အပိုင်း ၂၂၂
Viewers 31k

Chapter 222

အလုပ်လုပ်ရန်ခေါ်သွား



ဤလူများသည် နောက်ဆုံးတွင် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဆေးကြောခဲ့ကြသော်လည်း အနည်းဆုံး သူတို့ကိုယ်သူတို့ အနည်းငယ် သန့်စင်သွားအောင် ပြုလုပ်ခဲ့ကြသည်။

သို့ပေမဲ့ ရေချိုးပြီးနောက်မှာ တကိုယ်လုံး မသက်မသာ ခံစားရပြီး တစ်စုံတစ်ယောက်ဆိုလျှင် နာကျင်မှုကိုပင် ခံစားရလေသညလ။


"အလုပ်သွားလုပ်...ပျင်းဖို့မကြိုးစားနဲ့"


"အလုပ်ကောင်းကောင်းလုပ်"


"မြန်မြန်လုပ်"


ထိုအချိန်တွင်၊ ကျန်းကျန့်၏လူများက ၎င်းတို့ကို ကြာပွတ်များကို ဝှေ့ယမ်းကာ မြေကြီးပေါ်ပြားပြားဝပ်စေရင်း တိုက်တွန်းခဲ့သည်။


ချန်ဝမ် နှင့် အခြားသူများမှာ လက်နက်မရှိသည့်အပြင် တစ်ဖက်က အရေအတွက်လည်း ပိုနေသောကြောင့် ရုတ်တရက် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ သူအနည်းငယ်ပျော်သွားသလို ခံစားလိုက်ရ၏။ ကံကောင်းစွာနဲ့ပဲ သူတို့အလုပ်ကူလုပ်ဖို့အတွက်ပဲ ဒီကိုလာခဲ့ရတယ်...


ဒါ အလုပ်လေးပဲ မဟုတ်လား...ဘာကိစ္စကြီးကြီးမားမားရှိလို့လဲ...


ချန်ဝမ် နှင့် အခြားသူများသည် နာခံမှုရှိရှိဖြင့် အလုပ်သွားလုပ်ကြသည်။


ကျန်းကျန့် သူတို့၏နောက်ကျောကို ကြည့်ကာ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။


ထိုအချိန်တွင်ပင် အပြင်မှတစ်ယောက်ယောက်က "ဘော့စ် မရီး လာနေပြီ" ဟု သတင်းပို့သည်။


ကျောက်ကျင်းကော ဒီကို ရောက်နေတာလား...

ကျန်းကျန့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ချက်ချင်း အပြင်သို့ ထွက်သွားသည်။


ကျန်းကျန့်က မနေ့ညက ညစာစားပြီးနောက် အိမ်မှထွက်လာခဲ့သည်။

ကျန်းကျန့် ထွက်သွားပြီးနောက် ကျောက်ကျင်းကော သူ့အကြောင်းတွေးနေခဲ့သည်။ ကံမကောင်းစွာပဲ၊ သူသည် သူတို့၏ကလေးနှစ်ယောက်ကို ချန်မထားခဲ့နိုင်သည့်အပြင် ညဘက်ကြီး ကျန်းကျန့်ဆီသို့သွားခြင်းသည်လည်း မကောင်းပေ။


မနက်ရောက်သည့်အခါ... ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက မတော်တဆမှုတစ်ခုနှင့်တွေ့၏။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းသည် ဧည့်သည်အချို့ကို ကုန်ပစ္စည်းများနှင့်အတူ လိုက်လံပို့ဆောင်သောအခါတွင် လုယက်ခံခဲ့ရသည်။

ဝေရှင်းပြည်နယ်၏အကွာအဝေးသည်အတော်လေးလုံခြုံသောကြောင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူများကိုကုန်စည်ပို့ဆောင်ရန်စီစဉ်သောအခါတွင်ကိုယ်ရံတော်များစွာမစီစဉ်ထားပေ။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကိုယ်ရံတော်နည်းပါးလွန်းသောကြောင့် လမ်းတွင် လုယက်ခံရသည်. . . ကံကောင်းထောက်မစွာ ကိုယ်ရံတော်များနှင့် ဧည့်သည်များအားလုံး အဆင်ပြေခဲ့သည်။


ကျောက်ကျင်းကောက သတင်းရသွားပေမဲ့ နေရာနှစ်ခုကြားက အကွာအဝေးက အနည်းဝေးသည့်အတွက် အခြေအနေအတိအကျကို မသိရသေးပေ။ သူသည် လူများကို သွားကြိုရန် တစ်စုံတစ်ဦးကို စီစဉ်ပေးပြီး ဖောက်သည်အား လျော်ကြေးငွေပမာဏကို သတ်မှတ်ပေးခဲ့သည်။ အားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူ ကျန်းကျန့်ဆီသို့ သွားတော့မည်ပြုစဥ်မှာ သူ၏ ကြက်ခြံရှိ မတော်တဆမှုအကြောင်း ကြားလိုက်ရသည်။သို့ပေမဲ့ ကျန်းကျန့်က ထိုကိစ္စကို ဖြေရှင်းပြီးသားဖြစ်၏။


ကျန်းကျန့်က အရမ်းတော်တာပဲ...


ကျောက်ကျင်းကောက လူများကို ခေါ်ဆောင်လာပြီး ကြက်ခြံသို့ အလျင်အမြန် ရောက်လာခဲ့သည်။

"ကျင်းကော...မင်းကိုယ့်ကိုလွမ်းနေပြီလား" 

ကျောက်ကျင်းကောကိုမြင်သောအခါ ကျန်းကျန့်က ပြုံးလိုက်သည်။


ကျောက်ကျင်းကော သူ့ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်သောအခါ ကျန်းကျန့်၏ စကားများကို မကြားချင်ယောင်ဆောင်ကာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးများဖြင့် ကြည့်နေကြသည်ကို သတိပြုမိသည်။


"အင်း"

ကျောက်ကျင်းကောက ချက်ချင်းပြန်ဖြေလိုက်၏။ "လူတစ်ယောက်ကို မြို့ထဲမှာ စားစရာဝယ်ခိုင်းပြီး ယူလာခဲ့တယ်...စားချင်လား"


"ဟုတ်"

မကြာသေးမီကပင် နားမကြားဟန်ဆောင်နေသော ကျန်းကျန့်၏လူများသည် သူ့စကားများကို ချက်ချင်းကြားနိုင်ခဲ့သည်။


သူတို့အားလုံး ဗိုက်ဆာနေသည်။


ကျောက်ကျင်းကော ပြုံးပြီး ဖက်ထုပ်များနှင့် ဘန်းမုန့်ပေါင်းများပြည့်နေသော ဝါးခြင်းတောင်းများစွာကို သယ်ခိုင်းစေခဲ့သည်။


တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်နေသောကြောင့် ကျန်းကျန့်မှာ စားရန် အချိန်မရှိခဲ့ပေ။ဘန်းမုန့်ပေါင်းသွားယူရန် ရှေ့တက်လာချိန်မှာ သူဗိုက်ဆာနေပေမဲ့ ကျောက်ကျင်းကောက သူ့ကို တားလာ၏။

"ခင်ဗျားအတွက် တချို့ကို ချန်ထားတယ်" 

ကျောက်ကျင်းကောက နောက်ထပ် အစားအသောက်ပုံးတစ်ပုံးကို ထုတ်ယူလိုက်သည်။


ကျန်းကျန့် အစားအသောက်ပုံးကိုဖွင့်လိုက်သောအခါတွင် အသားပြုတ်နှင့် သက်သတ်လွတ်ဟင်းများစွာပါရှိသည်ကို တွေ့လိုက်ရပြီး အလွန်စားချင်စရာ ကောင်းလှသည်။


ဒါပေမဲ့ ဘယ်လိုလုပ်အကျန်ဖြစ်နိုင်မှာလဲ...

ကျောက်ကျင်းကော အထူးတလည်တောင်းဆိုခဲ့သည်မှန်း ထင်ရှား၏။


ကျန်းကျန့်က ပြုံးပြီး တစ်ကိုက်စားလိုက်သည်။

ကျောက်ကျင်းကော ဝယ်ခဲ့သော ဖက်ထုပ်များနှင့် ပေါင်းထားသော ဘန်းမုန့်ပေါင်းများသည် လမ်းပေါ်တွင် အတွေ့ရအများဆုံးဖြစ်သောကြောင့် ၎င်းတို့၏ အရသာမှာလည်း သာမန်ဖြစ်သော်လည်း ကျန်းကျန့်၏ရှေ့က ဟင်းကို ထမင်းချက်က အထူးတလည်ပြုလုပ်ထားခြင်းဖြစ်သည်။


ကျန်းကျန့်၏လူများသည် ဤမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်မနာလိုမဖြစ်မိဘဲမနေနိုင်ပေ။သို့ပေမဲ့ တစ်ချိန်တည်းမှာပင် သူတို့ကို မနာလိုသူများလည်း ရှိခဲ့သည်။


သူတို့အားလုံးကို စောင့်ကြည့်နေသည့်လူတွေက ဖက်ထုပ်နှင့်ဘန်းမုန့်တွေသွားစားကြသည်ကို တွေ့လိုက်ရသောအခါ ချန်ဝမ် နှင့် တခြားသူတွေက တံတွေးမျိုချမိလိုက်ကြသည်။


သူတို့လည်း ဗိုက်ဆာတယ်...

ဒါပေမဲ့ ကျန်းကျန့်ရဲ့လူတွေက သူတို့ကို အစားတစ်ကိုက်မှ မပေးဘူး...


သူတို့သည် ဤတစ်နပ်အတွက် စားစရာကို မပေးရုံသာမက မမျှော်လင့်ဘဲ တစ်နေ့လုံး စားရန်လည်း မပေးချေ။


တစ်နေ့တာလုံး ဘာမှမစားရဘဲ အလုပ်လုပ်ပြီးနောက် ပင်ပန်းပြီး ဗိုက်ဆာနေပေမဲ့ လုံး၀ မအိပ်ရဘဲ ထိုညမှာ အလုပ်ဆက်လုပ်ခဲ့ရလေသည်။



ချန်ဝမ် နှင့် အခြားသူများကို စောင့်ကြပ်နေကြသော ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ကိုယ်ရံတော်များသည် လူတစ်ခါလဲပြီးပြီဖြစ်သည်။


အရင်လူတွေက သန်းဝေလျက် သွားအိပ်ကုန်ကြပြိး အိပ်ပျော်နေပြီဖြစ်သည်။


လူလဲချင်သော်လည်း ညလေညင်းက သူတို့ကိုနှိုးလိုက်ပြီး ဗိုက်ဆာလာခဲ့သည်။


ရေနွေးအိုးတစ်လုံးတည်ပြီး ဝက်ဆီတစ်ဇွန်းထည့်ကာ ကြက်ဥအနည်းငယ်ထည့်ပြီး ခေါက်ဆွဲအချို့ထည့်လိုက်လျှင် ရိုးရိုးကြက်ဥခေါက်ဆွဲတစ်အိုးရပြီဖြစ်သည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများသည် ခေါက်ဆွဲအိုးကို ဝိုင်းဖွဲ့ကာ အမြန်စားကြပြီး စကားစမြည်ပြောဆိုကြသည်။


ဝက်ဆီ နှင့် ကြက်ဥခေါက်ဆွဲသည် အမှန်တကယ် သာမန်ဆန်သည်။ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းက လူတွေက ယခင်က ၎င်းကိုမျက်စောင်းပင်မထိုးခဲ့ကြပေမဲ့ ယခု တစ်နေကုန်ဘာမှမစားရသည့်နောက်တွင် သွားရည်မယိုဘဲ မနေနိုင်ကြပါချေ။

တောင်ပေါ်ညတွေမှာ အေးခဲပေမဲ့ ခေါက်ဆွဲပြုတ်လေးသာစားရရင်...


ချန်ဝမ် တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး မနေနိုင်ဘဲ ခေါက်ဆွဲတောင်းစားမိတော့သည်။


"မင်းတို့ ဘာလုပ်နေကြတာလဲ...မပျင်းနဲ့ဟေ့"


"အလုပ်သွားလုပ်တော့"


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများက သူတို့ဘာမှမလုပ်သည်ကိုမြင်ပြီး ချက်ချင်းအော်လိုက်သည်။


"မပေးဘူး"

ကျင်းကျန့်မှလူများက ချက်ခြင်းပြုံးပြီး ပြောလိုက်သည်။


ချန်ဝမ် ၎င်းကို ခဏတာ ခံနိုင်ရည်ရှိရန် ကြိုးစားခဲ့ပေမဲ့ အခုချိန်မှာ သူ ဆာလောင်ပြီး ပင်ပန်းနေပြီဖြစ်သဖြင့် မနေနိုင်တော့ပေ။


"မင်းတို့ ငါတို့ကို စားဖို့ လုံလောက်အောင် မပေးရင် ငါတို့ကို အိပ်ခွင့်မပေးရင် ငါတို့ ဘယ်လိုလုပ် ခွန်အားတွေ ရနိုင်မှာလဲ"

ချန်ဝမ်က ကျင်းကျန့်ကလူတွေက အတော်လွန်သွားပြီဟု ပြောလိုက်၏။


"မင်းတို့က ငါတို့ ကြက်တွေကို အဆိပ်ခတ်ပြီး မင်းတို့ကို အစာကျွေးပြီး မင်းတို့အိပ်ဖို့ နေရာရှာပေးစေချင်လား...ငါတို့ဘာလို့ဒီလိုလုပ်ရမှာလဲ" 

ကျင်းကျန့်မှလူများက ရယ်မောလိုက်ကြသည်။


ချန်ဝမ် အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် အပြစ်ရှိသလိုခံစားရပြီး ပြောလိုက်၏။

"ငါ မင်းတို့ဆီက စားစရာဝယ်ဖို့ ပိုက်ဆံပေးမယ်"


"ငါတို့က ဘာလို့ အစားအသောက်ရောင်းရမှာလဲ" ကျင်းကျန့်မှ လူတစ်ဦးက အေးစက်စွာ 

နှာမှုတ်လိုက်သည်။


"သူတစ်ပါးကို အရမ်းမလှည့်စားနဲ့မင်းတို့တွေ" 

ချန်ဝမ် သူ့ပတ်ဝန်းကျင်ရှိ လူများကို စိုက်ကြည့်လိုက်ပြီး သူ့ အမူအရာက အရုပ်ဆိုးနေသည်။ ထိုအခါ ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှ လူများက သူ့ရှေ့မှ လူများကို ထထိုးကြသည်။ညဉ့်နက်နေပြီ ဖြစ်၍ အနီးနားတွင် လူများစွာ မရှိသောကြောင့် သူတို့ လွတ်မြောက်နိုင်ပေလိမ့်မည်။


ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှ လူများသည် အကြံကောင်းများ ရှိကြသော်လည်း သူတို့ကိုယ်သူတို့ လွန်ကဲစွာ တွက်ဆမိခဲ့ကြသည်။


သူတို့သည် အလွန်ဆာလောင်နေပြီး တစ်နေကုန် အနားယူထားခြင်းမရှိသည့်အပြင် လက်နက်ကိုင်ဆောင်ထားခြင်းလည်းမရှိသောကြောင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများကို မည်သို့ရိုက်နှက်နိုင်မည်နည်း။


သူတို့ အချိန်တိုအတွင်း ဖိနှိပ်ခံခဲ့ရသည်။


"မင်းတို့က ခုခံဖို့ သတ္တိရှိတာ အရမ်း ကောင်းတယ်……"


ဟယ်ရှားရှန့်က ထိုလူများကို စောင့်ကြည့်ရန် ဦးဆောင်တာဝန်ယူထားခဲ့သည်။ သူက သိပ်ပြီး လိုက်လျော ညီထွေ မရှိသောကြောင့် သူ့ကိုအရေးကြီးသော အလုပ်တစ်ခုကို အပ်နှင်းခြင်း မပြုနိုင်သဖြင့် ကျန်းကျန့်လက်အောက်တွင် အမြဲတမ်း ခေါင်းဆောင် ငယ်တစ်ဦး ဖြစ်ခဲ့သည်။


ဤအချိန်မှာ ကျန်းကျန့်က သူဘာလုပ်ရန်စီစဥ်ထားသည်ကို သူ့ကို ပြောပြထားပြီးသားဖြစ်၏။ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းမှ လူများကို အေးစက်စွာ ကြည့်လိုက်ပြီး သူက ရေပုံးတစ်ပုံး ယူလာခိုင်းပြီး သူ့ရှေ့က လူတွေကို ရေတစ်ဇွန်း ခပ်ပေးကာဆိုသည်။


"ဒါက မင်းတို့အရင်က အဆိပ်ခတ်ခဲ့တဲ့ ရေပဲ... လာ၊ အကုန်လုံး သောက်လိုက်... သောက်"


အရင်က အဆိပ်ခဲ့ခဲ့တဲ့ ရေလား...

ချန်ဝမ် ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီးရုန်းကန်လိုက်သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးမှာ ရေအနည်းငယ်သောက်မိသွား၏။


ကျင်းကျန့်မှလူများ ချန်ဝမ်ကိုလွှတ်လိုက်သည်နှင့်တပြိုင်နက် ချန်ဝမ် သူသောက်မိထားသောရေကို အန်ထုတ်ရန် သူ၏လက်ချောင်းများကို အပြင်းအထန်အသုံးပြုခဲ့သည်။သို့ပေမဲ့ လုပ်ရသည်က ထင်သလောက်မလွယ်မှန်း သိသာ၏။


မကြာခင်မှာပဲ ချန်ဝမ် သူ့ဗိုက်ကို အုပ်ပြီး နာကျင်စွာ အော်လိုက်သည်။

ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းမှ အခြားလူများ ၎င်းကို မြင်သောအခါ သူတို့၏ အမူအရာ ပြောင်းလည်းသွားသြည်။သို့သော်လည်း သူတို့လည်း ချန်ဝမ်ကဲ့သို့ နောက်ဆုံးတွင် ရေအတင်းသောက်ခိုင်းခြင်းခံခဲ့ရသည်။


သူတို့အဆိပ်မိပြီး သေတော့မှာလား...


ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းမှလူများဗိုက်ကို ထိတ်လန့်တကြား ဖိထားလျက်ရှိကြပြီး သူတို့အားလုံး နာကျင်နေကြသည်။


"မင်းတို့က ကြက်မဟုတ်တဲ့အတွက် စိတ်မပူပါနဲ့... နည်းနည်းသောက်တာက မင်းတို့ကိုသေစေမှာမဟုတ်ပါဘူး" 

ဟယ်ရှားရှန့်က ဆိုလိုက်၏။ 

"ဒါပေမယ့်... နောက်တစ်ခါဆိုရင် မင်းတို့ကို ပိုသောက်ခိုင်းမယ်"


ဟယ်ရှားရှန့် ၏စကားကိုကြားသောအခါ ချန်ဝမ် နှင့် အခြားသူများသည် အစပိုင်းတွင် စိတ်သက်သာရာရသွားသော်လည်း နောက်ပိုင်းတွင် ကြောက်ရွံ့လာပြန်သည်။


နောက်တော့ …… သူတို့အားလုံး အတူတူ ဝမ်းလျှောကုန်ကြသည်...


ဆိုးရွားလွန်းသောကြောင့် သူတို့၏ အစာအိမ်ထဲက အရာတွေကို ကုန်စင်အောင်သန့်စင်ပစ်ရုံသာမက ရေကိုလည်း တစ်စက်မကျန်ညှစ်ထုတ်ပစ်သည်။ ရလဒ်အနေဖြင့် သူတို့ အတော်လေးအားမရှိဖြစ်ကုန်ကြသည်။



"သူတို့ကို ရေနည်းနည်းလောက်ပေးလိုက်" 

ဟယ်ရှားရှန့်က ပြောလိုက်၏။


"မလုပ်နဲ့" 

ချန်ဝမ်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။


"ဒီတစ်ခါ ရေက အဆိပ်မပါဘူး...နည်းနည်းသောက်ရင် အဆိပ်အတောက်ကို သက်သာစေမှာ...ပြီးရင် ချက်ချင်း အလုပ်ပြန်ဆင်းနိုင်တယ်...ပျင်းဖို့မကြိုးစားနဲ့" 

ဟယ်ရှားရှန့်က ပြောလိုက်သည်။


အမှန်တွင် ဤရေက အဆိပ်မဟုတ်သလို၊ အရင်ရေတွေကလည်း အဆိပ်မပါပါချေ။အထဲမှာရွက်လှပင်အရည် ထည့်ထားရုံပါပင်။


မှန်ပေသည်၊ ရွက်လှပင်မှာလည်း ဝမ်းလျှောစေနိုင်သည့်အဆိပ်အတောက်တချို့ရှိ၏။


ချန်ဝမ်နှင့် တခြားသူတွေက ရေမသောက်ချင်ပေမဲ့ ဝမ်းလျှောသည်က အလွန်ပြင်းထန်ပြီး ရေအနည်းငယ်သောက်ရန် လိုအပ်သည်။ နောက်ဆုံးမှာ ရေအနည်းငယ်သောက်လိုက်ကြ၏။


ရေသောက်ပြီးသည်နှင့် သူတို့ကိုအလုပ်ပြန်လုပ်ခိုင်းသည်။


တစ်ညတာ လူးလိမ့်ပြီးနောက် ချန်ဝမ် နှင့် အခြားသူများ မောပန်းလာသဖြင့် လှဲလျောင်းလိုက်သည်နှင့် အိပ်ပျော်လုနီးပါး ဖြစ်သွားသည်။


သို့ပေမဲ့ ကျင်းကျန့်ကလူတွေက သူတို့ကို အလုပ်ခိုင်းသည့်အတွက် သူတို့အိပ်၍မရပါချေ။


ချန်ဝမ် ယခင်က အစာစားခြင်းနှင့် အိပ်ခြင်းက အရေးကြီးသည်ဟု တစ်ခါမှ မတွေးခဲ့မိသော်လည်း ယခုမူ သူ့စိတ်ထဲမှာ ဤအရာနှစ်ခုပဲ ရှိတော့သည်။


"အလုပ်သွားလုပ်တော့"


"အလုပ်ကောင်းကောင်းလုပ်ပါ... မပျင်းပါနဲ့"


ဟယ်ရှားရှန့်က သူ့လက်ထဲတွင် ရွက်လှရည်ခတ်ထားသောရေခွက်ကိုကိုင်လျက် ချန်ဝမ် နှင့် အခြားသူများ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။ ပျင်းရိပြီး အလုပ်မလုပ်သူများကို ရေများများသောက်ခိုင်းသည်။


"ဒီအဆိပ်အတောက်တွေက မင်းတို့ခန္ဓာကိုယ်ထဲမှာ စုပုံနေတာမို့ ပမာဏနည်းနည်းလောက်သောက်တာက ရပေမဲ့ အရမ်းကြီး သောက်ရင် ဘာဖြစ်မယ်ဆိုတာ ငါ အာမမခံနိုင်ဘူး"


တခြားဘာဖြစ်နိုင်လဲ...သေချာပေါက် သေကြလိမ့်မယ်...


ချန်ဝမ် နှင့် အခြားသူတို့များ သူတို့ကိုယ်သူတို့ အလုပ်ခိုင်းကြတော့သည်။ကျင်ူကျန့်မှလူများက သူတို့ အလုပ်ကောင်းကောင်းလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ ဂရုမစိုက်ဘဲ အလုပ်သာလုပ်ခိုင်းထားသည်။


ချန်ဝမ်တို့အဖွဲ့ နေရာအနှံ့ အော်ဟစ်ညည်းတွားနေကြစဉ် သူတို့မိသားစုတွေက သူတို့ကို ကယ်တင်ရန် နေရာတိုင်းကို ရှာနေကြ၏။


ထို့အပြင် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ၎င်းတို့အား ကယ်တင်ရန် သဘောတူခဲ့သည်။


မနေ့ညက ကျန်းကျန့် အိမ်ပြန်အိပ်ပေမဲ့ နောက်နေ့မှာ ကြက်ခြံကို ပြန်လာခဲ့သည်။

ထို့နောက် ချန်ဝမ်ကို သူ့ဆီ ခေါ်ဆောင်လာခိုင်းခဲ့သည်။


နေ့ရောညပါ ပြီးသွားသည့်နောက်မှာ မနေ့ကတုန်းက သန်သန်မာမာလူကြီးက ရှုံ့မဲ့သွားသည်။


ချန်ဝမ် လဲကျသွားပြီး မျက်လုံးပင်မဖွင့်နိုင်သော ကြောင့် ကျန်းကျန့်ရှေ့မှာ သူလိုမျိုး သန်မာသည့်လူတစ်ယောက်ပင် ငိုချင်နေခဲ့၏။


"ဒီပတ်ဝန်းကျင်က ကောင်းတယ်မလား... ရှုခင်းလည်း အရမ်းကောင်းတယ်...မင်းဒီနေရာမှာ ရက်အနည်းငယ်ကြာအောင် နေလို့ရတယ်"

ကျန်းကျန့်က ပြုံးလိုက်သည်။


"ကျင်းကျန့်ရဲ့ဘော့စ် ငါ့အသက်ကိုချမ်းသာပေးပါ" 

ချန်ဝမ်က ချက်ချင်းပြောလိုက်၏။ 

"ဘော့စ်ကျန်း မင်းသိချင်တာအားလုံးကို ငါပြောပြပါ့မယ်"


"စိတ်မပူပါနဲ့ မင်းအချိန်ယူလို့ရတယ်" 

ကျန်းကျန့်က ပြုံးနေဆဲပင်။


ချန်ဝမ် သည်းမခံနိုင်တော့ပေ။

"အဲဒါက ကျန့်ရီ...သခင်လေးကျန့်ပါ... မင်းကိုကိုင်တွယ်ဖို့ ပိုက်ဆံပေးခဲ့တဲ့သူက"


"ငါနဲ့ ကျန့်ရီ ပူးပေါင်းနေတယ်ဆိုတာ ဘယ်သူက မသိလို့လဲ...မင်းက ဇာတ်လမ်းရေးချင်နေရင်တောင်မှ အဲဒါကို အဓိပ္ပါယ်မရှိအောင်တော့ မရေးနဲ့လေ"

ကျန်းကျန့်သည် ကျန့်ရီကသူ့ကို အန္တရာယ်ပြုရန် ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူးဟုယုံကြည်သည်။ သူ့ကို တကယ်ဒုက္ခပေးချင်နေလျှက်ပင် ယခုလို ရူးမိုက်သောနည်းလမ်းကို ဘယ်တော့မှ သုံးမှာမဟုတ်ပေ။


"အဲဒါ ကျန့်ရီပဲ...သူလွှတ်လိုက်တဲ့သူက ချင်ဖုန့် အဆောက်အဦးရဲ့ ဘဏ္ဍာစိုး... ငါသူ့ကိုသိတယ်... ဒီလိုမှမဟုတ်ရင် မင်းကိုထိဖို့ ငါ သတ္တိရှိမှာ မဟုတ်ဘူး"


ချန်ဝမ်က တုန်လှုပ်ခြောက်ခြားစွာဖြင့်ဆိုသည်။ ကျန့်မိသားစုသည် ယခုအခါ ယန့်ကျီမြစ်၏တောင်ဘက်တွင် အလွန်အားကောင်းနေပြီဖြစ်သည်။ကျန့်မိသားစုရဲ့ ကျောထောက်နောက်ခံမရှိဘဲ ကျင်းကျန့်ကို သူဘယ်လိုလုပ်စော်ကားဝံ့မှာလဲ...


"ဘယ်ဘဏ္ဍာစိုးလဲ" 

ကျန်းကျန့်က မေးလိုက်သည်။


"အဲဒါက ဘဏ္ဍာစိုးလီ" 

ချန်ဝမ်က ပြောသည်။


ကျန်းကျန့် ကျန့်ရီဆီ ထိုအကြောင်းကို တစ်ယောက်ယောက်ကို ချက်ချင်းပြောပြခိုင်းလိုက်ပြီးဆိုလိုက်သည်။

"သူ့ကို မင်းနဲ့အတူခေါ်သွားပြီး အလုပ်ကောင်းကောင်းလုပ်ခိုင်းလိုက်...နောက်ထပ်မေးစရာလူနည်းနည်းလောက်ရှာရအောင်"


"ငါ မင်းကို တတ်နိုင်သမျှ ပြောပြီးပြီ... ငါ့ကို လွှတ်ပေး" 

ချန်ဝမ်က ဆိုသည်။

"ငါ လျော်ကြေးပေးလို့ရတယ်"


ချန်ဝမ်က စိုးရိမ်တကြီး ပြန်သွားချင်နေပေမဲ့ ကျန်းကျန့်က သူကို လျစ်လျူရှုထားလိုက်၏။


တစ်ချိန်တည်းမှာပင်၊ ချန်ဝမ်၏လူအချို့ကို မေးမြန်းပြီးနောက် ကျန်းကျန့် ဤအလုပ်ကို တာဝန်ယူနေသောသူက ဘဏ္ဍာစိုးလီဖြစ်သည်ကို သေချာသွားသည်။


ဤဘဏ္ဍာစိုးလီက ပြဿနာတစ်ခုဖြစ်ခဲ့သည်မှာ ထင်ရှားသည်။


သေချာသည်တစ်ခုက သူနှင့်ပတ်သတ်ပြီး တစ်ခုခုမှားနေ၏။


ကျန်းကျန့် လွန်ခဲ့သော ရက်အနည်းငယ်က ဘဏ္ဍာစိုးလီ ချင်ဖုန့်အဆောက်အဦးမှ ထွက်ခွာသွားပြီး ပျောက်ကွယ်သွားကြောင်း သတင်းရရှိခဲ့သည်။


တစ်ချိန်တည်းတွင် လူတစ်စုသည် သူ၏ ကြက်ခြံသို့ ရောက်ရှိလာကြပြီး ၎င်းတို့ထဲမှာ ဒေသခံ ရာမန်မှ လူတစ်စုလည်း ပါသည်။


ရာမန်မှလူများ ရောက်လာသောအခါ ကျန်းကျန့် လာကြည့်ရန် ထွက်လာသည်။


"လူကြီးမင်းတို့ ဒီကိုလာရတဲ့အကြောင်းရင်းက ဘာပါလဲ" 

ကျန်းကျန့်က မေးသည်။


"သခင်ကျန်း... တစ်ယောက်ယောက်က မင်းကိုတွေ့ချင်နေတယ်......" 

အရာရှိက ကျန်းကျန့်ကိုတွေ့သောအခါ ချက်ချင်းပြုံးကာဆိုလိုက်သည်။


ကျန်းကျန့် နှင့်ကျန့်ရီ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပြီး နှစ်များကြာလာသည်နှင့်အမျှ ရာမန်က ၎င်းတို့နှင့် ဆက်ဆံရေးကို စတင်တည်ဆောက်နေပြီဖြစ်ရာ ယခုအချိန်တွင် အဆိုပါအရာရှိကရှင်းပြလိုက်သည်။

 

"သခင်ကျန်း...လူတချို့က ရာမန်ကို ရောက်လာကြပြီး ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းက လူတွေကို ခင်ဗျားဖမ်းပြီး ဒီကို ခေါ်သွားတဲ့တယ်လို့ပြောတံအတွက် ဒီအကြောင်းကို မေးဖို့ လာခဲ့တာပါ"


ဒီကိုလာတယ်...သူတို့ဒီကိုလာဖို့အတင်းအကျပ်အခိုင်းခံခဲ့ရတာ… 


ထိုအချိန်က ကျန်းကျန့် ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းထဲသို့ဝင်ရောက်ပြီး "ဝက်"လှည်းသုံးစီးကို အဆောက်အဦးအပြင်သို့ဆွဲထု

တ်သည်ကိုလူအများကြီးမြင်တွေ့လိုက်ရသည်။


ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းမှာ လူအားလုံး မရှိတော့သဖြင့် ဤခရီးကို သွားရန်မှတပါး ရွေးချယ်စရာမရှိပေ။


"ကျန်းကျန့်.... ငါ့ယောကျာ်းကို နင်ဘာလုပ်လိုက်တာလဲ" 

အမျိုးသမီးတစ်ဦးက မေးသည်။


"ပြီးတော့ ငါ့သား"


"ပြီးတော့ ငါ့မောင်"