Chapter 55
ရန်သူများ၏အသိုက်
သူတို့နှစ်ယောက် အလျှင်စလိုလိုက်သွားကြသော်လည်း ထိုလူသုံးယောက်ကို လက်မတင်လေးသာမှီလိုက်သည်။ထိုသူများက သင်္ဘောပေါ်သို့ရောက်နှင့်ပြီးဖြစ်သည်။
ယောင်စစ် ဘာလုပ်ရမည်လဲ စဉ်းစားနေချိန်မှာပင် ပိုင်ရိ ကအပေါက်ငယ်လေးတစ်ခုကိုဖွင့်လိုက်ပြီး သူမကို လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
"ဒီမှာ... ဒီမှာ "
ယောင်စစ် ချက်ချင်း ပင်သူ့နောက်မှလိုက်သွားလိုက်သည်။ထိုလေဝင်ပေါက်ငယ်လေးက တစ်ကြိမ်ပင် တစ်ယောက်သာဝင်လို့ရအောင်ကျဉ်းမြောင်းလေသည်။ထိုမှတစ်ဆင့် တွားသွား လိုက်ရာ သင်္ဘော ထဲရှိ သိုလှောင်ခန်းလိုနေရာတစ်ခုသို့ရောက်သွားလေသည်။
ပိုင်ရိက သင်္ဘော တည်ဆောက်ပုံနှင့် ရင်းနှီးနေပုံရသည်။သူကနံရံပေါ်ရှိ ခလုတ်တစ်ခုကိုစမ်းလိုက်ပြီးထိုလေဝင်ပေါက်လေးကိုပိတ်လိုက်သည်။ပို၍သက်တောင့်သက်သာဖြစ်သွားချိန်မှာပင် သင်္ဘောကလှုပ်ခတ်သွားပြီး သူတို့မသိသောနေရာတစ်ခုဆီသို့ ဦးတည်၍ရွက်လွှင့်နေလေပြှ။
"စိတ်မပူနဲ့ ..."
ပိုင်ရိ ကသူမ၏စိတ် စိုးရိမ်မှု့ကို ခံစားမိပုံပေါ်သည်။
"ငါဒီသင်္ဘောရဲ့တည်ဆောက်ပုံနှင့်ပတ်သတ်ပြီးတော့ လွန်ခဲ့တဲ့သုံးနှစ်တုန်းကလေ့လာဖူးတယ်...ဒီသင်္ဘောတွေက ခရီးရှည်တွေသွားလို့မရသလိုအာကာသပေါ်တယ်တွေကိုလည်းဝင်လို့မရဘူး...ငါတို့ရောက်လောက်မယ့်နေရာက လုံးဝ ဝေးမှာမဟုတ်ဘူးဆိုတာ ငါသေချာတယ်..."
သူပြောနေစဉ်မှာပင် သင်္ဘော ကနောက်တစ်ကြိမ်လှုပ်ခတ်သွားပြီးနောက် တိမ်ပင်လယ်ထဲဝင်ရောက်သွားသလိုမျိုး ပြတင်းပေါက် မှတစ်ဆင့် တိမ်ဖြူဖြူများကို မြင်လိုက်ရသည်။ထို့နောက်ကြော်ငြာသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဒင်...သင်္ဘောက အာကာသပေါ်ထဲကိုဝင်ရောက်နေပါပြီ..."
နင်အခုလေးတင်ပဲ ဒီသင်္ဘောက အာကာသပေါ်ထဲကိုဝင်လို့မရဘူးလို့ ပြောလိုက်တယ် မဟုတ်ဘူးလား...
ပိုင်ရိ လည်းလုံးဝကြောင်အမှင်သက်သွားသည်။
"လခွမ်း... ဒီသင်္ဘောကတရားမဝင်ပြုပြင်ပြောင်းလဲမှု့တွေလုပ်ထားတာပဲဖြစ်ရမယ်..."
စကားများပိုင်ရိကတိတ်တဆိတ်ကြိမ်းမောင်းလိုက်သည်။ဒါကသေချာပေါက်သူ့အမှားမဟုတ်ပေ။သူ၏ဗဟုသုတကအကန့်အသတ်ရှိသောကြောင့်သာပင်ဖြစ်သည်။
ယောင်စစ်သူ့ကိုလှစ်လျူရူလိုက်ပြီး ယောင်ချမ့်ကိုသတင်းပို့ရန်ပြင်လိုက်သည်။သို့သော်လည်း မည်သည့်အချက်ပြမှမတွေ့သည်ကိုသတိပြုမိလိုက်၏။ဘယ်နေရာမှာဘယ်လိုအချက်ပြမှလုပ်လို့မရဘူး။
ပိုင်ရိ ကအနည်းငယ်စိုးရိမ်ပူပန်မှု့မျှမရှိဘဲသေတ္တာတစ်ခုပေါ်ထိုင်လိုက်သည်။
"ဒီသင်္ဘောသွားမယ့် နေရာရောက်တဲ့ အထိ ဆိပ်ကမ်းကပ်တဲ့အထိငါတို့စောင့်ကြတာပေါ့..."
သူပြောပြောဆိုဆိုဖြင့် အိတ်ကပ်ထဲမှ ရေခဲချောင်းကဲ့သို့သောအရာတစ်ခုကိုဆွဲထုတ်လိုက်သည်။
"ပဲသွေးခဲချောင်းစားဦးမလား ငါကျွေးပါ့မယ်..."
"အခုအစားစားနေရမယ့်အချိန်လား..."
"နင်ဒါကိုမကြိုက်ဘူးလား..."
ပိုင်ရိသူ့အိတ်ထဲ မွှေနှောက်ရှာလိုက်ပြန်သည်။
"ကိစ္စမရှိဘူး... ငါ့မှာတစ်ခြားအရသာတွေရှိသေးတယ်...ပန်းအရသာ၊သစ်သီးအရသာ၊ပင်လယ်စာအရသာ... နင်ဘာကိုလိုချင်လဲ... ပြီးတော့ ငါ့မှာ ဒရမ်မာကားလေးငါးကားလည်းဒေါင်းထားသေးတယ်...အနည်းဆုံးတော့ငါတို့လေးငါးနာရီစောင့်ရင်းနဲ့ကြည့်လို့ရတာပေါ့ ...စိတ်ဝင်စားလား..."
"အာကာသထဲမှာမျောလွှင့်ရင်းနဲ့ ဒရမ်မာကားကြည့်ရတာ အကောင်းဆုံးပဲ ငါအကြိုက်ဆုံးက... "
လူဆိုးနောက်လိုက်လာတာလား ပျော်ပွဲစား ထွက်လာတာလား...အဲ့ဒီ့အဖမ်းခံထားရတဲ့တစ်ယောက်က နင့်ရဲ့ အကောင်းဆုံးသူငယ်ချင်းမဟုတ်ဘူးလား...အစ်ကိုကြီးရယ်...တော်ပာတော့...
"နင်စိတ်ဖတ်တာကနေပြီးတော့ ဘာတွေကြားလိုက်ရသေးလဲ..."
"ဘာမှမကြားဘူး..."
ပိုင်ရိ တည်တည် ငြိမ်ငြိမ် လေးဖြေလိုက်သည်။
"ငါ့ရဲ့စွမ်းရည်ကိုငါအပြည့်အဝအသုံးပြုထားတာမဟုတ်ဘူးလေ... အဲ့အတွက်ကြောင့် မရေမရာအတွေးတွေလောက်ပဲကြားလိုက်တာ..."
သူတို့နောက်ဆုံးတွေ့ခဲ့တာက အနည်းဆုံး တစ်လခွဲလောက်ရှိပြီဆိုတော့ တစ်ကယ်တမ်းဆိုသူတို့ အန္တရာယ်ရှိလောက်တယ်...
ပြီးတော့ လည်း အဲ့ဒီပတ်ဝန်းကျင်နားမှာနေတာကလော့ယင်းနဲ့ကုရှုချန်းပဲရှိတယ်...
ထိုအဓိပ္ပါယ်အရ ကုရှုချန်း သည်ယခုသင်္ဘောပေါ်တွင်မဖြစ်နိုင်ပေ။သူတို့ တူလေးကုကိုဖမ်းထားသည်က တစ်လခွဲနီးပါးခန့်ရှိလောက်ပေသည်။အဘယ်ကြောင့်ဆိုသော် သူပျောက်သွားသည်မှာ တစ်လခွဲမျှသာရှိသေးသောကြောင့် ထိုထက်မပိုနိုင်ပေ။ထို သုံးယောက်က တစ်ခြားသွေးစုတ်ဖုတ်ကောင်များ တစ်စုံတစ်ရာ သတိပြုမိသွားမည်ကိုစိုးရိမ်သောကြောင့် လာရောက်စစ်ဆေးခြင်းဖြစ်ပေလိမ့်မည်။
ပိုင်ရိကအဲ့ဒီလူတွေရဲ့တည်နေရာကိုသိဖို့အတွက် နောက်ယောင်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်တာလား...
"သနားစရာကောင်းနေမယ့် ကုရှုချန်း ကိုစဉ်းစားမိလိုက်တာနဲ့ ငါ စိတ်လှုပ်ရှားလာတယ်..."
ပိုင်ရိ လက်သီးကျစ်ကျစ်ဆုတ်လိုပ်ပြီး မျက်ဝန်း များကလည်းတောက်ပလာသည်။
"နင်သိမှာ မဟုတ်ဘူး... အဲ့ဒီကောင်ကလေ ငါတို့ငယ်ငယ်တည်းက လူကြီးလိုမျိုးလုပ်ပြီး တစ်ခြားသူတွေကိုဆိုဆုံးမနေတာ ငါတို့ကမျိုးဆက်တူတူပဲဖြစ်နေတာတောင်မှ သူကငါ့ကို သူ့သားလိုမျိုး ဆက်ဆံနေသေးတာ အခုတော့သနားစရာကောင်းတဲ့ ကုရှုချန်းလေးဖြစ်နေပြီ သူနဲ့တွေ့တာနဲ့ ပထမဆုံးလှောင်ပြောင်ရယ်လိုက်ဦးမယ် ...ဟားဟား... ဟား..."
"အဲ့တော့ နင်အခုနောက်ကနေလိုက်လာတာက အဲ့တာကြောင့် လား သူ့ကိုစိုးရိမ်လို့မဟုတ်ဘူးလား..."
သူတို့ကငယ်သူငယ်ချင်းတွေမဟုတ်ကြဘူးလား...
"စိတ်ပူရမယ်..."
ပိုင်ရိ ငြိမ်သက်သွားသည်။
" ဘာလို့လဲ.. အခု သူ့အခြေနေကြောင့်လား ဟာသပဲ...နင်မစဉ်းစားမိဘူးလား သွေးစုပ်ဖုတ်ကောင်တွေကိုဘယ်သူကများ အန္တရာယ်ဖြစ်အောင်လုပ်နိုင်မှာလဲ..."
အင်း...ဒီစကားကကျိုးကြောင်းသင့်တာပဲ...
" စိတ်ပူမနေနဲ့ ဘယ်လောက် ပဲကြီးမားတဲ့ အန္တရာယ်ကြီးပဲဖြစ်နေပါ့စေ ငါတို့က မသေမျိုးတွေလေ..."
သူပြောရင်းဖြင့် လက်တစ်ဖက်ဝှေ့ရမ်းလိုက်ကာ သူမကို သွေးခဲတစ်ခု ထပ်ပေးလာပြန်သည်။
"နင်တစ်ကယ်ပဲမစားဘူးလား..."
"မစားတော့ပါဘူး..."
ဒီလိုသူငယ်ချင်းမျိုးရှိနေသည့် တူလေးကုအတွက် သူမစိတ်ထဲမှဖယောင်းတိုင်ထွန်းပေးလိုက်သည်။အာကာသပေါ်တယ်ထဲတွင်ဆယ်မိနစ်ခန့်မျှဖြတ်သန်းခဲ့ပြီးနောက် ပြတင်းပေါက် မှတစ်ဆင့် သူမ မရင်းနှီးသောမြင်ကွင်းမျိုးကိုမြင်လိုက်ရသည်။
ယခုချိန်၌ ကြယ်များကဲ့သို့ ဂြိုလ်သေးသေးလေးများပျံ့ကျဲနေသည်။လည်းကောင်းတို့က အပြည့်အစုံမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ပဟေဠိတစ်ခုတည်ဆောက်ထားသကဲ့သို့ ...
"ဒါက မေ့လျော့ခံအိမ်မက်စကြာဝဠာမဟုတ်လား..."
ပိုင်ရိ တစ်ချို့အစိတ်အပိုင်းများပျောက်ဆုံးနေသလိုနေရာကို ကြည့်၍ ဘဲသွေးခဲစားရင်းဖြင့်ရေရွတ်လိုက်သည်။
"မေ့လျော့ခံအိမ်မက် ဟုတ်လား...'"
အဲ့တာက ဒီသင်္ဘောရဲ့ မိခင်ဂြိုလ်များလား...
ပိုင်ရိ ခေါင်းညိမ့်ပြလိုက်သည်။
ဒီတော့ ဒါသူတို့ပုန်းနေတဲ့နေရာပေါ့
"ဟေ့...ဟေ့...မြန်မြန်ကြည့်လိုက်စမ်း..."
ယောင်စစ် သူလက်ညိုးညွှန်ပြသောနေရာသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ အနက်ရောင်လွင်ပြင်ဖုံးလွမ်းနေသည်။ရုတ်တရက် ထိုအမှောင်ထုကပြိုကွဲသွားကာ အပြာရောင် ဂြိုလ်တစ်ခုပေါ်လာသည်။၎င်းကမျှော်လင့်ထားသကဲ့သို့မသေးဘဲ အာကာသစခန်းကြီးတစ်ခုကဲ့သို့ပေ။
"ဒီဂြိုလ်က ဘယ်တုန်းက ပုံစံအပြည့်ပြန်ပေါ်လာတာလဲ...သွေးစုပ်ဖုတ်ကောင်တွေက စကြာဝဠာ ထဲဝင်လာတဲ့အချိန်မှာ ဒီဂြိုလ်ကလုံးဝပုံပျက်နေခဲ့ပြီ ဘယ်လိုနည်းနဲ့မှဒီနေရာမှာ ဆက်ရှိနေစရာအကြောင်းမရှိဘူး..."
ထိုအချိန်မှာပင် အသံတစ်ချို့ကြားလိုက်ရသည်။
"တစ်ယောက်ယောက်လာနေပြီ..."
ယောင်စစ် တီးတိုးပြောလိုက်ပြီးနောက် ပိုင်ရိ ကိုလေဝင်ပေါက်ထဲသို့ တွန်းထည့်လိုက်သည်။
"နေဦး...နင်အဲ့လိုလုပ်လို့..."
ပိုင်ရိ စကားမဆုံးခင်မှာပင် သူ့ခန္ဓာကိုယ်က အတွန်းခံလိုက်ရပြီး ထိုအပေါက်ထဲ၌ ညပ်နေလေသည်။
"ဒါက ဘယ်လိုနည်းလမ်းမကျတာမျိုးလဲ ငါတို့ခုဏလေးတင်ကနေ အဲ့အပေါက်ထဲက နေတိုးထွက်လာတာ မဟုတ်ဘူးလား..."
ခြေသံကနီးကပ်လာသောကြောင့် ယောင်စစ် ပို၍စိတ်စိုးရိမ်ပူပန်လာလေသည်။သူ ပိုင်ရိ ကိုပိုအားစိုက်၍တွန်းလိုက်သည်။
"ငါ...နင့်ကိုပြောပြီးပြီး...ငါတို့မရဘူး...အား...အား...နာတယ်ဟ ငါတို့တစ်ခြားနေရာမှာပုန်းလို့မရတော့ဘူးလား..."
" အခုအရမ်းနောက်ကျနေပြီ နင်ဘာလို့မတရားစားနေတာလဲ... နင့်ဗိုက်က ခဏကထက်ပိုပူလာလို့ဖြစ်လိမ့်မယ်..."
"အခု နင်ကငါ့ကိုအပြစ်တင်နေတာပေါ့လေ ...သွေးစုတ်ဖုတ်ကောင်တွေက ဗိုက်ဆာလို့မရဘူးဆိုတာ နင်မသိဘူးလား..."
"ငါမသိဘူး..."
"နင်...နင်..."
"ပါးစပ် ပိတ်ထား... မြန်မြန်လုပ်..."
ယောင်စစ် အားအကုန်ဖြင့် တွန်းလိုက်သည်။ပြွတ်ခနဲ အသံနှင့်အတူ နောက်ဆုံး တော့သူ့ကို အထဲသို့တွန်းထည့်လိုက်နိုင်လေသည်။ထိုခဏလေးအတွင်းမှာပင် သူမအနောက်မှ အလျှင်အမြန် လိုက်ဝင်လိုက်ပြီးတံခါးပေါက်လေးကို ပိတ်လိုက် ၏။
သူတို့ကြုံခဲ့သော လူသုံးယောက်ထဲမှနှစ်ယောက်က အခန်းထဲသို့ဝင်လာလေသည်။သူတို့အခန်းအတွင်းကို အကဲခက်လိုက်သည်။ထို့နောက်တစ်ယောက်ကို သေတ္တာနှစ်လုံးစီသယ်၍ ပြန်ထွက်သွားကြ၏။
ယောင်စစ် နောက်တစ်ကြိမ်အခက်ကြုံပြန်ပေသည်။
သူ့ကို ဘယ်လိုလုပ်ပြီးပြန်ထုတ်ရမလဲ...
"ဟင်...နင်ဘာလုပ်နေတာလဲ အဲ့နေရာမဟုတ်ဘူး မထိနဲ့ နာတယ်...အား..."
"ပါးစပ်ပိတ်ထားစမ်း..."