အပိုင်း ၄၈
Viewers 26k

Chapter 48




"အိုး ရှင်းရှင်း...မင်းက ဇာတ်ညွှန်းကိုအမြဲသွားလေရာယူသွားတာပဲ" 


ရှုရှန့်က သူ့ကို ချီးကျူးနေခြင်းဟုတ်မဟုတ် မသိရပေ။

"မင်းက အရမ်းအလုပ်ကြိုးစားတယ်...မင်း ဒီလောက်တိုးတက်နေတာ မအံ့သြတော့ပါဘူး"


ရှုရှန့်က သူ့ကို အသရေဖျက်ရန် အကောင့်တွေဝယ်ခဲ့ခြင်း ဖြစ်နိုင်၏။ အနီးနားတွင် အခြားမည်သူမျှမရှိလေရာ ချီရှင်းချန် သဟဇာတရှိသောအသွင်အပြင်ကို ထိန်းသိမ်းရန် စိတ်အနှောက်အယှက်ဖြစ်မခံတော့ပေ။သူက အေးစက်စွာပြောလိုက်သည်။ 

"ပြောစရာရှိရင် မြန်မြန်ပြော"


"မင်းကိုကြည့်စမ်း... မင်းကအရမ်းထူးဆန်းတယ်" 

ရှုရှန့်က ဆိုလိုက်သည်။


"မင်းကို အကြံဉာဏ်တောင်းဖို့ ငါဒီကိုရောက်လာတာ...ဒါရိုက်တာရှန့်ကပြောတယ်... မင်းက အခြေအနေကောင်းနေပြီတဲ့..."


သူက ချီရှင်းချန်၏ဘေးမှာ ထိုင်ချလိုက်ပြီး 

"ဒါဆို မင်းကို ငါမေးချင်တယ်...မင်း ဘယ်လိုလုပ်ဒီလောက်မြန်မြန် ချိန်ညှိနိုင်ရတာလဲ"


ရှုရှန့်က အံကြိတ်ကာ နောက်ဆုံး စကားလေးခွန်းကို တစ်လုံးပြီးတစ်လုံး ပြောလိုက်သည်။ခုနကရှန့်ယွီလျန်က သူ့ကို ဇာတ်ညွှန်းပြောပြသော မြင်ကွင်းက သူ့စိတ်ထဲမှာ ပေါ်လာ၏။


("ရှောင်ရှု...ကျိယန်ရဲ့အဖေ ရုတ်တရက်ဖျားသွားလို့ မင်းကဒီကိုရောက်နေတာ...ဒီအချိန်မှာ မင်းအရမ်းစိတ်ရှုပ်နေပေမဲ့ ကျိယန်စိတ်ကိုဖြေလျော့ပေးဖို့ မင်းစိတ်အေးအေးထားရမယ်...မင်းရဲ့အမူအရာကို ပြောင်းစရာမလိုပေမဲ့ မင်းရဲ့ခြေလှမ်းတွေက နည်းနည်းရှုပ်နေရမယ်... အပေါ်ယံတင်မဟုတ်ဘဲ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အဖြေရှာထုတ်ရမယ် ...မင်းသရုပ်ဆောင်နေတာ နှစ်အနည်းငယ်ရှိပြီ...ရှောင်ချီထက် မင်းက ပိုအတွေ့အကြုံရှိပြီး လိုက်လျောညီထွေဖြစ်သင့်ပေမဲ့ အခု မင်းကသူ့လောက်ကောင်းမနေဘူး...မင်းအတွက် ငါက မျှော်လင့်ချက်ကြီးကြီးထားထားတာ...မင်း မြန်မြန်လုပ်ရမယ်…")


အပေါ်ယံမှာ သူက သူ့အတွက် မျှော်လင့်ချက်ကြီးကြီးထားထားပြီး သူက ချီရှင်းချန်ထက် ပိုတော်သည်ဟု ဆိုနေသည်။ တကယ်တမ်းတွင် သူက ချီရှင်းချန်ကို တိတ်တိတ်လေး ချီးမွမ်းနေခြင်းဖြစ်၏။



ထောင်ထောင်က သူ့ဘေးတွင် ရှိနေသည်။ သူက ထောင်ထောင်ကို အမြဲတမ်း သဘောကျနေခဲ့သည်။ ဤတစ်ကြိမ်မှာ သူ့နတ်သမီးရှေ့မှာ သူ့မျက်နှာလုံးဝ ပျက်သွားခဲ့ရသည်။


ရှုရှန့်က ပြုံးပြီးပြောသည်။

"ရှောင်ချီ... ဒါရိုက်တာရှန့် မင်းကို ကာကွယ်အောင် မင်းဘာလုပ်ခဲ့တာလဲ"


"မင်း ဒါရိုက်တာရှန့်ကို လှည့်စားခဲ့တာလား ဒါမှမဟုတ် မင်းရဲ့စပွန်ဆာက ရိုက်ကူးရေးအဖွဲ့ထဲမှာ ထပ်ရင်းနှီးမြုပ်နှံခဲ့တာလား"


"…" 


ဤရယ်စရာကောင်းသောစကားများကိုကြားရသောအခါ ချီရှင်းချန် တစ်ချိန်တည်းမှာပင် ဒေါသထွက်သလို ရယ်လည်းရယ်ချင်မိသွားသည်။


သူက နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။

"မင်း အဖွဲ့ထဲကို ပိုက်ဆံပေးပြီးဝင်လာတာနဲ့ပဲ တခြားလူတွေအားလုံး မင်းလိုပဲ ပျင်းနေကြတယ်လို့ မထင်ပါနဲ့"


"သြော် ဒါဖြင့် မင်းကစပွန်ဆာမပါဘဲ မင်းဖာသာ ကြိုးကြိုးစားစား လုပ်ခဲ့တာလို့ ပြောနေတာလား..." 


ရှုရှန့်က ပါးစောင်ကို လျှာနှင့်ထိုးလိုက်ပြီးဆို၏။ "ကောင်းပြီ...မင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်၊ ငါသွားပြီ...အရာအားလုံး နိဂုံးချုပ်သွားလိမ့်မယ်"


.

ရှုရှန့်က ဂုဏ်ယူစွာနှင့်ထွက်သွားပြီး ချီရှင်းချန်က Weibo ဆက်ပွတ်နေလိုက်သည်။


နော်ရာ၏ အင်တာနက်ရေတပ်က တိုက်ပွဲထဲဝင်ရောက်လာသည်မှာ ထင်ရှားသည်။ ဤမှတ်ချက်အောက်တွင် လူအနည်းစုက သတင်း၏စစ်မှန်မှုကို မေးခွန်းထုတ်ကြပြီး လူအနည်းစုက ဘလော့ဂါကို ပိုက်ဆံယူသည့်အတွက် လှောင်ပြောင်ခဲ့ကြသည် ကျန်လူများက ခေါင်းစဉ်ပြောင်းကာ ကျန်မှတ်ချက်များကို ထိပ်ဆုံးသို့ တွန်းပို့ကြသည်။ တိုတိုပြောရလျှင် သူတို့က အခြေအနေကိုရှုပ်ထွေးအောင်လုပ်ပြီး လူထုကို ရှုပ်ထွေးအောင်လုပ်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။


တစ်ဖက်တွင်၊ မားကတ်တင်းဝယ်ခဲ့သူများက ချီရှင်းချန်ကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။ဤသတင်းကို အကြိမ်ရေ 10,000 ထက်မနည်း ဖြန့်ဝေခဲ့ပြီး ထို့နောက် သူ၏ဓာတ်ပုံအချို့ကို တူးထုတ်ခဲ့ကြသည်။


သူက ကျိုးယွီတိုက်ရိုက်ထုတ်လွှင့်မှုတွင် နာရီတစ်လုံးပေးသည့်အချိန်ရှိခဲ့သည်။ ထိုအချိန်တွင်၊ နာရီ၏အမှတ်တံဆိပ်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် မတွေ့ခဲ့ရသော်လည်း ကျိုးယွီက ၎င်းကို "တန်ဖိုးကြီး" သည်ဟုဆိုခဲ့သောကြောင့် ဈေးမပေါလောက်ဟု ပြောကြသည်။


သူဘက်ဂျက်ခရီးသွားမယ်မှာပါတုန်းက သူ့ခြေအိတ်ကို မတော်တဆ ဖော်ပြမိခဲ့သည့် အချိန်လည်း ရှိခဲ့၏။ အင်တာနက်အသုံးပြုသူတွေကတော့ Falke ကထုတ်လုပ်သော *alpaca မွှေးခြေအိတ်တွေဖြစ်ပြီး တစ်စုံကို ပေါင် 700 ကျော်ကျကြောင်း တွေ့ရှိခဲ့သည်။

(T/N–ကုလားအုပ်မျိူးဝင် နက်မှောင်သော အမွှေးထူထူရှိသည့်ဆောင်အမေရိကကတိရစ္ဆာန်တစ်မျိုး)


ချီရှင်းချန် ဆွံ့အသွားရ၏။ 


တောင်တန်းတွေပေါ်မှာ ညဘက် လေပြင်းတွေတိုက်ပြီး ခြေဖဝါးတွေ အေးခဲသွားမှာကို ကြောက်သည့်အတွက် သိုးမွှေးခြေအိတ်တစ်စုံကို ပေါ့ပေါ့တန်တန် ယူခဲ့ခြင်းဖြစ်သည်။


ချီယွီကျီးက ဒီလောက်စျေးကြီးတဲ့ ခြေအိတ်တွေ ဝယ်ထားမယ်ဆိုတာ ဘယ်သူကသိမှာလဲ...


သေချာသည်ပင်၊ အခိုင်မာဆုံးသက်သေမှာ သူ ကုမ္ပဏီကို ထိပ်တိုက်တွေ့ပြီးသည့် နောက်မှာ ကုမ္ပဏီက အမြန်တောင်းပန်ခဲ့၏။


၎င်းတို့အားလုံးကို ပေါင်းထည့်လိုက်ပါက သာမန် အလုပ်သမားလူတန်းစား မိသားစုက ကလေးတစ်ယောက် တတ်နိုင်သည့် အရာ မဟုတ်တော့ပေ။ သူတို့က ရှင်းပြချက်တစ်ခုဖြင့် ထွက်လာခဲ့သည်။


ချီရှင်းချန်က ဖုန်းကိုချပြီး သက်ပြင်းချလိုက်သည်။အခုချိန်မှာ ချန်နော်ရာကဖြေရှင်းသည်ကို စောင့်နေရုံပဲသူတတ်နိုင်သည်။ လောလောဆယ်မှာ သူ့၏အထောက်အထားကို မဖော်ထုတ်ချင်ပေ။


ချီမိသားစုသည် အပေါ်ယံတွင် အားကောင်းနေပုံရသော်လည်း ဇာတ်ကွက်ထဲတွင် အမြောက်စာလိုသောအခါတွင် ၎င်းတို့သည် စွမ်းအားကြီးသည့် အဓိကဇာတ်ကောင်ကို ယှဉ်နိုင်မည်မဟုတ်ပေ။


ဇာတ်လိုက်က သူချီမိသားစုဝင်ဖြစ်ကြောင်း သိလိုက်သည်နှင့် သူ့အထောက်အထားကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီး သူနှင့် နီးစပ်ရန် ခက်ခဲသွားမည်ဖြစ်သည်။



သူ ကူးပြောင်းလာခါစတုန်းက အစစ်အမှန်ကမ္ဘာကို အသက်ရှင်လျက် ပြန်သွားချင်ခဲ့၏။သို့ပေမဲ့ ချီမိသားစုနှင့်အတူ အချိန်အတော်ကြာအောင် ကုန်ဆုံးပြီးနောက် ... မူလပိုင်ရှင်အတွက်ပဲဖြစ်စေ၊ သူ့ကိုယ်ပိုင်အတွေးများအတွက်ပဲဖြစ်စေ ချီမိသားစုကို မသေစေချင်ပေ။


"ပါ့ ပါ့" 

သူ့ဘေးနားက ရှန်းရှန်းက သူ စိတ်မကောင်းဖြစ်နေသည်ကိုခံစားရပုံရပြီး ဗိုက်ကို နှစ်ကြိမ်ပုတ်လိုက်သည်။


"စိတ်မပူပါနဲ့ ပြီးသွားမှာပါ" 

ချီရှင်းချန်က ရှန်းရှန်း၏ခေါင်းကို ပုတ်ပြီး ဇာတ်ညွှန်းကို ကောက်ယူရင်း ပြုံးလိုက်သည်။


ကံမကောင်းစွာပဲ၊ ရှုရှန့်ဆီက အနှောင့်အယှက်ဖခံရပြီးနောက် သူ ဇာတ်ရုပ်ထဲ မဝင်နိုင်တော့ပေ။


ခဏလောက်စဉ်းစားပြီး မနေ့ညက သူ့ကို တကယ်စောင့်နေလားဟု ပိုင်ရဲ့ကို မမေးရန် ဆုံးဖြတ်လိုက်သည်။ သူ့ဖုန်းကိုထုတ်ပြီး Keda duck Emoji ကို ပို့လိုက်သည်။


"ဒွီ ဒွီ—"


ပြန်စာ၏တုန်ခါမှုအသံက WeChat နှင့်မတူဘဲ အလွန်ရှည်လျားသည်။ချီရှင်းချန် ငုံ့ကြည့်လိုက်သောအခါ ပိုင်ရဲ့ကသူ့ကို တိုက်ရိုက်ဖုန်းခေါ်နေတာ တွေ့လိုက်။


"… ဟဲလို" 

သူပြန်မဖြေခင် ခဏလောက်စောင့်လိုက်သည်။


"ငါပါ...မင်းက အခုရိုက်ကူးရေးလုပ်နေတာလား"


ချီရှင်းချန်ကပြန်ဖြေသည်။

 "မဟုတ်ဘူး"


"ဒါဆို ဖုန်းနဲ့ တစ်ချိန်လုံးကစားမနေနဲ့...နောက်အခန်းအတွက် မင်းရဲ့ စာသားတွေကို အလွတ်ကျက်လေ"

ပိုင်ရဲ့ကဆိုသည်။ 

"တတ်နိုင်သမျှ အချိန်အပိုင်းအစတိုင်းကို သုံးရတယ်"


သူ့တပည့်တွေကို ဆုံးမနေတဲ့ ဆရာတစ်ယောက်နဲ့ ဘာကြောင့် တူနေတာလဲ... 

ချီရှင်းချင်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့ကို ကျီစယ်ချင်ခဲ့သည်။


သို့ပေမဲ့ ဤစာကြောင်းမှာ နောက်ထပ်အဓိပ္ပါယ်တစ်ခုရှိသည်ကို သူသတိထားမိလိုက်၏။


"... ရဲ့ကော" 

ချီရှင်းချန်က မေးလိုက်သည်။

"Weibo ကို မြင်ပြီးပြီလား"


"ရှောင်မန်က အဲဒါကို မြင်တုန်းက ငါ့ကို ပြောပြခဲ့တာ...မင်း ကုမ္ပဏီကို သတင်းပို့ပြီးပြီလား"


သူတကယ်မြင်ခဲ့တာပဲ...

ချီရှင်းချန်က ပြောလိုက်သည်။

"ကျွန်တော် ကုမ္ပဏီကို သတင်းပို့ပြီးပါပြီ"


"ကောင်းတယ်...ကုမ္ပဏီက မင်းအတွက် PR လုပ်ပေးမှာကို စောင့်နေ...အပြစ်မရှိတဲ့သူတွေက သူတို့ အပြစ်ကင်းမှန်းသိလိမ့်မယ်...ညစ်ပတ်တဲ့လူက ညစ်ပတ်တဲ့အတိုင်းသွားမှာပဲ"


၎င်းကိုကြားသောအခါ ချီရှင်းချန်မသိစိတ်ကနေ လက်ဆန့်ပြီး ရှန်းရှန်း၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။


သူက ပြောလိုက်၏။

"အပြစ်မဲ့သူတွေက အပြစ်မရှိဘူးဆိုတာကို သိလိမ့်မယ်...ဒါပေမဲ့ ခင်ဗျားမကြောက်ဘူးလား…"


"ဘာကိုလဲ"


"ကျွန်တော်က ညစ်ပတ်နေမှာကိုမကြောက်ဘူးလား" 

ချီရှင်းချန်က ရှင်းပြလိုက်သည်။

"ကျွန်တော့်မှာ ရှူးဂါးဒယ်ဒီတကယ်ရှိနေမှာကို ခင်ဗျားမကြောက်ဘူးလား"



သူစကားပြောပြီးသည်နှင့် ဖုန်း၏အခြားတစ်ဖက်တွင် တိတ်ဆိတ်သွားသည်။


ချီရှင်းချန် သူ့အောက်နှုတ်ခမ်းကို မနေနိုင်ဘဲ ကိုက်လိုက်မိသည်။သူ့၏ပြည့်ဖောင်း နူးညံ့သော နှုတ်ခမ်းအစုံက သူ့ကြောင့်ခပ်နက်နက်ချိုင့်ဝင်သွားသည်။


ဆယ်စက္ကန့်လောက်ကြာသောအခါ တစ်ဖက်လူက အသံနိမ့်နိမ့်ဖြင့် ခပ်ဟဟရယ်မောလိုက်သည်။


ချီရှင်းချန် နားရွက်တွေ နီရဲလာ၏။


"ဘာတွေ ရယ်နေတာလဲ..

 သူ့ကို ရယ်နေတာလား...


"ဘာမှမဟုတ်ပါဘူး" 


ပိုင်ရဲ့က အရယ်ရပ်လိုက်ပြီးဆိုသည်။

"ရှင်းရှင်း.... မင်းမှရှုးဂါးဒယ်ဒီမရှိဘူးလို့ ငါယုံတယ်"


"ဘာလို့ ကျွန်တော့်ကိုယုံတာလဲ...ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိတာကြာမှမကြာသေးဘဲ"


ချီရှင်းချန်က နောက်ဆုံးမှာ သူ၏ သနားစရာကောင်းသော နှုတ်ခမ်းလွှာများကို လွှတ်ပေးလိုက်ပြီးဆို၏။

 "ကျွန်တော်က ခင်ဗျားရဲ့ဖန်မို့လို့လား"


"လုံးဝမဟုတ်ပါဘူး" 

ပိုင်ရဲ့က ပြောလေသည်။

"မင်းသာရူးဂါးဒယ်ဒီ ရှာချင်ရင် အနီးဆုံးသူကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မလဲ"


ချီရှင်းချန် "အနီးကပ်ဆုံးသူ" ဖြစ်သည့်သူကို တွေးတောရန် သူ့ဦးနှောက်ကိုမရပ်မနားအလုပ်ပေးလိုက်သည်။


ထို့နောက် ပိုင်ရဲ့က ဆက်၍ပြော၏။

"အနုပညာနယ်ပယ်မှာ လူအများစုက ငါလောက် အရင်းအနှီး မရှိကြဘူး...မင်းတကယ်လုပ်ချင်ရင် ဒိန်းမတ်မှာ ငါ မင်းရဲ့နောက်ကျောကိုဆေးလိမ်းပေးနေတုန်းက မင်း လုပ်ရ....."


အခြေအနေတွေကို အခွင့်ကောင်းယူပြီး မင်းဒီထက်မကပြရမှာပေါ့...ဒါမှမဟုတ် ငါ့ ရင်ခွင်ထဲ ပစ်ဝင်ပြီး နာကျင်နေပြီး နှစ်သိမ့်မှု လိုအပ်တယ်လို့လည်း ပြောလို့ရတယ်... 

အတိုချုပ်အားဖြင့်၊ နည်းလမ်းများစွာရှိခဲ့သည်။


ဖျော်ဖြေရေးနယ်ပယ်မှာ နှစ်အတော်ကြာကြာ ရပ်တည်ခဲ့ပြီးနောက် ပိုင်ရဲ့ အမျိုးမျိုးသော ကိစ္စရပ်တွေကို ကြုံတွေ့ခဲ့ရ၏။သူ့ကို သူမတို့၏ရင်သားတွေနှင့် တိုက်ရိုက်ဖိကပ်နိုင်လောက်အောင် ရဲသည့်အမျိုးသမီးအနုပညာရှင်ပင် ရှိခဲ့၏။


သူ့ကျော်ကြားမှုကို ခိုစီးပြီး သူ့ကုတ်အင်္ကျီအမြီးစကို ခိုတွဲရန်အတွက် သူတို့က ဘာမဆိုလုပ်ကြပေလိမ့်မည်။


သူ၏ဖန်ပေါက်စလေးက သူတို့နှင့် လုံးဝမတူပေ။သူ သူ့ကို ထိလိုက်သည်အခါ သူ၏ နောက်ကျော၊ လည်ပင်းနှင့်မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။


သူက ရှက်တတ်လွန်းသူဖြစ်၍ ရှူးဂါးဒယ်ဒီ ရှာရန်ကမဖြစ်ရေးချမဖြစ်နိုင်ပါချေ။


ပိုင်ရဲ့ပြောပြီးသည့် နောက်မှာ ချီရှင်းချန်တစ်ယောက် ရေချိုးခန်းထဲက မြင်ကွင်းနှင့် သူ့လက်ချောင်းထိပ်တွေ၏ အေးစက်သော အထိအတွေ့ကို မှတ်မိသွားခဲ့၏။


"မပြောနဲ့...မပြောနဲ့တော့" 

ချီရှင်းချန် ယ၏ မျက်နှာသည် ထိုနေ့ထက်ပင် ပိုနီလာခဲ့သည်။

"ကျွန်တော့်ကို ယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်"


"အင်း... မင်းမေးစရာတွေရှိရင် ငါ့ကိုခေါ်လိုက်... စကားမစပ် … "


ပိုင်ရဲ့က ခေတ္တရပ်လိုက်ပြီး

"အားလွင်က ငါ့ကို ဗီတာမင်ဆေးတွေသောက်ဖို့ မရပ်မနား နားပူနားဆာတိုက်နေတယ်... ဆေးနံ့ကို ငါမုန်းတယ်...ဒီညတော့ မင်းငါ့ကို အရမ်းကြီးကြာအောင် မစောင့်ခိုင်းဖို့ ငါမျှော်လင့်တယ်..."

   

...................



"ရှင်းရှင်း မင်းဘာတွေတွေးနေတာလဲ"


"… ဘာမှ မဟုတ်ပါဘူး"


ချီရှင်းချန် အဝတ်လဲခန်းတွင် ထိုင်နေရင်းမိတ်ကပ်ဖျက်ရန် စောင့်နေချိန်မှာ မိတ်ကပ်ပညာရှင်၏စကားကိုကြားလိုက်ရသည်။


'ငါ့ကို အရမ်းကြီးနောက်ကျအောင် မစောင့်ခိုင်းပါနဲ့' ဆိုသည့် အတွေးထဲကနေ သူ့ကိုယ်သူ အမြန်ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော့်မိတ်ကပ်တွေက ပြောင်ခါနီးနေပြီ... အရမ်းကြီးဖျက်ပစ်ဖို့ မလိုဘူး မဟုတ်လား"


"ဘယ်လိုလုပ်အဲလိုလုပ်လို့ရမလဲ... ကောင်းကောင်းမဖျက်ရင် မင်းရဲ့ ချွေးပေါက်တွေပိတ်ကုန်လိမ့်မယ်"


မိတ်ကပ်ပညာရှင်က သူ့မိတ်ကပ်ကို ဖယ်ရှားပြီး မျက်နှာကို Mask ကပ်ပေးခဲ့သည်။ 

"မိတ်ကပ်ကိုစနစ်တကျ ဖျက်ရုံတင်မကဘဲ Mask လည်း ကပ်ထားရမယ်...မင်းရဲ့ ချောမောတဲ့ မျက်နှာလေး လျော့မသွားအောင်လို့"


"သိပါပြီ...ကျေးဇူးတင်ပါတယ် ကျဲ"


ချီရှင်းချန်က ခေါင်းညိတ်ပြပြီး မိတ်ကပ်ပညာရှင်ကို ရှန်းရှန်းက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုသည်ကို ပြောပြခဲ့၏။ သူ့အခန်းအားလုံးကို ပြီးအောင်လုပ်ပြီး မိတ်ကပ်ဖျက်ထားသည့် ရှုရှန့်ကလည်း မျက်လုံးတွေကိုမှိတ်ထားပြီး မိတ်ကပ်ပညာရှင်က သူ့အတွက် maskကပ်ပေးမှာစောင့်နေ၏။


နှစ်မိနစ်လောက်စောင့်ပြီးသည်အထိ မိတ်ကပ်ပညာရှင်က ဘာမှတုန့်ပြန်မလာပေ။


"... စကားပြောနေတာကို ရပ်လိုက်.." 


ရှုရှန့် စိတ်မရှည်တော့ပေ။ သူက ချီရှင်းချန်ကို လက်ညှိုးထိုးပြပြီးဆိုသည်။

"ငါ့ကို ကပ်ပေး... ပြီးရင် ဟိုတယ်ကို ပြန်မယ်"


"အာ တောင်းပန်ပါတယ် မစ္စတာရှု" 

မိတ်ကပ်ပညာရှင်က ထိတ်လန့်တကြား တောင်းပန်လိုက်သည်။ 

"ရှင်းရှင်းအတွက်ပဲ mask ယူလာတယ်...ရှင့်အတွက် မယူခဲ့ဘူး..."


"... ဘုန်း"


ရှုရှန့် ကုလားထိုင်ကို ကန်လိုက်ကာ ကျိန်ဆဲပြီး ထွက်သွားသည်။


ချီရှင်းချန်က ငယ်စဉ်ကတည်းက တစ်ယောက်တည်း နေထိုင်လာသောကြောင့် ကမ္ဘာကြီး၏နည်းလမ်းများကို ကောင်းစွာသိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ရိုက်ကူးရေးအဖွဲ့သားများအတွက် အစားအသောက်နှင့် အဖျော်ယမကာများကို မကြာခဏ ယူဆောင်လာခဲ့သည်။ သူက ရုပ်ရည်ချောမောပြီး ကိုယ်ရည်ကိုယ်သွေးကောင်း၏။ ထို့အပြင် သူက ကိစ္စများကိုမည်သို့လုပ်ဆောင်ရမည်ကိုသိသည်။ သူက လူတိုင်းနှင့် အဆင်ပြေနေပြီဖြစ်သည်။


15 မိနစ်အကြာတွင် သူ maskကို ခွာကာ နာနီကားထဲသို့ ဝင်လာခဲ့သည်။ ထိုင်ခုံပေါ်ပစ်လှဲလိုက်ပြီး ဖုန်းပေါ်မှာ စာရိုက်လိုက်သည်။


အန်းရန်က မေး၏။

"ရှင်းရှင်း... Weibo ကြည့်ပြီးပြီလား"


"မကြည့်ရသေးဘူး" 

ချီရှင်းချန်က ထိုထဲစိတ်ရောက်မနေပေ။ 

"အခုအခြေအနေက ဘယ်လိုလဲ"


"ငါတို့က အင်တာနက်ရေတပ် နဲ့ တစ်နေ့ခင်းလုံးလုံး တိုက်ပွဲဖြစ်နေတာ...တစ်ဖက်လူက ဇွဲကောင်းနေတယ်... အဆင်မပြေရင် ကုမ္ပဏီက ကြေငြာချက်ထုတ်လိမ့်မယ်"


ချီရှင်းချန် တစ်ဖက်လူက ဘာလုပ်မည်ကို ခန့်မှန်းမိသည်။ ကောလဟာလတွေ ပြန့်နှံ့လာသည်နှင့်အမျှ လူတွေက ဤအကြောင်းကို ပိုသိလာလေလေ၊ ပါဝင်ပတ်သက်သူအတွက် ပိုအန္တရာယ်များလေလေပါပင်။


နောက်ဆုံးစာလုံးကို စာရိုက်ပြီး ပို့လိုက်သည်။ ထို့နောက် လေးလံသောဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ်မှ ရုတ်သိမ်းလိုက်သကဲ့သို့ သူသည် တရုတ်အက္ခရာ '大' ပုံသဏ္ဍာန်သို့ ပုံကျသွားသည်။


အန်းရန်က ၎င်းကိုမြင်ပြီး သိချင်သွားကာမေးလေသည်။

"အခုန စာပို့နေတာ ဘယ်သူလဲ"



"ဗီတာမင်တွေသောက်ရတာကို မကြိုက်တဲ့သူ"


"သူကဘယ်သူလဲ"


"မဟုတ်ဘူး၊သူက ဗီတာမင်သောက်ရတာကို မကြိုက်တာ မဟုတ်ဘူး" ဟု ချီရှင်းချန်က သူ့ကိုယ်သူပြောသည်။ 

"သူက ဆေးသောက်ရတာ မကြိုက်တာ"


အန်းရန် ဆွံ့အသွားရသည်။


သူမရဲ့ အနုပညာရှင်က ရူးနေတာဖြစ်ရမယ်... သူမ ဘာလို့ဝင်စကားကြောရှည်မိပါလိမ့်...


ဗင်ကားက ဟိုတယ်ဆီသို့ ဆက်လက်မောင်းနှင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ချီရှင်းချန်က လောင်လျန်ကို စားသောက်ဆိုင်တစ်ခု၏ အဝင်ဝတွင် ရပ်ခိုင်းလိုက်သည်။ ဦးထုပ်နှင့်maskကို ဝတ်ဆင်ကာ ဖုန်းကွယ်မှု အပြည့်ဖြင့် ဗင်ကားပေါ်မှ ဆင်းခဲ့သည်။


လူတိုင်းက သူ့ကို သိသည့်အဆင့်ကို မရောက်သေးပေမဲ့ ဤပြဿနာဖြစ်နေသည့်ကာလမှာ သတိထားသည်က ပိုကောင်း၏။


စားပွဲထိုး၏ လမ်းညွှန်မှုအောက်တွင် သီးသန့်အခန်းကို သူတွေ့ခဲ့သည်။ Crocean တီရှပ်နှင့် ပိုင်းလော့ဂျာကင်ကို ၀တ်ဆင်ထားသော မီးခိုးရောင်ဆံပင်နှင့် ဆယ်ကျော်သက်တစ်ဦးက စားပွဲတစ်ဖက်စွန်းတွင် ထိုင်နေသည်။


သူဝင်လာသည်ကိုမြင်သောအခါ ချီကျားကျစ်က ဂရုမစိုက်စွာ မေးကို့ပင့်လိုက်သည်။ 


"ကော ရောက်ပြီပဲ...အရင်မှာလိုက်ပါ"


ချီရှင်းချန်က ဆယ်ကျော်သက်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည့် ဟင်းအနည်းငယ်ကို မှာယူခဲ့ပြီး မီနူးကို ပိတ်လိုက်သည်။ 

"ဘာလို့ အတန်းလစ်ပြန်တာလဲ"


ချီကျားကျစ်က ဆိုလေသည်။

"နေ့လည်က အတန်းမရှိဘူး"


"ငါ့ကို အမှန်အတိုင်းပြောစမ်းပါ"


"... ဒီမှာ ငါးရှဉ့်ထမင်း စားချင်လို့" 

ချီကျားကျစ်ဆီက အသံထွက်လာသည်။ 

"ငါတို့ ဒီကို မရောက်ဖြစ်တာ သုံးလကျော်နေပြီလေ"


ချီရှင်းချန်၏ နှလုံးသား ပျော့ပျောင်းသွားသည်။

ဤကလေးက ငါးရှဉ့်ထမင်း စားချင်သည်ဟု ပြောပေမဲ့ တကယ်တမ်းက သူ့အစ်ကိုနှင့်ငါးရှဉ့်ထမင်း စားချင်နေသည်ပင်။


သူ့အစ်ကိုကို လွမ်းနေခြင်းဖြစ်၏။


နေ့ခင်းဘက်မှာ ချီကျားကျစ်က သူ့ကို ရုတ်တရက် ဖုန်းခေါ်ပြီး သူအားမအား မေးလာခဲ့သည်။


ချီရှင်းချန် ဤကလေးက သူ့ကိုတွေ့ချင်နေမှန်း မှန်းဆမိခဲ့သည်။