အပိုင်း ၅၆
Viewers 16k

Chapter 56

စိတ်ဖတ်စွမ်းရည်၏ပြောင်းပြန်


ယောင်စစ် အတော်ကြာအားထုတ်ပြီးမှ ထိုတစ်ယောက်ကိုဆွဲထုတ်လိုက်နိုင်သည်။


သူတို့အပြင်၌ အတော်ကြာအောင် အနားယူလိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပြီး ဘယ်နေရာသို့ဦးတည်နေသည်မသိပေ။ 


ထို့ကြောင့်ယောင်စစ် တံခါးဝသို့ဦးတည်လိုက်သည်။


ဆွဲထုတ်ခံလိုက်ရသောတစ်ယောက်က ယခုထိသူတင်ပါးကိုပွတ်နေတုန်းဖြစ်သည်။


"ပိုင်ရိ... မြန်မြန်လုပ် ..."


သူမ ပိုင်ရိကို မြန်မြန်လောလိုက်သည်။


"အဲ့ဒါ နင်အမှားပဲလေ..."


သူက ယောင်စစ်ကို စူးစူးဝါးဝါး ကြည့်လာပြီးနောက်သူ၏ မျက်နှာကိုလက်နှစ်ဖက်ဖြင့်ပွတ်သပ်လိုက်သည်။


"နင့်ကြောင့်သာမဟုတ်ရင် ငါဒီလိုအခြေနေဖြစ်ပါ့မလား..."


" ငါကနင်ကိုကူညီလိုက်တာလေ...မဟုတ်ဘူးလား..."


ပြီးတော့ ပြောရမယ်ဆိုလျှင် သွေးစုပ်ဖုတ်ကောင်တစ်ယောက်အနေနဲ့ဒီလိုမျိုးယောင်ကိုင်းတာကတော့ ဆယ်မိနစ်တောင်မကြာဘူး ပျောက်သွားမှာလေ ဘာတွေလာပြီး မယ်နုလုပ်နေတာလဲ...


"ဒါကို ကူညီတယ်လို့ပြောသေးတယ်လား...

ငါ့ကို ငတုံးများမှတ်နေလား..."


ပိုင်ရိ ဒေါသတကြီးဖြင့်ထအော်လာလေသည်။


"အဲဒီ့ ကိစ္စသေးသေးလေးတွေကို ရေးကြီးခွင်ကျယ်လုပ်မနေနဲ့တော့ အခုအရေးကြီးတဲ့ကိစ္စကိုပဲ အာရုံစိုက် ဘယ်သူမှမရှိတုန်း ငါတို့အပြင်ထွက်ရအောင်..."


" နင် ဒီသဘောင်္တည်ဆောက်ပုံနဲ့ရင်းနှီးတယ် ဟုတ်တယ်မှတ်လား...ပြီးတော့ နင်က အထက်တန်းကျောင်းသားဆိုတော့ ပိုပြီးတော့ အသိဉာဏ်ကြွယ်တယ်လေ...ဟုတ်တယ်မှတ်လား...ငါနင်ကိုယုံကြည်လိုက်တော့မယ်..."


"ဒါပေါ့..."


ပိုင်ရိ၏မျက်နှာက တောက်ပသွားခါ ဝင့်ကြွားဟန်ဖြင့်မေးငေါ့လိုက်သည်။


သူ တံခါးက တစ်စုံတစ်ခုကိုထိလိုက်သည်နှင့် မျက်နှာပြင်တစ်ခုထွက်ပေါ်လာလေသည်။ထိုမျက်နှာပြင်ပေါ်၌ အနီရောင် ပန်းများပြည့်နေသည်။ပိုင်ရိက သူ၏ကွန်ပျူတာလက်ပတ်ကိုထိုနားကပ်လိုက်သည်နှင့် အနက်ရောင်မျက်နှာပြင်က ကုဒ်အတန်းလိုက်ရှိနေသော မျက်နှာပြင်အဖြစ်သို့ပြောင်းလဲသွားလေသည်။


"ဟွန်း...ဒီလိုရှေးကျနေတဲ့ တံခါးမျိုးကို ဘယ်သူမှတောင် သုံးတော့မှာမဟုတ်ဘူး..."


သူက ယုံကြည်မှုအပြည်အဖြင့်ပြောလိုက်ပြီး မော့ကြွားတာ တံခါးကိုစတင်၍ဖွင့်ရန်ကြိုးစားလိုက်သည်။


ဆယ်မိနစ် ကြာပြီးနောက်...


" ဒီတံခါးကလဲ သေချာပေါက်ကို ပြန်ပြင်ထားတာပဲဖြစ်ရမယ်...ငါ့ကိုအချိန်နည်းနည်းပေးဦး..."


နာရီဝက်အကြာ...


"ငါပြီးတော့မယ်...တစ်ဝက်လောက်ရောက်နေပြီ..."


တစ်နာရီကြာပြီးနောက်...


" ဒီတံခါးရဲ့ မော်ဒယ်ကအရမ်းကိုရှေးကျနေပြီလေ သိတယ်မှတ်လား...အဲတော့ ငါနည်းနည်းလေးပြန်စဉ်းစားဖို့လိုနေပြီ..."


နှစ်နာရီကြာသောအခါ...


" ဒီတံခါးကိုပြန်ပြင်ထားတဲ့ပုံစံကလေ လုံးဝကိုပြောမပြတတ်တော့ဘူး...အထဲမှာ ရှုပ်ရှက်ခပ်နေတာ...ငါ့ကိုတံခါးဖွင့်ဖို့အတွက် နောက်ထပ်ဆယ်မိနစ်ထပ်ပေး..."


နောက်ထပ်နာရီဝက်ခန့် ထပ်ကြာပြီးနောက်...


 ပိုင်ရိ၏မျက်နှာက မဲမှောင်နေလေပြီ။


သူ၏ ကွန်ပျူတာလက်ပတ်ကိုဘေးဖယ်လိုက်ပြီးနောက် လက်သီးတင်းတင်းဆုပ်ကာ တံခါးကိုထိုးချလိုက်သည်။


ကျယ်လောင်သော အသံနဲ့အတူ မီးပွားများထွက်ပေါ်လာသည်။ထို့နောက် စက်ပစ္စည်းပျက်သွားသလိုအခိုးအငွေ့များထွက်ပေါ်လာပြီး တံခါးကပွင့်သွားလေသည်။


"အခုပွင့်သွားပြီ...သွားကြစို့..."


ပိုင်ရိတည်ငြိမ်စွာပင်ပြောလိုက်သည်။


"နင်ဒါကိုနည်းပညာလိုခေါ်သေးတာလား...နင်ကျောင်းမှာတကယ်ပဲ စာလိုက်သင်တယ်ဆိုတာသေချာလား..."


"အဲ့ဒါကို မေ့ထားလိုက်စမ်းပါ...သွားကြရအောင်...မြန်မြန်လုပ်...တစ်ယောက်ယောက်လာရင်ဘယ်လိုလုပ်မလဲ..."


ယောင်စစ် ခြေလှမ်းကျဲများဖြင့်နောက်ကအမှီလိုက်ခဲ့သည်။ကံကောင်းထောက်မစွာ သင်္ဘော ကသိပ်မကြီးသောကြောင့် အချိန်တိုအတွင်းမှာပင် ထွက်ပေါက်တစ်ခုကို တွေ့သွားလေသည်။


ယောင်စစ်အပြင်ဘက်သို့ သတိအနေထားဖြင့်အကဲခတ်ကြည့်လိုက်ချိန်၌ ထိုဂြိုလ်ကတကယ်ကြီးမားကြောင်း သတိပြုမိလိုက်သည်။


စည်ကားမှု ရှိမနေပဲပတ်ဝန်းကျင်တစ်ခွင်လုံးကတိတ်ဆိတ်ငြိမ်သက်နေသည်။


သူမ သင်္ဘော ပေါ်မှထွက်ဖို့တွန့်ဆုတ်နေလေသည်။


"နင်ဘာတွေလုပ်နေတာလဲ မြန်မြန်လေး..."


 ပိုင်ရိစိတ်မရှည်စွာဖြင့်လောဆော်လိုက်သည်။


"အဲဒီမှာအစောင့်တွေအများကြီးပဲသေချာပေါက်ဒါကတပ်ဖွဲ့ကြီးပဲဖြစ်မယ်...ဒီတော့ ပတ်ဝန်းကျင်မှာ CCTV ကင်မရာတွေရှိမှာပဲ..."


"CCTV ကင်မရာဟုတ်လား..."


ပိုင်ရိငြိမ်သက်သွားပြန်သည်။


"နင်ပြောချင်တာက မျိုးဆက်စစ်ဆေးတဲ့ စက်လား..."


သူခဏမျှစဉ်းစားပြနောက်သူ၏ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သည်။


"အခု ငါ့မှာကောင်းတာလေးတစ်ခုတော့ပါလာတယ်...အဲဒီ CCTV ကင်မရာတွေက ငါတို့ကိုရှာမတွေ့အောင်လို့ လုပ်လို့ရသွားပြီ..."


"အိုး....အဲလိုမျိုးကောင်းတဲ့ဟာ ရှိသေးတယ်လား..."


ထိုခဏမှာပင်သူမ၏ ခန္ဓာ ကိုယ်ပေါ်ကုဒ်တစ်ချို့ဖြတ်သွားသလိုခံစားလိုက်ရပြီးအလင်းအကာရံတစ်ခုသူမကိုလွှမ်းခြုံသွားသည်။


"အခုငါတို့ ဘာလုပ်ကြမှာလဲ..."


ပိုင်ရိက သဲကန္တာရ ကဲ့သို့ ခြောက်သွေ့နေသောမြေပြင်ကို တစ်ချက်ကြည့်၍ပြောလိုက်သည်။ 


"ငါတို့ ရှုချန်းရဲ့တည်နေရာကိုအရင်ရှာကြရင်ရော ဘယ်လိုလဲ..."


ယောင်စစ် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။ 


တူလေး ကုပျောက်သွားသည်မှာ လဝက်မျှရှိနေပြီဖြစ်သောကြောင့်သူကို ဦးစားပေး၍ရှာရမည်။


"နင်ရဲ့စွမ်းရည်က စိတ်ဖတ်တာမဟုတ်လား...ဒီတော့ ငါတို့တစ်ယောက်ယောက်ကိုရှာပြီးတော့စိတ်ဖတ်ရမယ် ..."


"ဟဲ့...ဟေးနင်ဘာတွေလုပ်နေတာလဲ..."


ပိုင်ရိက သူနဲ့အနီးဆုံးတွင်ရှိနေသော အစောင့်တစ်ယောက်ကို လည်ပင်းညစ်လိုက်သည်။


"နင်ပဲတစ်ယောက်ယောက်ရဲ့စိတ်ကိုဖတ်မယ်လို့ပြောတာမဟုတ်ဘူးလား..."


သတိမေ့နေတဲ့သူကိုမှစိတ်ဖတ်လို့ရတာလား..


"ဟိုနေရာမှာ အစောင့်တစ်ယောက်ရှိနေတယ်..."


ပိုင်ရိက လက်နက်ကိုကြမ်းပြင်ပေါ်သို့ လျှောတိုက်၍ ယောင်စစ်ဆီပစ်ပေးလိုက်သည်။


"အကြောင်းအရာတွေကများနေမှာဆိုတော့ အရေးကြီးတဲ့ အချက်အလက်ကိုရှာဖို့ငါအချိန်လိုတယ်... ငါစွမ်းရည်ကိုအသုံးချနေတဲ့အချိန်မှာ ဘယ်သူမှငါကိုလာမနှောင့်ယှက်နိုင်အောင်တားထား..."


"အင်း..."


.ယောင်စစ်ခေါင်းညိတ်လိုက်သည်။


ပိုင်ရိကထိုအစောင့်၏ဘေးနားတွင် ဒူးထောင့်ထိုင်ချလိုက်ပြီးနောက်သူ၏ခေါင်းကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်သည်။ ခဏကြာ၌ ထိုအစောင့်၏မှတ်ဉာဏ်များ တဖြေးဖြေးလှုပ်ရှားလာသည်ကိုပင် ယောင်စစ်ခံစားမိသည်။


ထိုအချိန်မှာပင် သူမ၏ ခန္ဓာကိုယ် ထဲမှ ရင်းနှီးနေသော စွမ်းအင်များလှုပ်ခတ်လာသည်ကိုခံစားလိုက်ရ၏။


သူရဲ့ စွမ်းရည်က တခြားသူတွေရဲ့စိတ်ကိုဖတ်တာဆိုရင် သူမရဲ့ပြောင်းပြန်စွမ်းရည်က...


 သောက်ကျိုးနည်း...


သူမ၏မျက်ဝန်းထဲ၌ တောက်ပလှသော အလင်းတစ်ခုဖြာထွက်သွားပြီး စာလုံးများ အတန်းလိုက်ပေါ်လာလေသည်။ 


ထိုစသားများက ပိုင်ရိစိတ်ဖတ်နေသောအစောင့်၏ခေါင်းအထက်လွင့်မျောနေလေသည်။


[အစောင့်တစ်- အမည်မသိကျူးကျော်သူတစ်ယောက်၏ တိုက်ခိုက်မှုကြောင့်မေ့လဲသွားသည်။သို့သော် ထိုကျူးကျော်မသိသည်မှာ ထိုအစောင့်တစ်သည် သေသေချာချာလေ့ကျင့်ထားသူတစ်ဦးဖြစ်သည်။သူသေရမည်ဆိုလျှင်တောင်မှ သူတို့ဖမ်းထားသော သွေးစုပ်ဖုတ်ကောင်နှစ်ယောက်ကို မြေအောက်ငါးလွှာတွင် ဖမ်းချုပ်ထားသည့်အကြောင်းပြောလိမ့်မည်မဟုတ်ပေ။

ထိုအပြင် ကျူးကျော်သူသည် အစောင့်တစ်က နှစ်လွှာသို့သာ ဖြတ်သန်းဝင်ရောက်ခွင့်ရှိသည်ကိုသိလိမ့်မည်မဟုတ်ပေ။ယခု ဖြတ်သန်းခွင့်ကဒ်ပြားက အစောင့်၏ညာဘက်အိတ်ကပ်ထဲတွင်ရှိနေသည်။]


[ပိုင်ရိက တည်ငြိမ်သော အခြေနေမှာမရှိနေသောကြောင့်သူ၏စိတ်ဖတ်စွမ်းရည်ကိုအသုံးပြုရန် ရည်ရွယ်ချက်မရှိသေးပုံကိုမည်သူမျှသိလိုက်မည်မဟုတ်ပေ။

သူ၏မတည်ငြိမ်သည့်အခြေနေကြောင့်ပင် သူစွမ်းရည်ကို မထိန်းချုပ်နိုင်ခဲ့သောကြောင့်သူတွင် သူငယ်ချင်းများစွာမရှိပေ။

ယခုမူ ကုရှုချန်းကိုလှောင်ပြောင်ရယ်မောရန်အတွက် သူကိုယ့်သူကြိုးစားထိန်းချုပ်၍ စွမ်းရည်ကိုအသုံးပြုရန်ကြိုးစားနေသည်။

သို့သော် ထိုအစောင့်တစ်၏ ခေါင်းထဲ၌ porn ကားထဲမှ မိန်းကလေးများနှင့်ပြည့်နေမည်ဟုသူမထင်ထားမိပေ။အသုံးဝင်သည့်အကြောင်းအရာများရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလှပေသည်။]


အဲဒီ ကွင်းစကွင်းပိတ်ထဲကစကားလုံးတွေကဘာတွေလဲ စာတန်းထိုးရုပ်ရှင်ကြည့်နေရတာလား...သူမရဲ့ စွမ်းရည်က စာတန်းထိုးစွမ်းရည်လား...


ဒါမှမဟုတ် တတိယလူရဲ့ရှုထောင့်ကစိတ်ဖတ်ခြင်းလား...


သူမ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုစာလုံးများက စကြာဝဠာ သုံးဘာသာစကားမဟုတ်ပဲ လုံးဝတရုတ်စကား စစ်စစ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။စာလုံးဆိုဒ်အကြီးဖြင့် စာလုံးအရောင်တင်ထားသည့်စာလုံးတစ်ချို့လဲရှိနေလေသည်။


လူတစ်ယောက်၏ခေါင်းပေါ်မှာရေးထားသောစကားလုံးများကိုရှာဖွေဖတ်ရှုရသည်က နည်းနည်းကြောက်စရာကောင်းလှသည်။


"ရှုချန်းဘယ်နေရာမှာလဲဆိုငါသိပြီ..သူကမြေအောက် ငါးလွှာမှာ..."


" နင်ကဘယ်လိုသိတာလဲ..."


ပိုင်ရိကြောင်အနေမိသည်။


"ဟဲ....ဟဲ..."


ယောင်စစ် စပ်ဖြဲဖြဲရယ်လိုက်သည်။


"အဲဒါကနည်းနည်းရှင်းပြဖို့ခက်တယ်..."


သူ အဖြေဖြေရန်ရှောင်လွဲလိုက်ပြီး အစောင့်၏ညာဘက်အိပ်ကပ်ထဲသို့လက်နှိုက်လိုက်သည်။


သူမ၏ လက်ထဲ၌ ကြည်လင်လှသော ကဒ်ပြားလေးတစ်ခုပါလာသည်။


"သွားကြစို့..."


ပိုင်ရိစိတ်ရှုပ်ထွေးစွာဖြင့်သူမနောက်မှ လိုက်လာသည်။ 


သူ၏ခေါင်းထက်၌ နောက်ထပ် စာတန်းစာတန်းများပြောင်းလဲပေါ်လာလေသည်။


[ပိုင်ရိသည် သံသယများနှင့်ပြည့်နှက်နေသည်။သူက ဘယ်နေရာမှ ပေါ်လာမှန်းမသိသော ဥက္ကဋ္ဌက ပိုပြီးပိုပြီး ထူးခြားဆန်းကြယ်သည်ဟုထင်နေလေသည်။သူတို့က ချစ်သူတွေလား...သူတို့ဘယ်ချိန်ထဲက တူတူနေနေကြတာလဲ...ရုတ်တရက်သူ အစောင့်တစ်၏ခေါင်းထဲမှ ရုပ်ရှင်ကားအကြောင်းကိုသတိရသွားမိသည်။]


"တော်...တော့..."