အပိုင်း ၅၀
Viewers 26k

Chapter 50




ဖန့်တိမီဒီယာမှ ကြေငြာချက်ထုတ်ပြီး သုံးနာရီခန့်အကြာတွင် ရှုရှန့်၏အေးဂျင့်သည် "ရှုရှန့်က ချီရှင်းချန်ကို စပွန်ဆာရှာသည်ဟု အသရေဖျက်ခဲ့သည်" ဆိုခြင်းက လုံးဝမှားယွင်းကြောင်း ရေးသားဖော်ပြခဲ့သည်။နော်ရာအင်တာတိန်းမန့် နှင့် ချီရှင်းချန်တို့က ၎င်းတို့၏ကျော်ကြားမှုကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည့် စန်းတင်မှုဖြစ်ပြီး တစ်ချိန်တည်းမှာပင် ရှုရှန့်၏အေးဂျင့်ပေါ်တွင် ရေဆိုးရေညစ်များကို လောင်းချကာ ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုထားသည်။


ပွဲကြည့်နေသူများက ၎င်းကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် ဖြစ်နိုင်ပုံရသည်ကိုတွေ့လိုက်ရသည်။


ပထမဦးစွာ ဖန့်တိမီဒီယာ၏ထုတ်ပြန်ချက်သည် ရှင်းလင်းပြတ်သားလွန်းသည် — ကုမ္ပဏီက ပါတီ A ကို စော်ကားရန် မကြောက်ဘဲ ကိစ္စရပ်များကို ရှင်းလင်းစွာ ထောက်ပြရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ဤသည်က သိပ္ပံနည်းကျ မဟုတ်ပေ။


"ဒုတိယအနေနဲ့ ဖန့်တိ ရဲ့ Weibo ပို့စ်အောက်မှာ၊ ရှုရှန့်က မားကတ်တင်းအတွက် ပိုက်ဆံပေးခဲ့တာလို့ပြောနေတဲ့ ထင်မြင်ချက်တွေက သိသာလွန်းတယ်" 

အန်းရန်က ချီရှင်းချန် နှင့်အတူ ငါးပြတိုက်ထဲသို့ လျှောက်သွားနေရင်း ခွဲခြမ်းစိတ်ဖြာပြသည်။ 

"သူတို့ထဲက တချို့ကို ငါ စစ်ကြည့်လိုက်တယ်... ရေတပ်ရဲ့ နာမည်တွေက ကျပန်းဖြစ်ပြီး ပင်မစာမျက်နှာမှာ Weibo ပို့စ်တွေ အများကြီးမရှိဘူး... သူတို့က မှတ်ချက်တစ်ခုအတွက် ဆင့် 50 ပေးရတဲ့ *ဇွန်ဘီအကောင့်တွေရဲ့ မှတ်ချက်မျိုး ဖြစ်နိုင်တယ်...အဲဒါက တကယ်ကို သိသာတယ်"

(T/N–အကောင့်တု)


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။အန်းရန်က ဆက်ပြော၏။


"အခု နင်နဲ့ ရှုရှန့်ကို ထောက်ခံတဲ့ netizens တွေက တန်းတူနီးပါးပဲ ... ငါ့ရဲ့ လေ့လာတွေ့ရှိချက်အရ၊ လူတွေက ရှုရှန့်ဘက်ကို ပိုအလေးသာကြပုံရတယ်...ဒီမှတ်ချက်တွေကို ကြည့်"


သူမ ဖုန်းကို ချီရှင်းရှန်းကို ပေးလိုက်သည်။


—— ရှန်ဟိုင်းမက်မုံပွင့်များ : [မျိုးရိုးနာမည်ချီနဲ့ ဒီကောင်လေးက အရမ်းကို ဖြူစင်တဲ့ပုံနဲ့... သူ့ကို ကြာပန်းနက်ဖြစ်ဖို့ ငါ မမျှော်လင့်ထားဘူး... စန်းတင်ပြီးတဲ့နောက်ကို သူက လှည့်ပတ်ပြီး တခြားသူတွေကို အပြစ်တင်လိုက်သေးတယ်...ဘာလို့ ပိုစျေးကြီးတဲ့ ရေတပ်ကိုဝယ်ဖို့ ပိုက်ဆံမသုံးလိုက်တာလဲ...အခုတော့ ရှန့်ကောဆီက အသတ်ခံလိုက်ရပြီ ဟားဟား]


— — နေကျက်ရွှံ့:[ဖန့်တိကို ဝယ်ဖို့ ပိုက်ဆံအကုန်သူံးလိုက်လို့ သူ့မှာ ရေတပ် (လက်စွဲခွေးခေါင်း) ဝယ်ဖို့ ပိုက်ဆံမရှိတော့တာနေမှာပေါ့]


— — ဝမ်ရှောင်ပိုင်: [ငါ အရင်က "ဘက်ဂျက်ခရီးသွားကြမယ်" ကို ကြည့်ခဲ့ပြီး ချီရှန်းချန်ရဲ့ ရှယ်ယာတွေကို ဝယ်ခဲ့မိတယ်... ငါအရမ်းနောင်တရတယ်... လူ့သွေး မုန့်ပေါင်းကို ပျော်ပျော်ကြီးစား...မင်းအမြဲတမ်းအညတရတစ်ယောက်ဖြစ်နေဖို့ ငါမျှော်လင့်တယ်]


— — တနင်္လာနေ့:[နင်တို့မှာ ငါရဲ့ရှင်းရှင်းကောကို ပြောပိုင်ခွင့်မရှိဘူးနော် ...ငါရဲ့ရှင်းရှင်းကောက အဖြူစင်ဆုံးနဲ့အတော်ဆုံး (မှတ်ချက်တစ်ခုလျှင် ၅၀ ဆင့်)]


ချီရှင်းချန်က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကို အန်းရန်ဘက်သို့ ပြန်တွန်းလိုက်သည်။


"နည်းလမ်းတစ်ခု စဉ်းစားကြည့်ပါရှင်းရှင်း...သူတို့ကို ဘက်ရွေးခွင့် ပြုလို့မဖြစ်ဘူး" 

အန်းရန်ကဆိုသည်။ 

"သူတို့က နင့်ကို ဒီလိုတံဆိပ်တွေ ကပ်ထားရင် နင် သေချာပေါက် ကြာပန်နက်ဖြစ်သွားအောင်အပြောအဆိုခံရလိမ့်မယ်"


ချိရှင်းချန်က နှာမှုတ်လိုက်သည်။


"ဘာလို့စိတ်မပူတာလဲ"


အန်းရန်က သူ့ရှေ့တွင် ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"နင်လို့ ကြယ်ပွင့်တစ်ယောက်က အရှုပ်အရှင်းတွေရှိလို့ရပေမဲ့ နင်ရဲ့စရိုက်အပေါ် အစွန်းအထင်းဖြစ်စေလို့မရဘူး...ကြယ်ပွင့်တစ်ယောက်အနေနဲ့ နင့်ရဲ့အနာဂတ်ကို ထိခိုက်စေလိမ့်မယ်"


"ကောင်းပြီ စိတ်မပူပါနဲ့..." 


ချီရှင်းချန်က သူမလွယ်အိတ်ကို ဆွဲယူလိုက်ပြီး သူ့နောက်ကျောမှာ ပိုးလိုက်သည်။

"ကျွန်တော့်မှာ အဖြေရှိပြီးသား... သွားကြည့်ရအောင်။"



ထိုသို့ဖြင့် ချီရှင်းချန် ပေကျင်းခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။


သူကအာရုံစူးစိုက်မှု၏ ဗဟိုချက်ဖြစ်နေသည်ကို သူချက်ချင်းနားလည်သွား၏။


ပေကျင်းခန်းမတွင် ရှန့်ယွီလျန်ကနေ သန့်ရှင်းရေးအမျိုးသမီးအထိ အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်...ထို့အပြင် ခုနကမှ ရိုက်ကွင်း ရောက်လာသည့် ရှုရှန့်လည်းအပါအဝင်ဖြစ်၏။


မနေ့တုန်းက ချီရှင်းချန်က စပွန်ဆာရှာနေသည်ဟု စွပ်စွဲခံခဲ့ရပေမဲ့ "သမုဒ္ဒရာနှလုံးသား" ကို မထိခိုက်စေခဲ့ပါချေ။မည်သို့ပင့်ဖြစ်စေ သူတို့က အခုမှစပြီး ရိုက်ကူးရေး လုပ်နေကြခြင်းဖြစ်သည်။ ထုတ်လုပ်မှုကို အတည်ပြုပြီး ဂြိုလ်တုတီဗီတွင် ထုတ်လွှင့်ရန် တစ်နှစ်ခွဲကြာမည်ဖြစ်သည်။ထိုအချိန်ရောက်လျှင် ဤကိစ္စက ပြီးသွားသည်မှာကြားပြီဖြစ်လိမ့်မည်။


ဖန့်တိမီဒီယာ၏ယနေ့နံနက်ထုတ်ပြန်ချက်ကလည်း "သမုဒ္ဒရာနှလုံးသား" ကိုမထိခိုက်စေပါချေ။ကောင်းစွာအသုံးပြုပါက ၎င်းကို သွယ်ဝိုက်၍ပင် ကြော်ငြာရန် အသုံးပြုနိုင်သည်။


သို့သော် ရှုရှန့်၏ရှင်းလင်းချက်ပြီးနောက်၊ ဤဖရဲသီးက ချက်ချင်းချိုမြိန်လာသည်။သူတို့ နှစ်ယောက်လုံးက ရိုက်ကူးရေးအဖွဲ့တစ်ခုတည်းကဖြစ်၏။ရှုရှန့်က မားကတ်တင်းပစ္စည်းတွေ ဝယ်သည်ဖြစ်စေ၊ချီရှင်းချန်က ကြာပန်းနက်ဖြစ်သည်ပဲဖြစ်စေ သူတို့က တစ်ယောက်ကိုတစ်ယောက် နေ့တိုင်းမြင်နေရသည်။ သူတို့ မည့်သို့ တည့်အောင်ပေါင်းနိုင်မည်နည်း။


အဖွဲ့သားအားလုံးက သူတို့နှစ်ယောက်ကို ပျော်ရွှင်စွာကြည့်နေကြသည်။ရှန့်ယွီလျန် သူ့နှလုံးသားထဲမှာ ခါးသီးသလို ခံစားရ၏။


"အလုပ်ပြန်စမယ်..." 


ရှန့်ယွီလျန်က လော်စပီကာကို ကောက်ကိုင်လိုက်ပြီး အော်လိုက်သည်။ လူတိုင်းက ၎င်းတို့၏ မူလနေရာသို့ အပြေးအလွှားပြန်သွားသည်ကိုမြင်သေယအခါ သူက ချီရှင်းချန်ကို လက်ညှိုးထိုးပြပြီးဆိုသည်။


 "မင်းနဲ့ရှောင်ရှု ငါနဲ့လိုက်ခဲ့"


ထိုသို့ဖြင့် ရှန့်ယွီလျန်က လော်စပီကာကို ချလိုက်ပြီး သူ့နားနေခန်းထဲဝင်သွားသည်။


ချီရှင်းချန်က ခေါင်းငုံ့ကာ နာခံစွာ လျှောက်သွားသည်။


ရှုရှန့်က သူ့ကို အမီလိုက်ဖို့ ပြေးလိုက်သည်။ချီရှင်းချန် သူ့နောက်ကနေ အနည်းငယ် ကျေနပ်အားရနေသောသံကို ကြားလိုက်ရသည်။ 

"ချီရှင်းချန် ရုန်းကန်မနေနဲ့... မင်းငါ့ကို အနိုင်မယူနိုင်ဘူး"


ချိရှင်းချန်က မကြားချင်ယောင်ဆောင်လိုက်သည်။ သူက ရှန့်ယွီလျန်၏နားနေခန်းထဲသို့ တည့်တည့်ဝင်သွားပြီး အလွန်နာခံဟန်ပြုနေလိုက်သည်။


ပါဝင်ပတ်သတ်နေသောနှစ်ဖက်ပုဂ္ဂိုလ်များနှင့် နတ်ဆိုးဘုရင်ရှန့်ယွီလျန် ရိုက်ကူးရေးနေရာမှ ထွက်ခွာသွားပြီးနောက် တစ်မနက်လုံး ထိန်းထားခဲ့သော ရုပ်ရှင်အဖွဲ့သားများသည် နောက်ဆုံးတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။


"ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...ဘယ်သူလုပ်ခဲ့လဲ ခန့်မှန်းကြည့်"


"ရှင်းရှင်းမဟုတ်တာ သေချာပါတယ်...ရှင်းရှင်းက အရမ်းလိမ္မာတယ်"


"မလိုအပ်ဘူး... ငါ ရှင်းရှင်းကိုလည်း ကြိုက်ပေမဲ့ သူ့ကို မျက်စိစုံမှိတ်မယုံနိုင်ဘူး...ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နာမည်မကြီးဘဲ စန်းတင်တယ်ဆိုတာ မရှိဘူး...ကုမ္ပဏီက သူ့ကို အတင်းအကြပ် ခိုင်းခဲ့တာ"


"သူကိုယ်တိုင် လုပ်တာလည်း ဖြစ်နိုင်တယ်... စဉ်းစားကြည့်ပါ...အနုပညာရှင်က သဘောမတူရင် ဘယ်သူက အတင်းအကျပ်ခိုင်းနိုင်မလဲ... သူ့သူငယ်ချင်း က ဘယ်သူလဲဆိုတာ ကြည့်လိုက်...လျိုကျီယုလေ...လျိုကျီယုက သူ့ကို ကူစန်းတင်ပေးတာ ဖြစ်နိုင်တယ်"


"....."


"အလုပ်သွားလုပ်ကြစို့" 


အမျိုးမျိုးသော ထင်ကြေးပေးသံများကိုကြားသောအခါ ထောင်ထောင် သည်းမခံနိုင်တော့ပေ။


"ကျွန်မ အခု ရေထဲမှာ ဝေလငါးတွေနဲ့ ကခုန်ဖို့ကြိုးစားကြည့်ချင်နေတာ...လက်ထောက် ဒါရိုက်တာကျိုး...ရှင် ကျွန်မကို ခေါ်သွားပေးနိုင်မလား"


.


ထောင်ထောင် ၏ ထိန်းချုပ်မှုအောက်တွင် ပေကျင်းခန်းမရှိ ဆွေးနွေးမှုများ ပျောက်ကွယ်သွားပြီး ကင်မရာကို တွန်းသဲ၊ အစီအစဉ် ညှိနှိုင်းသံနှင့် ရေပက်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။


နာရီဝက်အကြာတွင် ရှန့်ယွီလျန် သူ၏ လူမဆန်စွာ ဝေဖန်မှုနှင့် ဆုံးမမှုကို အဆုံးသတ်ခဲ့သည်။ချီရှင်းချန်က ခေါင်းငုံ့ပြီး သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးနေသည်။


"ငါ့ကိုမျက်နှာချိုသွေးဖို့ မကြိုးစားနဲ့" 

ရှန့်ယွီလျန်က ထွီခနဲ တံတွေးထွေးလိုက်သည်။


 "မင်းတို့ဘာတွေလုပ်ထားလဲ ကြည့်စမ်း...ဘယ်လို ရန်ငြိုးတွေ ဒေါသတွေရှိပါစေ မင်းကိုယ့်ကို ထိန်းထားရင် ပိုကောင်းမယ်လို့ ငါပြောပါရစေ... သရုပ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ဖို့က အရေးကြီးဆုံးပဲ"


"သိပါပြီ ဒါရိုက်တာရှန့်" 

ချီရှင်းချန် ရိုးရိုးသားသားပြောလိုက်သည်။


"ကျွန်တော် ရှောင်ချီကို အပြစ်မတင်ပါဘူး" 

ရှုရှန့်က ပြောလေသည်။


ရှန့်ယွီလျန် : "... ဟင်း...ရိုက်ကူးရေး ဆက်လုပ်... မင်းတို့တွေ ငါ့ကို တကယ် ဒေါသထွက်အောင်လုင်နေကြတာပဲ...စကားမစပ်ရှောင်ချီ ဒီနေ့ဇာတ်ဝင်ခန်းအတွက် မင်းဘယ်လိုပြင်ဆင်ထားလဲ"


"ကြိုးစားပါ့မယ်" 

ချီရှင်းချန်က ပြောလိုက်၏။

"ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို မြှင့်တင်ဖို့ အချိန်တစ်ခုပေးပါ"


တတိယအမျိုးသားဇာတ်ဆောင်တစ်ယောက်အနေဖြင့် ချီရှင်းချန်တွင် အရေးကြီးသော ဇာတ်ဝင်ခန်း နှစ်ခုသာရှိသည်။ တစ်ခုမှာ လင်းရှောင်က ပထမအမျိုးသမီး ဇာတ်ဆောင်ကျိယန်ကို ဖွင့်ပြောခဲ့ပြီး ပယ်ချခံခဲ့ရသည့်နေရာဖြစ်သည်။


ကျန်သည့် ဇာတ်ဝင်ခန်းမှာ ယနေ့ ရိုက်ကူးမည့် အခန်းဖြစ်၏။ရှန်းရှန်းက နာမကျန်းမှုကြောင့် သေဆုံးသွားခဲ့ပြီး လင်းရှောင်း၏စိတ်ခံစားချက်များပေါက်ကွဲထက်လာသည့်အခန်းဖြစ်သည်။


ရှန့်ယွီလျန်က ချီရှင်းချန်ကို ခေါ်ထုတ်ပြီး မော်နီတာဆီသို့ ပြန်လာခဲ့သည်။ သူက ဝေါ်ကီတော်ကီကို ကောက်ယူပြီး "Scene 32 အတွက် အဆင်သင့်ဖြစ်ပြီလား" ဟု ဆိုလိုက့သည်။


"မီးတွေ အဆင်သင့်"


"ကင်မရာ 3 က နေရာယူပြီးပါပြီ"


"ကင်မရာ 6 နဲ့ 8 နေရာယူပြီးပါပြီ"


"ကောင်းပြီ" 

ရှန့်ယွီလျန်က အမိန့်ပေးလိုက်သည်။ 

"ဇာတ်ညွှန်းကြီးကြပ်ရေးမှူး!"


"ချပ်"ခနဲအသံဖြင့် ဖျံလေ့ကျင့်ရေးကွင်းတွင်၊ မြေပြင်ပေါ်လဲကျနေသော ရှန်းရှန်းကို ဇာတ်ပို့လေးယောက်က ဝိုင်းရံထားသည်။လူတိုင်း၏ မျက်လုံးများ နီရဲနေခဲ့သည်။


ရှန်းရှန်းက ဖျံအိုကြီးဖြစ်နေလေပြီ။ ၎င်းသည် မိုက်မဲသည်၊ ချစ်စရာကောင်းပြီး လှည့်ကွက်များစွာကို မည်သို့ကစားရမည်ကို သိထားသည်။ သို့သော် ၎င်း၏ဘဝ နိဂုံးချုပ်တော့မည်ဟူသော အချက်ကိုမူ မပြောင်းလဲနိုင်ပေ။


ဖျော်ဖြေပွဲအပြီးတွင် လင်းရှောင်တစ်ယောက် ၎င်း၏ ကာယကြံ့ခိုင်မှု စိုးရိမ်ရလောက်အောင် လျော့သွားသည်ကို တွေ့ရှိခဲ့သည်။ စမ်းသပ်စစ်ဆေးပြီးနောက် ရှန်းရှန်းက ပြင်းထန်သော အသည်းကင်ဆာဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။ပိုင်ရှာအဖွဲ့က ရှန်းရှန်းကို အငြိမ်းစားယူစေပြီး ၎င်း၏သက်ကြီးအရွယ်ကို ငြိမ်းချမ်းစွာ ဖြတ်သန်းခိုင်းရန် ဆုံးဖြတ်ခဲ့သည်။


သို့သော် အချိန်ကောင်းများသည် ကြာရှည်မခံခဲ့ပါချေ။ ကင်ဆာက လျင်မြန်စွာ ကြီးထွားလာပြီး ၎င်း၏ စိတ်ဓာတ်သည် တနေ့ထက်တနေ့ ပို၍ နှေးကွေးလေးလံလာသည်။


ယနေ့နံနက်မတိုင်ခင်အထိ အခြားအထိန်းများက ၎င်း၏ပါးစပ်ဆီသို့ ငါးခွံ့ပေးသည့်အခါ ငါးကိုကြည့်ကာ ခေါင်းလှည့်သွားပြီး အစာစားချင်စိတ် ပျောက်ဆုံးနေသည်— ခွန်အားများလည်း ဆုံးရှုံးသွားခဲ့သည်။


ဤမြင်ကွင်းကိုမြင်သောအခါ လေ့ကျင့်ရေးကွင်းထဲက လူတိုင်းက သူ့ဘဝ ဆုံးခန်းတိုင်သွားပြီဆိုသည်ကို သဘောပေါက်သွားကြ၏။



"မင်းလင်းရှောင်ကို အကြောင်းကြားခဲ့တာလား"


"ဟုတ်တယ် သူဒီကိုလာနေတယ်"


အထိန်းသမား နှစ်ယောက် စကားဆုံးသောအခါ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ချိန်တည်း ငြိမ်သက်သွားကြသည်။


ငါးပြတိုက်တစ်ခုလုံးမှာ လင်းရှောင်နှင့် ရှန်းရှန်းတို့က တစ်ယောက်နှင့်တစ်ယောက် အနက်ရှိုင်းဆုံးခံစားချက်တွေရှိကြ၏။လင်းရှောင်းသာ မြင်ရင် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ မသိ...


"ရှန်းရှန်း ဘယ်မှာလဲ"


ထိုအချိန်တွင် အနောက်တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ အတန်းထဲမှအမြန်ထွက်လာသော လင်းရှောင်က အလုပ်အဝတ်အစားပြောင်းရန် အချိန်မရှိခဲ့ဘဲ လူအုပ်ထဲသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။


သူ့ညီအစ်ကို(ဖျံ)က မြေပြင်ပေါ်မှာ လဲလျောင်းနေသည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူမြင်သွား၏။


ထိုအချိန်တွင် ရှန်းရှန်းက ၎င်း၏သခင်ရောက်ရှိလာခြင်းကို ခံစားရပုံရသည်။ နှာခေါင်းဘေးနှစ်ဘက်ရှိ နှုတ်ခမ်းမွှေးများ လှုပ်ရှားသွားသည်။


လင်းရှောင်၏ မျက်လုံးများ နီရဲလာသည်။


သို့ပေမဲ့ သူ မငိုခဲ့ပါချေ။ သူက ပြုံးပြီး ရှန်းရှန်း ဘေးမှာ ဒူးထောက်လိုက်သည်။ 

"အစ်ကို တောင်းပန်ပါတယ်... ငါနောက်ကျသွားလား"


"ပါ့ ပါ့" 

ရှန်းရှန်းက သူ့ဗိုက်ကို နှစ်ကြိမ် ပုတ်ပြသည်။


"မင်းက ငါနောက်မကျဘူးလို့ပြောပေမဲ့…ငါနောက်ကျနေပြီထင်တယ် ...ငါငါးပြတိုက်ထဲကို စောစောဝင်ပြီး မင်းကို စောစောတွေ့သင့်တာ...ငါလွမ်းမိတယ်... မင်းဘဝရဲ့ နှစ်ပေါင်းများစွာနဲ့ ဖျော်ဖြေပွဲတွေ အများကြီးကို…"


"ပါ့ပါ့" 

ရှန်းရှန်းက သူ့လက်ဖဝါးကို ဆန့်လိုက်သည်။ဤတစ်ကြိမ်မှာ သူ့ဗိုက်ကိုမပုတ်ဘဲ လင်းရှောင်၏ လက်ဖျံကို ပုတ်လိုက်၏။


ထို့နောက် သူက လင်းရှောင်အား မျက်လုံးမှိတ်ပြလေသည်။


သူက ဤသို့ပြောနေပုံရ၏။

["နောက်မကျပါဘူး...ငါတို့ ဆုံရသရွေ့ နောက်မကျဘူး....တောင်းပန်ပါတယ်ကွာ တိတိ... ဘဝလမ်းမှာ မင်းကို ဆက်မဖော်မပြုပေးနိုင်တော့ဘူး... ငါ့ဘဝက အဆုံးသတ်သွားပြီ...ငါနောက်ဘဝမှာ ပြန်ဝင်စားဖို့ ရွေးချယ်နိုင်ရင် မင်းရဲ့ဖျံပဲဖြစ်ချင်တယ်...မင်းကိုငါချစ်တယ်"]


သူ့လက်ဖျံပေါ်ရှိ စိုစွတ်သော အထိအတွေ့က ပျောက်ကွယ်သွားပြီး ရှန်းရှန်း၏လက်ဖဝါးက တဖြည်းဖြည်း လျှောကျသွားခဲ့သည်။


သူ့လက်ဖဝါး လျှောကျလာသည်နှင့်အမျှ သူ၏ အနက်ရောင် ကျောက်မျက်နှင့်တူသော မျက်လုံးများကလည်း မှိတ်ကျသွားခဲ့လေးသည်။ယင်းတို့က တစ်ချိန်က အလွန်တောက်ပခဲ့ဖူးပါ၏။


သို့သော် ယခုချိန်ကစပြီး ဘယ်တော့မှ ပြန်ဖွင့်တော့လိမ့်မည်မဟုတ်ပေ။


ထာဝရ အမှောင်ကျသွားပေလိမ့်မည်။


"အား —" 

လင်းရှောင်က ရှန်းရှန်း၏ဗိုက်ပေါ်ကို လှဲချပြီး ငိုကြွေးတော့၏။


အလွန်ဝမ်းနည်းစရာကောင်းသော ငိုကြွေးသံများက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။ရှန့်ယွီလျန် အပါအဝင် ရောက်ရှိနေသူတိုင်းသည် ၎င်းတို့၏ နှလုံးသားများဆုပ်ညစ်ခံရသလို ခံစားခဲ့ရသည်။


"…ကဒ်" 

ရှန့်ယွီလျန် အသက်ပြင်းပြင်းရှူရင်း ဇာတ်ဝင်ခန်းပြီးဆုံးသွားကြောင်း ညွှန်ကြားလိုက်သည်။


ဇာတ်ပို့သရုပ်ဆောင်တွေက မျက်ရည်တွေကို သုတ်ပြီး ချီရှင်းချန်ကို အလျင်စလို ဆွဲထူလိုက်ကြသည်... စုစုပေါင်း လူလေးယောက်ရှိပေမဲ့ သူ့ကို မထူနိုင်ခဲ့ပေ။


ရှန့်ယွီလျန်က ထပြီး သူ့နံဘေးသို့ လျှောက်သွားသည်။ 

"ရှောင်ချီ...စိတ်လျော့...ရှန်းရှန်းက အဆင်ပြေပါတယ်...ငါ သူ့ကို မင်းနဲ့ပူးပေါင်းဆောင်ရွက်အောင်စိတ်ငြိမ်ဆေးထိုးထားရုံပါ"


ချီရှင်းချန်က လဲလျောင်းနေသော အနေအထားဖြင့် ဆက်လက်ရှိနေဆဲဖြစ်သည်။ 


"ကျွန်တော်အဆင်ပြေပါတယ် ဒါရိုက်တာရှန့်... လုပ်စရာရှိတာလုပ်ပါ...ကျွန်တော် ရှန်းရှန်းနဲ့ ခဏလောက်နေချင်တယ်"


ရှန့်ယွီလျန်က အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။ချီရှင်းချန်က ဇာတ်ရုပ်ထဲတွင် အလွန်နှစ်မြုပ်နေပြီး ခဏလောက် ပြန်ရုန်းထွက်နိုင်ဦးမည်မဟုတ်ကြောင်း သူသိသည်။


သရုပ်ဆောင်အသစ်တွေအကုန်လုံး ဤပြဿနာကို ကြုံဖူးကြသည်။ဇာတ်ရုပ်ထဲဝင်ရန် ခက်သည်ပဲဖြစ်စေ၊ စိတ်ခံစားမှုလွန်ကဲပြီး ဇာတ်ရုပ်ထဲအလွန်အမင်းနှစ်မြုပ်သွားပြီး သရုပ်ဆောင်ပြီးနောက် ဇာတ်ရုပ်ထဲကမထွက်နိုင်တော့သည်ဖြစ်စေဖြစ်တတ်ကြသည်။


၎င်းကို သရုပ်ဆောင်တွေကိုယ်တိုင်ကပဲ ဖြေရှင်း၍ရသည်။ ဒါရိုက်တာလည်း လုံးဝမကူညီနိုင်ပေ။ရှန့်ယွီလျန်က သူ့နောက်ကျောကို ပုတ်ပေးလိုက်သည်။ 

"ရှောင်ချီ မင်းအရမ်းတော်တယ်...အရမ်း တိုးတက်လာတယ်... ငါအရမ်းကျေနပ်တယ်...အဲဒါကို ဆက်ထိန်းထား"


ထို့နောက် သူက ဇာတ်ဝင်ခန်းကို ညွှန်ကြားရန် ပြန်သွားခဲ့သည်။


သူက"အရမ်း" ဟု သုံးကြိမ်ဆက်တိုက်ပြောခဲ့သော်လည်း ချီရှင်းချန်က မကြားလိုက်ပေ။ သူ့စိတ်ထဲမှာ ရှန်းရှန်းနှင့်ပဲ ပြည့်နေ၏။


မလိမ္မာသည့်ရှန်းရှန်း၊ငါးစားနေသည့်ရှန်းရှန်း...သူ့ဗိုက်ကို ပုတ်နေသည့်ရှန်းရှန်း...


အချိန်အတော်ကြာပြီးနောက် မျက်လုံးများနီရဲနေလျက် ထထိုင်လိုက်သည်။အန်းရန်က သူ့ဘေးမှာ စောင့်နေပြီး Wet Tissue ပေးလာ၏။ 


"ဒါရိုက်တာရှန့်က နင့်ကို နေ့ခင်းဘက် ခွင့်ပေးတယ်လို့ ပြောတယ်...ဟိုတယ်ကို ပြန်ကြရအောင်...ရှန်းရှန်းက ရေစိမ်ဖို့ ရေကန်ကို ပြန်သွားရမယ်"


"ကောင်းပြီ" 

ချီရှင်းချန်က ခေါင်းညိတ်လိုက်ပြီး တစ်ဝက်လောက်နိုးနေပြီဖြစ်သည့် ရှန်းရှန်းကို နမ်းလိုက်၏။ 

"သွားကြရအောင်"


အန်းရန်က ငေးကြောင်ကြောင်ဖြစ်နေသည့်သူ့ကို ဟိုတယ်ကို ပြန်ခေါ်သွားလိုက်သည်။ သူ့ပတ်ဝန်းကျင်ကလူတွေကို စိတ်မပူစေရန်အတွက် ထမင်းတစ်လုတ်နှစ်လုတ်စားပြီး အိပ်ရာဝင်လိုက်သည်။ကိုယ့်ကိုကိုယ် အိပ်မက်မက်နေလား နိုးနေလားပင် သူ မသိပေ။


ညနေခြောက်နာရီမှာ ဖန့်တိမီဒီယာက ထပ်ပြီးတင်ခဲ့၏။


ပို့စ်တွင် ပုံနှစ်ပုံသာရှိသည်။ တစ်ခုက ဖန့်တိနှင့် တစ်ဖက်လူ၏ ငွေပေးချေမှုစခရင်ရှော့ဖြစ်သည်။တစ်ဖက်အကောင့်ပိုင်ရှင်မှာ ရှုရှန့်၏ အေးဂျင့်ဖြစ်သည်။


အခြားတစ်ခုမှာ Big Vအကောင့်ပိုင်ရှင်နှင့် တစ်ဖက်လူ၏ စကားပြောမှု မှတ်တမ်း ဖန်သားပြင်ဓာတ်ပုံဖြစ်ပြီး ချီရှင်းချန်ကို မည်သို့တိုက်ခိုက်ရမည်ကို ဆွေးနွေးထားသည်။ စစ်ဆေးပြီးနောက် တစ်ဖက်လူ၏ WeChat အကောင့်သည် ရှုရှန့်၏ အေးဂျင့်ဖြစ်နေသည်။


သည်ထက်ပိုပြီး ခိုင်လုံသည်ကမရှိတော့ပေ။


အခြေအနေကို ပြောင်းပြန်လှန်ခြင်းသည် လူတိုင်းအတွက် ပွဲတော်တစ်ခုဖြစ်သည်။ Weibo ပေါ်က ဆွေးနွေးမှုသည် ခဏတာအတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။


ယခုလိုမျိုးအဆုံးသတ်လိမ့်မည်ဆိုသည်ကို ချီရှင်းချန်သိသည်။အကြောင်းမှာ ယွမ်ရှောင် ထိုမျှမိုက်မဲသည့်အရာကို လုပ်မှာမဟုတ်ဘူးဆိုသည်ကို သူသိထား၍ဖြစ်၏။သူ့အစ်ကိုကို သူ ယုံသည်။


အန်းရန်တစ်ယောက် အလွန်ဝမ်းသာသွားပြီး သတင်းကောင်းကို လာပြောပြသည်။ တိုင်းတစ်ပါး အဝေးကြီးရောက်နေသည့် လျိုကျီယုက သတင်းကောင်းပြောပြရန် သူ့ကိုဖုန်းဆက်လာသည်။ ကံမကောင်းစွာပဲ သူ မပျော်နိုင်ခဲ့ပါချေ။



နောက်ဆုံးမှာ ထိုဇာတ်ဝင်ခန်း၏ သက်ရောက်မှုက အလွန်နက်ရှိုင်းပြီး သူ လုံးဝ ရုန်းမထွက်နိုင်သေးပေ။


ညနေ ကိုးနာရီဝန်းကျင်မှာ ပိုင်ရဲ့တစ်ယောက် ပွဲလေးတစ်ခု ရိုက်ကူးပြီးသွားခဲ့ပြီး သူ့ဖန်လေးဆီက ဘာမက်ဆေ့ချ်မှ မရခဲ့ကြောင်း တွေ့လိုက်ရသည်။ သူက စာပို့လိုက်၏။

[ဒီည မင်းမှာ ညရှုတင်ရှိလား]


ငါးမိနစ်လောက်ကြာသောအခါ...

ရှင်းရှင်း : [မရှိဘူး...ကျွန်တော် နေ့ခင်းဘက်ခွင့်ယူထားတယ်... တစ်နေ့ခင်းလုံး အိပ်ပျော်သွားလို့ မက်ဆေ့ပို့ဖို့ မေ့နေတာ]


ပိုင်ရဲ့ ဖန်သားပြင်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ဖန်သားပြင်ပေါ်မှည လက်ညှိုးကို ပွတ်ဆွဲပြီး "ကားထဲက မီးတွေဖွင့်လိုက်"ဟု

အားလွင်ကို ပြောလိုက်၏။


"အမ်...ဘာလို့လဲ...ဆယ်လ်ဖီဆွဲချင်လို့လား"


ပိုင်ရဲ့က ခေါင်းယမ်းပြီး ဘာမှပြန်မပြော။


နောက်အခိုက်အတန့်တွင်၊ ချီရှင်းချန်၏ ဖုန်းက ပုံမှန်မဟုတ်သော အသံဖြင့် မြည်လာသည်။


[ပိုင်က သင့်အား ဗီဒီယိုခေါ်ဆိုမှုတစ်ခုသို့ ဖိတ်ခေါ်လိုက်သည်။]