Chapter 226
စစ်တပ်ရိက္ခာများသယ်ယူပို့ဆောင်ခြင်း
ကျန်းကျန့်က တခြားဘာဖြစ်ချင်နေရမှာလဲ။
သေချာပေါက် သူ့ကိုယ်ပိုင်နည်းလမ်းနှင့် ဖြေရှင်းနေခြင်းပင်။
ဤလူများက သူ့လူကိုလာဘ်ထိုးပြီး ပိုင်ဆိုင်မှုများထံ ခြေလှမ်းလှမ်းလာကာ သူ့မိသားစုကိုပင် အန္တရာယ်ပေးရန်ကြိုးစားလာကြသည်။ဘာလို့ သူကလည်း အတူတူပြန်မလုပ်ရမှာလဲ။
သူ့လက်ထဲတွင်ရှိသောလူများက ထိုလူထက် များလေသည်။
ကျန်းကျန့်က ရန်ကိုရန်ခြင်းတုန့်ပြန်တတ်သည့်လူစားဖြစ်၍ ကြက်သွေးဖြန်းပြီးလူရိုက်ခြင်းက ပါးပါးလေးသာ။
လျူပ်ိုင်ထုန်လက်အောက်တွင် သင်္ဘောကျင်းလုပ်ငန်းများရှိပြီး သင်္ဘာတည်ဆောက်သူများလည်း ရှိသည်။ထိုသင်္ဘောဆောက်သည့်သူများက ဝမ်မိသားစုလောက် လက်ရာမကောင်းသော်လည်း အတန်အသင့်ကောင်းမွန်လေသည်။ဤသင်္ဘောကျင်းလုပ်ငန်းကြောင့် သူက ဝမ်ရှင်းစီရင်စုတွင် အာဏာအရှိဆုံး ပင်လယ်ကုန်သည်တစ်ယောက်ဖြစ်လာသည်။
သို့သော်လည်း တစ်ရက်တည်းနှင့် သူ့လက်အောက်ရှိသင်္ဘောတည်ဆောက်သူများက ညသန်းခေါင်တွင် ပျောက်သွားကြသည်....။
ထို့ပြင် သင်္ဘောတည်ဆောက်သူများ၏မိသားစုများပင် ပျောက်သွားကြသည်။
လျူပိုင်ထုန်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို သူသားအားရိုက်သည့်အတွက် စိတ်တိုနေဆဲအချိန် ထိုသတင်းကိုကြားပြီးနောက် ဆက်ပြီးထိုင်မနေနိုင်တော့။
ကျန်းကျန့်ကိုယ်ရံတော်လုပ်ငန်းပဲ..။သေချာပေါက် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းပဲ ...။
အလုပ်သမားမရှိပဲ သူ့သင်္ဘောကို ဘယ်လိုဆောက်ရမှာလဲ။
“တစ်ယောက်ယောက်...ရထားလုံးသွားပြင်"လျူပိုင်ထုန်က ကျင်းကျန့်ကိုဆန့်ကျင်ရန်အတွက် တစ်ကိုယ်တည်းမလုပ်ဆောင်ချေ။ကျန်းကျန့်က ဘာမှဖြစ်သွားမှာမှမဟုတ်တာ သူဘာလို့ဇွဲကောင်းနေရမှာလဲ။
လျူပိုင်ထုန်က ကျန်းကျန့်ကို တွေ့ချင်နေစဥ်မှာပဲ အခြားသူများကလည်း တွေ့ချင်နေကြသည်။
ပင်လယ်ကုန်သည်များနှင့် ဆားကုန်သည်များက ကျန်းကျန့်နှင့်ကျောက်ကျင်းကောကိုရှာရန် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းထံ လာကြသည်။
သို့သော်လည်း ကျန်းကျန့်က တစ်ဦးမှတွေ့ဆုံခြင်းမရှိပါချေ။
ဒီလူတွေက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ထားကြတာ...သူက ဘာလို့ထွက်တွေ့ရမှာလဲ။
ကျန်းကျန့်က သူတို့ကိုထွက်မတွေ့သော်လည်း သူ့လူယုံများလွှတ်ပြီး ပြဿနာနည်းနည်းရှာခိုင်းလိုက်သည်။
သူ၏လူများအဖမ်းခံရမည်စိုး၍ အခြားသူများအား သတ်လည်းမသတ်သလို ထိခိုက်အောင်လည်းမလုပ်ခဲ့ချေ။သို့ပေမယ့် သူက အချို့မိသားစုများအေးအေးချမ်းချမ်းမအိပ်နိုင်အောင် လုပ်ခဲ့လေသည်။
ထိုမိသားစု၏အစေခံများ စျေးဝယ်ထွက်ချိန် တစ်ခုခုကြုံခဲ့ရစမြဲပင်။ဟင်းသီးဟင်းရွက်ပုပ်များ၊ကြက်ဥပုပ်များနှင့်ပစ်ပေါက်ခြင်းက အခံရအများဆုံးအရာဖြစ်သည်။
သူတို့အိမ်ထဲသို့ ကြွက်များနှင့်နံစော်နေသောငါးများလွှင့်ပစ်လိုက်၍ ကြာကန်ကြီး ညစ်ပတ်သွားလေသည်။
အချို့အိမ်များမှာ ညလယ်တွင် ဆန်းကြယ်သောအရိပ်မည်းကြီးများက အမဲလိုက်နေသလိုခံစားရသည်။
လျူပိုင်ထုန်က ကောင်းကောင်းအိပ်မပျော်၍ မျက်လုံးများရဲနေစေကာမူ ထိုအခြေအနေကို သူလည်းဘာမျှမတတ်နိုင်။
လူများက ကိုယ်ပိုင်မျက်လုံးနှင့်မြင်လိုက်ရသည်ချည်းသာ။
“အဲ့ဒီဘော့စ်ကျန်းက တကယ်သန်မာတာပဲ"ယန့်ကျီမြစ်တောင်ပိုင်းမှစီးပွားရေးလုပ်ရန်လာသည့် လော့ထျန်းကျစ်က စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေသည်။သူက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကြီးပွားနေသည့်အကြောင်း ကြားသာကြားဖူးသော်လည်း မြင်လိုက်ရသည့်တစ်ခဏ....။
ဝေရှင်းစီရင်စုတွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများက နေရာတိုင်းတွင် ရှိလေသည်။
လော့ထျန်းကျစ်က ပျော်ရွှင်နေစဥ် သူနှင့်အတူပါလာသည့် ဂုဏ်သရေရှိပုံစံနှင့်သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပြောလိုက်သည်။
"ဒီကျန်းကျန့်က နောက်ထပ်ချန်ယုံကျန်းတော့ မဟုတ်လောက်ဘူး"
“တော်ဝင်တရားရုံးတော်က လူအိုကြီးတွေသာ အမြင်ချို့တဲ့နေတာမဟုတ်ရင် ဘာကြောင့်သူ့ကို ဒီလိုအခြေအနေမျိုးရောက်အောင် တွန်းပို့ခဲ့မှာလဲ"လော့ထျန်းကျစ်က ဆိုလိုက်သည်"သူတို့သာ ချန်ယုံကျန်းကို ကောင်းကောင်းလှည့်စားနိုင်ခဲ့တယ်ဆိုရင် ဒီတစ်ကြိမ်မှာလဲ တချီမှာ ရေတပ်အင်အားအပြည့်ရှိလိမ့်မယ်"
“မင်း အဲ့လိုပြောလို့မရဘူးလေ"သက်လတ်ပိုင်းအမျိုးသားက ဆိုလာကာ:"ချန်ယုံကျန်းက ပွင့်ပွင့်လင်းလင်းပဲ ဘုရင်ဆိုတဲ့ခေါင်းစဥ်တပ်ပြီး အခိုင်အမာပြောခဲ့တာလေ....ဒါက တော်ဝန်တရားရုံးတော်ကို လှည့်စားတာမဟုတ်ပဲ တိုက်ရိုက်ကို အရှက်ခွဲလိုက်သလိုပဲ"
လော့ထျန်းကျစ်က သူ့မိတ်ဆွေကောင်းကြီးသည် သစ္စာရှိသည့်မျိုးချစ်တစ်ယောက်ဖြစ်ကြောင်း သိထား၍ ထပ်ပြီးမဆိုတော့။ထိုအစား မေးသာမေးလိုက်သည်
:"မင်း ကျန်းကျန့်ကို သွားတွေ့အုံးမှာလား"
သက်လတ်ပိုင်းအမျိုးသားက တစ်ခဏမျှစဥ်းစားလိုက်ပြီး ခေါင်းညိမ့်ပြလာသည်:"အင်း..."
ကျန်းကျန့်က လော့ထျန်းကျစ်၏ဖိတ်စာကို ရလိုက်ချိန် အနည်းငယ် အံ့သြသွားမိသည်။
ဤလော့ထျန်းကျစ်က ဝေရှင်းစီရင်စုတွင်နေသည်မှာ အချိန်ကြာပြီဖြစ်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်လေသည်။သို့သော်လည်း မမျှော်လင့်ထားစွာ ဤတစ်ကြိမ်မှသာ သူ့ကိုလာတွေ့ခြင်းဖြစ်သည်။
ကျန်းကျန့်နှင့်လော့ထျန်းကျစ်တို့က တွေ့ဆုံဖူးသည့်မိတ်ဆွေများပင်။
လော့ထျန်းကျစ်မှာ ယခင်က ပင်လယ်ဓါးပြများကြောင့် အစာပြတ်လတ်ခဲ့ကာ ပိန်ပါးခဲ့သော်လည်း ပြန်ဝလာပြီဖြစ်သည်။ဝလွန်း၍ ကျန်းကျန့်က သူ့ကိုတွေ့လိုက်ရချိန် သွေးထဲသကြားဓါတ်များနေပြီး သွေးဖိအားများနေသည့်ပုံစံဟု တွေးမိသည်။
လော့ထျန်းကျစ်နှင့်အတူ နောက်ထပ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ပါလာကာ ထိုသူက ကျန်းကျန့်အား စူးစမ်းသည့်အကြည့်နှင့်ကြည့်နေသည်။
“ဘော့စ်ကျန်း...ကျုပ်တို့ဒီလာရတာက ဘော့စ်နဲ့ပူးပေါင်းချင်လို့ပါ"ကျန်းကျန့်ကိုတွေ့သည်နှင့် လော့ထျန်းကျစ်က ချက်ချင်းပြုံးပြကာ ဆိုလာသည်:
"မဟုတ်ဘူး..ပူးပေါင်းတာမဟုတ်သေးဘူး..ကျင်းကျန်ကိုယ်ရံတော်လုပ်ငန်းကို ကျုပ်တို့ကုန်တွေပို့ချင်လို့ လာငှားရတာပါ"
“ဘာတွေ သယ်ယူပို့ဆောင်ချင်တာလဲ"ကျန်းကျန့်က မေးလာသည်။
“အစားအစာနဲ့မြက်ပင်တွေပါ" လော့ထျန်းကျစ်က ကျန်းကျန့်အံ့သြသွားစေမည့်စကားပြောလာသည်။
တချီတွင် တရားရုံးတော်က ဆားကဲ့သို့ပစ္စည်းများကို ထိန်းချုပ်ထား၍ အစေ့အနှံများကိုလည်း သေချာပေါက်ထိန်းချုပ်ထားပေမည်။ဥပမာအနေနှင့် သူတို့က ကူးသန်းရောင်းဝယ်လေ့ရှိကြသော အစေ့အနှံများကို တားဆီးပိတ်ပင်ထားကြသည်။
"သခင်ကြီးလော့က ဘယ်သူများပါလိမ့်"ကျန်းကျန့်က မေးလာသည်။
“ကျုပ်က ကုန်သည်လေးပါပဲ..ဒီကသာ သခင်ကြီးပါ"လော့ထျန်းကျစ်က သူ့ဘေးရှိ သက်လတ်ပိုင်းအမျိုးသားကို ညွှန်ပြလာသည်။
အမှန်တွင်ဖြင့် လော့ထျန်းကျစ်ကလည်း အဆင့်အတန်းတစ်ခုရှိလေသည်။သူက အရာရှိမိသားစုမှ သားတစ်ယောက်ဖြစ်သော်လည်း သူ၏အဖေက စီရင်ချက်ချခံလိုက်ရ၍ သူသည်လည်း အပြစ်သားဖြစ်လာရသည်။
သို့သော်လည်း သူ့တွင် မိတ်ဆွေကောင်းတစ်ယောက်ရှိလေသည်။သူ့ဘေးကလူမှာ သူ့အားကာကွယ်ရန်အကောင်းဆုံးကြိုးစားခဲ့ပြီး ဖြောင့်မတ်ပညာရှိသည့် မင်းသားတစ်ပါးနှင့်မိတ်ဆက်ပေးခဲ့သည်။
သူက ထိုမင်းသားနောက်လိုက်ပြီး စီးပွားရေးစလုပ်ခဲ့ကာ လုပ်ရည်ကိုင်ရည်ရှိသည့်အတွက် မင်းသား၏အာရုံစိုက်မှုအပြည့်ရခဲ့လေသည်။
သေချာပေါက် သူက သာမန်ကုန်သည်လေးတစ်ယောက်သာဖြစ်သည်။သူက ထိုသို့အစေ့အနှံများကူးသန်းရောင်းဝယ်ရေးတွင် ဝင်ရောက်မစွက်ဖက်နိုင်သော်လည်း သူ့မိတ်ဆွေကောင်းကြီးက သူနှင့်မတူပေ။
လော့ထျန်းကျစ်က သူတို့အား မိတ်ဆက်ပေးလာသော်လည်း သူ့ဘေးရှိ သက်လတ်ပိုင်းအမျိုးသား၏ဇာတ်မြစ်ကို ပြောပြလာခြင်းမရှိချေ။သို့သော်လည်း သူက အနည်းနှင့်အများ သဲလွန်စအချို့ပြလာသည်။ စကားကြာကြာပြောပြီးသည်နှင့်သူတို့ ယန့်ကျီမြစ်တောင်ပိုင်းသို့လာရခြင်းအကြာင်းရင်းကို ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။
သူတို့ယခုအကြိမ်ရောက်လာရခြင်းက လျောင်တုံးသံမဏိမြင်းစီးသူရဲများအတွက် စစ်တပ်ရိက္ခာများလာဝယ်ရန်ဖြစ်သည်။
ယခင်မင်းဆက်များတွင် တရားရုံးတော်က အစေ့အနှံများကို အခွန်ကောက်ခံခဲ့သည်။သို့သော်လည်း ပြီးစီးခြင်းမရှိစွန့်စားလွန်းရာကျ၍ တချီလက်ထက်ရောက်သော် ပြောင်းသွားလေသည်။
ယခုတချီက အခွန်အနေနှင့် ငွေတုံးများသာစုဆောင်းလေသည်။
ဤနည်းနှင့် နေရာတော်တော်များများတွင် ပိုပြီးအဆင်ပြေလာသော်လည်း အချို့နေရာများတွင် ပြဿနာရှိလာသည်။
ဥပမာအနေနှင့် စစ်တပ်ရိက္ခာများလက်ကိုင်ထားနိုင်ရန် ခက်ခဲလာသည်။
လောင်တုန်းသံမဏိမြင်းစီးသူရဲများမှာ တချီရှိ လက်ရွေးစင်စစ်သည်များထဲမှဖြစ်ပြီး တစ်နှစ်လျှင် ငွေတစ်သန်းနှစ်သန်းခန့်ရလေသည်။တစ်ချို့အချိန်များတွင် အစာပြတ်လတ်မှုကြောင့် အခက်ကြုံရသည်။
သူ့ရှေ့မှ သက်လတ်ပိုင်းအမျိုးသားက လောင်တုန်းသံမဏိမြင်းစီးသူရဲများအတွက် အစားအစာနှင့်မြက်ပင်များဝယ်ရန် ယန့်ကျီမြစ်တောင်ပိုင်းသို့ လာခြင်းဖြစ်သည်။
“မြစ်ကြောင်းနဲ့ဆို သယ်ပို့ဖို့ ငွေကုန်ကြေးကျများမှာ...ကျုပ်တို့ ပင်လယ်လမ်းအတိုင်းသွားဖို့ မျှော်လင့်မိတယ်"လော့ထျန်းကျစ်က ဆိုသည်။
“ပင်လယ်လမ်းနဲ့လား...."ကျန်းကျန့်က အံ့သြသွား၍ မျက်ခုံးပင့်မိသည်။ဤတော်ဝန်တရားရုံးတော်တွင် ပင်လယ်နှင့်ပတ်သတ်ပြီး တားမြစ်ချက်ရှိသည်။
“ဘော့စ်ကျန်း...ဒီပင်လယ်ကို တားမြစ်ထားတဲ့ဟာက စာရွက်ပေါ်မှာပဲရှိတာပါ..အဲ့ဒါနဲ့ပတ်သတ်ပြီး ရှင်းလင်းမှာပါနော်"
လော့ထျန်းကျစ်က ဆိုလိုက်သည်။သူက အခြားအကြောင်းပြချက်များလည်း မပြောပြရဲပေ။
လောင်တုန်းသံမဏိမြင်းစီးသူရဲများက သန်မာလွန်း၍ စည်းမျည်းများလည်း ဂရုစိုက်နေကြမည်မဟုတ်ချေ။
“ကျုပ်စဥ်းစားပါအုံးမယ်"ကျန်းကျန့်က ဆိုသည်။
ကျန်းကျန့်က လော့ထျန်းကျစ်ကို လိုက်ပို့ပေးပြီးသည်နှင့် ကျန့်ရီထံသွားပြီး လောင်တုန်းသံမဏိမြင်းစီးသူရဲများအကြောင်း မေးလိုက်ကာ နောက်ဆုံးသဘောတူလိုက်သည်။
ယခုမူ မြောက်ပိုင်းမှရုန်လူမျိုးများကလည်း တချီအား တငမ်းငမ်းကြည့်နေချိန်ဖြစ်၍ သူတို့ကိုထိန်းထားနိုင်ရန်က လောင်တုန်းသံမဏိမြင်းစီးသူရဲများအပေါ် မူတည်လေသည်။လောင်တုန်းသံမဏိမြင်းစီးသူရဲများမှာ အစားအစာနှင့်မြက်များပြတ်လတ်နေကြ၍ သူတတ်နိုင်သရွေ့ ကူညီရမည်ဖြစ်သည်။
ထို့ပြင် သင်္ဘောလက်သမားများကြောင့် သူ့တွင် သင်္ဘောများများစားစားရှိလာသည်။
မှန်ပေသည်...ထိုသင်္ဘောလက်သမားမှာ ကျန်းကျန့်သယ်ထုတ်လာသည့်သူများဖြစ်သည်။
ပထတွင် သူက ထိုသင်္ဘောလက်သမားများကို ဆွဲဆောငွယူရန်ကြိုးစားခဲ့သော်လည်း ကံမကောင်းခဲ့။သို့သော်လည်း သူစိတ်တိုလာချိန် ချက်ချင်းဖမ်းထားလိုက်သည်။
ယခုအချိန်တွင် ဤသင်္ဘောလက်သမားအားလုံးကို ပင်လယ်ကမ်းခြေဘက်ပို့ထားလိုက်လေပြီ။
စစချင်းတွင် ဤသင်္ဘောလက်သမားများက ကြောက်နေကြသော်လည်း မကြာမီ ကျန်းကျန့်လက်အောက်တွင် နေသားကျသွားကြကာ အဆင့်နိမ့်လက်သမားများပင် အလုပ်လုပ်စရာများပြီး ကောင်းကောင်းဆက်ဆံခံရလေသည်။
အခြားနေရာများတွင် ဤသင်္ဘောလက်သမားများက အစေခံနှင့်မခြားဖြစ်၍ စာချုပ်စာတန်းများလိုသော်လည်း ကျန်းကျန့်လက်အောက်တွင်က ကွာခြားလေသည်။
ကျန်းကျန့်က ပညာရှင်များမှာ ကောင်းကောင်းဆက်ဆံခံရသင့်သည်ဟုတွေးထား၍ ဤလက်သမားများအပေါ်ကောင်းပေးလေသည်။ထိုလက်သမားများကလည်း ကျန်းကျန့်လက်အောက်တွင်နေရသည့်ဘဝက ပိုကောင်းမှန်းသိသွားကြ၍ ကျန်းကျန့်လက်အောက်တွင် အေးအေးလူလူအလုပ်လုပ်ကြတော့သည်။
ထို့ပြင် ကျန်းကျန့်က အပိုဆုကြေးများပေး၍ သင်္ဘောဆောက်ရာတွင် ပိုပြီးစိတ်အားထက်သန်လာကြသည်။
ဤနှစ်တွင် ပင်လယ်ကုန်သည်ချန်ယုံကျန်းက ရုကရုဘုရင်ဖြစ်လာခဲ့သည်။
ဤနှစ်တွင် ကျန်းကျန့်က ပြဿနာအချို့ကြုံခဲ့ရသော်လည်း မြန်မြန်ဖြေရှင်းလိုက်နိုင်သည်။
ဤနှစ်တွင် ကျန်းကျန့်က လောင်တုန်းသံမဏိမြင်းစီးသူရဲများအတွက် အစေ့အနှံနှင့်မြက်ပင်များပို့ပေးရသည့်အလုပ်ကို လက်ခံလိုက်သည်။
ထိုနှစ်မှစ ကျန်းကျန့်က သူသင်္ဘောများနှင့်ပင်လယ်သို့ သွားခြင်းမရှိတော့ကာ နောက်လိုက်များကို စီမံကွပ်ကဲသည့်နေရာတွင်သာ အာရုံစိုက်ထားလေသည်။
မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ကုန်သွားလေပြီ။
ထိုသုံးနှစ်အတွင်း ကိစ္စတော်တော်များများဖြစ်သွားခဲ့ပြီး ကျန်းကျန့်အား စိတ်မကောင်းဖြစ်ရဆုံးအရာက ပင်လယ်ကုန်သည်ချန်ယုံကျန်း၏ ကိစ္စပင်။
ချန်ယုံကျန်းက ရုကရုဘုရင်ဖြစ်လာသော်လည်း ပုန်ကန်ခဲ့ခြင်းမရှိချေ။အစောပိုင်းတွင် သူက တချီမှထွက်သွားရခြင်းမှာ နယ်ခံအရာရှိများက သူ့သင်္ဘောစုအား ဖယ်ထုတ်ပစ်ချင်ကြပြီး သူ့အားလုပ်ကြံရန်လူများပင် လွှတ်ခဲ့သောကြောင့်ဖြစ်သည်။
သို့သော်လည်း သူက တရားမျှတမှုကို လိုချင်နေဆဲဖြစ်၍ ဤအားနည်းချက်က မကြာမီ တော်ဝင်တရားရုံးတော်မှ အသုံးချခြင်းခံလိုက်ရသည်။
ဧကရီမယ်တော်ကြီးက ချန်ယုံကျန်းနှင့်ပုဂ္ဂိုလ်ရေးကိစ္စဆွေးနွေးရန် မင်းနန်စီရင်စုသို့ အရာရှိများလွှတ်လိုက်ကာ ချန်ယုံကျန်း၏ဖမ်းဆီးထားသော မိသားစုဝင်များနှင့် ဆွေမျိုးမိတ်ဆွေများအား ရုကရုသို့ပို့ပေးလာသည်။ထို့နောက် ချန်ယုံကျန်း၏တောင်းဆိုချက်များကို သဘောတူသည့်အနေနှင့် တရားဝင်ဖိတ်ကြားလာသည်။
ချန်ယုံကျန်းက သူတို့နှင့်တွေ့ရန်သဘောတူလိုက်ပြီး ထိုအရာရှိနောက်မင်းနန်စီရင်စုသို့လိုက်ခဲ့ကာ သူ့လူများပါ ပို့ပေးလာကြသည်။သို့သော်လည်း သင်္ဘောပေါ်မှဆင်းလိုက်ပြီး ဝေါယာဥ်ပေါ်ထိုင်လိုက်သည်နှင့် အကျဥ်းထောင်သို့ ခေါ်သွားခြင်းခံရသည်။
ကျန်းကျန့်က ဤသတင်းကိုကြားကြားချင်း မျက်ခုံးကြောတို့တွန့်သွားရသည်။
သူက တိုင်းတစ်ပါးကုန်သည်များနှင့် ကြုံတွေ့လိုက်ချိန်မှစ ထိုကုန်သည်များက တချီနားတစ်ဝိုက်တွင် မကြာခဏပေါ်လာကြသည်။
ပင်လယ်ရေကြောင်းခရီးလမ်းနှင့် အချို့နေရာများတွင် ဝင်ထားပြီးဖြစ်ကြောင်း ယုံမှားဖွယ်မရှိချေ။
တချီက တစ်စိတ်တစ်ဒေသဖြစ်နေသော်လည်း ချန်ယုံကျန်းကိုဖမ်းထားလိုက်ကြသည်။
ချန်ယုံကျန်းကိုဖမ်းထားလိုက်ရုံမက ချန်ယုံကျန်း၏လူများကိုပါ သိမ်းသွင်းရန်ကျရှုံးခဲ့၍ ပြဿနာအချို့ဖြစ်သွားရသည်။
ဂျပန်လူမျိုး ကျူးကျော်သူများပင်။
ဂျပန်လူမျိုးကျူးကျော်သူများက ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါ်လာကြသည်။ထိုနာမည်ကြီးလှသည့် ဂျပန်လူမျိုးကျူးကျော်သူများက ချန်ယုံကျန်း၏စစ်အင်အားဖြစ်လေသည်။
အစောပိုင်းတွင် ချန်ယုံကျန်းက ပင်လယ်ဓါးပြအုပ်စုများကိုဖြိုခွဲလိုက်၍ သူ၏ကိုယ်ပိုင်သင်္ဘောစုက ပိုမိုအားကြီးလာရကာ သူ့လက်အောက်အလုပ်လုပ်သူပင် တစ်သန်းခန့်ရှိလေသည်။သို့သော်လည်း ယခုတွင် သူမရှိတော့၍ လက်အောက်ကလူများ ကစဥ့်ကလျားဖြစ်ကုန်ကြကာ ပင်လယ်ဓါးပြဟောင်းမျ
ားကလည်း ယခင်ဓါးပြဘဝပြန်ရောက်သွားကြသည်။
ထိုသူများအထဲတွင် တချီရှိ ပင်လယ်ကုန်သည်များမှအလုပ်ခန့်ထားကြသည့် ရိုနင်များရှိသော်လည်း ယခုတွင် ထိုသူများက ဦးတည်ချက်မရှိတဝဲလည်လည်ဖြစ်နေကြသည်။