အခန်း၁၄၆
Viewers 12k

Chapter 146


ထို့နောက် ဝေ့လင်း သည် သူ၏လူယုံအား အတိုချုံးရှင်းပြပြီးနောက် သီးသန့်ခန်းသို့ ပြန်သွားပြီး ထိုကိစ္စနှင့်ပတ်သက်၍ ချမ့်ယောင် အား ပြောပြသည်။


သမီးဖြစ်သူ မသေသေးဘူးဆိုသည်ကို ချမ့်ယောင် ကြားရသောအခါ မျက်ရည်တို့က ချက်ချင်းထွက်လာကြသည်။  


"တစ်ကယ်လား…ကျွန်မကိုလိမ်နေတာမဟုတ်ဘူးလား"


ဝေ့လင်း က သူ့မိန်းမကို ပွေ့ဖက်ထားရင်း


 "တစ်ကယ်ပဲ...သူမက ကိုယ်တို့သမီးပဲလို့ ထင်တယ်... သူမ ငါတို့ဆီ လာတယ်… ငါတို့ မိသားစုနဲ့ ပြန်ပေါင်းလို့ရပြီကွ...ပြီးတော့ အင်ပါယာကိုလည်း အတူတူ ပြန်သွားနိုင်တယ်"


လူအစစ်ကို သူ မတွေ့ရမရချင်း မသေချာသော်လည်း ဝေ့လင်း ယုံကြည်ရန် ဆန္ဒရှိခဲ့သည်။ သမီးဖြစ်သူ၏ အေးစက်သော စကားများကို သူ မှတ်မိသွားသောအခါတွင် နှလုံးသားက ကွဲအက်ကြေကွဲသွားသလို ခံစားလိုက်ရသည်။သမီးဖြစ်သူအပေါ်မှာ အများကြီး အကြွေးတင်နေပြီမို့ အားနာစိတ်ဖြစ်ရကာ အမြန်ဆုံးတွေ့ချင်နေမိ၏။ ထိုမှသာ သူ့နှလုံးသားကို အေးမြစေလိမ့်မည်။


ထို့နောက် နှစ်ယောက်သား အိပ်နေသော သားငယ်နှစ်ယောက်ကို နှိုးပြီး အရေးကြီးပစ္စည်းများကို အမြန်ထုပ်ပိုးလိုက်သည်။ ထို့နောက် သူတို့မိသားစု နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဦးခေါင်းခွံဓားပြအဖွဲ့၏ အာကာသယာဉ်မှ ထွက်ခွာသွားခဲ့သည်။


 ဝေ့လင်းသည် ကြယ်ပင်လယ်ဓားပြများကို အမုန်းဆုံးဖြစ်သည်။ သူ၊ သူ့ဇနီးနှင့် သူ့သမီးတို့သည် ကြယ်ပင်လယ်ဓားပြများကြောင့် လက်ရှိအခြေအနေသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် လူသားမျိုးနွယ်အားလုံးကို တာဇာများက အမဲလိုက်သတ်ဖြတ်ခဲ့ကြသည်။  ရှင်သန်ဖို့အတွက်၊ ချမ့်ယောင် နှင့် သူ့ကလေးတွေကို လုံခြုံသည့် နေရာတစ်ခုမှာ ခိုနားစေနိုင်ဖို့ သူ့မှာရွေးချယ်စရာ လုံးဝမရှိတော့‌ေပ။ သို့သော် သူ့နှလုံးသားထဲတွင် ဂုဏ်သိက္ခာရှိသော ဆူးတပ်ဖွဲ့၏ အကြီးအကဲသည် ကြယ်ပင်လယ်ဓားပြအဖြစ် အသက်ရှင်ရန် ဆန္ဒမရှိနေသလို၊ ဤ ဦးခေါင်းခွံဓားပြအဖွဲ့ အာကာသယာဉ်ကိုလည်း အိမ်အဖြစ် မတွေးဖူးပေ။


 လေယာဉ်မှူးအခန်းသို့ ရောက်သောအခါ ဝေ့လင်းသည် သူ့ပိုင်ဆိုင်မှုဖြစ်သည့် ပျက်စီးယိုယွင်းနေသော အရပ်ဘက် အာကာသယာဉ်ငယ်တစ်စင်းကို ထုတ်ယူကာ ချမ့်ယောင် နှင့် ကလေးနှစ်ဦးတို့ကို ခေါ်ဆောင်၍ ဦးခေါင်းခွံဓားပြအဖွဲ့ အာကာသယာဉ်ကြီးမှ ထွက်လာခဲ့လေသည်။


 ဘေးကင်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဝါ့ဒ်မိန်း သည် သူတို့၏ အာကာသယာဉ်အား ဤနေရာမှ စတင်မောင်းထွက်ခဲ့သည်။  သို့သော်လည်း ဝေ့လင်း နှင့် ဆက်သွယ်မှု အဆင်ပြေစေရန်အတွက် ပင်လယ်ဓားပြများသည် သေးငယ်သော အာကာသယာဉ်နောက်တွင် ကျန်ရစ်ခဲ့သည်။


ဝေ့ကျော က အိပ်ငိုက်နေသည့် မျက်လုံးများကို ပွတ်သပ်ပြီး


 "မေမေ…ဘယ်သွားမလို့လဲ၊ ပုံမှန်ဆို ဖေဖေက ပျက်နေတဲ့ အာကာသယာဉ်ပေါ်တက်ခွင့် မပေးဘူးမလား"


 ဤအရပ်ဘက်အာကာသယာဉ်သည် နှစ်သုံးရာအထိ သက်တမ်းရှိသည်။  အာကာသယာဉ်ကို ယခင်က တာဇာကြယ်ပွင့်မဟာမိတ် မှ အသုံးပြုခဲ့ပြီး  ဘေးကင်းမှု စွမ်းဆောင်ရည်မှာလည်း မမြင့်မားပေ။  ဝေ့လင်း သည် အန္တရာယ်ရှိသော အလုပ်များကို တစ်ယောက်တည်း လုပ်ဆောင်သည့်အခါမှသာ ဤယာဉ်ကို မောင်းပြီး ဇနီးနှင့် သားသမီးများကိုလည်း မခေါ်လာတတ်ပေ။


အမွှာများဖြစ်သောကြောင့် ဝေ့ယို သည် ဝေ့ကျော နှင့် အလွန်ဆင်တူသော်လည်း သူသည် ပို၍စိတ်လှုပ်ရှားနေသည်။  သူသည် ဤအရပ်သားအာကာသယာဉ်ပေါ်တွင် ပတ်ပတ်လည်ကို ကိုင်ကြည့်ရင်း အလွန်စိတ်လှုပ်ရှားသွားပြီး


 "ငါတို့ ဘယ်ကိုမဆို သွားလို့ရပြီ...ငါ အရင်က အာကာသယာဥ်ကြီးကို မုန်းလိုက်တာ...အခု ကြယ်ပင်လယ်ကြီးကို သွားရတော့မယ်ဟေ့...ယေးယေး"


ချမ့်ယောင် သည် သူ့သမီးကို တွေ့ရမည့်အတွက် စိုးရိမ်စိတ်နှင့် ပျော်ရွှင်မှုတို့၌ နစ်မြုပ်နေခဲ့သည်။ သူ့သမီးလေးက သူမတို့အား မုန်းနေမှာကို စိုးရိမ်နေမိသည်။ ထို့နောက် သမီးဖြစ်သူအား ပေးစရာရှာရန် သူမ၏ပစ္စည်းများကို ကောက်ကိုင်လိုက်သည်။သူမမှာ ရှိသောပစ္စည်းများကို ကလေးနှစ်ယောက်က ယူဆော့သဖြင့် အတော်လေး ပျက်စီးနေရသည်ကို တွေ့လိုက်ရသဖြင့် သူမ စိတ်ဓာတ်ကျသွားသည်။  တာဇာကြယ်ကွင်းပြင်တွင် အဆင့်မြင့်နည်းပညာများ ပါသော်လည်း အရင်းအမြစ်များက ညံ့ဖျင်းသည်။ သူမတို့သည် ဤနေရာတွင် အသက်ရှင်ကျန်ရစ်ရန် ခဲယဉ်းစွာ ရှင်သန်ကြရသည့် လူသားကြယ်ပင်လယ်ဓားပြများသာဖြစ်သည်။


ဝေ့ကျော သည် ချမ့်ယောင် ကို အကြိမ်ပေါင်းများစွာ ခေါ်သော်လည်း သူမ မကြားလိုက်ပေ။ ထိုအခါ ဝေ့ကျော က တင်းမာသောမျက်နှာဖြင့် "အမေ၊ ကျွန်တော် စိတ်ဆိုးတော့မယ်"


ဝေ့ယို သည် ကလေးတစ်ယောက်လို ချမ့်ယောင် ၏လက်ကို ပွေ့ဖက်ကာ ဆိုးဖို့ဟန်ပြင်လိုက်သော်လည်း သူမက 


 "သွား၊ သွား… မင်းတို့နှစ်ယောက် တည်း ဆော့ချည်… ငါ့ကို မနှောင့်ယှက်နဲ့"


 ဤနှစ်များအားလုံးကို သူမ မည်သို့ခံနိုင်ရည်ရှိခဲ့ကြောင်း ဘုရားသခင်သာ သိတော်မူ၏။ လူတစ်ယောက်က နတ်ဆိုးဘုရင်နှစ်ကောင်ကို မွေးလာခဲ့ပြီး ပြုစုပျိုးထောင်ရသည့် ဒုက္ခကို ကြုံဖူးသူမှသာ သိပေလိမ့်မည်။ နူးညံ့ပြီး ချစ်စရာကောင်းသည့် သူ့သမီးလေးက အကောင်းဆုံးဖြစ်နေဆဲ။


ထို့နောက် အားလပ်ရက်များတွင် သူမ ဝတ်သည့် သပ်ရပ်လှပသော စကတ်ကို အာကာသခလုတ်ထဲမှ တွေ့ရှိခဲ့သည်။ သမီးလေးကို အကောင်းဆုံးသော အခြေအနေများတွင် တွေ့ဖို့ စီစဉ်ထားသည်။


လေယာဉ်မှူးခန်းရှိ ဝေ့လင်းသည် လင်းရွှမ် တို့ ဦးတည်ရာသို့ အလိုအလျောက် မောင်းနှင်သည့် စနစ်ကို နှိပ်လိုက်သည်။ ဤအကွာအဝေးမှာ တိုတောင်းသည်ဟု ထင်ရသော်လည်း ဤပျက်စီးနေသော အာကာသယာဉ်၏ အရှိန်ဖြင့်ဆိုပါက၊ မိနစ်နှစ်ဆယ်ကျော်ကြာသည်။


ဝေ့လင်း က သူ့သားငယ်နှစ်ယောက်၏ ခေါင်းကို ကိုင်လိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်၏။


"မင်းတို့ အစ်မကို သွားကြည့်ရအောင်…ပြီးရင် အစ်မနဲ့ အိမ်ပြန်မယ်" 


ဝေ့ကျော မျက်မှောင်ကြုတ်လိုက်သည်။  


"အစ်မ"


ဝေ့ယိုကမူ စိတ်လှုပ်ရှားသွားသည်။  


"အိမ်ပြန်မယ်"


ညသိမ်းငှက်တပ်ဖွဲ့ ၏အဓိကရှိ လင်းယောင်ယောင် လည်း အလွန်စိတ်လှုပ်ရှားနေသည်။ ဝေ့လင်း က သူမကို အသိအမှတ်ပြုလို၍ သူ လာချင် ကြောင်း ပြောခဲ့သည်။ တွေ့ဆုံပြီးပါက သူမကို သမီးအရင်းမှန်း သိလာမည်မှာ ဧကန်ဖြစ်ပေသည်။ သို့သော် သူမ၏ မိဘအသစ်များ၊ မောင်လေး သို့မဟုတ် ညီမလေးများနှင့် မည်သို့ ပြောဆိုဆက်ဆံပေါင်းသင်းရမည်ကို မသိခဲ့ပေ။လာရောက်မည့် မိသားစုကို ဘယ်လို လက်ဆောင်များ ပေးမလဲ ဆိုသည်ကိုလည်း တွေးနေမိ၏။

လင်းရွှမ် က သူမကို ပြောလိုက်သည်။


  "မင်းသွားပြီး အရသာရှိတဲ့ ဟင်းတစ်ခုခု ချက်လိုက်ပါ…ဒါ မင်းအကောင်းဆုံးလုပ်တဲ့အရာပဲ…168 အတွက်လည်း တစ်ခုခုလုပ်ဖို့ မမေ့ပါနဲ့…မဟုတ်ရင် သူက စိတ်ဆိုးနေဦးမယ်"


သူ့အကြံကြောင့် သူမ မျက်လုံးများ တောက်ပလာသည်။  


"ဟုတ်တယ်... အရသာရှိတာ စားလိုက်ရင် တစ်ယောက်နဲ့တစ်ယောက် ရှိန်နေမှာမဟုတ်ဘူး… စိတ်မပူနဲ့…012 နဲ့ 168 အတွက် ခွဲထားပေးမယ်. အခုပဲ သွားချက်တော့မယ်"


ဝေ့လင်း နှင့် ချမ့်ယောင် အပြင် ကလေးများလည်း ရှိနိုင်သည်ဟု ယူဆသောကြောင့် လင်းယောင်ယောင် သည် ရိုးရှင်းပြီး မြန်ဆန်သော အိမ်ချက်နည်းအချို့ကို ချက်ပြုတ်ခဲ့သည်။ ကြွပ်ကြွပ်ကြော် ဇာ့ခ်အသားလွှာ၊ ဇာ့ခ်အစပ်ကြော်၊ တိုဟူးအရေခွံနှင့် ပါးပါးလှီးထားသော ဇာ့ခ်အသား၊ဆားနယ် ဇာ့ခ်အသားလင်ပန်း၊ ခရမ်းချဉ်သီးနှင့် ဇာ့ခ်ဥမွှေကြော်၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချို၊ ဇာ့ခ်ပြေးလွှာကောင်အစာသွပ်ပေါက်စီ (ကဏန်းအစာသွပ်ပေါက်စီ) နှင့် အနီရောင်စွံပလွံသီးနှင့် လက်ဖက်စွပ်ပြုတ် အသံမြည်ဇာ့ခ်၊ဇာ့ခ်ဘုရင်မအသား မှိုဟင်းချို တို့ဖြစ်သည်။


 အခြားနည်းလမ်းမရှိတော့‌ေပ။  ဤအာကာသယာဉ်ပေါ်တွင် သိမ်းဆည်းထားသော အစားအစာအများစုမှာ စစ်သားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပြန်လည်ရရှိရန် အသင့်တော်ဆုံးသော အစာဖြစ်သည့် ဇာ့ခ်အသားဖြစ်သည်။


 အစားအသောက်ပြင်ဆင်ပြီးပါက မီးဖိုချောင်တွင် နွေးနွေးထွေးထွေးထားရှိပြီး စားရန်အဆင်သင့်ဖြစ်ချိန်တွင် တည်ခင်းဧည့်ခံရမည်။ ကလေးငယ်များရှိနေခြင်းကို ထည့်သွင်းစဉ်းစားပြီး သူမ ယခင်ကလုပ်ထားသော ဇာ့ခ်အသားအဆာသွပ်ပါင်မုန့်၊  ဇာ့ခ်အသားအစပ်ခြောက်များ၊ ဟင်းခတ်အမွှေးအကြိုင်ငါးမျိုး ထည့်ထားသော ဇာ့ခ်အသားများနှင့် အခြားအဆာပြေမုန့်များကို အာကာသခလုတ်ထဲမှ ထုတ်ယူခဲ့သည်။ လတ်ဆတ်သော သစ်သီးလက်ဖက်ရည်ကိုလည်း သူမလုပ်ခဲ့သည်။ အဆုံးမှာ၊သူမ၏ အစားအသောက်ရနံ့များ နံနေသော အဝတ်အစားများကို လဲပြီး သူမအကြိုက်ဆုံး လာဗင်ဒါ ဝတ်စုံကို ရွေးချယ်ခဲ့၏။အတတ်နိုင်ဆုံး သူမ၏မိဘများနှင့် မောင်လေး/ ညီမလေးများကို အထင်ကြီးစေချင်သည်။


လင်းရွှမ် က "မင်းအရင်က ကိုယ့်ကို တောင် ဒီလောက်မဝတ်ပြဖူးဘူး!"


လင်းယောင်ယောင် က သူ့ကို စိုက်ကြည့်နေလျက်


 "နွေရာသီအားလပ်ရက်တုန်းက အိမ်မှာ အစ်ကိုကြီးကို ပထမဆုံးအကြိမ်တွေ့တုန်းက ဟင်းချက်ပြီးတာနဲ့ အဝတ်အစားလဲခဲ့တယ်လေ... အဲဒီတုန်းက အစ်ကိုကြီး ညီမလေးကိုတောင် မကြည့်ဘူး..."


ထို့နောက် သူမသည် လင်းရွှမ် ကိုလည်း ပေါ့ပေါ့ပါးပါးရှိသော ဝတ်စုံကို လဲခိုင်းသည်။


 "မင်းက ဒီလို ဝတ်ဝတ်၊မဝတ်ဝတ် ကြည့်ကောင်းပြီးသားပါ"


သို့သော်လည်း၊ သူမ၏ ဆွေမျိုးသစ်များကြောင့် သူ့ကို လျစ်လျူမရှုခဲ့သဖြင့် စိတ်သက်သာရာရသွားမိသည်။ သူကိုယ်တိုင်ကလည်း သူ့အနာဂတ် ယောက္ခမကို အထင်ကြီးစေချင်မိ၏။


ဝေ့လင်း သည် သူ့လူယုံများအား နှုတ်ဆက်ရန် လိုအပ်သောကြောင့် အခြေအနေကို ချမ့်ယောင် အား ရှင်းပြပြီး ပစ္စည်းများထုပ်ပိုးရန် အချိန်အနည်းငယ်ယူခဲ့ရသည်။ လင်းယောင်ယောင် အားလုံး အဆင်သင့်ဖြစ်သောအခါ ဝေ့လင်း ၏ အာကာသယာဉ်သည် ညသိမ်းငှက်တပ်ဖွဲ့ အာကာသယာဉ်၏ ဆင်းသက်ဇုန်သို့ရောက်ရှိနေပြီဖြစ်သည်။


ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် သားနှစ်ယောက်နှင့်အတူ အာကာသယာဉ်ပေါ်မှ ဆင်းလာသောအခါ လင်းရွှမ်နှင့် လင်းယောင်ယောင်တို့ကလည်း ဆင်းသက်ဇုန်တွင် စောင့်ဆိုင်းနေပြီဖြစ်သည်။


လင်းယောင်ယောင် မှာ တော်တော်လေး စိတ်လှုပ်ရှားနေမိ၏။ သူမ မတွေ့ဖူးသော မိဘအရင်းများနှင့် မည်သို့ ပြောဆိုရမှန်း မသိချေ။ သို့သော် ဝေ့လင်းနှင့် ချမ့်ယောင်ကို မြင်လိုက်ရသောအခါ သူမ နှလုံးသားသည် ရင်ခုန်စိတ်လှုပ်ရှားကာ ရွှင်လန်းနေခဲ့သည်။


ချမ့်ယောင် သည် အလွန်လှပသော ရှည်လျားသော ရွှေရောင်ဆံပင်၊ စိမ်းပြာရောင် မက်မွန်သီးမျက်လုံးများရှိပြီး သူမ၏မျက်နှာသည် မက်မွန်သီး သို့မဟုတ် ဇီးသီးကဲ့သို့ ဝိုင်းစက်စက်ဖူးဖူးကလေး ဖြစ်သည်။  သူမသည် ဓါတ်ပုံထဲမှာထက် မျက်နှာက အနည်းငယ် ပြည့်တင်းလာသလိုရှိကာ စိတ်ကောင်းရှိမှန်း မြင်ရုံနှင့်သိရသည်။


ဝေ့လင်း သည် အေးစက်သော မျက်နှာထားရှိကာ အရပ်ရှည်ပြီး ချောမောသည်။ ဘဝမှာ အများကြီး ဖြတ်သန်းခဲ့ရသလို နည်းနည်း ပိုရင့်ကျက်လာပုံရ၏။ သူတို့ဘေးတွင် ဝေ့လင်းနှင့် ဆင်တူသည့် ရှစ်နှစ်၊ကိုးနှစ် အရွယ် အမွှာကောင်လေး နှစ်ယောက်ရှိသည်။သူတို့သည် သူမ၏ မောင်လေးများ ဖြစ်ရမည်။သူမက ချစ်စရာကောင်းသည့် မောင်လေးများအား


 "အဖေ…အမေ…မောင်လေးတွေ"


ချမ့်ယောင် သည် အာကာသယာဉ်ပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် လင်းယောင်ယောင် ကို တစ်ချက်ကြည့်လိုက်သည်။ ကလေးမလေးသည် သူမနှင့် ဆင်တူသည်။ သူမသည် Green Star လူမျိုး စစ်စစ်ဖြစ်၍ သူမ၏ သွေးရင်းသားရင်း ဆွေမျိုးများကို မြင်ရုံဖြင့် ခံစားနိုင်သည်။ သူ့ရှေ့က သေးသွယ်သော မိန်းကလေးသည် အမှန်ပင် သူ့သမီးဖြစ်ကြောင်း သူမ ချက်ချင်းပြောနိုင်သည်။


လင်းယောင်ယောင် က သူမကို "အမေ" ဟုခေါ်ပြီးနောက် အမြန်လျှောက်သွားလိုက်ကာ သူမကို ပွေ့ဖက်ထားလိုက်၏။


 "သမီးလေး…အမေ အရမ်းပျော်တယ်…အမေလို့ ခေါ်နေသေးတာကိုလည်း ကျေးဇူးတင်မိတယ်"


ဝေ့လင်း လည်း လျှောက်လာပြီး လင်းယောင်ယောင် ၏ ပုခုံးကို ပွတ်သပ်ရင်း 


"အဖေ... အဲဒီနှစ်က အဖြစ်အပျက်အတွက် တောင်းပန်ပါတယ်… အဆင်ပြေပါတယ်... တာဇာကြယ်ပွင့်နယ်မြေ မှာ အဖေတို့ကို စွန့်စားရှာဖွေပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်"


ထို့နောက် အမွှာနှစ်ကောင်ထဲက တစ်ကောင်ကလည်း ပြေးလာကာ  လင်းယောင်ယောင် နှင့် ချမ့်ယောင် ၏ခါးကို တစ်ပြိုင်တည်း ပွေ့ဖက်လိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။


"မမ...မမ..ကျွန်တော်က  ယိုယိုပါ"


ထို့နောက် ပြောပြီးပြီးချင်း သူက တခစ်ခစ်ရယ်နေပုံမှာ အလွန်ချစ်စရာကောင်းလှသည်။အနောက်မှာကျန်ရစ်ခဲ့သည့် ဝေ့ကျောက လက်ပိုက်ထား၍ အေးစက်သောမျက်လုံးများဖြင့် ချစ်ရသော မိသားစုကို ကြည့်လိုက်ပြီး သူ့အနားတွင် ငြိမ်သက်စွာ ရပ်နေသော လင်းရွှမ် ကို ကြည့်ကာ မျက်နှာတင်းတင်းနှင့် မေးလိုက်သည်။


 "ခင်ဗျားက ဘယ်သူလဲ"


လင်းရွှမ် "ငါက မင်း ယောက်ဖပဲဟု ပြောချင်မိသော်လည်း လင်းယောင်ယောင် သူ့ကို ထပ်ပြီး စိတ်ဆိုးသွားမှာကို ကြောက်မိ၏။ယခုမှ တွေ့ဖူးသည့် ယောက္ခမ နှစ်ယောက်ကလည်း သူတို့ချစ်သမီးကို လုယက်မည့် ကောင်လေးမှန်း သိပါက ငြင်းမှာ သေချာသည်။ ထိုအပြင် ဤကလေးက ရုတ်တရက်ပေါ်လာသည့် အစ်မဖြစ်သူ ကိုလည်း လက်မခံချင်ပုံရသည်။ထို့ကြောင့် သူက ပြုံးပြီး 


"မင်းအစ်မကို ဒီမေးခွန်း မေးလို့ရတယ်"


ချမ့်ယောင် သည် လင်းမိသားစုမှ လင်းယောင်ယောင် ကို မွေးစားခဲ့ကြောင်းသာ သိသော်လည်း လင်းရွှမ် သည် သူ့သမီးကို ပြန်ပေးဆွဲမည့်သူ ဖြစ်ကြောင်း သူမ မသိခဲ့ပေ။ 


 "ဒါက မင်း အစ်မရဲ့အစ်ကို… မင်း သူ့ကို အစ်ကိုကြီးလို့လည်း ခေါ်လို့ရတယ်"


ဝေ့ယို ရုတ်တရက် စိတ်မချမ်းသာ ဖြစ်သွားသည်။ 


 "ဟင့်အင်း… ဒီအစ်မက မေမေနဲ့ တော်တော်တူနေသေးတယ်…ဒါပေမယ့် ဒီအစ်ကိုက သား မိဘတွေနဲ့လည်း မတူဘူး…မေမေ ဘာလို့ သားအတွက် ဒီ့ထက်ငယ်တဲ့ ညီလေးတစ်ယောက်ပဲ ပေးလိုက်ပါတော့လား"


 မိနစ်အနည်းငယ် နောက်ကျမှ မွေးဖွားလာသည့်အတွက် ဝေ့ယိုဟာ ဝေ့ကျော အား အစ်ကိုဟု ခေါ်ခဲ့ရပြီး အခုဆိုလျှင် နောက်ထပ် အစ်မတစ်ယောက်လည်း ရှိလာပြီဖြစ်သည်။အစ်မ ဖြစ်သူ၏ အလှကြောင့် သူမကို ဝမ်းသာအားရ ခေါ်လိုက်ချင်သော်လည်း အလွန်ရက်စက်ပြီး ကြောက်စရာကောင်းသော လူကြီးကိုတော့ အစ်ကိုကြီးဟု မခေါ်ချင်ပေ။ထိုလူကြီးက တစ်စက်မှ ချစ်စရာလည်းမကောင်းပေ။ထိုစဉ် ဝေ့ကျောကလည်း


  "ကျွန်တော့်မှာ အစ်ကိုကြီးမရှိဘူး" 


 "အစ်ကိုကြီး" တစ်ယောက် ဖြစ်သူ  ဝေ့ကျော သည် အနည်းငယ် တုံးအ,သော ညီငယ်ကို လွှမ်းမိုးထားနိုင်သည့် IQ ရှိသဖြင့် တခြားသူ၏ ညီဖြစ်လာမှာကို ကြောက်နေမိခြင်းသာ။ သူတို့နှင့်မဆိုင်သူ လင်းရွှမ် ကို ပြောစရာမရှိပေ။ လင်းယောင်ယောင် ကို အစ်မတစ်ယောက်အနေနှင့် အသိအမှတ်ပြုချင်လျှင်တောင် ဦးစွာ စောင့်ကြည့်လေ့လာဖို့ လိုသည်။


ဝေ့လင်း သည် လင်းရွှမ် ကို မနှစ်သက်ပေ။ သူ့အတွက်ကတော့ လင်းရွှမ် ၏ ပုံပန်းအသွင်အပြင်နှင့် အရည်အချင်းတွေက အထင်ကြီးစရာ မရှိချေ။  သူ ဘယ်လိုပဲ ကြည့်နေပါစေ လင်းရွှမ် က သူ့ကို လုံးဝ ဂရုစိုက်ဟန်မပြပေ။ဤကလေးက အေးစက်ထက်မြက်လွန်းပြီး သူ့သမီးငယ်လေးကို သေသည့်အထိ နှိပ်ကွပ်မည်မှာ သေချာ၏။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဗွီဒီယိုထဲမှာ သူတို့နှစ်ယောက် ပြောဆိုဆက်ဆံပုံကို မြင်ဖူးသည်။ လင်းရွှမ် သည် လင်းယောင်ယောင် ရှေ့မှာလုံးဝအေးစက်နေခဲ့သည်။


လင်းရွှမ်ကလည်း သူတို့ကို ဂရုမစိုက်ပေ။ လင်းယောင်ယောင် က သူ့ကို သဘောကျ နေလျှင် လုံလောက်ပေပြီဝေ့လင်း နှင့် ချမ့်ယောင် ကိုလည်း ပြန်ကယ်လာနိုင်သည့်အတွက် ဝမ်းသာမိ၏။ ဝေ့လင်းဘက်မှ သူ့အပေါ် အတွေးများ မည်သို့ပင်ရှိစေကာမူ၊ နောက်ဆုံးတွင် ယောင်ယောင် နှင့် လက်ထပ်ရန် သေချာပေါက် သဘောတူလိမ့်မည်ဖြစ်၏။ တခြားနည်းနှင့် တွေးကြည့်လျှင်တော့ ဖခင်အများစုက သားမက်ဖြစ်သူကို သမီးဖြစ်သူအား ယူသွားသည့် ကောင်စုတ်ကလေးဟု မြင်နေကြပေမည်။ဘယ်သူကမှ သားမက်ကို ခင်မင်ရိုးထုံးစံမရှိချေ။ 


တပ်သားတစ်ယောက်ဖြစ်သလို လင်းရွှမ် ၏ သူငယ်ချင်းတစ်ယောက်အနေနှင့် ချန်ပင်း က ထိုသို့ကြားဝင်စေ့စပ်ရေးမှာ အတော်ကောင်းသည်။   


"ဆင်းသက်ဇုန်က စကားပြောစရာနေရာမဟုတ်ပါဘူး…ဗိုလ်ချုပ်ကြီး ဝေ့၊ မမလေးနဲ့ သခင်လေးနှစ်ယောက် ကျေးဇူးပြုပြီး ဧည့်ခန်းထဲမှာ စကားပြောကြရအောင်"


ထိုအခါ လင်းယောင်ယောင် နှင့် ချမ့်ယောင် တို့သည် စိတ်လှုပ်ရှားစွာ ပွေ့ဖက်ထားကြရာမှ လူချင်းခွဲပြီးနောက်မှာ သားအမိနှစ်ယာက်သား အတော်ပင် ရှက်သွားကြသည်။


လင်းယောင်ယောင်မှာမူ လင်းရွှမ် နှင့် သူမ၏ မောင်လေးနှစ်ယောက် ပြောသည်ကို ကြားပြီးနောက် ချက်ချင်းပင် ရှက်သွားသည်။ မောင်လေးနှစ်ယောက်ကို လင်းရွှမ် အား အစ်ကိုကြီးဟု ခေါ်ဖို့ အတင်းအကျပ် တွန်းအားပေးမှာ မဟုတ်ပေ။ယခုကတည်းက လင်းရွှမ် ကို မောင်လေးများက အစ်ကိုကြီးဟု စောစောစီးစီးခေါ်နေခြင်းက အနည်းငယ်ရှက်စရာကောင်းလှသည်။



xxxxxx