Chapter 57
အပေါက်ဖာစွမ်းရည်ရပ်သွားပြီ...
"ပိုင်ရိ... ငါနင့်ကိုရှင်းရှင်းလင်းလင်းပြောပြဖို့လိုနေပြီ... "
သူပေါက်ကရလျှောက်တွေးနေချင်းကို ယောင်စစ်လွှတ်မထားနိုင်ပေ... သူ့အတွေးများတည့်တည့်မတ်မတ်ဖြစ်သွားအောင် ပြန်တည့်ပေးရပေမည်။
"ဘာလဲ... ဘာအကြောင်းပြောမှာလဲ ငါတို့နောက်မှပြောလို့မရဘူးလား..."
"မရဘူး... "
ငါ...နင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့အတွေးတွေကိုသိနေတယ်လေ ဘယ်လိုလုပ်လွှတ်ထားလို့ရမှာလဲ...
" နားထောင် သေသေချာချာ နားထောင်...
ပထမဆုံး အနေနဲ့ ငါက ကုရှုချန်း အပေါ်မှာ ဘာအတွေးမှမရှိဘူး သူ့ကို ငါ့ရဲ့ တူလေးတစ်ယောက်အနေနဲ့ပဲမြင်တယ်...ဒုတိယအချက်အနေနဲ့ငါကလည်း နင့်လို သွေးစုပ်ဖုတ်ကောင်ပဲ နားလည်ပြီလား..."
"နင်ကလည်းသွေးစုပ်ဖုတ်ကောင် ဟုတ်လား..."
ပိုင်ရိ သူမကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။
"နင်က သွေးစုပ်ဖုတ်ကောင်ဆိုရင်ဘာလို့ စကြာဝဠာ ကျောင်းတော်ကြီးကို မူလတန်းအဆင့်ကနေဘာလို့ဝင်တာလဲ..."
ယောင်စစ် အေးခဲသွားသည်။ဘာလို့အဲ့အကြောင်းကိုမေးရတာလဲဟဲ့...
" အဲ့တာက နည်းနည်း ရှုပ်ထွေးတယ် နင်မမြင်ဘူးလား... ငါကသာမန်ဘဝနေထိုင်ပုံမျိုးကိုတွေ့ကြုံခံစားချင်လို့လေ..."
"ဒါဆိုရင် စကြာဝဠာ ကျောင်းတော်ကြီးကို သွေးစုပ်ဖုတ်ကောင်တစ်ယောက် ဝင်လာမယ်ဆိုတာကို ငါတို့ဘာလို့အကြောင်းကြားစာမရတာလဲ..."
"အဲ့တာက... ငါကသာမန်ဘဝကိုနေထိုင် ခံစားကြည့်ချင်တယ်ဆိုမှတော့ ငါရဲ့နောက်ခံအထောက်အထားကို ဖုံးထားဖို့လိုတယ်..."
ယောင်စစ်က သူစာမေးပွဲဝင်ခွင့် ကျခဲ့သည့်အကြောင်းကို လုံးဝ ဖုံးကွယ်ထားပြီး ယုတ်တိရှိရှိ အကြောင်းပြချက်ပေးလိုက်သည်။
"ကုရှုချန်း ငါ့ကို ဂရုစိုက် နေတယ် ဆိုတာက ငါ့ရဲ့သွေးမျိုးဆက်က မြင့်နေတဲ့အတွက်ကြောင့်ပဲ...သူက ငါ့ကိုလေးစားမှု့ပြရုံပဲ..."
"လာနောက်မနေနဲ့..."
ပိုင်ရိ အနည်းငယ်ဇဝေဇဝါဖြစ်လာသည်။
"ငါတို့ကျောင်းတော်ကြီးမှာ ကုရှုချန်း ထက် သွေးမျိုးဆက်မြင့်တဲ့သူတွေအများကြီးပဲရှိတယ်...ဒါပင်မယ့် သူ နေ့တိုင်း အနားကပ်မနေပါဘူး...နင့်အတွက်ကြတော့ သူက ကလေးထိန်းတစ်ယောက်လို လိုက်လုပ်ပေးနေတာလေ..."
"အဲ့တာကဘာကြောင့်လည်းဆိုတော့ ငါ့ရဲ့သွေးမျိုးဆက်က နည်းနည်း လေးပိုမြင့်လို့..."
"အဲ့တာဆိုရင် နင်က ဘယ်မျိုးဆက်လည်း..."
ယောင်စစ် လက်မြောက်၍ လက်ငါချောင်းထောင်ပြလိုက်သည်။
"ငါးဆက်မြောက်..."
ပိုင်ရိ ပထမဦးဆုံး ကြောင်အမှင်သက်သွားသည်။ထို့နောက် သူ၏နှုတ်ခမ်းများရှုံ့မဲ့သွားသည်။
"ဒါဆိုရင် နင့်ရဲ့လက်ဆင့်ကမ်းသူက..."
"မူရွှမ်... "
ယောင်စစ် တည်ငြိမ်စွာ ပဲပြန်ဖြေလိုက်သည်။
"ဒာကြောင့်မို့လည်း ကျောင်းတက်တဲ့ ပထမဦးဆုံးနေ့မှာ သူရောက်လာတာလေ..."
ပိုင်ရိ တိတ်ဆိတ် ငြိမ်သက်သွားသည်။သူယောင်စစ်ကိုခြေဆုံးခေါင်းဆုံး တစ်ချက် ကြည့်လိုက်ပြန်သည်။
"ဪ...ဪ...ငါသိပြီ... "
သို့သော် သူ့၏ တုန့်ပြန်မှု့က မလုံလောက်သေးဘူးဟု့ ထင်မိပြန်သည်။ထို့ကြောင့် ထပ်ပေါင်းပြောလိုက်ပြန်သည်။
"ငါ...နားလည်ပါပြီ...ငါနားလည်ပါပြီ ...ဒါကြောင့်မို့ကို ငါနောက်ထက်နားလည်မှုလွဲတော့မှာမဟုတ်ပါဘူး... အခုငါတို့ ရှုချန်း ကိုအရင်ဆုံးရှာကြရအောင်..."
ယောင်စစ် စိတ်သက်သာရာ ရသွားသဖြင့်သက်ပြင်းချလိုက်သည်။သို့သော် သူပိုင်ရိကို တစ်ချက်ကြည့်လိုက်သည့်ခဏ၌အေးခဲသွားပြီး ဒေါသများဖြင့် သီးနင်မလိုပင်ဖြစ်သွားသည်။
နင်...နင်...နားလည်တယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ ...
(╯‵□′)╯︵┻━┻ )
သူ့၏ ခေါင်းပေါ်ရှိ စကားလုံးများမှာ..
[ပိုင်ရိ အလွန်စိတ် ရှုပ်ထွေးနေသည်။တစ်စုံတစ်ယောက်က အချစ် ကြောင့်မျက်ကန်းတစ္ဆေဖြစ်သွားပြီးသူ့၏ ကိုယ်ပိုင်မျိုးနွယ်ကိုပင် ပစ်ပယ်နိုင်လိမ့်မည်ဟု သူမသိထားခဲ့ပေ။သူ့၏ ရှေ့မှ မိန်းကလေးက အချစ်ကြောင့် ရူးသွပ် သွားပြီး သူမကိုယ်သူမသူတို့သွေးစုပိဖုတ်ကောင် အရှင်၏မျိုးဆက်ဖြစ်သည်ဟု ထင်နေလေသည်။ အား...အား...ဒါဟာရူးသွပ်လွန်းတဲ့အချစ်ပဲ အား... ဘယ်လောက်တောင်မှ အံသြသင့်စရာကောင်းလိုက်လဲ... အား... ဘယ်လောက် တောင်မှနက်ရှိုင်းလိုက်လဲ...]
"နင့်ရဲ့သောက်သုံးမကျတဲ့ပေါက်ကရအတွေးတွေကိုရပ်စမ်း..."
နင်သာရူးနေတာ နင့်တစ်မျိုးလုံးသာအချစ်ကြောင့်ရူးနေတာ...ငါကတစ်ကယ်ပဲ သွေးစုပ်ဖုတ်ကောင်ဟဲ့...
ငါနားလည်ပါပြီ.ငါနားလည်ပါပြီ.ဆို...နင်ဘာတွေနားလည်လည်းဆိုတာကိုပြောစမ်းပါ...
"တစ်ယောက်ယောက်လာနေပြီ..."
ပိုင်ရိ၏မျက်နှာကတည်တင်းသွားပြီး ယောင်စစ် ကိုဆွဲ၍ဘေးနေရာ၌ပုန်းလိုက်သည်။
မကြာခင်မှာ ပင်လူတစ်စုထွက်ပေါ်လာသည်။ထိူသူတို့ကအစောင့်များနှင့်မတူပေ။ထိုလူစုက လူခုနစ်ယောက်ခန့်ရှိပြီးအားလုံးအဆင့်တန်းမြင့်မြင့်ဝတ်ရုံရှည်များကိုဝတ်ဆင်ထားကာအမဲရောင်သတ္တာတစ်ခုစီကိုသယ်ထားကြသည်။သူတို့အားလုံး၏အကြည့်များကလည်း ယောင်စစ်တို့ထွက်လာခဲ့သော သင်္ဘော ၏အပေါက်ဝစီသို့သာကျရောက်နေသည်။
"ငါတို့ရှုချန်း ကိုမြန်မြန်ရှာဖို့လိုတယ်..."
ပိုင်ရိ၏မျက်နှာကပို၍လေးနက်သွားသည်။
ယောင်စစ်ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
"တံခါးကဟိုမှာ..."
ထို့နောက် လုံခြုံရေးကဒ်ကို တင်းတင်းဆုတ်ကိုင်ပြီး တံခါးဝတွင်ပွတ်ဆွဲလိုက်သည်။
ထိုအခိုက်အတန့်လေးမှာပင် သူမတို့ သီးခြားနေရာတစ်ခုသို့ ရောက်သွားကဲ့သို့ပင် ဧရိယာ တစ်ခုလုံးက ဖြူဖွေးလှသည့် အဖြူရောင်ပင်လယ်ပြင်ကြီးဖြစ်လေသည်။လျှောက်လမ်း၏တစ်ဖက်တစ်ချက်စီတွင်လည်းမီးရောင်ဖျော့ဖျော့လေးများထွန်းလင်းနေသည်။အခန်းထဲ၌ ချဉ်စူးသည့်အနံ့တစ်ခုလည်းရလိုက်သည်။
"ဘာနံ့ကြီးလဲ..."
သွေးစုပ်ဖုတ်ကောင်များ၏ အနံ့ခံအာရုံက စူးရှလှသောကြောင့်ယောင်စစ်နှာခေါင်းရှုံ့လိုက်ပြီးနောက်နှာခေါင်းကိုပိတ်လိုက်သည်။
ပိုင်ရိ မျက်မှောင်ကြုတ်လိုက်မိသည်။
"အဲ့ဒါကဆေးနံ့ပဲ... ဒီမှာ လေဝင်လေထွက်မကောင်းဘူး..."
သူပတ်ဝန်းကျင်ကိုတစ်ချက်ဝှေ့ဝဲကြည့်လိုက်ပြီးအင်္ကျီလက်များကိုပင့်တင်လိုက်သည်။
"ဒီအဆောက်အဦးပုံစံက တော်တော်လေးရှုပ်ထွေးတယ်... သူတို့ဝင်္ကပါပုံစံကိုအတုယူပြီးတည်ဆောက်ထားတာပဲဖြစ်မယ်...ငါတို့မှားယွင်းပြီး လှုပ်ရှားလိုက်မိရင်အချက်ပေးသံတွေမြည်လာပြီးတော့ အဆုံးသတ်သွားလိမ့်မယ်...ဟိုနားမှာ အစောင့်တစ်ချို့လည်းရှိနေသေးတယ်ဆိုတော့လိုလိုမယ်မယ် ငါ့စွမ်းရည်ကို အသုံးပြုထားလိုက်မယ်..."
"ညာဘက်ကွေ့လိုက်..."
"အာ..."
ပိုင်ရိ ကြောင်အသွားပြန်သည်။
ညာဘက်၌ နောက်ထပ် လမ်းကြောင်းတစ်ခုရှိနေ၏။
" နင်ဘာလို့ အဲ့လိုပြောလိုက်တာလဲ ..."
"ဟဲဟဲ..."
ယောင်စစ်၏နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီးအစောင့်၏ခေါင်းပေါ်သို့လှည့်ကြည့်လိုက်သည်။
[အစောင့်Aသည် ဒီနေ့ တွင် တစ်ချိန်လုံးရပ်နေခဲ့ရပြီး သူခဏမျှထိုင်ရန် ဆန္ဒရှိနေ၏။သို့သော်လည်းသူမသိသည်မှာ ဒီနေရာနဲ့သုံးလှမ်းအကွာ ညာဘက်ကော်ရစ်တာတွင်အစောင့်များအားလုံးထိုင်၍အလုပ်လုပ်နေကြသည်ကိုပင်]
ဒီလောက်ထိရှင်းရှင်းလင်းလင်း လမ်းညွှန်ထားမှတော့ငါမသိချင်လို့တောင် မဖြစ်နိုင်တော့ဘူးလေ ဟုတ်တယ်မဟုတ်လား...
"ငါနင့်ကိုပြောပြီးပြီးလေ ငါကသွေးစုပ်ဖုတ်ကောင်ပါဆိုနေမှ ဒီဟာလေးက ငါ့အတွက်မဖြစ်စလောက်ပဲ... အထူးစွမ်းရည်တွေ... အထူးစွမ်းရည်တွေ... "
ပိုင်ရိ မျက်မှောင်ကြုတ်လိုက်ပြီးနောက် စကားဆက်မဆိုတော့ဘဲသူ ယောင်စစ်နောက်မှ လိုက်လာခဲ့လိုက်သည်။ငါးမိနစ်မျှအကြာ...
"နောက်ထပ် လမ်းခွဲတစ်ခု ရောက်ပြန်ပြီ ငါစိတ်ဖတ်လိုက်ဦးမယ်..."
"ဘယ်ဘက်ချိုး..."
[အစောင့်Dသည် အိမ်၌ကျန်ခဲ့သော သူ့မိဘများကိုသတိရနေလေသည်။သို့သော် သူမသိ သည်မှာ အားလပ်ရက် လာလည်သောသူ့မိဘများကဘယ်ဘက်လမ်းချိုးရှိတံခါးနှစ်ချပ်အကွာ ဒုတိယထပ်တွင်ရောက်နေတာမသိသေးပေ]
သူတို့ ဘယ်ဘက်သို့ချိုးကွေ့ဝင်လိုက်သည်။လမ်းတစ်လျှောက်ကရှင်းလင်းနေသည်။ဆယ်မိနစ်ခန့်မျှအကြာ၌...
" ဒီလျှို့ဝှက်ကုတ်က..."
"08175..."
[ အလုပ်သမားCက ထီကစားရခြင်းကိုအလွန် ဝါသနာပါလေသည်။သူနေ့တိုင်း နေ့တိုင်း...စကြာဝဠာထီဝယ်လေ့ရှိ၏။သို့သော်လည်း ဒီနေ့ စကြာဝဠာထီ၏ပေါက်စဉ်မှာ သူ့ရှေ့မှတံခါးနံပတ် 08175ဖြစ်သည်ကိုတော့မသိပေ။]
"ဒင်..."
နောက်ထပ်ဆယ့်ငါးမိနစ်အကြာ၌...
"ဒီနေရာရဲ့လျှို့ဝှက်ခလုတ်က..."
" ဘယ်ဘက်နေရာ 1.9mအမြင့်မှာ ခလုတ်ရှိတယ်..."
[အလုပ်သမားBက သူ1.88mအရပ်မြင့်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူနေသည်။သို့သော်လည်း ဒီကော်ရစ်တာရဲ့အဖွင့်အပိတ် ခလုတ်က1.9mအမြင့်မှာရှိသည့်အတွက် သူ့အတွက်ခုံလိုပေလိမ့်မည်။]
လျှိဝှက်ခလုတ်များအားလုံးပိတ်ဖယ်ရှားပြီးပါပြီး။
"ဥက္ကဌယောင်..."
"အင်း... "
"နင်က သွေးစုပ်ဖုတ်ကောင်ဆိုတာကို ငါတစ်ကယ်ပဲ ယုံကြည်သွားပါပြီ..."
"အင်းလေ ငါကအမြဲသွေးစုပ်ဖုတ်ကောင်ပဲကို"
"နင့်ကို...ငါတစ်ခုခုလောက်မေးလို့ရမလား..."
"ဘာလဲပြော..."
" နင့်ရဲ့စွမ်းအင်က အပေါက်ဖာတာလားဟင်..."
ဒီတစ်ကြိမ် သူမရလိုက်သော စွမ်းအင်က အလွန်အသုံးဝင်နေသည်။ ပတ်ပတ်လည်တွင် အစောင့်များရှိနေသော်လည်း လမ်းပြသူတစ်ယောက်ရှိနေသည့်အလား ရှောင်ကွင်းသွားနိုင်သည်။
ထိုအချိန်မှာပင်လေထဲ၌ စာတန်းများပေါ်လာပြန်သည်။
[ကျူးကျော်သူများသည် သူတို့၌ လုံခြုံရေးကဒ်ရှိနေသောကြောင့် အစောင့်များသူတို့ကိုဖမ်းမိလိမ့်မည်မဟုတ်ကြောင်းမသိသေးပေ။အစောင့် များ၏ စောင့်ကြည့်မှု့မှ ကင်းလွတ်ကာ စတုတ္ထထပ်သို့လွယ်လွယ်ကူကူပင် ဝင်ရောက်သွားနိုင်ခဲ့သည်။
အစီအစဉ် တစ်ခုလုံးက လုံးဝချောမောပြေပြစ်နေသောကြောင့် ရင်ထဲရှိစိုးရိမ်ပူပန်မှု့များ လျော့ကျသွား၏။သူတို့တင်းကြပ်စွာ ပိတ်ဆို့ထားသောတံခါးချပ်ကို မပိတ်ခင်အချိန်ထိပင်]
" ဥက္ကဌယောင်ရေ ငါတို့ဒီတံခါးကိုဘယ်လိုဖွင့်ကြမလဲ..."
ပိုင်ရိ ကဖြေရှင်းချက်တစ်စုံတစ်ရာပေးလာလိမ့်မည်ဆိုသော မျှော်လင့်ချက်များဖြင့်တောက်ပစွာကြည့်လိုက်သည်။
အမြဲတမ်းတွင်လည်း သူမက အပေါက်ဖာစွမ်းရည်ကိုအသုံးပြု၍လျှင်မြန်စွာဖြေရှင်းချက်ပေးနိုင်ခဲ့သည်ပင်။
ယောင်စစ် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ထိုနေရာ၌ ခွေးတစ်ကောင် ကြောင်တစ်မြီးမှမရှိပေ။
ထိုအချိန်မှာပင် တံခါးဆီမှ အလင်းရောင် တစ်ချပ်လက်လာပြီး ယောင်စစ် ခေါင်းပေါ်၌စာတန်းများပေါ်လာလေသည်။
[ယခုအချိန်တွင် ယောင်စစ် ပြသနာတစ်ရပ်နှင့်ကြုံနေပေသည်။ယောင်စစ်က သူမ၏ စာတန်းထိုး စွမ်းရည်အပေါ် အလွန် အံ့အားသင့်နေပေသည်။သူမက ထိုစာတန်းထိုးစွမ်းရည်ကတံခါးကိုဘယ်လိုဖွင့်ရမည်ဆိုသည်အား သူမကိုပြောပြရန်မျှော်လင့်နေသည်။သို့သော်လည်း ထိုစာတန်းထိုးစွမ်းရည်မှာ အရင်လို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းသူမသိသေးပေ။]
"ဘာဖြစ်နေလို့လဲ ဒီတံခါးဖွင့်ဖို့ အရမ်းခက်နေလို့လား..."
ပိုင်ရိ ယောင်စစ် ၏အူကြောင်ကြောင်အမူအရာကိုကြည့်၍မေးလိုက်သည်။
"အခုငါက အဲ့ဒီ အပေါက်ဖာစွမ်းရည်ရပ်သွားပြီလို့ပြောရင်...နင်ယုံမှာလားဟင်..."