အပိုင်း ၅၉
Viewers 16k

Chapter 59

ကျူးကျော်သူတွေရှိတယ်


"မင်း ဘာလုပ်တာလဲ..."

ထိုသူက ယောင်စစ်ကို သံသယအပြည့်ဖြင့်လှည်ကြည့်လာသည်။


"ဟီးဟီး...နင့်ရဲ့ အင်္ကျီကော်လာပေါ်မှာ ပိုးကောင်ကပ်နေတယ်လို့ပြောရင် နင်ယုံမှာလားဟင်..."


" တကယ်လား..."


ထိုသူက ထခုန်လိုက်ပြီး သူ၏အင်္ကျီကော်လာကို အကြမ်းအတမ်း လှုပ်ခါလိုက်သည်။


"ငါပိုးကောင်တွေကို တစ်အားမုန်းတယ် မြန်မြန် လေးကြည့်ပေးပါဦး ထွက်သွားပြီလား..."


သောက်ကျိုးနည်း... သူကတစ်ကယ်ကြီးယုံတယ်ဟ...


"အဲ့တာ...အဲ့တာ ထွက်သွားပါပြီ..."


"သွားပြီး...သွားပြီ ပြုတ်ကျသွားပါပြီ..."


"တော်သေးတာပေါ့..."


ထိုသူက စိတ်သက်သာရာရစွာသက်ပျင်းချလိုက်သော်လည်း မျက်နှာကရှုံတွနေသေးသည်။ သူ၏ အင်္ကျီကော်လာကို နောက်တစ်ကြိမ်ပင်ထပ်ခါလိုက်သေးသည်။


"ကောင်းပြီ မင်းရဲ့ ယူနီဖောင်းကို ကြည့်ရတာကတော့ မင်းက အပေါ်ထပ်ကအစောင့်ပဲဖြစ်ရမယ်...အခုဒီကိုဘာလာလုပ်တာလဲ... သတင်းအချက်အလက်တွေလာပေးတာလား..."


ယောင်စစ် အစောင့်ယူနီဖောင်း ပြောင်းဝတ်ထားသည်ကိုယခုမှ အမှတ်ရသွားသည်။


"ဟုတ်တယ်...ဟုတ်တယ်..."


 သူမ ကြက်အစာကောက်သလိုမျိုး ခေါင်းညိမ့်ပြလိုက်၏။


"ဒါဆိုရင် မင်းတို့ကဘာလို့ ပင်မထိန်းချုပ်ခန်းထဲကို ရောက်နေတာလဲ...ဒီမြေအောက် ငါးလွှာက သုတေသီတွေကိုပဲ ဝင်ခွင့်ပြုထားတယ်ဆိုတာကို မသိကြဘူးလား..."


ထို့နောက် သူက မျက်မှောင်ကြုတ်၍ ထပ်ပြောလိုက်သည်။


"မင်းတို့လမ်းပျောက်သွားတာလား... ဒါကြောင့်မို့ဒီကိုရောက်လာတာလား..."


ယောင်စစ် ပိုင်ရိ ကိုတစ်ချက်လှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။


"ငါသိသားပဲ ..."


ထိုသူက သံသယများကင်းရှင်းသွားပုံပေါ်လေသည်။


"ဒီငါးလွှာရဲ့ ကာကွယ်ရေး စနစ်ကဆယ်မိနစ်တစ်ကြိမ်ပြောင်းနေတာ မင်းတို့ပင်မခန်းထဲကိုရောက်နေရင်တောင်မှပဲ ပြန်ထွက်ဖို့ လမ်းရှာတွေ့မှာမဟုတ်ဘူး..."


"အစ်ကိုကြီး... အစ်ကိုကြီး...ငါတို့ကို လမ်းညွှန်ပေးလို့ရမလား..."


ယောင်စစ် ညင်သာစွာမေးလိုက်သည်။


"မင်းတို့ ညာဘက်ကိုချိုးရင် ထွက်ပေါက်ကိုသွားလို့ရလိမ့်မယ် ငါကဒီနေရာမှာ လက်ထောက်ငယ်လေးတစ်ယောက် ဆိုပေမဲ့လည်း မှန်ကန်အောင်တော့ လမ်းညွှန်ပေးနိုင်ပါသေးတယ်..."


ထိုသူက အရှေ့မှတံခါးဆီသို့လျှောက်သွားရင်း သူ့၏ ကွန်ပြူတာ လက်ပတ်ကိုဖွင့်ကာနှိပ်လိုက်သည်။


ယောင်စစ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် ထိုသူ၏ ဦးခေါင်းထက်ကိုကြည့်လိုက်သောအချိန်တွင် သူမ နှလုံးသား နစ်မြုပ်သွားလေသည်။


"သူ အချက်ပေးခလုတ်နှိပ်တော့မယ်... ပိုင်ရိ သူ့ကိုမြန်မြန်တား..."


 ပိုင်ရိ အလျှင်စလိုလှုပ်ရှားလိုက်ပြီး ထိုသူကိုကြမ်းပြင်ပေါ်သို့ လှဲချခါ ပုခုံးကိုဖိထားလိုက်သည်။


"မင်းက...မျှော့မျိုးနွယ်ပဲ... "


ပိုင်ရိ ထိုသူ၏ ပျော့ဖတ်နေသော ပုခုံးကိုသေချာကိုင်ထားရင်း ပြောလိုက်သည်။


"မျှော့...မျှော့..." 


ကျုံ့နိုင်ဆန့်နိုင်တယ် ဒါကြောင့် မို့လို့ သူကဂျယ်လီလိုမျိုး ဖြစ်နေတာကို...


"မင်း...မင်း ဘာလုပ်နေတာလဲ..."


 ထိုသူကဒေါသတကြီးမေးလိုက်သည်။


"ငါကမင်းတို့ကို ထွက်ပေါက်ပြပေးမလို့လေ ဘာလို့ ငါ့ကိုဖမ်းချုပ်ထားရတာလဲ..."


ယောင်စစ် ထိုသူဆီသို့လျှောက်သွားလိုက်သည်။


"လာလိမ်မနေနဲ့..."


 သူ့၏ ခေါင်းပေါ်မှစာတန်းများက သူ့ကိုသစ္စာဖောက်နေလေပြီ။


"ငါတို့ကဒီနေရာကမဟုတ်မှန်း နင်သေချာသိနေပြီးသားလေ...ကဲ...ငါ့ကိုပြော သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကိုဘယ်မှာဖမ်းထားတာလဲ..."


"သွေးစုပ်ဖုတ်ကောင်... ဘာသွေးစုပ်ဖုတ်ကောင်လဲ..."


ထိုသူကလုံးဝမသိနားမလည်သလို ဟန်ဆောင် နေလေသည်။.


"မင်းတို့မျိုးနွယ်က လုံးဝအရိုးမရှိဘူးလို့ကြားဖူးတယ်...ဒါပေမယ့် အားနည်းချက်တစ်နေရာက..."


ပိုင်ရိ ၏ပုံစံက စူးစမ်းချင်စိတ်အပြည့်ဖြစ်နေသည်။သူ့၏အကြည့်များက ထိုသူ၏ အောက်ပိုင်း အလယ်တစ်နေရာသို့ရောက်ရှိသွားသည်။


ထိုသူ တုန်ရင်သွားပြီး သူ့လက်နှစ်ဖက်ဖြင့်သူ့ကိုယ်သူကာလိုက်ပြီး...


"မင်းတို့ဘာလုပ်ချင်နေတာလဲ... သူတို့ဘယ်မှာလဲဆိုတာ ငါတကယ်မသိဘူး..."


"ငါဘာလုပ်ချင်တယ်လို့များ မင်းထင်နေတာလဲ..."


ပိုင်ရိက မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်သည်။


"မင်းအကြမ်းမဖက်နဲ့..."


 "မစိုးရိမ်ပါနဲ့ ...ငါ့အတိုင်းတာ ငါသိပါတယ် အရမ်းမနာပါဘူး..."


"No..."


အယ်...ဘယ်လိုဖြစ်လို့သူတို့စကားပြောတာကြီးက ထူးဆန်းနေတာလည်း ပြီးတော့ ပိုင်ရိ ရဲ့မျက်နှာကလည်း ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားတက်ကြွနေတာလဲ...


ယောင်စစ် ပိုင်ရိ ၏လှုပ်ရှားမှု့များကိုစူးစိုက်ကြည့်နေလိုက်သည်။


ပိုင်ရိ လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးနောက် ထိုသူ၏ ဝမ်းဗိုက်သို့ ထိလိုက်သည်။နာကျင်စွာ အော်သံတစ်ခု ထွက်ပေါ်လာလေသည်။


"အား...အား...အရမ်းနာတယ်... အဲ့တာ နာတယ်..."


 ယောင်စစ် ပြောစရာစကားမဲ့သွားလေသည်။


အဲ့တော့ နင်သူ့ရဲ့ဘောင်းဘီကိုချွတ်လိုက်တာက အဲ့လိုလုပ်ဖို့ပေါ့လေ...

ငါ့ဘာသာငါ ခေါင်းပေါ်မှာပေါ်လာတဲ့စာတွေကိုဖတ်တာ ပဲကောင်းပါတယ်...


သူမခေါင်းမော့လိုက်သည်နှင့်ထိုလူ၏ ခေါင်းပေါ်မှစာတန်းများကိုတန်းမြင်လိုက်ရသည်။


[မျှော့သုတေသီသည် ကြောက်ရွံ့ထိတ်လန့်နေသည်။ သို့သော်လည်း သူမည်မျှထိတ်လန့်စေကာမူ ထိုကျူးကျော်သူများအား ပင်မ ထိန်းချုပ်ခန်း၏ညာဘက်တွင်ရှိသော နမူနာအခန်းအကြောင်း ပြောပြမည်မဟုတ်ပေ]


"သူတို့က ဒီအခန်းရဲ့ညာဘက် နမူနာအခန်းထဲမှာ..."


ပိုင်ရိ အေးခဲသွားသည် သူထွက်လာသောတံခါးမှကြည့်လိုက်သည်နှင့်ညာဘက်ရှိ နမူနာအခန်းကိုတွေ့လိုက်ရသည်။


"မင်းဘယ်လိုလုပ်သိမှာလဲ ပေါက်တတ်ကရတွေလျှောက်မပြောနဲ့..."


[သုတေသီက လုံးဝကို မစိုးရိမ်ပေ။ထိုသူများက တည်နေရာကို သိလျှင်တောင်မှအဝင်ဝတွင် အဆိပ်ငွေ့များရှိနေပေသေးသည်]


"အိုး...အဲ့ဒီမှာ အဆိပ်ငွေ့တွေရှိတယ်..."


ပိုင်ရိ မြန်မြန်ဆန်ဆန် ချက်ချင်း ပင်ခြေလှမ်းပြန်ဆုတ်လိုက်သည်။


"မင်း ဘယ်လိုလုပ်သိပြန်တာလဲ..."


ထိုသူအံ့အားသင့်သင့်ရေရွတ်လိုက်မိသည်။


[သုတေသီသည် စိတ်မပူသေးပေ သူတို့အဆိပ်ငွေ့များရှိကြောင်း သိလျှင်တောင်မှ ထိန်းချုပ် ခလုတ်ကစားပွဲအောက်တွင်ရှိမှန်းသိမည်မဟုတ်ပေ]


"ထိန်းချုပ်ခလုတ်က စားပွဲအောက်မှာ..." 


ပိုင်ရိ ဒူးတစ်ဖက်ထောက်၍ကြည့်လိုက်သည်နှင့်ထိန်းချုပ်ခလုတ်ကိုတွေ့လိုက်ရသည်။


[သုတေသီက စိတ်မပူသေးပေ။ သူတို့ထိုကာကွယ်ရေးစနစ်ကို ပိတ်လိုက်လျှင်တောင်မှအခန်းထဲဝင်ရန်အတွက် သူ့၏ DNAကိုလိုအပ်နေပေသေးသည်]


"နမူနာအခန်းတံခါးကို ဖွင့်ဖို့အတွက် သူ့ရဲ့DNAကိုလိုအပ်တယ်..."


[သုတေသီစတင်၍ စိုးရိမ်လာပေသည်။ထိုကျူးကျော်သူများက ဌာနကြီးတစ်ခုလုံးကိုသူတို့၏လက်ဖမိုးကဲ့သို့ပင် သေချာသိနေပေသည်။ သူထင်ခဲ့သည်က ဒီဌာနကြီးတစ်ခုလုံး၏ တာဝန်ရှိသူ"သူ ပရော်ဖက်ဆာဖု"ကဲ့သို့ မည်သူမှ မသိနိုင်ဟုထင်ခဲ့မိသည်။]


"သူ့ကိုပါခေါ်လာခဲ့ သူကဒီဌာနရဲ့ တာဝန်ရှိသူ ပရော်ဖက်ဆာပဲ..."


ငါ...toilet သွားဖို့မလုပ်ခဲ့သင့်ဘူး...


ယောင်စစ် ထိုမျှော့ ပရောဖက်ဆာကို တစ်ချက်ကြည့်လိုက်သည်။စာတန်းထိုးစွမ်းရည်မှ ရရှိလာသောသတင်းအချက်အလက်များဖြင့် ကာကွယ်ရေးစနစ်များကိုပိတ်ဆို့လိုက်သည်။


တစ်ချိန်လုံး တိတ်ဆိတ် တွေဝေနေသောသူတစ်ယောက်က နောက်ဆုံး တွင်သတိပြန်ဝင်လာပြီး တုန်တုန်ရင်ရင်ဖြင့် ယောင်စစ်ကို လက်ညိုးထိုး၍ ပြောလိုက်သည်။"


"နင်...နင် က...နင့်မှာလည်းစွမ်းရည်ရှိတယ်... နင့်ရဲ့စွမ်းရည်ကလည်း စိတ်ဖတ်တာပဲ...ဟုတ်တယ်မဟုတ်လား...ငါကလည်းစိတ်ဖတ်သူပါ ဘာကြောင့်များ ငါကဘာတစ်ခုမှမပြောနိုင်ရတာလဲ..."


ဘာကြောင့်ငါ့ရဲ့စွမ်းရည်က သူ့ထက်နိမ့်ကျနေရတာလည်း...


[သုတေသီပညာရှင်က ယောင်စစ် သူ့၏ အတွေးများကိုဖတ်နေခြင်းမှ ကာကွယ် နိုင်ရန်အတွက်သူပေါက်တက်ကရများလျှောက်တွေးနေသည်။သို့သော်လည်းယောင်စစ်၏စွမ်းရည်က စာတန်းထိုး စွမ်းရည်ဆိုသည်ကိုသူမသိပေ။သူက နမူနာအခန်း၏ လျှိုဝှက်နံပာတ် 00768 ကိုမတွေးမိအောင်ထိန်းထားလိုက်သည်။]


"ဒီအခန်းရဲ့နံပာတ်က 00768 ကျေးဇူးပါပဲ ပရော်ဖက်ဆာ..."


ပိုင်ရိ သူ့ရင်ဘက်သူဖိ၍ သက်ပြင်းတစ်ချက်ချလိုက်သည်။


"ငါပြောတာကိုယုံ သူမရဲ့စွမ်းရည်က စိတ်ဖတ်တာမဟုတ်ဘူး အာ့ကြောင့်မို့ခင်ဗျား ပေါက်ကရတွေ လျှောက်တွေးပြီးတော့အတွေးတွေထွေပြားနေလည်းသူ့အပေါ်သက်ရောက်မှု့ရှိမှာမဟုတ်ဘူး..."


ပရော်ဖက်ဆာက သူ့ရဲ့စကားကိုမည်သို့မှပြန်လည်တုန့်ပြန်မလာတော့ပေ...


ခဏအကြာ၌ နမူနာခန်းတံခါးပွင့်သွားလေသည်။ ယောင်စစ် အရင်ဆုံး အခန်းထဲဝင်သွားလိုက်သည်။


အခန်းထဲ၌ အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူတစ်ချို့ရှိနေသည်။သူတို့က စမ်းသပ်ခုံများရှေ့တွင်သူတို့၏အလုပ်ကိုအာရုံစိုက်၍လုပ်နေသည်။ဒီတစ်ကြိမ်၌ ပိုင်ရိ ကိုသတိပေးစရာပင်မလိုလိုက်ဘဲသူ အလျှင်အမြန် ပင်ရှေ့သို့ တိုးသွားကာ လက်ဝါးစောင်းအုပ်ချလိုက်သည်။ကံကောင်းထောက်မစွာဖြင့် ထိုသူများက မျှော့မျိုးနွယ်များမဟုတ်ကြပေ။


ယောင်စစ်၏နှလုံးသားကတင်းကြပ်သွားသည်။ထိုသုတေသီများက သွေးစုပ်ဖုတ်ကောင် မျိုးနွယ်ကိုစမ်းသပ်လေ့လာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူမစမ်းသပ်ခုံနားသို့အလျှင်မြန်ပြေးသွားလိုက်သည်။


"တူလေးကု...တူလေး...လော့ယင်း... "


ကြည်လင်လှသောစမ်းသပ်ခုံပေါ်တွင်ရှိနေသောသူက တူလေးကုမဟုတ်ဘဲ လော့ယင်းဖြစ်နေလေသည်။


"ဘယ်လိုဖြစ်ပြီး... သူမဘယ်လိုလုပ်ရောက်နေတာလဲ..."


"လော့ယင်း...လော့ယင်း... "


ပိုင်ရိ လျှင်မြန်စွာပြေးလာလိုက်ပြီး လော့ယင်း ၏မျက်နှာကို ခပ်စပ်စပ်ပုတ်လိုက်သည်။သို့သော်လည်း သူမက လုံးဝ အိပ်မောကျနေပုံမျိုးဖြင့်ပြန်လည်တုန့်ပြန်မလာပေ။


ယောင်စစ် ပရော်ဖက်ဆာဖက်သို့လှည့်ကြည့်လိုက်သည်။ သူမ၏ စာတန်းထိုး စွမ်းရည်ကစိတ်ချယုံကြည်ရဆဲဖြစ်သည်။


[သူမကို ထိန်းချုပ် ဆေးထိုးထားသည်။အပြာရောင်အပ်ထဲတွင်အဆိပ်ဖြေဆေးပါရှိ၏]


"ပိုင်ရိ အပြာရောင်အပ်ထဲမှာ ဖြေဆေးရှိတယ်..."


ပိုင်ရိဘေးဘက်ရှိ အပြာရောင် အပ်တစ်ချောင်း ကိုယူလိုက်ပြီး လော့ယင်း ၏လက်မောင်းထဲသို့ ထိုးစိုက်လိုက်သည်။


ဆေးရည်များဝင်သွားသည်နှင့်တစ်ပြိုင်နက် လော့ယင်း အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်ပြီး တုန့်ပြန်မှု့ရှိလာသည်။


"ပိုင်ရိလား..."


 သူမအနည်းငယ်တုန့်ဆိုင်းသွားပြီးနောက် မျက်တောင်တစ်ဖျက်ဖျက်ခက်လိုက်သည်။ထို့နောက်ဘေးဘက်ကိုလှည့်ကြည့်လိုက်လေရာယောင်စစ်ကိုလည်းတွေ့လိုက်ရ၏။


"ဥက္ကဋ္ဌ ....နင်တို့ ဒီကိုဘယ်လိုလုပ်...ရှုချန်း..."


သူမက တစ်စုံတစ်ရာကိုမှတ်မိသွားပုံမျိုးဖြင့် တုန်လှုပ်သွား၏။


"ရှုချန်း ရော သူဘယ်မှာလဲ သူမေ့လဲသွားတာကိုမြင်လိုက်တယ်..."


"ဒီး..."


သူမစကားပြောလို့ မဆုံးသေးခင်မှာပင် ကျယ်လောင်စူးရှသောအချက်ပေးသံထွက်ပေါ်လာလေသည်။