Chapter 224
:ကျန်းကျန့်အင်အားလိုချင်
ကိုယ်ရံတော် ရှစ်ယောက် ထွက်ပြေးသွားပြီး သူတို့သတ်ခဲ့သည့် ဧည့်သည်တွေက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းနှင့် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်၏။
ကျန်းကျန့်က သတင်းရသောအခါတွင် တစ်စုံတစ်ယောက်သည် သူ့ကို သေချာပေါက်ဒုက္ခရောက်အောင်လုပ်နေသည်ကို သိလိုက်သည်။
"ပစ္စည်းတွေ လုယက်တဲ့ ကိုယ်ရံတော်တွေရော...အခု သူတို့မိသားစုတွေ ဘယ်မှာလဲ"
ကျန်းကျန့်က မေးလိုက်သည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ကိုယ်ရံေတာ်များခေါ်ယူသောအခါတွင် ထိုသူများ၏ မိသားစုအခြေအနေကို စစ်ဆေးရန် လိုအပ်သောကြောင့် ယေဘုယျအားဖြင့် သူသည် တစ်ကောင်ကြွက်၊ တစ်ကိုယ်တည်းသမားတွေကို ငှားရမ်းမည်မဟုတ်ပါချေ။
ဤခေတ်မှာ မှတ်ပုံတင် သို့မဟုတ် ထိုကဲ့သို့သောအရာတွေ မရှိသည့်အတွက် တစ်ကိုယ်တည်းသမားကို ငှားရသည်က အန္တရာယ်များ၏။
"အဲဒီကိုယ်ရံတောိတွေအားလုံးက ဖုချောင်ကပါ...ပြီးတော့ သူတို့မိသားစုတွေကထွက်သွားပြီးနေကြပြီ...အိမ်တွေကအကုန်ဗလာပဲ..."
ဟယ်ချွန်းရှန့်က ဆိုသည်။
"ဒါပေမဲ့ သူတို့ကို စစ်ဆေးဖို့ လူတွေကို ကျွန်တော် ခိုင်သထားပါတယ်...သူတို့ ဝေရှင်းပြည်နယ်အတွင်းမှာ ရှိနေသရွေ့သူတို့ကို ကျွန်တော်တို့ သေချာပေါက် ရှာတွေ့နိုင်မှာပါ"
"အင်း"
ကျန်းကျန့်က ခေါင်းညိတ်လိုက်ပြီး
"ပိုကြိုးစားပါ...သူတို့ကို သေချာပေါက် ရှာတွေ့အောင်လုပ်ပါ"
"ဟုတ်ကဲ့"
ဟယ်ချွန်းရှန့်က ပြန်ဖြေသည်။
ကျန်းကျန့် ကျောက်ကျင်းကော၊ကျောက်လျူ၊ကျောက်ဖူကွေ့ နှင့် သူ၏ ကလေးနှစ်ယောက်ကို အကာအကွယ်ပေးရန်အတွက် လူများစွာကို တာဝန်ပေးကာ ထိုလူများကို ရှာဖွေရန်လည်း လူအများကြီး စေလွှတ်ခဲ့သည်။
ရလဒ်အနေဖြင့် လက်ထဲတွင် လူအလုံအလောက်မရှိပေ။
တစ်ချိန်တည်းမှာပင်၊ ဖုချောင်မှာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းနှင့် ပတ်သက်၍ အဆင်မပြေသော ကောလာဟလများစွာ ပျံ့နှံ့လာခဲ့သည်။
"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက အရမ်းလွန်လွန်းတယ်.. လူတွေကို သေအောင် လုပ်ရဲတယ်"
"ဟုတ်တယ်...ကုန်သည်ကျင်းက တကယ်ပဲ ကံဆိုးခဲ့တယ်...သူ့မှာ ငွေတွေ လုယက်ခံရပေမဲ့ အကူအညီ တောင်းစရာ မရှိဘူး...နောက်ဆုံးမှာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရှေ့မှာ သတ်သေရုံပဲတတ်နိုင်ခဲ့တယ်
"အရင်တုန်းက ကျင်းကျန့်ကို ကုန်စည်ပို့ဆောင်ဖို့ လုံခြုံတယ်လို့ အမြဲထင်ခဲ့ပေဲ့ အခုတော့ ဒါက လုံးဝအမှန်မဟုတ်ပုံပဲ..."
…
ကျောက်ကျင်းကော အိမ်မှထွက်သွားပြီး ကျင်းကျန့်သို့သွားနေစဉ်တွင် ထိုကဲ့သို့သောမှတ်ချက်များကိုကြားသောအခါတွင် သူ စိတ်မသက်မသာဖြစ်မှုအနည်းနှင့်အများခံစားရပြီးမျက်မှောင်ကြုတ်လိုက်သည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ကျန်းကျန့်က စတင်တည်ထောင်ခဲ့သော်လည်း၊ သူက ဖြည်းဖြည်းချင်းချဲ့ထွင်ခဲ့သူဖြစ်သောကြောင့် ကျင်းကျန့်ကို အလွန်မြတ်နိုးခဲ့သည်။တစ်ခုခုမှားနေပြီဟု သူ ခံစားရ၏။
ကျောက်ကျင်းကော ကျင်းကျန့်သို့ရောက်သောအခါ ကျန်းကျန့်ပ အပြင်ထွက်တော့မည်ပြုနေသည်။ကျန်းကျန့်ကိုမြင်လိုက်ရသောအခါ ကျောက်ကျင်ကော စိုးရိမ်ပူပန်ပြီး စိတ်မသက်မသာဖြစ်နေသော အမူအရာကို အလျင်အမြန်ပြောင်းလိုက်၏။
ကျန်းကျန့်က ဤရက်များတွင် လုံလုံလောက်လောက် အလုပ်ပင်ပန်းနေသောကြောင့် သူ့အတွက် စိတ်ပူနေရ၍မဖြစ်ပေ။
"ကျင်းကော...ကိုယ် ကျန့်ရီကို သွားတွေ့နေတုန်း ကျင်းကျန့်ကို စောင့်ကြည့်ပေးပါ"
ကျန်းကျန့်က ပြောလိုက်သည်။
"ကောင်းပြီ"
ကျောက်ကျင်းကောက ပြန်ပြောသည်။
ကျန်းကျန့် ကျောက်ကျင်းကောကို ပြုံးပြပြီး ချင်ဖုန့်အဆောက်အဦးကို တိုက်ရိုက်သွားခဲ့သည်။
ဖုချောင်ရှိ ချင်ဖုန့်အဆောက်အဦးကို မူလက မြို့ပြင်တွင် ဆောက်လုပ်ခဲ့သော်လည်း စီးပွားရေးအရ အလွန်ကောင်းမွန်သောကြောင့် ပိုပိုကြီးမားလာပြီး နောက်ပိုင်းတွင် ... ကျန့်ရီက ဧည့်သည်များကို ဧည့်ခံရအဆင်ပြေစေရန် ချင်ဖုန့်အဆောက်အဦးဘေးတွင် သီးခြားဝင်းတစ်ခုကို တည်ဆောက်ခဲ့သည်။
သူ ယခင်ရက်တွေက လူကြီးလူကောင်းအဖွဲ့တစ်ဖွဲ့နှင့်အတူ လိုက်ပါအဖော်ပြုလည်ပတ်ပေးနေခဲ့ပြီး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှာ တစ်ခုခုဖြစ်ခဲ့သည်ကို သိရှိပြီးနောက် မနေ့ညက အမြန်ပြန်လာခဲ့သည်။
ကျန်းကျန့် ချင်ဖုန့်အဆောက်အဦးဘေးတွင်ရှိသော ကျန့်ရီ၏အိမ်သို့ရောက်သောအခါ ကျန့်ရီက နိုးခါစပြီး သန်းဝေနေဆဲဖြစ်သည်။
"ကျွန်တော့်ကို ခဏစောင့်"
ကျန်းကျန့်ကိုတွေ့သောအခါ ကျန့်ရီက ပြောပြီး ပုလင်းတစ်လုံးကိုထုတ်ပြီး အစာသွပ်မုန့်တစ်ခုကိုယူလိုက်သည်။
၎င်းကိုလုပ်ပြီးနောက် သူအတော်လေး ငြိမ်လာ၏။
"ဘာတွေဖြစ်နေတာလဲ ပြောပါဦး"
ကျန်းကျန့် သူ့ဆီမှာ ဖြစ်ခဲ့သမျှတွေကို ပြောပြရန်တွန့်ဆုတ်မနေပါချေ။
ကျန့်ရီက စားပွဲပေါ်ကို လက်ချောင်းများဖြင့် ညင်ညင်သာသာ ပုတ်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။
"ဒါက ဝေရှင်းပြည်နယ်က တခြား ပင်လယ်ကုန်သည်တွေ ဖြစ်နိုင်တယ်...ဒါမှမဟုတ် ဟုန်ကျန်းဆားလွင်ပြင်ရဲ့ လက်ကျန်အင်အားစုတချို့ ဖြစ်နိုင်တယ်"
ကျန်းကျန့် ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အနည်းငယ် လျင်မြန်ခဲ့ပြီး ၎င်းသည် သူ့ကို သင်ခန်းစာတစ်ခု ပေးလိုသည့် ဝေရှင်းပြည်နယ်မှ ဒေသခံ ပင်လယ်ကုန်သည်အချို့၏ အကျိုးစီးပွားကို အနည်းနှင့်အများ ထိခိုက်ခဲ့သည်။ သူတို့အပြင် ဆားကုန်သည်တွေလည်း နှိမ်နှင်းခံခဲ့ရ၏။
အစပိုင်းတွင် ၎င်းတို့သည် တရားရုံးတော်မှတစ်ဆင့် ဖျက်ဆီးရန် ဟုန်ကျန်းဆားလွင်ပြင်၏ နောက်ကွယ်တွင် အဓိကအားပြုခဲ့သော်လည်း နောက်ဆုံးမှာ ပါဝင်ပတ်သက်သူအားလုံးကို ဖမ်းရန် မဖြစ်နိုင်ပေ။
အသက်ရှင်ကျန်ရစ်သူတွေက သူတို့ကို သေတဲ့အထိ မုန်းမနေနိုင်ဘူးလား...
"ကျုပ်လည်း အဲဒီလိုထင်ပေမဲ့ ဘယ်သူလဲဆိုတာတော့ မသိဘူး"
ကျန်းကျန့်က ပြောလိုက်၏။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို စတင်တည်ထောင်စဉ်က ယန့်ကျီမြစ်၏တောင်ဘက်တွင် အမြစ်စွဲလိုသော်လည်း နောက်ပိုင်းတွင် တော်ဝင်သံတမန်တစ်ဦး၏ ဖမ်းဆီးခြင်းခံရပြီးနောက်တွင် သူ၏ စိတ်ဓာတ်သည် များစွာပြောင်းလဲသွားသည်။ သူသည် နိုင်ငံရပ်ခြားသို့ ခရီးထွက်ရန်ပင် စီစဉ်ခဲ့သည်။
ထို့အတွက်ကြောင့် သူသည် အစပိုင်းတွင် သူလုပ်ခဲ့သလောက် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို အလေးထားမှု မရှိခဲ့ပေ။
သို့ပေမဲ့ ကျင့်ကျန့်ကို တစ်စုံတစ်ယောက် ပြဿနာတွေ့စေပြီးနောက်မှာ သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။
"ဘယ်သူလဲ မသိရင် စုံစမ်းကြည့်လိုက်ပါ...ခင်ဗျားနဲ့အတူ ကျွန်တော်ကူစုံစမ်းပေးမယ်"
ကျန့်ရီက ဆိုသည်။
"ကျွန်တော်တို့လူအများကြီးက ဒီလိုအသေးအမွှားလေးတွေကို ရှာတွေ့နိုင်မှာမဟုတ်ဘူးဆိုတာ မယုံဘူး"
အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ကျန့်မိသားစုနှင့် ကျန်းကျန့် ကြားတွင် ခိုင်မာမှုများ တိုးလာခဲ့သည်။
ကျန်းကျန့်က ပင်လယ်ကုန်သည်တစ်ဦးအဖြစ် နိုင်ငံရပ်ခြားသို့ ရောင်းချသော ကုန်ပစ္စည်းအားလုံးကို သူ၏ကျန့်မိသားစုမှ ရယူခဲ့သည်။
ယခုလိုအခြေအနေမျိုးမှာ ကျန့်ရီအနေဖြင့် ကျန်းကျန့်ကို ဘယ်လိုနည်းနှင့်မဆို ကာကွယ်ချင်ခဲ့သည်။
ကျန်းကျန့် ကျန့်ရီစကားကိုကြားသောအခါ အံ့အားသင့်သွားသော်လည်း ပြုံးပြီးဆိုလိုက်၏။
"မှန်တယ်"
ကျန်းကျန့် နှင့် ကျန့်ရီတို့ ဆွေးနွေးပြီးနောက် ကျန်ူကျန့်က အိမ်သို့ပြန်သွားခဲ့သည်။
"ကျန်းကျန့်... အပြင်မှာ တစ်ခုခုဖြစ်သွားတယ်လို့ ငါကြားတယ်...ဘာဖြစ်နေတာလဲ"
ကျောက်ဖူကွေ့က ကျန်းကျန့် ပြန်လာသည်ကိုမြင်ပြီး မေးလိုက်၏။
ကျန်းကျန့်က ပြုံးပြီးပြောသည်။
"အဖေ စိတ်မပူပါနဲ့...အဆင်ပြေပါတယ်"
ယခု သူတကယ် စိတ်အေးသွားပြီဖြစ်သည်။
ယခင်က ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းက လူတွေက သူ့ကိုပြဿနာရှာသည့်အခါ သူသိပ်စိတ်မ၀င်စားခဲ့ပေ။ထို့အပြင် နောက်ကွယ်မှာ ပုန်းအောင်းပြီး လှည့်ကွက်လေးတွေပဲသုံးဝံ့သူကို သူ ဘာကြောင့် အာရုံစိုက်နေရမည်နည်း။
သူ့လက်အောက်မှာ လူတွေအများကြီးနဲ့... သူက လွယ်တဲ့ပစ်မှတ်မဟုတ်ဘူး...
"အကုန်လုံးအဆင်ပြေလို့ဝမ်းသာပါတယ်…"
ကျောက်ဖူကွေ့ ကျန်းကျန့်က သူ ကျေနပ်အောင် ပြောလိုက်သည်ဟု ခံစားလိုက်ရပေမဲ့ မေးခွန်းတွေ ထပ်မမေးတော့ပါချေ။
ကျန်းကျန့်က ထပ်ရှင်းပြမနေဘဲ မတ်တပ်ထရပ်ပြီး ကျင်းကျန့်သို့ ထပ်မံသွားခဲ့သည်။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ရုံးတွင် ကျောက်ကျင်းကောတစ်ယောက် ပြဿနာအချို့ကို ကြုံတွေ့ခဲ့ရပြီး - ယခုမတိုင်မီ ကျင်းကျန့်နှင့် စာချုပ်များချုပ်ဆိုခဲ့သော ဖုချောင်မှ ကုန်သည်အများအပြားသည် ၎င်းတို့၏စာချုပ်များကို အဆုံးသတ်လိုနေကြသည်။
ကျင်းကျန့်က ၎င်း၏ ဖောက်သည်များထံမှ ခိုးယူကာ ကိုယ်ရံတော်များက အတွင်းမှနေ၍ ကုန်ပစ္စည်းများကို လုယူမည်ဖြစ်သောကြောင့် ... သူတို့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ရန်မဝံ့ရဲကြပေ။
ကျင်းကျန့်တွင် လူအများအပြားရှိ၍ လူအများအပြားကို ပံ့ပိုးပေးသည့် လုပ်ငန်းအလုံအလောက်မရှိပါက ၎င်းတို့ကို ငွေဆုံးရှုံးစေမည်မှာ သေချာပေသည်။ကျောက်ကျင်းကော တခြားသူတွေကို ဖြောင့်ဖြရန် ကြိုးစားပေမဲ့ ဤလူတွေက ဆန္ဒမရှိကြပါချေ။
"ဘော့စ်ကျောက် ငါတို့က ငါတို့ရဲ့ကုန်ပစ္စည်းတွေကိုပို့ဆောင်ဖို့ မင်းကို အကူအညီ မတောင်းချင်ဘူး... ဒါကို မင်းဘာလို့ အတင်းအကြပ် ခိုင်းနေတာလဲ"
"မှန်တယ် ဘော့စ်ကျောက်... လူတိုင်းအတွက် ခြေတစ်လှမ်းနောက်ပြန်ဆုတ်တာ မကောင်းဘူးလား"
"ဘာပဲဖြစ်ဖြစ် မင်းရဲ့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ငါ့ကို ပစ္စည်းကူပို့မခိုင်းရဲတော့ဘူး"
….....
"ကျင်းကော...သူတို့က ကျင်းကျန့်ကို သူတို့ရဲကုန်ပစ္စည်းတွေပို့ဆောင်ဖို့ အသုံးမပြုချင်ဘူးဆိုရင် သူတို့ရဲ့ စာချုပ်တွေကို ပယ်ဖျက်လိုက်ပါ" အပြင်မှလာသော ကျန်းကျန့်က တိုက်ရိုက်ပြောလိုက်သည်။
"ဘော့စ်ကျန်းက အရမ်းတည့်တိုးဆန်တာပဲ"
ကျန်းကျန့်စကားကိုကြားသောအားလုံးက သက်ပြင်းချပြီး တစ်ယောက်ပြီး တစ်ယောက် ပြုံးလိုက်ကြ၏။
သူတို့က ကုန်ပစ္စည်းသယ်ယူရာတွင် ကူညီပေးရန်အတွက် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို မသုံးချင်တော့သော်လည်း ကျင်းကျန့်ကို စော်ကားရန် ရည်ရွယ်ချက်မရှိသောကြောင့် သူတို့ထွက်ခွာသွားသောအခါတွင် နှုတ်ခွန်းဆက်စကားအချို့ပြောခဲ့သည်။
နှစ်ဖက်စလုံးက မျက်နှာဖုံတွေကိုမခွာချကြခဲ့ဘဲ အဆုံးမှာ ဤကုန်သည်တွေက ထွက်ခွာသွားဆဲဖြစ်လေသည်။
ယခင်က ကုန်သည်အများအပြားသည် ကျင်းကျန့်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုသော်လည်း ၎င်းတို့တွင် စိုးရိမ်မှုအချို့ရှိနေဆဲဖြစ်သည်။သို့ပေမဲ့ တခြားတစ်ယောက်ယောက်က ကျင်းကျန့်နှင့်သူတို့၏ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပြီဆိုသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ စိုးရိမ်စရာမရှိတော့ပါချေ။
အချိန်တိုအတွင်း ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းသည့် ကုန်သည်များ ပိုများလာကာ ၎င်းတို့၏ တံခါးဝဆီသို့ ရောက်လာကြသည်။
ကျန်းကျန့်က အားလုံးကိုသဘောတူပြီး သူ့လက်အောက်ငယ်သားများထံမှ ဖုံးကွယ်မထားပေ။
"အဲဒါအပြင် ငါတို့ရဲ့လုပ်ငန်းက တခြား ဘာတွေလုပ်နိုင်မှာလဲ"
"ဘော့စ် ပင်လယ်ထဲသွားတုန်းက ပိုက်ဆံအများကြီးရတယ်လို့ကြားတယ်...ဒါပေမယ့် ကိုယ်ရံတော်လုပ်ငန်းက မတူဘူး... ဘော့စ်က ကိုယ်ရံတော်လုပ်ငန်းကို ဆက်မဖွင့်ချင်တော့တာ ဖြစ်နိုင်တယ်ထင်လား"
"မဖွင့်တော့ဘူးလား... ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"
"ငါတို့က ငါတို့ဖောက်သည်တွေဆီက မခိုးခဲ့ဘူးလေ...ငါတို့အားလုံး မတရားစွပ်စွဲခံရတာပဲ"
…......
ကျန်းကျန့် သူ့ကိုယ်ရံတော်တွေအပေါ် ပေးခဲ့သည့် ဆက်ဆံမှုက အမြဲတမ်း အလွန်ကောင်းမွန်လေသည်။
ယခင်တုန်းက ကျင်းကျန့်မှာ အလုပ်လုပ်သည့် ထိုကိုယ်ရံတော်တွေမှာ ဘာအတွေးမှမရှိခဲ့ကြပေမဲ့ ယခု …… ကျင်းကျန့် အကြပ်အတည်းဖြစ်နေသည်ကိုတွေ့သောအခါ သူတို့၏ ကိုယ်ရံတော်လုပ်ငန်းက ဘယ်လောက်ကောင်းလဲဆိုသည်ကို ရုတ်တရက် သတိရသွားခဲ့၏။
သူတို့က သူတို့၏ ကိုယ်ရံတော်လုပ်ငန်းကို ဘာမှမဖြစ်စေချင်သည့်အတွက် ဖောက်သည်တွေကိုသတ်ပြီး ထွက်ပြေးသည့်လူများကို အမုန်းကြီးမုန်းကြ၏။မျိုးရိုးနာမည်ကျင်းဖြင့်ကုန်သည်ကို အကာအကွယ်ပေးခဲ့သည့် ကိုယ်ရံတော်တွေအတွက်မူ သူတို့ အလွန်ကို နောင်တရနေကြလေပြီ။
ထိုအချိန်က ဓားပြတွေများလွန်းသည့်အတွက်နှင့် တိုက်ခိုက်နေသည်ကို မရပ်ခဲ့သင့်ပါချေ။
"ဘော့စ် ငါတောင်းပန်ပါတယ်!"
ဤလူများသည် အလွန်စိတ်မသက်မသာခံစားရသဖြင့် အထူးတလည် ကျန်းကျန့်ထံသွားပြီး တောင်းပန်ကြသည်။
"အဆင်ပြေပါတယ်"
ကျန်းကျန့်ကပြောခိုက်သည်။သူလည်းနားလည်ပြီးသားဖြစ်သည်။ဤလူတွေက ကုန်ပစ္စည်းတွေကို အကာအကွယ်ပေးရန် အတတ်နိုင်ဆုံး မကြိုးစားပေမဲ့ သူဌေးကျင်းကို ကာကွယ်ပေးခဲ့သည်ကို သူသိပါ၏။
သူဆိုလျှင်လည်း စကျင်ကျောက်အချို့ကို ကာကွယ်ရန် ထိုမျှလောက် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့မည်မဟုတ်သည်မှာ သေချာပါသည်။
"ဘော့စ်... ငါတို့ရဲ့ ကိုယ်ရံတော်လုပ်ငန်း….."
သူ့လူတွေက မဝံ့မရဲ မေး၏။
"ကိုယ်ရံတော်လုပ်ငန်းက အခုနည်းနည်းတော့ ဒုက္ခရောက်နေတယ်... ဒါပေမဲ့ ဖြေရှင်းချက်မရှိတာမျိုး မဟုတ်ဘူး"
ကျန်းကျန့်က ဆိုလိုက်၏။
"အခု ငါတို့ရဲ့ လုပ်ငန်းက အကုန်ပျက်သွားတော့ လူတိုင်းက ဒီသစ္စာဖောက်တွေကို ရှာဖွေဖမ်းဖို့ အာရုံစိုက်သင့်တယ်"
"ဟုတ်ကဲ့...."
ကျန်းကျန့် ၏ စကားကိုကြားသောအခါ ကိုယ်ရံတော်လုပ်ငန်းတစ်ခုလုံးက လှုံ့ဆော်ပေးခ့လိုက်ရသည်။
၎င်းတို့သည် ၎င်းတို့၏ လုပ်ငန်းအများစုကို လက်လွှတ်ခဲ့ရပြီး ယခုအခါတွင် အားလပ်နေသော လူအင်အားနှင့် သင်္ဘောများ အများအပြာရှိခဲ့သည်။ ဤလူတွေအားလုံးက ဝေရှင်း ပြည်နယ်၏ အစိတ်အပိုင်းအကုန်လုံးကနေ သင်္ဘောတွေနှင့်လာပြီး လူတွေကို ရှာဖွေပါတော့သည်။
သူတို့၏ကိုယ်ရံတော်လုပ်ငန်းကို သစ္စာဖောက်ရဲသည့် သူတွေရှာတွေ့ကိုတွေ့ရမည်။
သူတို့၏ကိုယ်ရံတော်လုပ်ငန်းက ဒုက္ခရောက်နေပြီး သူတို့၏အကူအညီကို လိုအပ်နေသည်။ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ကိုယ်ရံတော့များသည်သစ္စာဖောက်များကိုမရပ်မနားဖမ်းလာကြသည်နှင့်အမျှစိတ်အားထက်သန်မှုအပြည့်ရှိလာသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် သူတို့ပတ်ဝန်းကျင်ရှိလူများ၏ အခြေအနေကို စောင့်ကြည့်ကာ ဖုချောင်အား သတင်းမျိုးစုံပို့ပေးသည်။
ရက်အနည်းငယ်အကြာတွင်၊ ဖုချောင်မှလူများသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ကျင်းကျန့်မှလူများကိုတွေ့မြင်နေရလိုလိုရှိနေကြောင်းတွေ့ရှိခဲ့သည်။
တချို့က ဖြတ်သွားလာသည့်လှေတွေကို မြစ်ထဲက စောင့်ကြည့်ပြီး တချို့က လမ်းတွေပေါ်မှာ စောင့်ပြီး သွားလာနေသည့်လူတွေကို စောင့်ကြည့်နေကြ၏။
မထင်မှတ်ပဲ သိပ်ပြီးသိသာထင်ရှားပုံမရသည့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် လူများစွာရှိနေသည်။ ၎င်းတို့သည် ဖုချောင် အတားအဆီးမရှိခဲ့ဘဲ ရာမန်မှလူများကပင် ၎င်းတို့ကို အပြုံးဖြင့် နှုတ်ဆက်ကြသည်။
ဝေရှင်းပြည်နယ်ရှိ ဝေးလံခေါင်သီသော ရွာလေးတစ်ရွာတွင် အိမ်အိုကြီးတစ်ခု၌ နေထိုင်သော လူတစ်စုသည် အလွန်စိတ်လှုပ်ရှားနေပုံရသည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ...နေရာတိုင်းမှာ ကျင်းကျန့်ကလူတွေရှိနေလို့ အပြင်ကိုထွက်လို့မရဘူး"
"ငါသာသိခဲ့မယ်ဆိုရင် ငါပိုက်ဆံအတွက်နဲ့ ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး"
"ဒါတွေအားလုံး မင်းတို့ကြောင့်ပဲ... မင်းတို့သာငါ့ကိုမခိုင်းရင်...."
"ငါတို့က မင်းကို အတင်းအကြပ်ခိုင်းတာလား...ပိုက်ဆံရမယ်ဆိုတာကြားလို့ မင်းက ငါတို့နဲ့ပူပေါင်းချင်ခဲ့တာမှန်းအသိသာကြီး"
……
ဤလူတွေဟာ တစ်ယေ
ာက်ကိုတစ်ယောက် အပြစ်တင်ပြီးနောက် ထပ်ပြီးစိုးရိမ်ပူပန်လာကြပြန်သည်။
သူတို့ ဘယ်လို လွတ်မြောက်ကြမလဲ...
စိုးရိမ်နေချိန်တွင် အပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဆရာတို့ အထဲမှာ သံသယဖြစ်စရာ လူအနည်းငယ် ရှိတယ်"