Chapter 55
ချီရှင်းချန် ထိုလော့ဂျစ်ကြောင့် တကယ်ပဲ ရှုပ်ထွေးနေမိနေခဲ့သည်။ သူ့အဖေနှင့် ဖုန်းပြောပြီးသည်အထိ စိတ်ရှုပ်ထွေးနေခဲ့သည်။
ယင်းက ရှုရှန့်နှင့် ဘာမှမဆိုင်ပေ။အဓိကကိစ္စမှာ သူက လတ်တလောမှာ ရိုက်ကူးရေးတွေ လုပ်နေပြီး ခဏလေးပင် ခွာ၍မရခြင်းဖြစ်၏။ စိန်တွင်းကို သူဘယ်လိုလုပ်စီမံခန့်ခွဲနိုင်မှာလဲ...
ထို့အပြင် "သမုဒ္ဒရာနှလုံးသား" ဇာတ်ကားရိုက်ကူးမှု ပြီးသွားလျှင်ပင် သူတောင်အာဖရိကကို မသွားချင်ပါချေ။
စိန်တွင်းပိုင်ရှင်ဟူသောနာမည်က ကြားရကောင်းပေမဲ့ သူက ကူးပြောင်းလာသူ တစ်ယောက်ဖြစ်၏။ သူနှင့်ရင်းနှီးသည့်လူတွေအားလုံးက သည်မှာပဲရှိနေကြသည်။တောင်အာဖရိကကို သွားခဲ့ရင် သူက ထိုနေရာနဲ့ သိပ်ရင်းနှီးသည်မဟုတ်...
[အဖေက သင့်ကို စာတစ်စောင်ပို့လိုက်သည်]
ချီရှင်းချန်က သူ့လက်ဆောင်ကိုဘယ်လိုလုပ်ရမည်မှန်း မသိဖြစ်နေသည်။အဖေချီလည်း ၎င်းကို စဉ်းစားမိပြီး သူကိုပြောလိုက်သည်။
[အလုပ်ကိစ္စအတွက် မင်း စိတ်ပူစရာ မလိုပါဘူး...သင့်တော်တဲ့ ကြီးကြပ်ရေးမှူးကို ငါရှာပြီးပြီ...အခုကနေစပြီး သုံးလတစ်ခါဝင်ငွေကို မင်းဘဏ်အကောင့်ထဲ တိုက်ရိုက်လွှဲပြောင်းပေးမယ်ာ... ကြီးကြပ်ရေးမှူးရဲ့ WeChat အကောင့်ကို မင်းဆီ ပို့လိုက်မယ်...အလုပ်ကိစ္စရှိရင်ဒါမှမဟုတ် စိန်လိုချင်ရင် သူ့ကို တိုက်ရိုက်မေးမြန်းလို့ရတယ်]
ချီရှင်းချန် အာစေးမိနေသည်။
တောင်အာဖရိကကိုသွားပြီး သတ္တုတွင်းဝယ်သည်ကနေ သင့်တော်သည့်ကြီးကြပ်ရေးမှူးကိုရွေးချယ်သည်အထိ တစ်ပတ်ကျော်အတွင်းမှာပဲလုပ်ခဲ့သည်။အဖေချီ ဘယ်လောက်ခံစားခဲ့ရ၊ ဘယ်လောက်ပင်ပန်းခဲ့ရ၊ ဘယ်လောက်စိုးရိမ်ခဲ့ရသည်မှာ သိသာထင်ရှား၏။
ချီရှင်းချန်၏ နှလုံးသား ပျော့ပြောင်းသွားသည်။ မိုင်းတူးသောအခါတွင် သူ့မိသားစုအတွက် အကောင်းဆုံးစိန်ဆယ်လုံး သို့မဟုတ် နှစ်ဆယ်ကို ပေးရန် သူကြံရွယ်ထားလိုက်သည်။
အဖေချီ ပို့ပေးခဲ့သည့် WeChat အကောင့်သို့ သူငယ်ချင်းတောင်းဆိုချက်တစ်ခု ပေးပို့ပြီးနောက် အဖေချီအား ကျေးဇူးတင်စကားပြောကြားပြီးနောက်တွင် ပိုင်ရဲ့ကို မည်သို့ချော့ရမည်ကို သူစတင်စဥ်းစားတော့သည်။
မကြာသေးမီက သူတို့သည် မကြာခဏ စကားစမြည်ပြောဆိုဖြစ်ခဲ့ကြပြီး ပိုင်ရဲ့ကိုဝန်ပိစေခဲ့သည်။
အချိန်အများစုတွင် သူဘက်ကနေ မက်ဆေ့ခ်ျပို့ရန် အစပြုခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့ သူ မနက်ခင်းမှာ ဇာတ်ဝင်ခန်းတစ်ခုအတွက် ပြင်ဆင်ရန် လိုအပ်လျှင် သို့မဟုတ် တစ်မနက်လုံး ကားထဲမှာ မတော်တဆ အိပ်ပျော်သွားခဲ့လျှင် ပိုင်ရဲ့ဘက်ကနေပြီး သူ့ကို မွန်းတည့်ချိန်လောက်မှာ စမေးမြန်းတတ်သည်။
ဤသည်မှာ သူတို့ကြားတွင် ထုံးစံဖြစ်လာပုံရသည်။
သို့သော် မနေ့ညက သူ မိုက်မဲသည့်အရာတစ်ခုခုလုပ်ပြီးနောက် ပိုင်ရဲ့က သူ့ကို တစ်နေ့လုံး လျစ်လျူရှုခဲ့သည်။
သူ ဒေါသဖြစ်နေတုန်းပဲ...
အန်းရန်က အခန်းသန့်ရှင်းရေးလုပ် မပြီးသေးပါချေ။ချီရှင်းချန် လက်ပိုက်ကာ ကိုယ်ကိုကိုင်း၍ လသာဆောင်လက်ရန်းပေါ်တွင် ပျင်းရိစွာမှီလိုက်သည်။ ဖုန်းစခရင်ပေါ်ကို ထိလိုက်ကာ နောက်ဆုံးတွင် အညံစား စကားလုံးသုံးလုံးကို ရိုက်ထည့်လိုက်သည်။
ရှင်းရှင်း: [တောင်းပန်ပါတယ်]
ရှင်းရှင်း: [မနေ့ညက အများကြီးသောက်မိခဲ့တယ် (ငို) (ငို)]
ပို့ပြီးသည်နှင့် သူ ဖန်သားပြင်ကို စိုက်ကြည့်နေသည်။
သူက သုံးမိနစ်တိုင်း အလိုအလျောက် စခရင်လော့ခ်ချသည့်မုဒ်လုပ်ထားသည်။ စခရင်က လော့ခ်ချမှု လေးကြိမ်ပြန်လုပ်ပြီးနောက်၊ စကားပြောခန်း အင်တာဖေ့စ်က နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
ပိုင်: [Okay.]
စကားတစ်ခွန်း...Full stop(.)တစ်ခု...
အထက်တန်းကျောင်းမှာတောင် ဒီလောက်ခက်ခဲတဲ့မေးခွန်းမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး...
ချီရှင်းချန် တစ်ဖက်လူက ပြန်ဖြေသရွေ့ သူတို့၏ ခင်မင်ရင်းနှီးမှု ပျက်ပြားသွားမှာ မဟုတ်ဘူးဟု ထင်၏။
ယခု ကြည့်ရသည်မှာ…
သို့သော် သူ သူ့ကိုယ်သူ ကယ်တင်၍ရနိုင်သေးသည်ဟု ခံစားရသည်။ သူ့ကိုယ်သူ အားတင်းပြီး စာရိုက်လိုက်သည်။
[စားသောက်ဆိုင်ထဲက ဝိုင်က အတုလို့ သံသယဖြစ်မိတယ်...အဲဒါက ဦးနှောက်အတွက် မကောင်းဘူး]
ပိုင်: [Okay.]
ရှင်းရှင်း: [နောက်တစ်ခါသောက်ရင် သတိထားပါ]
ပိုင်: [Okay.]
"…"
ငါ သူ့ကို ဘယ်လိုချော့ရမှာလဲ...
ချီရှင်းချန်လည်း ဆက်မှီမနေနိုင်တော့ပေ။သူ့ကိုယ်သူ တွန်းထပြီး ခြေချောင်းတွေကို မြေကြီးပေါ်မှာ ဆက်တိုက်ပွတ်နေသည်။
အဝေးမှကြည့်ရသည်မှာ ချစ်စရာကောင်းမှုဖြင့် စာမေးပွဲအောင်ရန် ကြိုးစားနေသည့် ခွေးကြီးတစ်ကောင်နှင့်တူသည်။
ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။
စမ်းသပ်ကြည့်ပြီးနောက် ချီရှင်းချန် ဆင်ခြေရှာသည်က အသုံးမဝင်ကြောင်း သဘောပေါက်လာသောကြောင့် သူ့သဘောထားကို ပြင်ပြီး သူ့အမှားကို ဝန်ခံရန် ဆုံးဖြတ်ခဲ့သည်။
ရှင်းရှင်း : [ကျွန်တော် အခုကနေစပြီး ကောင်းကောင်းနေမယ်လို့ ကတိပေးပါတယ်]
ပိုင်: [ဘယ်လိုမျိုးလဲ]
နောက်ဆုံးတော့ "Okay." မဟုတ်တော့ပြီ...
ချီရှင်ချန် မျှော်လင့်ချက် အလင်းရောင်လေးကို မြင်လိုက်ရသည်။ သူက ခပ်မြန်မြန် ကတိပေးလိုက်၏။
[ကောကို တစ်ယောက်တည်း ထားလို့မရဘူး... ကောခိုင်းတာမှန်သမျှကို ကျွန်တော်လုပ်မယ်... ရေကူးကန်ထဲက ထွက်လာစေချင်ရင် ကျွန်တော်ထွက်လာမယ်...ကောသုံးအထိရေစရာ မလိုစေရဘူး]
ပိုင်ရဲ့: "…"
ပိုင်ရဲ့: [ဒါပဲလား?]
တခြားဘာရှိသေးလဲ...
ချီရှင်းချန် စိတ်ရှုပ်သွားသည်။ပိုင်ရဲ့က သူ ရိုင်းစိုင်းပြီး နာခံမှုမရှိတဲ့အတွက် သူ့ကိုဒေါသထွက်နေတာမဟုတ်ဘူးလား...
သူက ခြေချောင်းတွေကို ပိုမြန်အောင်ပွတ်ပြီး စိုးရိမ်တကြီးနှင့်ပြောလိုက်သည်။
[ကော နောက်ထပ် ဘာလိုချင်သေးလဲ...ကျွန်တော် ကောစကားနားထောင်မယ်]
အံ့ဩစရာ၊ တကယ်ကို အံ့သြစရာကောင်းတယ်...
ပိုင်ရဲ့: [ဆင်းလာခဲ့... ငါရဲ့ လိုင်စင်နံပါတ်ပြားက 365နဲ့ဆုံးတယ်]
.
ချီရှန်းချန် တစ်ဖက်လူပြောနေသည်ကို နားမလည်မီ စက္ကန့်အနည်းငယ်မျှကြာခဲ့ပြီး ၎င်းနောက် ကြက်သေသေသွားသည်။
သူ ငုံ့ကြည့်လိုက်၏။ သူ ပိုင်ရဲ့၏ နာနီကားကို ဟိုတယ်တံခါးနားမှာ တွေ့လိုက်ရသည်။ ချက်ချင်းပင် ခြေချောင်းများကို ပွတ်သပ်နေသည်အားရပ်လိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
လက်ရန်းကို ကိုင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ထုတ်လိုက်သည်။
ပိုင်ရဲ့က ဒါရိုင်ဘာကို အိမ်ပြန်နားခိုင်းထားသည်။ လွန်ခဲ့သည့် နှစ်ညက အားလွင် ကားမောင်းပို့ခဲ့ခြင်းဖြစ်သည်။တစ်ဖက်ပိတ်မှန်နံရံမှ တစ်ဆင့် အားလွင် ချီရှင်းချန်၏လုပ်ရပ်ကိုမြင်ပြီး ထိတ်လန့်သွားသည်။
"အို ဘုရားရေ...အဲဒါ အန္တရာယ်ကြီးတယ်... သူပြုတ်တော့မကျပါဘူးနော်... သူဘာလုပ်နေချင်တာလဲ"
"သူ ငါတို့ကို နှုတ်ဆက်ချင်နေတာ ဖြစ်နိုင်တယ်"
ပိုင်ရဲ့ မျက်မှောင်ကြုတ်လိုက်သည်။
ကံကောင်းထောက်မစွာ၊ အပေါ်ဆုံးထပ်ရှိလူက အဝေးကနေ သူတို့ကို မမြင်နိုင်မှန်း သိပုံရသည်။ လသာဆောင်သို့ ပြန်ခုန်ဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။
အားလွင် နောက်ဆုံးတွင် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူက လှည့်ကြည့်ပြီးမေးလိုင်သည်။
"ဟေး ဘော့စ် သတိထားမိလား"
"ဘာလဲ"
"ရှင်းရှင်းက အများအားဖြင့် အရမ်းထက်မြက်ပေမဲ့ ဘော့စ်နဲ့ပတ်သက်လာရင် သူက မိုက်မဲ(တုံးအ)တယ်"
တကယ်လား...
ပိုင်ရဲ့၏ နှုတ်ခမ်းများသည် မမြင်နိုင်သော အပြုံးတစ်ခုအဖြစ် ကွေးသွားသည်။
ချီရှင်းချန် သူ့အခန်းထဲပြန်ပြေးသွားပြီး သူ့ကျောပိုးအိတ်လေးကို ရှာလိုက်၏။ ရေခဲသေတ္တာကိုဖွင့်ပြီး အိတ်ထဲကို အအေးဘူးအနည်းငယ်ဖြင့် ဖြည့်လိုက်သည်။၎င်းနောက် ခြေတံရှည်ရှည်တို့ဖြင့် ဖိနပ်စင်ဆီသို့ လျှောက်သွားသည်။
အန်းရန်က သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို မြင်ပြီးမေးလိုက်၏။
"ရှင်းရှင်း နင် အပြင်သွားမလို့လား"
ချီရှင်းချန် ခေါင်းညိတ်ပြီး "ရဲ့ကောက အောက်မှာ စောင့်နေတယ်" ဟု ရိုးရိုးသားသားပြောလိုက်သည်။
"သြော် ဒါဆို သတိထားဦး...မီဒီယာတွေ မင်းကို ဖမ်းမမိစေနဲ့...စကားမစပ်"
အန်းရန်က ခဏရပ်ပြီးဆက်ပြောသည်။
"အင်္ကျီကို သူ့ဆီ ပြန်ပေးချင်လား"
ချီရှင်းချန်၏လက်များ ရပ်တန့်သွားသည်။
"... အနာဂတ်မှာ အခွင့်အရေးရှာတွေ့ပါလိမ့်မယ်... အင်္ကျီကို ကောင်းကောင်းမီးပူမတိုက်ဘဲ ပြန်ပေးတာက မယဉ်ကျေးဘူး"
ထိုနောက် အမြန်ပြေးထွက်ပြီး ဓါတ်လှေခါးထဲမှာ ဦးထုပ်ဆောင်းပြီး maskတပ်လိုက်သည်။
ဟိုတယ်တံခါးကိုဖွင့်လိုက်သည်နှင် နာနီကား၏တံခါးပွင့်လာပြီး သူခုန်ဝင်သွားလိုက်သည်။
ပိုင်ရဲ့ အနည်းငယ်လှုပ်နေသည့် သူ့ရင်ဘတ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဘာလို့ ဒီလောက်မြန်မြန်ပြေးနေတာလဲ"
ချီရှင်းချန်က ပိုင်ရဲ့နှင့် တစ်တန်းတည်းဝင်ထိုင်သည်။
"ကျွန်တော် အလျင်လိုနေတယ်"
"ဘာတွေ အလျင်လိုတာလဲ"
"ကြောက်လို့...ကျွန်တော် ကြောက်လို့"
ချီရှင်းချန်က အမောတကောဆိုသည်။
"ကောထွက်သွားဖို့ မစောင့်နိုင်တော့မှာကို ကျွန်တော်ကြောက်တယ်"
သူ့ကြည့်ရတာ စိတ်မရှည်တဲ့လူတစ်ယောက်နဲ့တူလို့လား...
ပိုင်ရဲ့ ဖန်ပေါက်စလေးကို မေးချင်မိသည်။
သို့သော် ဖန်လေး၏ စိတ်ကူးထဲတွင်ကား သူက ဒေါသထွက်နေခြင်း ဖြစ်သည်။ပိုင်ရဲ့ ယင်းကိုအခွင့်အရေးကိုကောင်း၍ စကားတစ်ခွန်းမှ မပြောဘဲ မျက်နှာ တည်တည် ထားလိုက်သည်။
ချီရှင်းချန် သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ရင်ခုန်သံတွေမှားသွားသည်။ သူယူလာပေးသော အအေးဘူးများကို ပုံမှန်အရသာကို အားလွန်အား ပေးလိုက်သည်။
တစ်ဘူးတည်းသော သကြားလွတ် လက်ဖက်ရည်ဘူးကို ဖွင့်ပြီးပိုင်ရဲ့ကို မရဲတရဲ ပေးကြည့်လိုက်သည်။
"ရေငတ်နေလားဟင်"
အနည်းငယ် စိုးရိမ်ထိတ်လန့်နေပြီး မျှော်လင့်နေ တကြီးဖြစ်သည့် တောက်ပနေသော မျက်လုံးများကို ကြည့်ရင်း ပိုင်ရဲ့ သူ့ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
သူက ဘူးကိုယူ၍ တစ်ငုံသောက်လိုက်သည်။
"ဒီနေ့ အဓိက ဇာတ်ဝင်ခန်းမှာ မင်း ကောင်းကောင်းလုပ်ခဲ့တယ်လို့ လောင်ရှန့်ဆီက ငါကြားတယ်"
"ဟုတ်တယ်"
ချီရှင်းချန်က ဂုဏ်ယူစွာဖြေလိုက်ပြီး သူ့ကို မြှောက်ပင့်ပေးရန်လည်း မမေ့ခဲ့ပါချေ။
"အဓိကကတော့ မနေ့က ကော ကောင်းကောင်းပြောပြပေးခဲ့လို့ပါ"
"… တစ်လခွဲကျန်သေးတယ်... နောက်ရိုက်ကွက်တွေမှာ အကောင်းဆုံးလုပ်ပါ... လဝက်လောက်ကြာရင် မင်းရဲ့အခြေအနေအကြောင်း လောင်ရှန့်ကို ငါထပ်မေးမယ်...လောင်ရှန့်ကျေနပ်တယ်ဆိုရင် မင်းလက်ဆောင်ရမယ်"
ချိရှင်းချန် အဖွဲ့ထဲ မပါဝင်ခင်မှာ ပိုင်ရဲ့က သူ့ကို လက်ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။
ထိုအချိန်တုန်းက ပိုင်ရဲ့က သူ့ကို စိတ်သက်သာရာရစေရန် ပြောနေခြင်းသာဟု သူထင်ခဲ့သည်။ပိုင်ရဲ့က ဤကိစ္စကို အစီအစဉ်ထဲထည့်ထားမည်ဟု သူ မမျှော်လင့်ထားပေ။
ချီရှင်းချန် ရုတ်တရက် အလွန်သိချင်လာသည်။ပိုင်ရဲ့က သူ့ကို ဘယ်လိုလက်ဆောင်မျိုးပေးမလဲ သူသိချင်၏။
သို့သော် မေးရန် အလွန်ရှက်သောကြောင့် ကွေ့ဝိုက်သောနည်းဖြင့် ချဉ်းကပ်ခဲ့သည်။
"ကော ဘာလို့ဒီကိုရောက်နေတာလဲ...ဒါရိုက်တာရှန့်ကိုလာတွေ့တာလား"
"ငါသူ့ကိုတွေ့ဖို့ဒီကိုရောက်နေတာဆိုရင် ငါဟိုတယ်ကိုချက်ချင်းသွားမှာပေါ့"
ပိုင်ရဲ့က မျက်ခုံးပင့်လိုက်သည်။
"အို ဒါဆို ဘယ်သူကိုလာတွေ့တာလဲ"
"..."
ပိုင်ရဲ့ အားလွင် ပြောသည်ကမှန်သည်ဟု ခံစားရ၏။
"မင်းကိုမေးစရာရှိလို့ရောက်နေတာ... ငါမေးချင်တာ ဘာလို့ မင်းငါ့လျစ်လျူရှုပြီး ငါ့စကားကိုနားမထောင်တာလဲ"
… ဒါက WeChat မှာ သူပြောခဲ့တဲ့ဟာဖြစ်ပုံပဲ...
ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ပိုင်ရဲ့၏လေသံက မှားနေသည်ဟု သူ ခံစားရသည်။
သူက ရွဲ့နေသလိုပဲ...
"ဒါတွေအားလုံး ကျွန်တော့်အပြစ်ပါပဲ"
ချီရှင်းချန်က ခေါင်းညိမ့်လိုက်သည်။
"ဒါတွေက ရာဇ၀တ်မှု နှစ်ခု...တခြားဘာတွေ ထပ်ပြီး စီရင်ချက်ချစရာရှိသေးလဲ...ကျွန်တော် ဆောင်းဦးပေါက်ရင် ကွက်မျက်ခံလိုက်ပါ့မယ်"
ပိုင်ရဲ့ ဒေါသထွက်လွန်း၍ ရယ်ပြီးပြောလိုက်သည်။
"ဒါဆို မင်းကို ထပ်မေးပါရစေ...မင်းရေကူးကန်ဆီသွားတုန်းက သတိပေးချက်တွေ ဖတ်ခဲ့လား"
"ဟုတ်ကဲ့"
ချီရှင်းချန် ပြန်သတိရရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့၏။
"အရေပြားရောဂါနဲ့ နှလုံးရောဂါရှိတဲ့သူတွေက မဝင်ရဘူး... အိုး အရက်မူးနေတဲ့သူတွေလည်း ဝင်လို့မရဘူး"
ထိုသို့ပြောပြီးနောက် ချီရှင်းချန်း ကြက်သေသေသွားသည်။
ပိုင်ရဲ့ ဒေါသဖြစ်ရသည့်အကြောင်းအရင်းကို သူ ရုတ်တရက် နားလည်သွား၏။ သူက ရိုင်းစိုင်းသောကြောင့်မဟုတ်သလို နာခံမှုမရှိသောကြောင့် လည်း မဟုတ်ပါချေ။
"အရက်သောက်ပြီးရင် လူတွေရဲ့ တုံ့ပြန်မှု နှေးကွေးလာမယ်... နှစ်စဉ်နှစ်တိုင်း အရက်မူးပြီး ပင်လယ်ထဲမှာ ရေနစ်သေဆုံးတဲ့ သတင်းတွေ အများကြီးရှိတယ်"
ပိုင်ရဲ့က ဆိုသည်။
"မနေ့ညက အရမ်းနောက်ကျနေပြီ... ငါမရှိရင် တကယ်လို့ မင်းအန္တရာယ်ကြုံရင် မင်းဘယ်သူ့ကိုရှာမှာလဲ"
ချီရှင်းချန်က သူ့နှာခေါင်းဖျားကို ပွတ်သပ်လိုက်သည်။
"နောက်တစ်ခါ ဒီလို အန္တရာယ်ရှိတဲ့ဟာမျိုးတွေ မလုပ်နဲ့ ဟုတ်ပြီလား"
"... ကောင်းပြီ ...ကျွန်တော်သိပါပြီ"
"နောက်တစ်ခါထပ်လုပ်ရင် ငါစိတ်ဆိုးရုံနဲ့ပြီးမှာမဟုတ်ဘူး"
"ကျွန်တော်သိပါတယ် နောက်တစ်ခါဆို မလုပ်... မဟုတ်ဘူး"
ပိုင်ရဲ့ မျက်ခုံးပင့်တင်လိုက်သည်ကို မြင်သောအခါ ချီရှင်းချန် သူ့စကားတွေကို အမြန်ပြောင်းလိုက်သည်။
"နောက်တစ်ခါဆိုတာရှိတော့မှာမဟုတ်ဘူး...ဒါနောက်ဆုံးအကြိမ်ပဲ"
သူဘယ်လောက်ခိုင်မာလေးနက်နေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရဲ့မထိန်းနိုင်တော့ဘဲ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ကားထဲမှ အဝါရောင်မီးက နွေးထွေးနေသည်။ ကားအပြင်ဘက်မှာ ပုစဉ်းရင်ကွဲတွေက တစ်စီစီအော်မြည်နေကြသည်။ချီရှငိးချန် မနေ့ညကအကြောင်းကို မစဉ်းစားနိုင်ဘဲ မနေနိုင်။သူ လျှာသပ်လိုက်မိသည်။
"ကောင်းပြီ နောက်ကျနေပြီ"
ပိုင်ရဲ့က သူ့နာရီကို ကြည့်လိုက်၏။
"ငါလုပ်စရာတွေ ကျန်သေးလို့... မင်းလည်း ပြန်တော့လေ"
ခဏလေးရှိသေး သွားတော့မှာလား...
ချီရှင်းချန် သူ့ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်သည်။
"နေပါဦး"
ကားထဲက မထွက်ခင်မှာ သူ ရုတ်တရက် သတိရသွား၏။
"ကော ဘယ်သူ့ကိုလာတွေ့တာလဲ...ကောရဲ့ကိစ္စကပြီးသွားပြီလား"
"… အရူး"
"ငါ ရုပ်ရှင်ရိုက်ပြီးလို့ဖြတ်သွားတာ... မင်းကိုတွေ့ချင်လို့"
ပိုင်ရဲ့ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
.
("ရုပ်ရှင်ရိုက်ပြီးလို့ ဖြတ်သွားရင်းနဲ့ မင်းကိုတွေ့ချင်တယ်")
ချီရှင်းချန်၏ဦးနှောက်လေး အကြပ်ရိုက်နေသည်။ဤစကားက သူ့စိတ်ထဲမှာ ခဏခဏ ပေါ်လာနေ၏။
နောက်တစ်နေ့တွင်၊ သူ ရိုက်ကွင်းကိုဝင်သောအခါ ပြန်ပေါ်လာသည့်ကြိမ်နှုန်းလျော့နည်းသွားသည်။
"အိုး ငါတို့ရဲ့ ရေသူမင်းသားလေးရောက်နေပြီပဲ"
အဝတ်လဲခန်းထဲကို ဝင်လိုက်သည်နှင့် မိတ်ကပ်ပညာရှင်နှင့်စတိုင်လစ်က သူ့ကို ဝိုင်းရံလိုက်၏။ "ဟဲဟဲ ရှင်းရှင်း... အင်တာနက်မှာ ပျံ့သွားတာ ဘယ်လိုခံစားရလဲ"
ချီရှင်းချန် ယခုလိုမျိုး တစ်ခါမှ မဆက်ဆံရဖူးပေ။ သူ ရှက်သွားသည်။
"ကျွန်တော့်ကို မရယ်ပါနဲ့...ဒါက ဗီဒီယိုအတိုလေးပဲလေ... ရုပ်ရှင်မဟုတ်ဘူး"
"ရုပ်ရှင်တွေက မင်းလောက်တောင် လူကြည့်များမှာမဟုတ်ဘူး"
မိတ်ကပ်ပညာရှင်က သူ့ဖုန်းကို ထုတ်လိုက်သည်။ "ကြည့်... Kuyouက မနေ့က ဒုတိယကြည့်ရှုမှုအများဆုံး ဗီဒီယို... စုစုပေါင်းကြည့်ရှုမှုရဲ့ ပထမစာမျက်နှာပေါ်မှာရှိတယ်... Qi Yi Ai က မနေ့က တတိယကြည့်ရှုမှုအများဆုံးဗီဒီယို...သူလည်း စုစုပေါင်းကြည့်ရှုမှုရဲ့ပထမစာမျက်နှာမှာ... Penguin ဗီဒီယိုလည်းရှိတယ်"
ချီရှင်းချန် မနေ့က သူ့အခန်းထဲပြန်ရောက်ပြီးနောက် ရေချိုးပြီး အိပ်ယာဝင်ခဲ့သည်။ဤအရာများကို သူ ဂရုမစိုက်ပေ။ထို့ကြောင့် သူ့ဖုန်းထဲက ဗီဒီယိုအက်ပ်ကို ဖွင့်လိုက်ပြီး သူတို့ကို တစ်ခုပြီးတစ်ခု ကြည့်လိုက်သည်။
အမှန်တရားက မိတ်ကပ်ဆရာပြောသလိုပါပင်။ ရေထဲဆင်းသွားသည့် ဗီဒီယိုက လူကြိုက်များသည့်ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးမှာ မပါဝင်ခဲ့ပေမဲ့ အလွန်ရေပန်းစားခဲ့၏။ ဗီဒီယိုပလက်ဖောင်းတိုင်းတွင် ၎င်းရှိနေခဲ့သည်။
ထို့အပြင် ၎င်းသည် ယမန်နေ့က ကြည့်ရှုမှုအများဆုံး ဗီဒီယို သုံးခုတွင် ပါဝင်ခဲ့သည်။ နိုင်ငံခြား ဗီဒီယို ၀က်ဘ်ဆိုဒ် တော်တော်များများက ၎င်းကို ပြန်တင်ထားကြ၏။
ချီရှင်းချန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ ဗီဒီယိုအတိုလေးက ဤမျှလောက်ရေပန်းစားမည်ဟု သူ မမျှော်လင့်ထားပါချေ။
ထိုအချိန်တွင် တံခါးဝမှ ခြေသံများ ထွက်ပေါ်လာသည်။ ဒါရိုက်တာရှန့်၏ လက်ထောက် ဝင်လာပြီး ဟိုကြည့်သည်ကြည့်လုပ်ကာဆို၏။
"ချီလောင်ရှီး မင်းက တကယ် ဒီမှာရောက်နေလား... ရိုက်ကူးရေးမရှိတော့ရင် အဆင်သင့် ပြင်ဆင်ထားပါ... သတင်းမီဒီယာတွေက နေ့လယ်ပိုင်းမှာ အဖွဲ့လိုက်အင်တာဗျူးလုပ်ဖို့ လာရောက်ကြလိမ့်မယ်"
အဖွဲ့လိုက်အင်တာဗျူးလား...
ချီရှင်းချန် အံ့ဩသွားသည်။
"ဒါရိုက်တာရှန့် ဘာလို့ ကြိုမပြောတာလဲ... ရုတ်တရက်ကြီး...မီဒီယာတွေ ဘယ်လောက်ရှိလဲဗျ"
နာမည်အတိုင်းပင် အဖွဲ့လိုက် အင်တာဗျူးသည် မီဒီယာတွေကအဖွဲ့ လိုက်ကြီးအင်တာဗျူးခြင်းဖြစ်သည်။ လက်ထောက်ကဆို၏။
"သူတို့က ဒီမနက် နီးကာမှ ဒါရိုက်တာရှန့်ကို ဆက်သွယ်လာတာလေ... ကြိုပြီးမလာကြဘူး...အခုထိတော့ မီဒီယာကိုးခုရှိတယ်လို့ အတည်ပြုထားနိုင်တယ်... တိုက်ရိုက်ထုတ်လွှင့်မှု
၃ ခု၊ ပုံနှိပ်တိုက်တစ်ခု၊ ကိုယ်ပိုင်မီဒီယာ နှစ်ခု၊ ရိုးရာမီဒီယာနဲ့ တီဗီလိုင်းတွေ"
ယခုအချိန်မှာ မီဒီယာကိုးခုရှိသည်။သမုဒ္ဒရာနှလုံသားက အဖွဲ့လိုက်အင်တာဗျူးတွေကို လက်ခံနိုင်သည် ဆိုသည့် သတင်း ပြန့်သွားသည့်အခါ အရေအတွက်က နှစ်ဆဖြစ်လာနိုင်၏။
ချီရှင်းချန် ပို၍ပင်သြသွားသည်။
"ကျွန်တော် သွားရမှာလား"