Chapter 225
:ချက်ချင်းလက်ငင်းလက်စားချေ
ဤအိမ်တွင် ပုန်းအောင်းနေသူများမှာ ၎င်းတို့၏ဖောက်သည်များကို သတ်ပြီး ပစ္စည်းများ လုယက်ကာ ထွက်ပြေးသွားသော ကိုယ်ရံတော်များဖြစ်သည်။
၎င်းတို့အားလုံးသည် ဝေရှင်းပြည်နယ်၏ အဓိကမြို့ ဖုချောင်မှဖြစ်ပြီး အားလုံးက လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းထဲကို စတင်ဝင်ခဲ့ကြသည်။လောင်းကစားအိမ်သို့သွားပြီး ငွေများစွာဆုံးရှုံးခဲ့သောကြောင့် ထိုကဲ့သို့ စိတ်ပျက်လက်ပျက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
လောင်းကစားအိမ်မှာ ပိုက်ဆံဆုံးရှုံးပြီးနောက် တစ်ယောက်ယောက်က သူတို့ကို ပိုက်ဆံချေးပေမဲ့ သူတို့က ၎င်းကို သတိပင်မထားမိဘဲ အကြွေးအကြီးကြီးတင်သည်နှင့် အဆုံးသတ်သွား၏။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် ကိုယ်ရံတော်များအဖြစ် လုပ်ကိုင်သူများသည် လောင်းကစားမလုပ်ရ၊ အပျော်အိမ်များသို့ သွားရောက်လည်ပတ်ခြင်းအပြုရ သို့မဟုတ် အလုပ်ချိန်အတွင်း အရက်မသောက်ရဟူသော စည်းကမ်းများရှိသည်။၍စည်းကမ်းတွေကို ဖောက်ဖျက်ပါက ကိုယ်ရံတော်တွေအဖြစ် လုပ်၍မရတော့ပေ။
အစပိုင်းတွင် လောင်းကစား သို့မဟုတ် အရက်သောက်ခြင်းကြောင့် မည်သူ့ကိုမျှ အမှားမပြုလုပ်မိစေရန်အတွက် ဤစည်းမျဉ်းများကို ချမှတ်ခဲ့သည်။သို့ပေမဲ့ ဤအတွက်ကြောင့် လောင်းကစားလုပ်ခဲ့သော ကိုယ်ရံတော် အနည်းငယ်က ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။
ပထမတွင် သူတို့ကို ပိုက်ဆံချေးသည့်သူက ကျောက်ကျင်းကောကို သူတို့ လောင်းကစားလုပ်ကြောင်း ပြောပြချင်ခဲ့ပြီး သူတို့ကို အလုပ်ပြုတ်မည်ဟုခြိမ်းခြောက်ခဲ့၏။သို့ပေမဲ့ နောက်ပိုင်းမှာ သူက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းနှင့်ပတ်သက်သော အချက်အလက်တချို့ကို ထုတ်ပြောရန် ကိုယ်ရံတော်တွေကို ခိုင်းခဲ့ပြီး ကျင်းကျန့်ကို သစ္စာဖောက်မှုနှင့်ခြိမ်းခြောက်ကာ လူတွေကိုသတ်ပြီး ကုန်ပစ္စည်းတွေကို ခိုးယူခိုင်းခဲ့သည်။
သူတို့မလုပ်ချင်ဘူးဆိုပါက ထိုလူတွေက သူတို့ကို ငွေပြန်ဆပ်ခိုင်းပြီး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ စည်းကမ်တွေကို ချိုးဖောက်ခဲ့ကြောင်း တခြားသူတွေကို အသိပေးပေလိမ့်မည်။ ၎င်းတို့ပြောတဲ့အတိုင်းလုပ်ပါ… ထိုလူတွေက သူတို့မိသားစုတွေကို ဖုချောင်ကနေ ထွက်သွားစေပြီး ပိုက်ဆံအများကြီးပေးမည်ဟု ကတိပေး၏။
သူတို့ အတော်လေးစိတ်လှုပ်ရှားသွားသည့်အတွက် လောင်းကစားမှာမပါဝင်ဘဲ သူတို့နှင့်အလုပ်အတူလုပ်သည့် ဤကိုယ်ရံတော်နှစ်ယောက်နှင့် စကားပြောခဲ့ကြသည်။
ကျင်းကျန့်တွင် ကိုယ်ရံတော်အဖြစ် လုပ်ကိုင်ပါက တစ်လလျှင် ငွေနှစ်ရာ ရရှိမည်ဖြစ်သော်လည်း ဤသည်က ကောင်းကောင်း ဆောင်ရွက်နိုင်ပါက ဖောက်သည်၏ ကုန်ပစ္စည်းနှင့် ငွေများကို ၎င်းတို့အား ပေးအပ်မည်ဖြစ်ကာ လူတစ်ဦးစီသည် ငွေနှစ်ရာထက်ပိုရရှိမည်ဖြစ်သည်။
ဤမျှငွေကြေးများစွာနှင့် နေထိုင်ရန်နေရာရှာဖွေရာတွင် အကူအညီများဖြင့် အနာဂတ်တွင် ၎င်းတို့၏ကိုယ်ပိုင်လုပ်ငန်းကို စတင်နိုင်မည်ဖြစ်သည်။ ဒါဆို ဘာကြောင့် တခြားသူတွေ အတွက် အလုပ်လုပ်နေရဦးမှာလဲ...
သူတို့ ထိုသည်ကို အတော်လေးချောချောမွေ့မွေ့ လုပ်ခဲ့ပြီး အနည်းငယ်ခုခံခဲ့သည့် ဧည့်သည်တွေအားလုံးကို သတ်ပစ်ပြီး ဤရွာမှာ ပုန်းနေခဲ့ကြသည်။
သူတို့မိသားစုတွေက သူတို့ကို သည်မှာ ကြိုစောင့်နေခဲ့ကြသည်။
သို့သော် သူတို့ ပိုက်ဆံယူပြီး ထွက်သွားနိုင်သည်ဟု ထင်သောအခါတွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။
ကျင်းကျန့်မှလူများသည်အလွန်လျင်မြန်စွာတုံ့ပြန်ခဲ့ကြပြီး ဝေရှင်းပြည်နယ်တစ်ဝှမ်းရှိလူများကိုစောင့်ကြည့်ရန်စီစဉ်ခဲ့သည်။
ဤနည်းဖြင့် သူတို့မှာ ပြေးစရာနေရာမရှိတော့ပေ။
ရှေးခေတ်မှာ လွတ်မြောက်ရန် လွယ်ကူသော်လည်း လူတစ်စု သဲလွန်စမရှိဘဲ ပုန်းအောင်းရန် မလွယ်ကူပေ။
ယခုအချိန်တွင် ရွာအများစုသည် အလွန်သီးသန့်ဆန်သောအသိုင်းအဝိုင်းဖြစ်သောကြောင့် ရွာကိုလူတစ်စု ရုတ်တရက်ရောက်ရှိလာသည်ကိုမဆိုနှင့်၊ သူစိမ်းတစ်ယောက်မြင်သည်နှင့်ပင် အားလုံးက မှတ်မိနိုင်သောကြောင့် သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားသည်မှာ အမှန်ပင်ဖြစ်သည်။
မိသားစုရှိသည့်ဤလူတွေအနေဖြင့် ဤတောအုပ်ထဲမှာ နေရန်က မဖြစ်နိုင်ပေ။သက်ကြီးရွယ်အိုတွေနှင့်ကလေးတွေ လေနှင့်နေရောင်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါချေ။မိုးရွာပါက အရွယ်ရောက်ပြီးသော အမျိုးသားများပင် သည်းမခံနိုင်ပေ။
ဤနည်းဖြင့် ၎င်းတို့သည် ၎င်းတို့၏ နေရာကို မလွှဲမရှောင်သာ ထုတ်ဖော်ပြသမိခဲ့ကြသည်။
ကျင်းကျန့်မှလူများ ရာမန်အရာရှိများနှင့်အတူဝင်ရောက်လာသောအခါ၊ ခုခံချင်ကြသေးသော်လည်း မကြာမီမှာပင် သူတို့အားလုံး အချုပ်ခံလိုက်ရပြီးမခုခံနိုင်တော့ပေ။
ဤလူများနှင့် ၎င်းတို့၏ မိသားစုများ စုစုပေါင်း လေးဆယ် သို့မဟုတ် ငါးဆယ်အထိ ရှိပြီး ၎င်းတို့အားလုံးကို သင်္ဘောပေါ်တင်ကာ လုယက်သွားသော ငွေများနှင့် နောက်ကွယ်မှ လူများထံမှ ရရှိသည့် ငွေများနှင့်အတူ ကျန်းကျန့်ဆီသို့ ပို့လိုက်ကြသည်။
သူတို့ကို ခြေရာခံရင်း … ကျန်းကျန့် မမျှော်လင့်ဘဲ ချင်ဖုန့်အဆောက်အဦတွင် ယခင်က အလုပ်လုပ်ခဲ့ဖူးပြီး ပြဿနာရှာရန် ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းကို ငှားရမ်းခဲ့သော ဘဏ္ဍာစိုးလီကို ဖမ်းမိနိုင်ခဲ့သည်။
ပိုက်ဆံနဲ့ ပစ္စည်းအားလုံးကို အသတ်ခံရတဲ့ ဖောက်သည်တွေရဲ့ အိမ်တွေဆီ ပို့ပေးရမယ်"
ကျန်းကျန့်က ပြောလိုက့သည်။
မိသားစုဝင်များ ဆုံးပါးသွားကြောင်း ဖောက်သည်မိသားစုများ သိလာသောအခါ အားလုံး ငိုယို မူးမေ့လဲသွားကြသည်။ ဤအခြေအနေအပေါ် အပြစ်ရှိသလို ခံစားရသော ကျန်းကျန့် ၎င်းအတွက် သဘာဝအတိုင်း ဖြည့်ဆည်းပေးပေလိမ့်မည်။
"ဟုတ်ကဲ့"
ဟယ်ချွန်းရှန့်က တစ်စုံတစ်ဦးကို ချက်ချင်းလုပ်ရန် စေလွှတ်လိုက်သည်။၎င်းနောက် သူကမေးသည်။
"ဘော့စ် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"
"ကောင်းကောင်းလေး စစ်ဆေးမေးမြန်းကြတာပေါ့"
ကျန်းကျန့်က မတ်တပ်ထရပ်ပြီး ပြောလိုက်၏။
"ငါ ကိုယ်တိုင်သွားလိုက်မယ်"
ကျန်းကျန့်က ညှဉ်းပန်းနှိပ်စက်နည်းများစွာကို သိထားပြီး ဤနည်းလမ်းအားလုံးသည် အလွန်ကောင်းမွန်သည်။
သူရောက်သွားပြီးနောက်တွင် အလင်းရောင်တစ်စတစ်စမျှပင် မဝင်ရောက်နိုင်သော အမှောင်ခန်းငယ်တစ်ခုထဲမှာ ထိုလူများကို ထားခဲ့သည်။
ကျန်းကျန့် ဤလူတွေကို သင်ခန်းစာတစ်ခုပေးရန် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက အနိုင်ကျင့်ရ မလွယ်ဘူးဆိုသည်ကို တခြားသူတွေကို အသိပေးရန် ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့လည်း သူတို့ကို စစ်ဆေးမေးမြန်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။
အမှန်တွင်၊သူသာဆိုလျှင်လည်း ယခုလိုအရာမျိုလုပ်ပါက သူကိုယ်တိုင်လုပ်မည့်အစား တခြားသူကို လုပ်ခိုင်းမှာ သေချာ၏။
သို့သော်…. သူသည် ဤခေတ်လုတို့၏ လူတို့၏ နည်းစနစ်များကို လွန်ကဲစွာ တွက်ဆမိပြီး ထိုလူများ၏ ဉာဏ်ရည်ကို လျှော့တွက်မိခဲ့သည်။
သူတို့နောက်ကလူက သူ့ကိုယ်သူ နည်းနည်းလေးမှ ထုတ်မပြလို့ သူတို့ခေါင်းတွေ ပေးလိုက်ရရင်ဘယ်လိုလုပ်မလဲ...သူတို့ကို သတ်ချင်နေဦးမှာလား...
ဘဏ္ဍာစိုးလီရောပင်၊နောက်ကွယ်ကလူတွေက သူ့ကို သစ္စာဖောက်ခိုင်းရန် ငွေအများကြီးပေးခဲ့သည်။
ကျန်းကျန့် ဤလူများ၏ ပါးစပ်မှ တူးဖော်နိုင်သော သတင်းအားလုံးကို တူးဖော်ခဲ့ပြီး တစ်ချိန်တည်းတွင် ယာပြန့်ရွာမှ နောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်သည် ယာပြန့်ရွာ၏ ဆိပ်ကမ်းထဲကို ခိုးဝင်သွားပြီး ကျန်းကျန့်၏သင်္ဘောများကို မီးရှို့ပစ်ချင်ခဲ့သည်။
အစပိုင်းတွင် ၎င်းတို့သည် ကျန်းကျန့်၏ သင်္ဘောများကို မီးရှို့ရန် မကြိုးစားမီ ယာပြန့်ရွာမှလူများကို ပိုက်ဆံပေး၍သူ့လူကိုယ့်လူလုပ်ခိုင်းလိုသော်လည်း ယာပြန့်ရွာသင်္ဘောကျင်းမှ လူ အားလုံးက ကျန်းကျန့် ဟုန်ကျန်းဆားလွင်ပြင်မှ ကယ်တင်ခဲ့သူများဖြစ်ရာ ကျန်းကျန့်အပေါ်အလွန်သစ္စာစောင့်သိကြသည်။ ထို့ကြောင့် ၎င်းတို့ကို ပိုက်ဆံနှင့်ခိုင်းရန် မဖြစ်နိုင်ပေ။
လူတွေကို လာဘ်မထိုးနိုင်ရုံသာမက ယာပြန့်ရွာကလူတွေက သူတို့ကို စောင့်ကြည့်နေကြသဖြင့် ဤသင်္ဘောတွေကို မမီးရှို့ခင် သူတို့အားလုံးကို ဖမ်းမိသွားကြ၏။
ကျန်းကျန့် ဤသတင်းကိုကြားသောအခါ သူ အံ့သြသွားသည်။
သူတို့က ရေနံဆီအမြောက်အများသုံးပြီး သူ့သင်္ဘောတွေကို မီးရှို့ချင်ကြတယ်……..အဲဒီလူတွေ အဲဒါကိုလုပ်ရင် သူ သင်္ဘောတွေ ဆုံးရှုံးပြီး ပင်လယ်ကုန်သည်ဆက်လုပ်လို့မရတော့ဘူး...
ချန်လုံတိုက်ခိုက်ရေးလုပ်ငန်းမှလူများက ကျောက်ကျင်းကော မွေးမြူထားသော ကြက်များကို အဆိပ်ခတ်သည်က သူ့အနေဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် ထိုကြက်များကို မှီခိုအားထားခြင်းမရှိသောကြောင့် သူ့အတွက်ဘာမှမဟုတ်ခဲ့ပေ။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း မေးခွန်းထုတ်ခံရသည်ကလည်း သူ့အတွက် ဘာမှမဟုတ်ပေ၊ အများဆုံး လုပ်ငန်းနည်းသွားရုံဖြစ်သည်။
သူ့သင်္ဘောတွေ မီးလောင်ရင်...
ကျန်းကျန့်ရှေ့မှာ ရေနံဆီတစ်စည်ကို ယူလာခဲ့ပြီး ကျန်းကျန့် ၎င်းကိုကြည့်လိုက်သောအခါ ဤရေနံဆီဟု ခေါ်သောအရာက အမှန်မှာ ဆီမှန်း သိလိုက်ရသည်။
သူ့မျက်လုံးထဲတွင် အမှောင်အလင်းတစ်ခုလက်သွား၏၊ ဤအကြိမ် ကျန်းကျန့် တကယ်ကို ဒေါသဖြစ်နေသည်။
ကျင်းကျန့်မှလူများသည် မြို့တွင်းနေရာအနှံ့ လှည့်လည်ကာ ၎င်းတို့ကို သစ္စာဖောက်သော ကိုယ်ရံတော်များ၊ဒုက္ခပေးသူများနှင့် ထိတွေ့ခဲ့သူအားလုံးကို တွေ့ရှိခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါ ကျန်းကျန့် သိစေချင်သမျှကို သူတို့ တကယ်သိသွားသည် ။
ထိုမျှသာမကဘဲ၊ ထိုသို့သောအဖြစ်အပျက်ပြီးနောက် ကျင်းကျန့်ကိုယ်ရံတော်များ၏ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းနှင့်သက်ဆိုင်သောခံစားချက်ကိုလည်းအလွန်မြှင့်တင်နိုင်ခဲ့သည်။
မော်ဒန်ခေတ်တွင် တစ်ခါတစ်ရံ ဝန်ထမ်းများသည် ခက်ခဲသောအချိန်ကာလတစ်ခုတွင် ကုမ္ပဏီနှင့်အတူ လိုက်ပါအဖော်ပြုရခြင်းကြောင့် ကုမ္ပဏီအပေါ်ထားရှိသော ၎င်းတို့၏ခံစားချက်များ မသိစိတ်တွင် နက်ရှိုင်းလာသည်။ ထိုအချိန်တွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ခံစားချက်သည်လည်း နက်ရှိုင်းလာသည်။
အမှန်တွင် ကျန်းကျန့် ကျင်းကျန့်ကိုယ်ရံဆော်လုပ်ငန်း ဒုက္ခရောက်နေချိန်မှာ ကိုယ်ရံတော်တွေကို ပြောပြခဲ့သည်က ဤအကြောင်းပြချက်ကြောင့်ပါပင်။
သူက ဤကိုယ်ရံတောိအားလုံးကို ၎င်းတို့က ကျင်င်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏အဖွဲ့ဝင်များဖြစ်ကြောင်း သိရှိစေလိုသည်။
ချင်ဖုန့် အဆောက်အဦးဘေး၊ ကျန့်ရီ၏အိမ်တွင် ကျန်းကျန့် ကျန့်ရီနှင့် ထပ်မံတွေ့ဆုံခဲ့သည်။
"ဒါက အထောက်အပံ့မမရှိတော့တဲ့ ဆားကုန်သည်တွေ နဲ့ ဝေရှင်းပြည်နယ်က ပင်လယ်ကုန်သည်တွေအတူလုပ်ခဲ့တာလို့ မင်းထင်တာ မှန်တယ်"
ကျန်းကျန့်က ပြောသည်။
ဤတစ်ကြိမ်တွင် ဝေရှင်းပြည်နယ်၏ ပင်လယ်ကုန်သည်များနှင့် ဆားကုန်သည်များအတူအကွလုပ်ဆောင်ကြခြင်းဖြစ်ကာ လူများစွာပါဝင်လေသည်။၎င်းတို့သည် အခြားနည်းလမ်းတချို့ဖြင့်ပါ ရောက်ရှိလာခဲ့ကြသော်လည်း ကျန်းကျန့်က အလွန်တင်းကျပ်စွာ စောင့်ကြပ်ထားသောကြောင့် မအောင်မြင်ခဲ့ပေ။
ဥပမာအားဖြင့် သူတို့သည် ကျန်းကျန့်၏ မိသားစုဝင်များကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ဖူးသည်။
ကျန်းကျန့်၏ အာရုံကို လွှဲရန်အတွက် ထိုလူတွေက ကျန်းကျန့်ကို ပြဿနာရှာရန် ချန်လုံ တိုက်ခိုက်ရေး လုပ်ငန်းက လူတွေကို ဦးစွာ တာဝန်ပေးပြီး စီစဉ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပေမဲ့ ကျန်းကျန့်က ပုံမှန်ယေဘုယျနည်းလမ်းအတိုင်းမသွားဘဲရှိလိမ့်မည့် သူတို့ မမျှော်လင့်ခဲ့ကြပါချေ။ချန်လုံးတိုက်ခိုက်ရေး လုပ်ငန်းဌာနချုပ်ကို တိုက်ရိုက်သွားခဲ့ပြီး ပြဿနာ စောစောရှာခဲ့သည်။
"ခင်ဗျား ဘာလုပ်မလဲ"
ကျန့်ရီက မေးသည်။
"အဲဒါဖြစ်နေပြီးပြီဆိုတော့ အရေးကြီးဆုံးက အဲဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားဖို့ပါပဲ"
"အရင်တုန်းက ဒီလိုမျိုး ဖြစ်ခဲ့ရင် ဘယ်လို ဖြေရှင်းခဲ့လဲ"
ကျန်းကျန့်က မေးလိုက်သည်။
ကျန့်ရီက မျက်ခုံးပင့်လိုက်ပြီး ဆို၏။
"ကိုယ့်ရဲ့ ကံဆိုးမှုကို ဝန်ခံပြီး အဲဒါကို ပြင်ဆင်ဖို့ တခြားနေရာကို ရှာတာ"
သူတို့ကို ပြဿနာရှာနေသည့်သူတွေကို သူတို့သိပြီးသားဖြစ်ပေမဲ့ ယခုလိုဖြစ်ရပ်မျိုးမှာ တရားမျှတမှုရရန် နည်းလမ်းမရှိခဲ့ပါချေ။ဤလူတွေကို တိုက်ရိုက်ရင်ဆိုင်လျှင်ပင် ဤလူတွေက အများဆုံး သူတို့၏ လက်အောက်ငယ်သားတချို့အပေါ် အပြစ်လွှဲချပြီး လက်လွှဲပေးလိမ့်မည်ဖြစ်ပြီး ယင်ူကအဓိပ္ပါယ်မရှိပေ။
ယခုလိုကိစ္စတွေနှင့် ကြုံဖူးနေကျ ကျန့်ရီက ဖြည်းဖြည်းချင်း လက်စားချေရန် သူ့အစီအစဉ်ကို ချရေးလေ့ရှိ၏။
လူကြီးလူကောင်းတစ်ယောက်အတွက်ဆယ်နှစ်ကြာပြီးနောက်မှာပင် လက်စားချေဖို့ အချိန်မနှောင်းသေးပေ။
"ဒီလူတွေက ဖြေရှင်းရ မလွယ်ပေမဲ့ သူတို့ဘယ်သူလဲဆိုတာ ကျွန်တော်တို့သိထားပြီးသားဆိုတော့ သူတို့ကို သင်ခန်းစာတချို့ အမြဲပေးပြီး သူတို့ရဲ့ဘဝကို သည်းမခံနိုင်အောင် လုပ်လို့ရတယ်"
ကျန့်ရီက ဆက်ပြောသည်။
"အဲဒါက အချိန်ကုန်လွန်းတယ်"
ကျန်းကျန့်က ရုတ်တရက် ပြောလိုက်သည်။
"ကျုပ်မှာ အာဃာတတွေ ရှိခဲ့မယ်ဆိုရင် ယေဘုယျအားဖြင့်တော့ ကျုပ်က ချက်ချင်းလက်တုံ့ပြန်တာကို ပိုသဘောကျတယ်"
ကျန့်ရီ အံ့အားသင့်သွားပြီး ကျန်းကျန့်က... အံ့သြစရာကောင်းသည့် တစ်ခုခု ထပ်လုပ်တော့မည်ဟု သူ ခံစားလိုက်ရ၏။
ဖုချောင်မှာ လျူပိုင်ထုန်ဟူအမည်ရသောပင်လယ်ကုန်သည်တစ်ယောက်ရှိသည်။
အစပိုင်းတွင် သူသည် ကျန်းကျန့်ကိူ သင်္ဘောများရောင်းသော်လည်း ကျန်းကျန့်က ပိုပိုတိုးတက်လာပြီး ကျန်းကျန့်အပေါ် သူ၏အမြင်ကို ထပ်ခါတလဲလဲ ပြောင်းလဲပစ်ခဲ့သည်။
ဤကျန်းကျန့်ကို ကျန့်မိသားစုမှ ကျောထောက်နောက်ခံပြုထားသောကြောင့် သူ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်သည် အလွန်ပြင်းထန်သည်။ယခုအချိန် ဂရုမစိုက်လျှင် သူ့မိသားစု၏ ပင်လယ်လုပ်ငန်းကိုပင် အနာဂတ်မှာ ဆက်လုပ်နိုင်တော့မှာ မဟုတ်ပေ။
ထို့အပြင် သူ၏ဇနီးသည် မူလဆားကုန်သည်တစ်ဦးဖြစ်သည့် ချန်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။
သူ့ဇနီး၏အမေဘက်မှမိသားစုက သူ့ကိုအကူအညီအများကြီးပေးနိုင်ခဲ့သည်။ယခုသူတို့ကို ကူညီရန် သူ့ကိုတောင်းဆိုထား၏...သူ ကျန်းကျန့်ကို မျက်နှာကောင်းပြနေသေးသည်ကမှ ထူးဆန်းနေပေလိမ့်မည်။
ကံမကောင်းစွာပဲ သူ ကျန်းကျန့်ကိုကိုင်တွယ်ရန် ကြိုးစားသည့်အခါ အဆုံးမှာ မအောင်မြင်ခဲ့ပါချေ။ကျန်းကျန့်၏သင်္ဘောများကို မီးရှို့ခြင်းမပြုနိုင်ခဲ့ပေ။
သူတို့၏အစီအစဉ် မအောင်မြင်သည့်အတွက် ကျန်းကျန့်ကိုဖြေရှင်းရသည်က လွယ်ကူမှာ မဟုတ်ပေ…လျူပိုင်ထုန် ဘာထပ်လုပ်ရမလဲတွေးနေချိန်မှာ သူ့မိသားစု၏ အိမ်စေ အိမ်ပြင်ဘက်ကမေ ရုတ်တရက် ပြေးဝင်လသည်။
"သခင် မကောင်းတော့ဘူး"
"မင်းရဲ့သခင်ဒီမှာရှိတယ်"
လျူပိုင်ထုန်က အိမ်စေကိုစိုက်ကြည့်ပြီးဆိုလိုက်၏။
"ဘာကိစ္စရှိလို့လဲ"
"သခင်...တစ်ယောက်ယောက်က ငါတို့အိမ်တံခါးကို ကြက်သွေးနဲ့ ပက်သွားတယ်"
လျူပိုင်ထုန်၏အိမ်စေက ပြောသည်။
"ဒါက ဘာအကြောင်းလို့ထင်လဲ... သူတို့ ဒေါသကို ဖြေဖျောက်ရုံပဲ ဖြစ်ကောင်းဖြစ်မယ်……"
လျူပိုင်ထုန်ပြောပြီးကာစရှိသေး တစ်ယောက်ယောက် အပြင်ကနေ ပြေးလာပြီးဆိုသည်။
"သခင်...သခင်လေ
း ဒီနေ့ ကျောင်းကပြန်လာတော့ မျက်လုံကိုအဝတ်နဲ့စီးပြီး လူအရိုက်ခံလိုက်တယ်"
"ဘာ..."
လျူပိုင်ထုန်အံ့သြသွား၏။
အဲဒီကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း...ဒါက ဘာကိုဆိုလိုတာလဲ...