အပိုင်း ၂၃၂
Viewers 31k

Chapter 232

တိုရိုဆီသို့စုန်




ကျောက်ကျင်းကော ကျန်းကျန့်ကို အလွန်စိုးရိမ်နေသည်။ 


လောလောဆယ် သူက အန္တရာယ်မရှိတော့ဘူး...ဒါပေမဲ့ ကျန်းကျန့်ကရော... 


ကျောက်ကျင်းကောက လူတွေကို သာမန်တံငါသည်များအဖြစ် ဟန်ဆောင်ခိုင်းပြီး စုံစမ်းရန် စေလွှတ်ခဲ့ကာ သင်္ဘောများနှင့်အတူ ခေတ္တနေထိုင်ရန် ကျွန်းငယ်လေးတစ်ကျွန်းကို တွေ့ရှိခဲ့သည်။


သူတို့က အမြန်ထွက်လာသည့်အတွက် အပြည့်အ၀ ပြင်ဆင်မထားရသည့် အရာတွေ အများကြီးရှိ၏။ သို့သော် ဤကျွန်းသည် လူနေထိုင်သောကြောင့် ၎င်းတို့၏ အစာနှင့် ရေကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ 


"ကျင်းကော ဘာတွေဖြစ်နေတာလဲ" 

ကျောက်ဖူကွေ့ အခန်းတွင်းမှ ထွက်လာပြီး ကျောက်ကျင်းကောကို တွေ့သောအခါမေးသည်။


သူတို့ အိပ်တော့မည့်အချိန်မှာ ဘုမသိဘမသိနှင့် ကျောက်ကျင်းကော၏ ရုတ်တရက် သင်္ဘောပေါ်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ 


"အဖေ...ကျွန်တော်တို့မှာ ပြဿနာလေးတစ်ခု ကြုံနေရတယ်" 

ကျောက်ကျင်းကောက ပြောသည်။


"ဘယ်လိုပြဿနာမျိုးလဲ...အန္တရာယ်ရှိလား" 

ကျောက်ဖူကွေ့က ထပ်မေး၏။


"မရှိဘူး အဖေ...စိတ်မပူပါနဲ့" 

ကျောက်ကျင်းကောက သူ့အဖေကို ပြုံးပြလိုက့ပြီး သူ့အမူအရာက တကယ်တမ်းမှာ အတော်လေး မသက်မသာဖြစ်နေမှန်း မသိဘဲ ကျောက်ဖူကွေ့ကျေနပ်ရန် ကြိုးစားလေသည်။


သူထင်သည်ကမှားနေပြီး သူတို့တကယ်ဒုက္ခရောက်နေခြင်းမဟုတ်ရန် သူမျှော်လင့်ပါ၏။


ကျန်းကျန့်က သိပ်မကြာခင်မှာပဲ သူတို့ကိုပြန်လာခေါ်ရန် သူမျှော်လင့်ပါ၏။


သို့သော် မျှော်လင့်ချက်သည် နောက်ဆုံးတွင် မျှော်လင့်ချက်သာဖြစ်သည်။ 


တစ်ရက်စောင့်ဆိုင်းပြီးနောက် ကျောက်ကျင်းကောကျန်းကျန့်ထံမှသတင်းရခဲ့ပြီး ကျန်းကျန့်၏သင်္ဘောအုပ်စုကိုတွေ့ခဲ့သည်။


သင်္ဘောပေါ်ရှိလူများ အားလုံး မြင်မကောင်းရှုမကောင်းဖြစ်နေကြပြီး ကျန်းကျန့်ပင်လျှင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ 


ယင်းက သူတို့ ဖြစ်ပျက်ခဲ့သည်တွေကို သက်သေပြနေ၏။


"ကျင်းကော အနာဂတ်မှာ မင်း ကိုယ်နဲ့အတူ ဝရမ်းပြေးဖြစ်လိမ့်မယ်..." 


ကျောက်ကျင်းကောကိုမြင်သောအခါ ကျန်းကျန့်က ပြုံးလိုက်သည်။


"ကောင်းပြီ"

ကျောက်ကျင်းကောက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။


သူ့၏လေးနက်သည့်ပုံစံကို မြင်လိုက်ရသောအခါ ကျန်းကျန့်၏ အပြုံးက အစတုန်းကလောက် ခါးသီးခြင်းမရှိတော့ပါဘဲ ရိုးသားမှုအချို့ကိုလည်း ပြသခဲ့၏။

"စိတ်မပူပါနဲ့ကျင်းကော...ကမ္ဘာကြီးက အကြီးကြီးဆိုတော့ ကိုယ်တို့အတွက် အမြဲတမ်း နေရာတစ်နေရာ ရှိပါတယ်"


ကမ္ဘာပေါ်ရှိ နေရာများစွာသည် သူတစ်ချိန်က သူသိခဲ့သော သမိုင်းနှင့် ကွဲပြားပြီး ၎င်းတို့၏ အမည်များမှာလည်း ကွဲပြားသော်လည်း မြေမျက်နှာသွင်ပြင်မှာ အတူတူပင် ဖြစ်သည်။ 


ထိုကိစ္စကြောင့် ဤနေရာ၌ မစူးစမ်းရသေးသော အမေရိကနှင့် နိုင်ငံရပ်ခြားရှိ စူးစမ်းရှာဖွေမရသေးသော နယ်မြေကျယ်ဝန်းသော နေရာများ ရှိသေးသည်။


သူက ချင်ဟွကျွန်းကို ထွက်လမ်းတစ်ခုအဖြစ် မှတ်ယူထားသော်လည်းဤနေရာတွင် လူအများအပြားကို ပုန်းအောင်းခိုင်းကာ အစားအစာနှင့် ပစ္စည်းများ အများအပြားကို သိုလှောင်ထားရုံလုပ်ခဲ့သည်။တချီမှ ထွက်ခွာရသည့်အခါတွင် ဤကျွန်းငယ်လေးတွင် ပိတ်မိနေရန် မရည်ရွယ်ထားပေ။ 


တော်ဝင်ရေတပ်က ငမြှောင်းငခြောက်တွေ မဟုတ်သည့်အပြင် ၎င်းတို့နောက်တွင်တချီတစ်ခုလုံးရှိနေသည်။ သူတို့ မည်မျှပင် အစွမ်းထက်နေပါစေ၊ယခုလို ကျွန်းငယ်လေးမှာ အဆုံးမရှိသော ရေတပ်စီးကြောင်းကို မည်သို့ ရပ်တန့်နိုင်မည်နည်း။


သူတို့တကယ်ပိတ်မိသွားပါက သူ့လူများပင်လျှင် သူ့ကိုအရင်ဆုံး ဆန့်ကျင်ကြလိမ့်မည်။


ကျန်းကျန့် ယခင်က ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် သူ အဝေးကြီးသို့ သွားရန်မစီစဥ်ခဲ့ပေ။ ယခုချိန်မှာ အများကြီးမတွေးဘဲ သူ့စိတ်ထဲရှိမြူများ ကင်းစင်သွားပြီး သူ့မှာ ရှေ့ကို လျှောက်လှမ်းရန်ပြတ်သားသည့် ဦးတည်ချက်တစ်ခု ရှိနေ၏။ 


"ဘော့စ် ငါတို့ ဘာဆက်လုပ်ကြမလဲ"

ကျန်းကျန့်၏လူများက စိုးရိမ်တကြီးမေးသည်။


ယခုအချိန်မှာ သူတို့အားလုံး အတော်လေးစိတ်ရှုပ်ထွေးနေကြ၏။


သူတို့ထဲက တချို့က တော်ဝင်တရားရုံးကို မကျေနပ်ကြပေမဲ့ သူတို့၏ နေ့ရက်တွေက ကောင်းမွန်ခဲ့ပြီး ထွက်ခွာရန် ဘယ်တုန်းကမှ မတွေးခဲ့ကြပါချေ။


အသက်ရှင်ရန်နည်းလမ်းရှိသရွေ့ လူတို့သည် ပုန်ကန်ချင်ကြမည်မဟုတ်ပေ။ 


သူတို့လိုချင်သည်က ငြိမ်းချမ်းစွာနေထိုင်ပြီး စားစရာဝတ်စရာလေးရှိရန်ပါပင်။သို့သော်လည်း တစ်ခါတစ်ရံ တော်ဝင်တရားရုံးက ဤကိစ္စကို မစဉ်းစားပေ... 



"အရှေ့ဘက်ကိုသွားရအောင်" 

ကျန်းကျန့်က ပြောလိုက်သည်။


"တိုရို" 

သူ့လူများ အနည်းငယ် အံ့အားသင့်ခဲ့ကြပြီး၊ ၎င်းတို့သည် ချင်ဟွားကျွန်းပေါ်တွင် နေထိုင်ကြမည် သို့မဟုတ် ရုကရု သို့သွား၍ ချန်ယုံကျန်း ကဲ့သို့ နေထိုင်ကြမည်ဟု ထင်မြင်ခဲ့ကြသည်။ကျန်းကျန့်က ရုကရုကို အဆိုပြုမည်ဟု သူတို့ မမျှော်လင့်ထားပေ။


"ရုကရုက တချီနဲ့ အရမ်းနီးတယ်...မင်းနန်ပြည်နယ်ရဲ့ ရေတပ်က ရုကရုကို ရောက်ဖို့ သိပ်မကြာခင်ဘူး...ရုကရုကို သွားမဲ့အစား အရှေ့ပင်လယ်ကို သွားတာ ပိုကောင်းပါတယ်"


ကျန်းကျန့်က ပြောလိုက်သည်။


တိုရိုမှလူများပင် တချီသို့လာရောက်နိုင်သောကြောင့် သူတို့ တိုရိုသို့အဘယ်ကြောင့်မသွားနိုင်ရမည်နည်း။


မှန်ပေသည်၊ အရေးတကြီးဆုံးအရာက ချင်ဟွားကျွန်းကို ခရီးထွက်ပြီး သူတို့၏ ရိက္ခာတွေကို သူတို့နှင့်အတူ ယူသွားရန်ပါပင်။ 


ဝေရှင်းပြည်နယ်မှာ ကျန်နေသေးသည့် လူတွေအတွက်မူ... 


ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့က အလျင်စလို ထွက်ပြေးလာခဲ့ပြီး ၎င်းတို့၏လက်အောက်ငယ်သားအများအပြားနှင့် ၎င်းတို့လူများ၏ မိသားစုများသည် ဝေရှင်းပြည်နယ်တွင် ကျန်ရစ်ခဲ့သည်။


ကျန်းကျန့် ထိုလူတွေကို ပြန်ခေါ်ရန် ရည်မှန်းထားပေမဲ့ ယခုအချိန်ပြန်သွားလျှင် သူတို့ကိုယ့်ခြေထောက်ကိုကိုယ် သေနတ်နှင့်ပစ်လိုက်သလိုဖြစ်သွားမည်ပင်။


ကံကောင်းထောက်မစွာဖြင့် ချီချင်းက အနည်းငယ် ခေါင်းမာသော်လည်း လူဆိုးမဟုတ်ပေ။ အနည်းဆုံးက သူ့လူတွေကို အပြစ်မဲ့သူတွေကို သတ်ပစ်ရန် ခွင့်မပြုပေ။ 


ကျန်းကျန့် သက်ပြင်းချလိုက်သည်။သူက နတ်ဘုရားမဟုတ်သဖြင့် အဆုံးမှာ အရာအားလုံးကို မစွမ်းဆောင်နိုင်ပါချေ။


ကျန်းကျန့် သူ့ရေတပ်ကိုခေါ်ပြီး ချင်ဟွားကျွန်းသို့ ဦးစွာသွားခဲ့သည်။ ကျွန်းပေါ်ရှိ လူများနှင့် ရိက္ခာအားလုံးကို တင်ပြီးနောက် တိုရိုသို့ သွားကြသည်။ 


စွန်းချီယွင်၏လူများ ယာပြန့်ရွာရှိ ကျန်းကျန့် ၏လူများထံမှာ ရှုံးနိမ်းသွားသောအခါ သူတို့သည် ဒေါသပြေရန် ယာပြန့်ရွာမှ ကျန်လူများကို သတ်ရန်ကြိုးစားသော်လည်း ချီချင်းက တားခဲ့သည်။


သို့သော် နောက်ဆုံးတွင် ကျန်းကျန့်၏လူအချို့ကို ဖမ်းမိလိုက်သေးသည်။ ထို့နောက် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဝန်ခံထွက်ဆိုခိုင်းပြီးနောက် ချင်ဟွားကျွန်းတည်ရှိမှုကြောင်း သိရှိလာကြသည်။ 


ကျန်းကျန့်က နိုင်ငံရပ်ခြားတွင် ကျွန်းတစ်ကျွန်းကို မထင်မှတ်ဘဲ တည်ထောင်ထားခဲ့သည်။မည်မျှ ရည်မှန်းချက်ကြီးလိုက်သည့် ဝံပုလွေပါနည်း။


စွန်းချီယွင် သတင်းကြားပြီးနောက်၊ သူသည် သူနှင့်အတူ ချင်ဟွားကျွန်းသို့ သွားရန်အတွက် ဝေရှင်းပြည်နယ်မှ စစ်သားများကို ငှားကာ စစ်သားအားလုံးကို ချက်ချင်း အမိန့်ပေးခဲ့သည်။ 


သို့သော် ထိုအချိန်မှာ ကျွန်းက ဗလာဖြစ်နေလေပြီ။ 


ကျွန်းပေါ်ရှိ အိမ်များသည် တစ်ဝက်တစ်ပြတ်သာ ဆောက်ထားပြီး ကျွန်းပေါ်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များမှာ မပေါက်သေးသော်လည်း ကျွန်းပေါ်တွင် မည်သူမျှ မရှိပေ။ 


"ဒီကောင် ကျန်ူကျန့် ဘယ်ရောက်သွားတာလဲ" 

 စွန်းချီယွင် မနေနိုင်ဘဲ ပြောလိုက်မိသည်။


"ရုကရုလား..." 

ချီချင်း မျက်မှောင်ကြုတ်လိုက်သည်။


ရုကရုကို ယခုအချိန်မှာ ချန်ယုံချန်း၏တပ်ဟောင်းများက သိမ်းပိုက်ထားပြီး ပရမ်းပတာ ဖြစ်နေသော်လည်း ကျန်းကျန့်သာရောက်သွားပါက ထိုလူများက သူ့ကို လက်ခံပေလိမ့်မည်။


ချီချင်း နှင့် စွန်းချီယွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုကရုဆီသို့ ထပ်သွားကြသည်။ထိုအချိန်တွင် ကျန်းကျန့် ရေတပ်သည် တိုရိုသို့ သွားနေပြီဖြစ်သည်။ 


တိုရိုကလည်း ကျွန်းတစ်ကျွန်းဖြစ်သော်လည်း အလွန်ကျယ်ဝန်းသည်။ 


ကျန်းကျန့် ဟိုးယခင်ကတည်းက သည်ကိုရောက်ဖူးခဲ့သည်။


ယခင်က သူသည်ကိုရောက်တိုင်း သူ့ကို ကြိုဆိုခဲ့ကြပေမယ့် ဤတစ်ခါမှာ အခြေအနေက မတူတော့ပေ။


ယခင်တုန်းက ရိုနင်တွေက ပျော့ပျောင်းကျိုးနွံခဲ့ပေမဲ့ ပြီးခဲ့သည့် နှစ်နှစ်အတွင်းမှာ အများကြီး ပြောင်းလဲခဲ့၏။ 


တချီလူမျိုးတွေက သူတို့ထင်ထားသလို မသန်မာဘူးဆိုသည်ကို သူတို့တွေ့ရှိခဲ့ပြီး ဓားပြတိုက်ခြင်းက ရိုးသားသည့်စီးပွားရေးထက် ပိုမြန်သည်ကိုလည်းသူတို့တွေ့ရှိခဲ့သည်။ 


ယခင်က တချီမှသူတို့ကိုရောင်းသောပစ္စည်းများ၏စျေးနှုန်းသည်အမြဲတမ်းမြင့်မားခဲ့သည်၊ ယင်းသည်သူတို့ကိုလှည့်စားနေသည်မှာသိသာထင်ရှားသည်။ ထို့ကြောင့်ယခု သူတို့ တချီထံမှပစ္စည်းများကိုအဘယ်ကြောင့်ဝယ်ကြရမည်နည်း။


သူတို့လည်း လုယက်ပြီးပဲ ယူလိုက်၍ရသည်...


ထို့ကြောင့် ကျန်းကျန့် နှင့် အခြားသူများ ဆိုက်ကပ်သောအခါတွင် အရှေ့ရိုနင်များက အဖွဲ့တစ်ဖွဲ့နှင့် သူ၏ သင်္ဘောများကို လုယက်ရန် ကြိုးစားကြသည်။



တချီမှလူများသည် ရိုနင်များကိုကြောက်၍ ခုခံရန်မဝံ့ကြသော်လည်း ကျန်းကျန့်တို့က သာမန်လူများမဟုတ်ပေ။


ကျန်းကျန့် ၎င်းတို့အား လုယက်ရန် ရောက်လာသော လူများအားလုံးကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းပြုခဲ့သည်။


"ငါတို့ အနီးနားမှာ ခဏလေးရပ်တာကို တိုက်ခိုက်ခံရတယ်...တော်တော်များများ ဒဏ်ရာရသွားတဲ့အတွက် ဒီမှာနေပြီး ပြန်သက်သာအောင်လုပ်ချင်တယ်" 


ကျန်းကျန့်က ရောက်လာသည့် တိုရိုကအရာရှိတွေကိုပြောလိုက်သည်။ထို့နောက် သူတို့ ပင်လယ်ကမ်းစပ်က မြေကွက်တစ်ကွက်ကို တိုက်ရိုက်သိမ်းပိုက်လိုက်ကြသည်။


၎င်းနောက် သူတို့ကို ဘယ်သူမှ လာမနှောက်ယှက်ကြပေ။



တိုရိုတွင် တော်ဝင်မိသားစုလည်းရှိသော်လည်း တစ်ချိန်တည်းတွင် နှစ်ဘက်ကွဲသွားကာ နှစ်ဖက်စလုံးက အငြိမ်မနေဘဲ အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ မကြာသေးမီနှစ်များအတွင်း ပြင်းထန်သော တိုက်ပွဲများကြောင့် ပြည်သူများ၏ဘဝက အလွန်ဆိုးရွားခဲ့သည်။ 


ထို့အတွက်ကြောင့် တိုရိုမှလူများစွာသည် ထွက်ခွာပြီး တချီသို့သွားလိုကြသည်။


တိုရို၏ တော်ဝင်မိသားစုက ပြန်လမ်းမရှိတော့သည့် အချိန်မှာ ကျန်းကျန့်ကို မောင်းထုတ်ရန် အချိန်ရှိပါဦးမည်လော။


ကျန်းကျန့်က ပန်းထိမ်ဆရာများစွာကို ခေါ်ဆောင်လာပြီး လက်နက်များ တီထွင်နိုင်ကြောင်း သိရှိလာသောအခါ သူတို့က ကျန်းကျန့် နှင့် စတင်မိတ်ဖွဲ့လာပြီး ကျန်းကျန့်က ၎င်းတို့အား လက်နက်များရောင်းချမည်ဟု မျှော်လင့်နေကြသည်။


ကျန်းကျန့်ကလည်း သဘောတူလိုက်သည်။


သူ့လက်နက်တွေကို နှစ်ဖက်စလုံးကို ရောင်းမည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုရွှေ့ပြောင်းနေထိုင်သူ ရိုနင်များကို စတင်၍သူ့အဖွဲ့ထဲသွင်းခဲ့ပြီး ၎င်းတို့အား တချီဘာသာစကားကို သင်ကြားပေးခဲ့သည်။


ရိုနင် နှင့်တချီလူမျိုးများသည် မတူညီသောဘာသာစကား ပြောဆိုကြပြီး ၎င်းတို့၏ အလေ့အထ အများအပြားမှာလည်း မတူညီကြသော်လည်း သာမာန်လူအများစုမှာ တူညီသော အခြေခံလိုင်းများ ရှိနေဆဲဖြစ်ပြီး အားလုံးက စားစရာရှိလိုပြီး နွေးထွေးသော အဝတ်အထည်များ ၀တ်ဆင်ချင်ကြသည်။


ကျန်းကျန့်၏လူတွေက ဆန္ဒရှိသလို လူမသတ်သည့်အပြင် တချီဘာသာစကားကို သင်ယူသရွေ့ သူတို့ကို အစာကျွေးရန်ပင် ဆန္ဒရှိနေကြသည်…


အဲဒီတော့ ဘာကိစ္စရှိနေရဦးမှာလဲ...


ယခုအချိန်တွင် တိုရိုမှလူအများအပြားသည် တချီတွင်လုယက်တိုက်ခိုက်နေကြပြီဖြစ်သော်လည်း တိုရိုမှလူအများစုအတွက် တချီသည်၎င်းတို့၏ကောင်းကင်နိုင်ငံတော်ဖြစ်ပြီးအလွန်ကြွယ်ဝပြီးအားကောင်းသောနေရာဖြစ်သည်။


တချီဘာသာစကားကို သင်ယူနေချိန်မှာ တချို့က ဂုဏ်ယူစရာဟုပင် ခံစားကြရသည်။ 


မှန်သည်ပင်၊ယင်းက ကျန်းကျန့် လုပ်သမျှအကုန်မဟုတ်သည်က သေချာ၏။


ဤခေတ်ကြီးမှာ သန့်ရှင်းရေးအခြေအနေက သိပ်မကောင်းသဖြင့် ဆံပင်အရှည်ထားသည်ကို သည်းမခံနိုင်ဖြစ်တာကြောင့် ကျန်းကျန့်က တိုရိုကိုရောက်သည့်အခါမှာ ဆံပင်တိုတိုဖြတ်ရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။၎င်းကို သတိပြုကြမိသောအခါ သူ့လူတွေအားလုံးက သူ့အတိုင်း လိုက်လုပ်ကြ၏။ 


ရလဒ်အနေဖြင့် ကျန်းကျန့် ဘေးကလူတွေက ဆံပင်တိုတွေဖြစ်ကုန်သည်။


နောက်ပိုင်းတွင် ထိုရိုနင်များပင် လိုက်လုပ်ကြပြီး၎င်းတို့၏မူလ ထူးဆန်းသော ဆံပင်ပုံစံများကို ပြောင်းလဲခဲ့သည်။ 


ကျန်းကျန့်က စီးပွားရေးလုပ်ခြင်းဖြင့် ငွေအမြောက်အများရနေချိန်တွင် နယ်မြေများကိုလည်းပိုမိုသိမ်းပိုက်လာခဲ့သည်။


ကျန်းကျန့် တိုရိုသို့ရောက်ရှိပြီး ဒုတိယနှစ်တွင် တချီရေတပ်သည် ချန်ယုံကျန်းလက်ကျန်တပ်များနှင့် တချီကမ်းရိုးတန်းတစ်လျှောက်ရှိ တိုရို ကျူးကျော်သူများကို တိုက်ခိုက်နေဆဲဖြစ်သည်။ကျန်းကျန့်သည် ကျန်ရှိနေသော သူ၏လူများထဲမှ တချီမှတိုရိုသို့လာလိုသော လုများကိုခေါ်ရန်အတွက် သူ့လူများကို သာမန်ပင်လယ်ကုန်သည်များအယောင်ဆောင်စေကာ သူတို့မိဘများထံစေလွှတ်ခဲ့သည်။ ထို့အပြင်၊ သူသည် သူ၏လူများ ခေါ်ရန်အချိန်မရှိခဲ့သော သူတို့၏မိသားစုအများစုကို ခေါ်ယူခဲ့သည်။


၎င်းတို့ထဲမှ အနည်းစုသာ လိုက်မသွားကြပေ။ အချို့မှာ ခင်ပွန်းဖြစ်သူ ရုတ်တရက် ထွက်ခွာသွားခြင်းကြောင့် အခြားသူများနှင့် အိမ်ထောင်ပြုခဲ့ကြပြီး ထွက်သွားကြရန် ဆန္ဒမရှိကြတော့ပေ။ 


လိုက်လာရန်ဆန္ဒရှိသူများကို ကျန်းကျန့်က ကျန့်ရီ၏အကူအညီဖြင့် ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။


သူက အရွယ်ရောက်လာသောဧကရာဇ်၏ ပထမဆုံးပစ်မှတ်ဖြစ်လာသော်လည်း ကျန့်မိသားစုက ကောင်းမွန်နေဆဲဖြစ်သည်။ 


ကျန့်မိသားစု၏ ချန်ဟယ်ဆားလွင်ပြင်က ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့ပြီး ဆားစျေးနှုန်းကို တည်ငြိမ်စေခဲ့သည်။တော်ဝင်တရားရုံးအတွက် ငွေအမြောက်အမြားရရှိစေခဲ့သည်က ပြောစရာကိုမလိုပေ။၎င်းတို့၏လက်ေအာက်တွင် ကျန်းကျန့် ကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များလည်း မရှိခဲ့သဖြင့် ဧကရာဇ်က ကျန့်မိသားစုကို သည်အတိုင်းထားခဲ့သည်။ 


ဒုတိယသခင်ကျန့်က သူဘာလုပ်နေသည်ကို အမြဲသိသူဖြစ်သောကြောင့် သဘာဝအတိုင်း ဧကရာဇ်ငယ်လေးကိုသဘောမတူမဖြစ်ပေ။ 


မည်သို့ပင်ဖြစ်စေ ဧကရာဇ်ငယ်လေးက ဧကရီမယ်တော်ကြီး၏သားတော်ဖြစ်သောကြောင့် ဧကရီမယ်တော်ကြီးကလည်း ဧကရာဇ်ငယ်လေးကို အလွန်သည်းခံတော်မူသည်။သူတို့ သူ့ကို မည်သို့လွန်ဆန်နိုင်မည်နည်း။ 


ကျန်းကျန့် ဤလူများကို တိုရိုသို့ ခေါ်ဆောင်လာပြီးနောက် သူ့တွင် လူအင်အားပို၍များလာကာ ယခုအချိန်တွင် ချန်ယုံကျန်း၏ တပ်ဖွဲ့ဝင်ဟောင်းအချို့သည် တချီရေတပ်ကြောင့် တကွဲတပြား ပြန့်ကျဲသွားခဲ့သည်။ တစ်ချို့က အလွန်အမင်း စိတ်ဓာတ်ကျလာပြီး ကျန်းကျန့်ဆီမှာခိုလှုံရန် ရွေးချယ်လိုက်ကြ၏။


တစ်ချိန်က ပင်လယ်ပြင်တွင် သြဇာအရှိဆုံးသူမှာ ချန်ယုံကျန်း ဖြစ်သော်လည်း ယခုအခါ ကျန်းကျန့်ဖြစ်လာသည်။ကျန်းကျန့်တစ်ယောက်တည်းအောက်တွင် သန်မာသောလူငယ် ၂၀,၀၀၀မှ ၃၀,၀၀၀ ခန့်အထိရှိသည်။ 


တချီရှိ သန်းနှင့်ချီသော တပ်ဖွဲ့များနှင့် နှိုင်းယှဉ်လျှင် ဤအရေအတွက်သည် အထူးကြီးမားပုံမပေါ်သော်လည်း တိုရိုတွင် ၎င်းသည် အင်အားကြီးမားနေပြီဖြစ်သည်။


အထူးသဖြင့် ကျန်းကျန့်က တချီရှိ ကျန်ပင်လယ်ကုန်သည်အချို့နှင့် ကုန်သွယ်မှုပြုနေသည်။ 


သူသည် တချီ၏ လက်သမားဆရာ အများအပြားကို ဝယ်ယူခဲ့ပြီး လက်နက်များနှင့် အစားအစာများလည်း ဝယ်ယူခဲ့သည်။သူ၏လူများကို လက်နက်များတပ်တင်ပေးကာ တိုရို ရိုနင်များကို သူ့အဖွဲ့ထဲ ပို၍ထည့်သွင်းလာခဲ့သည်။


တစ်ချိန်လုံး အချင်းချင်း ရန်ဖြစ်နေသော တော်ဝင်မိသားစု နှစ်ဘက်စလုံးသည် အချိန်နှောင်းသွားသည် အထိ တစ်စုံတစ်ခု မှားယွင်းနေမှန်း မသိခဲ့ကြပေ။ 


နှစ်ပေါင်းများစွာ စစ်ပွဲတွေအပြီးမှာ သူတို့လက်ထဲမှာ လက်နက်တွေ အများကြီးကုန်သွားပြီး စားစရာမရှိတော့ပေ...


အကယ်၍ ၎င်းတို့က နှစ်ပေါင်းများစွာ ပြန်တွန်းလှန်ခဲ့ပြီး နည်းပညာပိုမိုဖွံ့ဖြိုးလာပါက သတင်းစာများနှင့် အခြားထုတ်ဝေမှုများနှင့်အတူဆိုလျှင် ၎င်းတို့သည် ကျူးကျော်သူများကို အတူတကွ တွန်းလှန်ရန် တိုရိုမှလူများကို စည်းရုံးနိုင်လောက်သေးသည်။ သို့သော် ဤအချိန်တွင်တိုရိုမှလူမျ

ားစွာအတွက် တော်ဝင်မိသားစုသည် မရေမတွက်နိုင်သော အယူအဆတစ်ခုသာဖြစ်နေသည်။


ထို့အပြင် ကျန်းကျန့်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး တစ်ခါမျှ မလုပ်ဖူးဘဲ တိုရိုမှ လူများအပေါ်လည်း အမြဲ ရင်းနှီးဖော်ရွေသူဖြစ်သည်။