အပိုင်း ၅၄
Viewers 26k

Chapter 54




"မင်း အရက်သောက်ထားပြီးကားမောင်းချင်နေတာလား"


ချီရှင်ချန်: "... ကျွန်တော် ကျွန်တော်အမူးပြေနေပါပြီ"


"သွား အနားယူပါ" 

ပိုင်ရဲ့က ပြောလိုက်၏။

"ငါ အားလွင်ကို လာခိုင်းထားတယ်"


"အိုး အိုကေ...ဒါပေမဲ့ အင်္ကျီ..." 

ချီရှင်းချန်က သူ့နှုတ်ခမ်းတွေကို အသံမြည်အောင်စုပ်လိုက်သည်။ (ကျွတ်စ်)

"အင်္ကျီက ညစ်ပတ်နေလို့ လျှော်ပြီးရင် ပြန်ပို့ပေးမယ်"


.


ရေနွေးနှင့်ချိုးပြီး သူ့အဝတ်တွေကို လျှော်ပြီးသည့် နောက်မှာ ချီရှင်းချန် အိပ်ချင်ခြင်းမရှိသေးပါချေ။


သူ တစ်ညလုံး မျက်နှာကျက်ကို စိုက်ကြည့်နေခဲ့သည်။မနက်ခင်း အန်းရန်က သူ့ကို လာနှိုးချိန်မှာ ငါသိနေတယ်ဟူသောအမူအရာဖြင့် "ဝိုး"ဆိုပြီးပြောလိုက်၏။


"ဘာကိုဆိုလိုတာလဲ" 

ချီရှင်းချန်က သွားတိုက်ဆေးအမြှုပ်ကို ထွေးထုတ်လိုက်သည်။


"ကော ဘယ်အချိန်က ထွက်သွားတာလဲ"

အန်းရန်က မေးလိုက်သည်။


"နှစ်နာရီလောက် ဘာလို့လဲ"


"နှစ်နာရီ...နှစ်နာရီကျော်တယ်ပေါ့... ငါ့idol ကတော့ ငါ့idol ပီသပါတယ်... သူက တကယ်ကို သန်မာတယ်..." 

အန်းရန် ရေရွတ်၏။



ချီရှင်းချန် သူမ ထူးထူးဆန်းဆန်းပြုမူနေသည်ဟု ခံစားရအတွက် သူမကို လျစ်လျူရှုခဲ့သည်။ ရေချိုးပြီးသည်နှင့် အောက်ထပ်ကို သူမနှင့်အတူ ဆင်းသွားခဲ့သည်။


နေ့တိုင်းလိုပဲ ဗန်ကားပေါ်တက်ပြီး အန်းရန်က သူမပြင်ဆင်ထားသည့် အာဟာရရှိသော အစားအစာတွေကို ထုတ်ယူလိုက်သည်။ မနေ့က ချီရှင်းချန်က ဝေလငါးနှင့်အတူ ကခုန်ပြီး စွမ်းအင်တွေ အများကြီးကုန်သွားခဲ့၏။သူ စားစရာကို အငမ်းမရမျိုချတော့သည်။


ထမင်းစားနေရင်း တစ်ဝက်လောက်မှာ အန်းရန် စိတ်လွတ်နေသည်ကို သူတွေ့လိုက်ရ၏။ သူမက ဖုန်းကို ဆက်ကိုင်လိုက်ပြီး တစ်ခုခုကို ကြည့်နေသည်။


သူက အခြားသူများ၏ကိုယ်ရေးကိုယ်တာကို စိတ်မဝင်စားသော်လည်း အန်းရန်က သူနှင့် တစ်တန်းတည်းထိုင်နေသည်။အန်းရန် ၏ ဖုန်းစခရင်တွင် "ချီရှင်းချန်" ဟူသော စကားလုံးကို ယောင်ဝါးဝါးမြင်နိုင်သည်။


သူနဲ့ပတ်သက်တဲ့ အရာတွေကို ကြည့်ရင် ကိုယ်ရေးကိုယ်တာ ကျူးကျော်မှုလို့ မယူဆဘူးမလား...

ချီရှင်းချန် သူ့အိတ်ကိုယူရန် နောက်တန်းသို့ သွားဟန်ဆောင်ကာ အန်းရန်၏အနောက်ဘက်ကနေ ကွေ့သွားခဲ့သည်။


စာဖိုင်ထဲရှိ စကားလုံးများက အလွန်ညစ်ညမ်းကြောင်း သူမြင်ခဲ့ရသည်- [ပိုင်ရဲ့က ရှေ့သို့ ပြင်းထန်စွာ ရွေ့လျားသွားသည်။ "အာ့~" ချီရှင်းချန် ချက်ချင်း သာယာမှုကြောင့် ငိုညည်းသံတစ်ခု ထွက်မိသွားသည်။]


ချီရှင်းချန်: "!!!"


"အစ်မ အန်ရန်... တကယ် ဒါမျိုးတွေ ကြည့်နေတာလား...အစ်မကိုဘယ်သူပေးလိုက်တာလဲ"


ချီရှင်းချန်က လူကြီးလူကောင်းဖြစ်ရန် ဂရုမစိုက်ဘဲ အန်းရန်၏ဖုန်းကိုဆွဲယူရန် လက်လှမ်းလိုက်သည်။


အန်းရန်က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်၏။ သူမက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို လျင်မြန်စွာရှောင်လိုက်ပြီး ဖုန်းကို နောက်ကျောတွင်ဝှက်ထားလိုက်သည်။ 


"ဖန်ဂရုထဲမှာ ဖိုင်တစ်ခု ရှာတွေ့ခဲ့တာ... ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပျင်းလာလို့ ငါခိုးဖွင့်ကြည့်လိုက်တာပါ"


"..." 

ချီရှင်းချန် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။ 

"ပျင်းတာနဲ့ ကျွန်တော်နဲ့ ပိုင်ရဲ့ကို ဘာလို့ကြည့်နေတာလဲ... ကျွန်တော့်ဖန်တွေဟုတ်လား...ပြီးတော့ ဘယ်ဖန်ဂရုမှာ ဒီလိုမျိုးရှိလဲ"


အန်းရှန် မကောင်းမှုတစ်ခုခုလုပ်နေသည်ကို လူမိသွားသဖြင့် အထိတ်တလန့်ဖြစ်သွားသည်။သူမက QQ ကိုဖွင့်ပြီး သူ့ကိုပြလိုက်သည်။ 


"မနေ့ညက...ရှင်းချန်ဖန်ဂရု"


QQ အဖွဲ့ထဲရှိ မျက်စိဖမ်းစားနိုင်သော လူ (၃၅၉) ဦးကို ကြည့်လိုက်ရာ ချီရှင်းချန်မှာ မူးမေ့လဲလုမတတ် ဖြစ်နေသည်။


သူ့လက်ထောက်က သူနှင့် ပိုင်ရဲ့ကို စုံတွဲတစ်တွဲဟု တိတ်တဆိတ် ထင်နေခဲ့သည်။


ဒါက မှော်ဆန်လွန်းတယ် မဟုတ်လား ...


"cpတွေကို ဖန်တွေက အပျော်သဘောနဲ့ ဖန်တီးထားတာ" 


ချီရှင်းချန်က အသက်ပြင်းပြင်းရှူပြီးစိတ်အားထက်သန်စွာ ပြောလိုက်သည်။

 "အနုပညာနယ်ပယ်အတွင်းကလူတစ်ယောက်အနေနဲ့ အစ်မသူတို့နဲ့ သွား မရှုပ်သင့်ဘူး" 


"ငါသိပါတယ်...မကြည့်ပါဘူး... ဒါပေမဲ့ အဲဒါက တကယ်ကို ချိုမြိန်ပြီး စားစရာတွေပြည့်နေတယ်လို့ငါ့ထင်တယ်"


ချီရှင်ချန် နင်သွားသည်။ 

"ဘယ်လိုလုပ်ပြီး ချိုရတာလဲ"


အန်းရန်က မတရားခံရသလို ခံစားရပြီး ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ 


"နင့် နင့်ရဲ့ အေးဂျင့်နဲ့ ပြဿနာတက်တုန်းက နင့်ကို အားပေးဖို့ Weibo မှာ တင်ခဲ့တယ်...နင်ရိုက်ကူးရေးလုပ်နေချိန်က နင့်ဆီကို အထူးတလည် အလည်လာခဲ့တယ်... သူ့မှာ နာနီကားတစ်စီးရှိတယ်၊ ဒါပေမဲ့ နင့်ရဲ့ကားကို စီးဖို့ အားသန်နေတယ်... ငါတို့နာနီကားရဲ့ ပြတင်းပေါက်တွေက သာမာန်ပဲ...နှာပူးဖန်တွေနဲ့တွေ့ရင် မှန်ကိုခွဲပြီး ဝင်လို့ရတယ်...အရမ်း အန္တရာယ်များတယ်ာ...သူက ညနက်သန်းခေါင်မှာ နင်နဲ့အတူ ဟိုတယ်ကိုတောင် သွားခဲ့သေးတယ်…"



ချီရှင်းချန် သူမကို အမှန်ပြင်ပေးလိုက်သည်။


 "သူက ဒါရိုက်တာရှန့်ဆီ လာလည်တာ"


ထိုသို့ပြောပြီးနောက် အန်းရန်၏နောက်ဆုံးစာကြောင်း မူမမှန်ကြောင်း သူသဘောပေါက်သွားသည်။ 

"ဟိုတယ်ကို သွားတယ်က ဘာကိုဆိုလိုတာလဲ... သူ ကျွန်တော်နဲ့ အစမ်းလေ့ကျင့်ဖို့ ဟိုတယ်ကို သွားတာ"


အန်းရန် အံ့သြသွားသည်။

"နင်တို့နှစ်ယောက် မနေ့ညက နှစ်နာရီကျော်ကြာအောင်ထိ အစမ်းလေ့ကျင့်နေတာလား"


"ဟင့်အင်း...ကျွန်တော် တစ်ခါတည်း နားလည်သွားတာ"


"ပြီးတော့ရော..."


ချီရှင်းချန် ထိုသို့ပြောရန် ရှက်ရွံ့ခဲ့သော်လည်း သူနှင့် ပိုင်ရဲ့အကြားတွင် ဘာမျှမရှိကြောင်း သက်သေပြရန် သူ့ကိုယ်သူ အားတင်းကာပြောလိုက်၏။ 

"ကျွန်တော် သွားရေကူးနေတာ" 


"ရေကူးတယ်...ရေကူးတယ်ပေါ့ "

အန်းရန် အလွန်အမင်း ရှော့ရသွားသည်။ 

"ရှင်းရှင်း နင်က ထိပ်တန်းနာမည်ကြီးတစ်ယောက်ကို ဟိုတယ်ကိုပြန်ခေါ်လာပြီး နင်တစ်ယောက်တည်း ရေသွားကူးတာလား"


၎င်းကိုကြားသောအခါ ချီရှင်းချန်လည်း မနေ့ညက သူ ပိုင်ရဲ့အပေါ်ကို ရိုင်းစိုင်းမိသည်ဟု ခံစားရ၏။သူ လှည့်ပြီး ပြတင်းပေါက်ကနေ ကြည့်လိုက်သည်။ 


"အကုန်လုံး ဒါရိုက်တာရှန့်ရဲ့ အမှားပဲ... သူမှာလိုက်တဲ့ဝိုင်နီက အတုဖြစ်ရမယ်"


.


ချီရှင်းချန် တစ်မနက်လုံး အန်းရန်နှင့် တိုက်ခိုက်ခဲ့ရသည်။ 


ပထမနှစ်ကြိမ်လုံးမှာ ဖွင့်ပြောသည့်ဇာတ်ဝင်ခန်း၏ ခံစားချက်ကိုမရခဲ့ဘဲ တတိယအကြိမ်တွင်သာ အောင်မြင်ခဲ့သည်။


အကျိုးသက်ရောက်မှုက အထူးတလည်မကောင်းပေမဲ့ ရှန့်ယွီလျန်က အတော်လေး ကျေနပ်နေပြီဖြစ်သည်။


သူက ၎င်းကို ပြန်ရိုက်ပြီး ချီရှင်းချန်ကို သူ့နံဘေးကို ခေါ်လိုက်၏။ 

"မဆိုးပါဘူး ရှောင်ပိုင်က မင်းကို ကောင်းကောင်း သင်ပေးတာပဲ... မင်းကတတ်တာ အရမ်းမြန်တယ်...ဒီဇာတ်ဝင်ခန်းပြီးတဲ့နောက် မင်းရဲ့ကျန်နေတဲ့အခန်းတွေက ပိုလွယ်လာမှာပါ... ဝန်ထုပ်ဝန်ပိုးကိုချပြီး ကောင်းကောင်းရိုက်ပစ်လိုက်... နောက်တစ်ခုရှိသေးတယ်-"


ချီရှင်းချန်: "ပြောပါ"


"ရှောင်ရှုက ပြီးခဲ့တဲ့အတောအတွင်း ပြဿနာရှာခဲ့တယ်... သမုဒ္ဒရာနှလုံးသားရဲ့ ပုံရိပ်ကို ကယ်တင်ဖို့အတွက် မနေ့က ဝေလငါးနဲ့ ကပြတဲ့ ဇာတ်ဝင်ခန်းကို ငါထုတ်ပြဖို့ စီစဉ်ထားတယ်... အဲဒါက စပွိုင်လာ မဟုတ်ဘူး၊ ကြော်ငြာအကျိုးသက်ရောက်မှုတွေလည်းရှိလိမ့်မယ်"


ယောကျာ်းတစ်ယောက် ဝေလငါးနဲ့ ကခုန်နေတဲ့ဇာတ်ဝင်ခန်းကို ထုတ်လွှင့်မယ်... မဟုတ်သေးဘူးလေ...

ချီရှင်းချန် ရုတ်တရက် ထိတ်လန့်သွားသည်။


ဒါရိုက်တာရှန့်က ဇာတ်လမ်းရဲ့ ဒီအပိုင်းမှာ အမျိုးသမီးဇာတ်ဆောင်အတွက် ထရေလာ(ရုပ်ရှင်နမူနာ)ဖြတ်ရမှာလေ...ဘယ်လိုလုပ် သူ့ရဲ့ထရေလာ ဖြစ်လာတာလဲ...


မနေက ထောင်ထောင်ကို သင်ပေးရမည့်နည်းစနစ်ကို ရှာရန်အတွက် ချီရှင်းချန် ဝေလငါးနှင့် ကပြကြည့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


ဘက်ဂျက်ခရီးသွားကြမယ်မှာ အခြေတည်လာသော စိတ်ခံစားမှုအခြေခံအုတ်မြစ်ဖြင့် ချီမိသားစုကို နာကျင်စေမည့် ဇာတ်ကွက်ကို ဘေးဖယ်ထားကာ သူ ထောင်ထောင်ကို မမုန်းခဲ့ပေ။


သူ ကုမ္ပဏီနှင့်တိုက်ခိုက်ချိန်က ထောင်ထောင်က လျိုကျီယု နှင့် ပိုင်ရဲ့ ကဲ့သို့ သူ့ကို လူသိရှင်ကြား ထောက်ခံခြင်းမရှိသော်လည်း ၎င်းသည် လူ့သဘာဝဖြစ်သည်။သူက သူမနှင့် ကောင်းမွန်သောဆက်ဆံရေးရှိနေဆဲဖြစ်သည်။



သူက ဇာတ်ကြောင်း၏ ဦးတည်ရာကို မပြောင်းလဲနိုင်ဘဲ ထောင်ထောင်၏ လူထုအသဲစွဲမင်းသမီးဖြစ်လာမည့်ဇာတ်ကွက်ကို ထိခိုက်စေခဲ့သည်။ သူက ရှန့်ယွီလျန်ကို အမြန်တားလိုက်သည်။


 "ဒါရိုက်တာ ရှန့်...ကျွန်တော်က ဒီအတိုင်း စမ်းကြည့်တာပါ... ကျွန်တော့်ရဲ့ထရေလာကို ထုတ်ဖို့ မလိုပါဘူး...မဟုတ်လည်း အစ်မထောင်ထောင် အတွက် တည်းဖြတ်လို့ရတယ်... သူက ကျွန်တော့ထက် ရေအောက်မှာ ပိုကြည့်ကောင်းနေမှာ သေချာတယ်"


"မင်းရဲ့ပြီးပြီးသား ကုန်ချောက တည်းဖြတ်တဲ့ ဒုက္ခကနေ ငါတို့ကို ကယ်မှာမဟုတ်ဘူးလား...ဒါ့အပြင် ထောင်ထောင် အဲဒါကို မသင်ရသေးဘူး...အဲဒါကြောင့် မင်းကိုယ့်ဘာကိုယ် စတေးလို့ရတယ်"


"ကျွန်တော်က ကျွန်တော့်ခန္ဓာကိုယ်ကို မစတေးချင်ဘူး..."


ချီရှင်းချန် ရှန့်ယွီလျန်ကို နားချရန် မည်သည့်အကြောင်းပြချက်မှုးကို အသုံးချနိုင်မည်ကို စဉ်းစားနေချိန်မှာ ရှန့်ယွီလျန်၏လက်ထောက် ပြေးလာသည်။ 

"ဒါရိုက်တာရှန့်...ခင်ဗျားခိုင်းတဲ့ ထရေလာ တင်ပြီးသွားပြီ... ကြည့်ချင်လား"


ရှန့်ယွီလျန်က အသက်ကြီးပြီး ဆိုရှယ်မီဒီယာအကြောင်း သိပ်မသိပါချေ။ သူ့လက်ထောက်ကိုပဲ Weibo မှာ တင်ခိုင်းလေ့ရှိ၏။


၎င်းကိုကြားသောအခါ ချီရှင်းချန်က Weibo ကို အမြန်ဖွင့်ကြည့်လိုက်သည်။


— သမုဒ္ဒရာနှလုံးသား၏တရားဝင် Weibo:ငါ ဒီ မင်းသားလေးချီရှင်းချန်ကိုမေးလို့ရမလား... မင်းဘယ်ပင်လယ်ကလာတာလဲ [ဗီဒီယို]

(Prince ပါactorမဟုတ်)


ပြန်လည်မျှဝေ ၁၄၆ ခု၊ မှတ်ချက် ၂၅၁ ခု၊ ကြိုက်နှစ်သက်မှု ၈၈၂ ခု။


သွားပြီ...ချီရှင်းချန်၏ခေါင်း တဒိန်းဒိန်းမြည်သွားသည်။


သူအရင်က လုပ်ခဲ့သမျှက သူနှင်ချီမိသားစုကို ကာကွယ်ရန်ဖြစ်၏။ သူသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အဓိကဇာတ်ကြောင်း၏ ဦးတည်ချက်ကို ဘယ်သောအခါမှ မပြောင်းလဲခဲ့သလို အမျိုးသမီးဇာတ်လိုက်၏ အရင်းအမြစ်တစ်ခုလေးကိုမှ တစ်ခါမှ မလုယူခဲ့ဖူးပေ။


ယခုအချိန်တွင် Weibo ပို့စ်နှင့်အတူ သူတစ်ယောက် အဓိကဇာတ်ကွက်တွင် ပါဝင်လာခဲ့သည်။


ဒါဆို ဒီအကြောင်းကြောင့် ဇာတ်ကြောင်းပြောင်းသွားမှာလား...


ဇာတ်ကြောင်းကို ဝင်ရောက်စွက်ဖက်မှုကြောင့် အပြစ်ပေးခံရမှာလား...


ချီရှင်းချန်၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာက လေးနက်နေ၏။


ရှန့်ယွီလျန် နောက်ဇာတ်ဝင်ခန်းကို ဘာကြောင့် မရိုက်သေးသည်လဲ သိချင်နေ၍ဖြစ်မည်။ထောင်ထောင် လည်ပင်းတဆန့်ဆန့် လျှောက်လာရင်း မေးသည်။


 "ဒါရိုက်တာရှန့်နဲ့ရှင်းရှင်း ဘာကြည့်နေကြတာလဲ"


ထောင်ထောင်၏အသံကိုကြားသောအခါ ချီရှင်းချန် သူ့အတွေးတွေကို စုစည်းပြီး ပုံမှန်အနေအထားကို ပြန်သွားရန် ကြိုးစားလိုက်၏။


ပြီးခဲ့သည်တွေကို ပြန်ပြင်၍ မရပေ။လျှောက်ပြီးသားငရဲလမ်းကို စမ်းတဝါးဝါး သွားရုံသာတတ်နိုင်သည်။


"ကျွန်တော် Weibo ကြည့်နေတာ" 


ချီရှင်းချန်က ထောင်ထောင်၏အမူအရာကို ဂရုတစိုက်စောင့်ကြည့်ရင်ဆိုလိုက်၏။ "ဒါရိုက်တာရှန့်က မနေ့က ကျွန်တော် ရေထဲဆင်းသွားတဲ့ ဗီဒီယိုကို သူ့ရဲ့ တရားဝင် Weibo မှာ တင်လိုက်တယ်"


"တကယ်လား" 

ထောင်ထောင်က အတော်လေး စိတ်ဝင်စားနေပုံရသည်။ 

"ငါလည်း ကြည့်ချင်တယ်"


ချိရှင်းချန်က ဖုန်းကို ထောင်ထောင်ထံ လွှဲပေးခဲ့ပြီး ထောင်ထောင်က ဗီဒီယိုကို အစမှ အဆုံး ကြည့်ရှုခဲ့သည်။ ပြီးသွားသောအခါ သူမက ရင်ဘတ်ကို အုပ်ပြီး သက်ပြင်းချလိုက်၏။ 


"လှလိုက်တာ အရမ်းလှတာပဲ... ငါရဲ့ အပျိုပေါက်နှလုံးသာလေး ရင်ခုန်သွားပြီ... ရှင်းရှင်း ဒီနေ့ကစပြီး ငါကမင်းရဲ့အမာခံဖန်ပဲလို့ ငါကြေငြာမောင်းခတ်လိုက်ပြီ"



သူမက ထိုစကားပြောသောအခါ စိတ်ရင်းဖြင့် ဖြစ်ပုံရသည်။ လိမ်ညာမှု သို့မဟုတ် သဘာဝမကျမှု မရှိခဲ့ပါချေ။ချီရှင်းချန် အဝေးကို လှမ်းကြည့်လိုက်သည်။


သူမက သူမ၏ဇာတ်ကွက်ပြောင်းသွားသည်ကို ဂရုမစိုက်ပေ။


တကယ်ကို သူမက ကိုယ်ပိုင် အတွေးအမြင်မရှိပဲ ဇာတ်လမ်းကို အာရုံစိုက်ထားတဲ့ စာရွက်ပေါ်ကလူတစ်ယောက်ပဲလား...


.


သူ့ရှေ့ရှိ ထိုဗီဒီယိုကြောင့် ချီရှင်းချန် တစ်နေကုန်စိတ်အခြေအနေမကောင်းခဲ့ပေ။


ကံအားလျော်စွာ ရှန့်ယွီလျန်ပြောသည့်အတိုင်းပင် ဖွင့်ပြောပြီးနောက် လင်းရှောင်၏ ကျန်ရှိသော ဇာတ်ဝင်ခန်းများသည် အလွန်လွယ်ကူသည်။ သူ သူ့ကိုယ်သူ စုစည်းကာ အိုးနင်းခွက်နင်းဖြင့်ပြီးသွားအောင်လုပ်နိုင်ခဲ့သည်။


တစ်ချို့လူတွေက ပျော်နေချိန်မှာ တစ်ချို့က ဝမ်းနည်းနေကြသည်။ သူ့အတွေးတွေ ရှုပ်ထွေးနေချိန်မှာ တစ်ဖက်တွင် အန်းရန်က အလွန်ပျော်နေသည်။


ဟိုတယ်ကို အပြန်လမ်းမှာ သူမက နောက်ဆုံးထွက်ဒေတာကို ဆယ်မိနစ်တိုင်း ထုတ်လွှင့်နေသည်။ သူမဖတ်ရန် မှတ်ချက်အချို့ သို့မဟုတ် ကျည်ဆန်စခရင်မှတ်ချက်အချို့ကိုလည်း ရွေးချယ်ခဲ့သည်။

(T/N–ပုံမန်ကွန်မန့်တွေလိုမဟုတ်ဘဲ စခရင်ပေါ်မှာ ကျည်ဆန်တွေလို့လွှင့်ပျံနေသောကွန်မန့်များ)


"အား....ရှင်းရှင်း မင်းကို shareတဲ့သူဘယ်လောက်ရှိတယ်ဆိုတာ မင်းသိလား...သုံးသောင်းနှစ်ထောင် အားးး"


"ဘုရားရေ...Bilibliမှာ HD ဗားရှင်းရှိတယ်... လက်ထောက်ဆံပင်ညှပ်ဆရာက ပို့လိုက်တာ...အစ်ကိုလက်ထောက်ရေ ချစ်တယ်နော်"


"ဖူး...ဒီနှစ် netizens တွေက အရမ်းအရည်အချင်းရှိကြတာပဲ...နင့်အတွက် မှတ်ချက်တစ်ခု ဖတ်ပြပေးမယ်"


အန်းရန်က လည်ချောင်းရှင်းလိုက်သည်။ "တကယ်လို့သာ ပင်လယ်ထဲမှာ လှပတဲ့ မင်းသားလေး ရှိမှန်း ရေသူမလေးက သိခဲ့ရင်၊ သူမက အချစ်အတွက် ရေမြုပ်အဖြစ် ပြောင်းလဲသွားစရာ မလိုဘူး...အဲဒါက အဓိပ္ပာယ်ရှိတယ်"


"ဟေး ဒီမှတ်ချက်က တော်တော်ရှည်တယ်... ရှင်းရှင်းရဲ့ခါးက အရမ်းပျော့တယ်...ရဲ့ကော များများကျွေးရမယ်နော်... မြန်မြန် ပေါင်းလိုက်ကြစမ်းပါ .. စိုးရိမ်လို့ သေတော့မယ် စိုးရိမ်လို့ သေတော့မယ်လို့…"


အန်းရန်၏ ဦးနှောက်သည် စိတ်လှုပ်ရှားနေသည်အခြေအနေမှာရှိ၏။ သူမဖတ်ပြီးနောက်မှာ သူမ ပျားအုံကို တုတ်နှင့်ထိုးမိလိုက်ပုံရမှန်း သူမ သိလိုက်သည်။



ချီရှင်းချန်က ဇာတ်ကြောင်းကို တွေးနေတုန်းပင်။ နောက်တစက္ကန့်မှာ အန်းရန်၏ စကားက သူ့နားရွက်များကို ပူလောင်သွားစေသည်။ သူကအသံတိုးတိုးနှင့် သတိပေးလိုက်၏။

"ဒါကို နောင်မှာ မကြားပါရစေနဲ့"


"… တောင်းပန်ပါတယ်" 

အန်းရန် မတရားခံရသလို ခံစားလိုက်ရသည်။ "နောက်တစ်ခါ ထပ်ဖတ်မယ်"


အန်းရန်က တမင်ရည်ရွယ်ခဲ့တာမဟုတ်ဘူးလေ...သူ တခြားဘာပြောနိုင်မှာလဲ...

ချီရှင်းချန် ဒေါသထွက်လွန်း၍ အသည်းနာ၏။ သူရှေ့တက်သွားပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။


"ဒင်းဒေါင်~" 

ဓာတ်လှေကားတံခါးက တစ်မိနစ်အကြာမှာ ပွင့်လာသည်။ ရက်အနည်းငယ်ကြာအောင် မမြင်ရသည့် မျက်နှာတစ်ခုက သူ့ရှေ့မှာ ပေါ်လာ၏။


ရှုရှန့်နှင့် ထောင်ထောင် တို့၏ ဇာတ်ဝင်ခန်းများသည် အများအားဖြင့် ၎င်းတို့၏ အိမ်များတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ဇာတ်ညွှန်းက ၎င်းတို့အား တူညီသောအဆောက်အဦး၊ မတူညီသော အထပ်များတွင် နေထိုင်ရန် သတ်မှတ်ထားသည်။မိုးလုံလေလုံဇာတ်ဝင်ခန်းများ၏ ဤအပိုင်းကို အုပ်စု B မှ စီမံထားသည်။ တစ်ခါတစ်ရံတွင် အချိန်ဇယားကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ညဇာတ်ဝင်ခန်းများကို ရိုက်ကူးပေးတတ်သည်။



ထို့ကြောင့် ချီရှင်းချန် ရှုရှန့်ကို မတွေ့သည်ကကြာပြီဖြစ်ပုံပင်။ရှုရှန့်လည်း သူ့ကိုတွေ့သောအခါ အံ့သြသွားသည်။


ထို့နောက် ရှုရှန့် ခေါင်းကို မော့ကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ချီရှင်းချန်က ရှေ့တည့်တည့်ကို ကြည့်လိုက်ပြီး ဓာတ်လှေကားထဲသို့ လျှောက်သွားလိုက်သည်။


သူတို့နှစ်ယောက် အပြန်အလှန်ဖြတ်ကျော်လာရင်း ချီရှင်းချန် ရှုရှန်းကပြောသည်ကို ကြားလိုက်ရ၏။

"ရေသူမင်းသားလေး... ပြန်နာမည်ကြီးလာတဲ့အတွက် ဂုဏ်ပြုပါတယ်" 


"ကျေးဇူးတင်ပါတယ်"


"ဒါပေမဲ့ အရမ်းမပျော်ပါနဲ့" 

ရှုရှန့်က အကြောင်းအရာကို ပြောင်းလိုက်သည်။ "ကိစ္စတွေက ဆန့်ကျင်ဘက်ဘက်ကို ရွေ့နေတာ...မင်းအမြင့်ကို ပျံသန်းလေ၊ မင်းပြုတ်ကျရင် ပိုနာကျင်လေဖြစ်လိမ့်မယ်"


"ဒါက ငါ့ကိစ္စပါ...မင်းနဲ့ဘာမှမဆိုင်ဘူး" 

ချီရှင်းချန်က အေးစက်စွာပြောလိုက်သည်။ "ကိုယ့်ကိစ္စကိုယ် ဂရုစိုက်စမ်းပါ"


ရှုရှန့်က နှုတ်ခမ်းမဲ့ကာ နှာမှုတ်လိုက်သည်။ သူ ရယ်နေသည်ဖြစ်လော ဒေါသထွက်နေသည်လော ရှင်းရှင်းလင်းလင်း မသိရပေ။ချီရှင်းချန် အပေါ်ထပ်အတွက် ခလုတ်ကို နှိပ်လိုက်သည်။ တံခါးက တစ်စထက်တစ်စအုံ့မှိုင်းလာနေသော မျက်နှာကို ပိတ်ဆို့သွားသည်။



ရှုရှန့် ၏ပုံစံက နောက်ဆုံးတွင် အန်းရန် ၏အာရုံစူးစိုက်မှုကို "သေလောက်အောင်စိုးရိမ်ခြင်း" မှ ကျိန်ဆဲခြင်းအထိ ပြောင်းပေးလိုက်သည်။


သူမက ချီရှင်းချန်၏ အခန်းထဲသို့ လိုက်သွားခဲ့သည်။ သူမက ခါးပေါ်လက်ထောက်ပြီး အခန်းကို သပ်ရပ်အောင် ပြင်ရင်း သူ့ကို ကျိန်ဆဲသည်။


ကုတင်ကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် ဗီရိုထဲမှ အင်္ကျီတစ်ထည်ကို သူအဆွဲထုတ်လိုက်သည်။ 

"ဟေ့ ဒါရဲ့ကော အင်္ကျီမဟုတ်ဘူးလား ...မနေ့က ယူမသွားဘူးလား"


"ကျွန်တော် ညစ်ပတ်အောင်လုပ်မိလို့... မီးပူတိုက်ပြီး သူ့ဆီ ပို့ပေးမှာ"


"ဒါက အင်္ကျီတစ်ထည်ပဲလေ... သူဒီလောက်ချမ်းသာတာ... သူယူမလား မယူဘူးလားဆိုတာ အရေးမကြီးပါဘူး...နောက်တစ်ခါတွေ့ဖို့ အကြောင်းပြချက်တစ်ခုပဲ ဖြစ်နိုင်တယ်" 

အန်းရန်က ချီရှင်းချန် မကြားနိုင်အောင် အသံတိုးတိုးနှင့် ပြောလိုက်သည်။ထို့နောက် သူမက မေးလိုက်၏။ 


"နင့်အစား မီးပူတိုက်ပေးဖို့ လိုသေးလား"


"… မလိုပါဘူး" 

ချီရှင်းချန်၏ အသည်းသည် ထိုနေ့တွင် ဆယ့်တစ်ကြိမ်မြောက် နာကျင်ခဲ့ရသည်။ 

"ကျွန်တော် ကိုယ်တိုင်လုပ်မယ်"


သို့သော်လည်း အန်းရန်၏ စကားများက သူ ထောင်ထောင်အကြောင်း တစ်နေကုန် တွေးနေခဲ့ပြီး ပိုင်ရဲ့ကို မဆက်သွယ်မိခဲ့ကြောင်း သူ့ကို သတိရသွားစေသည်။


မနေ့ညက ရေကူးကန်ဘေးမှာ ပိုင်ရဲ့ကသူ့ကို နာမည်အပြည့်အစုံနှင့် ခေါ်ခဲ့သည်။သူ ဒေါသထွက်သွားခြင်းဖြစ်မည်။


စင်စစ်အားဖြင့် ပိုင်ရဲ့က သူ့ကို ကောင်းကောင်းပြမူရန် ပြောခဲ့သည်။


မနေ့ညက သူ ခေါင်းမာပြီး ရူးမိုက်နေခဲ့သည်။ သူ အလွန်မိုက်မဲခဲ့၏။


သူပိုင်ရဲ့ကို တောင်းပန်ရမည်။ချီရှင်းချန်က သူ့ဖုန်းကို ထုတ်လိုက်သည်။


တိုက်ဆိုင်စွာပင်၊

[အဖေက သင်နှင့် ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုနေသည်။]


အဖေချီက သူ့ကို ဗီဒီယိုကောလ် ဘာကြောင့် ခေါ်တာလဲ..

ချီရှင်းချန် အိမ်မှာ အရေးပေါ်ကိစ္စဖြစ်နေမှာကို ကြောက်သည့်အတွက် ချက်ချင်း ဖုန်းကိုင်လိုက်သည်။


ချီရှောင်မင်ဘက်မှ လိုင်းက မတည်မငြိမ်ဖြစ်ပုံရသည်။ စက္ကန့် 30 ကျော်ကြာပြီးနောက် စခရင်ပေါ်တွင် ပုံတစ်ခုပေါ်လာသည်။



"ရှင်းရှင်း" 

အဖေချီ၏ အသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ 

"အခု ငါဘယ်ရောက်နေလဲ မင်းသိလား"


ချီရှင်းချန် အဖေ ရှိရာ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။သူ့နောက်တွင်က တူးစင်များကဲ့သို့ စက်များပါရှိသည့် ကျယ်ဝန်းသော နေရာတစ်ခုဖြစ်သည်။ချီရှင်းချန် စက်များနှင့် မရင်းနှီးသဖြင့် ၎င်းတို့ကို အမည်မဖော်နိုင်ပေ။


လုံခြုံရေးဦးထုပ်ဆောင်းပြီး တွန်းလှည်းတွန်းနေသည့် အလုပ်သမား တစ်ဒါဇင်ခန့်လည်းရှိသည်။သူ ကရုဏာကိုတောင်းခံလိုက်သည်။

"မခန့်မှန်းနိုင်ဘူး... အဖေ ဘယ်မှာလဲ"


"ငါက —"


အဖေချီက ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အသံကိုဆွဲလိုက်ပြီး ခဏအကြာမှဆက်ပြော၏။

 "ငါ တောင်အာဖရိကမှာရောက်နေတယ်...ရှင်းရှင်းအတွက် လက်ဆောင်ဝယ်ဖို့ ဒီမှာရောက်နေတာ"


"တောင်အာဖရိက..." 

ချီရှင်းချန် တောင်အာဖရိကမှာ သူဘာလုပ်နေလဲ ဟု မေးတော့မည်အပြုမှာ သူက ရုတ်တရက် သတိရသွားသည်။

 "အဖေ ဘာလို့ လက်ဆောင်ထပ်ဝယ်နေတာလဲ... အရင်တစ်ခေါက်က မဖြုန်းတီးဖို့ သဘောတူခဲ့တယ်မဟုတ်ဘူးလား"


"အိုက်ရား...ဒါက အသေးအမွှားလေးပဲကို... ဒါကို စိတ်ထဲမထားပါနဲ့...ရှင်းရှင်း အဖေ ဘာပေးမယ်ဆိုတာ မသိချင်ဘူးလား"


အဲဒါကို အထူးတလည်ဝယ်ဖို့ တောင်အာဖရိကထိ သွားခဲ့တာလေ... "အသေးအမွှား"ဟုတ်နေဦးမလား...


ချီရှင်းချန်က တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။အဖေချီ စိတ်ပျက်သွားမှာကိုစိုးသဖြင့် ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပေးခဲ့သည်။ 


"ဒါပေါ့ သိချင်တယ်...အဖေ ဘာပေးမှာလဲ"


အဖေချီက သားဖြစ်သူ၏ သဘောထားကို ကျေနပ်နေပုံရသည်မှာ ထင်ရှားသည်။ သူက ဂုဏ်ယူစွာနှင့် ဆို၏။

 "မင်းကို အနိုင်ကျင့်တဲ့ ရှုရှန့်ရဲ့အဖေက မိုင်းတွင်းတစ်ခု ပိုင်တယ်လို့ ငါကြားတယ်...ဟုတ်တယ်ဟုတ်"


"… ဟုတ်ကဲ့"


"သူ့အဖေရဲ့ဥစ္စာက သူ့အဖေပိုင်တာ ...သူပိုင်တာမဟုတ်ဘူး...နောက်ဆုံးမှာ သူက ခြူးတစ်ပြားမှမရှိ ငမွဲလေးတစ်ယောက်သာသာပဲ...အခု မင်းက သူနဲ့ လုံးဝမတူတော့ဘူး"


အဖေချီက သူ့အနောက်က မှောင်မှောင်မည်းမည်းဝင်ပေါက်ကို ညွှန်ပြသည်။ 

"မင်းကို သူ့အဖေနဲ့တန်ဖိုးခြင်းညီအောင် မင်းအတွက် စိန်တွင်

း တစ်တွင်း အဖေဝယ်ခဲ့တယ်"


"အဆင်ပြေလား ကျေနပ်လား"


ချီရှင်းချန်: "…"


ရှုရှန့်၏အဖေက မိုင်းတွင်းတစ်တွင်းပိုင်ဆိုင်ပြီး ယခု သူလည်းထို့အတူပိုင်ဆိုင်ထားသည်။ထို့ကြောင့် သူက ရှုရှန့်၏အဖေနှင့် ညီမျှသွားသည်။


ချီရှင်းချန် အမြင် ကျယ်သွားရသည်။ F*ck... ဒီထူးဆန်းတဲ့လော့ဂျစ်က ဘယ်ကလာတာလဲ...


(T/N–ဪ အာဖရိကသွားရေတွင်းတူးပေးမယ်ထင်ခဲ့တာလေ)