Chapter 139
(ဇာ့ခ်ဘုရင်မကို ပိန်သွားအောင် လုပ်ခြင်း)
လင်းရွှမ် သည် ဇာ့ခ်ဘုရင်မ ဆေးဟင်းချိုကို လင်းယွင် ၏ မောင်းနှင်ခန်းအတွင်းမှာ သောက်ကြည့်လိုက်ရာ မနေ့ညကထက်စာလျှင် အနည်းငယ် ပိုချိုသလို ခံစားမိသည်။ထို့နောက် သူ တိတ်တိတ်နေပြီး အာရုံစိုက်နေလိုက်သည်။ ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင် ဟင်းချိုတစ်ပန်းကန်လုံး သောက်ပြီးနောက် စိတ်ရှုပ်ထွေးမှုမဖြစ်အောင် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ အသင့်ပြင်နေမိ၏။ သို့သော်လည်း၊မည်သို့ပင်ဖြစ်စေ ကောင်းမွန်သည့် စိတ်စွမ်းအားအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ ဤဟင်းရည်ကို သောက်ရေပမည်။
မနေ့ညက သူသည် ဟင်းရည်သောက်ပြီးနောက် တစ်ခုခုကို အသေအချာ ခံစားလိုက်ရသည်။ ဟင်းချိုပန်းကန်က တစ်ဝက်သာရှိသော်လည်း နှစ်နာရီကြာသည်အထိ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ကိုယ်ကာယ ကြံ့ခိုင်အားမှာ 20% တိုးလာခဲ့သည်။ အနည်းငယ်စိတ်ရှုပ်ထွေးမှုများ ရှိသည်မှလွဲ၍ အခြားဘေးထွက်ဆိုးကျိုးများ မရှိချေ။ မထင်မှတ်စွာပင် ယနေ့ဟင်းချိုက မနေ့ညကနှင့် အနည်းငယ် ကွဲပြားသွားသည်။ ယခု သောက်ပြီးသည့်တိုင် ဘာခံစားချက်မှ မရှိနေပေ။ဖြစ်နိုင်သည်က ပြောင်းလဲမှုအချို့ကို ယောင်ယောင် ထပ်မံပြုလုပ်ခဲ့ပုံရသည်။
လင်းရွှမ် စိတ်ထဲမှာ ပြုံးချင်ချင်ဖြစ်သွားရသည်။ မနေ့ညက ဟင်းချိုသောက်ပြီးနောက် နတ်သမီးလေးတစ်ပါးက သူ့ကို စိတ်ပါလက်ပါ စွဲလန်းသွားပြီး ရင်ခွင်ထဲမှတောင် မထွက်တော့ပေ။ သို့သော် ယနေ့ကျ၊ သူမသည် အလွန်အေးစက်နေပြီး သူ့ကို အကြိမ်ကြိမ် ရှောင်ဖယ်နေခဲ့သည်။ ကလေးမလေးသည် ရှက်ရွံ့နေခြင်း ဖြစ်နိုင်၏။
သို့သော်လည်း၊ မနေ့က သူ့ရင်ထဲမှ မနာလိုစိတ်အကြွင်းအကျန်က ယခုထိ ရှိနေသေးသည်။
"သူမက ဇာ့ခ်ဘုရင်မ 168 ၊ 012 တို့နဲ့ကျတော့ အရမ်းကို ပျော်ပျော်ရွှင်ရွှင် ပြောနေပေမယ့် သူ့ကိုကျ ဘာလို့ ပစ်ထားတာလဲ… "
သူတို့နှစ်ယောက်သာ ဤနေရာမှာ နှစ်ဦးတည်း ရှိနေလျှင် သူ့သိက္ခာကို ဘေးချပြီး သူမအနားမှာ တွယ်ကပ်နေရပေလိမ့်မည်။
ဇာ့ခ်ဘုရင်မ အသားသည် အလွန်ကောင်းမွန်သည် မှန်သော်လည်း ယခုဆို 168မှာ ပိုပို၍ ဆင်ခြင်ဥာဏ်ရှိလာပြီး ပိုနားလည်လာပြီဖြစ်သည်။ထို့ကြောင့် 168ကို ဇာ့ခ်အသား၏ ရေရှည်အရင်းအမြစ်ဖြစ်စေရန် ထာဝရ လှည့်စားဖို့ မဖြစ်နိုင်ပေ။
ဤရက်အနည်းငယ်အတွင်း အညစ်အကြေးမရှိသလောက်ဖြစ်ပြီး အရည်အသွေးကောင်းသော ဖြည့်စွက်စာများကို ဇာ့ခ်ဘုရင်မအား ကျွေးမွေးဖို့ရာကိစ္စမှာ အကောင်အထည်မဖော်ဖြစ်ခဲ့ချေ။ ဇာ့ခ်ဘုရင်မသည် အရင်ကလောက် မစားတော့သော်ငြား တိုးတက်မှုက မနည်းပါချေ။ ယခုအခါ သူမသည် SSS မိုင်းနပ်စ်အဆင့်မှ SSS အဆင့်သို့ တိုးမြင့်လာခဲ့သည်။
ဇာ့ခ်ဘုရင်မသည် SSS +အဆင့်သို့ တက်လာပါက၊ အာကာသ ကူးပြောင်းခြင်းစွမ်းရည်မှာ နိုးကြားလာမည်ဖြစ်သည်။ သို့ဖြစ်၍၊သာမန် ဇာ့ခ်အသားများကို စားခြင်းဖြင့် ခွန်အား တိုးလာနိုင်တော့မည် မဟုတ်ပေ။ သူမ၏ ကိုယ်ပိုင်အသားကိုစားခြင်းကမူ ခွန်အားတိုးတက်ခြင်းကို တားဆီးစေရုံသာမကဘဲ၊ သူမကိုလည်း ထိခိုက်စေပေလိမ့်မည်။ ထိုအချိန်တွင် 168၏ လူသားများအပေါ်မြင်သော အမြင်မှာ ထပ်ပြောင်းလဲလာနိုင်သေးသည်။
ထို့ကြောင့် လင်းရွှမ် သည် တာဇာကြယ်ပွင့်မဟာမိတ် ကို ကိုင်တွယ်ရန် ဇာ့ခ်ဘုရင်မ 168 ကို အသုံးပြုလိုသည်။ ဝေ့လင်း နှင့် ချမ့်ယောင် ကိုကယ်တင်ရန်သာမက တာဇာကြယ်ပွင့်မဟာမိတ် ၏ အကြီးမားဆုံးပံ့ပိုးကူညီမှုဖြစ်သည့် ဇာ့ခ်များအား ထိန်းချုပ်နိုင်စွမ်းကိုဖျက်ဆီးပစ်ရန် သူ၏စစ်တပ်ကို တာဇာကြယ်ပွင့်မဟာမိတ်၏ နယ်မြေဆီသို့ခေါ်ဆောင်သွားချင်မိသည်။
တာဇာများသည် ဇာ့ခ် မျိုးနွယ်တွင် အဆင့်အမြင့်မားဆုံးနှင့် ထိန်းချုပ်သူများဖြစ်သည့် မက်မွန်သီးရောင်ဇာ့ခ်များအား ထိန်းချုပ်ရန် အထူးနည်းလမ်းအချို့ကို အားကိုးအားထားပြုခဲ့ကြသည်။ ဇာ့ခ်မျိုးနွယ်အများစုအား သူတို့အတွက် တိုက်ပွဲဝင်ရန် တွန်းအားပေးကာ ကြယ်ပွင့်အချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်။အကယ်၍ တာဇာ များသည် အလွန်အဆင့်မြင့်သော ဇာ့ခ်များကို မထိန်းချုပ်နိုင်တော့ပါက၊ ဇာ့ခ် များသည် ဇာ့ခ်ဘုရင်မ 168 ကို ၎င်းတို့၏ ဧကရီအဖြစ် အသိအမှတ် ပြုလာနိုင်သည်။ "တာဇာ နတ်ဘုရား" ဆိုသည်ကလည်း ဇာ့ခ်များအတွက် အစားအသောက်များ ဖြစ်လာမှာပင်။
တာဇာတွေ နောင်တရလာမှာလား…
သို့သော်လည်း အရှင်သခင် အင်ပါယာမှပြည်သူတစ်ယောက် အနေဖြင့် သူ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပေ။
ဇာ့ခ်ဘုရင်မ 168 သည် လင်းယောင်ယောင်၊012 တို့နှင့် ရက်အနည်းငယ်ကြာ လက်တွဲခဲ့ပြီး လင်းရွှမ် ကလည်း သူတို့လို သူငယ်ချင်းဖြစ်လာသည်။ လင်းရွှမ် သည် 168 အတွက် ဖြည့်စွက်စာများစွာကို ယူဆောင်သွားပြီး 012နှင့် အတူ ခွဲဝေကျွေးခဲ့သည်။
ယခုအချိန်တွင် 168 ၏ လင်းရွှမ်အပေါ် ထားသော မနှစ်သက်မှုမှာ အားလျော့သွားခဲ့ကာ ဘယ်လိုအန္တရာယ်ကိုမှလည်း သိပ်မကြောက်တော့ေပ။
168 ၏ကိုယ်ပိုင်အင်အားသည် အဆက်မပြတ်တိုးလာသလို လင်းရွှမ် သည်လည်း အဆက်မပြတ် တိုးတက်နေခဲ့သည်။ ယခု သူ၏ အစွမ်းများသည် ပထမအကြိမ် 168နှင့် တိုက်ခိုက်စဉ်ကထက် များစွာ ပြင်းထန်လာရသည်။ ထို့ကြောင့်၊ 168 သည် အရင်က သူ ပြောခဲ့သည့်စကားများကို သံသယဖြစ်ခဲ့သော်လည်း ယခုမူ အလေးအနက်ထားလာခဲ့၏။သူမ၏ တွေးခေါ်မှုအဆင့်ဖြင့် အကဲဖြတ်ကြည့်လျှင် လင်းရွှမ်၏ ဆွဲဆောင်မှုရှိပြီး လှည့်စားသော
စကားလုံးများထဲမှလျှို့ဝှက်ထားသော ရည်ရွယ်ချက်များကို မကြားနိုင်ပေ။ အထင်ရှားဆုံး အဓိပ္ပါယ်ကိုသာ သိနိုင်သည်။
'ဟုတ်တယ်…ငါပြန်သွားပြီး တခြား မက်မွန်သီးရောင်ဇာ့ခ်တွေရဲ့ အသားကို ပြန်စားလိုက်ရင် ငါ့အသားလည်း နာကျင်စရာ မလိုဘူး...အဆင့်ကလည်း တက်လာမှာ'
မက်မွန်သီးရောင်ဇာ့ခ်များ၏ အစွမ်းထက်သော မိမိကိုယ်ကို ကုသနိုင်စွမ်းကြောင့် 168 သည် မျိုးတူဇာ့ခ်များအား လုံးဝမသတ်ပစ်ဘဲ တလတိတိ စားနေ၍လည်း ရပေသည်။သို့ဆိုလျှင်၊စားနပ်ရိက္ခာအတွက် ပူစရာမလိုတော့ပေ။
မက်မွန်သီးရောင်ဇာ့ခ် အားလုံးသည် 168 ကဲ့သို့ဇီဇာကြောင်ပြီး နာကျင်မှုကို ကြောက်တတ်ကြသည်။၎င်းတို့မှာအသိဉာဏ်မရှိသော်လည်း အတိုင်းအတာတစ်ခုအထိ တွေးခေါ်နိုင်စွမ်းရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အစားကို အတင်းမစားဘဲ ရွေးချယ်ပြီး စားတတ်ကြ၏။ ထို့အတွက်ကြောင့် မက်မွန်သီးရောင်ဇာ့ခ်အသားသည် ထူးထူးခြားခြား အရသာရှိခြင်းဖြစ်သည်။
ဇာ့ခ်ဘုရင်မ168 သည် လင်းရွှမ် ပြောသည့် ဧကရီ ဖြစ်ဖို့ကိစ္စမှာ အလွန်အဓိပ္ပာယ်ရှိကြောင်း ခံစားရသည်။ သူမသည် အလွန်စမတ်ကျသော ဇာ့ခ် ဖြစ်၍ ဇာ့ခ် မျိုးနွယ်အားလုံး၏ ဧကရီဖြစ်သင့်သည်။ သူမသာ ဧကရီဖြစ်လာပါက၊ "လက်အောက်ငယ်သားများ" နှင့် သူမ၏ "ရေရှည်စားနပ်ရိက္ခာများ" ဖြစ်လာမည့် အခြားသော မက်မွန်သီးရောင်ဇာ့ခ်များကို ပြုစုပျိုးထောင်ပေးမည်ဖြစ်သည်။ယခုဆိုလျှင် သူမ၏ ရည်မှန်းချက်မှာ အစာစားချင်စိတ်ကြောင့် နိုးကြားလာခဲ့ချေပြီ။
ထို့နောက် သူမ၏ မျက်လုံးကြီး ကိုးလုံးသည် လင်းရွှမ် ဆီသို့ မျှော်တလင့်လင့် ကြည့်နေလိုက်သည်။
"အာ… ဒီကလေးက ဇာ့ခ်ဘုရင်မ တစ်ကယ်ပဲဖြစ်နိုင်ပါ့မလား…ငါ ဘာလုပ်ရမှာလဲ"
လင်းရွှမ်: "ပထမအနေနဲ့....မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးဖို့အတွက် ငါတို့ဘက်က လူတွေနဲ့ ပူးပေါင်းလိုက်…ဒါဆို တာဇာတွေက မင်းကိုဘာကြောင့် ထိန်းချုပ်ထားလဲဆိုတာ ကြည့်ရအောင်လေ... ဖြစ်နိုင်ရင် ငါတို့က မင်းကို လွတ်လပ်ခွင့်ပြုလိုက်မယ်... သူတို့က မင်းကို မထိန်းချုပ်ထားနိုင်တော့ဘူး… အဲဒါဆိုရင် မင်းအနာဂတ်မှာ ဇာ့ခ်ဧကရီ တစ်ကယ်ဖြစ်လာနိုင်တယ်"
လင်းရွှမ် က ချက်ကျလက်ကျ ပြောပြလိုက်သည်။သူ၏ လက်အောက်ငယ်သားများသည် မိုလန် တွင် ဇာ့ခ်ပုံဆောင်ခဲ အများအပြားကို တွေ့ရှိခဲ့သည်။ ထိုသူများသည် ဤ ဇာ့ခ် ပုံဆောင်ခဲများကို စုဆောင်းပြီး သုတေသနအတွက် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ဓာတ်ခွဲခန်းဆီသို့ ပေးပို့ခဲ့သည်။ဇာ့ခ်ပုံဆောင်ခဲများတွင် မွေးဖွားခြင်းကို မြှင့်တင်ပေးသည့် ပစ္စည်းများအပြင် လူ့သွေးလည်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပြီး ထိုအရာကပင် ဇာ့ခ်အားလုံးကို လူ့အသွေးအသားအား ကြိုက်နှစ်သက်ပြီး လိုချင်တပ်မက်လာစေကြောင်းကိုပါ တွေ့ရှိခဲ့သည်။
မနေ့က ဇာ့ခ်ဘုရင်မထံမှ လင်းယောင်ယောင် ရရှိခဲ့သော အသားအပိုင်းအစနှင့် ပတ်သက်၍ သူမပြုလုပ်ထားသော အစားအစာသုတေသနပြုစုမှုအပြင် လင်းရွှမ်ကလည်း စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ရှိ ခေတ်မီဆေးဘက်ဆိုင်ရာ သုတေသန ပညာရှင်များထံ နမူနာတစ်ခုကို ပေးပို့ခဲ့သည်။ ထိုအခါ၊သုတေသနရလဒ်များက ဇာ့ခ်ဘုရင်မ အသားတွင် အလွန်ထူးခြားသော ဇာ့ခ်နှင့်တူသော သွေးပမာဏ အနည်းငယ် ပါဝင်ကြောင်းပြသခဲ့သည်။ ဤ ဇာ့ခ်နှင့်တူသောသွေးပမာဏသည် တာဇာများထံမှလာသည်ဟု သံသယရှိသည်။ ဤသည်ကလည်း ဇာ့ခ်များက တာဇာတို့ထံ လက်နက်ချရသည့် အကြောင်းရင်းဖြစ်နိုင်သည်။
တာဇာများ၏ ဘိုးဘေးများမှာ ထိပ်တန်းရှေးဟောင်း ဇာ့ခ်မျိုးနွယ်များ၏ သွေးသားတို့နှင့် ရောယှက်ပါဝင်နေတာကြောင့် သူတို့အသွေးအသားများမှာ အဆင့်မြင့်ဆုံး မက်မွန်သီးရောင် ဇာ့ခ်များထက်တောင် ပိုမွန်မြတ်ပြီး ဖြူစင်သည်။ ဇာ့ခ်များထဲတွင် အဆင့်မြင့် ဇာ့ခ်များသည် အဆင့်နိမ့်ဇာ့ခ်များကို လုံးဝ ဖိနှိပ်ထားနိုင်သည်။ ထိုမျှမကပေ၊ တူညီသောအဆင့်ရှိသူတို့ကိုပင် သတ္တိရှိရှိ မျိုချနိုင်မည်။သို့သော် အဆင့်နိမ့် ဇာ့ခ်များကမူ အဆင့်မြင့် ဇာ့ခ်များကို ဘယ်သောအခါမှ မော်ကြည့်ဝံ့မှာ မဟုတ်ပေ။
ထို့ကြောင့်၊ တာဇာများသည် ဇာ့ခ်များအား သူတို့ကို အရှုံးပေးလာရန်အတွက် သူတို့၏ ကိုယ်ပိုင်သွေးသားကို အသုံးပြု၍ မက်မွန်သီးရောင် ဇာ့ခ်များကိုမွေးမြူကြသည်။ ထို့နောက် ဇာ့ခ်မျိုးနွယ်များကြားတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် မက်မွန်သီးရောင် ဇာ့ခ်တို့ကို စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်နိုင်ခဲ့၏။ ဤသည်က ဇာ့ခ်မျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်သည့် နည်းလမ်းပင်။ဤလျှို့ဝှက်ချက်ကို ဇာ့ခ်ဘုရင်မသည် ထုတ်ပြောခွင့်မရှိသော်လည်း ဤကမ္ဘာပေါ်မှာ လုံးဝလျှို့ဝှက်ချက်ဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်ပေ။
ထို့ကြောင့် 168ထံမှ သွေးအချို့ကို ထုတ်ယူခြင်းနှင့် အဆင်မပြေသော အစိတ်အပိုင်းများကို ဖယ်ရှားခြင်းသည် အချိန်ယူရလိမ့်မည်။ သို့သော် ကြယ်တာရာခေတ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာဆိုသည်မှာ ဤမျှလောက်မှာ အလွန်ရှုပ်ထွေးသော ကိစ္စမဟုတ်ချေ။ ယခု အခက်တွေ့နေသည်က ဇာ့ခ်ဘုရင်မအား ဘယ်လိုကိုင်တွယ်၍ ဖျောင်းဖျပြောဆိုရမည်ဆိုတာကိုပင်။ 168 ၏ခန္ဓာကိုယ်ပေါ်တွင် သွေးထုတ်ရသည်အထိ ကြီးကြီးမားမားကိစ္စများ လုပ်၍မရနိုင်သဖြင့် ထိုးဆေးများ၊ သောက်ဆေးများ သို့မဟုတ် အစားအစာများဖြင့်သာလုပ်ဆောင်နိုင်သည်။ 168 ရှိ တာဇာ၏သွေးများကို ဖယ်ရှားလိုက်ပါက၊သူမကို တာဇာများမှထိန်းချုပ်နိုင်မည် မဟုတ်တော့ပေ။
လင်းယောင်ယောင် သည် ဤအသေးစိတ်အချက်အလက်များကို မသိသေးသဖြင့် သိလိုက်ရဟောအခါ အလွန်တုန်လှုပ်သွားရပြီး လင်းရွှမ် ကို မေးလိုက်သည်။
"အာ…ဒါက တစ်ကယ်ဖြစ်နိုင်ပါ့မလား"
လင်းရွှမ် က လေးလေးနက်နက်ဖြင့် အဖြေပေးလိုက်၏။
"ဟုတ်တယ်… ဖြစ်နိုင်တယ်"
ပြောပြောဆိုဆို သူသည် စမ်းသပ်သူများထံပေးပို့သော သုတေသနအစီရင်ခံစာကို ထုတ်လိုက်၏။ ထို့အပြင် လိမ်ညာခြင်းမဟုတ်ကြောင်း သက်သေပြသည့်အနေဖြင့် သူမဆီသို့ ကော်ပီကူး၍ forward လုပ်လိုက်သည်။
သူက တစ်ဖန် 168ကိုကြည့်လိုက်၍
"ဒါဆို ငါတို့က မင်းရဲ့အဆင့်ကို SSS+ ရောက်အောင် မြန်မြန်အဆင့်မြှင့်ဖို့ နည်းလမ်းရှာမယ်…ပြီးရင် မင်းရဲ့မွေးရပ်မြေကို ငါတို့ကို ပြန်ခေါ်သွားပေး… မင်းတို့ ဇာ့ခ်မျိုးနွယ်တွေကို သိမ်းပိုက်ဖို့ မင်းမှာ တာဝန်ရှိတယ်...ငါတို့ ကူညီမယ်....အဲဒီ တာဇာ နတ်တွေကို သိမ်းထားဖို့ တို့နဲ့အတူ ကြိုးစားကြမယ်"
ထို့နောက် သူပေးခဲ့သည့် အချက်အလက်များကို ကြည့်နေသော လင်းယောင်ယောင် ကို ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။
"168 ရဲ့ စိတ်စွမ်းအားကို SSS+အဆင့်အထိ ဘယ်လိုမြှင့်တင်မလဲ ဆိုတာကတော့ အရမ်းလှ ၊အရမ်းချစ်စရာကောင်းတဲ့ ငါ့ရဲ အစားအသောက်ကုထုံးပညာရှင် အမျိုးသမီးလေး အပေါ်မှာပဲ မူတည်တော့တယ်နော်"
လင်းရွှမ် သည် တန်ဖိုးထား၍ ယုံကြည်ကြောင်း ပြသသည့်အနေဖြင့် ချီးမွမ်း၍ ပြောလိုက်သဖြင့် လင်းယောင်ယောင် မှာ မျက်နှာပူပူနှင့်....
"168 ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့ဆို ဆေးဖက်ဝင်ဟင်းချိုတွေ ထပ်လုပ်ဖို့ပဲပေါ့...ညီမလေး ကြိုးစားပါ့မယ်"
သို့သော်၊ သူမသည် 168 ၏အသားကိုအဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရမည် ဖြစ်ကာ အလေးချိန်တော်တော်များများ သုံးရမည်ဖြစ်သဖြင့် ဒုက္ခက မသေးလှပေ။
လင်းရွှမ်: "မင်း ဇာ့ခ်ဧကရီဖြစ်လာရင် မင်းဘာပဲစားစား မင်းကိုဘယ်သူမှမထိန်းနိုင်တော့ဘူး"
ဇာ့ခ်ဘုရင်မ 168သည် တုံးအသော်လည်း လိမ်ညာဖို့ မလွယ်ကူပေ။
"ဒါဆို ငါတို့က တာဇာကြယ်ပွင့်မဟာမိတ်ကိုပြန်သွားပြီး ငါက ဇာ့ခ်ဧကရီဖြစ်လာတဲ့အခါကျရင်.... လင်းယောင်ယောင် နဲ့ မင်းရဲ့ အစားအသောက်ကုထုံးပညာရှင်တွေက ငါ့အတွက် ဖြည့်စွက်စာ ဆက်လုပ်ပေးမှာလား"
ဤပြဿနာကို မေးလိုက်သည့်အခါ တစ်ခန်းလုံး ငြိမ်သက်သွားခဲ့၏။
သို့သော်၊လင်းရွှမ်၊ လင်းယောင်ယောင် သို့မဟုတ် သွေးစပျစ်နွယ်ပင် 012 ပင်ဖြစ်ဖြစ်၊ သူတို့အားလုံး ဤပြဿနာ၏ အဖြေကို သိထားကြသည်။
'မကျွေးဘူး'
သို့သော်၊သူတို့သာ ဤမေးခွန်းကို ပြတ်ပြတ်သားသားဖြေလိုက်လျှင်၊အစီအစဉ် ပျက်သွားနိုင်သည်။လင်းရွှမ် ရင်ထဲမှာတော့ ဒေါသအတော်ထွက်နေရပေပြီ။
ဒီ ဇာ့ခ်ဘုရင်မက ငါ့မိန်းမကို ခိုးဖို့အထိ တွေးဝံ့တာလား...
သို့သော်လည်း၊သူ အတတ်နိုင်ဆုံး စိတ်အေးအေးထားပြီး မကြိုက်ကြောင်း လုံးဝမပြဘဲ ပြောလိုက်ရ၏။
"ယောင်ယောင် က မင်းကို ရေရှည်အစာကျွေးဖို့ဆိုတာက မဖြစ်နိုင်ဘူး…ဒါပေမယ့် မင်းနဲ့ယောင်ယောင် က သူငယ်ချင်းမို့လို့ ခဏခဏတော့ ပေးလို့ရပါတယ်… မင်းအတွက် သူမလုပ်ထားတဲ့ အစားအစာကို အမြဲ ရဖို့ဆိုတာ မဖြစ်နိုင်ဘူး…လူသားတွေနဲ့ ဇာ့ခ်တွေက နောင်ဆို အလုပ်အတူတူ တွဲလုပ်နိုင်မှာပါ...မင်းက ငါတို့ကို ဇာ့ခ်အသားတွေ အစိမ်း ပေးပြီး ငါတို့က မင်းကို ချက်ပြုတ်ထားတဲ့ ဇာ့ခ်အသားတွေကို ပေးမှာ"
ခေတ္တနားပြီးနောက် လင်းရွှမ် က ဆက်လက်၍...
"မင်းမစားချင်ရင်လည်း အသားစိမ်းပဲ စား"
ပထမစကားတစ်ဝက်ကို နားထောင်ပြီးနောက် 168 အလွန်စိတ်ပျက်သွားခဲ့သည်။
'ငါ ဒီလို ကောင်းတဲ့ အစားအစာ တွေကို အမြဲ မစားရတော့ဘူးတဲ့လား"
သို့သော်၊ ဒုတိယစကားတစ်ဝက်ကို ကြားလိုက်ရလျှင်
'ဘုရား...ဘုရား နေ့တိုင်း အသားစိမ်းစားရမယ်တဲ့လား... ဒါက ဇာ့ခ်တွေရဲ့ ဘဝမှန်လား'
ဆိုရိုးစကားအတိုင်း၊ ချွေတာနေသည့်ဘဝမှ သုံးဖြန်းရသည့်ဘဝကို ပြောင်းလဲရန် လွယ်ကူသော်လည်း သုံးဖြုန်းနေရာမှ ချွေတာဖို့ရာမှာ ခက်ခဲသည်။ ယခု ဇာ့ခ်ဘုရင်မ 168 သည် ထိုအခြေအနေတွင်ရှိနေပြီဖြစ်သည်။ တုနှိုင်းမရသည့် အရသာကို မြည်းစမ်းကြည့်ပြီးမှ အသားစိမ်းစား၍၊ သွေးစိမ်းကိုသာသောက်ခဲ့ရသော နေ့ရက်တို့ကို ပြန်ရောက်မသွားချင်တော့ေပ။ အလွန်အမင်း ဆာလောင်နေခြင်းမှမဟုတ်လျှင်၊အညစ်အကြေးများပြည့်နေသော အသားစိမ်းကို ဘယ်လိုမှ မစားနိုင်ပေ။ သို့သော် လင်းရွှမ် နှင့် ပူးပေါင်းပါက၊ သူမသည် တာဇာ နတ်ဘုရားများ၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ပြီး လွတ်လပ်ပျော်ရွှင်သော ပိုးကောင်ဖြစ်လာစေနိုင်သည်။
168 သည်လည်း လွတ်လပ်မှုကို သဘာဝအတိုင်း တောင့်တမိ၍ သူမတို့ကို ထိန်းချုပ်သည့် တာဇာနတ်ဘုရားများကို မကျေနပ်ပေ။ တစ်နည်းဆိုရသော် 168 သည် ကြီးမားသော သွေးဆောင်မှုကို ရင်ဆိုင်ခဲ့ရသည်။ လင်းယောင်ယောင် ၏ ဖြည့်စွက်ကုထုံးအစားအစာသည် စိတ်စွမ်းအားကို တိုးမြင့်စေမှန်း 168 သိသည်။ 168သည် ကိုယ့်အသားကို စားသော်လည်း ထိုဟင်းချိုမှာ တခြားပစ္စည်းများထည့်ထားခြင်းဖြစ်သည်။ ယခုဆို သူမ၏ စိတ်စွမ်းအားမှာ အနည်းငယ် တိုးလာသလို ခံစားရပြီး ကိုယ်လုံးကိုယ်ထည်ကလည်း ပိုမိုသန့်စင်လာခဲ့သည်။ နောက်ထပ် များများစားလိုက်လျှင် အာနိသင်က ပိုသိသာလာမှာဖြစ်သည်။
xxxxxx