Chapter 53
အချိန်က နေ့လည် နှစ်နာရီလောက်ရှိပြီဖြစ်၏။ အားလုံးက အနည်းငယ်ဗိုက်ဆာနေသည့်အတွက် ထမင်းစားရင်း စကားစမြည်ပြောနေကြသည်။ ဗိုက်တစ်ဝက်ပြည့်သွားသောအခါ စားပွဲထိုးက ဝိုင်နီကို ယူလာပေးသည်။ ဒါရိုက်တာရှန့်က သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။
"ရှောင်ပိုင်က ရှားရှားပါးပါး ဒီနေ့ ငါတို့ဆီလာလည်တယ်...သောက်ကြစို့"
"ကောင်းပြီ"
ဖုန့်ချင်းယွမ်က ပြုံးလိုက်သည်။
"မင်းပြောတဲ့အတိုင်းလုပ်မယ်...ရှောင်ပိုင်ရဲ့ အရက်သောက်နိုင်စွမ်းကို ငါသိတယ်...ထောင်ထောင်နဲ့ရှောင်ချီ မင်းတို့ကော ဘယ်လိုလဲ"
နှစ်ယောက်သား တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ စားပွဲပေါ်ရှိ အသက်အငယ်ဆုံးနှင့် အဆင့်နိမ့်ဆုံးသူ ချီရှင်းချန်က မတ်တပ်ထရပ်ပြီး ဝိုင်ငှဲ့ပေးသည့် အခန်းကဏ္ဍတွင် ပါဝင်လိုက်သည်။
သူထိုင်ချလိုက်သောအခါ ပိုင်ရဲ့က သူ့နားနားကိုကပ်ပြီး တိုးတိုးလေးပြောလာလေသည်။
"ဒါက သီးသန့်ပါတီပဲ... ကိုယ့်ကိုကိုယ် အတင်းအကြပ်ဖိအားမပေးနဲ့"
"ကောင်းပြီ ကျွန်တော်သိပါပြီ"
ချီရှင်းချန် ခဏရပ်ပြီး သူ့နားကို ထိလိုက်သည်။
"ကောရောပဲ"
ပိုင်ရဲ့ပြောသည့်အတိုင်းပင် ရှန့်ယွီလျန် ၎င်းတို့ကို အကြိမ်အနည်းငယ်ထက် ပိုသောက်ရန် မဆွဲဆောင်ခဲ့ပေ။ ထမင်းစားပြီးနောက် ရှန့်ယွီလျန်က ဧည့်ဝတ်ကျေပွန်မှု အဆင်မပြေမှာကို ကြောက်သဖြင့် KTV ကိုသွားခိုင်းသည်။
"ကျွန်တော်တို့သွားလို့ရတယ်"
ပိုင်ရဲ့က သိသိသာသာ တွေတွေငေးငေးလေးဖြစ်နေသော သူ့ဖန်လေးကို တစ်ချက်ကြည့်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့မသောက်ဘူး... မနက်ဖြန်ရိုက်စရာရှိတယ်"
"ကောင်းပြီ... ငါတို့ မင်းစကား နားထောင်မယ်... သွားရအောင်"
.
ချီရှင်းချန်တစ်ယောက် အနုပညာရှင်များနှင့်အတူ သီးသန့်ပါတီပွဲကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းပင်။ သူ့အဆင့်အတန်းကြောင့် လူတိုင်းက ပိုပြီး သီးသန့်ဆန်လိမ့်မယ်လို့ သူထင်ခဲ့မိသည်။ သူတို့တွေ ဤမျှလောက်ပျော်ကြလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ရှန့်ယွီလျန်က သီချင်းကောင်းကောင်းဆိုတတ်ပြီး ထောင်ထောင်၏ အသံက တော်တော်လေးကောင်းသည်။ဖုန့်ချင်းယွမ်က ပိုင်ရဲ့နှင့် အရက်သောက်ရန် အာရုံစိုက်နေခဲ့သည်။ချီရှင်းချန်က ဒါရိုက်တာရှန့်နှင့် သီချင်းအနည်းငယ် သီဆိုပြီးနောက် ကြောင်တက်တက်ဖြင့် ထောင့်စွန်းတွင် ထိုင်နေလိုက်သည်။
ည ဆယ့်တစ်နာရီမှာပိုင်ရဲ့က သူတို့ကို ရပ်တန့်လိုက်သည်။ရှန့်ယွီလျန်က နှုတ်ခမ်းကို အသံမြည်အောင်စုပ်ပြီးဆိုသည်။
"ကောင်းပြီ ...နောက်တစ်ခါမှ ထပ်တွေ့ကြရအောင်... မနက်ဖြန် ရိုက်စရာတွေ အများကြီး ရှိသေးတယ်...မင်းရဲ့ဟိုတယ်က ဘယ်မှာလဲ ငါမင်းကိုပြန်ပို့ပေးမယ်"
"မလိုဘူး"
ပိုင်ရဲ့ကပြောလိုက်သည်။
"အားလွင်က အနီးနားမှာ ရှိတယ်...သူ့ကိုလာကြိုခိုင်းလိုက်မယ်"
အားလွင်က အနီးနားမှာ ရှိနေတယ် ...
ချီရှင်းချန်သည် ပိုင်ရဲ့က ယနေ့မွန်းလွဲပိုင်းတွင် သူ့ကားထဲသို့ ရည်ရွယ်ချက်ရှိရှိ ဝင်လာခဲ့ကြောင်း နောက်ကျမှ သိလိုက်ရသည်။ သူ့ကို လိုက်ပို့ရန် ယာဉ်မောင်းမရှိ၍ မဟုတ်ပေ။
ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ပိုင်ရဲ့ကို အမြန်တားလိုက်သည်။ "မဟုတ်ဘူး ...ခင်ဗျားထွက်သွားလို့မရဘူး"
ပိုင်ရဲ့: "ဟမ်"
"ကော...ကောက..."
ချီရှင်းချန် အံကြိတ်ကာဆက်ပြောလိုက်သည်။ "ကောက ကျွန်တော်နဲ့ လေ့ကျင့်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား"
ရှန့်ယွီလျန် ဆွံ့အသွား၏။
"ဖူး..."
ရှိနေသူအားလုံး ရယ်မောကြသည်။
ချီရှင်းချန်က မူးနေသည်။ အချိန်အတော်ကြာအောင် တွေးပြီးသည့်တိုင် သူ့စကားက ဘာမှားနေလဲ မသိပေ။ သူ မျက်မှောင်ကြုတ်လိုက်သည်။
ထောင်ထောင်က အရယ်ရပ်လိုက်ပြီး သူ့ကိုသတိပေး၏။
"ရှင်းရှင်း အချိန်ကိုကြည့်ဦး...ရဲ့ကောက မင်းနဲ့ လေ့ကျင့်မယ်ဆိုရင်... သူ မနက်ဖြန် ရုပ်ရှင်မရိုက်ရမှာကို ငါကြောက်မိတယ်"
"ဟုတ်တယ် ကလေးရေ"
ရှန့်ယွီလျန် ရယ်ရမလား ငိုရမလား မသိဖြစ်နေသည်။
"ရှောင်ပိုင်ကို နှောင့်ယှက်နေတာ ရပ်လိုက်ပါ... မနက်ဖြန် စောစော လာခဲ့...ဇာတ်ဝင်ခန်းကို မင်းကို ငါရှင်းပြမယ်"
ချီရှင်းချန်က သူ့ဖုန်းကို ထုတ်လိုက်ပြီး အချိန်ကို ကြည့်လိုက်သည်။ တကယ်နောက်ကျနေပြီ၊ ဒါပေမဲ့...
ဒါပေမဲ့ ပိုင်ရဲ့က သူနဲ့လေ့ကျင့်မယ်လို့ ပြီးခဲ့တဲ့အပတ်က ကတိပေးခဲ့တယ်... ဒါရိုက်တာရှန့်ကလည်း ပိုင်ရဲ့က သူ့ကို ညစာစားချိန်မှာ ကူသင်ပေးမယ်လို့ ပြောခဲ့တယ်...
သူဘယ်လိုလုပ် ထွက်သွားလို့ရမလဲ...
ချီရှင်းချန်က အရက်ကြောင့် သတ္တိရှိလာသည်။ သူက ရှန့်ယွီလျန်ကိုကျော်တက်သွားကာ ပိုင်ရဲ့ကိုကြည့်လိုက်သည်။
ပိုင်ရဲ့: "... လောင်ရှန့် ကျွန်တော့်ကို ခင်ဗျားတို့ဟိုတယ်ကို ပြန်ခေါ်သွားပေး"
ဒါရိုက်တာရှန့်: "ဟမ်"
.
ချီရှင်းချန်က သူများကို သူနှင့်အတူ အတင်းပြန်လိုက်ခိုင်းချိန်က အလွန် သန်မာခဲ့ပေမဲ့ သူတို့ တကယ် အခန်းထဲ ဝင်လာချိန်မှာ အမျိုးသား ကြယ်ပွင့်လေးက ချက်ချင်း လက်လျှော့လိုက်ပါတော့သည်။
ဆိုဖာပေါ်တွင်ထိုင်နေပြီး ခြေရှည်ရှည်ကို ထားစရာနေရာမရှိသော ပိုင်ရဲ့ကို သူကြည့်လိုက်သည်။ အိပ်မက်ကနေ နိုးလာပြီး သူပြောလိုက်၏။
"ရေခဲသေတ္တာထဲမှာ အချိုရည်တွေရှိတယ်...ကြိုက်ရာ ယူသောက်လိုက်ပါ...ကျွန်တော်မျက်နှာသစ်လိုက်ဦးမယ်"
ထို့နောက် သူက ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။ သူ့မျက်နှာကို ရေအေးဖြင့်ဖြန်းပြီးနောက် အနည်းငယ် ငြိမ်သက်သွားသည်။
နောင်တရခြင်းတွေက သူ့နှလုံးသားထဲ ပျံ့နှံ့သွားသည်။ ညနက်သန်းခေါင်ကြီးမှာ လေ့ကျင့်ဖို့ သူ့ကို ဘာကြောင့်ရှာမိတာလဲ...
သူက သူနဲ့ မနက်ပိုင်းနဲ့ ညဘက် စကားစမြည်ပြောဖြစ်တယ်...အဲဒါနဲ့တင် သူ့အတွက် အရမ်းကြီးဝန်ပိစေမိနေပြီလေ... သူဘာလို့ မအိပ်ဘဲ သူနဲ့ အတူရှိနေတာလဲ...
သူကိုယ့်ပါးကိုယ် ဆွဲညစ်ပြီး ခေါင်းငုံ့ကာ ထွက်လာခဲ့သည်။ပိုင်ရဲ့က ဇာတ်ဝင်ခန်းကို ကြည့်ပြီးသွားပြီဖြစ်၏။ နီရဲနေသော ပါးပြင်များကို မြင်လျှင် သူရယ်မောလိုက်သည်။
"မင်းမူးနေလား"
"ဟုတ်ကဲ့"
"မင်း ဘယ်လောက်သတိရှိသေးလဲ"
ချီရှင်းချန်: "... တစ်ဝက်ကျော်ကျော်"
"ဒါဆို လာ"
ပိုင်ရဲက ဘေးတိုးပြီး သူ့အတွက် နေရာဖယ်ပေးလိုက်သည်။
"ဇာတ်ဝင်ခန်းကို ငါရှင်းပြမယ်။"
ပိုင်ရဲ့က ဖျော်ဖြေရေးနယ်ပယ်မှာ ခုနစ်နှစ်ကြာနေထိုင်ခဲ့ပြီး အဓိကဇာတ်ဆောင်နေရာတွေမှာ မပါဝင်ဖူးပေမဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် မကြာခဏဆိုသလို ပါဝင်သရုပ်ဆောင်ခဲ့၏။ သူက သရုပ်ဆောင်ပိုင်းကို မကျွမ်းကျင်ပေမဲ့ လူသစ်တစ်ယောက်ကို လမ်းညွှန်ပေးနိုင်လောက်အောင်ကား အဆင်ပြေပါသေးသည်။
ချီရှင်းချန်က မဝံ့မရဲဖြင့် သူ့ဘေးတွင် ထိုင်လိုက်သည်။ရင်းနှီးနေသည့် လန်းဆန်းအေးမြသောရနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ခြေထောက်တွေကို ချက်ချင်းစေ့ပြီး ဒူးတွေကို လက်နှင့်ပွတ်လိုက်၏။
သူက လက်ချာအပေးခံရတော့မည့် မူလတန်းကျောင်းသားလေးနှင့်တူသည်။ သူတတ်နိုင်သလောက် နာခံနေ၏။
"... အခု မင်းကလင်းရှောင်... ငါက ကျိယန်"
ပိုင်ရဲ့ အကူအညီမဲ့နေသည်။
"မင်းဖွင့်ပြောရတဲအကြောင်းအရင်းက ငါ တခြားလူနဲ့ ချိန်းတွေ့ခဲ့တယ်လို့ မင်းထင်ခဲ့တာမလို့...မင်းကြိုက်တဲ့သူက တခြားလူနဲ့တွေ့တော့မယ်...ဒီအချိန်မှာ ဘယ်လိုခံစားရမလဲ
ချီရှင်းချန် သူ့နောက်ကွယ်မှာ အခြားဖန်များကို ရှာဖွေနေသည့် သူ့idol ၏ မြင်ကွင်းကို ချက်ခြင်းမြင်ယောင်ခဲ့သည်။
"... စိတ်တိုပြီး သောကရောက်မယ်"
"မင်းရဲ့ ချဥ်းကပ်မှုကို ငါ အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်...ဒါပေမဲ့ တခြားယောက်ျားနဲ့ ချိန်းတွေ့ဖို့ လက်ခံခဲ့တယ်...အချစ်ချိန်ခွင်က တခြားတစ်ဖက်ကို စောင်းသွားပြီဆိုတာ သိသာတယ်... မင်းမှာ ဘယ်လို ခံစားချက်တွေ ရှိမလဲ"
"မနာလိုမှု၊ မလိုလားမှု၊ နာကျည်းမှု... နဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်မလုပ်ရင် ခင်ဗျားတကယ်ထွက်သွားနိုင်တယ် ဆိုတဲ့ စိတ်ပျက်အားငယ်မှု"
ချီရှင်းချန် နားမလည်ပေ။
ပိုင်ရဲ့က ခေါင်းညိတ်လိုက်သည်။
"အဲဒါကြောင့် ဒီဝန်ခံချက်က အတိုင်းအတာတစ်ခုအထိ စုမိသွားတဲ့ မင်းရဲ့ခံစားချက်တွေကို ပေါက်ကွဲစေတယ်လို့ ငါပြောခဲ့တာ... ရေကြီးတာကို မြင်ဖူးလား"
"မြင်ဖူးတယ်... ကျွန်တော် အခုနားလည်သွားပြီ"
ချီရှင်းချန်က ထခုန်လိုက်ပြီး
"ရေကြီးနေတဲ့အချိန် ဆည်တစ်ခုထဲကနေ ရေတွေ တဟုန်ထိုး ခုန်ထွက်လာသလိုပဲ....ကောကို ကျွန်တော်ရဲ့အစစ်အမှန်ကိုယ်ကို ပြလိုက်တာ... ရေကြီးမှုမဖြစ်ခင် တစ်စက္ကန့်အလိုမှာ နှိမ့်ချပြီး စိတ်ရှည်တယ်...ကျွန်တော် ကောကို ကြိုက်တယ် လို့ ပြောလိုက်ချိန်မှာ ကျွန်တော်နှလုံးသားထဲက ရေကာတာက ရေကြီးမှုကြောင့် ကျိုးသွားပြီး စိတ်အားလှုံ့ဆော်မှုက ဆင်ခြင်တုံတရားကို အနိုင်ရသွားခဲ့လို့...ကျွန်တော် မထိန်းနိုင်ဘဲ ကောကို တင်းတင်းကြပ်ကြပ်ဖက်ပြီး ကောရဲ့လက်ကိုဆွဲထားမိခဲ့တာ..."
"ဟုတ်တယ်"
ပိုင်ရဲ့ သူ့ဖန်ပေါက်စလေး ဉာဏ်အလင်းပွင့်နေချိန်တွင် ဇာတ်ညွှန်းကို ပစ်ချလိုက်သည်။
"လာ...ထပ်လုပ်ကြည့်ရအောင်"
မတွေ့ရဘဲ ရက်ပေါင်းများစွာ လိုက်ရှာပြီးနောက် ပြန်တွေ့ရသည့်ခံစားချက်က ချီရှင်းချန်ကို အလွန်စိတ်လှုပ်ရှားသွားစေသည်။ ငါးပြတိုက်မြင်ကွင်းကို အတုခိုးနိုင်ရန်၊ သူသည် စမတ်မှန်နံရံကို အပြည့်အဝဖောက်ထွင်းမြင်ရသည့်မုဒ်(အကြည်မုဒ်)အဖြစ် ပြောင်းလဲကာ မီးများကိုမှိန်ထားလိုက်သည်။
မှန်နံရံအပြင်ဘက်ရှိ ရေကူးကန်မှတဆင့် အခန်းထဲသို့ လရောင် လင်းလက်နေပြီး မြင်ကွင်းက ရေအောက်ဥမင်လိုဏ်ခေါင်းထက် မနိမ့်ကျပေ။
သူ လက်ခုပ်တီးလိုက်သည်။
"သမုဒ္ဒရာနှလုံးသား...scene37 ...take 3...အက်ရှင်"
ဘယ်လိုအရူးလေးလဲ...
ပိုင်ရဲ မနေနိုင်ဘဲ ရယ်ချင်နေမိသည်။ သူ့စိတ်ခံစားချက်ကို မထိခိုက်စေရန်အတွက် ပါးစပ်ထောင့်တွေကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားရင်း တစ်ဖက်ကို လျှောက်သွားလိုက်သည်။
"ဘယ်သူနဲ့တွေ့မှာလဲ...ဟိုအဏ္ဏဝါဇီဝဗေဒပညာရှင်လား"
ချီရှင်းချန်က သူ့နောက်ကနေ လိုက်သွား၏။
"ကလေးက ကလေးနေရာနေ...ဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ"
ပိုင်ရဲ့က သူ့ကို လျစ်လျူရှုပြီး ဆက်လျှောက်သွားသည်။
"ပြန်တော့ ...မနက်ဖန် လေ့ကျင့်ရေးရှိသေးတယ်"
'ကလေး' ဟူသော စကားကိုကြားသောအခါ ရှီရှင်းချန်၏ သွေးများ ဆူပွက်လာသည်။ သူက ရှေ့ကိုခုန်ပြီး ပိုင်ရဲ့၏လက်ကို လှမ်းဆွဲလိုက်တယ်။သူ့လက်ကောက်ဝတ်ထဲမှာ အားထည့်လိုက်ပြီး ပိုင်ရဲ့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ပိုင်ရဲ့က သူ့ထက် ဦးခေါင်းတစ်ဝက်စာလောက် မြင့်၏။ သူနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ခြေထောက်များကို ကိုးရိုးကားရားဖြင့် ကွေးထားလိုက်သည်။
ထိုသည်ကိုပင် နှစ်ယောက်သား မျက်လုံးချင်းမဆုံနိုင်ကြပါချေ။ချီရှင်းချန်၏ စိတ်ခံစားမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ မောဟိုက်နေလျက် တစ်ဖက်လူကို တည့်တည့်ကြည့်ကာ-
"ဘန်း"
ကမ္ဘာမြေက အင်္ဂါဂြိုဟ်ကို ဝင်တိုက်မိသကဲ့သို့၊ ချီရှင်းချန်၏ မျက်လုံးများ မည်းနက်တောက်ပလာသည်။ တခဏအတွင်းမှာပဲ လောကကြီးထဲမှာ ထာဝရအလင်းရောင်တစ်ခုတည်းသာ တောက်ပနေတော့၏။
ရောယှက်နေသော အလင်းရောင်နှင့် အရိပ်ထဲတွင် ရှိနေသည်က သူ အသူရာချောက်ထဲ၌ ခုနစ်နှစ်ကြာအောင် မျှော်ကြည့်ခဲ့သော ညဉ့်ကောင်းကင်။
"…"
ပိုင်ရဲ့ ပဟေဠိဖြစ်သွားသည်။
"မင်းလိုင်းတွေကိုပြောလေ...ထစ်နေတာလား"
"မဟုတ်ဘူး မဟုတ်ဘူး"
ချီရှင်းချန်က ခြေတစ်လှမ်း နောက်ပြန်ဆုတ်ကာ မှန်နံရံအပြင်ဘက်ကို ကယောင်ခြောက်ခြား လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော်...ကျွန်တော် ရုတ်တရက် ရေကူးချင်လာလို့"
အမှန်တွင် ပိုင်ရဲ့က ဖန်ပေါက်စလေးကိုပေးထားသော သူ့ကတိကြောင့် ယနေ့လာရန် သဘောတူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းမှာ ဖန်ပေါက်စလေး မူးနေသည်တွေ့သောအခါ ဤအခြေအနေမှာ ဇာတ်ဝင်ခန်းလေ့ကျင့်သည်က သိပ် အဆင်မပြေဘူးဟု ခံစားလိုက်ရသည့်အတွက် သူအရင်ပြန်သွားပြီး မနက်ဖြန်မှ ပြန်လာချင်ခဲ့သည်။
သူ သည်မှာ သုံးရက်ကနေ ငါးရက်လောက်နေမှာဖြစ်သဖြင့် အလျင်လိုမနေပေ။
သို့သော် ဖန်ပေါက်စလေးက အလွန်ခေါင်းမာသဖြင့် ငြင်းဆန်၍မရပေ။ မလာလျှင် ဖန်ပေါက်စလေး ဝမ်းနည်းမည်ကို သူကြောက်ပြီး အရက်မူးနေသော ဖန်ပေါက်စလေး တစ်ယောက်တည်း မလုံခြုံဖြစ်မည်ကိုလည်း အနည်းငယ် စိုးရိမ်သည်။
ရလဒ်အနေဖြင့် ယခု ဤအခြေအနေသို့ ပြောင်းသွားလေသည်-
ပိုင်ရဲ့က မှန်နံရံတစ်ဖက်တွင် ရပ်နေပြီး ချီရှင်းချန်က မှန်နံရံ၏တခြားတစ်ဖက်ရေကန်ဘေးတွင် ရပ်နေသည်။ သူက ဝတ်ဆင်ထားသည့် အဝတ်အစားအားလုံးကို အမြန်ချွတ်လိုက်ပြီး ဘောက်ဆာတစ်ထည်ပဲချန်ထားကာ ရေထဲသို့ ခုန်ဆင်းသွားသည်။
စင်လိုက်သည့်ရေတွေက ဗွမ်းခနဲ ဖြန်းခနဲ...
ပိုင်ရဲ့ မျက်နှာသုတ်ပုဝါရှာရန် ရေချိုးခန်းထဲသို့ အမြန်သွားလိုက်သည်။သူ ထွက်လာသောအခါ ဟိုတစ်ယောက်က အသွားအပြန် နှစ်ကြိမ်ကူးပြီးနေလေပြီ။
သူ၏ ရေကူးသည့်ပုံစံက ရှုပ်ယှက်ခတ်နေပြီး ခဏလောက်က ဖရီးစတိုင်၊ နောက်နည်းနည်းကြာသောအခါ ခွေးကူးနှင့် အန္တရာယ်များသော စိတ်ခံစားချက်တွေကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ရေစင်သည်ကို မြင့်သထက်မြင့် ကြီးသထက်ကြီးအောင် ကြိုးစားနေပုံပါပင်။
ပိုင်ရဲ့ ဝရံတာတံခါးမှ ထွက်ကာ အဝေးကနေ "ရှင်းရှင်း" ဟု အော်လိုက်သည်။
ရေသံဖြင့်ပဲ ထူးလာသည်။
ပိုင်ရဲ့မှာ ရွေးချယ်စရာမရှိတော့ပေ။ ဖိနပ်ချွတ်ပြီး တစ်ယောက်သောသူ၏ တဗွမ်းဗွမ်း တဖြန်းဖြန်းကူးမှုကြောင့် ရေတွေလျှံနေသည့် စကျင်ကျောက်ကန်အစွန်းဆီကို ခြေဗလာနှင့် လျှောက်သွားလိုက်သည်။သူက "ရှင်းရှင်း" ဟု ထပ်ခေါ်လိုက်သည်။
သို့သော် ရေသံကပဲ ဖြေနေဆဲဖြစ်သည်။
"ချီရှင်းချန်"
ပိုင်ရဲ့က သူ့အသံကို နှိမ့်လိုက်သည်။
နောက်ဆုံးတွင် ရေသံ ရပ်တန့်သွားပြီး လူတစ်ဦး ပေါလောပေါ်လာလေသည်။
ထိုလူက တုံ့ဆိုင်းစွာ ရေထဲမှ ထွက်လာပြီး သူ၏ ဆံပင်တိုတိုကို ခေါင်းနောက်ဘက်သို့ ဖြည်းညှင်းစွာ သပ်တင်လိုက်သည်။ သူ့မျက်တောင်များက ညွှတ်ကျနေကာ ရေစက်အနည်းငယ်က မျက်တောင်များပေါ်တွင် တွဲလွဲခိုနေသည်။ သူ့အမူအရာက ခွဲခြားရခက်၏။
သူ၏ သွယ်လျသောလည်တိုင်၊ ပါးလွှာသောပခုံးများ၊ ညှပ်ရိုးနက်နက်များနှင့်သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ရေအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သူ၏ဖြူဖွေးသောအသားအရေက လရောင်အောက်တွင် မီးခိုးရောင်သန်းနေသည်။
ပါးလွှာ၊ ကြည်လင်၊နုနယ်ကာတချိန်တည်းမှာပင် ကြမ်းတမ်းမာကျောသည်။
ညလေတစ်သုတ် တိုက်ခတ်လာသည့်နှင့် လွင့်ပါပျောက်ကွယ်သွားတော့ယောင်နှင့် ညလေက ထွက်သွားသည့်အခါ ပြန်လည်းပေါင်းစည်းသွားသည့်နှယ်ပင်။
သူက ဒဏ္ဍာရီလာမာယာရှင်ရေသူတစ်ပါးလိုပါပင်။
ပိုင်ရဲ့ မျက်နှာသုတ်ပုဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး "တက်လာခဲ့" ဟု အမိန့်ပေးလိုက်သည်။
ချီရှင်းချန်: "…"
"သုံးအထိရေမယ်...သုံး"
"ကောင်းပါပြီ...ကောင်းပါပြီ လာပါ့မယ်"
ရေတွေရွှဲနေသည့် ချီရှင်းချန်က သူ့လက်တွေကို ကန်ဘောင်ပေါ်တင်လိုက်ပြီး ရေတွေခါလိုက်တော့မည်ပြုစဥ် တစ်ခုခုကို ရုတ်တရက် သဘောပေါက်လိုက်ချိန်မှာ တုန်လှုပ်ချောက်ချားသွားတော့၏။
သူသည်နေရာရောက်လာတုန်းက သိပ်ပြီး မစဉ်းစားမိပေ။ သူ့အဝတ်အစားတွေနှင့် ရေကူးသည်က ရေကန်ကို ညစ်ပတ်စေသည်ဟု ခံစားရသည့်အတွက် အားလုံးကို ချွတ်ပစ်ခဲ့လိုက်ပြီး ဤအချိန်မှာ သူ့ကို လူတွေနှင့် တွေရန် မသင့်တော်ဖြစ်သွားစေသည်။
တနည်းအားဖြင့် သူ့ရှေ့ရှိလူနှင့်တွေ့ရန် အဆင်မပြေပေ။
သူ အေးခဲသွား၏။
ပိုင်ရဲ့ သူ့မျက်လုံးများ နီရဲလာသည်ကို မြင်လိုက်ရပြီး သူဘာတွေတွေးနေမှန်း ခန့်မှန်းမိသည်။ မျက်နှာသုတ်ပုဝါကို ချထားကာ အခန်းဘက်သို့ ပြန်လှည့်သွားခဲ့သည်။
ချီရှင်းချန် ရေကူးကန်ထဲက ခုန်ထွက်ပြီး သူ့ကိုယ်သူ ပဝါနှင့် ထုပ်လိုက်သည်။သူ လသာဆောင်ကနေတည့်တည့်သွားရသည့် အိမ်ရှေ့တံခါးကိုဖြတ်ဝင်ပြီး ပြန်မသွားတော့ပေ။ ယင်းအစား သူသည် အကွေ့ကြီးကွေ့ကာ ဟိုတယ်၏အနောက်တံခါးကိုဖြတ်၍ စင်္ကြထဲသို့ဝင်ခဲ့သည်။
ဘောင်းဘီအိတ်ကပ်ထဲမှ သော့ကတ်ကို ထုတ်ကာ တံခါးဖွင့်ရန် ပွတ်ဆွဲလိုက်သည်။ထိုစဥ် ရေချိုးခန်းထဲက ရေသံ ထွက်လာသည်။ပိုင်ရဲ့က သူ့လက်တွေကို သုတ်လိုက်ပြီးပြောသည်။
"ရေချိုးကန်က ပြည့်ခါနီးပြီ...မအိပ်ခင် ရေနွေးနဲ့ ရေချိုးလိုက်"
သူက ညသန်းခေါင်တွင် မူးရူးပြီး လုပ်ချင်ရာလုပ်နေခဲ့သော်လည်း ပိုင်ရဲ့က သူ့ကို မငေါက်ငှာသာမက သူ့ကို ဂရုစိုက်ပေးခဲ့သည်။ချီရှင်းချန် အပြစ်ရှိစွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။ "ဟုတ်ကဲ့"
"မနက်ဖြန်မနက် မင်းလက်ထောက် ပျားရည်ရေတစ်ခွက်လုပ်ခိုင်းပြီးသောက်လိုက်...ခေါင်းမကိုက်အောင်လို့"
"ဟုတ်"
"တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်နော်"
ပိုင်ရဲ့က ချီရှင်းချန်၏လက်မောင်ကြားထဲရှိ ရှပ်အင်္ကျီနှင့် ဂျာကင်အင်္ကျီကို ယူရန် လက်လှမ်းလိုက်သည်။
"ငါအရင်သွားနှင့်ပြီ"
ချီရှင်းချန်က ညာဘက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ပိုင်ရဲ့၏လက်ကို ရှောင်လိုက်သည်။
"ဒီလောက်နောက်ကျပြီ ကားရှာလို့ရပါ့မလား... ကျွန်တော် လိုက်ပို့ပေးမယ်"
[T/N ဒီ novel လေးကို MTL က ပြန်နေတာမို့ အဓိပ္ပာယ်လွဲကောက်မိတာတွေ/ စကားလုံးရွေးချယ်မှုအမှားအယွင်းလေးတွေ ရှိကောင်းရှိနိုင်ပါတယ် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်
အမှားအယွင်းများက တမင်ဖြည့်စွက်ပြောင်းလဲခြင်းမဟုတ်ပဲ ဘာသာပြန်သူရဲ့ မသိလိုက်သည့်အမှားသာဖြစ်ပါကြောင်း... ကြိုပြီးအသိပေးတောင်းပန်အပ်ပါတယ်ရှင် ]