အပိုင်း ၅၈
Viewers 16k

Chapter 58

သုတေသနအခြေစိုက်စခန်း


ငါးထပ်မြောက် မြေအောက်ထပ်တွင် အစောင့်မရှိဟု ယောင်စစ် မထင်ထားခဲ့ပေ။


ဒါကြီးက ဖြစ်နိုင်လို့လား ယခုတော့သူမ၏စွမ်းအင်ကအသုံးမဝင်တော့ပေ။


"နင်ဘာလို့တံခါးကိုရိုက်တာဖြစ်ဖြစ်ထုတာဖြစ်ဖြစ်တစ်ခုခုမလုပ်ရတာလဲ..."


ပိုင်ရိမျက်လုံးပြူးသွားသည်။


"တံခါးအားလုံး အဲ့လိုလုပ်လိုရတာ မဟုတ်ဘူးလေ..."


ထို့နောက် သူရုတ်တရက်ထရပ်လိုက်ပြီး ယောင်စစ်ကိုဆွဲလိုက်သည်။


"တစ်ယောက်ယောက်လာနေတယ်..."


နောက်ခဏတွင်ပင် သူတို့ရှေ့ရှိတံခါးကပွင့်ဟသွားပြီးသာမန်မဟုတ်သော အခြေနေကို ဖွင့်ဟပြလာလေသည်။


တံခါး၏ပုံစံက အလယ်ကနေဟကာလေးဖက်လေးလံသို့ ဆုတ်ခွာသွားသည်။

တံခါးက အနည်းဆုံးလေးလွှာခန့်ရှိပေမည်။ထို့နောက် ၄င်း၏နောက်တွင်ထူထဲလှသော တံခါးကြီးရှိနေလေသည်။


ယောင်စစ်ယခုတံခါးရှေ့တွင်ဘာကြောင့်အစောင့်မရှိရသည်ကို ချက်ချင်းသဘောပေါက်သွားသည်။


ဒီလိုပုံစံမျိုးနဲ့တော့ ယင်တစ်ကောင်တောင်ဝင်လို့ရမှာမဟုတ်ဘူး.... အဲ့လောက် လုံခြုံရေးတင်းကြပ်ထားရအောင် ဘယ်လိုအရာတွေထားရှိလို့လဲ...


ထောင့်တစ်နေရာတွင် နှစ်မိနစ်ကြာအောင်ပုန်းနေလိုက်ပြီးနောက် ဝတ်စုံဖြူဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က တစုံတစ်ခု သယ်ထုတ်လာသည်ကို တွေ့လိုက်ရသည်။


ထိုသူ၏ခေါင်းထက်သို့ကြည့်လိုက်ရာ သူမမျှော်လင့်ထားသည့်အတိုင်းပင် စာတန်းများကိုတွေ့လိုက်ရ၏။


[သုတေသီသည် နောက်ဆုံးရလဒ်များကိုတင်သွင်းပြီးနောက် ဘော့စ်ချွီမှ ဆူပူခံရရန်အတွက်ကြိုတင်၍ စိတ်ပြင်ဆင်ထားသည်။ဤအဓိပ္ပါယ်မရှိသောစမ်းသပ်မှုတွင်ပါဝင်ရန် ဆန္ဒ မရှိတော့ပေ။သူမတံခါးအပြင်ဘက်ကိုကြည့်လိုက်သော်လည်း ကျူးကျော်သူများဝင်ရောက်လာသည်ကိုမသိပေ။သို့မဟုတ် သူမက ကျူးကျော်သူများ၏ တိုက်ခိုက်မှုကြောင့် မေ့လုနီးပါးဖြစ်သွားပြီး ရလဒ်များကို တင်ပြနိုင်စွမ်းမရှိတော့မည်ကို မသိသေးပေ။]


ယောင်စစ်၏နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွားသည်။သူမအသက်ပြင်းပြင်းရှူပြီးအလျင်အမြန်ပြောလိုက်သည်။


"ပိုင်ရိ ရပ်လိုက်..."


သူ၏စွမ်းရည်ကိုယုံကြည်ထားသော ပိုင်ရိက အလျင်အမြန်ပင်ရှေ့သို့တိုးသွားတာထိုအမျိုးသမီး၏လည်ပင်းကိုရိုက်ကာ မေ့လဲသွားစေသည်။ထို့နောက် အမျိုးသမီး၏ ခေါင်းဆီလက်လှမ်းလိုက်ပြီး စိတ်ဖတ်ရန်ပြင်လိုက်သည်။


ကောင်းရော...ဘယ်လိုလုပ်ကြမလဲ...


"ငါတို့တံခါးကိုဘယ်လိုဖွင့်ကြမလဲ..."


"ဒီတံခါးတွေရဲ့ ဒီအမ်အေက အရမ်းကိုလုံခြုံတယ်...အဲဒါကိုစာရင်းသွင်းထားတဲ့သုသေတီတွေပဲဖွင့်နိုင်တာ..."


 ယောင်စစ်ရှင်းပြလိုက်သည်။


ပိုင်ရိမျက်မှောင်ကြုတ်၍ ကြမ်းပြင်ပေါ်လဲကျနေသော အမျိုးသမီးကိုကြည့်လိုက်သည်။


ထို့နောက်သူလက်ပြန်ရုတ်လိုက်သည့်အချိန်တွင် အမျိုးသမီးလက်ထဲတွင်ကိုင်ထားခဲ့သော ဗန်းကိုတိုက်မိလိုက်ပြီး ပစ္စည်းများပျံကျဲသွားသည်။


၄င်းစမ်းသပ်ပြွန်များက အလွန်ကြည်လင်နေပြီးတစ်ခုချင်းစီတွင်မတူကွဲပြားသော အရောင်များပါဝင်နေသည်။


သူမထင်ယောင်ထင်မှားဖြစ်နေခြင်းလားမသေချာသော်လည်းထိုစမ်းသပ်ပြွန်များဆီမှ ပန်းရနံသင်းသင်းရနေမိသည်ဟုခံစားရလေသည်။


"ဒါကဘာလေးလဲ..."


ပိုင်ရိက ဖိအားပေးခံရသလိုမျိုးထိုပြွန်တစ်ခုကိုကောက်ကိုင်လိုက်သည်။အဖုံးဖွင့်လိုက်သည်နှင့် သင်းပျံ့မွှေးကြိုင်သောရနံကလေထဲလွင့်ထွက်လာသည်။


"အနံလေးကမွှေးလိုက်တာ..."


သူ၏မျက်ဝန်းများက ရုတ်တရက်ဝေဝေဝါးဝါးဖြစ်လာသည်။


"နင်အဲဒါဘာလုပ်တာလဲ..."


ပိုင်ရိ ထိုအရည်များ သူပါးစပ်ထဲလောင်းထည့်ခာနီး၌ယောင်စစ်အချိန်မှီတားလိုက်သည်။


"သောက်ကြည့်မလို့လေ..."


ပိုင်ရိ သူ့လက်ကိုလွှတ်လိုက်သည်။


"ဒါကသွေးမဟုတ်ဘူးလား...အနံကအရမ်းမွှေးနေတာလေ..."


"နင်သေချာတောင်မသိတဲ့ဟာကို ဘယ်လိုလုပ်သောက်နိုင်ရတာလဲ..."


"ဘာလို့မရရမှာလဲ ငါကသွေးစုပ်ဖုတ်ကောင်လေ...ဒါတွေကငါကိုမသတ်နိုင်ဘူး..."


"မသတ်နိုင်လဲမသောက်ရဘူး..."


ယောင်စစ် ပိုင်ရိလက်ကို ထပ်မံဖိချလိုက်သည်။ထိုစမ်းသပ်ပြွန်များသည် သုသေတနရလဒ်များစုဖော်ပြထားပြီးဖြစ် လေသည်။


အဲ့ထဲမှာဘာတွေပါနေလဲဘယ်သူကသိမှာလဲ...


"ငါဗိုက်ဆာနေတယ် သွေးစုပ်ဖုတ်ကောင်တွေက ဆာလောင်လို့မရဘူးဆိုတာ နင်မသိဘူးလား...ငါ့ကိုလွှတ်..."


သူ ယောင်စစ်ကိုတွန်းလိုက်၏။


ယောင်စစ် သွေးများဆူပွတ်လာသလိုခံစားလိုက်ရသည်။စကားနားမထောင်ဘူးပေါ့ဟုတ်လား....


သူမ၏စွမ်းအင်များအလိုလိုပေါက်ကွဲထွက်လာသလိုမျိုး ပိုင်ရိကိုနာရင်းအုပ်ချလိုက်သည်။


"နင့်ရဲ့ အဲဒီအစာကျူးနေတဲ့ပါးစပ်ကိုပိတ်ထားလို့မရဘူးလား..."


ပိုင်ရိ အေးခဲငြိမ်သက်သွားစေသည်။ထိုအချိန်မှာပင် သူအာရုံများပြန်လည် ရရှိလာသည်။သူအကြည့်များ ပြန်လည်ကြည်လင်လာပြီးနောက် နဖူး၌ ချွေးသီးချွေးပေါက်များ ထွက်လာလေသည်။


" ငါအခု...အခုဘာလုပ်..."


သူ အိမ်မက်မှ နိုးထလာသူလိုမျိုး ယောင်စစ်ဘက်သို့လှည့်ကြည့်လိုက်၏။


"ဒီ စမ်းသပ်ပြွန်တွေထဲမှာ အာရုံဝေဝါးစေတဲ့တစ်ခုခုပါဝင်နေတာပဲဖြစ်မယ်..."


ထို့ကြောင့်သာ ပိုင်ရိက အမည်ပင်မသိသော အရာတစ်ခုကို စမ်းကြည့်ရန် ကြိုးစားခြင်း ဖြစ်ပေလိမ့်မည်။


"ဒါ စိတ်ခြောက်ခြားဆေးများလား..."


ပိုင်ရိတုန်လှုပ်သွားပြီး သူလက်တွင်ကပ်နေသော အကြွင်းအကျန်များမရှိစေရန် ခါလိုက်သည်။


"အဲဒါက ဘာကြီးလဲ...သူတို့သွေးစုပ်ဖုတ်ကောင်တွေကို ဆန့်ကျင်ဖို့လုပ်နေကြတာလား..."


"အဲဒါက သွေးစုပ်ဖုတ်ကောင်တွေအတွက်ပဲ မဟုတ်မှာ ငါစိုးရိမ်မိတယ်..."


ယောင်စစ်တကယ်ကိုစိုးရိမ်ပူပန်မိသည်။၄င်းနှင့်ပတ်သက်၍ ဆိုးရွားသောခံစားချက်တစ်ခုကိုရနေမိသည်။


" ငါတို့အထဲဝင်ကြည့်ရအောင်..."


ပိုင်ရိ ခေါင်းညိတ်ပြလိုက်သည်။သူ၏အမူအရာကဘပို၍လေးနက်တည်ကြည်သော ပုံစံသို့ ပြောင်းလဲသွားသည်။


သူတို့စမ်းသပ်ပြွန်များကို ဗန်းပေါ်ပြန်တင်လိုက်ပြီးနောက် သုတေသီ၏လက်ကို တံခါးနားဆီသို့ဆွဲသွားလိုက်သည်။


ထို့နောက်လေဆာရောင်ခြည်များပျောက်ကွယ်သွားလေသည်။


"သွားကြရအောင် ..."


ပိုင်ရိမေ့လဲနေသောထိုအမျိုးသမီးကိုသူတို့ယခင် ပုန်းအောင်းနေသောထောင့်နားသို့ တွန်းလိုက်ပြီးနောက် တံခါးဆီသို့ပြေးသွားလိုက်သည်။


ယောင်စစ် သူနောက်မှလိုက်သွားလိုက်သည်။ 


မြေအောက်ငါးလွှာတွင် သုတေသနလုပ်ငန်းတစ်ခုလုပ်နေသည့်အရိပ်ယောင်များရှိနေသည်။ သူတို့ထိုအထဲသို့ဝင်ရောက်လိုက်သည့်နှင့် သူတို့၏မသေမချာမရေရာသော သံသယများ အားလုံးရှင်းလင်းသွားလေသည်။


ဤမြေအောက်ထပ်က အခြားနေရာများထက်အဆပေါင်းများစွာပို၍ကြီးမားကျယ်ပြန့်လေသည်။


သူတို့ပထမဆုံးဝင်လိုက်သော အခန်းပင် ဘောလုံးကွင်း ငါးကွင်းစာမျှကျယ်ဝန်းနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်အဝါဖျော့ဖျော့သန်းနေသော ကြည်လင်လှသည့် ပုံးများကိုမြင်လိုက်ရသည်။


သူတို့မရင်းနီးသော...ရင်းနီးသော... ကိုယ် ခန္ဓာအစိတ်ပိုင်းများရှိနေလေသည်။သူတို့၏ အရှေ့ဘက်၌ ကိုယ်အင်္ဂါအစိတ်ပိုင်းတွင်မကပဲ တစ်ကိုယ်လုံးနီးပါးစိမ်ထားသော ကွန်တိန်နာပုံးများလည်းရှိနေလေသည်။


၄င်းတို့က အချိန်ကြာမြင့်စွာ ရှိနေခဲ့သလို ဖြူဖွေးပြီးဖောင်းပွနေသည်။ ဤအခန်းထဲတွင် ထိုကဲ့သို့သော ကြည်လင်လှသည့်ကွန်တိန်နာ အလုံးပေါင်းတစ်ထောင်ကျော်ရှိနေလေသည်။


ယောင်စစ်၏ နှလုံးသားနစ်မြုပ်သွားသလိုခံစားလိုက်ရသည်။ထူးဆန်းသောအငွေ့အသက်တစ်ခုကလည်း သူမ၏ ခန္ဓာကိုယ်ကိုလွှမ်းခြုံလာလေသည်။


ဒီနေရာမှာ မတူညီတဲ့ မျိုးနွယ်တွေရဲ့ ခန္ဓာကိုယ်တွေကိုသုတေသနလုပ်နေတာလား...


"ဥက္ကဋ္ဌ..."


 ပိုင်ရိ မျက်စိမျက်နှာပျက်ဖြင့်ယောင်စစ်ကိုလှမ်းကြည့်လိုက်သည်။


ယောင်စစ် နားလည်မှုဖြင့်ခေါင်းညိတ်ပြလိုက်ပြီးနောက် အရှေ့သို့လျှင်မြန်စွာလျှောက်လာလိုက်ပြီး ထိုအင်္ဂါအစိတ်အပိုင်းများစိမ်ထားသည်ဟုထင်ရသော နေရာကိုဖြတ်ကျော်လာခဲ့သည်။


သူတို့၏ရှေ့တွင် နေရာအမျိုးမျိုးကိုဦးတည်နေသော လူသွားလမ်းများစွာရှိနေသည်။ 


"ခဏနေဦး...ငါတို့ညာဘက်ကိုသွားကြမယ်..."


ယောင်စစ် လူသွားလမ်းများပေါ်မှ စာတန်းကိုဖတ်ပြီးနောက် ညာဘက်လမ်းကြောင်းကိုရွေးချယ်လိုက်သည်။


"ငါတို့ ရှုချန်းကို ပင်မထိန်းချုပ်ခန်းနေရာမှာရှာတွေ့နိုင်တယ်..."


ပင်မထိန်းချုပ်ခန်းသည် သိပ်မဝေးတော့ပေ။သူတို့ ခပ်လှမ်းလှမ်းတွင်ပင်မြင်နေရသည်။ပိုင်ရိရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့်သူ၏ရှေ့တွင် မတူညီသော နေရာမျိုးစုံကိုပြထားသော မျက်နှာပြင်တစ်ခုပေါ်လာလေသည်။ယောင်စစ် ထိုမျက်နှာပြင်များကိုကြည့်ပြီး တူလေးကု၏နေရာကိုရှာဖွေနေစဉ်မှာပင်  သူ့နောက်မှ ယောက်ျားတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။ 


"မင်း....မင်းဘယ်သူလဲ...ဘာလို့ပင်မထိန်းချုပ်ခန်းထဲကိုရောက်နေတာလဲ..."


သူမ၏ နှလုံးသားလေး နစ်မြုပ်သွားလေသည်။


ငါဘာလုပ်ရမလဲ...


ယောင်စစ်လည်း ပိုင်ရိကိုအတုယူကာ ထိုလူ၏လည်ပင်းကို လက်ဝါးဇောင်းဖြင့် ခုတ်ဖို့ကြံရွယ်လိုက်သည်။


သို့သော် ထိုလူ၏လည်ပင်းက ဂျယ်လီဖြင့်ပြုလုပ်ထားသလိုမျိုးသူမ၏လက်ကနှစ်ဝင်သွားလေသည်။သူမအရိုးကျိုးသလိုမျိုး အသံကိုပင်ကြားလိုက်ရသည်။ သို့သော်လည်းသူမလက်လွှတ်သွားသည်နှင့် ထိုလည်ပင်းကပြန်ကန်ထွက်လာပြီး နဂိုမူလတိုင်းပြန်ဖြစ်သွားသည်။


ထိုနေရာ၌ အနည်းငယ်မျှသာနီရဲသွားပြီး မေ့လဲမည့်အနေထားလဲမရှိပေ ။


ယောင်စစ် "....."


 ထိုအမျိုးသား "....."


 သောက်ကျိုးနည်း...


 နင့်လည်ပင်းက ဘာလို့အဲလောက်ပျော့ဖတ်နေရတာလဲ...နင်ကဝက်ဝံဂျယ်လီရုပ်လား...