစ်ယောက် ဆွေးနွေးကြသည်။
သူတို့၏လုပ်ငန်းသည် အချိန်အတော်ကြာ တည်ရှိခဲ့ပြီး မူလက အလွန်ကောင်းမွန်ခဲ့သော်လည်း ထိုအချိန်တွင် ကျင်းကျန်းကိုယ်ရံတော် ရုတ်တရက်ပေါ်လာပြီး ၎င်းတို့၏လုပ်ငန်းအများအပြားကို လုယူသွားခဲ့သည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို သူတို့ အလွန်မုန်းတီးခဲ့ကြပြီး ယင်းက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ကိုင်တွယ်ရန် တစ်စုံတစ်ဦးမှ ငွေပေးဆောင်ခဲ့ခြင်းကြောင့် ကွက်တိဖြစ်သွားသည်။ထိုလူမှာလည်း မရိုးရှင်းသည့် နောက်ခံရှိသည့်အတွက် သူတို့ သဘောတူလိုက်၏။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူမှားပြီးသွားရှုပ်မိခဲ့သည်။ အနာဂတ်တွင်. . .
ဤလူတွေ ထိုသို့ပြောပြီး ဘဝင်ခိုက်နေချိန်မှာ အပြင်ဘက်ဆီက ရုတ်တရတ် ရုတ်ရုတ်သဲသဲအသံအကျယ်ကြီးကြားလိုက်ရသည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ဝတ်စုံဝတ်ထားသော လူတစ်စုသည် ၎င်းတို့၏ ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းကို ဝိုင်းထားခဲ့ကြသည်။
ချန်လုံတိုက်ခိုက်ရေး လုပ်ငန်း၏အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခု ရှိနေပြီး ယင်းအခိုက်အတန့်တွင် ၎င်းတို့၏ ဆိုင်တံခါးသည် လုပ်ငန်းအတွက် အဆင်သင့်ဖြစ်နေသကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားသည်။
ကျန်းကျန့် ဤမြင်ကွင်းကိုမြင်ရသောအခါ စိတ်မကောင်းစရာပဲဟုတွေးမိလိုက်သည်။
အစက တံခါးကို ကန်ဖွင့်ပြီး ရိုက်ချိုးပစ်ချင်ခဲ့တာ...
သူ့လက်ထဲမှာရှိသည့် လုပ်ငန်းက ဤနှစ်တွေမှာ ပိုပိုကြီးလာသောကြောင့် ဘယ်သူ့ကိုမှအနိုင်ကျင့်၍ မရတော့သည်မှာ အချိန်အကြာကြီးရှိနေပြီဖြစ်သဖြင့် သူ ထိုခံစားချက်ကို လွမ်းဆွတ်နေခဲ့သည်။
ကျန်းကျန့် သူ့မြင်းကိုစီးရင်း လက်ဟန်တစ်ခုပြပြီး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း မှလူများကို ချန်လုံ တိုက်ခိုက်ရေးလုပ်ငန်းကို ချက်ချင်းဝိုင်းစေသည်။တစ်ချိန်တည်းတွင် ဖောက်ထွင်းဝင်ရောက်သွားသူများလည်းရှိခဲ့သည်။
"မင်းတို့ ဘာလိုချင်လို့လဲ"
ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှ လူများသည် ၎င်းတို့၏ ဆိုင်အတွင်း ပိတ်ဆို့ခံခဲ့ရပြီး ကျန်းကျန့် နှင့် အခြားသူများကို ကြည့်ရင်း လက်နက်များထုတ်လိုက်ကြသည်။
ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းတွင် လူအနည်းငယ်သာ ရှိပြီး ယခု ဆိုင်အတွင်းမှာ လူ ဆယ်ဦးကျော် ရှိနေသည်။
သူတို့၏လူအရေအတွက်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများကို နှိုင်းယှဉ်၍မရနိုင်ပါချေ။
"ကျန်းကျန့်...မင်းဘာလိုချင်လို့လဲ"
ချန်လုံတိုက်ခိုက်ရေးလုပ်ငန်း၏ တာဝန်ခံက ကျန်းကျန့်ကို စိုက်ကြည့်ရင်း ကျယ်လောင်စွာ မေးသည်။
ဤချန်လုံတိုက်ခိုက်ရေးလုပ်ငန်း၏ အကြီးအကဲကို ချန်ဝမ်ဟုခေါ်ပြီး သူက ပုဆိန်ကို အသုံးပြုရသည်အား နှစ်သက်သောကြောင့် ပုဆိန်ချန်ဟုလည်းခေါ်၏။သူသည် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မုတ်ဆိတ်မွေးအကြီးကြီးနှင့် ရင်ဘတ်ကို ဖော်ထားကာ အလွန်ရက်စက်ပုံပေါက်သည်။
သို့သော်လည်း သူ့အသွင်အပြင်က မည်မျှပင် ကြမ်းတမ်းနေပါစေ သူ့ပုဆိန်ကျွမ်းကျင်မှုက မရိုးရှင်းဘူးဆိုသည်ကို လူအများကြီးက သက်သေပြခဲ့ပြီးသားဖြစ်သည်။
ချန်ဝမ်က ကျန်းကျန့်ကိုမြင်သောအခါ အခြေအနေ မကောင်းမှန်း သူသိသည်။
သူက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ပြဿနာရှာရန် စီစဉ်ခဲ့ပေမဲ့ ကျန်းကျန့်၏အာရုံကို ဆွဲဆောင်ရန် တကယ်ကို မရည်ရွယ်ခဲ့ပေ...
စီးပွားရေးတိုက်ပွဲဝင်ရင်း သူတို့ မိသားစုကြီးအချို့က ဖွင့်ထားသည့် ဈေးဆိုင်တွေ ဒုက္ခရောက်အောင်လုပ်ခဲ့ကြပေမဲ့ထိုမိသားစုကြီးတွေ၏ အကြီးအကဲတွေကို တစ်ခါမှ အပြင်ဆွဲမထုတ်ခဲ့ကြပါချေ။ဒီကျန်းကျန့်က ဘယ်လိုလုပ်ထွက်လာတာလဲ...
သီးသန့်ဆွေးနွေးဖို့တောင် မတောင်းဆိုဘဲ ဝုန်းခနဲထွက်လာခဲ့တယ်...
"ငါ့ကို ဆန့်ကျင်ဖို့ ဘယ်သူကပြောခဲ့တာလဲ"
ကျန်းကျန့်က မေးလိုက်သည်။
"မင်းပြောတာကို ငါနားမလည်ဘူး"
ပုဆိန်ချန်က ချက်ချင်းဆိုသလိုပဲဆိုသည်။သူတို့တိုက်ခိုက်ရေး လုပ်ငန်းမှာ ဖောက်သည်တွေနှင့် ပတ်သက်သည့် အချက်အလက်တွေကို ဘယ်တော့မှ ထုတ်မပြောရဘူးဟူသည့် စည်းမျဥ်းတစ်ခု ရှိသဖြင့် သူက ထုတ်ပြောရန်ငြင်းဆန်လိုက်၏။
"ဘာမှမပြောဘူးနော်..."
ကျန်းကျန့်က ပြုံးပြီး သူ့
နောက်ကလူတွေကို ကြည့်လိုက်ကာပြောလိုက်သည်။
"သူတို့အားလုံးကို ဖမ်းလိုက်"
ဒီလူတွေ အမှန်အတိုင်းပြောဖို့ သူ မမျှော်လင့်ထားဘူး၊ဆိုတော့...သူတို့ကို အရင်နှိပ်စက်တာ ကောင်းမယ်...
ကျန်းကျန့်၏လူများက တုံ့ပြန်ပြီး လျင်မြန်စွာ ရိုက်နှက်ကြသည်။
ချန်လုံတိုက်ခိုက်ရေးလုပ်ငန်း၏လူများက ဒေါသထွက်ပြီး ပြန်လည်ခုခံခဲ့ကြသည်။
သူတို့က တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသောကြောင့် ကျန်းကျန့်၏လူအများစုကို တစ်ယောက်ချင်း တိုက်ခိုက်လျှင် နိုင်သော်လည်း အဓိကအချက်မှာ ကျန်းကျန့်က လူများကို ပိုမိုခေါ်ဆောင်လာခြင်းဖြစ်သည်။
ကျန်းကျန့် တစ်ဦးတည်းသာ မကဘဲ သူ့လူများကလည်း ကောင်းစွာ ပူးပေါင်းလုပ်ဆောင်ကြသည်။
ကျန်းကျန့်လူတွေက ဝိုင်းအုံတိုက်ခိုက်ခဲ့ကာ ခုခံရန် ကြိုးစားနေသည့် လူအားလုံးကို အမြန်ဖမ်းမိသွာ၏။
"ဘော့စ် သူတို့အားလုံးကို ဖမ်းလိုက်ပြီ"
လူများကိုဖမ်းပြီးနောက် ကျန်းကျန့်၏လူများကချက်ချင်းသတင်းပို့ခဲ့သည်။
"ကောင်းပြီ...သူတို့ကို ကြိုးတုပ်ပြီး ခေါ်သွား"
ကျန်းကျန့်က ပြောလိုက်သည်။
"မင်းဘာလိုချင်တာလဲ...မင်းငါ့ကို မြန်မြန်လွှတ်ပေးလိုက်တာ ပိုကောင်းမယ်"
ပုဆိန်ချန်က ပြောလိုကလသော်လည်း သူပါးစပ်ကိုဖွင့်လိုက်သည်နှင့် ပါးပိတ်ရိုက်ခံလိုက်ရသည်။
"တိတ်တိတ်နေစမ်း"
ထိုလူက ပုဆိန်ချန်၏မျက်နှာကို ပြင်းပြင်းထန်ထန့ပိတ်ရိုက်လိုက်သော်လည်း ကျန်းကျန့် ဘက်သို့ ခေါင်းလှည့်လိုက်သောအခါတွင် သူ၏အမူအရာမှာ အပြုံးများအဖြစ် ပြောင်းလဲသွားသည်။
"ဘော့စ် ဒီလူတွေကို ငါတို့ ဘယ်လိုခေါ်သွားရမလဲ"
"ခုနက ကြက်ရောင်းတဲ့ဆိုင်ကို... မြို့ပြင်ကို ထွက်ပြီး ထပ်သွားယူခိုင်းထားတယ် မဟုတ်ဘူးလား...သူတို့ကို ကြက်တွေနဲ့ နွားလှည်းစီးခိုင်းကြစို့"
ကျန်းကျန့်က ပြောလိုက်သည်။
"ဟုတ်ကဲ့"
ကျန်းကျန့်၏လူများက တုံ့ပြန်ပြီး နွားလှည်းကို ချက်ချင်းမောင်းလာသည်။
ထိုအချိန်တွင် ကျန်းကျန့်က မြင်းပေါ်မှ ဆင်းကာ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လိုက်သည်။
ထိုထိုင်ခုံကို ကျားအရေဖြင့် ဖုံးအုပ်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် အဆင့်အတန်း အမြင့်ဆုံးလူက နေရာယူထားသည်မှန်း ပြောနိုင်သည်... ဤသည်မှာ ထုံးစံအတိုင်း ချန်ဝမ်၏ထိုင်ခုံဖြစ်သည်။
ကျန်းကျန့်က သူ့နေရာကို ပေါ့ပေါ့တန်တန် သိမ်းပိုက်ထားသည်ကို မြင်လိုက်ရသည်နှင့် ကြိုးတုပ်ခံထားရသော ချန်ဝမ်တစ်ယောက် ကျန်းကျန့်ကို စိုက်မကြည့်ဘဲမနေနိုင်တော့ပေ။
ကျန်းကျန့်က သူ့ကို ဂရုမစိုက်ဘဲ ခဏအကြာမှာ ကြက်တွေပါသည့် နွားလှည်းရောက်လာသောအခါ တခြားလူတွေနှင့် အတူ လှည်းပေါ်တင်လိုက်သည်။
နွားလှည်း၏အနောက်က လှည်းသည် အလွန်ကြီးမားသည်၊ လှည်းသည် ကုန်ပစ္စည်းများ မြေပေါ်မကျသွားစေရန် ခြံစည်းရိုးသာမက မိုးမမိစေရန် ဝါးနှင့် ဖျာများဖြင့်လုပ်ထားသော တဲများပါပါရှိသည်။
ဘဲတွေက အဆင်ပြေပေမဲ့ ကြက်တွေက အထူးသဖြင့် မိုးရွာလျှင် ဖျားနာတတ်သည်။
ထိုကဲ့သို့သော လှည်းထဲမှာ ဖျစ်ညှစ်ထည့်လိုက်လျှင် လူတစ်ဒါဇင် ဆံ့နိုင်၏။
သို့သော် ကျန်းကျန့် အလွန်ညှာတာပြီး ဖျစ်ညှစ်မနေခိုင်းဘဲ နွားလှည်းသုံးစီးရှိသောကြောင့် လှည်းတစ်စီးစီတွင် လူအကိုက် တင်ခိုင်းလိုက်သည်။
မှန်ပေသည်၊ထိုသို့ဖြစ်သည်ကိုပင် ဤလူတွေက နွားလှည်းမစီးချင်ကြပေ။
ဤနွားလှည်းများကို အများအားဖြင့် ကြက်၊ ဘဲနှင့် ဥများကို သယ်ယူရာတွင် အသုံးပြုကြသည်။ ဥတွေက ရပေမဲ့ ကြက်၊ ဘဲတွေလည်း ရှိသေး၏…
ချန်ဝမ်နှင့် တခြားလူတွေကို နွားလှည်းပေါ် တင်လိုက်သည့်အခါ အထဲမှာ ကြက်နှင့်ဘဲချေးတွေ အများကြီး ရှိနေသည်။
သူ့နှာခေါင်းမှာ ကြက်တွေနှင့်ဘဲတွေ၏ အငွေ့အသက်တွေ သင်းပျံ့နေသောကြောင့် ချန်ဝမ် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်လာသည်။
အမှန်တွင်၊ သူ၏ စိတ်ပျက်အားငယ်မှုက ကျန်းကျန့် သူတို့အတွက်ပေးသည့် အလွန်ဆိုးရွားသော လှည်းတွေကြောင့် မဟုတ်ဘဲ...ကျန်းကျန့်က သူတို့ကို နှောင့်ယှက်မှုများစွာနှင့်နှောင့်ယှက်လာခဲ့ပေမဲ့ သူတို့ကို ကယ်တင်မည့်သူ တစ်ယောက်မှ ရောက်မလာခဲ့သည့်အတွက်ပင်။
သူတို့သည် ရာမန်ထဲမှ လူများနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ယခင်တုန်းက ရာမန်ကလူတွေမှာ တစ်ခုခုဖြစ်သည့်အခါ သူတို့က ကူညီကယ်တင်ပေးခဲ့သည်။သို့သော်ယနေ့အချိန်အတော်ကြာပြီးသည့်တိုင် ရာမန်မှလူများ ပေါ်မလာပါချေ။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ပြဿနာရှာရန်အတွက် သူတို့ကို အလုပ်အပ်ထားသည့်လူတွေအတွက်မူ...
သူတို့က ထိုလူများကို မဖော်ခဲ့သဖြင့် ထိုလူများက သူတို့ကို ကယ်တင်ရမှာဖြစ်သော်လည်း ယခုမူ... ထိုလူများဘက်မှ လှုပ်ရှားခြင်း မရှိခဲ့။
ချန်ဝမ် အလွန်စိုးရိမ်နေသဖြင့် စိတ်မပူဘဲမနေနိုင်ဘဲ အာရုံပျံ့လွင့်နေချိန်တွင် နွားလှည်းက တလှုပ်လှုပ်လှုပ်လှုပ်ဖြစ်သွားပြီး ခုန်သွား၏။
သူချက်ချင်းပင် လဲကျသွားပြီး အံ့အားသင့်ဖွယ်ကောင်းစွာပင် ကြက်ချေးနှင့် ဘဲချေးပုံကြီးပေါ်တွင် ခေါင်းစိုက်သွားခဲ့သည်။
ချန်ဝမ် : "... "
ကျန်းကျန့်က ကြိတ်ရယ်လိုက်ပြီး
"သူတို့ ပါးစပ်ကို ဆို့ထား"
ထိုသို့ပြောပြီးနောက် နွားလှည်းပေါ်ရှိ ကန့်လန့်ကာကို ပြန်ချသွားသည်။
ချန်ဝမ် မသိစိတ်က ရုန်းကန်ချင်ပေမဲ့ ကျန်းကျန့်ကပြောလိုက်သည်။
"မင်းမိသားစု ဘယ်မှာရှိတယ်ဆိုတာ ငါသိမယ်ထင်လား"
ချန်ဝမ်အေးခဲသွားပြီး မလှုပ်ရဲတော့ပေ။
ကောင်းကောင်း တိုက်ခိုက်ခဲ့ကြသော ဤလူများပင်လျှင် မိသားစုများ ရှိကြသည်။
နွားလှည်းအချိူ့သည် မြို့ပြင်သို့ ဖြည်းညှင်းစွာ မောင်းထွက်လာပြီး လှည်းထဲမှ ရံဖန်ရံခါ အသံထွက်လာသည်။
"မင်းတို့က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကလား...ဒီလှည်းပေါ်မှာ ဘာပါတာလဲ"
ဖုချောင်ကသတ္တိရှိသည့်လူတစ်ချို့ကမေးသည်။
"ဝက်နည်းနည်း တင်ထားတယ်"
ကျန်းကျန့်၏လူများက ပြုံးလျက်ပြောသည်။
နွားလှည်းက ညစ်ပတ်သည့်အတွက် အထဲမှာ ဝက်အနည်းငယ်ရှိသည်ဟု ပြောသည်က သဘာဝကျ၏။
လူအများစုက ဘာကိုမှ သံသယမရှိကြသလို၊ တစ်ခုခုကို သံသယဖြစ်နေကြသူ အနည်းငယ်ကလည်း ဘာမှ မပြောဝံ့ကြပါချေ။ ဤကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက သာမန်လူများ သွားရှုပ်နိုင်သော အရာမဟုတ်ပေ။
လမ်းမများပေါ်တွင် ကင်းလှည့်နေသော ရာမန် အရာရှိတစ်ဦးက သတင်းအချို့ရရှိပြီး စစ်ဆေးချင်သော်လည်း သူ့ပတ်ဝန်းကျင်ရှိ အရာရှိကြီးများက တားခဲ့သည်။
"အဲဒီနွားလှည်းတွေက တစ်ခုခုမှားနေသလားလို့"
ရာမန်အရာရှိပေါက်စလေး အနည်းငယ်စိုးရိမ်နေသည်။
"မကြာသေးခင်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ချန်လုံ တိုက်ခိုက်ရေးစီးပွားရေးလုပ်ငန်းကို ပြဿနာရှာဖို့သွားခဲ့တာ"
"ဒါကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ပိုင်တယ်ဆိုတာ မင်းသိကတည်းက အဲဒါကို စိတ်မပူတော့နဲ့... မင်းကံမဆိုးချင်ဘူးဆိုရင်ပေါ့"
အရာရှိကြီးတဦးက ပြောလိုက်သည်။
ရာမန်အရာရှိလေး ထိတ်လန့်မှင်တက်သွားသော်လည်း အရာရှိကြီးနောက်မှ အခြားတစ်နေရာသို့ လိုက်သွားခဲ့သည်။
ဘယ်သူက သွားစော်ကား၍ရသည်၊ဘယ်သူက မသွားစော်ကား၍မရသည်ကို သူတို့သိ၏။
ကျန်းကျန့်၏လူများသည် ဤကဲ့သို့ ဈေးကိုဖြတ်သွားပြီးနောက်တွင် အနည်းငယ် မာန်တက်လာကြသည်။
ရှေ့ကမြင်းစီးနေသည့် ကျန်းကျန့်က ၎င်းကို သတိထားမိပြီး မျက်မှောင်ကြုတ်ကာ နောင်အခါ သူတို့ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုလွတ်ပြီး အမှားအယွင်းမဖြစ်အောင် သူ့လူတွေကို နာနာ ရိုက်နှက်မှဖြစ်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
ယခုအချိန် ချန်ဝမ် နှင့် အခြားသူများ ပြင်းစွာ နာကျင်နေချိန်တွင် ကျန်းကျန့်က သူ့လူများကို အချိုးပြင်ပေးဖို့ရာ တွေးတောရန် အချိန်ရှိနေသေးသည်။
သူတို့ဘ၀မှာ ဤမျှလောက်ဆိုးသည့်လှည်းကို တစ်ခါမှမစီးဖူးပေ။
သံဘူးထဲထည့်ခလောက်ခံရသလို စီးပြီးနောက် နောက်ဆုံးတွင် နွားလှည်းက မြို့ပြင်သို့ ရောက်ရှိလာသည်။သူတို့ သူတို့လူတွေ အဆိပ်ခတ်ထားသည့် ကြက်ခြံကို ရောက်လာကြ၏။
ကြက်ခြံက ကြက်ကင်နံ့တို့လွှမ်းနေပြီး ပြာမှုန်ကျဲနေသော ကောင်းကင်ယံ၌ ထူထပ်သော မီးခိုးငွေ့များ ပြန့်ကျဲနေသည်။
လူအို အများအပြားသည် မီးခိုး၏ ဦးတည်ရာကို ကြည့်ကာ မျက်ရည်များကို သုတ်ကြသည်။
သို့သော်လည်း ကျန်းကျန့် နှင့် အခြားသူများ ရောက်ရှိလာသည်ကို တွေ့လိုက်သောအခါတွင် ချက်ချင်းပင် ငိုသံများ ရပ်တန့်သွားကာ ကျန်းကျန့်တို့ထံသို့ ရောက်ရှိလာသည်။
"ဘော့စ် ပြန်လာပြီလား...တရားခံကို ဖမ်းမိပြီလား"
"ဟုတ်ကဲ့"
ကျန်းကျန့်ကဖြေလိုက်ပြီး ထိုအချိန်မှာ သူ့လူတွေဟာ ကြက်လှည်းများ၏ ကန့်လန့်ကာကို မပြီး အတွင်းရှိလူတွေကို ပြသလိုက်သည်။
နွားလှည်းများအတွင်း၌ ကြက်ချေး နှင့် ဘဲချေးများ အလူးလူးဖြင့် လူများကို ဤလူများ မြင်သောအခါတွင် ပထမတွင် သူတို့အပေါ် စာနာစိတ်အချို့ ခံစားခဲ့ရသော်လည်း နောက်ပိုင်းမှာ ဒေါသတကြီး ကြည့်နေကြလေသည်။
ဒီလူတွေက သူတို့ရဲ့ကြက်တွေကို အဆိပ်ခတ်ထားတဲ့သူတွေလား...
"အဲဒါ သူပဲ...ငါ မနေ့က တောင်ပေါ်မှာ တွေ့ခဲ့တာ"
အဘိုးအိုတစ်ယောက်က နွားလှည်းပေါ်က လူတစ်ယောက်ကို ရုတ်တရက် ဒေါသတကြီးကြည့်ကာအော်လိုက်သည်။
"ဘော့စ် သူ ငါတို့ကြက်တွေကို အဆိပ်ခတ်ပြီး သေအောင်လုပ်ခဲ့တာ...သူ့ကိုရိုက်သတ်ရအောင်"
ဤသည်က ရှေးခေတ်ဖြစ်သဖြင့် ဖိုဝါဒီကြီးစိုးမှု အင်အားက သန်မာပြီး ဥပဒေမဲ့စစ်ဆေးသတ်ဖြတ်မှုများလည်း အများအပြားရှိခဲ့ကာ တခြားသူတွေ၏ ဥစ္စာကို ခိုးယူသည်က သေဒဏ်နှင့် ထိုက်တန်သည်ဟု လူတိုင်းက ထင်မြင်ကြသည်။မည်သိုပင်ဖြစ်စေ ယေဘုယျအားဖြင့် ရာမန်က ယခုလိုကိစ္စတွေကို လက်မခံပါချေ။
ထို့ကြောင့် အဘိုးအိုက ဤကဲ့သို့ ပြောလိုက်သောအခါတွင် မည်သူကမျှ ပြဿနာရှိမည်ဟု မထင်ခဲ့ပေ။
သို့ပေမဲ့ကျန်းကျန့်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
"မဟုတ်ဘူး...သူတို့က ကျုပ်တို့ကြက်တွေကို အဆိပ်ခတ်တယ်...သူတို့ကို လျော်ကြေးငွေ အရင်ပေးခိုင်းရမယ်"
အဘိုးအိုက ကျန်းကျန့်ကို အံ့ဩသော အကြည့်ဖြင့် ကြည့်နေသည်။
ချန်ဝမ်က လမ်းတစ်လျှောက်တွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးဖြစ်သဖြင့် ယခုတွင် သူက အလျင်စလိုပြောလိုက်၏။
"ငါ့ကိုသာ လွှတ်ပေးစမ်းပါ... မင်းရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးပေးမယ်"
အဲဒါက ကြက်တစ်အုပ်ပဲ မဟုတ်လား...အလွန်ဆုံးမှငွေရာဂဏန်းမျှသာဖြစ်ပြီး သူကျေကျေနပ်နပ်ကြီး ပေးချေလိုက်နိုင်သည်။
ကျန်းကျန့်က ချန်ဝမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း မဖြေဘဲ ဆိုလိုက်၏။
"သူတို့ကို တောင်ပေါ်ခေါ်သွားပြီး ကောင်းကောင်းအလုပ်လုပ်ကြပါစေ"
"ဟုတ်ကဲ့"
ကျန်းကျန့် ၏လူများက တုံ့ပြန်ပြီး အမြန်ထကာ ချန်ဝမ် နှင့် အခြားသူများကို တောင်ပေါ်သို့ ခေါ်သွားကြသည်။
ထိုနေရာကမှာ သူ့လူသစ်အဖွဲ့ထဲကို ရောနှောနေပြီး ကျန်းကျန့် ဖမ်းမိထားသည့်လူတချို့လည်းရှိနေသည်။
"လောင်လီ"
ချန်ဝမ် တိတ်ဆိတ်သွားသည်။
"အစ်ကိုချန်..."
လောင်လီနှင့် အခြားသူများလည်း တိတ်ဆိတ်သွားကြသည်။
တစ်ဖက်ကလူတွေက ကြက်၊ ဘဲမစင်တွေလူးနေပြီး တစ်ဖက်ကလူတွေက ယင်အိမ်သာထဲကို ပြုတ်ကျထားသည့်အတွက် ယခုသူတို့ အကုန်လုံးဒုက္ခရောက်နေသည်ဟု ယူဆ၍ရ၏။
ကျန်းကျန့်က သူ့လူတွေကို ၎င်းတို့အား ၎င်းတို့၏လက်နက်တွေ သိမ်းပြီး တောင်တွေဆီ မောင်းထုတ်ကာ အိမ်တွေ ဆောက်ခိုင်းလိုက်သည်။
သူ့မှာ ကြက်၊ ဘဲလှောင်အိမ် လုံလုံလောက်လောက် မရှိပေ။
သေချာသည်ပင်၊ သူက သူတို့ကို အရင်ရေချိုးခိုင်းခဲ့သည်။
စောစောက သူတို့အဆိပ်ခတ်ထားသည့် ရေထွက်ဆီကို သူတို့အဖွဲ့ကို လိုက်ပို့သောအခါ သူတို့၏အမူအရာက အတော်လေးဆိုးရွားသွား၏။
သူတို့ ဆက်ညစ်ပတ်နေချင်သလား ဒါမှမဟုတ် ဒီရေထဲမှာ ရေချိုးမလား...
"မသောက်မိရင် ရေချိုးတာက အဆင်ပြေတယ်"
ချ
န်ဝမ်ကဆိုလိုက်သည်။ သူက ပိုက်ဆံရှိသည့် သူဌေးတစ်ယောက်ဖြစ်လာပြီးနောက်မှာ အစေခံတစ်ယောက်ကိုဝယ်ခဲ့ပြီး သန့်ရှင်းမှုကို နှစ်သက်၏။ ညစ်ပတ်နေသည့် ခန္ဓာကိုယ်ကို သူ သည်းမခံနိုင်ပေ။
ထိုသို့ဆိုပေငြား သူ့ခန္ဓာကိုယ်ကို သတ္တိရှိရှိ ဆေးကြောရန် မဝံ့ရဲခဲ့ပေ။
ဒီရေက အဆိပ်မိစေတယ်...