အပိုင်း ၂၂၇
Viewers 32k


Chapter 227

- ဂျပန်လူမျိုးကျူးကျော်သူများကို ဖမ်းမိခြင်း




ဝေရှင်းစီရင်စုက ပိုပိုစည်ကားလာလေသည်။


မိသားစုကြီးများက လယ်ယာများစုစည်းသိမ်းယူလိုက်၍ လယ်သမားများမှာ နည်းလမ်းရှာကြရသည်။သို့သော်လည်း ယန့်ကျီမြစ်တောင်ပိုင်းကမူ ကြီးပွားတိုးတက်နေပြီး ဝေရှင်းစီရင်စုက ပိုပြီးကြီးပွားဖွံ့ဖြိုးလာသည်။


လူများက စီးပွားရေးစလုပ်လာကြကာ ပင်လယ်သို့သွားကြသူများပင် ရှိလေသည်။


ပင်လယ်ကုန်သွယ်ရေးက လူများအသက်ရှင်နေထိုင်ရန် ပမာဏတစ်ခုလောက်ထိ လမ်းစပေးလေသည်။


ယနေ့တွင် ကျန်းကျန့်က ကျောက်ကျင်းကောအပါအဝင် သူ့ကလေးနှစ်ယောက်နှင့်အတူ လက်ဖက်ရည်ဆိုင်တွင် မနက်စာစားနေသည်။ 


ဝေရှင်းစီရင်စုတွင် အစားအစာပေါကြွယ်လှ၍ ကျန်းကျန့်က စုံစုံလင်လင်မှာထားလေသည်။ထိုအထဲတွင် ဘန်းမုန့်ကြော်၊ပေါက်စီသေးသေးလေးများ၊လက်ဖက်ကိတ်၊ကိတ်မုန့်အလုံးလေးများနှင့်လက်ဖက်ကြက်ဥတို့ ပါလေသည်။


ကျန်းကျန့်က ဘန်းမုန့်ကြော်၏ကြွပ်ကြွပ်ရွရွအပေါ်ယံခွံလေးစားရသည်ကို အကြိုက်ဆုံးဖြစ်သော်လည်း သူ့သမီးနှင့်သားဖြစ်သူက ဆန့်ကျင်ဘက်ပင်။


ကျောက်မင်ကျူးက သွားလဲထားဆဲကာလဖြစ်ပြီး မကြာသေးမီက ရှေ့သွားကျိုးထား၍ ဝက်သားဘန်းမုန့်ကြော်ကို မကိုက်နိုင်ချေ။ထို့ကြောင့် စား၍မရကြောင်းပြောလေသည်။


အစ်မဖြစ်သူအတိုင်းလိုက်လုပ်ရသည်ကိုကြိုက်သည့် ကျောက်ချန်ယုကလည်း သူမ မစား၍ မစားချင်တော့ပေ။


ထို့ကြောင့် ယခုအချိန် သူတို့က ပေါက်စီသေးသေးလေးများကိုသာ စားနေကြသည်။


“အဖေ...မနေ့ကလေ ဦးလေးဟယ်ရဲ့အန်းလေးက သမီးကို အနိုင်ကျင့်မလို့လုပ်တာ....အဲ့ဒါနဲ့ သူ့ကိုရိုက်ချပစ်လိုက်တယ်"ကျောက်မင်ကျူးက စားလက်စဖြတ်ပြီး ပျော်ပျော်ရွှင်ရွှင်ပြောလာသည်။


သူမပြောနေသည့် ဦးလေးဟယ်၏အန်းလေးက ဟယ်ချွန်းရှန့်၏သားဖြစ်ကာ သူမထက်အသက်ငယ်သော်လည်း ပိုအရပ်ရှည်သည့်ကောင်လေးဖြစ်သည်။


“အန်းလေးက သမီးကို အနိုင်ကျင့်တာလား...သူက သမီးကိုသဘောအကျဆုံးလားလို့... ဘယ်လိုလုပ်ပြီး သမီးကို အနိုင်ကျင့်နိုင်မှာလဲ"ကျောက်ကျင်းကောက သူ့သမီးကို မယုံသည့်နှယ် ကြည့်လိုက်သည်။


“သူက သမီးရဲ့သွားတွေကို လှောင်တယ်...သူပြောတာ သမီးက အဘွားအိုကြီးနဲ့တူတယ်တဲ့"ကျောက်မင်ကျူးက ဒေါသထွက်နေသည့် မျက်နှာနှင့်ပြောလာသည်။


သူ့သမီးလေး၏သွားမရှိသည့်ပုံစံက အဘွားအိုတစ်ယောက်နှင့် အလွန်တူနေသည်။ကျောက်ကျင်းကောက တွေးမိသော်လည်း ထုတ်မပြောရဲချေ။ 


သူသာပြောလိုက်လျှင် သူ့သမီးက စိတ်ဆိုးသွားမည်ဖြစ်သည်။


ဤအကြောင်းတွေးနေရင်း ကျောက်ကျင်းကောက အခြားကစားဖော်များအကြောင်း ကျောက်မင်ကျူးပြောနေသည်ကို ကြားလိုက်ရသည်။သို့သော်လည်း သူမပြောသည်က သူမစကားနားမထောင်သည့်ကစားဖော်များအား ဘာမျှပြောမနေတော့ပဲ ရိုက်ပစ်လိုက်ကာ သူမအား ဘော့စ်တစ်ယောက်အဖြစ် သဘောထားစေကြောင်း ဖြစ်သည်။


ကျောက်ကျင်းကော:"......."


သူက သမီးဖြစ်သူက အခြားကလေးများကို လွန်လွန်ကျူးကျူးထိခိုက်စေမည်မျိုးမဟုတ်ပဲ ညင်းပန်းမိမည်ကိုသိသော်လည်း စိုးရိမ်လာရသည်။ထို့ပြင် သူမက အားနည်းသည့်ကောင်မလေးများနှင့် ကောင်ငယ်လေးများနှင့်တွေ့သည့်အခါ ရိုက်နိုင်မည်မဟုတ်တော့ပဲ ကာကွယ်ပေးလိမ့်မည်ပင်။ 


သို့ဆိုရင်တောင် သူက ထူးဆန်းသည်ဟု ခံစားရဆဲဖြစ်သည်။


ကျောက်မင်ကျူးက သူ့သမီးဖြစ်သည်။သားမဟုတ်ချေ။


လက်မနှေးတဲ့နောက်လိုက်တွေစုနေတဲ့ မိန်းကလေးတစ်ယောက်က အဆင်ပြေပါ့မလား။   


ကျောက်ကျင်းကောက အနည်းငယ်စိုရိမ်နေသော်လည်း ကျန်းကျန့်က ပြဿနာမရှိဟု ခံစားမိလေသည်။ထိုအချိန် သူက သူ့သမီးကိုပင် ချီးကျူးမြှောက်ပင့်လိုက်သေးသည်။"အဖေ့မင်ကျူးလေးက အားအကြီးဆုံးပဲ"


ကျောက်မင်ကျူးက အလွန်ဂုဏ်ယူနေသည်။


ကျောက်ကျင်းကောက သက်ပြင်းခိုးချမိကာ ဤကိစ္စအား လွှတ်ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။


သူ့သမီးက ကလိမ်ကကျစ်လေးဆိုမှတော့ ကလိမ်ကကျစ်လေးအတိုင်းမွေးလိုက်ရုံပေါ့။သူမ လက်ထပ်လို့မရနိုင်ရင်လည်း ကိစ္စမရှိဘူး...သူခေါ်ကျွေးထားလိုက်မယ်။


နှစ်ဦးစလုံးက ကလေးများဖြစ်သော်လည်း ကောင်းကောင်းစားနိုင်ကြ၍ စားပွဲပေါ်ရှိအရာတိုင်းပြောင်လုနီးနီးဖြစ်ကုန်ကြသည်။


ထိုအချိန်မှာပင် ပုံပြောသူက ရောက်လာလေသည်။ 


“ဒီနေ့ပြောပြမယ့် ဇာတ်လမ်းလေးက ရုကရုဘုရင်အကြောင်းပေါ့နော် သူက ထောင်ထဲကို ဝေါယာဥ်နဲ့သယ်သွားခံရတာ..."ပုံပြောသည့်သူက ဇာတ်လမ်းအကြောင်းစပြောသည်နှင့် ထမင်းစားနေသူများက လက်ခုပ်တီးလာကြသည်။ 


ထိုအတောအတွင်းတွင် ယန့်ကျီမြစ်တောင်ပိုင်းတွင် နာမည်အကြီးဆုံးအကြောင်းအရာက ရုကရုဘုရင်ချန်ယုံကျန်းပင်။


ချန်ယုံကျန်းအတွက် လူအချို့က ဝမ်းနည်းမိကာ စာနာသနားကြသည်။သို့သော်လည်း လူတိုင်းက ဤလူ့အကြောင်း စိတ်ဝင်စားကြ၍ သူ့အကြောင်းအတင်းအဖျင်းများကိုလည်း နားထောင်ချင်ကြသည်။ 


“သွားကြစို့"ထိုအချိန် ကျန်းကျန့်က ထရပ်လိုက်သည်။


ပုံပြောသည့်သူက ဇာတ်လမ်းအကြောင်းပြောရာတွင် ဧည့်သည်များစိတ်ကျေနပ်စေရန်အတွက် ကျန်းကျန့်နားမထောင်ချင်သည့် အဓိပ္ပါယ်မရှိအရာများပင် ထည့်ပြောမည်ဖြစ်သည်။


သူက တက်သစ်စပင်လယ်ကုန်သည်တစ်ယောက်ဖြစ်သည့်အတွက် ချန်ယုံကျန်းနှင့်ထိတွေ့ဆက်ဆံခြင်းမရှိဖူး၍ ချန်ယုံကျန်းကလည်း သူ့အကြောင်းကြားဖူးမည်မဟုတ်ပေ။


သို့ဆိုရင်တောင် ချန်ရုန်ကျန့်၏ကိစ္စက သူ့အား စိတ်မကောင်းဖြစ်စေသည်။


သူအားနည်းချိန်က ခုခံပြောနိုင်ရန် သန်မာသည့်သူတစ်ယောက်ဖြစ်ချင်ခဲ့ဖူးသည်။သို့ရာတွင် သူသန်မာလာချိန်တွင်လည်း ပြောစရာများများစားစားမရှိကြောင်း သိလိုက်ရသည်။


သေချာပေါက် သူ့တွင် လုံလောက်သည့်အင်အားမရှိသေး၍ဖြစ်မည်။


ကျန်းကျန့်က ကျောက်ကျင်းကောကို အသိအကျွမ်းအချို့နှင့် တွေ့ပေးရန် အောက်ထပ်သို့ခေါ်သွားသည်။


“ကိုယ်ရံတော်လုပ်ငန်းက ဘော့စ်ကျန်းနဲ့ သခင်ကြီးကျောက်ပါလား...."ထိုလူအနည်းငယ်က ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့နှင့်အတူ အလုပ်လုပ်ဖူး၍ သူတို့ကိုမြင်သည်နှင့် နှုတ်ဆက်လာသည်။


“ဆိုင်ရှင်လျို...ဆိုင်ရှင်ဝမ်...."ကျန်းကျန့်က နှုတ်ဆက်လိုက်သည်။


လူများစွာက နှုတ်ဆက်ပြီးစကားလာပြောကြ၍ မကြာမီ ကျန်းကျန့်က ပြန်ရန်နှုတ်ဆက်စကားဆိုလိုက်ရသည်။ 


ထိုလူများက ကျန်းကျန့်ထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။


“ဒီကျန်းကျန့်က တကယ်အင်အားရှိတာပဲ"


“ဟုတ်တယ်....သူက လယ်သမားမိသားစုကနေ မွေးလာတာဆိုပေမယ့် သူ့မိသားစုအတွက် ပိုက်ဆံအများကြီးရှာပေးနိုင်တယ်"အခြားတစ်ယောက်က ဆိုလာသည်။


“သူ့ဘေးက ကျောက်ကျင်းကောကလည်း ....ကျုပ်ကြားတာ စာရေးနည်းကိုတောင်မသိတဲ့ သက်တမ်းရင့်အလုပ်သမားတစ်ယောက်ဆိုလား....သူက အခု ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ဦးစီးနေရတဲ့သူဖြစ်လာမယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး"


ထိုလူစုက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့အကြောင်း စိတ်အားထက်သန်စွာ ပြောနေကြစဥ် ထိုနှစ်ယောက်က အိမ်ရောက်သွားကြလေပြီ။


သုံးနှစ်ကျော်ဖြတ်သန်းပြီးနောက် ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့က အသက်ကြီးသွားကြပုံမရပဲ နေ့ရက်တိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြသည့် လူချမ်းသာများနှင့်တူကာ ပိုပြီးငယ်သွားသယောင်ရှိသည်။


ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ လက်ထပ်ချိန်တွင် သူတို့က အလွန်စိုးရိမ်ခဲ့ကြသည်။ကျန်းကျန့်က ကျောက်ကျင်းကောကို စွန့်ပစ်ခဲ့မည်စိုး၍ပင်။သို့သော်လည်း ကျန်းကျန့်က သူတို့၏သွေးသားရင်းမိသားစုကဲ့သို့ ရင်းနှီးနေပြီဖြစ်၍ ဤအကြောင်းကို စိတ်မပူတော့ချေ။


သူတို့က ကျန်းကျန့် ကိုယ်လုပ်တော်တစ်ယောက်ယူလိုက်လျှင်ပင် စိတ်ပူတော့မည်မဟုတ်ချေ။


သူတို့က ကျန်းကျန့်မှာ ကျောက်ကျင်းကောအပေါ် မည်မျှကောင်းကြောင်း တွေ့ထားပြီးဖြစ်၍ သူတို့သားထိခိုက်နာကျင်မည့်အရာ လုပ်မည်မဟုတ်မှန်းသိလေသည်။


အရေးကြီးဆုံးအရာကို ဖြတ်ကျော်ပြီးဖြစ်သည့် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ကို ကြည့်ရင်း သူတို့မှာ စိတ်ခံစားချက်ပြင်းလာသည်။


ကျန်းကျန့်နဲ့တွေ့ရတာ သူတို့ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။


“အမေ...အဖေ ကျွန်တော်တို့ မနက်ဖြန်ရောက်ရင် ပင်လယ်ဘက်ကို သွားရလိမ့်မယ်"စားသောက်ပြီးနောက် ကျန်းကျန်က ကျောက်ဖူကွေ့နှင့်သူ၏ဇနီးကို ပြောလာသည်။


“မင်းရဲ့သင်္ဘောစုက ပြန်လာတာလားလို့..."


ကျောက်ဖူကွေ့က မေးလိုက်သည်။ကျန်းကျန့်က အချိန်တော်တော်များများကို ပင်လယ်ထဲနေရင်း ကုန်ဆုံးလေ့ရှိသည်။ပင်လယ်ထဲတွင် လဝက်လောက်နေလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် သူက ရက်အနည်းငယ်အတွင်း ပြန်လာသည်။သို့သော်လည်း သူက ထွက်သွားပြီးရက်အနည်းငယ်အတွင်း ပြန်လာ၍ ထိုနေရာတွင် တစ်ခုခုဖြစ်နေသည့်ပုံ။


“သင်္ဘောစုက ပြန်လာတာမဟုတ်ဘူး...အဲ့ဒီမှာ ပင်လယ်ဓါးပြတွေရှိနေလို့"ကျန်းကျန့်က ဆိုလိုက်သည်။


ချန်ယုံကျန်းအဖမ်းခံရသည်က နှစ်လရှိသွားပြီဖြစ်၍ သူ့လူများက အထိမ်းအကွပ်မရှိ သောင်းကြမ်းနေကြပြီဖြစ်သည်။


ထိုလူများက အုပ်စုသုံးစုရှိလေသည်။


တစ်စုက ချန်ယုံကျန်းစုဆောင်းထားသည့် ပင်လယ်ကုန်သည်များဖြစ်ကြသည်။သို့သော်လည်း ချန်ယုံကျန်းမရှိတော့၍ ပင်လယ်ကုန်သည်များပြန်ဖြစ်သွားကြသည်။ဒုတိယတစ်စုက ချန်ယုံကျန်းအလုပ်ခန့်ထားသည့် ဒေသခံများအုပ်စုဖြစ်သည်။ယခုက ချန်ယုံကျန်းမရှိတော့၍ လယ်ပြန်စိုက်ရန်စီစဥ်နေကြကာ တတိယအုပ်စုက ပင်လယ်ဓါးပြများ ဖြစ်လာသည့်အုပ်စုပင်။


ကျန်းကျန့်က ဤဖြစ်ရပ်ကိုကြားပြီးချိန် အကာအကွယ်တိုးထားလိုက်သော်လည်း ရလဒ်ကမကောင်းပေ။မကြာသေးမီက သူတို့သွားသည့်ပင်လယ်ဘက်ခြမ်းတွင် ပင်လယ်ဓါးပြများရှိနေခဲ့သည်။ 


ထိုအချိန်က လမ်းတွင်ပေါ်လာသည့်ပင်လယ်ဓါးပြများက ပင်လယ်တွင်မက ကုန်းပေါ်တွင်လည်း ဓါးပြတိုက်လာ၍ သူတို့သင်္ဘောစုက ပြန်လာခဲ့ရသည်။


ပင်လယ်သို့သွားသည့်အချိန်တိုင်း ကျောက်ကျင်းကောနှင့်ကလေးများပါ ခေါ်သွားတတ်သော်လည်း ယခုပင်လယ်ခရီးက ဘေးကင်းမှုမရှိတော့၍ သူနှင့်တစ်ယောက်မှခေါ်မသွားရဲရုံမက သူပင်တစ်ယောက်တည်းမသွားရဲချေ။


သူက ပင်လယ်ကမ်းနားသို့ရောက်သည်နှင့် တစ်ယောက်ယောက်က သတင်းလာပို့သည်။"ဘော့စ်ကျန်း ...မနေ့ညက ကျွန်တော်တို့တွေ ပင်လယ်ဓါးပြတွေဆီကနေ အတိုက်ခိုက်ခံရတယ်"


“ဘာ....."ကျန်းကျန့်က သူတို့သင်္ဘောကိုပင် ဓါးပြတိုက်လိုက်ချင်သည်။ပင်လယ်ဓါးပြများအလိုအပ်ဆုံးအရာက သင်္ဘောဖြစ်နေ၍ပင်။


“ဘယ်လိုဖြစ်တာလဲ"ကျန်းကျန့်က မေးလိုက်သည်။


“ဘော့စ် မနေ့ညက အဲ့ဒီအုပ်စုက ကျွန်တော်တို့ကိုတော့ မတိုက်ဘူး....လူတွေအများကြီး ဒဏ်ရာရပေမယ့် သေတဲ့သူမရှိဘူးရယ်...ကျွန်တော်တို့လည်း သူတို့ကို ဓါးပြတိုက်လို့မရအောင် ကာကွယ်နိုင်ခဲ့လို့ အရှင်ဖမ်းနိုင်ခဲ့တယ်"ထိုလူက ပြောလိုက်သည်။


“ငါ့ကိုပြ...."ကျန်းကျန့်က ဆိုလိုက်သည်။


ကျန်းကျန့်ကို ဖမ်းထားသည့်လူများပြရန် ခေါ်သွားလိုက်သည်။


ထိုလူများအားလုံးက ဂျပန်လူမျိုးရိုနင်များကဲ့သို့ ဝတ်စားထားကြပြီး သူ့ကိုတွေ့လိုက်ရာ အသံတစီစီနှင့် ဂျပန်စကားပြောနေကြသည်။ 


ကျန်းကျန့်က ဂျပန်လူမျိုးရိုနင်များနှင့် လုပ်ငန်းအတူလုပ်ဖူးသော်လည်း သူ့လက်အောက်တွင် ဂျပန်စကားပြောတတ်သည့်သူမရှိချေ။


ယခုအချိန်တွင်မူ တချီက အင်အားကြီးနေပြီဖြစ်၍ ဂျပန်လူမျိုးရိုနင်များက တချီသို့လာရောက်ကာ တချီစကားသင်ယူကြသည်။ထို့ကြောင့် တချီပြည်သူများက ဂျပန်စကားမတတ်ကြသော်လည်း ထိုရိုနင်တို့က တချီစကားပြောနိုင်ကြလေသည်။ 


သို့သော်လည်း သူ့လူများက မပြောတတ်လျှင်ပင် ကျန်းကျန့်က ပြောနိုင်သေးသည်။


သူက ဤလူများပြောဆိုနေကြသည့် ဂျပန်လူမျိုးရိုနင်ဘာသာစကားကို နားထောင်ရင်း တစ်ခုခုမှားနေမှန်း သိလိုက်သည်။


ဤလူများထဲတွင် အနည်းငယ်ကသာ ဂျပန်လေသံစစ်စစ်နှင့် ပြောဆိုနေကြသော်လည်း အချို့က အဓိပ္ပါယ်မရှိရောက်တတ်ရာရာ ပြောနေကြခြင်းပင်။ထိုသူတို့က ဤဂျပန်လူမျိုးများမှ ရိုးရှင်းသောစကားလုံးများကို လေ့လာကာ ထိုစကားလုံးကိုသံယောင်လိုက်ပြောနေကြခြင်းဖြစ်သည်။


သူတို့က ဂျပန်လူမျိုးရိုနင်တွေလို ဟန်ဆောင်နေကြတာလား။


သတိထားမိသော ကျန်းကျန့်က အနည်းငယ် ရယ်ချင်ချင်ဖြစ်လာသည်။


ဤခေတ်မှ ပင်လယ်ဓါးပြများက သူတို့ဇစ်မြစ်ကိုဖုံးကွယ်ထားရန် တစ်ခါတစ်ရံ ဂျပန်လူမျိုးရိုနင်များဟန်ဆောင်လေ့ရှိသည်။သို့သော်လည်း သူတို့ကို ယခုတွေ့ရမည်ဟု ထင်မထားခဲ့ချေ။


“လူစကားမပြောတတ်ဘူးလား"ကျန်းကျန့်က ထိုလူများကိုကြည့်ရင်း မဲ့ပြုံးပြုံးလိုက်ကာ သူ့လူများကို ပြောလိုက်သည်။"သူတို့လျှာတွေ ဖြတ်လိုက်" 


“ဟုတ်ကဲ့....ဘော့စ်"ကျန်းကျန့်လူများက ဖြေလိုက်ကြပြီး ထိုလူများ၏လျှာကိုဖြတ်ရန် သွားလိုက်ကြသည်။


ကျန်းကျန့်မှာ ယခင်က ထိုအမိန့်မျိုးမပေးဖူးသည့်အပြင် သူ့လူများကိုလည်း အခြားသူ၏လျှာမဖြတ်ခိုင်းဖူးပေ။သို့သော်လည်း ကျန်းကျန့်က ခြောက်လှန့်ရသည်ကို ကြိုက်သည့်သူဖြစ်သည်။


ကျန်းကျန့်လူများက ဟန်ဆောင်တတ်သည့် ကျန်းကျန့်အကြောင်း ကောင်းကောင်းသိကြ၍ ယခုတစ်ကြိမ်လည်း ခြောက်လှန့်ရုံလောက်မှန်း သိလေသည်။


ဤသည်က ကျန်းကျန့်လူများသာ သိသည်ဖြစ်ပြီး ထိုလူများက မသိရှာ။


စစချင်းတွင် သူတို့က ခေါင်းမာပြီး အဓိပ္ပါယ်မရှိဗလုံးဗထွေးပြောနေကြသော်လည်း ကျန်းကျန့်လူများက ဓါးကိုင်ပြီး အနားကပ်လာသည့်အခါ ထိုင်မနေနိုင်တော့။


“မဟုတ်ဘူး ....မင်း အဲ့လိုလုပ်လို့မရဘူး"ထိုလူများက စူးစူးဝါးဝါးအော်ရင်း ထိတ်လန့်ကုန်ကြသည်။


“မင်းတို့အခု ကောင်းကောင်းပြောလို့ရပြီလား"


ကျန်းကျန့်က ဆိုလိုက်သည်။သူက လူသတ်လေ့ရှိသူမဟုတ်သည့်အပြင် ထိုပင်လယ်ဓါးပြများကလည်း သူ့လူများကို သတ်ထားခြင်းမရှိ၍ သူလည်း ဘာမှလုပ်လိုက်မည်မဟုတ်။


သို့ဆိုရင်တောင် သူက စစ်မေးရပေမည်။


“မင်း ငါတို့ကို ခြောက်လှန့်ချင်တာလား"အထဲရှိ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မေးလိုက်သည်။


ကျန်းကျန့်က ဘာမျှမပြောပဲ ပြုံးကာ သူတို့ကို ကြည့်လိုက်သည်။


ထိုလူများကလည်း ကျန်းကျန့်ကို ကြည့်နေကြစဥ် သက်လတ်ပိုင်း ထိုအမျိုးသားက ရုတ်တရက်ဆိုသည်:"ဘော့စ်ကျန်း....ကျွန်တော့်မှာ ခင်ဗျားနဲ့ သီးသန့်ပြောစရာရှိတယ်"


ကျန်းကျန့်က ထိုသူ့အားကြည့်ပြီး ပြုံးလိုက်ကာ:"ဘာပြောမလို့လဲ"ဤလူများက သာမန်ပင်လယ်ဓါးပြများနှင့် မတူချေ။


“သီးသန့်ပြောမှပဲ ရမယ်"ထိုလူက ချက်ချင်း ပြောလာသည်။


ကျန်းကျန့်က တစ်ခဏမျှစဥ်းစားလိုက်ရင်း တံခါးဘေးရှိအခန်းတစ်ခန်းသို့ သူ့အားခေါ်သွားရန် တစ်ယောက်ယောက်ကို ခိုင်းလိုက်သည်။


ထိုလူအား လက်ကိုချည်ထားရင်း ခေါ်သွားလိုက်သည်။သူက ဝင်လိုက်ပြီး တစ်ယောက်မှမရှိမှန်း စစ်ဆေးလိုက်ပြီးနောက် ပြောလာသည်:


"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း ကျွန်တော်ဝမ်ရွေ့ချောင်ပါ"


ကျန်းကျန့်က ထိုလူအား အံ့သြတကြီးကြည့်လိုက်မိသည်။ဝမ်ရွေ့ချောင်မှာ တခြားသူမဟုတ်။ချန်ယုံကျန်း၏စစ်သူကြီးများထဲမှတစ်ယောက်ဖြစ်ကာ ချန်ယုံကျန်း၏မဟာဗျူဟာများမှာ ထိုသူက ဖန်တီးထားခြင်းဖြစ်သည်။


“ခင်ဗျားသာ ဝမ်ရွေ့ချောင်ဆိုရင် ...ဘယ်လိုလုပ်ပြီး ကျုပ်ဆီ လွယ်လွယ်နဲ့ အဖမ်းခံရလိမ့်မလဲ"ကျန်းကျန့်က ထိုသူ့ကို ကြည့်ပြောလိုက်သည်။


“ကိုယ်ရံတော်လုပ်ငန်းက ဘော့စ်ကျန်း....ကျွန်တော်တို့က အသက်ရှင်ဖို့ ကြိုးစားမိရုံပါ"ဝမ်ရွေ့ချောင်က မဲ့ပြုံးပြုံးလိုက်ရင်း "ကျွန်တော်တို့က အခုတလော ခက်ခဲနေကြတာ....တော်ဝင်တရားရုံးတော်ကလူတွေက ကျွန်တော်တို့နောက်လိုက်နေကြတယ်....ချန်မိသားစုရဲ့ အရင်ခေါင်းဆောင်ကတောင် ကျွန်တော်တို့နောက်လိုက်နေကြတာ"


ဝမ်ရွေ့ချောင်၏ ထိုကာလက အလွန်ခက်ခဲခဲ့သည်။


တော်ဝင်တရားရုံးတော်ကလူများက သူတို့ကို ထိခိုက်စေချင်မှန်း ပြောရန်ပင်မလို။ချန်ယုံကျန်းမိသားစုကလည်း သူတို့ကို အန္တရာယ်ပြုချင်နေကြသည်က....။


ချန်ယုံကျန်းက ပင်လယ်ကုန်သည်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ရာ အဆက်အသွယ်များစွာရှိပြီး ငွေကြေးတော်တော်များများလည်း စုဆောင်းထားလေသည်။သူ၏အဆက်အသွယ်အချို့က သေကုန်ကြပြီဖြစ်သော်လည်း ပိုက်ဆံများကဖြင့်....။ 


ချန်ယုံကျန်း၏လူများက သူ၏ပိုက်ဆံများကို ခွဲဝေယူထားလိုက်ကြသည်။သို့သော်လည်း လူတိုင်းက ချန်ယုံကျန်းတွင် ပိုက်ဆံအနည်းသာရှိသည်က မဖြစ်နိုင်ဟု တွေးထားကြလေသည်။


ဝမ်ရွေ့ချောင်က ချန်ယုံကျန်း၏ရင်းနှီးသောမိတ်ဆွေတစ်ယောက်ဖြစ်၍ လူတိုင်းက ဝမ်ရွေ့ချောင်တွင် ချန်ယုံကျန်း၏ရတနာသိုက်သော့များရှိနိုင်သည်ဟု တွေးမိကြသည်။


လူတိုင်းက ဝမ်ရွေ့ချောင်ကို ဖမ်းချင်နေကြ၍ သူက ဤဂျပန်လူမျိုးရိုနင်အုပ်စုကြား ကတုံးရိတ်ပြီး ခေါင်းပြောင်အဖြစ်နေရုံမှအပ ရွေးစရာမရှိချေ။


နောက်ဆုံး သူက ဤဂျပန်ရိုနင်အုပ်စုကို ကြီးကြပ်ခဲ့ကာ သူတို့ကိုရိုက်လိုက်သည့် ကျန်းကျန့်နှင့် တွေ့သည့်အချိန်အထိပင်။


ထိုသို့လုပ်ရခြင်းကလည်း သင်္ဘောဓါးပြတိုက်ချင်၍မဟုတ်ပဲ ကျန်းကျန့်၏အကာအကွယ်ရချင်၍ဖြစ်သည်။


ကျန်းကျန့်က ချန်ယုံကျန်းမှာ သူ့နာမည်ကို မကြားဖူးလောက်ဟု ထင်ထားသော်လည်း ဆန့်ကျင်ဘက်ပင်။ချန်ယုံကျန်းက ကျန်းကျန့်ကိုသိလေသည်။


ချန်ယုံကျန်းမှာ လူသစ်ဖြစ်သော်လည်း ဝေရှင်းစီရင်စုရှိ အခြားပင်လယ်ကုန်သည်များကို လွှမ်းမိုးထားနိုင်သည့် ကျန်းကျန့်ကို စုံစမ်းဆေးရန်ပင် လူလွှတ်ဖူးလေသည်။


ဝမ်ရွေ့ချောင်က ကျန်းကျန့်အကြောင်း လေ့

လာမိသလောက် ကျန်းကျန့်မှာ လူမဆန်ရက်စက်မည့်ပုံပေါ်သော်လည်း သူက နည်းလမ်းကျပြီး အပြစ်မဲ့လူများကို ရန်မပြုကြောင်း သိလိုက်ရသည်။ 


သူက အဖွဲ့ကွဲသွားချိန်တွင် ပုန်းရန်နေရာရှာချင်သည့်အတွက် ကျန်းကျန့်ကို ရွေးလိုက်ရခြင်းဖြစ်သည်။