Chapter 138
သို့သော်၊ ဒုတိယတစ်ခုကမူ ရှက်စရာကောင်းသည်။
မနေ့ညက သူမ၏ အသိစိတ်သည်ကြည်လင်နေခဲ့သည်။သို့သော်လည်း၊ မနေ့ညက ဆေးဖက်ဝင်ဟင်းချိုအား သောက်ပြီးသည့်နောက် လင်းရွှမ်က အစားအသောက် သုတေသနခန်းကနေ ကပ္ပတိန်အခန်းထဲကို ပွေ့ချီ၍ ချီသွားခဲ့ပုံ၊ သူ့လက်အောက်ငယ်သားတွေက သူမတို့ကို စနောက်ကြပုံ၊အခန်းထဲပြန်ရောက်ပြီး ဖြစ်ခဲ့သည့်အရာများ...... သူမ အားလုံးကို မှတ်မိနေခဲ့၏။ သူမ အတိတ်ကို ပြန်ကြည့်ဖို့တောင် သည်းမခံနိုင်အောင် ဖြစ်နေရချေပြီ။ထိုအဖြစ်အပျက်တို့၏ ရလဒ်မှာ သူမ လက်များမှာ နာနေရပြီး ခန္ဓာကိုယ်ပေါ်မှာလည်း စတော်ဘယ်ရီအမှတ်များ အပြည့်ရှိနေကြ၏။ထိုအခါမှ အရသာရှိပြီး စွမ်းအင်ပြည့်ဝသော ဇာ့ခ်ဘုရင်မ၏အသားမှာ ဘေးထွက်ဆိုးကျိုးများရှိမှန်း သဘောပေါက်သွားရတော့သည်။သူမ လင်းရွှမ်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်း မသိတော့ပေ။
လင်းယောင်ယောင် အရှက်လွန်ပြီးမျက်နှာကို ဖုံးဖို့ စောင်အားဆွဲယူလိုက်သော်လည်း ခြုံစောင်ဆီက လင်းရွှမ်၏ ကိုယ်သင်းနံ့ မွှေးမွှေးကလေးကို ရလိုက်သည်။လောလောဆယ် သူမသည် မည်သည့်အရာကိုမှ နောင်တမရသလို သူ့ကိုလည်း အပြစ်မတင်ချင်ပေ။ယခုနောက်ပိုင်းမှာ သူမတို့နှစ်ယောက်သည် မိဘများ၏ နားလည်မှုနှင့်အတူ သာသာယာယာအချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားကြသည်။ မနေ့ညက အဓိကတရားခံမှာလည်း သူမ ကိုယ်တိုင်ပင်။ သူကတောင် သူမအပေါ်ကို စောင့်ထိန်းနိုင်ခဲ့သေးသည်။သို့သော် သူမ ရှက်ရွံ့နေရဆဲပင်။နောက်ဆုံး သူမသည် အဖြစ်မှန်ကို လက်ခံခဲ့ရသည်။
မနေ့က ဇာ့ခ်ဘုရင်မ 168 ကို သူ့ကိုယ်ပိုင်အသားတစ်ပိုင်းအား အရသာရှိအောင် ချက်ပေးမည်ဟု ကတိပေးခဲ့သည်။ထို့ကြောင့် လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မအသားကို ဖြည့်စွက်စာအဖြစ် ထပ်မံပြုလုပ်ရာတွင်၊ အထူးသဖြင့် နှလုံးကြည်လင်စေပြီး မျက်စိအားကောင်းစေသည့် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးကို ထပ်ထည့်ရတော့သည်။ ဤအရာသည် 168 ၏ ကလေးမွေးဖွားနိုင်စွမ်းအပေါ်အကျိုးသက်ရောက်မှုလည်း ရှိမှန်း သူမသာ သိပေသည်။ 168 ထံမှအသားအချို့ကိုရယူလိုပါက၊ ထူးဆန်းသောဘေးထွက်ဆိုးကျိုးများလည်း မရှိရအောင် ဆေးဖက်ဝင်ပစ္စည်းများအား သေချာရွးချယ်၍ ထည့်ရ၏။ခဏလောက်စဉ်းစားပြီး သူမ၊ လင်းရွှမ် နှင့် 012 စားရမည့် ဝေစုအား ဇာ့ခ်ဘုရင်မ၏ ဝေစုနှင့် ခွဲထုတ်လိုက်သည်။
အသွေးအသား ဆုံးရှုံးသွားသော ဇာ့ခ်ဘုရင်မအား လျော်ကြေးပေးဖို့ ဆန္ဒရှိသောကြောင့် သူမသည် ပိုမိုအစွမ်းထက်သော ပါဝင်ပစ္စည်းများနှင့်ဇာ့ခ်အသားကို ချက်ပြုတ်ခဲ့သည်။ ဇာ့ခ်အသားအမြှောင်းကြွပ်ကြွပ်ကြော်များ၊ ပြုတ်ထားသော ဇာ့ခ်အသားတုံးများ၊ ကိုလာ ဇာ့ခ်တောင်ပံများ၊ ချိုချဉ် ဇာ့ခ် အသားလွှာ၊ ခြင်္သေ့ခေါင်းဇာ့ခ် အသားလုံးများ၊ဇာ့ခ်အသား ကြာပန်းအမြစ်စွပ်ပြုတ်၊ ကြက်သားနှင့် ကြက်ဥထမင်း (ကြက်ဥအစားထိုး ဇာ့ခ်ဥ၊ ကြက်သားအစားထိုး ဇာ့ခ်အသား)...
ထို့အပြင် လင်းယောင်ယောင် သည် ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်းဟင်းပွဲကြီးကို ပြင်ဆင်ခဲ့ပြီး အဓိကပါဝင်ပစ္စည်းများအများစုကို ဇာ့ခ်အသားဖြင့် အစားထိုးထားသည်။
မွန်းတည့်အချိန်၌ သူမသည် ဇာ့ခ်ဘုရင်မ၏ ဂူဝသို့ ပေါ်လာသောအခါ 168 သည် လုံးဝ မစောင့်နိုင်တော့ပေ။ 168 သည် 012 ကြည့်တတ်သော ကာတွန်းကားများကို ကြည့်ရင်း အချိန်ဖြုန်းတတ်လာသည်။ သို့သော်၊
"လင်းယောင်ယောင်…သူငယ်ချင်း၊ မင်း ဒီနေ့ နောက်ကျနေတာကိုး...မင်း ကလေး 168 ကို လျော်ကြေးပေးရမယ်"
လင်းယောင်ယောင် က သူမကို "သူငယ်ချင်းလေး 168"ဟု ခေါ်တတ်သဖြင့် ဇာ့ခ်ဘုရင်မက သူ့ကိုယ်သူ အများကြီးအသက်ငယ်ကြောင်း ခံစားမိသည့်အတွက် 'ကလေး' ဟုသာ သုံးနှုန်းတတ်၏။
သွေးစပျစ်နွယ်ပင် 012 သည်လည်း အရွယ်ရောက်ပြီးသူဖြစ်သော်ငြား "ကလေး" ဟု အခေါ်ခံရခြင်းကို နှစ်သက်ဆဲဖြစ်သည်။ထို့ကြောင့်လည်း 168မှာ သူငယ်ချင်းဖြစ်သူ 012လိုပင် လိုက်၍ ပြောဆိုခြင်းပင်။ 168 သည် အရွယ်အစားကြီးမားသော်လည်း ယခုမှ အသက်တစ်လကျော်သာရှိသေးသည်။
ဘာကြောင့် ကလေးမဟုတ်ရမှာလဲ…
လင်းယောင်ယောင် ဟုခေါ်သော အဆိုပါအမျိုးသမီးသည် သူမ၏ ပိုင်ရှင်မဟုတ်ဘဲ၊ပိုင်ရှင်အစစ်မှာ နတ်ဘုရား တာဇာမျိုးနွယ်ဖြစ်သော်လည်း လင်းယောင်ယောင် သည် သူမအပေါ် အလွန်ကောင်းမွန်သည်။ သူမ၏ အိမ်မွေးတိရစ္ဆာန် 012ထက်ပင် သူ့ကို အစာပိုကျွေးသည်။
အခြား မက်မွန်သီးရောင်ဇာ့ခ်များနှင့်မတူဘဲ 168 သည် လူသားကဲ့သို့ ဉာဏ်ပညာနှင့် သင်ယူနိုင်စွမ်းတို့ နိုးကြားသူဖြစ်သည်။ 168 မွေးဖွားပြီးကတည်းက၊ ကိုယ်ပိုင်သွေးဖြင့် မွေးမြူထားသော တာဇာများသည် လူ့အသားက စားဖို့အကောင်းဆုံးဖြစ်ကြောင်း ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ လျင်မြန်စွာကြီးပြင်းရန် လူအများအပြားကို စားရန် လိုအပ်ကြောင်းသာ ပြောသော်လည်း 168 ကို မချီးကျူးသလို၊ အရာများကိုလည်း သင်ကြားပေးခြင်း မရှိခဲ့ပေ။
တာဇာ နတ်ဘုရားများက 168 အသက်ကို ပေးထားပြီး ပိုင်ရှင်ဖြစ်သော်လည်း 168 ကို လွန်စွာ အထင်အမြင်သေးကြသည်။
SSS အဆင့်သို့မတက်လှမ်းနိုင်သော တူညီသောမျိုးနွယ်မှ ရဲဘော်အများစုကို တာဇာ နတ်ဘုရားများက စားသောက်ခြင်း သို့မဟုတ် ဇာ့ခ်အချင်းချင်း ပြန်စားကြသည်။ ထို့ကြောင့် 168 သည် အစကတည်းက အားနည်းသူများကို စားခြင်းဆိုသည့် အဓိပ္ပါယ်ကို အမှန်တစ်ကယ် ကြုံတွေ့ခဲ့ရသည်။
168 ကို ရွေးချယ်ပြီး လူ့ကမ္ဘာသို့ စေလွှတ်ခြင်းခံရသည့် ပထမအချက်မှာ သူမသည် ဉာဏ်ပညာထက်မြက်ပြီး အခြားသော အဆင့်နိမ့် ဇာ့ခ်များထက် ဝိညာဉ်ရေးဆိုင်ရာ အမြင့်ဆုံး ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ ဒုတိယ၊ သူမတွင် အပြင်းထန်ဆုံး မျိုးပွားနိုင်စွမ်းရှိသည်။ နောက်ဆုံး၊ 168 သည် အခြားမက်မွန်သီးရောင်ဇာ့ခ်များကို အနိုင်ယူနိုင်သည့် ကိုယ်ခန္ဓာရှိခြင်းကြောင့်ပင်။
သို့သော်လည်း တာဇာနတ်ဘုရားများ၏ အမိန့်ကြောင့် 168 သည် ဤအခြေအနေများကို မပြောပြနိုင်ပေ။
ယခုမူ၊ 168 သည် သူမ၏ကိုယ်ပိုင်ဆန္ဒနောက်သို့ လိုက်လျောသွားနိုင်ပြီဖြစ်ကြောင်း ဖျတ်ခနဲ ခံစားလိုက်ရသည်။သူမသည် ကာတွန်းကားများ ကြည့်ရှုရတာကို နှစ်သက်ပြီး လူသားစားဖို့ စိတ်တောင်မကူးတော့ပေ။ထို့ကြောင့် 168 သည် ပိုင်ရှင်၏စည်းမျဥ်းများကို အတိုင်းအတာတစ်ခုအထိ ချိုးဖောက်ခဲ့ပြီးဖြစ်သည်။ ပိုင်ရှင်သာသိလျှင် ဒေါသထွက်ပြီး သူမကို သတ်ပစ်လိမ့်မည်ဖြစ်သည်။ ဘာပဲပြောပြော 168 မရှိတော့လျှင် နောက်ထပ် 268၊ 368၊ 468 စသည်ဖြင့် ရှိလာပေလိမ့်မည်။
တာဇာနတ်ဘုရားများသည် ဇာ့ခ်ဘုရင်မကို မွေးမြူရန် သူ့တို့၏ ကိုယ်ပိုင်သွေးကို အသုံးပြုခဲ့သော်လည်း ဇာ့ခ်များအား အစားအစာများနှင့် လက်နက်အဖြစ်သာ မှတ်ယူခဲ့ကြသည်။ သို့သော် သူတို့၏ သွေးအနွယ်ဝင် ဖြစ်သောကြောင့် ဇာ့ခ် များသည် တာဇာများကို ပုန်ကန်ပြီးတိုက်ခိုက်ရန် ဘယ်သောအခါမှ မလုပ်ဆောင်နိုင်ပေ။
သို့သော် ဇာ့ခ်ဘုရင်မ သည် ယခု အနည်းငယ် မကျေနပ်တော့ပေ။သူမ၏ သခင်ကို တာဇာနတ်ဘုရားများ မဖြစ်စေလိုတော့ပေ။ကာတွန်းထဲမှာ ဂြိုလ်သားတိရိစ္ဆာန် သို့မဟုတ် အပင်က သူတို့အပေါ် မကောင်းသည့် သခင်နှင့် တွေ့လျှင် စာချုပ်ကို တစ်ဖက်သတ် ရပ်စဲနိုင်သည်။ ထို့နောက် ၎င်းတို့သည် သခင်ကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်လပ်သော တိရစ္ဆာန်/အပင်အဖြစ် ပြောင်းလဲနိုင်သည်။
ထို့ကြောင့် 168သည် လင်းယောင်ယောင် ကို သခင်အဖြစ် အသိအမှတ်ပြုဖို့ လျှို့ဝှက်စဉ်းစားခဲ့သော်လည်း သူငယ်ချင်းဖြစ်သူ 012 က သူငယ်ချင်း၏ သခင်ကို တခြားတစ်ယောက်က လုယူရန်မှာ မဖြစ်နိုင်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ဖူးလေသည်။
ထို့ကြောင့် ဇာ့ခ်ဘုရင်မ စဉ်းစားလိုက်သည်။
'မဟုတ်ရင်လည်း ငါက လွတ်လပ်တဲ့ အကောင်လေး ဖြစ်သင့်တယ်'
012သည် 168 အား အစာစားနည်းကို သင်ကြားပေးရုံသာမက "ယဉ်ကျေးစွာပြောဆိုဆက်ဆံနည်း" ကိုလည်း သင်ကြားပေးသည်။ ထို့ကြောင့်၊ 168 သည် သူမ၏ အသားအနည်းငယ်ကို ပေးခြင်း ဖြစ်သည်။ တစ်ကယ်တမ်းတွင်၊ သူမသည် ဆင်းရဲသူဖြစ်၍ လင်းယောင်ယောင် အတွက် တခြားပေးစရာ လက်ဆောင်မရှိခဲ့ပေ။သို့သော်လည်း၊ သူမ အသားကို ထုတ်ပေးပြီးနောက် ကိုယ်ပိုင်အသား၏ ချက်ပြုတ်ထားသည့် ဗားရှင်းကို မစောင့်မျှော်ဘဲ မနေနိုင်ခဲ့ချေ။
လင်းယောင်ယောင် ချက်လိုက်ရင် ဘယ်လိုအရသာရှိလာမှာလဲ…
ထို့ကြောင့် နောက်ဆုံးမှာ လင်းယောင်ယောင် ပေါ်လာသည်ကို 168 မြင်လိုက်ချိန်မှာ ထိန်းမနိုင်သိမ်းမရဖြစ်ကာ မစောင့်နိုင်တော့။ 012 သည် စပျစ်နွယ်ပင်များဖြင့် လင်းယောင်ယောင်အား ပွတ်သပ်၍ ချော့မော့ပုံကို 168လည်း အတုယူထားလိုက်သည်။
လင်းယောင်ယောင် ကလည်း ဇာ့ခ်ဘုရင်မ 168 နှင့် 012 တို့၏ အကျင့်စရိုက်များသည် ပို၍ ပို၍ ဆင်တူလာသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူမအပေါ် ထားသည့် သူတို့၏ သဘောထားမှာ ပို၍ပို၍ ရင်းနှီးလာပြီး ပေါ့ပေါ့ပါးပါးဖြစ်လာသည်။ယခုလည်း ချွဲဖို့ပြင်နေသူ နှစ်ဦးကြောင့် လင်းရွှမ် ကိုပင် မကြည့်တော့ဘဲ 168 နှင့် 012 တို့ကို ပြုံးပြကာ...
"တောင်းပန်ပါတယ်…ဒီနေ့ ငါ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီးပြင်ဆင်ထားလို့ နည်းနည်းနောက်ကျသွားတယ်"
ထို့နောက် သူမသည် လက်ရာမြောက်ပြီး ကြွယ်ဝသော ဟင်းလျာဆယ်မျိုးကို 168 နှင့် 012 ဆီသို့ ယူဆောင်လာခဲ့သည်။
ယခုဆို သူတို့ နှစ်ယောက်မှာ ပန်းကန်တစ်ခုတည်းမှာ အတူတူစားပြီး တစ်ယောက်ဟာကို တစ်ယောက် စားနေကြပြီဖြစ်သည်။ 012 သည် များသောအားဖြင့် 168 နှင့် မယှဉ်နိုင်သော်လည်း 168 ကလည်း အလွန်အကျွံမစားပေ။ သူ့သူငယ်ချင်းလေးအတွက် အစာနည်းနည်း အမြဲချန်ထားပေးသည်။ထိုအခါ 012 ကိုယ်တိုင်ကလည်း 168ကို ပြန်သက်ညှာပြီး ပိုစားဖို့ ပြောနေသေးသည်။ 012၏ အတွေးမှာ သူ ယခု ဗိုက်ဝအောင်မစားနိုင်လျှင်တောင် ပိုင်ရှင်က သူပြန်သွားသည့်အခါ နောက်ထပ် ပေးလိမ့်မည်ဟူ၍ မျှော်လင့်နေမိ၏။
ဇာ့ခ်ဘုရင်မသည် ဤဟင်းဆယ်မျိုးကို မြင်သောအခါ မူရင်းပါဝင်ပစ္စည်းများကို မမြင်နိုင်တော့ပေ။ ဤဟင်းများက သူမ၏ အသားနှင့် လုပ်ထားသည့် အစားအစာများပင်။
'အရမ်းအရသာရှိတယ်…အရသာမျိုးစုံလည်း ရပါတယ်… ဒါပေမယ့် ငါ့အသားလို့တောင် မထင်ရဘူး"
ကံကောင်းသည်က၊လင်းယောင်ယောင်သည် ကြွယ်ဝပြီး အရသာရှိသော ရနံ့များ ထွက်နေသည့် ဟင်းအိုးကြီးတစ်လုံးကို ထပ်ပေးလာခဲ့သည်၊ ဆိုလိုသည်မှာ ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း၏ ဇာ့ခ်ဗားရှင်းဖြစ်သည်။ ဤဟင်းပွဲ၏အရသာသည် အလွန်အံ့သြဖွယ်ကောင်းသောကြောင့် ဇာ့ခ်ဘုရင်မမှာ ပျော်ရွှင်သွားပြီး မျက်လုံး တောင်မဖွင့်နိုင်တော့ပေ။ထို့အပြင် လင်းယောင်ယောင်ပေးလာသည့် ဝေစုက သူမအတွက် အကြီးဆုံးပင်။
ဟင်းများကို မြည်းကြည့်လိုက်သောအခါ၊ 168 ၏ မျက်လုံးကြီး ကိုးလုံးသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။
"အိုး....အရမ်းကောင်းတယ်…မွှေးနေတာပဲ…ငါ မင်းရဲ့ ရင်ခွင်ထဲကို ပြေးဝင်ပြီး ဖက်လိုက်ချင်တော့တယ်...ဒါပေမယ့် ထားလိုက်တော့ ကလေးက အရမ်းကြီးတော့ ရင်ခွင်ထဲ ဝင်လို့မရဘူး"
အရသာရှိပြီး ပျစ်နှစ်သော နို့ဖြူဟင်းချို၏ ပထမဆုံး တစ်ဇွန်းကပင် ဇာ့ခ်ဘုရင်မမှာ တစ်ကိုယ်လုံး အနည်းငယ် လွင့်မျောသွားသလို ခံစားမိစေသည်။
'ဘုရား ဘုရား..ဒီလောက်အရသာရှိတဲ့ ဟင်းက တစ်ကယ်ရှိတာလား… ကလေးရဲ့ ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်ပြီး အရသာရှိတာနော်'
သို့သော်၊ ဇာ့ခ်ဘုရင်မသည် အနည်းငယ်စားပြီးသောအခါ၊ သူ့အသားက ဘယ်လောက်ပင်အရသာရှိရှိ ဝမ်းနည်းစိတ်က ဖြစ်တည်လာရတော့သည်။ 168 ၏ မျက်လုံးကြီး ကိုးလုံးသည် ပျော်ရွှင်မှုနှင့်အတူ စိတ်ဓာတ်ကျလာကာ မျက်ရည်များရစ်ဝဲလာရ၏။
သို့သော်၊ ထိုအချိန်မှာ စကားသိပ်မပြောတတ်သည့် လင်းရွှမ် က 168 ကို စိတ်ထဲကနေ ရုတ်တရက်မေးလိုက်သည်။
"ဒီလိုအရသာရှိတဲ့ အသားကို ပိုစားချင်လား… မင်းအသားကို မစားချင်ရင် မင်းတို့မျိုးရိုးကို စားနိုင်တယ်လေ.. အသားကို အလွန်အကျွံမစားဘဲ အချိန်ပေးပြီး ဖြည်းဖြည်းလေးစားရင် မင်းအတွက် ဇာ့ခ်တွေလည်း တော်တော်နဲ့ကုန်မှာမဟုတ်တော့ဘူး.... အဲဒီအခါ မင်းဟာ ဇာ့ခ်တွေရဲ့ တစ်ကယ့်ဘုရင်မဖြစ်လာလိမ့်မယ်"
ဤသည်မှာ စေတန်ထံမှ သွေးဆောင်မှုနှင့် ဖျားယောင်းမှုပင်ဖြစ်သည်။
xxxxxx