အပိုင်း ၂၂၈
Viewers 31k

Chapter 228

ပင်လယ်ဓါးပြများကို ဖမ်းမိခြင်း




သူတို့၏ဇစ်မြစ်ကို ဖုံးကွယ်ထားချင်ရုံသာဖြစ်သောကြောင့် ကျန်းကျန့်၏လူများကိုမသတ်ခဲ့ပဲ အတိုင်းအတာတစ်ခုထိသာ လုပ်ခဲ့သည်။သူတို့သာ အလုပ်ကြိုးစားလျှင် ကျန်းကျန့်က သူ့တို့ကိုမသတ်ပဲ ခိုလုံခွင့်ပေးလောက်မည်ဟု ထင်မိ၍ပင်။


အချိန်တစ်ခုထိလုပ်ဆောင်ပြီးနောက် နာမည်ကြီးနေသည့်ကာလလည်း ပြီးသွားပြီဖြစ်၍ သူ၏ကိုယ်ပိုင်နောက်လိုက်များရှာရန် သွားရတော့မည်ဖြစ်သော်ငြား ကျန်းကျန့်က သူတို့အားခြောက်လှန့်လွန်း၍ သူ့လူများပင် ကြောက်နေချေပြီ။ 


သူ့စိတ်ကိုပြောင်းလဲလိုက်ရင်း ဝမ်ရွေ့ချောင်က ဆိုလိုက်သည်:"ဘော့စ်ကျန်း...ရုကရုရဲ့ဘုရင်က အဖမ်းခံလိုက်ရပေမယ့် ရတနာတွေအများကြီး ချန်ထားခဲ့တယ်...ကျွန်တော်ပဲ နေရာပြပေးနိုင်မှာ...."


“ခင်ဗျား အဲ့ဒါကို ပြောပြဖို့မလိုပါဘူး...


"ကျန်းကျန့်က ဆိုလိုက်ရင်း:"ငါက ဂျပန်ရိုနင်တွေကို မငှားချင်မှန်း ဝေရှင်းကလူတိုင်းသိတယ်...ဒါကြောင့် ခင်ဗျားသွားနိုင်ပြီ.."


“ဘော့စ်ကျန်း..."ဝမ်ရွေ့ချောင်မှာ အံသြတကြီးဖြစ်သွားရသည်။သူက ကျန်းကျန့်ဆိုသူမှာ သူ့ရှေ့တွင် ဆွဲဆောင်မှုကြီးကြီးရှိနေသည်ကို ထူးမခြားသည့်နှယ်ပြုမူနေမည်ဟု ထင်မထားခဲ့။


ကျန်းကျန့်က သေချာပေါက် အထူးတဆန်းဖြစ်မည်မဟုတ်။သူက အခြားလူ၏ပိုက်ဆံကို လောဘမတက်မိသလို သူ့မိသားစုအတွက်လည်း ကြည့်ရပေမည်။


တော်ဝင်တရားရုံးတော်က ဝမ်ရွေ့ချောင်ကို ရှာနေကြသည်ဖြစ်ရာ အခြားသူများက သူ့အားတွေ့သွားလျှင်...။


ဝမ်ရွေ့ချောင်ကို စကားမဆိုတော့ပဲ ကျန်းကျန့်က အပြင်ထွက်ပြီး သူ့လူများကိုပြောလိုက်သည်:"ဒီလူတွေက ချန်ယုံကျန်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့အုပ်စုကပဲ...သူတို့ကို မောင်းထုတ်လိုက်...."


“ဟုတ်ကဲ့...ဘော့စ်"ကျန်းကျန့်လူများက ဝမ်ရွေ့ချောင်ကိုကြည့်လိုက်ရင်း ပြောလိုက်သည်


:"စိတ်မရှိပါနဲ့"


ဝမ်ရွေ့ချောင်၏နှလုံးက သေတော့မည့်နှယ် တစ်လှုပ်လှုပ်ခုန်နေသည်။ 


သို့သော်လည်း ကျန်းကျန့်က သူဖြစ်နေသည့်ပုံစံကို ဂရုမစိုက်ပေ။


မကြာမီ ထိုလူများကို နှင်ထုတ်လိုက်ခံလိုက်ရသည်။


ဝမ်ရွေ့ချောင်နှင့်သူ့အုပ်စုက ယာပြန့်ရွာဆိပ်ကမ်းတွင် ရပ်ရင်း သတိလစ်မတတ်ဖြစ်သွားရသည်။ 


"ဦးလေးဝမ်...သူတို့က လွှတ်ပေးလိုက်ပြီ...ကံကောင်းလို့အဆင်ပြေသွားတာ..."


အသက်ဆယ့်ခွန်ဆယ့်ရှစ်အရွယ် ကောင်လေးက ယခုမှစိတ်သက်သာရာရဟန် ပျော်ရွှင်နေသည်။


ဝမ်ရွေ့ချောင်၏မျက်နှာအမူအရာကမူ ပျော်နေပုံမပေါက်ပေ။


သူတို့က တစ်ချိန်လုံး အမဲလိုက်ခံနေရ၍ ဤနေရာတွင် နေလို့ရမည်မဟုတ်ပေ။သူတို့ ဘယ်နေရာသွားရမလဲ။


ဤသို့တွေးရင်း ဝမ်ရွေ့ချောင်က သူတို့နားချဥ်းကပ်လာသည့် ဆင်တူဝတ်စုံနှင့်လူတစ်စုကို ရုတ်တရက်တွေ့လိုက်ရသည်။


လူရှစ်ယောက်ခန့်ရှိမည်ထင်...။လူမများသော်လည်း ခံစားချက်က....


ဝမ်ရွေ့ချောင်မှာ ထိုလူများက ခြေလှမ်းကျယ်ကျယ်လှမ်းလာကြသည်ကို တွေ့လိုက်ရသည်။ထိုမျှမက တိုင်ပင်ထားခြင်းမရှိပဲ လမ်းချိုးလေးထဲ လျှောက်လာကာ ကင်းလှည့်စစ်ဆေးနေသည်။


ယခင်တုန်းက ဝမ်ရွေ့ချောင်မှာ ကျန်းကျန့်လူများက သန်မာလွန်း၍ သူ့သင်္ဘောကိုဓါးပြတိုက်ရန်ခက်ခဲကြောင်း ပြောကြသည်ကို ကြားဖူးလေသည်။


မူလက ဝမ်ရွေ့ချောင်မှာ ထိုစကားကိုအလေးမထားမိသော်လည်း မနေ့ညက သူနှင့်တိုက်ခဲ့သည်သူများကို အမှတ်ရလိုက်သည်။


မနေ့ညက ကျန်းကျန့်လူများတစ်ယောက်မှ မသေသော်လည်း သူ့လူများစွာ သေသွားခဲ့သည်။အများစုက ဂျပန်လူမျိုးရိုနင်များဖြစ်၍ သူဂရုမစိုက်ခဲ့သော်လည်း ယခုတွေးကြည့်ရင်းဖြင့်....။


ထိုလူများကြားစေ့စပ်သေချာခြင်းက အချင်းချင်းညီကြသည်။


သူက ချန်ယုံကျန်းနောက်လိုက်သည်မှာ အချိန်ကြာပြီဖြစ်သည်။ချန်ယုံကျန်းလက်အောက်ရှိလူများက ရက်စက်ကြမ်းကြုတ်သော်လည်း ကျန်းကျန့်၏လူများလောက် သေသေသပ်သပ်မလုပ်ဆောင်ချေ။ 


“မင်းက ဘယ်သူလဲ"ဝမ်ရွေ့ချောင်နှင့်အခြားသူများ၏အကြည့်ကို ကင်းလှည့်စောင့်များက သတိထားမိသွားသဖြင့် သူတို့က ရောက်လာကြပြီး ဝမ်ရွေ့ချောင်တို့အုပ်စုအား ပိတ်ဆို့ထားလိုက်သည်။


ဤဆိပ်ကမ်းဘက်က မီးလောင်ခံရလုနီးနီူဖြစ်သွားချိန်မှစ ကျန်းကျန့်မှာ ကင်းချထားလေသည်။ယာပြန့်ဆိပ်ကမ်းကိုလုပ်လိုက်ချိန်မှသာ ဝေရှင်းစီရင်စုတစ်ခုလုံး အလုံခြုံဆုံးနေရာတစ်ခုဖြစ်လာသည်။အချို့ကုန်သည်သေးလေးများက သူတို့အိမ်များပင် ဤနေရာသို့ရွှေ့လာလေသည်။ 


“ဆရာကြီးတို့...ကျွန်တော်တို့ ဒီရောက်နေတာက ဝမ်းစာရှာဖို့အတွက်ပါ....ကျွန်တော်တို့ ဒီမှာ ဘယ်လိုမျိုး ရှာဖွေနိုင်မလဲဗျ..."ဝမ်ရွေ့ချောင်က မေးလိုက်သည်။


“တချီပြည်သူတွေလား...."ထိုလူက ဝမ်ရွေ့ချောင်ကိုကြည့်ကာ ဆိုသည်:


"မင်းကိုယ်မင်း သတိထား...တအားကြီးထူးဆန်းတဲ့ပုံပေါ်မနေစေနဲ့...ဒါဆို အလုပ်တစ်ခုရှာပြီးနေလို့ရတယ်"


“ဂျပန်ရိုနင်တွေကရော..."ဝမ်ရွေ့ချောင်က ထပ်မေးလိုက်သည်။သူ့လက်အောက်တွင် လူဆယ်ယောက်သာ ကျန်တော့သည်ဖြစ်ပြီး ခြောက်ယောက်မှာ ဂျပန်ရိုနင်များဖြစ်လေသည်။


“မင်းကိုယ်မင်းသာ အရင်သတိထားနေပြီး...ငါတို့တချီဘာသာစကားကို သင်အုံး"


ထိုလူက ထပ်ပြောလိုက်ပြီး:"မင်းသာ ငါတို့တချီဘာသာစကားကို မသင်ချင်ရင် အလုပ်ကြမ်းလုပ်ရုံပဲရှိမှာ..ဒါပေမယ့် သင်လိုက်ရင်တောင် ကွာသွားမှာပေါ့"


”........"


 ဝမ်ရွေ့ချောင်ဘေးမှ ဂျပန်ရိုနင်များက တချီတွင်အနေကြာပြီဖြစ်၍ တချီစကားနားလည်လေသည်။သူတို့က ယခု စိတ်ဆိုးနေကြ၍ သူတို့အဝတ်အစားနှင့် ဂျပန်စကားပြောသည်ကို ပြောင်းမပစ်နိုင်။တစ်ဖက်မှလူက သူတို့ပြောသည်ကို နားမလည်မည်စိုး၍ တချီစကားနှင့်ပြန်ပြောလိုက်သည်:


"ငါတို့ မပြောင်းဘူး"


"မင်းတို့တကယ်မပြောင်းချင်ဘူးလား...အဲ့ဒီလူကိုကြည့်...သူကလည်း ရိုနင်ပဲ...ဒါပေမယ့် သူက ဒီနေရာမှာ အိမ်ပိုင်ယာပိုင်ဖြစ်နေပြီးတော့ မိန်းမလည်းယူထားတယ်"ကင်းစောင့်သမားက မလှမ်းမကမ်းမှ ပိုးထည်ဝတ်ထားသည့် လူချမ်းသာပုံစံ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို ညွှန်ပြလာသည်။


ကျန်းကျန့်က ဂျပန်ရိုနင်များကို မကြိုက်ရခြင်းက မှန်သည်။


သို့သော်လည်း ဤလူများက တချီနာမည်ပြောင်းပြီး တချီအဝတ်အစားများဝတ်ကာ တချီစကားပြောလာကြပါက သူက ကောင်းပေးလိမ့်မည်ပင်။


ထို့အထဲမှ ကောင်းကောင်းလုပ်ဆောင်နိုင်သည့်သူက အရှေ့ပိုင်းဒေသနှင့် လုပ်ငန်းကိစ္စအဆင်ပြေရန် ကြားဝင်ပြောပေးသူအဖြစ် အရွေးခံရနိုင်သည်။


ယခု ကင်းစောင့်သမားညွှန်ပြသည့်သူကလည်း ကျန်းကျန့်၏သင်္ဘောအသင်းတွင် ကြားဝင်ပြောပေးသူအဖြစ်အလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်သည်။


ယခုအချိန်တွင် ထိုရိုနင်ကလည်း သူ့ကိုယ်သူ ဂျပန်လူမျိုးအဖြစ် စဥ်းစားမိမည်မဟုတ်တော့။သူက တချီမှလာသူဟုထင်နေမည်ဖြစ်ပြီး သူ့ကိုယ်သူ ဂုဏ်ယူနေလိမ့်မည်။


ဝမ်ရွေ့ချောင်ပတ်လည်ရှိ ဂျပန်ရိုနင်များက ထိုလူ့ပုံစံကိုမြင်လိုက်ရာ သတိလစ်မတတ်ဖြစ်သွားလေသည်။


အဲ့ဒီလူရဲ့ဘဝက ကောင်းစားနေတဲ့ပုံပဲ...။


သူတို့က စစ်ပွဲကြောင့်သာ တိုင်းပြည်ကိုစွန့်ခွာပြီး ဤနေရာသို့လာရခြင်းဖြစ်ပြီး တချီတွင်သာ ကောင်းကောင်းမွန်မွန်နေနိုင်မည်ဆိုပါက တစ်နေရာရှာပြီး ဝမ်းစာအတွက် အလုပ်လုပ်ရမည်ပင်။


သူတို့က အစပိုင်းကလောက် တွန်းလှန်ချင်စိတ်မရှိတော့ပေ။


သို့သော်လည်း သူက ဆက်မမေးလိုက်နိုင်မီ အချက်ပေးသံက ရုတ်တရက်မြည်လာသည်။ပထမဆုံးအချက်ပေးသံပြီးနောက် နောက်ထပ်နောက်ထပ် အချက်ပေးသံများထွက်လာတော့သည်။


ဤအသံများက ကောင်းကင်မှလာသည်ဖြစ်ပြီး ဆိပ်ကမ်းရှိလူတိုင်း ကြားလိုက်လေသည်။ထို့နောက် ဆိပ်ကမ်းမှ သာမန်လူများက အိမ်ထဲတွင်ပုန်းနေလိုက်ကြပြီး အိမ်အသီးသီးမှ အရွယ်ရောက်ပြီးသူများ ပြေးထွက်လာကြကာ မတူညီသောနေရာများတွင် စုလိုက်ကြသည်။


ဝမ်ရွေ့ချောင်က ဤသည်ကိုတွေ့လိုက်ချိန် တုန်လှုပ်သွားလေသည်။"ဘာဖြစ်တာလဲ"


“ရန်သူတိုက်နေတာ"ကင်းစောင့်သမားက အ

နီးအနားကလူများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးလိုက်ပြီး ဝမ်ရွေ့ချောင်နှင့်အခြားသူများကို ပြောလိုက်သည်:


"အရေးပေါ်အချိန်အတွင်း...မသိသေးတဲ့လူတွေကို စောင့်ကြည့်ပေးရမှာ..ငါနဲ့လိုက်ခဲ့ကြ" 


ဝမ်ရွေ့ချောင်နှင့်အခြားသူများက တုန်လှုပ်နေကြသည် ကင်းစောင့်သမားများက တစ်နေရာသို့ ဆွဲခေါ်သွားကြရာ ထိုနေရာတွင်လည်း သူတို့ကဲ့သို့လူများရှိနေသည်။


“ရန်သူတိုက်တာနဲ့ ဘာလို့အရမ်းဆူညံသွားတာလဲ...မနေ့ညကလိုမျိုးမဟုတ်ဘူးလား...."ဝမ်ရွေ့ချောင်က ပြောလိုက်မိသည်။


“မနေ့ညက လူနည်းနည်းပဲရှိတာကို ဘာလို့အုပ်အော်သောင်နင်းဖြစ်သွားရမှာလဲလဲ"


တစ်ယောက်ယောက်က ပြောလိုက်ရင်း:"လူနည်းနည်းလောက်ပဲ အရှင်းခံလိုက်ရတာလေ"


သူစကားဆုံးသည်နှင့် ဝမ်ရွေ့ချောင်နှင့်အခြားသူများကို သံသယဖြစ်စွာကြည့်လိုက်ပြီး"မနေ့ညက ရောက်လာတဲ့သူတွေက ဂျပန်ရိုနင်တွေ...မင်းတို့တွေမို့လား" 


ဝမ်ရွေ့ချောင်:"........"


ဝမ်ရွေ့ချောင်မှာ ထိုခဏ သူ့ကိုဖမ်းလာမည်စိုး၍ ထိတ်လန့်ကြောက်ရွံ့သွားသည်။သို့သော်လည်း ယခုတစ်ကြိမ်တွင် ကျန်းကျန့်က သူတို့ကိုဂရုမစိုက်ပဲ လက်နက်အပြည့်နှင့် စောင့်ကြပ်နေပြီဖြစ်သည်။ 



လွန်ခဲ့သောသုံးနှစ်က ဖြစ်ပွားခဲ့သော ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းဖြစ်ရပ်ပြီးနောက် ကျန်းကျန့်က သူ့နောက်လိုက်များကို စီမံကြီးကြပ်ရာတွင် တင်းကျပ်လာခဲ့သည်။စစ်တပ်ထဲကအတိုင်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့သည်။


သူ့လူများကလည်း သူ့ကို စိတ်မပျက်စေရချေ။


ယာပြန့်ကျေးရွာတွင်လည်း ယခု အန္တရာယ်နှင့်ရင်ဆိုင်တွေ့ရန် လိုက်နာရမည့်နည်းလမ်းများ ချထားပြီးဖြစ်၍ အခြေအနေပေါ်မူတည်ပြီး နည်းလမ်းများကွဲပြားလေသည်။


ယခု အချက်ပေးသံအရ လူပေါင်းများစွာလာနေခြင်းဖြစ်သည်။


ကျန်းကျန့်မျက်နှာအမူအရာက မည်းမှောင်နေကာ သူ့လူများကို အမိန့်များပေးနေသည်။


ဆိပ်ကမ်းဘက်ခုခံကာကွယ်ရေးအတွက် သူကိုယ်တိုင် ထိုနေရာသို့သွားရပေမည်။


"လူနဲ့သင်္ဘောတွေ ဘယ်လောက်လောက် လာနေကြလဲ...မင်းတို့သိခဲ့လား"


ကျန်းကျန့်က ဆိပ်ကမ်းအနီးရှိသင်္ဘောကြီးပေါ်တက်ရင်း အဝေးကိုကြည့်ကာ မေးလိုက်သည်။


"ဘော့စ် ...သင်္ဘောကြီးတွေအများအပြားလာနေကြတာပါ...သွားစစ်ဆေးကြတဲ့လူတွေကလည်း ပြန်ရောက်မလာသေးလို့ အရေအတွက်ကို တိတိကျကျမသိရသေးပါဘူး..."


တစ်ယောက်ယောက်က ရွက်တိုင်ထိပ်မှဆင်းလာပြီး ကျန်းကျန့်ကို သတင်းပို့လာသည်။


ကျန်းကျန့်က ခေါင်းညိမ့်လိုက်ပြီး ကျောက်တုံးပစ်အမြောက်များနှင့် သေနတ်များကို ပြန်ပြီးတပ်ဆင်လိုက်သည်။


ထိုခေတ်တွင် အမြောက်များပေါ်နေပြီဖြစ်သည်။ကျန်းကျန့်က စစချင်းတွင် မသိခဲ့သော်လည်း ဝမ်မင်ပြောသည်ကိုကြားပြီးနောက် ငွေအမြောက်အမြားသုံးကာ သူ့သင်္ဘောတွင်တပ်ဆင်ခဲ့သည်။

 

လက်ရှိခေတ်၏သေနတ်များက ကျောက်တုံးပစ်သည့်ကိရိယာလောက် ကောင်းမွန်ခြင်းမရှိ၍ ထိုသေနတ်များက အသုံးနည်းလှသည်။


ယင်းက အသုံးသိပ်မဝင်သော်လည်း ကံကောင်းပါက အခြားသင်္ဘောများကိုပင် ပေါက်ကွဲသွားစေနိုင်သည်။သင်္ဘောနှစ်ခုနီးကပ်နေပါက ဤသို့လုပ်လိုက်ခြင်းက အကျိုးသက်ရောက်မှုရှိသည်။


ဤခေတ်ကမ္ဘာတွင် အဝေးကြည့်မှန်ပြောင်းများလည်း မပေါ်သေး၍ ဆိပ်ကမ်းရှိသူ့လူများကို နေရာရွှေ့ခိုင်းထားပြီး ကျန်းကျန့်က ခပ်ဝေးဝေးသို့သာ လှမ်းကြည့်နေရုံသာတတ်နိုင်သည်။


အခြေအနေကို သွားစစ်ဆေးကြသောလူများက ပြန်ရောက်လာလေပြီ။


ထိုသူတို့က သင်္ဘောနားသို့ လှေလှော်ရင်းရောက်လာကာ သင်္ဘောပေါ်အမြန်တက်လိုက်ကြပြီး ကျန်းကျန့်ကို ရောက်လာသည့်ရန်သူများအကြောင်း တင်ပြလိုက်သည်။


"ဘော့စ်...အဲ့ဒီလူတွေက ချန်ယုံကျန်းရဲ့နဂိုအုပ်စုကလူတွေပါ...သင်္ဘောရှည်ကြီးတွေက စုစုပေါင်းငါးစင်း...သင်္ဘောကြီးတွေက ဒါဇင်နဲ့ချီရှိတယ်...လူအရေအတွက်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး"


သင်္ဘောရှည်များဆိုသည်က တချီတွင်ဆောက်သည့် အကြီးဆုံးသင်္ဘောများ၏ အခြားအမည်တစ်ခုဖြစ်သည်။ကျန်းကျန့်တွင် ဆယ့်တစ်စင်းသာရှိပြီး နှစ်စင်းက ဆိပ်ကမ်းတွင်ဖြစ်သည်။


ရန်သူ့သင်္ဘောက ရေစပ်တွင် ကျန်းကျန့်မှကင်းစောင့်ချထားသည့်သူများကို စပြီးတိုက်နေပြီဖြစ်၍ ကျန်းကျန့်လူများက အချက်ပေးလာကြတော့သည်။ ထို့ကြောင့် အခြားတစ်ဖက်တွင်တိုက်ခိုက်ခံနေရမှန်း သိလိုက်ရသည်။


"စပြီးရွက်လွှင့်မယ်...သူတို့ကို ကြိုဆိုလိုက်ကြတာပေါ့"ကျန်းကျန့်က မြင်ကွင်းတွင်ပေါ်လာပြီဖြစ်သည့် သင်္ဘောများကိုကြည့်ရင်း အမိန့်ပေးလိုက်သည်။


"ဟုတ်"ကျန်းကျန့်လူများက ပြန်ဖြေလိုက်ကြရင်း ထိုရန်သူများနှင့်တွေ့ရန် ရွက်လွှင့်လိုက်ကြသည်။သင်္ဘောကြီးက စရွေ့လိုက်သည်နှင့် သူ့ဘေးရှိသင်္ဘောငယ်များကလည်း ရွေ့လာကြတော့သည်။


မကြာမီ ရန်သူ့ဘက်မှသင်္ဘောများစွာက မြင်ကွင်းတွင် အတန်းလိုက်ပေါ်လာသည်။ထိုမျှမက မျက်နှာချင်းဆိုင်ဘက်မှ ရုတ်တရက် အမြောက်များပစ်လာကြသည်။


"အမြောက်တွေပစ်..."ကျန်းကျန့်က သူသင်္ဘောများကိုမထိပဲ ပင်လယ်သို့သာကျသွားရသည့် အမြောက်ထိပ်ဖူးများကိုကြည့်ရင်း အမိန့်ပေးလိုက်သည်။


တိုက်ပွဲကား စနေလေပြီ။


ကုန်လွန်ခဲ့သောခြောက်နှစ်အတွင်း ကျန်းကျန့်နှင့်သူ့လူများက တိုက်ပွဲအတွေ့အကြုံရှိပြီး အများစုကလည်း ပင်လယ်ဓါးပြများနှင့်တိုက်ဖူး၍ အကျွမ်းဝင်ပြီးသားဖြစ်သည်။ဤတစ်ကြိမ် သူတို့ကို တိုက်ခိုက်လာသည့်သူက ပင်လယ်ဓါးပြများ၏လုပ်ဆောင်ချက်နှင့် တစ်ထပ်တည်းပြုမူလာသည်။


ကျန်းကျန့်က ခုံပေါ်တွင်ရပ်နေပြီး အမိန့်ပေးနေကာ သူ့လူများက ဆိုင်ရာတာဝန်များကို သတိကြီးကြီးထားပြီး လုပ်ဆောင်ကြသည်။တစ်ယောက်ယောက်သာ ဒဏ်ရာရသွားပါက အကာအကွယ်ရှိသည့်တဲအိမ်ထဲသို့ အမြန်ပို့ပေးရမည်ပင်။


အမြောက်များက နောက်ပိုင်းမျိုးဆက်များလောက် အားမပြင်း၍ တိုက်ပွဲအများစုက လက်ရည်ချင်းယှဥ်ချသည့်အပေါ်မူတည်သည်။ ထို့ကြောင့် သင်္ဘောနှစ်စင်းနီးကပ်သည့်အခါ နှစ်ဖက်စလုံးက စပြီးတိုက်ကြတော့သည်။


ကျန်းကျန့်က သေရေးရှင်ရေးကိစ္စများကြုံတွေ့နေကြဖြစ်ကာ တစ်ခါသေဖူးပြီးသားလည်းဖြစ်၍ သူ့ရှေ့ကအရာကို ကြောက်လန့်မနေပေ။သူက တည်ငြိမ်နေသော်လည်း သူ့လူများက ကြောက်လန့်နေပြီဖြစ်သည်။


သို့သော်လည်း သူတို့၏ကြောက်လန့်မှုက တစ်ခဏချင်း ပျောက်ကွယ်သွားလေသည်။


ပင်လယ်ဓါးပြများက သူတို့ညီနောင်များကို ထိခိုက်စေပြီး သူတို့သင်္ဘောများကိုလည်း ဖျက်ဆီးကြသည်ကိုမြင်ပြီးနောက် သူတို့သွေးများဆူပွက်လာသည်။တစ်ခဏတွင်း ကြောက်ရွံ့မှုများကို မေ့ထားကာ ဓါးများနှင့် အပြေးသွားလိုက်ကြသည်။


ကျန်းကျန့်က သူတို့နောက်မှာသာရပ်နေပြီး မရွေ့ချေ။သူက တိုက်ရည်ခိုက်ရည် ကောင်းမွန်သော်လည်း တိုက်ပွဲအတွင်း ရှေ့ထွက်ခြင်းက စစ်သူကြီးတစ်ယောက်အတွက် လိုအပ်သည့်အရာမဟုတ်။ အနောက်ဘက်တွင် အသာငြိမ်နေမှသာ အဓိကကျသည်။

 

ကျန်းကျန့်က အနောက်ကနေပြီး အခြားသူများကို ကူပေးရန်မှာကြားနေသည်။မကြာမီ သူက ငြိမ်နေရာမှ ရန်သူ့သင်္ဘောထံ အပြေးသွားလိုက်သည်။


ရှေးခေတ်က စစ်ပွဲများက အချိန်ကာလကြာမြင့်သော်လည်း တိုက်ပွဲများကမူ အချိန်မကြာချေ။လူသားများကလည်း စားသောက်ပြီးအညစ်အကြေးစွန့်ရအုံးမည်ပင်။


လွန်ခဲ့သောနှစ်အနည်းငယ်က ကျန်းကျန့်မှာ ပင်လယ်ဓါးပြများနှင့်စပြီးတိုက်ရစဥ် သူ့လူတစ်ယောက်က တစ်ခဏမျှတိုက်ပြီးသည်နှင့် ဆီးသွားချင်လာ၍ တိုက်ပွဲမှထွက်ပြေးရပြီး ကိစ္စပြီးမှ ပြန်လာတိုက်လေသည်။(🤣)


တိုက်ပွဲက နှစ်နာရီခန့်ကြာမြင့်လေသည်။


နှစ်နာရီခန့်ကြာပြီးနောက် သူတို့ဆီလာတိုက်သည့် ပင်လယ်ဓါးပြများက လက်နက်ချရတော့သည်။ထို့နောက် လူများ တစ်စတစ်စ လက်နက်ချလာကြသည်။


ဤလူများက ချန်ယုံကျန်း၏ စစ်တပ်ဟောင်းမှလူများဖြစ်သည်။အစပိုင်းတွင် ချန်ယုံကျန်းက ထိုသူတို့ကိုချေမှုန်းခဲ့၍ လက်နက်ချခဲ့ရဖူးသည်။ထို့ကြောင့် သူတို့အတွက် တိုက်ပွဲရှုံး၍ လက်နက်ချရလည်း ဘာမျှမဖြစ်သွားပေ။


"ဒဏ်ရာရတဲ့သူတွေကို အနောက်ကိုခေါ်သွားပြီး လက်နက်ချတဲ့သူတွေအကုန်လုံး ကြိုးတုပ်လိုက်"ကျန်းကျန့်က ပြောလိုက်သည်။


သူက သူတို့ထံလာတိုက်သည့် ပင်လယ်ဓါးပြခေါင်းဆောင်ကိုတွေ့ပြီး တိုက်ရသည့်အကြောင်းပြချက်ကို မေးရန်စီစဥ်ထားသည်။ကျန်းကျန့်အတွက် ဒဏ်ရာရထားသည့် သူ့လူများက အရေးကြီးလေ

သည်။


မကြာသေးမီက ကျန်းကျန့်မှာ ဟယ်ရှီရွာနှင့်ယာပြန့်ရွာတွင် စာရေးစာဖတ်သင်ရန် ကျောင်းဖွင့်ထားပေးသည်။အချို့သူများကို ဆေးပညာသင်ပေးရန် စီစဥ်ပေးထားကာ ပြင်ပဒဏ်ရာများကုသခြင်းကို ကိုယ်တိုင်ကိုယ်ကျသင်ပေးလေသည်။