အပိုင်း ၅၄
Viewers 16k

Chapter 54

တူလေးကုပျောက်ဆုံးနေခြင်း


တစ်ကျောင်းလုံး ၏ ကံကောင်းစေသော အဆောင်လက်ဖွဲ့လေးဖြစ်ရသည်မှာ လွယ်ကူသည့် ကိစ္စတစ်ရက်တော့မဟုတ်ပေ။ သူမခေါင်းကို ဘယ်သူမှ တပ်မက်မှုနှင့်လိုက်မကြည့်နိုင်အောင် အိမ်သာထဲ သွားထိုင်နေသည့်အချိန်တောင်မှ အပြင်ဘက်မှ နေ၍ ပြောဆိုနေသမျှကို ကြားနေရပေသည်။ 


"ပြောဦးမယ် ငါတို့ကျောင်းသားဥက္ကဌရဲ့ခေါင်းကိုလေ နတ်ဘုရားမူ ကထိသွားခဲ့တယ်တဲ့..."


သူမ သွေးအန်မိတော့မလိုပင်ဖြစ်သွားသည်။သို့သော်လည်း သူကျောင်းသားဥက္ကဌ ဖစ်သည့်နေ့ကတည်းက ခက်ခဲမှု့များတစ်ခုမှမကြုံတွေ့ရသေးပေ။ကျောင်းသားများက အရင်အတိုင်းစည်းစည်းလုံးလုံးရှိနေပြီး ဖြစ်လာသည့်အခြေအနေကို တည်တည်ငြိမ်ငြိမ်ပင် လက်ခံလိုက်သည်။


ကျောင်းသားကောင်စီအဖွဲ့ဝင်များအားလုံးကလည်း သူခိုင်းသမျှကို မျက်စိမှိတ်လုပ်ပေးနေကြတုန်းပဲ ဖြစ်သည်။တစ်ခါတစ်လေ စိတ်သဘောထားမတိုက်ဆိုင်မှု့များ ရှိနေလျှင်တောင်မှ ဥက္ကဌ၏အမိန့်ကသာအရာရာဖြစ်သည်ဟု သူတို့ကိုယ်သူတို့ တရားချလိုက်ကြပြီး 'ငါတို့ဥက္ကဌသာမှန်သည်' ဟုဖြစ်သွားကြသည်။ 


တစ်ခုခုမှားသွားရင်ဘယ်လိုလုပ်ကြမလဲ ဟုတ်လား...


ဘယ်လိုအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ...  နတ်ဘုရားမူ ကိုယ်တိုင်ရွေးချယ်ထားတဲ့လူက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ နတ်ဘုရားမူရဲ့ ဖန်တွေ အကုန်သိတယ်...


ပထမဆုံးအချက်က နတ်ဘုရားမူ ဘာလုပ်လုပ်ယုံကြည်သင့်တယ်ဆိုတဲ့အချက်ပဲလေ... ဥက္ကဌကိုမယုံကြည်ဘူးဆိုတာက နတ်ဘုရားမူကို မယုံကြည်ဘူးလို့ သွယ်ဝိုက်ပြောဆိုလိုက်တာပဲ...


 ဘာ...ဥက္ကဋ္ဌယောင်က ဘာမှအတွေ့ကြုံမရှိတဲ့လူသစ်လေး ဟုတ်လား...


 အတွေ့ကြုံမရှိတော့ရောဘာဖြစ်လဲ...


အတွေ့ကြုံမရှိရင်ဥက္ကဌမလုပ်ရဘူးလို့ ဘယ်သူများပြောထားလို့လဲ... 


နင်တို့ကိုယ်တိုင် နင်တို့လက်နဲ့နင်တို့ မဲပေးခဲ့လို့ သူဥက္ကဌဖြစ်လာတာမဟုတ်ဘူးလား...


ပြီးတော့  ဒီစကြာဝဠာတစ်ခွင်မှာ ငါတို့ကျောင်းလိုမျိုး နတ်ဘုရားမူ ကိုယ်တိုင် ရွေးချယ်ပေးသွားတဲ့ ကျောင်းသားဥက္ကဌ ရှိတဲ့ကျောင်း ဘယ်မှာရှိလဲ ရှာကြည့်လိုက်စမ်း...


နတ်ဘုရားမူ ၏ဖန်များက စကြာဝဠာ အနှံအပြား ချောင်ကျိုချောင်ကြားပါမကျန် ရှိနေသည့်အပြင် မူရွှမ် သည်သာ ကိုးကွယ်ရာဟူသောဆောင်ပုဒ်နဲ့အညီ နေထိုင်ကြခြင်းက ယောင်စစ်ကို ပင် အံ့အားသင့် တုန်လှုပ်သွားစေသည်။


ကောင်းကြသေးရဲ့လား...ငါကဘာမှအသုံးမကြဘူးဆိုပြီး အကြောင်းပြပြီး ကျောင်းသားဥက္ကဌ နေရာက ထွက်ဖို့စိတ်ကူးလေးကို လက်လွှတ်လိုက်ရပြီ....


 ထိုအကြောင်းတွေးလိုက်မိသည်နှင့်ယောင်စစ် တိုင်နှင့်ခေါင်းနဲ့ပြေး ဆောင့်ချင်လာမိသည်။


.....


"ဥက္ကဌ..."


ခေါ်သံကြောင့် သူမ စာရွက်ပုံကြားထဲမှ ခေါင်းဖော်လိုက်ပြီး သူ့ရှေ့၌အစည်းဝေးပွဲလုပ်နေကြဆဲ လူတစ်စုကို ကြည့်လိုက်သည်။ 


"ကျိုးဖုန်ကျောင်းက ကျွန်တော်တို့ကျောင်းကို ကမ်းလှမ်း ထားတဲ့ကိစ္စလေ အခုထိအကြောင်းမပြန်ရသေးဘူး...ချစ်ကြည်ရေး လက်ရည်စမ်းပွဲအတွက်ကမ်းလှမ်းထားတာပါ...အကြောင်းပြန်ဖို့က စာစီပြီးသွားပါပြီ...ဒါပေမယ့် ဥက္ကဋ္ဌ ဆီက နေ့ရက်နဲ့အချိန် အတည်ပြုချက်စောင့်နေတာပါ..." 


လက်ရည်စမ်းပွဲကိစ္စ...အဲ့ဒီ့ကိစ္စကိုကြားဖူးသလိုပဲ...


" ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့..."


 ယောင်စစ် အကျင့်ပါနေသည့်အတိုင်း သူ့၏ ဘေးဘက်ကို လှည့်ကြည့်လိုက်သည်။ 


"သူ့ကို...အမ်..."


ယောင်စစ်၏ဘေးမှာ ဘယ်သူမှမရှိပေ။


"ပိုင်ရိ...သူ အခုတလော ဘယ်ရောက်နေတာလဲ..."


 "ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ..."


ပိုင်ရိ လက်ထဲ၌လှည့်နေသော ဘောပင်ကိုပြန်ချထားရင်း ဖြေလိုက်သည်။


"ဥက္ကဌယောင် သေချာသိအောင် လို့တစ်ခုပြောပြထားရဦးမယ် အဲ့ဒီ ရှုချန်း နဲ့ကျွန်တော်နဲ့ကမျိုးဆက်တစ်ခုတည်းကလေ...ပြီးတော့ ငယ်ငယ်ထဲကသိကျွမ်းကြတာလည်းဟုတ်တယ် ဆိုပင်မယ့်... သူဘယ်ရောက်နေလဲ သိရလောက်အောင်တော့ ကျွန်တော်မသိဘူး...ပြီးတော့ သူဘယ်ရောက်နေလဲသိရအောင်လည်း ကျွန်တော်က..."


"မသိဘူး ဆိုရင်လည်း ...ရပါပြီ..."


"လော့ယင်း... နင်ရောသိလား..."


'ပိုင်လေပေါ'၏ စကားများမှုကိုနားမထောင်နိုင်တော့ဘဲ စကားဖြတ်ပြောလိုက်ရသည်။


"ကျွန်မလည်းမသိဘူး..."


လော့ယင်းက ခြေတံရှည်နှင့်အမျိုးသမီးဖြစ်သည်။သူမက ဖျော်ဖြေရေးဌာန၏ခေါင်းဆောင်လည်းဖြစ်သည်။ပိုင်ရိ ပြီးလျှင် သူမကသာ ဒုဥက္ကဌကု နဲ့အနီးစပ်ဆုံးလူဖြစ်သည်။


"လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက သူအိမ်မှာ မရှိဘူး ဘယ်သွားမယ်ဆိုတာလည်း မပြောထားခဲ့ဘူး...ဒါပင်မယ့် သူ အနီရောင်ဂြိုလ်ကိုပြန်လာတယ်လို့တော့ကြားခဲ့တယ်...သူ့မှာတာဝန်တစ်ခုခုရှိလို့ဖြစ်ပါလိမ့်မယ်...စိတ်မပူပါနဲ့... သွေးစုတ်ဖုတ်ကောင်တွေက ဒီလိုပဲ မကြာခဏ ပျောက်သွားနေကြ ....ကျွန်မ တို့မျိုးနွယ်တွေက သီးခြားနေတတ်တဲ့မျိုးနွယ်တွေလို့ဆိုရမယ်...တစ်နေရာထဲမှာ အကြာကြီး...နေခဲတယ်..."


လော့ယင်းကဆက်လက်ရှင်းပြနေသည်။


"ဆောင်းခိုရင်းနဲ့နှစ်အကြာကြီးပျောက်သွားတဲ့ဖြစ်ရပ် မျိုးရှိတယ်လေ...ရက်အနည်းငယ် လောက်ပျောက်သွားတာကတော့ပုံမှန်ပါပဲ..."


"ထင်တာကတော့... "


ပိုင်ရိ က အလန့်တကြားပုံဖြင့် ဝင်ပြောလာသည်။


"ရှုချန်းမှာ အဲ့တာရှိ... "


"ငါ တို့ဆွေးနွေးတာကိုဒီမှာပဲရပ်လိုက်မယ် ဒုဥက္ကဌပြန်လာတဲ့အခါကြမှ ဒီချစ်ကြည်ရေးပွဲအကြောင်းကို ထပ်ပြောကြမယ်..."


ယောင်စစ် ပိုင်ရိ ၏စကားစကိုဝင်ဖြတ်လိုက်ပြန်သည်။


"ငါပြောလို့မပြီးသေးဘူးလေ... ဥက္ကဌ...ဥက္ကဌ... "


ပိုင်ရိက ဆက်ပြောနေဆဲပင် ။


ကံကောင်းထောက်မစွာဖြင့် ယောင်စစ် တံခါးနားသို့ရောက်နေပြီဖြစ်သောကြောင့် အလျှင်အမြန် ထွက်သွားလိုက်သည်။.ရက်အနည်းငယ်ကြာပြီးနောက် ပိုင်ရိ ၏စကားများသောဒဏ်ကို သူမ သည်းမခံနိုင်တော့ပေ။


သူမ ကွန်ပျူတာလက်ပတ် ရှိ သတင်းအချက်အလက်များကို ကြည့်လိုက်သည်။ရုတ်တရက် တူလေးကု၏စောင့်ရှောက်မှု့များကို သတိရသွားမိသည်။သူမ၏စိတ်ထဲ၌ စိုးရိမ်သောကများနှင့်အတူ ထူးဆန်းသောခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။


လော့ယင်း၏ပြောစကားအရ သွေးစုတ်ဖုတ်ကောင်များသည် နှစ်ရာချီအောင် ဆောင်းခိုရင်း ပျောက်သွားကြသည်ဟုဆိုသည်။ထို့ကြောင့် ရက်အနည်းငယ် ကြာပျောက်သွားခြင်းက ကိစ္စတစ်ခုမဟုတ်ဟုဆိုသော်လည်း တူလေးကုအတွက်တော့ သေချာပေါက်မမှန်ပေ။


အထူးသဖြင့် သူက နဂါးငွေ့တန်းကျောင်းတော်ကြီးတွင် ယောင်စစ်ကို စောင့်ရှောက်နေရသောအချိန်တွင်ဖြစ်သည်။သူနှင့်အတူဖြတ်သန်းခဲ့ရသောနေ့ရက်များကို ကြည့်ချင်းအားဖြင့် ကုရှုချန်းသည် သူမကိုဂရုစိုက်ဖို့အလေးအနက်ထား၍ လုပ်ဆောင်တတ်ပေသည်။မည်သည့်အကြောင်းအရာကိစ္စပင်ရှိစေ၊ရာသီဥတုဆိုးရွားသည်ဖြစ်စေ သူမအချိန်မှန်စားနိုင်ရန်အတွက် အိမ်သို့ပြန်လိုက်ပို့ပေးမည် ဖြစ်သည်။ သူမ တစ်စက္ကန့် မျှခန့်နောက်ကျမိလျှင်ပင် သူမ၏ ကွန်ပျူတာ လက်ပတ်ထဲ၌ စာတိုများဖြင့် ပြည့်နေပေလိမ့်မည်။


သူက သူမကိုတစ်ချိန်လုံးစောင့်ကြည့်နေပုံရသည်။ထိုကဲ့သို့အလေးအနက်ထား၍ လုပ်ဆောင်တတ်တဲ့သူမျိုးကအပတ်စဉ်အစည်းအဝေးပွဲကို အလွတ်ခံလိမ့်မည်မထင်ပေ။


တစ်ခုခု ဖြစ်နေတာများလား...


ယောင်စစ် မျက်မှောင်ကြုတ်လိုက်ပြီး ကုရှုချန်း  ဆီသို့ မက်ဆေ့ များစွာပို့လိုက်သည်။


နောက်တစ်ပတ် အပတ်စဉ် အစည်းအဝေး ပွဲတွင် လည်းသူပျောက်နေပေသည်။လွန်ခဲ့သည့်တစ်လကျော်လောက်က ပို့ထားသည့် မက်ဆေ့များက ပင်လယ်ထဲ နစ်မြှပ်သွားသော ရေတစ်စက်လိုပင် အရာမထင် ခဲ့ပေ။သူမ၏ ကွန်ပျူတာ ထဲတွင်လည်းမဖတ်ရသေးသော စာတွေပုံနေပြီဖြစ်သည်။ယောင်စစ် သက်ပြင်းတစ်ချက်ချ၍ ဆုံးဖြတ်လိုက်သည်။ 


တူလေးကု ဒုက္ခ ရောက်သည်ဖြစ်စေ၊မရောက်သည်ဖြစ်စေ သူမ သူ့ကိုချက်ချင်း သွားပြန်ခေါ်လာပေတော့မည်။


"နင်... ငါ့ကို .... ဘာလို့ဆွဲထုတ်နေရတာလဲ" 


ပိုင်ရိကရုန်းကန်ရင်းမေးလိုက်သည်။


"တူလေး...ရှုချန်း...ကုရှုချန်း ဘယ်မှာနေလဲ...ငါမသိလို့ပါ လော့ယင်း ကလည်းမရှိဘူးဆိုတော့ နင့်ကိုပဲခေါ်သွားရတော့မယ်..."


"နင်က လော့ယင်းကိုသွားရှာချင်သေးတယ်လား..."


 ပိုင်ရိ အံအားသင့်သွားပြီ သူမကို ခြေဆုံးခေါင်းဆုံးအကဲခက်လိုက်သည်။


"နင်ကအရမ်းကိုသတ္တိရှိတာပဲ ဒါပင်မယ့်  ငါကြိုပြီးသတိပေးလိုက်ပြရစေ လော့ယင်းနဲ့ဝေးဝေးနေတာကောင်းလိမ့်မယ်...ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကျွတ်...ကျွတ်... ကျွတ်... "


"ဘာလို့လဲ..."


 ယောင်စစ် ငြိမ်သက်သွား၏  


"အဲ့ဒီ လော့ယင်းက ပြောဆိုဆက်ဆံရလွယ်မယ့်ပုံမျိုးပါ... မဟုတ်ဘူးလား... " 


"ဟုတ်ပြီ ငါ့နင့်ကိုသေချာပြောပြလိုက်မယ် ကုရှုချန်းက လော့ယင်း ရဲ့မျိုးဆက်ပဲ..." 


ယောင်စစ် မျက်လုံးပြူးသွားသည်။


"ကုရှုချန်းက လော့ယင်းရဲ့လက်ဆင့်ကမ်းသူ ဟုတ်လား...အဲ့တော့လော့ယင်းရဲ့ အဖေပေါ့... "


သောက်ကျိုးနည်း...  အဖေရောသမီးရော တစ်ကျောင်း ထဲအတူတူတက်နေကြတာလား...


" လော့ယင်းက ကလေးပဲရှိသေးပေမယ့် သူ့ရဲ့အစွမ်းကို နိုးထပြီးပြီဖြစ်လို့ နင်သတိထားနေလိုက်တော့..."


" အဲ့တာငါနဲ့ဘာဆိုင်လို့လဲ... "


ငယ်ငယ်ရွယ်ရွယ်နဲ့ သမီးလေးတစ်ယောက်ရှိနေတာ ထူးဆန်းပေမယ့်လို့တော့.. အဲ့တာငါနဲ့ဘာဆိုင်လဲ...


ယောင်စစ် ပိုင်ရိကိုကြည့်၍ မေးလိုက်သည်။


ပိုင်ရိကလည်း သူမကိုအထူးအဆန်းပြန်ကြည့်လာလေသည်။


"နင်ကငတုံးလား...သူ့အဖေနဲ့ရင်းနှီးကျွမ်းဝင်နေတာကို သူ့သမီးက ကျေနပ်နေမယ်ထင်လား... "


နေပါဦး သူကဘာလို့စိတ်ဆိုးရမှာလဲ...


ယောင်စစ် ဇဝေဇဝါ တွေးလိုက်မိသည်။ တူလေးကုက ငါ့ကို ညနေစာစားဖို့ အိမ်ပြန်လိုက်ပို့ပေးရုံပဲလေ။


ပိုင်ရိ ဒေါသထွက်လွန်း၍ သွေးအန်မိမလိုပင်ဖြစ်သွားသည်။


"ထားလိုက်တော့... ထားလိုက်တော့ အရေးမပါဘူး... နင်အခု သူ့အိမ်ကိုသွားမှာမှတ်လား... မြန်မြန်လာ...မြန်မြန်လာ..."


ပိုင်ရိ ရှေ့ကနေ၍ ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားလေသည်။


ယောင်စစ် သူ့နောက်ကျောကို အံ့ဩတကြီးဖြင့်ကြည့်လိုက်မိသည်။


ဒီကောင်က ဘာလို့ နေရင်းထိုင်ရင်း ဒေါသတွေထွက်နေရတာလဲ...ရာသီလာနေတာများလား...


ကုရှုချန်းက အနီရောင်ဂြိုလ်တွင် နေထိုင်ခြင်းမဟုတ်ပေ။ သူကကျောင်းနားရှိ တိတ်ဆိတ် ငြိမ်သက်သောနေရာတစ်ခုတွင် နေထိုင်ခြင်းဖြစ်သည်။


စကြာဝဠာ၏အဆင့်မြင့်သယ်ယူပို့ဆောင်ရေးအရ သူတို့ထိုနေရာသို့ ငါးမိနစ် အတွင်းရောက်သွားလေသည်။


ထိုနေရာသည် အမှန်တကယ်ကိုတိတ်ဆိတ်အေးချမ်းသော နေရာကောင်းတစ်ခု ဖြစ်၏။ ပတ်ဝန်းကျင်တွင်လည်း စိမ်းလန်းစိုပြေနေသောသစ်ပင်ကြီးများဖြင့် ဝန်းရံထားသည်။


လမ်းတစ်လျှောက်တွင် လူသူကင်းမဲ့နေပြီး သူတို့ကို ဖြတ်သန်းသွားသော လူသုံးယောက်သာလျှင်တွေ့ရသည်။အေးချမ်းသောပတ်ဝန်းကျင်နှင့်ပန်းရနံ့လေးများလည်း သင်းပျံ့နေသည်။


ယောင်စစ် လမ်းတစ်လျှောက်မှ ဆိုင်းဘုတ်များကိုငေးကြည့်နေရင်း ပိုင်ရိ  ရုတ်တရက် ရပ်တန့်လိုက်သောကြောင့် သူ့နောက်ကျောကို ဝင်တိုက်မိသွားပြီး အံအားတသင့်ဖြစ်သွားသည်။


"ဘာဖြစ်တာလဲဟ..."


သူက စကားမဆိုဘဲ တစ်နေရာထဲကို စူးစူးစိုက်စိုက်ကြည့်ရင်းအတွေးနစ်နေပုံရလေသည်။


သူ့၏မျက်နှာပေါ်တွင် စိုးရိမ်သည့် အမူအရာမျိုးကပေါ်လာပြီး တွန့်ဆုတ်စွာပင် ပြောလာလေသည်။


"မဟုတ်မှလွဲရော... "


"ဘာဖြစ်တာလဲ လို့မေးနေတယ်လေ..."


 ယောင်စစ် ထပ်မေးလိုက်သည်။


ပိုင်ရိကပြန်မဖြေဘဲ သူ့ရှေ့ကမှခြံဝန်းတစ်ခုဆီသို့ တစ်ရှိန်ထိုး ပြေးသွားလေသည်။


ယောင်စစ်လည်းသူ့အနောက်မှ အလျှင်အမြန် လိုက်လာခဲ့ရပေသည်။


သူတို့ခြံဝန်းရှေ့ရောက်ပြီး တံခါးကိုအသါလေးတွန်းဖွင့်လိုက်သည်နှင့် ချက်ချင်းပွင့်သွားလေသည်။နည်းပညာမြင့်မားလွန်းသော စကြာဝဠာ ခေတ်ကြီးထဲတွင် ထိုကိစ္စရပ်က ကောင်းသည့်အခြင်းအရာ မဟုတ်မှန်း သိလိုက်ကြလေသည်။


ထို့အပြင် ပို၍ဆိုးသည်က ပိန်းပိတ်အောင် မှောင်နေခြင်းပင်ဖြစ်သည်။ 


"ခုဏ ငါတို့ကို ဖြတ်သွားတဲ့ လူသုံးယောက်က သူ့ကိုဖမ်းသွားတဲ့လူတွေပဲ..."


ပိုင်ရိ ရုတ်တရက် ထပြောလိုက်သည်။


သူ့ရဲ့အထူးစွမ်းအင်က စိတ်ဖတ်ခြင်းဖြစ်သည်..ဒါကြောင့် သူတို့သုံးယောက် အနားကဖြတ်သွားတုန်းက သူတို့ရဲ့အတွေးကိုကြားလိုက်ရ၏။


"အခုအမြန်လိုက်ကြစို့..."