အပိုင်း ၂၂၃
Viewers 31k

Chapter 223

:လူရွေးရန်ငွေသွားယူ



ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းမှလူများ၏ မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် မေးလာကြပြီး ဒေါသတကြီး ဖြစ်နေသည်။


သို့ပေမဲ့ ကျန်းကျန့်က အင်မန်တည်ငြိမ်နေ၏။ "ဘာအကြောင်းပြချက်နဲ့လဲ"


ကျန်းကျန့်က ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းကလူတွေ သူ့လက်ထဲမှာ ရှိနေတယ်ဆိုတာ ဝန်ခံလိုက်တာလား...

ရာမန်အရာရှိများ၏မျက်နှာ တောင့်တင်းသွားပြီး အနည်းငယ် ရှက်ရွံ့သွားကြသည်။ကျန်းကျန့်သာ လက်မခံပါက သူ့ကို ဤလူများက ဖမ်းခေါ်သွားနိုင်သည်...အာ...


သူနှင့်အတူ လိုက်ပါလာသူတွေက ပေါက်ကွဲတော့မည်။

"နင် ငါ့သားကို ဘာလုပ်လိုက်တာလဲ"


"ငါ့ယောကျာ်း ဘယ်မှာလဲ"


ကျန်းကျန့် သူတို့ကို သတ်ပြီးနေမှာကို လာသည့်သူတွေ အားလုံး ကြောက်နေကြသည်။ 


"သူတို့ကို ဒီကိုခေါ်လာခိုင်းလိုက် မယ်"

 ကျန်းကျန့်က ဆိုလိုက်၏။

"သူတို့အားလုံး အဆင်ပြေပါတယ်...ကျုပ်ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ ကျုပ်အတွက် အလုပ်လုပ်နေကြရုံ"


မကြာခင်မှာပဲ ချန်ဝမ်နှင့် တခြားသူတွေကို ခေါ်လာခဲ့သည်။


သို့ပေမဲ့ သူတို့ကို မတွေ့ရသည့် တစ်ရက်အတွင်းမှာ အားလုံးက ချုံးချုူံကျသွားကြ၏။ ဒါက အလုပ်လုပ်တာတင်ပဲလား...


သူတို့မိသားစုတွေက မယုံပေ။


"သူတို့ကို ရိုက်နှက်ဖို့၊ ဆူပူကြိမ်းမောင်းဖို့ ဘယ်သူ့ကိုမှ မခိုင်းခဲ့ဘူး...ကျုပ်က သူတို့ကို အလုပ်မှာ ကူညီပေးဖို့ပဲ တောင်းဆိုခဲ့တယ်... ကျုပ်ကို မယုံရင် သူတို့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်၊ ဒဏ်ရာရှိမရှိ ကြည့်ကြည့်ပါ" 

ကျန်းကျန့်က ပြောလိုက်သည်။


ထိုလူများက သူ့စကားကြားသောအခါ သူတို့အားလုံးသည် ၎င်းတို့၏ မိသားစုဝင်များကို စစ်ဆေးရန် ဆန္ဒရှိသော်လည်း ကျင်းကျန့်မှ လူများက တားဆီးခဲ့ကြသည်။နောက်ဆုံးတွင် လူအနည်းငယ်သာ ဖြတ်ကျော်သွားခဲ့သည်။


"ချန်ဝမ် ရှင်အဆင်ပြေရဲ့လား" 

ချန်ဝမ်၏ဇနီးက ခင်ပွန်းဖြစ်သူအား စိတ်အားထက်သန်စွာ စစ်ဆေးခဲ့သော်လည်း ရလဒ်အနေဖြင့် အချို့သော ဒဏ်ရာများမှလွဲ၍ ဒဏ်ရာမတွေ့ရှိရပေ။


"ငါ……"

ချန်ဝမ်က စကားတွေ ပြောချင်ပေမဲ့ သူ့ဘေးနားက အစောင့်၏ ပြုံးနေသော မျက်လုံးတွေကို ကြည့်ပြီး ချက်ချင်း ပါးစပ်ကို မဖွင့်ရဲတော့ပေ။


"ခင်ဗျားတို့ သူတို့ကို ခေါ် သွားလို့ရတယ်…. ဒါပေမဲ့ ကျုပ်တို့ရဲ့ဆုံးရှုံးမှုအတွက် ကျုပ်တို့ကို လျော်ကြေးပေးဖို့လို… ကျုပ်လည်း အများကြီးမတောင်းဘူး..ခေါင်းဆောင်က ငွေငါးရာ ဖြစ်ပြီး ကျန်တဲ့သူတွေက ငွေတစ်ရာ ဖြစ်တယ်...ပိုက်ဆံယူလာရင်တော့ လွှတ်လိုက်မယ်"


ယခင်က ဖြောင့်မတ်သော ဒေါသတွေနှင့် ပြည့်နှက်နေသော သူတွေက သူတို့၏ မိသားစုဝင်တွေက ဒဏ်ရာမရသည်ကိုတွေ့သောအခါ ငြိမ်သက်သွားကြသည်။


"အဆိပ်ခတ်ခံရတဲ့ ကြက်ကနည်နည်းပံ ရှိတာဆိုတော့ သူတို့အတွက် အများကြီး ပေးစရာ မလိုဘူး"


"မှန်တယ်...အဲဒါ ကြက်နည်းနည်းပဲဟာကို"


စိတ်ချရပြီးနောက်တွင် သူတို့ပေးဆောင်ရန် ဆန္ဒမရှိတော့ပေ။


ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းက ငွေရှာနိုင်သော်လည်း အထူးသဖြင့် အောက်ခြေရှိသူများအတွက် အထူးတလည် အမြတ်အစွန်းမရပေ။ စား ၊သောက် ၊ ပျော်ပါးပြီးနောက် ပိုက်ဆံ သိပ်မကျန်တော့ပေ။


ငွေတစ်ရာ…ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကရနိုင်မလဲ...


သို့သော် ချန်ဝမ် နှင့် အခြားသူများ ဤနေရာတွင် ဆက်မနေချင်တော့ပါချေ။


သူတို့ ထွက်သွားချင်ကြ၏။


"မိန်းမအိမ်ပြန်သွား... ငါ့ကို ရွေးဖို့ ငွေယူချေ" 

ချန်ဝမ်က သူ့မိန်းမကိုဆိုသည်။

"ငါ့အိပ်ရာအောက်က သေတ္တာထဲမှာ ပိုက်ဆံနည်းနည်းရှိတယ်...သွားယူပြီး ငါတို့အားလုံးကို ရွေးပေး"


သူသည်မှာကြာကြာဆက်နေလျှင် သေမှာသေချာ၏။


သူ့လူများကလည်း သူ့အတွက် အလုပ်လုပ်နေကြခြင်းဖြစ်သဖြင့် သူ သူတို့ကို ထားခဲ့၍မဖြစ်ပေ။


"ရက်နည်းနည်းလောက်ပဲ အလုပ်လုပ်ရတာဆိုတော့လေ..."


ချန်ဝမ်၏ဇနီး အနည်းငယ် တွန့်ဆုတ်သွားသည်။


ချန်ဝမ်ချည်းကို ငွေ၅၀ဝ ပေးရမှာ...သူ့လူတွေအတွက်က ငွေ ၁၀၀ ပေးရမယ်...


သူမ ဒီလူတွေအတွက် ပိုက်ဆံအများကြီးသုံးလိုက်ရင် မိသားစုက ပိုက်ဆံအကုန်ကုန်လိမ့်မယ်...


ဒီလူတွေကို နောက်ထပ် ရက်အနည်းငယ်လောက် အလုပ်လုပ်ခိုင်ူလိုက်တာက အဆင်ပြေမှာ မဟုတ်ဘူးလား...


"ခွေးမ နင်ဘာလို့အခုထိမသွားတာလဲ" 

ချန်ဝမ် မနေနိုင်ဘဲ ကြိမ်းမောင်းလိုက်၏။သူ့မှာအစာမစားရ၊မအိပ်မခဲ့ရသလို ရေပင်မသောက်ဝံ့ပေ။ ရက်အနည်းငယ်ကြာလျှင် သူသေသွားနိုင်၏။


ချန်ဝမ်၏ ဇနီးက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယောင်ဝါးဝါး ခံစားမိသဖြင့် စကားရပ်ပြီး အိမ်ပြန်သွားခဲ့သည်။


သူ့မိန်းမ ထွက်သွားသည်ကိုမြင်သောအခါ ချန်ဝမ် သက်ပြင်းတစ်ချက်ချပြီး သူ့နှလုံးသွေးတွေ ရွှဲနစ်သွားသလို ခံစားလိုက်ရ၏။


ဒီတစ်ကြိမ်မှာတော့ သူဝှက်ထားတဲ့ သူ့ကိုယ်ပိုင်ငွေတွေ မပြောနဲ့ သူ့အိမ်တောင်ပြောင်သွားတော့မယ်...


သို့သော်ငြားလည်း သူ သူ့မိန်းမကို သူ့လူများကို ရွေးပေးခိုင်းစေချင်နေဆဲဖြစ်သည်။


သူသည်မှာမနေချင်တော့ပေ။


ချန်ဝမ် စိတ်ဓာတ်ကျသွားသည်။သို့ပေမဲ့ ကျန်းကျန့်က ချန်ဝမ်ကိုကြည့်လိုက်ပြီး သူ့မျက်ခုံးတွေ အနည်းငယ်ကြုံ့သွားခဲ့သည်။


ပထမတုန်းက ချန်ဝမ်က သူကိုပြဿနာလာရှာသောအခါ သူ့ကို အမြင်မကြည်သည့်လူ သို့မဟုတ် မျက်နှာပျက်သွားသည့် ဝမ်မိသားစု၏ဆွေမျိုးတွေဟု ထင်ခဲ့ပေမဲ့ ယခု... ကိစ္စတွေက သိပ်မရိုးရှင်းပါချေ။


နောက်ကွယ်ကလူတွေက ချန်ဝမ်နှင့်တခြားသူတွေကို အလေးအနက်မထားဘူးဆိုသည်က သိသာထင်ရှားသည့်အတွက် ချန်ဝမ်တို့အဖွဲ့က သူ့ကို ဒုက္ခပေးနိုင်လိမ့်မည်ဟု သေချာပေါက် မမျှော်လင့်ထားကြလိမ့်မည်မဟုတ်ပေ။သူတို့၏ရည်ရွယ်ချက်က သူနှင့်ကျန့်ရီကြားမှာ သဘောထားကွဲလွဲစေရန် ဖြစ်နိုင်သည်။


အဲဒီ့နောက်ကွယ်မှာ ဘယ်သူရှိလဲ...


ကျန်းကျန့်က ဟယ်ချွန်းရှန့်ကို ခေါ်လိုက်သည်။


"အခုတလော ဝေရှင်းပြည်နယ်မှာ ဘာတွေဖြစ်ခဲ့လဲ" 

ကျန်းကျန့်က မေးလိုက်သည်။


သူ၏ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ယခု ဝေရှင်းပြည်နယ်၏မြို့တိုင်းတွင် ရုံးများရှိပြီး လူအချို့ကို ထိုနေရာတွင် စောင့်ကြည့်နေစေခဲ့သည်။ယင်းက ထောက်လှမ်းရေးအတွက်လည်း လုံးဝ သင့်လျော်သည်။


ဟယ်ချွန်းရှန့်က မကြာသေးမီက ရရှိခဲ့သော သတင်းအချို့ကို လျင်မြန်စွာ ပြောကြားခဲ့ပြီးဆိုသည်။

"ဘော့စ်..အဲဒီအချိန်က သခင်လေးကျန့်ကို မြို့တော်လိုက်ပို့တုန်းက လမ်းမှာ လော့မျိုးရိုးနဲ့ ကုန်သည်တစ်ဦးကို ကယ်တင်ခဲ့တယ်လေ... မကြာသေးမီက သူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနဲ့အတူ ကျန်းနန် ရောက်လာပြီး အဲဒီလူလတ်ပိုင်းအမျိုးသားရဲ့ အထောက်အထားက အနည်းငယ်ထူးခြားပုံရတယ်"


"မနေ့က ကျွန်တော်တို့ရဲ့ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရဲ့သင်္ဘောတစ်စင်းလည်း လုယက်ခံခဲ့ရတယ်...ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ကျောက်ခဲတချို့ပဲပါသွားပြီး ထိခိုက်မှုအနည်းငယ်ပဲ ရှိခဲ့တယ်"


"သင်္ဘောတစ်စင်း ပါသွားပြီလား..." 

ကျန်းကျန့်က အနည်းငယ် မျက်မှောင်ကြုတ်ကာဆိုလိုက်၏။


"အသေးစိတ် ပြောပြ"


ဟယ်ချွန်းရှန်် အံ့အားသင့်သွားသည်၊ ဤအရာကို သူကိုယ်တိုင်ပင် အသေးစိတ်မသိခဲ့ပေ။



ကံကောင်းထောက်မစွညဖြင့် သူ့လူများက ထိုအကြောင်းကို သိသောကြောင့် ဟယ်ချွန်းရှန့် သူ့လူများကို အမြန်ခေါ်လိုက်သည်။


"ဒီလိုဖြစ်တာပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝူကျုံးပြည်နယ်က ကုန်သည်တစ်ယောက်က ဥယျာဉ်ဆောက်ဖို့ ကျောက်တုံးတွေ အများကြီးယူလာပြီး၊သူ့မှာ သင်္ဘောကြီးကြီးမရှိတာကြောင့် ကျွန်တော်တို့ဆီက သင်္ဘောနဲ့ လူတွေကို ငှားထားပေမဲ့ မထင်မှတ်ပဲ လမ်း တစ်ဝက်တစ်ပျက်မှာ ကျောက်တွေ လုယက်ခံရတယ်"


ဤကျောက်တုံးများကို စကျင်ကျောက်ဟု ခေါ်သည်။ စကျင်ကျောက်ကို ယခုအချိန်တွင်ပင် ဈေးကြီးသောကျောက်ဟု သတ်မှတ်နိုင်သော်လည်း ၎င်းသည် အလွန်ကြီး စျေးမကြီးပါချေ။ကျောက်တုံးအချို့သာ ဆုံးရှုံးသွားခဲ့ပါက ၎င်းအတွက် လျော်ကြေးပေးရန် ခက်ခဲမည်မဟုတ်ပေ။


ကျန်းကျန့် ခေါင်းညိတ်လိုက်ပြီး ထိုအချိန်မှာ အဝေးက လူတစ်ယောက် ရုတ်တရက် ပြေးလာသည်။

"ဘော့စ် မကောင်းတော့ဘူး"


"ဘာဖြစ်တာလဲ"

ကျန်းကျန့်က မေးသည်။


"လုယက်ခံရတဲ့ အစောင့်သင်္ဘော... တစ်ခုခု မှားနေပြီ"

ထိုလူက ဟောဟဲလိုက်ရင်းဆို၏။  

"ဘော့စ်...ဖောက်သည်က လုယက်ခံရတာက ကျောက်တုံးတွေမဟုတ်ဘဲ ရွှေဖြူတွေလို့ ပြောတယ်...သူက အခုဖုချောင်ကိုရောက်လာပြီးပြောတယ်... သင်္ဘောဓားပြတိုက်မှုအားလုံးကို ကျွန်တော်တို့ ကျင်းကျန့်က ခိုင်းထားတာဖြစ်ပြီး သူ့ငွေတွေကို တကယ်တမ်းကျကျွန်တော်တို့က လုယူသွားတာပါဆိုပြီး"


အစောင့်သင်္ဘော လုယက်ခံရပြီးနောက် ကိုယ်ရံတော်များက ဧည့်သည်ကို ဝေရှင်းပြည်နယ်သို့ ပြန်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။


အပြန်လမ်းတွင် ဧည့်သည်က အလွန်တိတ်ဆိတ်နေသော်လည်း ဖုချောင်သို့ သူရောက်လာသောအခါ ကျောက်တုံးကို ဓားပြတိုက်ခြင်းမဟုတ်ဘဲ ငွေ ဖြစ်သည်ဟု ရုတ်တရက်ပြောကာ ပွဲရှာလိုက်သည်။


ဓားပြမှု၏အရင်းခံသည် ကျင်းကျန့်တွင်ရှိပြီး ၎င်းတို့သည် ဓားပြမှုကို ကြီးကြပ်နေသောကြောင့် လုယက်ခံရခြင်းဖြစ်သည်ဟုလည်း သူခံစားခဲ့ရသည်။အဘယ်ကြောင့် ထိုလူများသည် ကိုယ်ရံတော်များစွာကို အလွတ်ပေးခဲ့ကြသော်လည်း သူ့မိသားစုဝင်နှစ်ဦးကို သတ်ပစ်ခဲ့ရသနည်။


"ငါတို့ကို လိုက်ပို့ခိုင်းချင်တာက ငွေလို့ မပြောဖူးဘူးလား" 

ကျန်းကျန့်က မေူလိုက်သည်း။ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွက် ဖောက်သည်တစ်ဦးသည် ကုန်စည်ပို့ဆောင်ရာတွင် အကူအညီတောင်းလိုပါက ပို့ဆောင်ပေးစေလိုသည့်အရာကို ပြောပြရမည်ဟူသောစည်းကမ်းတစ်ခုရှိပြီး ကျင်းကျန့်ဘက်ကလည်း ကုန်ပစ္စည်းများကို ပုံမှန်စစ်ဆေးလိမ့်မည်ဖြစ်သည်... ဒါကို ဘာလိုဘယ်သူကမှမပြောတာလဲ...


"မပြောဘူး ဘော့စ်"

သတင်းပို့လာသူက ပြန်ဖြေသည်။


ကျန်းကျန့် ပြန်သွားခဲ့ပြီး ချန်လုံတိုက်ခိုက်ရေး လုပ်ငန်းအဖွဲ့ဝင်များအတွက် ငွေကောက်ခံရန် ဟယ်ရှားရှန့်ကို ထားခဲ့သည်။


ကျန်းကျန့် မြင်းစီးပြီး ရောက်ရှိလာသောအခါတွင် သူ၏ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ တံခါးဝတွင် လူများစွာ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ ယခင်က ကြက်၊ ဘဲရောင်းသည့်ဆိုင်အဝင်ဝမှာလိုပါပင်။


"မင်းတို့ကိုယ်ရံတော်လုပ်ငန်းက တခြားသူတွေကို လှည့်စားလွန်းတယ်" 

အဝင်ဝတွင် ပိန်လှီသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ကျောက်ကျင်းကောကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေရင်း ဒေါသကြောင့် တုန်ယင်နေသည်။


"စိတ်အေးအေးထားပါ လူကြီးမင်းကျင်း" 


ကျောက်ကျင်းကောက ပြောလိုက်သည်။

"ဒီတစ်ခါတော့ ကုန်ပစ္စည်းရဲ့တန်ဖိုးကို ရှင်းရှင်းလင်းလင်းမသိသေးတဲ့အတွက် ကိုယ်ရံတော်တွေ လုံလောက်အောင် မစီစဉ်နိုင်ခဲ့ပါဘူး... ဒါပေမဲ့ ဖြစ်နေပြီးပြီဖြစ် 

တဲ့အတွက်၊ ကျွန်တော်တို့ကျင်းကျန့်မှာ ဒီအတွက် တာဝန်ရှိပါတယ်... ဒါပေမဲ့ ခင်ဗျားလည်း အပြစ်မကင်းပါဘူး"


ကျောက်ကျင်းကော ယခုအခိုက်အတန့်တွင် စိတ်အခြေအနေကောင်းမနေပေ။ မူလက ဤအရာသည် အသေးအမွှားမျှသာဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ အဆုံးတွင် ကြီးမားသောကိစ္စဖြစ်လာခဲ့သည်။


ထို့အပြင် ဤကိစ္စက လူကြီး ပတ်သက်တာတွေ ရှိခဲ့ပါတယ်။


ကျောက်ခဲအချို့ကို သယ်ယူရန်အတွက် လူကြီးမင်းကျင်းက နောက်ထပ်လူအနည်းငယ်ကို စီစဉ်ခိုင်းသော်လည်း မည်သူမျှ အလေးအနက်မထားခဲ့ကြပေ။ စီစဉ်ပေးသူအများစုမှာ လူသစ်များပင်ဖြစ်သည်… သူသည် ဤကိစ္စတွင် အပြစ်ရှိသော်လည်း အများစုမှာ လူကြီးမင်းကျင်း၏အမှားဖြစ်သည်။


ကုန်ပစ္စည်းတန်ဖိုးကို ဖုံးကွယ်မထားသင့်ပါချေ။


"ငါ ရှင်းရှင်းလင်းလင်းပြောထားပြီးသား...ဆိုတော့ ဒီကိစ္စက အရေးမကြီးဘူးလား...ဒီဓားပြတွေက မင်းရဲ့ကျင်းကျန့်ကကိုယ်ရံတော်တွေကို ချမ်းသာပေးခဲ့ပေမဲ့ မင်းတို့ကိုယ်ရံတော်တွေက အလုပ်မဖြစ်တုန်းပဲ... တကယ်တော့ အဲဒီဓားပြတွေကို မင်းတို့ကျင်းကျန့်က စီစဉ်ထားခဲ့တာပဲမဟုတ်လား" 

လူကြီးမင်းကျင်း၏ မျက်လုံးများသည် သွေးများပေါက်ထွက်မတတတ် အလွန်နီရဲနေသည်။


ဤအရာသည် ကျောက်ကျင်းကော၏ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားရသည့် အရာဖြစ်သည်။


သူက ကိုယ်ရံတော်တွေကို မေးထားပြီးသားဖြစ်သည်။ထိုအချိန်က ဓားပြတွေ အများကြီးရှိနေသောကြောင့် သူတို့ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ထို့အပြင် ၎င်းတို့ သယ်ယူလာသော ကုန်ပစ္စည်းများသည် တန်ဖိုးမရှိဟု ယူဆသောကြောင့် ပြင်းထန်စွာ ခုခံရန် ဆန္ဒမရှိခဲ့ကြပေ။



ဒါပေမဲ့ သူ့ရှေ့ကလူက သေတ္တာတွေအားလုံးက ငွေလို့ မပြောတဲ့အတွက် သူ့လက်အောက်က ကိုယ်ရံတော်တွေက ဒီလို လုပ်ရပ်မျိုး လုပ်ခဲ့တာ မဟုတ်လား...


"သူဌေးကျင်း... လက်ခံရရှိထားတဲ့ ကုန်ပစ္စည်းက စာချုပ်မှာရေးထားတာနဲ့မကိုက်ညီရင် တစ်ခုခုမှားသွားရင်တောင် ပေးလျော်မှာမဟုတ်ဘူးဆိုတဲ့ စည်းမျဉ်းတွေ ကျုပ်တို့ကျင်းကျန့်မှာရှိတယ်" 

ကျန်းကျန့်က အပြင်မှ ဝင်လာပြီး အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။


ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းက သူဒုက္ခရောက်အောင်လုပ်ရန် ကြိုးစားခဲ့သည်။ဤလူလည်း အတူတူဖြစ်ကောင်းဖြစ်နိုင်၏။



ထို့အတွက်ကြောင့် ကျန်းကျန့်၏ သူ့ရှေ့ရှိ ဤလူအပေါ် အမြင်မှာ ဆိုးရွားနေပြီဖြစ်သည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဤကဲ့သို့ ပြဇာတ်ကို ပြင်ဆင်ခဲ့ပြီး ယခု ၎င်းတို့ကို လျော်ကြေးပေးရန်ပင် တောင်းဆိုခဲ့သည်... ဤလူက တကယ်ကို ဉာဏ်နီဉာဏ်နက်များသည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင်ထိုကဲ့သို့သောစည်းမျဥ်းအတိုင်းအမှန်တကယ်ရှိသည်။ အစတုန်းက သူဌေးကျင်းသည် တစ်ယောက်ယောက် မနာလိုဖြစ်မှာကို ကြောက်ပြီး ငွေ ၁၀၀,၀၀၀ ပြန်ယူလာသည်ကို ဘယ်သူ့ကိုမှ မပြောဝံ့ခြင်းဖြစ်သည်။


ဒါပေမဲ့ အခု...ဒီငွေ ၁၀၀,၀၀၀လုံး ဆုံးသွားပြီ...


ဤက သူ့တစ်သက်တာလုံး စုဆောင်းခဲ့သည့်ငွေဖြစ်ပြီး မူလက အိမ်ပြန်ယူချင်ခဲ့ပေမဲ့ ယခု သူတို့အားလုံး ဆုံးသွားလေပြီ။


သူဌေးကျင်းက ကျန်းကျန့်ကို မုန်းတီးသောအမူအရာဖြင့်စိုက်ကြည့်နေကာ သူ့ကိုကိုက်စားပစ်ချင်နေသကဲ့သို့ဖြစ်သည်။


"သူဌေးကျင်းကို လိုက်ပို့လိုက်" 

ကျန်းကျန့်တိုက်ရိုက်ပြောလိုက်သည်။ဤကိစ္စက အလွန်ကျိုးကြောင်းဆီလျော်သောကြောင့် သူစည်းကျော်သည့်သူများကို တိုက်ရိုက်နှင်ထုတ်မည်ဖြစ်သည်။


များသောအားဖြင့်၊ ရှေးခေတ်မှာ သင့်ကိုစောင့်ကြပ်ပို့ဆောင်ရန် တစ်ယောက်ယောက်ကို ငှားထားပါက လမ်းမှာ တစ်ခုခုဖြစ်ခဲ့လျှင်ပင် လျော်ကြေးပေးမှာမဟုတ်ပေ။


"ငါ့ကိုလွှတ်ပေး" 

သူဌေးကျင်းက တွန်းလှန်ချင်သော်လည်း နောက်ဆုံးတွင် သူဆွဲထုတ်ခံခဲ့ရသည်။ဤအခိုက်အတန့်မှာ ကျန်းကျန့်ကလည်း အော်ပြောလိုက်၏။ 


"ကျုပ်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက တခြားလူတွေကို လိုက်လံပို့ဆောင်တဲ့အခါ စာချုပ်တွေကို အမြဲရေးတယ်... အမှန်အတိုင်းပြောနေသရွေ့ စာချုပ်အရ လျော်ကြေးပေးမှာ သေချာပါတယ်... ဒါပေမဲ့ တစ်စုံတစ်ယောက်က စာချုပ်ကို မလိုက်နာရင် ကျုပ်သည်းခံမှာ မဟုတ်ဘူး"


ကျန်းကျန့်က ကျယ်လောင်စွာပြောလိုက်ပြီး သူ့ပတ်ဝန်းကျင်ကလူတွေကို တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်စေလိုက်သည်။


ကျန်းကျန့် ထိုသို့ပြောသည့်အခါ ပတ်ဝန်းကျင်ကလူတွေက ယင်းက ဖောက်သည်၏ပြဿနာဟု ခံစားရလေသည်။


ဒါတင်မကဘူး…….. ဒီလူက သူ့ကို ငွေနဲ့အတူ လိုက်ပို့ခိုင်းခဲ့တာလို့ ပြောခဲ့တယ်...ဒါပေမဲ့ သူ့မှာ သက်သေရှိလား... တကယ်ကို ကျောက်တုံးတွေလုယက်ခံရတာဖြစ်ပြီး အခု ကျင်းကျန့် အမှီပြုပြီး အပိုဝင်ငွေရှာချင်နေတာလား ဆိုတာဘယ်သူသိမှာလဲ...


ဖုချောင်ရှိ လူများသည် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတဖြည်းဖြည်းပိုကြီးလာသည်ကိုစောင့်ကြည့်နေခဲ့ကြသည်။ ယခု ကျင်းကျန့်၏ကိုယ်ရံတော်များပင်၊ အများစုမှာ ဖုချောင်မှလူများဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင်၊ ဖုချောင်မှလူများက ကျန်းကျန့်၏ ဘက်တွင်ရှိနေသည်က ပို၍သဘာဝကျပေသည်။


သူဌေးကျင်းကို ဆွဲထုတ်ခံရရင်ူ သူ့ပတ်ဝန်းကျင်က လူတွေ၏ သံသယမျက်လုံးတွေကို မြင်လိုက်ရပြီး ဒေါသအလွန်ထွက်သွား၏။


ဒီလူတွေ… ဒီလူတွေ...


သူစဉ်းစားပြီး ရာမန်ထံသို့ တိုက်ရိုက်သွားခဲ့သည်။


ကျန်းကျန့် လူတွေကိုမောင်းထုတ်လိုက်ပြီးနောက် မြို့ထဲက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ကိုယ်ရံတော်အားလုံးကို ခေါ်ပြီးပြောလိုက်၏။


"မနက်ဖြန် မြို့ပြင်မှာ လေ့ကျင့်ဖို့ အားလုံး ငါ့နောက်လိုက်ခဲ့ကြ...မင်းတို့က ကိုယ်ရံတော်တွေ... မင်းတို့အလုပ်ရဲ့ အရေးကြီးဆုံးအပိုင်းက ဧည့်သည်တွေနဲ့ ကုန်ပစ္စည်းတွေကို အကာအကွယ်ပေးဖို့ပဲ... အနာဂတ်မှာ ဒီလိုမျိုးဖြစ်သွားပြီး အလုယက်ခံရရင် ပါ၀င်နေတဲ့ ကိုယ်ရံတော်တွေအားလုံး ကျင်းကျန့်မှာ အလုပ်လုပ်စရာ မလိုတော့ဘူး"


ကျင်းကျန့်က လစာငွေအမြောက်အမြားပေးချေသောကြောင့် ကိုယ်ရံတော်များအားလုံး ကျင်းကျန့်မှ ထွက်ခွာရန် တွန့်ဆုတ်နေကြသဖြင့် ခေါင်းညိတ်သဘောတူခဲ့ကြသည်။


ကျန်းကျန့် ထိုလူများကို နောက်နေ့တွင် မြို့ပြင်သို့ ခေါ်သွားပြီး ကောင်းကောင်းလေ့ကျင့်ရန် စီစဉ်ခဲ့သော်လည်း နောက်နေ့တွင် နောက်ထပ် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သဖြင့် မရတော့ပေ။


ထိုသူဌေးကျင်းသည် သန်းခေါင်ယံတွင် မမျှော်လင့်ဘဲ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ရှေ့တွင် ကိုယ့်ကိုကိုယ်သတ်သေပြီး သွေးစွန်းနေသောစာတစ်စောင်ကို ချန်ထားခဲ့သည်။


ကျန်းကျန့် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ နှလုံးသားက ချက်ချင်းပင် ခုန်ပေါက်သွားသည်။


သူဌေးကျင်းက အမှန်ပင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့၏။


ဤလူက ကျင်းကျန့်ကို ချောက်ချရန် သူ့ဘဝကို အသုံးချချင်သည်လား သို့မဟုတ် သူတကယ်ပဲ သားကောင်ဖြစ်ခဲ့သည်လား မသိပေမဲ့ လက်ရှိမှာတော့ ကျင်းကျန့်က တကယ်ကို ဒုက္ခရောက်နေခဲ့သည်။


လူသေပြီးသွားပြီဆိုကတည်းက လူတိုင်းက သူ့ကိုစာနာပြီး ကျင်းကျန့်ကို အပြစ်တင်ကြလိမ့်မည်။ ထိုနေ့တွင်ပင် ကျ

င်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ နောက်ထပ်သင်္ဘောတစ်စင်းမှာ ပြဿနာတက်ခဲ့သည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ကိုယ်ရံတော်များစွာသည် ၎င်းတို့၏ဖောက်သည်များကို မမျှော်လင့်ဘဲ သတ်ပစ်ခဲ့ပြီး ကုန်ပစ္စည်းများကို လုယက်ကာ ထွက်ပြေးသွားခဲ့သည်။